Skip to main content

Continue !

ကိုးကန့် ခေါင်းဆောင်ဟောင်း ပယ်ဆောက်ချိန်နှင့် သူ၏ခေါင်းကိုင်ဖခင်

 




 တရုတ်က ဝရမ်းထုတ် တောင်းဆိုနေသည့် “ပယ်” မိသားစု သားအဖမှာ ၂၀၀၉ ခုနှစ်က စစ်ဗိုလ်ချုပ်များ ကိုးကန့်ဒေသကို ဝင်သိမ်းပြီးနောက်ပိုင်း ခေါင်းဆောင်နေရာပေးထားသူများ ဖြစ်နေသည်။
တရုတ်အစိုးရက အလိုရှိနေသော အွန်လိုင်းငွေလိမ်ဂိုဏ်းများ (Telecom Fraud Gangs) ၏ ဦးသျှောင် ဝရမ်းပြေး ပယ်ဆောက်ချိန် (ခ) ဘေဆော်ချိန် မည်သည့်နေရာတွင် ပုန်းအောင်းနေသနည်း။ သို့မဟုတ် စစ်ကောင်စီက ၎င်းနှင့် သားဖြစ်သူ ပယ်ရင်ချန် (ခ) လီယွင်ချိန် (ခ) ခင်မောင်ဝင်း တို့ကို ဖမ်းဆီးပြီး၊ တရုတ်အစိုးရလက်ထဲ တိုးတိုးတိတ်တိတ် အပ်နှံခဲ့ပြီလား။
ကိုးကန့်ဒေသတွင် အခြေပြုပြီး၊ တရုတ်ပြည်သူများအပေါ် အွန်လိုင်းငွေလိမ်မှုများ ကျူးလွန်နေသည့် ရာဇဝတ်ဂိုဏ်းများ၏ နောက်ကွယ်က ကြိုးကိုင်နေသူ ခေါင်းဆောင်များအဖြစ် သက်သေအထောက်အထား ခိုင်လုံစွာရရှိပြီးနောက် လွန်ခဲ့သော တစ်ပတ်ကျော်က တရုတ်အစိုးရ၏ ပြည်နယ်အဆင့်အာဏာပိုင်များသည် ပယ်ဆောက်ချိန် အပါအဝင် ၁၀ ဦးကို ဖမ်းဝရမ်းထုတ်ပြီး၊ ဖမ်းဆီးပေးနိုင်သူများကို ဆုကြေးငွေ အမြောက်အများပေးမည်ဟု ထုတ်ပြန်ကြေငြာခဲ့သည်။
ထိုစဥ်ကတည်းက ပယ်ဆောက်ချိန်နှင့် ၎င်း၏သားဖြစ်သူ အင်အား ထောင်ဂဏန်းမျှရှိသော ကိုးကန့်ပြည်သူ့စစ် အဖွဲ့ခေါင်းဆောင် ပယ်ရင်ချန် တို့၏ ကံကြမ္မာ သတင်းအစအန လုံးဝထွက်ပေါ်လာခြင်းမရှိတော့ပေ။
ယခင် “ဝ” ခေါင်းဆောင် နှစ်ဦး ဖြစ်သော ချန်ရင်ပန် (ခ) ပေါက်အိုက်ပန်း နှင့် ရှောက်ရန်ပန် (ခ) ဟော်ချွင်ထင် တို့ ဖြစ်စဥ်တွင်လည်းကောင်း၊ မြီရှောက်ချန်း အပါအဝင် မိသားစုဝင် ၄ဦးကို ဖြစ်စဥ်တွင်လည်းကောင်း တရုတ်အစိုးရက ဖမ်းဝရမ်း ထုတ်ဆင့်ပြီး နောက်တစ်နေ့တွင် စစ်ကောင်စီကလည်း ဖမ်းဝရမ်းထုတ်သည့် သာဓကများ ရှိခဲ့သည်။

ပယ်ဆောက်ချိန် အလှည့်တွင်မူ စစ်ကောင်စီသည် ဖမ်းဝရမ်း ထုတ်ပြန် ခြင်းမရှိသလို၊ အဆိုပါ ဝရမ်းပြေး ၁၀ ဦးကို ဖမ်းဆီးပြီး တရုတ်အစိုးရထံ အပ်နှံခဲ့ခြင်းရှိမရှိလည်း ယနေ့အထိ အများပြည်သူကို ထုတ်ပြန်အသိပေးခြင်း မရှိပေ။
 လက်ကျန် ကိုးကန့်သစ္စာခံများကို ဖမ်းပေးရန် တရုတ်က စစ်ကောင်စီကို ရာဇသံပေးခဲ့သော်လည်း ၎င်းတို့အထဲမှ ပယ်ဆောက်ချိန်နှင့် သူ၏သားကို စစ်ကောင်စီ အကာအကွယ်ပေးနေသလားဆိုသည့် သံသယများ အများပြည်သူကြား ထွက်ပေါ်နေပါသည်။အဆိုပါ သံသယက အကြောင်းမဲ့ ထွက်ပေါ်လာခြင်း မဟုတ်ပေ။
နိုဝင်ဘာလလယ်တွင် ပယ်ဆောင်ချိန်၏သား ကိုးကန့်ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် ပယ်ရင်ချန်ကို တရုတ်အစိုးရက ဖမ်းဝရမ်းထုတ်ဆင့်ပြီဆိုသည့်သတင်း ဆိုရှယ်မီဒီယာပေါ်တွင် ပြန့်နှံ့လာချိန်တွင် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ၎င်းတို့ကို အကြီးအကျယ် ထိုးစစ်ဆင်နေသော ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA)၏ မဟုတ်မမှန် ထုတ်ပြန်ချက်အဖြစ် ချက်ချင်း တုံ့ပြန်ခဲ့ပါသည်။
“ဒီမဟုတ်မမှန်ဝါဒဖြန့်မှုအနေနဲ့ အွန်လိုင်းလိမ်လည်မှုတွေမှာ ဦးပယ်စောက်ချိန်ရဲ့သား ဦးပယ်ရင်ချန်လည်း ပါဝင်တယ်။ တရုတ်နိုင်ငံက ဖမ်းဝရမ်းထုတ်တယ်ဆိုပြီးတော့ လိမ်လည်မှုဖြစ်ပါတယ်။ ဦးပယ်စောက်ချိန်ရဲ့သား ဦးပယ်ရင်ချန်ကို တရုတ်နိုင်ငံနဲ့ ဆက်သွယ်ကြည့်တဲ့အခါမှာ ဖမ်းဝရမ်းထုတ်ထားတာလဲ မရှိပါဘူး။ သူ့အနေနဲ့ ပြစ်မှုတွေမှာ ပါဝင်ပတ်သက်ခြင်းလည်းမရှိဘူး ဆိုတာလည်း သိရပါတယ်။ ဒီဇာစ်မြစ်တွေကို လိုက်ကြည့်တဲ့အခါမှာလည်း တစ်ဖက်အဖွဲ့အစည်းဖြစ်တဲ့ MNDAA အဖွဲ့က လုပ်တယ်ဆိုတာ သိရပါတယ်” ဟု ဇော်မင်းထွန်း၏ ပြောဆိုချက်ကို နိုဝင်ဘာလ ၁၇ ရက်နေ့ထုတ် စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းစာ မြန်မာအလင်းက ဖော်ပြခဲ့ပါသည်။
ထိုနေ့ မြန်မာ့အလင်းသတင်းစာတွင် စစ်ကောင်စီသည် ဇော်မင်းထွန်း၏ တုံ့ပြန်ဖြေရှင်းချက်ကို ဖော်ပြရုံမျှမက ပယ်ရင်ချန်သတင်းမှာ သတင်းမှားဖြစ်ကြောင်း သီးသန့် သတင်းထုတ်ပြန်ချက် တစ်ပုဒ်ထုတ်ခြင်းဖြင့် ပယ်ရင်ချန်ကို သိသိသာသာ အကာအကွယ်ပေးခဲ့သည်။

ထို့အပြင် ဇော်မင်းထွန်း၏ ပြောဆိုချက်ထဲတွင် ပယ်ရင်ချန် ဖမ်းဝရမ်းသတင်း ဟုတ်မဟုတ် တရုတ်အစိုးရဖက်နှင့် အတည်ပြုခဲ့သလို၊ ပယ်ရင်ချန်ကိုလည်း အွန်လိုင်းလိမ်လည်ဂိုဏ်းများနှင့် ဆက်နွယ်မှုရှိမရှိ ဆက်သွယ် မေးမြန်းခဲ့သည့် သဘောသက်ရောက်ပါသည်။ သို့ဖြစ်ရာ စစ်ကောင်စီနှင့် ပယ်ဆောက်ချိန် မိသားစုအကြား တိုက်ရိုက် ဆက်သွယ်မှုများ ထိုကာလအတွင်း ရှိခဲ့ကြောင်း ဖော်ပြရာရောက်ပါသည်။
ထို့ကြောင့် ဒီဇင်ဘာလ ၁၀ ရက်နေ့က ပယ်ဆောက်ချိန်နှင့် သားဖြစ်သူ ပယ်ရင်ချန်ကို တရုတ်အစိုးရ အမှန် တကယ် ဝရမ်းထုတ်လာချိန်တွင် စစ်ကောင်စီသည် ယခင်ဖြစ်စဥ်များကဲ့သို့ ပယ်ဆောက်ချိန်ကို ဖမ်းဝရမ်းမထုတ်ဘဲ တိတ်ဆိတ်နေခြင်းက ထူးခြားပါသည်။ အဘယ်ကြောင့်နည်း။
+ပယ်ဆောက်ချိန်ကိုအာဏာထိုင်ခုံပေါ် ဆွဲတင်ပေးခဲ့သူ မင်းအောင်လှိုင်+
တရုတ်အစိုးရ၏ ဝရမ်းပြေး ပယ်ဆောက်ချိန်သည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပေါ် သစ္စာခံသည့် ကိုးကန့်အုပ်စု၏ ခေါင်းဆောင်ဖြစ်ပြီး၊ ကိုးကန့်ဒေသတွင် အရေးပါဆုံး နံပါတ် ၁ ခေါင်းဆောင် ဖြစ်သည်။
အကြောင်းမှာ ၂၀၀၉ ခုနှစ်တွင် အရှေ့မြောက်တိုင်း တိုင်းမှူးဖြစ်နေသော မင်းအောင်လှိုင်သည် ကိုးကန့်ဒေသကို တိုက်ခိုက်ထိန်းချုပ်ခဲ့ပြီးနောက် ဖုန်ကြားရှင်ကို မောင်းထုတ်ကာ ထိုဒေသ၏ အာဏာအရပ်ရပ်ကို “ပယ်” မိသားစုခေါင်းဆောင် ပယ်ဆောက်ချိန် လက်ထဲ အပ်နှံခဲ့သည်။ တနည်းအားဖြင့် ပယ်ဆောက်ချိန်၏ ဂေါ့ဖားသားသည် မင်းအောင်လှိုင် ဖြစ်သည်။
ထိုဖြစ်စဥ်ကို နိုဝင်ဘာလ ၈ ရက်နေ့ တရားမဝင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (၃/၂၀၂၃) အစည်း အဝေးအတွင်း မင်းအောင်လှိုင်ကိုယ်တိုင် အောက်ပါအတိုင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
“၂၀၀၉ ခုနှစ်တွင် လောက်ကိုင်ဒေသ၌ ဖုန်ကြားရှင်ဦးစီးသည့် အထူးဒေသ (၁) ရှိကြောင်း၊ အဆိုပါဒေသတွင် မူးယစ် ဆေးဝါးများ ထုတ်လုပ်ရောင်းချခြင်း၊ လက်နက်ခဲယမ်းများထုတ်လုပ်ခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သတင်း ရရှိသဖြင့်…မိမိကိုယ်တိုင်ဦးစီး၍ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ရကြောင်း…ဖုန် ကြားရှင်နှင့်အဖွဲ့သည် အဆိုပါနေရာမှ ဆုတ်ခွာသွားကြောင်း၊ ၎င်းတို့နေရာတွင် ဦးပယ်ဆောက်ချိန် ဦးဆောင်သည့် အဖွဲ့ကို ယာယီအနေဖြင့် တာဝန်ပေး ဆောင်ရွက်ခဲ့ပြီး ကိုးကန့်ဒေသပြန်လည်ထိန်းသိမ်းရေးအတွက် ဆောင်ရွက်ခဲ့ ကြောင်း” ဟု မင်းအောင်လှိုင်က ပြောဆိုခဲ့သည်။
ထိုနောက် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှ ဖြစ်ပေါ်လာသော စစ်တပ်၏ ကြံ့ခိုင်ရေးပါတီ အစိုးရလက်ထက်တွင် မင်းအောင်လှိုင်သည် စစ်တပ်၏ အကြီးအကဲ ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာသလို၊ ပယ်ဆောက်ချိန်သည် ကြံ့ခိုင်ရေး ပါတီကိုယ်စားပြု ရှမ်းပြည်နယ်လွှတ်တော်အမတ် ဖြစ်လာပြီး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်ပေါက်လာသည့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ပထမဆုံးဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။
ပယ်ဆောက်ချိန်၏ ကိုယ်ပိုင် လက်နက်ကိုင်တပ်ဖွဲ့သည် စစ်တပ်ကိုသစ္စာခံသော ကိုးကန့်ပြည်သူ့စစ်အဖွဲ့အဖြစ် ဖွဲ့စည်းရပ်တည်ပြီး၊ သားနှစ်ဦးရှိသည့်အနက် သားအငယ် ပယ်ရင်ချန်ကို ထိုအဖွဲ့ခေါင်းဆောင်အဖြစ် ခန့်အပ်ထားသည်။
သားအကြီး ပယ်ရင်နွယ် (ခ) ခင်မောင်လွင်သည် ၂၀၁၅ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲများတွင် ရှမ်းပြည်နယ်လွှတ်တော်၏ ကြံ့ခိုင်ရေးပါတီအမတ်ဖြစ်လာပြီး၊ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ကိုးကန့်ဒေသ စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့တွင် အဖွဲ့ဝင်ဖြစ်လာခဲ့သည်။
ထို့ကြောင့် ၂၀၀၉ ခုနှစ်မှစတင်ပြီး ကိုးကန့်ဒေသ၏ အာဏာထိုင်ခုံပေါ် ရောက်ရှိလာသော ပယ်မိသားစု၏ အလျှင် အမြန် ချမ်းသာကြွယ်ဝလာမှု၊ အင်အားကောင်းသော ကိုယ်ပိုင်လက်နက်ကိုင်တပ်ဖွဲ့ အခြံအရံထားပြီး အာဏာ စက်ဖြန့်ကြက်မှုနှင့် တန်ခိုးဩဇာကြီးထွားလာမှုတို့၏ နောက်ကွယ်တွင် ၎င်းတို့မိသားစု၏ ဂေါ့ဖားသား မင်းအောင်လှိုင် ထောက်ခံပံ့ပိုးမှု မရရှိဘဲ မဖြစ်နိုင်ပေ။
ထို့ကြောင့် တရုတ်အစိုးရက ပယ်ဆောက်ချိန်နှင့် သားဖြစ်သူ တရုတ်နိုင်ငံသား ပယ်ရင်ချန်ကို ဝရမ်း ထုတ်ပြီးနောက် ဖမ်းဆီးပေးရန် စစ်ကောင်စီကို မုချ တောင်းဆိုပါလိမ့်မည်။ နိုဝင်ဘာလ ၁၇ ရက်နေ့ မြန်မာအလင်း သတင်းစာတွင် ပယ်ရင်ချန်ကို ဆက်သွယ်မေးမြန်းခဲ့သည်ဟု ဇော်မင်းထွန်း၏ ထုတ်ဖော်ပြောဆိုချက်အရ ပယ် မိသားစုနှင့် စစ်ကောင်စီထိပ်ပိုင်းစစ်ဗိုလ်ချုပ်များအကြား သေချာပေါက် အဆက်အသွယ်ရှိမည်ဖြစ်သည်။
မြီမိသားစု ဖြစ်စဥ်တွင် တရုတ်အစိုးရက ဖမ်းဝရမ်းထုတ်ပြီးနောက် စစ်ကောင်စီသည် ချက်ချင်း ထပ်ဆင့်ဝရမ်းထုတ် ဖမ်းဆီးအပ်နှံမှုများကို မြန်မြန်ဆန်ဆန် တက်တက်ကြွကြွ လုပ်ဆောင်ပြခဲ့သည်။
သို့သော် ပယ်မိသားစုအလှည့်တွင် ယနေ့အချိန်ထိ ပယ်ဆောက်ချိန်နှင့် ပယ်ရင်ချန်ကို စစ်ကောင်စီက ဖမ်းဝရမ်းမထုတ်ခြင်း၊ ဖမ်းဆီးမိပြီး တရုတ်အစိုးရလက်ထဲ အပ်နှံလိုက်ပြီဟု မကြေညာသေးခြင်းတို့က ပယ်မိသားစုနှင့် မင်းအောင်လှိုင်အကြား ပတ်သက်မှု များကြောင့်လော ဆိုသည်ကို သံသယဖြစ်ဖွယ် တွေ့မြင်နေရသည်။
သို့မဟုတ် မင်းအောင်လှိုင်ကိုယ်တိုင် ပယ်မိသားစုကို အကာအကွယ်ပေးထားပြီး၊ တရုတ်အစိုးရလက်ထဲ အပ်နှံခြင်း မပြုဘဲ လုံခြုံသောနေရာတွင် ထိန်းသိမ်းထားခြင်းကြောင့်လော၊ သို့မဟုတ် ပယ်မိသားစု ထွက်ပြေးပုန်းအောင်းနိုင်စေရန်င် စစ်ကောင်စီက မသိချင်ဟန်ဆောင် “ဟ” ထားပေးခြင်းလော စသည့် စစ်ကောင်စီ၏ သံသယဖြစ်ဖွယ် အပြုအမူများကို တွေ့မြင်နေရပါကြောင်း လေ့လာသုံးသပ်တင်ပြလိုက်ပါသည်။

Hi !

!

Popular posts from this blog

ဝေဝါးမှုတွေနဲ့အတူ မသေချာ မရေရာမှုများနဲ့ မြန်မာပြည်..။

  ဝါရင့်သတင်းစာဆရာကြီး လာရီယာဂန်က စစ်အာဏာသိမ်းမှု သုံးနှစ်ပြည့်တဲ့ ဖေဖော်ဝါရီ(၁)ရက်နေ့မှာ ဘန်ကောက်ပို့စ်သတင်းစာမှာ ဆောင်းပါးတစ်ပုဒ် ရေးသားလိုက်ပါတယ်။ ဆောင်းပါးခေါင်းစဉ်က Myanmar faces increasing uncertainty ပါ။ စစ်အာဏာသိမ်းပြီး သုံးနှစ်အကြာမှာ မြန်မာနိုင်ငံရဲ့အခြေအနေ ဘယ်လိုရှိသလဲ။ ရှေ့မှာ ဘာဖြစ်နိုင်သလဲ။ မှန်းဆထားတာပါ။ လက်ရှိ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်လို့ လာရီယာဂန်လည်း ဘာမှ မမှန်းဆနိုင်ပါဘူး။ သူပြောနိုင်တာ တစ်ခုက မြန်မာပြည်ဟာ မသေမချာ မရေမရာမှုတွေ အများကြီးနဲ့ ဆက်ပြီး ရင်ဆိုင်နေရဦးမယ်ဆိုတဲ့ ကောက်ချက်ပါ။ မြန်မာစစ်တပ်က ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရကို စစ်အာဏာသိမ်းခဲ့တာ ခု ဖေဖော်ဝါရီ(၁)ရက်မှာ သုံးနှစ်တိတိ ပြည့်ခဲ့ပြီဖြစ်ကြောင်း၊ သုံးနှစ်အတွင်း တိုင်းပြည်ဟာ အဖက်ဖက်က ယိုယွင်းပျက်စီးသွားပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေ တိုးပွါးနေကြောင်း၊ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ပီဒီအက်ဖ်တွေကြား တိုက်ပွဲတွေကြောင့် ပြည်သူသန်းပေါင်းများစွာ အိုးပစ်အိမ်ပစ် ထွက်ပြေးနေရကြောင်း လာရီယာဂန်က ရေးသားပါတယ်။ ...

ကရင်ပြည်နယ်ပုံရိပ်ကို ထိခိုက်စေသဖြင့် ရွှေကုက္ကိုလ်ကို တိုက်ခိုက်ရဟု KTLA ပြော

  ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ ရွှေကုက္ကိုလ်မြို့သစ်သည် ပြည်နယ်ဖွံဖြိုးမှု မဖြစ်စေဘဲ ပျက်ဆီးမှုကိုသာ ဖြစ်စေသဖြင့် တိုက်ခိုက်ရခြင်း ဖြစ်ကြောင်း ကော်သူးလေတပ် (KTLA) က ဧပြီ ၇ ရက်တွင် ကြေညာသည်။ Facebookတွင် ပျံ့နှံလာသော KTLA ဗဟိုဌာနချုပ် ရုံးထိုင်မှူး စောဝါးနေမူး လက်မှတ်ထိုးထားသည့် ကြေညာချက်အရ ရွှေကုက္ကိုလ်မြို့သည် မူးယစ်ဆေးဝါး ဖြန့်ဖြူးသုံးစွဲရောင်းချနေပြီး တိုင်းရင်းသူ အမျိုးသမီးများကို ပြည့်တန်ဆာအဖြစ် လိမ် လည်လှည့်ဖြားစေခိုင်းနေသည့် နေရာဖြစ်နေသလို စစ်ကောင်စီအတွက် တရားမဝင်ငွေကြေးများ ရှာဖွေပေးသည့် နေရာ ဖြစ်၍ ပြည်ပမှ အလုပ်သမားများကိုလည်း လိမ်လည်ခေါ်ဆို ခိုင်းစေမှုများ ရှိနေသဖြင့် KTLA အနေနှင့် ကရင်ပြည်နယ် အကျိုးအတွက် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း၊ ထို့အတွက် ရွှေကုက္ကိုလ်တွင် နေထိုင်သည့် ပြည်သူများအနေနှင့် တိုက်ပွဲ ဧရိယာမှ ရှောင်ပေးကြရန် ထုတ်ပြန်ထားသည်။ ထိုကြေညာချက်နှင့် ပတ်သက်၍ ပိုမိုသိရှိနိုင်ရန် KTLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောနယ်ဒါးမြကို ဧရာဝတီက ဖုန်းဖြင့်ဆက် သွယ်ခဲ့ရာ ၎င်း အလုပ်များနေသဖြင့် နောက်မှ ပြန်လည်ဆက်သွယ်ရန် ပြောဆိုသည်။ ကော်သူးလေတပ်နှင့် နီးစပ်သည်...

မြန်မာနိုင်ငံမှာရှိတဲ့ ဗမာလူမျိုး ပေါ်ပေါက်ပုံ အကြောင်း

  ဗမာလူမျိုး ပေါ်ပေါက်လာပုံ သမိုင်းကြောင်း – တိဘက်တို ဘားမန်းလူမျိုးနွယ်စုကြီး မှ အကြီးဆုံးသောလူမျိုးဖြစ်သည်။ ယနေ့ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းသို့ နာဂ၊ သက်၊ ကမ်းယံ၊ပျူ တို့နောက်မှ ဝင်ရောက်လာခြင်းဖြစ်သော်လည်းပျူတို့ ထူထောင်သည့် ပထမပြည်ထောင်စုကို အေဒီ ၈ ရာစုတွင် နန်ကျောက်တို့က ဖျက်စီးပြီးချိန် မတိုင်မှီက ပင် ရောက်ရှိနေထိုင်နေခဲ့ပြီးဖြစ်သည်ဟုခန့်မှန်း၍ရနိုင်သည်။အေဒီ ၁၀ ရာစုမတိုင်မှီ အချိန်ကပင် ကျောက်ဆည် ၁၁ ခရိုင်တွင် အခြေချခဲ့ပြီး နောက်များမကြာမှီ တွင်မြစ်သာ ၆ ခရိုင် ၊ ပုဂံ နေပြည်တော်တို့ကို ထူ ထောင်ကာဒုတိယမြန်မာပြည်ထောင်စုကို တည်ထောင်ခဲ့ကြသည်။ သို့သော် မြန်မာနိုင်ငံသားတို့က ထိုပြည်ထောင်စုကိုသာပထမပြည် ထောင် စုအဖြစ် လက်ခံကြသည်။သမိုင်းတစ်လျောက်တွင် မွန်ဂို၊ တရုတ်၊ ယိုးဒယား၊ မွန်၊ ရခိုင်၊ ရှမ်း၊ ကရင် အစရှိသည့် အတွင်း၊ အပြင်ရန်အမျိုးမျိုးနှင့်ကြုံတွ့ခဲ့ဖူးပြီးအကြိမ်တိုင်းတွင် ပြည်ထောင်စု၏ ဦးဆောင်သူနေရာကို ဗမာတို့ ပြန်လည်ကာ ရောက်ရှိနိုင်ခဲ့သည်။အနော်ရထာ၏ ပထမပြည်ထောင်စု(ပထမမြန်မာနိုင်ငံတော်ကြီး)၊ တပင်ရွှေထီး-ဘုရင့်နောင်တို့ ၏ ဒုတိယပြည်ထောင်စု (ဒုတိယ မြန်မာနိုင်ငံတော်ကြီး)၊အလောင်းဘုရား၏ တတိ...

မြန်မာပြည်မြေပုံကို အပြောင်းခံကြမှာလား

  ကမ္ဘာ့သမိုင်းကို ပြန်လေ့လာကြည့်မယ်ဆိုရင် အိမ်နီးချင်းနိုင်ငံတွေအဖြစ် နှစ်ပေါင်းများစွာ အတူတကွ ယှဉ်တွဲ ရပ်တည်နေကြပြီးမှ ဝေးကွာသွားကြတဲ့ နိုင်ငံတွေ ရှိခဲ့တယ်ဆိုတာ တွေ့နိုင်ပါတယ်။ ကျွန်တော်တို့အတွက် အထင်ရှားဆုံး ဥပမာတစ်ခုရှိပါတယ်။ အဲဒါကတော့ မြန်မာနဲ့ ပါကစ္စတန်တို့ဟာ ယခင်က နယ်မြေချင်း ထိစပ်နေကြတဲ့ အိမ်နီးချင်း နိုင်ငံတွေပါ။ သို့သော် ၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံအသစ် ပေါ်ပေါက်လာချိန်မှာတော့ အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားခဲ့ကြပါတယ်။ ယခင်က အိမ်နီးချင်းဖြစ်ခဲ့လို့ ထင်ပါတယ်၊ မြန်မာနဲ့ ပါကစ္စတန်တို့ရဲ့ ဆက်ဆံရေးဟာ ကောင်းမွန်နေကြဆဲဆိုတာ သက်သေ၊ သာဓကများစွာ ရှိပါတယ်။ အဲဒီလို အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားရခြင်းဟာ သူတို့ရဲ့ ပြည်တွင်းရေးသာ ဖြစ်တဲ့အတွက် အထူးအထွေ ဝေဖန်ရန် မရှိပါ။ သို့သော် လက်ရှိအခြေအနေမှာ မြန်မာရဲ့ အိမ်နီးချင်း (၅) နိုင်ငံရှိနေရာက မတူညီတဲ့ အိမ်နီးချင်းနိုင်ငံသစ်တွေ ထပ်မံ ပေါ်ပေါက်လာဖို့ လုပ်ဆောင်နေကြတာတွေ မြင်နေရပါပြီ။ ဒီတစ်ကြိမ်ကတော့ ကျွန်တော်တို့ရဲ့ ပြည်တွင်းရေးဖြစ်တဲ့အတွက် အလေးထားရပါတော့မယ်။ ရှိပြီးသား အိမ်နီးချင်း (၅) နိုင်ငံနဲ့ မြန်မာတို့အကြား ကျွန်တော်တိ...

မြန်မာ ဒုကာကွယ်ရေးဝန်ကြီး ထောင်ထဲရောက်ပြီ

  မြန်မာ ဒုကာကွယ်ရေးဝန်ကြီး ထောင်ထဲရောက်ပြီ မတ်လ ၂၈ ရက် ၂၀၂၄ ခုနှစ် နံနက် ၁၀ နာရီ ၂၀ သတင်း ================================= ကာကွယ်ရေး ဒု-ဝန်ကြီး ဖြစ်သူ ဗိုလ်ချုပ်အောင်လင်းထွန်းကို ကျားဖြန့်လုပ်ငန်းနဲ့ ပတ်သက်တယ်ဆိုပြီး မနေ့ည မတ်လ ၂၇ ရက်နေ့ည ၁၁ နာရီတွင် စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့မှ သွားရောက်ဖမ်းဆီးခဲ့ကြပါတယ်။ အဆိုပါ ဖမ်းဆီးချိန်တွင် ဒုကာကွယ်ရေးဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်အောင်လင်းထွန်းသည် အရက်မူးနေပြီး အသာတကြည် လိုက်လာခြင်းမရှိပဲ … ပုဆိုးလှန်ပြီး ဆဲဆိုနေခြင်းကြောင့် စစ်ဘက်လုံခြုံရေးအဖွဲ့မှ ရိုက်နှက်ခဲ့ရာ.. သွား အချို့ ကျွတ်သွားပြီး ပါးစပ်တခုလုံး သွေးများနီရဲနေသည်။ “အဲ့ကောင် ပါးစပ်က သွေးမတိတ်ခင် ရမဲသင်းထောင်ပို့လိုက်စမ်း” လို့ အထက် အမိန့်ပေးလိုက်တော့ အခု ရမဲသင်းထောင်ရောက်နေပြီဖြစ်ကြောင်း မြန်မာအမေရိကန် သတင်းဌာနမှ စုံစမ်းသိရှိရသည်။ ဂိုလ်ရှယ်လေး

စစ်တပ်မှ အာဏာသိမ်းထားသည့် ၃ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ထောင်သားဘဝ

                           ဖေဖော်ဝါရီလ ၁ ရက်နေ့သည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့အတွက် အနှောက်အယှက်ဖြစ်စေသူဟု ယူဆသည့် ရွေးကောက်ခံအစိုးရ ခေါင်းဆောင်နှင့် နိုင်ငံသမိုင်းတွင် အညီညွတ်ဆုံးဖြစ်စေခဲ့သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာမှဖယ်ရှားပြီး မအောင်မြင်သော အာဏာသိမ်းမှု ပြုလုပ်သည့် သုံးနှစ်မြောက်နေ့ ဖြစ်သည်။ ရက်ပေါင်း ၁၀၉၅ ရက်ကျော် ကြာသော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် မြို့တော်နှင့် စစ်တပ်ဗဟိုဌာနချုပ် နေပြည်တော် အနောက်တောင်ဘက်အစွန်းမှ ထောင်တခုတွင် တဦးတည်း ဆက်လက် ဖမ်းဆီးချုပ်နှောင်ခံနေရသည်။ သူ့အတွက် တခုတည်းသော ထောင်ပြင်ထွက်ရချိန်သည် လွန်ခဲ့သောနှစ်အတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စတာ ဒွန် ပရာမတ်ဝီနိုင်နှင့် တွေ့ရသည့် တိုတောင်းသော ကာလဖြစ်ပြီး သူ့ကို ချမှတ်ထားသည့် ထောင်သက်တမ်းကိုလည်း ၃၃ နှစ်မှ ၂၇ နှစ်သို့ လွန်ခဲ့သောနှစ်က လျှော့ချပေးသည်။ အာဏာသိမ်းမှု နှစ်ပတ်လည်သည် ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းနည်းစရာကောင်းသော လက်ရှိအခြေအနေနှင့် ဝေဝါးနေသည့် အနာဂတ်ကို မီးမောင်းထိုးပ...

ပဲခူးတိုင်း မင်းလှမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွား

  မင်းလှတွင် ၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲ ၆ ကြိမ် အတွင်း စစ်တပ်ဘက်မှ စစ်သား ၈၀ ဦးကျော်သေဆုံး ရန်ကုန်၊ မတ် ၁၁ ပဲခူးတိုင်း၊ မင်းလှမြို့နယ်အတွင်း ၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲ ၆ ကြိမ် အတွင်း စစ်တပ်ဘက်မှ ၈၀ ကျော်သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ မတ်လ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ ဧက ၁၀၀၀ ကျွန်း စိုက်ခင်း ကျုံးပေါက်အနီး၌ စစ်ကြောင်း ထိုးလာသော အင်အား ၁၂၀ ပါ စစ်ကောင်စီ တပ်သားများကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ နှင့် ဒဂုံစစ်ကြောင်းတို့က စောင့်ကြို တိုက်ခိုက်ခဲ့ရာ အပြန်အလှန် တိုက်ပွဲ ၂ နာရီကျော် ကြာမြင့်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်ဘက်မှ ၂၀ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။ ယင်းနေ့ ညနေ ၅ နာရီခန့်အချိန် မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်းပေါ်ရှိ ဟိုင်းယု လမ်းဆုံတွင် တပ်ဆွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ နှင့် တပ်ခွဲ ၃ တို့က လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ရှောင်တခင် သွားရောက် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၃ နာရီခန...

တပ်မလက်ရွေးစဉ် ဘီလူးစစ်ကြောင်းဆိုသည်မှာ .....

    “ဒီစစ်ကြောင်းက စစ်တိုက်ဖို့ဆိုတာထက် လူတွေကိုသတ်၊ မုဒိမ်းကျင့်ဖို့ အဲ့လိုမျိုးတွေလုပ်ဖို့ အဓိကလာတဲ့ စစ်ကြောင်းပါ။ လူမဆန်တဲ့ လုပ်ရပ်တွေကို အဓိကလုပ်တာ” မြောင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) က ကိုနွေဦးက စစ်ကိုင်းဒေသအတွင်း စစ်ရာဇဝတ်မှုများကို ကျူးလွန်ချိုးဖောက်နေသည့် ဘီလူးစစ်ကြောင်း၏ လုပ်ရပ်များကို ပြောဆိုသွားခြင်းဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြည်သူများကို ရက်ရက်စက်စက် ခေါင်းဖြတ်သတ်သည့် စစ်ကြောင်း၊ အစုလိုက် အပြုံလိုက် သတ်သည့်စစ်ကြောင်း၊ မုဒိမ်းမှုများကို ကျူးလွန်နေသည့် စစ်ကြောင်းဟု ဆိုလိုက်ပါက လူတိုင်းက ဆိုးဆိုးရွာရွား နာနာကျည်းကျည်း အမှတ်ရနေသည့် စစ်ကြောင်းမှာ ဘီလူးစစ်ကြောင်းပင် ဖြစ်သည်။ ရက်စက်မှုအပေါင်း သရဖူဆောင်းထားသည့် ဘီလူးစစ်ကြောင်းသည် ယခုနှစ် ဩဂုတ်လ တတိယပတ်မှ စက်တင်ဘာလ ဒုတိယပတ်ထိ စစ်ကိုင်း၊ ရွှေဘို၊ ဝက်လက်နယ်များသို့ စစ်ကြောင်းထိုး ဝင်ရောက်ပြီးနောက် ပြည်သူများကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်။ 'စစ်ကိုင်း၊ ရွှေဘို၊ ဝက်လက်နယ်ထဲ ဘီလူးစစ်ကြောင်း၏ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သည့် အခြေအနေများ' မန္တလေး-ရွှေဘို-မြစ်ကြီ...

ရှမ်းမြောက်က ကျားဖြန့် ဇာတ်သိမ်းခန်း

  ဇန်နဝါရီ ၃၀ ရက်တွင် မြန်မာနိုင်ငံ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက တရုတ် အစိုးရထံ မြန်မာနိုင်ငံမြောက်ပိုင်း ကျားဖျန့် လုပ်ငန်းများတွင် အဓိက ကြိုးကိုင်သူများဟု သတ်မှတ်ထားသည့် ပယ်စောက်ချိန်အပါအဝင် ခြောက်ဦးနှင့် အခြားအရေးကြီးသံသယရှိ သူ လေးဦးကို လွှဲပြောင်းပေးခဲ့သည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ဇန်နဝါရီ ၃၀ ရက်တွင် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးအဖွဲ့ အစည်းထံသို့မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့် ဒေသ အွန်လိုင်းလိမ်လည်မှုအဖွဲ့၏ အဓိက ခေါင်းဆောင် ခြောက်ဦးဖြစ်သည့် ပယ် စောက်ချိန်၊ ပယ်ရင်ချန်၊ဝေ့ဟွိုင်ရန်၊ လျိုကျန့် ရှန်၊ လျိုကျန့်မောက်၊ ရွှီလောက်ဖာနှင့် အခြား အရေးကြီး ပြစ်မှုကျူးလွန်ကြောင်းသံသယရှိ သူ လေးဦးအား တရားဥပဒေနှင့်အညီ လွှဲ ပြောင်းပေးအပ်ခဲ့ပြီး အဆိုပါ ၁၀ ဦးကို ယင်း နေ့ညတွင်ပင် တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့ သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ခဲ့သည်။ ယင်းသို့ မြန်မာနိုင်ငံမြောက်ပိုင်းရှိ ကျား ဖျန့်လုပ်ငန်းများတွင် အဓိကတာဝန်ရှိသူဟု တရုတ်အစိုးရက သတ်မှတ်ထားသည့် ပယ် စောက်ချိန် အပါအဝင် ခြောက်ဦးအား လွှဲ ပြောင်းပေးအပ်ခြင်းမှာ တရုတ်-မြန်မာ နှစ် နိုင်ငံ၏ န...

အာဆီယံ-သြစတြေးလျ ထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီ ကိုယ်စားလှယ်တက်မည်

 စစ်ဗိုလ်ချုပ်များခန့်ထားသည့် သံအမတ်က မဲလ်ဘုန်းမြို့တွင် ၃ ရက်ကြာ ကျင်းပမည့် ဒေသတွင်း အထူးထိပ်သီးအစည်းအဝေးကာလအတွင်း ဆွေးနွေးပွဲ ၂ ခုကို တက်မည်ဟု သိရှိရသည်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသည့် အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသည့် သြစတြေးလျ ဝန်ကြီးချုပ် Anthony Albanese ကို တွေ့ရစဉ်။ သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် မတ်လ ၄ ရက်မှ ၆ ရက်အထိ ကျင်းပမည့် အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီကိုယ်စားလှယ် တက်ရောက်မည်ဟု သိရသည်။ အစည်းအဝေးကာလတွင် ပြုလုပ်မည့် ရေကြောင်းပူးပေါင်းဆောင်ရွက်ရေးညီလာခံ၊ ရာသီဥတုနှင့် သန့်ရှင်းသောစွမ်းအင်ဆိုင်ရာ ဖိုရမ်တို့ကို ကင်ဘာရာမြို့ မြန်မာသံရုံးမှ စစ်ကောင်စီခန့် သံအမတ် ဦးသက်ထွန်း တက်ရောက်မည်ဖြစ်သည်။  အခြား ဆက်စပ်အစည်းထိပ်သီးအစည်းအဝေးများသို့ စစ်ကောင်စီကိုယ်စားပြုကိုယ်စားလှယ် တက်မည်၊ မတက်မည်ကိုမူ သြစတြေးလျ နိုင်ငံခြားရေးနှင့် ကုန်သွယ်မှုဌာနက ပြောဆိုခြင်းမရှိပေ။ ...

Click !