ကမ္ဘာကျော် အချိုရည် Brand Coke က ၎င်းရဲ့နှစ်ပေါင်း ၁ဝဝ ကျော်အတွင်း
တစ်ခါမှ မထုတ်ခဲ့ဖူးတဲ့ အရသာသစ် တစ်မျိုးကို မိတ်ဆက်လာခဲ့ပါတယ်။
Coca-Cola ဟာ သုံးစွဲသူတွေကို ထပ်မံဆွဲဆောင်ဖို့အတွက် အရသာသစ်တစ်မျိုးကို
အချိန်တစ်ခုပေးကာ စမ်းသပ်မှု များ ပြုလုပ်ခဲ့ပါတယ်။ အဲဒီအရသာသစ်ကတော့ Coca
Cola Spiced လို့ခေါ်တဲ့ အစပ်အရသာပဲဖြစ်ပါတယ်။ နောက်ဆုံးထွက်အရသာဖြစ်တဲ့
Coca-Cola Spiced ဟာ မကြာမီကာလအတွင်း ၎င်းရဲ့ရွေးချယ်မှု အများဆုံး
အရသာဖြစ်လာမယ်လို့ ခန့်မှန်းထားပါတယ်။
Coca-Cola Spiced အရသာအသစ်ကို ဗုဒ္ဓဟူးနေ့( ဖေဖော်ဝါရီ ၇ ရက်) က
ကြေညာခဲ့ပြီး ၎င်းဟာ ရိုးရာ Coke အရသာကို ရက်စ်ဘယ်ရီနဲ့ Olipop ၊ Poppi
စတဲ့ ဟင်းခတ်အမွှေးအကြိုင်အရသာများ ရောစပ် ဖန်တီးထားတယ်လို့ ဆိုပါတယ်။
၎င်းကို လာမယ့်ရက်သတ္တပတ်များအတွင်း အမေရိကန်နဲ့ ကနေဒါ စတိုးဆိုင်စင်တွေမှာ
သကြား အပြည့်နဲ့ Suger free မျိုးကွဲနှစ်မျိုးနဲ့ ရရှိနိုင်တော့မှ
ဖြစ်ပါတယ်။
Coca Cola ဟာ ၁၈၈၆ ခုနှစ်၊ မေ လ ၈ ရက်က စတင်ဖြစ်ပေါ်လာပြီး ကမ္ဘာတစ်ဝန်း လူကြိုက်များတဲ့ အချိုရည် တစ်မျိုးဖြစ်ပါတယ်။