Skip to main content

Continue !

¶¶ရန်ကုန်တွင် တိတ်တဆိတ် မြှုပ်နှံထားခံရသော ဂျင်ဂျစ်ခန်၏ မျိုးဆက်¶¶

 



ဂျင်ဂျစ်ခန်၏ မျိုးဆက်၊ စစ်ဘုရင် တာမာလိန်း (တီမူး) မှ တိုက်ရိုက်ဆင်းသက်လာသူ၊ မဂိုမင်းဆက်နှင့် အိန္ဒိယ၏ နောက်ဆုံးသောဘုရင် ဗဟာဒူးရှားဇဖားသည် ၁၈၆၂ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့ အသက် ၈၇ နှစ်အရွယ်တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ မကွယ်လွန်သည့်အချိန်ထိ သူသည် ဗြိတိသျှအကျဉ်းသားအဖြစ် စိတ်ဆင်းရဲစွာ နေထိုင်သွားခဲ့ရပြီး သူ၏ရုပ်အလောင်းကို ရွှေတိဂုံစေတီတော်၏ တောင်ဘက်တွင် အမှတ်အသားမပြုဘဲ လျှို့ဝှက်မြှုပ်နှံခဲ့သည်။ မဂိုအင်ပါယာ (Mughal Empire)သည် ကမ္ဘာပေါ်တွင် အင်အားအကြီးဆုံးအင်ပါယာ တစ်ခု ဖြစ်သည်ဟု အသိအမှတ်ပြုခံထားရသည်။ ၁၇၀၀ ပြည့်နှစ် ကာလများတွင် အာဏာစက် အထွတ်အထိပ် ရောက်စဉ်က ယနေ့ခေတ် အာဖဂန်နစ္စတန်ကို ဖြတ်၍ ဥဇဘက်ကစ္စတန်ထိ ထိန်းချုပ်ထားနိုင်ကာ ပိုင်နက်ထဲတွင် ယနေ့ခေတ် ပါကစ္စတန်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့ ပါ ဝင် ခဲ့သည်။ ထိုအင်ပါယာကို မွန်ဂို-တာ့ခ်လူမျိုး စစ်ဘုရင်ကြီး တီမူး (Timur)မှ တိုက်ရိုက်ဆင်းသက်လာသည့် ဘာဘူး(Babur)က ၁၅၀၀ ပြည့်နှစ် အစောပိုင်းတွင် ဥဇဘက်ကစ္စတန်၌ စတင်တည်ထောင်ခဲ့သည်။ စစ်ဘုရင်တီမူးကမူ ယနေ့ခေတ် ကိုရီးယားမှ ဂျာမနီနှင့် အီဂျစ်နယ်စပ်ထိ ကြီးကျယ်ခဲ့သည့် မွန်ဂိုအင်ပါယာ (Mongol Empire) ၏ ဘုရင် ဂျင်ဂျစ်ခန်မျိုးဆက်မှ ဆင်းသက်လာသူဟု ဆိုသည်။မဂိုတို့ သည် မတူသော ယုံကြည်ကိုးကွယ်မှုများ ညီညွတ်စွာ ယှဉ်တွဲနေထိုင်သော၊ သိပ္ပံပညာ တိုးတက်သော၊ စည်ပင်သာယာပြီး ယဉ်ကျေးမှု အဆင့်အတန်းမြင့်သော ခေတ်ကာလ တစ်ခုတွင် နေထိုင်ခဲ့ကြသည်။ မည်သည့်ဘာသာကို ယုံကြည်ကိုးကွယ်သည်ဖြစ်စေ လူတိုင်း ထိပ်တိုင်းရာထူးကြီးများ ရရှိနိုင်သလို အက်ကဘာဘုရင်သည် ဟိန္ဒူ၊ မူဆလင်၊ ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာတို့ကို တစ်ပေါင်းတစ်စည်းတည်း ဖြစ်စေမည့် ကိုးကွယ်သည့်ဘာသာအသစ်တစ်ခုပင် တည်ထောင်ရန် ကြိုးပမ်းခဲ့သေးသည်။ ၁၈၀၀ ပြည့်နှစ် အစောပိုင်းသို့ ရောက်သောအခါ ကြီးကျယ်ခမ်းနားခဲ့သော မဂိုအင်ပါယာကြီးသည် ဒေလီနှင့် အနီးတဝိုက်ဒေသများကိုသာ အုပ်စိုးနိုင်တော့သည်။ အိန္ဒိယဒေသအများစုကမူ အရှေ့အိန္ဒိယကုမ္ပဏီလက်အောက် ရောက်နေပြီ ဖြစ်သည်။ ဗဟာဒူးရှားဇဖားကို ၁၇၇၅ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ဘာဘူးမှ စရေတွက်လျှင် ၁၉ ဆက်မြောက်ဘုရင် ဖြစ်သည်။ သူသည် ထင်ရှားသော အူရဒူကဗျာဆရာလည်း ဖြစ်သည်။ ဗြိတိသျှတို့၏ အုပ်ချုပ်မှုကို လှုပ်ခါသွားစေခဲ့သည့် ၁၈၅၇ ခုနစ် အိန္ဒိယ စစ်ဗာရီပုန်ကန်မှု ဖြစ်သောအခါ သူသည် ၈၂ နှစ်အရွယ် ရှိပြီ ဖြစ်သည်။ ထိုပုန်ကန်မှုတွင် ပါဝင်ပတ်သက်ခြင်း လုံးဝမရှိသော်လည်း သူ့ကို ခုံရုံးတင် စစ်ဆေးကာ သားတော် မင်းသားမီဇာဂျဝန်ဘာ့ခ်နှင့် ဆွေတော်မျိုးတော်များ၊ နောက် လိုက်နောက်ပါများ ဒါဇင်နှင့်ချီကာ ရန်ကုန်သို့ နယ်နှင်လိုက်သည်။
ရန်ကုန်ရောက်သောအခါ ဘုရင်ကြီးသည် ရွှေတိဂုံစေတီတော် အနီးရှိ အိမ်ငယ်တစ်ခုတွင် နေထိုင်ရသည်။ ၁၈၆၂ ခုနစ် သူမကွယ်လွန်မီ သူ က အူရဒူဘာသာဖြင့် “ကံဆိုးလှတဲ့ ဇဖား! (သူ့ကို) မြှုပ်ရတဲ့ မြေနှစ်ကိုက်တောင်မှ သူချစ်တဲ့မြေမှာ မဖြစ်ရရှာ” ဟု ကဗျာရေးသားခဲ့သေးသည်။သူ၏ မိသားစုမှာ အစိုးရထောက်ပံ့ကြေး အနည်းငယ်ဖြင့်သာ ဆက်လက်ရှင်သန်ရသည်။ မင်းသားဂျဝန်ဘာ့ခ်မှာ မော်လမြိုင်သို့ အပို့ခံရပြန်သည်။ ၁၉၄၅ ခုနှစ်က မော်လမြိုင်ကို မဟာမိတ်တပ်များ ပြန်လည်သိမ်းပိုက်မိသည့်အခါ ဂျဝန်ဘာ့ခ်၏ သားတော်များထဲမှ တစ်ဦး ဖြစ်သည့် မဂိုမင်းသားအိုကြီးသည် အစိုးရထောက်ပံ့ကြေး ၁၂ အန်နာခွဲ (တစ်ကျပ်ထက် နည်းသည်) ထုတ်ရန် တောင်ကုန်းပေါ်ရှိ နေအိမ်မှ ဆင်းလာခဲ့ဖူးသည်။ အခြား မြေးနှစ်ဦး ဖြစ်သည့် မင်းသားဂျန်ရှမ်ဘာ့ခ် (Jamshed Bakht)နှင့် ဆီကန်ဒါဘာ့ခ် (Sikander Bahkt)တို့ကမူ ရန်ကုန်တွင် မွေးဖွားကြီးပြင်းခဲ့ကြသည်။ ဂျန်ရှမ်ဘာ့ခ်သည် ဂျပ်ဆင်ကောလိပ်တွင် ပညာသင်ကြားခဲ့သည်။ ဂျပန်ခေတ်တွင် မြန်မာပြည်မှ ထွက်ခွာသွားခဲ့ပြီး ပြန်မလာခဲ့ပေ။ နောင်တွင် ကာလကတ္တားတွင် ဆင်းရဲချို့တဲ့စွာ ဆုံးပါးသွားခဲ့သည်။ ကျန်ရစ်သူ မြန်မာလူမျိုး ဇနီးသည်မှာ ၂၀၀၈ ခုနှစ်ထိ ရထားဘူတာရုံ ပလက်ဖောင်းပေါ်တွင် လက်ဖက်ရည်ရောင်းခဲ့သေးသည်။ ဘုရင်ကြီး၏ နောက်ဆုံးသော မြေးတော်များထဲမှ တစ်ဦး ဖြစ်သည့် မင်းသမီး ရာနော့ဇမာဏီဘီဂမ် (Ranauq Zamani Begum)မှာ ပန်းသေးမင်းသား တစ်ပါးနှင့် လက်ဆက်ခဲ့သည်။ ဘုရင်ကြီး နယ်နှင်ခံရရာတွင် လိုက်ပါခဲ့သည့် အခြားသောနောက်လိုက်နောက်ပါများမှာမူ ရန်ကုန်မြို့ စူရတီဘဇား (သိမ်ကြီးဈေး) တွင် အခြေချကာ ယနေ့ထိပင် သူတို့၏ မျိုးဆက်များ ဆက်လက်နေထိုင်နေကြဆဲ ဖြစ်သည်။ဗြိတိသျှတို့က ဘုရင်ကြီးကို လူတို့ အမေ့ပျောက်ခံ ဖြစ်စေလိုခဲ့သော်လည်း နယ်နှင်ခံရပြီးအချိန်ကတည်းက ယနေ့လောက် နိုင်ငံတကာတွင် ကျော်ကြားခဲ့သည့် အချိန်ရှိမည် မဟုတ်ချေ။ ၁၉၉၁ ခုနှစ်တွင် မြန်မာအစိုးရနှင့် အိန္ဒိယအစိုးရတို့က ပူးပေါင်းကာ ဘုရင်ကြီးနေထိုင်သွားခဲ့သော နေရာအနီးတွင် အထိမ်းအမှတ်ဂူဗိမာန် တခမ်းတနား တည်ဆောက်ခဲ့သည်။ သူ့ကို (ဗြိတိသျှတို့က) လျှို့ဝှက် မြှုပ်နှံခဲ့သည့် အုတ်ဂူကိုလည်း အလုပ်သမားတို့က ပြန်လည်တွေ့ရှိခဲ့ကြသည်။ ယခုအခါ သူ့အုတ်ဂူကို လှေကားဖြင့် ဆင်းနိုင်ပြီး သမ္မတများနှင့် ဝန်ကြီးချုပ်များက လာရောက်ဂါရဝပြုခြင်းများ ရှိခဲ့သည်။ ။

 

Hi !

!

Popular posts from this blog

မြန်မာပြည်မြေပုံကို အပြောင်းခံကြမှာလား

  ကမ္ဘာ့သမိုင်းကို ပြန်လေ့လာကြည့်မယ်ဆိုရင် အိမ်နီးချင်းနိုင်ငံတွေအဖြစ် နှစ်ပေါင်းများစွာ အတူတကွ ယှဉ်တွဲ ရပ်တည်နေကြပြီးမှ ဝေးကွာသွားကြတဲ့ နိုင်ငံတွေ ရှိခဲ့တယ်ဆိုတာ တွေ့နိုင်ပါတယ်။ ကျွန်တော်တို့အတွက် အထင်ရှားဆုံး ဥပမာတစ်ခုရှိပါတယ်။ အဲဒါကတော့ မြန်မာနဲ့ ပါကစ္စတန်တို့ဟာ ယခင်က နယ်မြေချင်း ထိစပ်နေကြတဲ့ အိမ်နီးချင်း နိုင်ငံတွေပါ။ သို့သော် ၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံအသစ် ပေါ်ပေါက်လာချိန်မှာတော့ အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားခဲ့ကြပါတယ်။ ယခင်က အိမ်နီးချင်းဖြစ်ခဲ့လို့ ထင်ပါတယ်၊ မြန်မာနဲ့ ပါကစ္စတန်တို့ရဲ့ ဆက်ဆံရေးဟာ ကောင်းမွန်နေကြဆဲဆိုတာ သက်သေ၊ သာဓကများစွာ ရှိပါတယ်။ အဲဒီလို အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားရခြင်းဟာ သူတို့ရဲ့ ပြည်တွင်းရေးသာ ဖြစ်တဲ့အတွက် အထူးအထွေ ဝေဖန်ရန် မရှိပါ။ သို့သော် လက်ရှိအခြေအနေမှာ မြန်မာရဲ့ အိမ်နီးချင်း (၅) နိုင်ငံရှိနေရာက မတူညီတဲ့ အိမ်နီးချင်းနိုင်ငံသစ်တွေ ထပ်မံ ပေါ်ပေါက်လာဖို့ လုပ်ဆောင်နေကြတာတွေ မြင်နေရပါပြီ။ ဒီတစ်ကြိမ်ကတော့ ကျွန်တော်တို့ရဲ့ ပြည်တွင်းရေးဖြစ်တဲ့အတွက် အလေးထားရပါတော့မယ်။ ရှိပြီးသား အိမ်နီးချင်း (၅) နိုင်ငံနဲ့ မြန်မာတို့အကြား ကျွန်တော်တိ...

မဟာဗောဓိမြိုင် ဆရာတော်ကြီး မိန့်တော်မူတဲ့ အိမ်မြှောင် စုတ်ထိုးရတဲ့ အကြောင်းအရင်း

  ******** အိမ်ရှိလျှင် အိမ်မြှောင်ဆိုတာ ရှိတတ်စမြဲ။ သူ့ စုတ်ထိုးသံ ကြားရတတ်စမြဲ။ အိမ်မြှောင်စုတ်ထိုးသံကိုလည်း လူတွေ အတိတ်ကောက်ကြလေ့ ရှိတတ်ကြရဲ့။ဘာကြောင့် အိမ်မြှောင်စုတ်ထိုးပါသလဲ။အိမ်မြှောင် စုတ်ထိုးခြင်းဟာ နတ်တွေနဲ့ ပတ်သက်နေတတ်ကြောင်းဆရာတော်ဘုရားကြီးက ဒီလိုရှင်းပြထားပါတယ်။မိဘနဲ့သားသမီး ဆရာနဲ့ တပည့် လင်နဲ့မယား ဆက်ဆံရေးမှာ လိုက် လျောမှု မရှိခဲ့လျှင် တကျက် ကျက်ဖြစ်ပြီး ကျက်သရေမင်္ဂလာလည်း ပျက်တတ်တယ် ဆိုပါတယ်။“ကိုယ်စောင့်နတ် အိမ်စောင့်နတ်တွေ နားမခံသာ။ ကံထိန်းနတ် ဥစ္စာ စောင့်နတ်တွေလည်း နားမခံသာ။ နတ်တို့ နားမခံသာလို့ရှောင်သွားမည်။သို့မဟုတ် လက်ပိုက်ကြည့်နေမည် ဆိုပါက အဲဒီအိမ် စီးပွားမတတ် နေသမျှ လူစိတ်မအေးရ လာသမျှ ဧည့်မဆက်ဆံချင်ဖြစ်ပြီ သားတို့ သ မီးတို့ လူတွေအပေါ် လူအုပ်ချုပ်ရေး ရှိသလို နတ်တွေအပေါ် နတ်အုပ်ချုပ်ရေးလည်း ရှိသေး။လူလူချင်း အုပ်ချုပ်တဲ့ လူမင်းကိုတော့ လောကနတ် ခေါ်ရတယ်။ လူ အုပ်ချုပ်တဲ့ နတ်မင်းများကိုတော့ သမ္မုတိနတ် ခေါ်ရတယ်။လောကသုံးပါး ရှေ့ဆောင် လမ်းပြတော်မူတဲ့ ဘုရားရှင်ကိုတော့ “ဝိသုဒ္ဓိနတ်” ခေါ်ရတယ်။ အဲဒီ သမ္မုတိနတ်မျိုးထဲမှာ “ကိုယ်စောင့်နတ်” က ရပ်ကွက်အုပ်ချုပ်ရေးမင်းနဲ့ တူတယ်။ ...

စစ်တပ်နဲ့ ညှိနှိုင်းမှုတွေအကြောင်း ကရင် BGF ဗိုလ်မှူးကြီး စောချစ်သူ ဘာပြောလဲ

  စစ်ကောင်စီနဲ့ ကရင်နယ်ခြားစောင့်တပ်(BGF)အကြား တင်းမာမှုတွေရှိနေတာကြောင့် ဇန်နဝါရီလ ၂၃ ရက်မှာ ဒုတပ်ချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကရင်ပြည်နယ်ကို နေ့ချင်းပြန်သွားပြီး BGF က ဗိုလ်မှူးကြီး စောချစ်သူနဲ့ တွေ့ဆုံဆွေးနွေးတာတွေလုပ်ခဲ့ပါတယ်။ စစ်တပ်လစာနဲ့ ရိက္ခာကိုမယူတော့ဖို့ BGF က ဆွေးနွေးပါတယ်။ ဘာကြောင့်ပါလဲ။ စစ်ကောင်စီနဲ့ BGF ကြားတင်းမာမှုအရင်းခံက ဘယ်အချက်တွေလဲ။ BGF ရပ်တည်မှုဘယ်လိုဆက်ရှိမှာလဲဆိုတာတွေကို BGF က ဗိုလ်မှူးကြီး စောချစ်သူနဲ့ ဘီဘီစီက ဆက်သွယ်မေးမြန်းထားပါတယ်။ ဘီဘီစီ - BGFက ဗိုလ်မှူးကြီး စောချစ်သူနဲ့ စစ်ကောင်စီ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့ ဇန်နဝါရီ ၂၃ ရက်က ဖားအံမှာတွေ့ပြီး ‌‌‌တပ်ပိုင်းဆိုင်ရာကိစ္စတွေ ဆွေးနွေးတယ်လို့ သိရပါတယ်။ ဘယ်လိုအချက်တွေဆွေးနွေးခဲ့ကြတာပါလဲ။ ဗိုလ်မှူးကြီး စောချစ်သူ - ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေ တင်ပြတောင်းဆိုလာတဲ့ ကရင်အချင်းချင်းပြန်မတိုက်ချင်ဘူးဆိုတဲ့ အချက်၊ နောက်တစ်ချက်က တပ်မတော်ရဲ့ ရိက္ခာကို ဆက်လက်ယူချင်တဲ့ဆန္ဒမရှိတော့ဘူးဆိုတဲ့ အချက်တစ်ချက်။ အဲဒီအချက် ၂ ချက်ကိုပဲဆွေးနွေးပါတယ်။ ဘီဘီစီ - BGF ရဲ့ ဆွေးနွေးချက် ၂ ချက်အပေါ်မှာ စစ်...

စစ်မှုထမ်းဟောင်းများကို အငြိမ်းစားယူခဲ့သည့် မူလရာထူး၊ အဆင့်ဖြင့် စစ်မှုပြန်ထမ်းစေသည့် စနစ် စစ်ကောင်စီက ပြန်လည်စတင်

  ■ စစ်တပ်တွင် သေဆုံးမှုများပြားနေသဖြင့် စစ်သားလိုအပ်ချက် အလွန်ကြီးမားနေမှုကို နည်းလမ်းမျိုးစုံဖြင့် ဖြည့်တင်းနေရ ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းဟောင်းများကို အငြိမ်းစားယူခဲ့သည့် မူလရာထူး၊ အဆင့်များဖြင့် စစ်တပ်တွင် အနည်းဆုံး ၁ နှစ် တာဝန်ပြန်လည် ထမ်းဆောင်စေသည့် စနစ်ကို ပြန်လည် စတင်နေပြီဖြစ်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ အကြမ်းဖက်စစ်ကောင်စီက ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်းတွင် အရန်တပ်ဖွဲ့ဝင် (စစ်မှုထမ်းဟောင်း)များကို စစ်မှုထမ်းခွင့်ပြုသည့် ညွှန်ကြားချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ကြောင်း ၊ အဆိုပါ ညွှန်ကြားချက်အရ စစ်မှုထမ်းဟောင်း များအနေဖြင့် အရန်တပ်ဖွဲ့ဝင် အဖြစ် စာရင်းသွင်း လက်မှတ်ရေးထိုး ရမည်ဖြစ်ကြောင်း၊ အရန်တပ်ဖွဲ့ဝင်အဖြစ် စာရင်းသွင်းပြီးသူများကို စစ်ကောင်စီက ပြန်လည် စိစစ်ရွေးချယ်ကာ အငြိမ်းစားယူခဲ့သည့် ပြန်တမ်းဝင်အမှတ်၊ ကိုယ်ပိုင်အမှတ် အဆင့်ဖြင့် ပြန်လည် တာဝန်ထမ်းဆောင်ခွင့်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။ စစ်ကောင်စီက ပြန်လည် စိစစ်ရွေးချယ်လိုက်သော အရန်တပ်ဖွဲ့ဝင်(စစ်မှုထမ်းဟောင်း) သည် အနည်းဆုံး အချိန်ပြည့် ၁ နှစ် အမှုထမ်းရမည်ဖြစ်ကြောင်း၊ အဆောငအယောင်၊ လစာန...

မြန်မာ ဒုကာကွယ်ရေးဝန်ကြီး ထောင်ထဲရောက်ပြီ

  မြန်မာ ဒုကာကွယ်ရေးဝန်ကြီး ထောင်ထဲရောက်ပြီ မတ်လ ၂၈ ရက် ၂၀၂၄ ခုနှစ် နံနက် ၁၀ နာရီ ၂၀ သတင်း ================================= ကာကွယ်ရေး ဒု-ဝန်ကြီး ဖြစ်သူ ဗိုလ်ချုပ်အောင်လင်းထွန်းကို ကျားဖြန့်လုပ်ငန်းနဲ့ ပတ်သက်တယ်ဆိုပြီး မနေ့ည မတ်လ ၂၇ ရက်နေ့ည ၁၁ နာရီတွင် စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့မှ သွားရောက်ဖမ်းဆီးခဲ့ကြပါတယ်။ အဆိုပါ ဖမ်းဆီးချိန်တွင် ဒုကာကွယ်ရေးဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်အောင်လင်းထွန်းသည် အရက်မူးနေပြီး အသာတကြည် လိုက်လာခြင်းမရှိပဲ … ပုဆိုးလှန်ပြီး ဆဲဆိုနေခြင်းကြောင့် စစ်ဘက်လုံခြုံရေးအဖွဲ့မှ ရိုက်နှက်ခဲ့ရာ.. သွား အချို့ ကျွတ်သွားပြီး ပါးစပ်တခုလုံး သွေးများနီရဲနေသည်။ “အဲ့ကောင် ပါးစပ်က သွေးမတိတ်ခင် ရမဲသင်းထောင်ပို့လိုက်စမ်း” လို့ အထက် အမိန့်ပေးလိုက်တော့ အခု ရမဲသင်းထောင်ရောက်နေပြီဖြစ်ကြောင်း မြန်မာအမေရိကန် သတင်းဌာနမှ စုံစမ်းသိရှိရသည်။ ဂိုလ်ရှယ်လေး

တရုတ်ကဖမ်းထားတဲ့ ဖူလီလိုက်လုပ်ငန်းစု ဥက္က၎ မြန်မာနိုင်ငံရဲ့ ထိပ်တန်း ဘီလီယံနာ ကိုးကန့်သူဌေးကြီးအကြောင်း

      တရုတ်နိုင်ငံထဲမှာ ပြီးခဲ့တဲ့တစ်ပတ်က အဖမ်းခံလိုက်ရတဲ့ ကိုးကန့်လုပ်ငန်းရှင် ၁၁ ယောက်ထဲမှာ မြန်မာပြည်ရဲ့အချမ်းသာဆုံးထိပ်တန်းသူဌေးတွေထဲမှာပါပြီး လူသိနည်းတဲ့ သူဌေးကြီးတစ်ဦးလည်း ပါဝင်ပါတယ်။ ဦမောင်မောင် လို့ မြန်မာအမည်ပေးထားတဲ့ ကိုးကန့်လုပ်ငန်းရှင်ဟာ လောက်ကိုင်မြို့မှာ အချမ်းသာဆုံးဖြစ်တဲ့ Fully Light ဖူလီလိုက် ကုမ္ပဏီကို အစ်ကို ဖြစ်သူနဲ့အတူ ဦးစီးနေသူ ဖြစ်ပါတယ်။  ဖူလီလိုက်လုပ်ငန်းစုဟာလုပ်ငန်းအမျိုးအစားပေါင်း အနည်းဆုံး ၃၆ မျိုးမှာ အမေရိကန်ဒေါ်လာ ဘီလီယံ ဂဏန်းအထိ ရင်းနှီးမြှုပ်နှံထားပြီး သူတို့ရဲ့ ချမ်းသာကြွယ်ဝမှုအတိုင်းအဆကို မမှန်းဆနိုင်ပါဘူး။ အခုတော့ လောက်ကိုင်မြို့တစ်ဘက်ခြမ်းက တရုတ်နိုင်ငံပိုင်နက်ထဲမှာ အဖမ်းခံရပြီးနောက် တစ်ပတ်ကြာတဲ့အထိ ဘယ်မှာထိန်းသိမ်းထားတယ်ဆိုတဲ့ သတင်းအစအနတောင်မရဘဲ ဖြစ်နေပါတယ်။ ဖူလီလိုက် အင်ပါယာ                                           ...

စစ်မှုထမ်းဥပဒေတွင် ဘွဲ့ရပညာတတ်များ တပ်ထဲ ကာလရှည်နေရန် ပြဋ္ဌာန်းထား

  ဘွဲ့ရ သို့မဟုတ် စက်မှုလက်မှုပညာတစ်ခုခု တတ်မြောက်ထားသူဖြစ်ပါက စစ်ကောင်စီတပ်ထဲတွင် အခြားသူများထက် အချိန်ကြာကြာပိုပြီး စစ်မှုထမ်းရနိုင်ခြေရှိသည်။ သင်သည် ဆရာဝန်၊ အင်ဂျင်နီယာ၊ ဘွဲ့ရ သို့မဟုတ် စက်မှုလက်မှုပညာတစ်ခုခု တတ်မြောက်ထားသူဖြစ်ပါက ကျွမ်းကျင်သူဟုသတ်မှတ်ပြီး စစ်ကောင်စီတပ်ထဲတွင် အခြားသူများထက် အချိန်ကြာကြာပိုပြီး စစ်မှုထမ်းရနိုင်ကြောင်း ဖေဖော်ဝါရီ ၁၀ ရက်နေ့က စစ်ကောင်စီ အသက်သွင်းလိုက်သည့် စစ်မှုထမ်းဥပဒေတွင် တွေ့ရသည်။ အခြားသူများက ၂ နှစ်မှ ၅ နှစ်အထိ စစ်ကောင်စီတပ်ထဲ စစ်မှုထမ်းရမည်ဖြစ်သော်လည်း ကျွမ်းကျင်သူအဖြစ် သတ်မှတ်ခံရပါက ၃ နှစ်မှ ၅ နှစ်အထိ စစ်မှုထမ်းရမည်ဟု ဆိုသည်။ ပုံမှန်အားဖြင့် စစ်မှုထမ်းကာလပြည့်ပြီးပါက နောက်တစ်ကြိမ် စစ်တပ်ထဲ ပြန်သွားရန် မလိုတော့သော်လည်း ပါရဂူဘွဲ့ရသူများ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဘွဲ့ရသူများကိုမူ “အရေးပေါ်ပြန်တမ်းဝင်အရာရှိ” အဖြစ် တပ်က ပြန်ခေါ်နိုင်သည်။ နောက်တစ်ကြိမ်ဆင့်ခေါ်မှုအတွက် အချိန်မည်မျှကြာကြာ စစ်တပ်ထဲထားမည်ဆိုသည်ကို သတ်မှတ်ထားခြင်း မရှိပေ။ ရန်ကုန်မြို့၌ ၂၀၂၁ ဖေဖော်ဝါရီလအတွင်း ပြုလုပ်သည့် အာဏာသိမ်းမှုဆန့်ကျင်သည့် ...

ကျောက်တော်၌ ကယ်ဆယ်ရေးကမ်းထိုးရေယာဉ် (၃)စင်း တိုက်ခိုက်ခံခဲ့ရပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် အများအပြားသေဆုံး

   ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်း၌ ကယ်ဆယ်ရေးကမ်းထိုးရေယာဉ် (၃)စင်း တိုက်ခိုက်ခံခဲ့ရပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် အများအပြားသေဆုံးခဲ့ရကြောင်း သတင်းရရှိသည်။ ကယ်ဆယ်ရေးကမ်းထိုးရေယာဉ်(၃)စင်းသည် စစ်တွေမြို့မှတစ်ဆင့် ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီး၌ လုံခြုံရေးအဖွဲ့ဝင်များ၊ ၎င်းတို့၏ မိသားစုဝင်များ နှင့် နိုင်ငံ့ဝန်ထမ်းများကို စောင့်ဆိုင်းကယ်ထုတ်နေစဉ်အချိန်တွင် ရခိုင်လက်နက်ကိုင် AA အဖွဲ့၏ ပစ်ခတ်တိုက်ခိုက်ခြင်းကို ခံခဲ့ရကြောင်း သိရသည်။ “အကြီးက နှစ်စင်း၊ အသေးက တစ်စင်းပေါ့။ အဲဒီမှာ ကျားပိုက်တွေကို အောက်ခြေတစ်ကြောလုံးမှာ ချထားတာ။ ပြောရရင်တော့ ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်းကို ဆွဲထားတာ။ ဒလက်တွေက အဲဒါတွေနဲ့ အကုန်ငြိကုန်တာ။ ပထမဆုံးက ကမ်းထိုးရေယာဉ်အကြီးတစ်စင်းနဲ့ ငြိပြီးတော့ သောင်တင်သွားတယ်။ အဲဒါမှာ အသေးတစ်စင်းနဲ့ အကြီးတစ်စင်းက သွားပြီးဆွဲတာ။ အဲဒီမှာ ဒရော့ဗုံးတွေနဲ့ တိုက်ခိုက်ခံရတာပေါ့။ ပြီးတော့ ကမ်းပေါ်ကို တက်ပြေးတဲ့သူတွေကို ဓါးနဲ့ ဝိုင်းခုတ်တာတွေ ဖြစ်တဲ့အချိန်မှာ တစ်ချို့ရေကူးတတ်တဲ့ (၄)၊(၅)၊(၁၀)ယောက်လောက်က မြစ်ကြောင်းအတိုင်းမျောပြီးတော့ ဆင်းသွားတဲ့အချိ...

ပဲခူးမြို့ပေါ် လူစည်ကားသည့် နေရာများအား ၁၀၇ မမရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ရန် စီစဉ်လျက်ရှိသည့် DSRB အမည်ခံ အဖွဲ့ဝင်များအား ၁၀၇ မမရှော့တိုက်ဒုံးများနှင့်အတူ ဖမ်းဆီးရမိ

                                                     ပဲခူးမြို့ပေါ် လူစည်ကားသည့် နေရာများအား ၁၀၇ မမရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ရန် စီစဉ်လျက်ရှိသည့် DSRB အမည်ခံအကြမ်းဖက်အဖွဲ့ဝင်များအား ၁၀၇ မမရှော့တိုက်ဒုံးများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရပါတယ်။ အကြမ်းဖက်သမားများအနေဖြင့် အေးချမ်းတည်ငြိမ်နေသည့် အခြေအနေမျိုးကို လက်မခံနိုင်ပဲ ယုတ်မာစွာဖောက်ခွဲဖျက်ဆီး ဖို့ ကြံနေတာပဲဖြစ်ပါတယ်။  Dark Side Revolution Burma-DSRB အမည်ခံအကြမ်းဖက်အဖွဲသည် အများပြည်သူများ ပျော်ရွှင်စွာကြည့်ရှုမည့် ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပမည့် ညတွင် ပဲခူးမြိုပေါ်ရှိ လူစည်ကားသည့် နေရာများအား ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ရန်စီစဉ်လျက်ရှိကြောင်း အကြမ်းဖက်မှုကိုမလိုလားသည့် ပြည်သူများ၏ သတင်...

ဘုရင့်နောင်ရဲ့ အင်ပါယာကြီး အချိန်တိုအတွင်း ပြိုကွဲခဲ့ရတဲ့ အကြောင်းများ

  ဘုရင့်နောင် သည် ဒုတိယ မြန်မာနိုင်ငံကို အောင်မြင်စွာ ထူထောင်ခဲ့ပြီး သူ၏ လက်ထက်တွင် မြန်မာနိုင်ငံသည် တန်ခိုးအထွားဆုံး အချိန်ဖြစ်ခဲ့သည်။ သို့သော် သူ့ကို ဆက်ခံသော သားတော် နန္ဒဘုရင် လက်ထက်တွင် မူ ဘုရင့်နောင် ၏ အင်ပါယာကြီးမှာ ပြိုကွဲပျက်စီး ခဲ့ရလေသည်။ ထိုမင်းသည် မအောင်မြင်သည့် ယိုးဒယားစစ်ကို အကြိမ်ကြိမ်ချီစေခြင်းဖြင့် မိမိအင်အားကို ဖြုန်းပစ်ခြင်း ၊လက်အောက်ခံ ဘုရင်များကို နိုင်နင်းစွာ မထိမ်းသိမ်း နိုင်ခြင်း နှင့် ပြည်သူများအား စနစ်တကျ မအုပ်ချုပ်ခြင်း တို့ကြောင့် နိုင်ငံပြိုကွဲခဲ့ရခြင်း ဖြစ်သည်။ နန္ဒဘုရင် သည် ယောင်္ကျားများကို စစ်အခြေခံသင်တန်းပေးကာ လိုက်ပါအမှုထမ်းခိုင်းသည်။ မထမ်းချင်သော ယောင်္ကျားများက ရဟန်းဝတ်ကြလေသည်။ ဤသို့ဖြင့် ရဟန်းအရေအတွက်လည်း တိုးပွားလာရာ ၁၅၉၃ တွင် ရဟန်းစစ်များ နှင့် ရဟန်းတုများကို အမြန်စစ်ဆေးကာ အဓမ္မလူထွက်စေသည်။ ထို အထဲတွင် ရဟန်းအစစ်များလည်း ပါသွားခဲ့ရသည်။ နာမည်ကြီး ဘားမဲ့ ဆရာတော် နှင့် ဘားတမော့ ဆရာတော်များကိုလည်း မယုံကြည်သဖြင့် ပြည်သူများတားနေသည့်ကြားမှပင် ညောင်ရမ်းသို့ ပို့ဆောင်လိုက်လေသည်။ လက်အောက်ခံ နယ်စားများ ပုန်ကန်လျှင် ဗိုလ်မှူးတပ်မှူးများကို နှိမ်နင်းခိုင်း...

Click !