ကောလင်းမြို့နှင့်အနီးတစ်ဝိုက်တွင် တပ်မတော်စစ်ကြောင်းများနှင့် KIA၊ PDF
ပူးပေါင်းအဖွဲ့တို့သည် ဖေဖော်ဝါရီလ ၃ ရက် ညနေပိုင်းမှစတင်ကာ
လက်ရှိအချိန်အထိ တိုက်ပွဲများ ဖြစ်ပွားနေလျက်ရှိကြောင်း ဒေသခံများထံမှ
သိရသည်။
"အရင်ရက်တွေကတော့ ကန့်ဘလူ-ကျွန်းလှကနေ ရဟတ်ယာဉ်တွေနဲ့
အင်အားတော်တော်များများ ပို့တယ်လို့ ကြားတယ်။ ထိုးစစ်က စတော့မှာပေါ့။
ကောလင်းက PDF တွေ သိမ်းထားတာလေ။ ကောလင်းမှာတော့ တိုက်ပွဲက
ပိုပြင်းထန်လာနိုင်တာပေါ့" ဟု ဒေသခံသတင်းအရင်းအမြစ်တစ်ဦးက NP News ကို ပြော
သည်။
တပ်မတော်စစ်ကြောင်း (၄)ကြောင်းသည် ယမန်နေ့ (ဖေဖော်ဝါရီလ ၃ ရက်)
ညနေပိုင်းမှစတင်ကာ ကောလင်းမြို့၏ တောင်ဘက် နှင့် မြောက်ဘက်တို့မှ
ထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်း ကောလင်း PDF အဖွဲ့ကလည်း
အသိပေးထုတ်ပြန်ထားသည်။
ထိုသို့ ထိုးစစ်ဆင်လာသည့်အတွက် တပ်မတော်နှင့် KIA၊ PDF ပူးပေါင်းအဖွဲ့အကြား တိုက်ပွဲများ ပြင်းထန်နေ လျက်ရှိကြောင်း သိရသည်။
ကောလင်းမြို့အနီးတွင် တိုက်ပွဲများ ဖြစ်ပွားလာနေသည့် အတွက်
ဒေသခံပြည်သူများအနေဖြင့် စိုးရိမ်ပူပန်နေ လျက်ရှိပြီး စစ်ဘေးရှောင်ရန်
ပြင်ဆင်ဆောင်ရွက်နေ လျက်ရှိကြောင်း သိရသည်။
KIA၊ PDF ပူးပေါင်းအဖွဲ့များသည် ပြီးခဲ့သော ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၆
ရက်တွင် ကောလင်းမြို့ပေါ်ရှိ လုံခြုံရေးစခန်းများကို
တိုက်ခိုက်သိမ်းပိုက်ကာ ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
ဝါရင့်သတင်းစာဆရာကြီး လာရီယာဂန်က စစ်အာဏာသိမ်းမှု သုံးနှစ်ပြည့်တဲ့ ဖေဖော်ဝါရီ(၁)ရက်နေ့မှာ ဘန်ကောက်ပို့စ်သတင်းစာမှာ ဆောင်းပါးတစ်ပုဒ် ရေးသားလိုက်ပါတယ်။ ဆောင်းပါးခေါင်းစဉ်က Myanmar faces increasing uncertainty ပါ။ စစ်အာဏာသိမ်းပြီး သုံးနှစ်အကြာမှာ မြန်မာနိုင်ငံရဲ့အခြေအနေ ဘယ်လိုရှိသလဲ။ ရှေ့မှာ ဘာဖြစ်နိုင်သလဲ။ မှန်းဆထားတာပါ။ လက်ရှိ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်လို့ လာရီယာဂန်လည်း ဘာမှ မမှန်းဆနိုင်ပါဘူး။ သူပြောနိုင်တာ တစ်ခုက မြန်မာပြည်ဟာ မသေမချာ မရေမရာမှုတွေ အများကြီးနဲ့ ဆက်ပြီး ရင်ဆိုင်နေရဦးမယ်ဆိုတဲ့ ကောက်ချက်ပါ။ မြန်မာစစ်တပ်က ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရကို စစ်အာဏာသိမ်းခဲ့တာ ခု ဖေဖော်ဝါရီ(၁)ရက်မှာ သုံးနှစ်တိတိ ပြည့်ခဲ့ပြီဖြစ်ကြောင်း၊ သုံးနှစ်အတွင်း တိုင်းပြည်ဟာ အဖက်ဖက်က ယိုယွင်းပျက်စီးသွားပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေ တိုးပွါးနေကြောင်း၊ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ပီဒီအက်ဖ်တွေကြား တိုက်ပွဲတွေကြောင့် ပြည်သူသန်းပေါင်းများစွာ အိုးပစ်အိမ်ပစ် ထွက်ပြေးနေရကြောင်း လာရီယာဂန်က ရေးသားပါတယ်။ ...

