Skip to main content

Continue !

နတ်ရေကန် (သုမောင်)

 


နတ်ရေကန်ဆိုတာ ဒဏ္႑ာရီပုံပြင်ထဲမှာသာ ရှိတာမဟုတ်။ အဟုတ်တကယ် ရှိတာဗျ။ ကျွန်တော်က ကိုယ်တွေ့မို့ ပြောတာ။ တွေ့တာမှ ဟိုးငယ်ငယ် အသက်ဆယ်နှစ် ဆယ့်တစ်နှစ် မူလတန်းကျောင်းသား ဘဝကတည်းက။ မှတ်မှတ်ရရ လေးတန်းကျောင်းသား၊ လေးတန်းကျောင်းသားရယ်လို့ မှတ်မိနေ တာကလည်း အကြောင်းရှိလို့။
ကျွန်တော့် စာသင်သက် တစ်သက်နဲ့တစ်ကိုယ်မှာ မြန်မာစာ စာစီစာကုံးပြိုင်ပွဲမှာ နှစ်ကြိမ်တိတိ ဆုရဖူးတယ်။ အတန်းထဲမှာ မဟုတ်ဘူး တစ်ကျောင်းလုံးမှာရတာ။ ပထမ တစ်ကြိမ်က လေးတန်းမှာ၊ ဒုတိယအကြိမ်က စက်မှုလက်မှု အထက်တန်းကျောင်း နောက်ဆုံးနှစ်မှာ။ ဒါကြောင့် ပထမ အကြိမ် လေးတန်းကျောင်းသားဘဝမှာ မြန်မာစာ စာစီစာကုံး ဆုရတာကို မှတ်မှတ်ရရ ဖြစ်နေတာပေါ့။ လက်ရှိအချိန်မှာ မြန်မာဝတၳုရေးသူတစ်ယောက် ဖြစ်နေတာမို့လည်း အဲဒီလေး တန်းကျောင်းသားဘဝက မြန်မာစာစီစာကုံး ဆုံရတာကို ပိုပြီး ဂုဏ်ယူမိနေတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။
ဘာပဲဖြစ်ဖြစ် အဲဒီနှစ်မှာ ကျွန်တော် နတ်ရေကန်တကယ် ရှိမှန်း စ,သိရတာပါပဲ။ သိရုံတင် မကပါဘူး။ နတ်ရေကန်ထဲကို တောင် ပြုတ်ကျခဲ့ရတယ် ဆိုပါတော့ဗျာ။
◾◾◾
ဒီမတိုင်ခင် ငယ်ငယ်တုန်းကတော့ နတ်ရေကန်ဆိုတာ ကြားဖူးနားဝ ခဏ ခဏ ရှိခဲ့တာပေါ့။ အဖေနဲ့ ကျွန်တော့် ကြီးတော်များ၊ အဘွားများက မကြာမကြာ ရေရွတ်နေတတ်ကြလို့။
သူတို့က ပြောတတ်ကြတယ်။ ကျွန်တော် ငယ်ငယ်က အတော်ဆိုးဆိုပဲ။
ငယ်တုန်းကတော့ သူတို့စကား ဟုတ်များ ဟုတ်သလား လို့ ဝမ်းနည်းခဲ့ရပါရဲ့။ တစ်ခါတလေလည်း ရှက်ဒေါသနဲ့ ပြောလေ တစ်ဇွတ်ထိုးလုပ်လေ လုပ်ခဲ့မိပါရဲ့။
ဒါပေမယ့် ခုအရွယ်ကလေးရလာတော့ အင်းလေ ကိုယ်တိုင်မိဘတစ်ဦးဖြစ်လာတော့ ကလေးတွေမှာ ဆိုးတယ် ကောင်းတယ်၊ မိုက်တယ် လိမ္မာတယ်ဆိုတာ သူ့ပင်ကိုမှာ မရှိဘူးလို့ တွေးမိလာတယ်။ ကလေးတွေဟာ အရောင်မရှိဘူးလို့ ပန်းချီ ဆရာတွေ ဆိုကြတယ်။ ငါဒ-ဝါဒီဆရာတွေကတော့ သုညတ ဝါဒရယ်လို့ သမုတ်ပြန်တယ်။ ဘာပဲဖြစ်ဖြစ် ကလေးတွေဟာ ဖြူစင်တယ်၊ သန့်ရှင်းတယ်၊ ရိုးသားတယ်လို့ လူတိုင်း နားလည်ကြတာပဲ မဟုတ်လား။
စောစောကပြောတဲ့ ဆိုးတယ် ́ကောင်းတယ်ဆိုတာကတော့ ပတ်ဝန်းကျင်၊ အထူးသဖြင့် မိဘအုပ်ထိန်းသူများနဲ့ သဟဇာတဖြစ်တယ်၊ မဖြစ်ဘူးဆိုတာပေါ်မှာ တည်တယ်ထင် တာပဲ။
ဒီနေရာမယ် မွေးသနေ္ဓတို့၊ ဗီဇတို့၊ မျိုးရိုးတို့ဆိုတာတွေကို တချို့က ထည့်ပြောကြတယ်။ ကျွန်တော့်အနေနဲ့ကတော့ ဒါတွေဟာ ရုပ်ဝတၳုကိစ္စမှာသာ ရိုက်ခတ်တာပါ။ စိတ်ပိုင်းဆိုင် ရာမှာတော့ အင်မတန် ဖြစ်ခဲပါတယ်။ ဖြစ်ရင်လည်း သွေးသား ဆက်နွယ်မှုကြောင့် စိတ်မနှံ့တာတို့ စိတ်လှုပ်ရှားလွယ်တာတို့ ဆိုပါစို့၊ အားငယ်တတ်တာတို့သာပါ။
ဘာပဲဖြစ်ဖြစ်ပေါ့လေ၊ ကလေးတစ်ယောက်မှ မဟုတ်ပါဘူး။ လူကြီးသူမ တစ်ယောက်ယောက်လည်း ပတ်ဝန်းကျင် ရဲ့ အလေ့အထနဲ့ ဆန့်ကျင်မှုရှိလာရင်၊ သဟဇာတဖြစ်နေရင် ဆိုးတယ်၊ ကောင်းတယ်ဆိုတာ အသတ်မှတ်ခံရမြဲပဲ မဟုတ်လား။
ထားပါတော့... ကျွန်တော် ငယ်ငယ်က မိဘဆွေ အသိုင်းအဝိုင်းကရော၊ ပတ်ဝန်းကျင်က၊ စာသင်ကျောင်းမှာရော ဆိုးတယ်လို့ သတ်မှတ်ခံခဲ့ရပါတယ်။ သဟဇာတဖြစ်အောင် မနေတတ်ခဲ့ဘူးဆိုပါတော့ ... ။
ဒီတော့ ဘာဖြစ်သလဲ။ ကျွန်တော့်ကို မြန်မြန် လူကြီး ဖြစ်စေချင်ကြတာပေါ့။ ဟုတ်တယ်လေ။ လူကြီးဆိုးတယ်ဆိုတာက ထိန်းလို့ပြုလို့ ရနိုင်တယ်။ ဆိုပါစို့ ဥပဒေရှိတယ်။ တရား ရုံးတို့၊ ရဲစခန်းတို့ရှိတယ်။ မသကာ ဓားဓားချင်း၊ တုတ်တုတ်ချင်း ရှင်းလို့ရတယ်။ အဆုံးတစ်နေ့ မကျေနပ်ရင် ချောင်းရိုက်၊ သဘောပြောတာပါ။
နောက်ပြီး အရေးယူလို့ မရတဲ့နည်းနဲ့ ဆိုးပေနေရင် လည်း သူ့ကို ပေယျာလကန် ထားလိုက်ရုံသာ။
အဲ... ကလေးတွေကျတော့ ဒီလိုလုပ်မရ။ ဆိုးသည်ဖြစ် စေ၊ ကောင်းသည်ဖြစ်စေ မျက်လုံးထောက်ခံပြီး ကြည့်နေနိုင် မှ၊ ထိန်းကွပ်နိုင်မှ။
စောစောကပြောသလို အရောင်မရှိတဲ့ မှန်ကလေးတစ် ချပ်လို၊ အညစ်အကြေးမရှိတဲ့ ရေကြည်ကလေးတစ်ပေါက်လို၊ အပေါင်းအနုတ် အမြှောက်အစား မရှိတဲ့ သုညလေးလို သန့် ရှင်းတဲ့ဘဝမျိုး မဟုတ်လား။
နည်းနည်းစွန်းထင်းတာနဲ့ ပြင်ရပြုရ အတော်ခက်သွား တတ်တာကလား။
ဒါကြောင့်မို့လည်း ကျွန်တော်တို့ ငယ်ငယ်က လူကြီး သူမတွေ ကျွန်တော်တို့ကို မြန်မြန် လူကြီးဖြစ်စေချင်တာကိုး။ ဒီနေရာမယ် သားသမီးတွေ လူလားမြောက်ပြီး မြေးတွေ မြစ်
တွေရတဲ့အထိ ကိုယ့်သားသမီးကိုယ် ပိစိညှောက်တောက် လူ မမည်လေးလို့ပဲ ထင်နေတတ်တဲ့ မိဘမေတ္တာကို သီးခြားပြောရ မှာပါ။ ချစ်တာက တခြားပဲ။ ကလေးတွေရဲ့ ဗာဟီရ၊ ဝိစိကိစ္စတွေနဲ့ မိမိရဲ့ လုပ်ငန်းကိုင်ငန်း၊ စီးပွားရေး၊ သာရေးနာရေး စတဲ့ ကိစ္စတွေ ရောပြီး မနိုင်မနင်း ဖြစ်လာတဲ့အခါမှာမျိုးမှာ
ပြောပါတယ်။ “အင်း... ကလေးတွေ မြန်မြန် လူလားမြောက်ပါမှပဲ” ဆိုတာမျိုးပေါ့။
ကိုင်း... ဒီမှာတင် “နတ်ရေကန်” အကြောင်း ပြန်ဆက် ပါ့မယ်။
စောစောက ပြောသလို “နတ်ရေကန်” ဆိုတာကို ကျွန်တော်လေးတန်းကျောင်းသား မဖြစ်ခင် လူကြီးစကား နားလည် တတ်စက စပြီး ကြားခဲ့ရပါတယ်။ အဲသည်တုန်းကတော့ ဘာ မှန်းမသိဘူး။ နတ်ကိုသိတယ်။ ရေကန်ကိုသိတယ်။ နတ်ရေ ကန်ဆိုတာကိုတော့ မသိဘူး။ ကြားဖူးနားဝ ရှိခဲ့ရတာကလည်း အမေနဲ့ကြီးတော်တွေ၊ အဘွားတွေ ပြောပြောနေကြလို့ ဘာ တဲ့... ။
“အင်း... ဒင်းတို့ကို နတ်ရေကန်ထဲ ပစ်ချချင်တယ်”
တဲ့။
စကားတတ်တဲ့၊ စပ်စုတတ်တဲ့ ကျွန်တော်က
“နတ်ရေကန်ထဲ ဘာလို့ပစ်ချချင်တာလဲ” လို့မေးတော့ ... အမေက
“ဪ... နတ်ရေကန်ထဲ ပစ်ချလိုက်ရင် သားတို့ချက် ချင်းလူကြီး ဖြစ်လာတာပေါ့” တဲ့။ ကျွန်တော့်စိတ်ထဲ တကယ် ပဲ ထင်မိပါသေးရဲ့။
အဲ... နောက်တော့ ကျွန်တော်တန်းကျောင်း လေးတန်း နှစ်။ စောစောက ပြောသလို စာစီစာကုံး ဆုရတဲ့အချိန်မှာတော့ နတ်ရေကန်ကို တကယ်ပဲ တွေ့ရပါတော့တယ်။ တကယ်ပဲလည်း ပစ်ချခံခဲ့ရပါတော့တယ်။
ပစ်ချတဲ့လူက အမေတော့ မဟုတ်ဘူး၊ နတ်ရေကန်ဆို တဲ့ စကားတစ်ခါမှ မပြောဖူးတဲ့ အဖေပါပဲ။
ကျွန်တော်ဟာ ငယ်ငယ်က စာတော်ခဲ့ပါတယ်။ အားကစားလည်း အထိုက်အလျောက် ထူးချွန်ခဲ့ပါတယ်။ ပြောရဦး မယ်။ ကျွန်တော် အားကစားဆုတွေလည်း ရဖူးတယ်။ အဲဒီ တုန်းက စနစ်တစ်ခု ဖြစ်တဲ့ ရှစ်တန်းနဲ့ ဆယ်တန်း တစ်ပြိုင် နက် ဖြေခွင့်လည်း ရဖူးတယ်။ လူရည်ချွန်လည်း ပထမက နောက်ဆုံးအဆင့်ထိ ရွေးချယ်ခံခဲ့ရဖူးဘယ်။ မှတ်မှတ်ရရ အဖေတစ်ခါမှ ဟက်ဟက်ပက်ပက် မချီးကျူးဖူးဘူး။
အဲ... လေးတန်းနှစ် စာစီစာကုံး ဆုရတုန်းကတော့ ”အဖေ့သားကွ” လို့ ချီးကျူးပြီး အဖေက သပ်သပ် အပိုဆု ချီးမြှင့်ခဲ့တယ်။
ဟုတ်တယ်လေ...၊ အဖေက စာရေးဆရာမဟုတ်လား။ ဒီတော့ သူ့သား မြန်မာစာစီစာကုံးရာမှာ ထက်မြက်တာ သူ ဝမ်းသာပေမှာပေါ့။
အဲဒီတုန်းက သူ စာပေဗိမာန်ဝတၳုရှည်ဆု ရခဲ့လို့ ဆုငွေ နဲ့အတူ အမှတ်တရ ရခဲ့တဲ့ ပတ်ကား(၆၁) ဖောင်တိန်ကို အဖေက ကျွန်တော့်ဆီတစ်ဆင့် လက်ဆောင်ပြန်ပေးခဲ့တယ်။ ဒါပေမယ့် ဒါဟာ ဆုပေးရုံပါပဲ။ နတ်ရေကန်ထဲ ပစ်ချတာ မဟုတ်ပါဘူး။
နတ်ရေကန်ထဲ ပစ်ချတာကတော့ အဲဒီနှစ် ကျောင်းပိတ် ရက်တွေမှာပါပဲ။ ဘာလဲဆိုတော့
“အညို ဒီကောင်ဗလကြီး စာရေးဆရာဖြစ်မှာကွ။ ဒီတော့ ခုကတည်းက သူ့ကို စာရေး ကျင့်၊ ဇာတ်လမ်းဇာတ်ကွက်အကြောင်း လေ့လာခွင့်ရအောင် ကိုယ် ရုပ်ရှင်ရိုက်ရင် ဇာတ်လမ်းမှတ်တမ်းတင် လုပ်ခိုင်းမယ်ကွာ”
“အို ကိုဖေသန်းရယ်၊ ကလေးငယ်ပါသေးတယ်”
“မဟုတ်ဘူးကွ၊ အလကားဂျင်ပေါက်၊ ဂေါ်လီရိုက် လျှောက်ဆော့နေမယ့်အစား သူ ဝါသနာပါတဲ့ စာရေးဆရာ အလုပ်ကိုပဲ ကစားတဲ့ ဆော့တဲ့ သဘောလုပ်ရင်း နောက်တော့ အလေ့အကျင့် ရသွားမှာပေါ့...”
“ကလေးဦးနှောက်ကလေးက နုပါသေးတယ်ရှင်”
“ဟ ကိုယ် အဲဒီအရွယ်က ပညာသင်ဖို့ ကိုယ်ဘာသာ ကိုယ် လမ်းဘေးဈေးလျှောက် ရောင်းခဲ့ရတာ”
“အို.. အခုဟာက...”
“ဟုတ်ပါပြီ ကိုယ်က တတ်နိုင်လို့ဆိုပြီး ကလေးတွေ ကို အလုပ်လုပ်တဲ့ အကျင့်ကောင်း မကျင့်ပေးရတော့ဘူးလား”
အဲသလိုပဲ အဖေနဲ့ အမေ စကားတွေ အချီအချ ပြော ခဲ့ကြလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ အဲသည်ကတည်းက ရုပ်ရှင်ရိုက်ကွင်းမှာ . ဇာတ်လမ်းမှတ်တမ်းတင် အလုပ်ရဲ့ နံပါတ်တစ် လေ့ကျင့်ခန်း ဖြစ်တဲ့ ကလက်ရိုက်(ဂျပ်ရိုက်)တဲ့ အလုပ်ကို ကျောင်းအားရက်တိုင်း လုပ်ရပါတော့တယ်ဗျာ။
ကိုင်း... ကျွန်တော် လေးတန်းကျောင်းသား ဘဝမှာ နတ်ရေကန်ထဲ ပစ်ချခံရတယ်ဆိုတာ ယုံပြီမဟုတ်လား။ ဒါပေါ့။ အမေက ပြောဖူးတာကိုး။ နတ်ရေကန်ထဲ ပစ်ချလိုက်ရင် ချက်ချင်းလူကြီးဖြစ်လာတယ်လို့။
ဪ... ဒါလား။ မဟုတ်ဘူးလေ။ ကျွန်တော် အခု ပြန်ပြောနေတဲ့အချိန်က စာရေးဆရာတစ်ယောက် ဖြစ်နေတဲ့ အချိန်မဟုတ်လား။ ဆိုလိုတာက စာရေးဆရာ တစ်ယောက်လို စကားအလင်္ကာနဲ့ ပြောနေတာ။ တကယ်တော့ နတ်ရေကန်ဆိုတာ ဘယ်မှာ ရှိမှာတုံး။ အရှေ့တိုင်းသားတွေရဲ့ ယဉ်ကျေးမှု ရိုးရာတစ်ခုဖြစ်တဲ့ နိမိတ်ပုံကို သုံးလိုက်ရတာပါ။ ရှင်းလား။
◾◾◾
ကောင်းပါပြီ။ ဒီနေရာမယ် ကျွန်တော် ဆက်ပြီးပြော ချင်တာက ကလေးတွေကို မြန်မြန်လူကြီး ဖြစ်စေချင်တဲ့
ဆန္ဒနဲ့ လူကြီးဖြစ်အောင် လမ်းညွှန်ပေးတတ်တဲ့ မိဘတွေရဲ့ သဘာဝအကြောင်းပါပဲ။
ခုဆို ကျွန်တော်ကိုယ်တိုင်မှာလည်း သားသမီး လေးယောက် ရှိနေပါပြီ။ သမီးနှစ်ယောက် သားနှစ်ယောက်။ တော်ပြီလေ၊ ဒါတောင် များသွားသလားလို့ ကျွန်တော့် အမေ က ပြောသေးတယ်။ အဖေတို့ အမေတို့လက်ထက်ကတော့ ခြောက်ယောက်၊ ခုနစ်ယောက်ထိ ယူကြပေမယ့် သူတို့ အခြေ အနေ သူတို့ခေတ်ဦးရေနဲ့ အတော်ပဲတဲ့။
သားသမီးဆိုတာ ရတနာပဲ ဆိုပေမယ့် ခုအချိန်မှာက အဲဒီရတနာတွေ သိမ်းဆည်းထိန်းသိမ်းဖို့က နည်းတဲ့ တာဝန်မှ မဟုတ်ဘဲ။ သိတယ်မဟုတ်လား။
သူတို့ကလေးတွေ လူ့လောကထဲ လွတ်လပ်စွာ လာရောက်ခွင့်ရှိပေမယ့် ရောက်မလာခင် ထိန်းထိန်းသိမ်းသိမ်း နေနိုင်တာ အပြစ်မရှိပါဘူး။ ရောက်လာပြီးမှ ပြန်သွားခိုင်းတာ ကတော့ လူသတ်မှုပဲပေါ့။ မတရားဘူးပေါ့။
ဒီတော့ကာ ကျွန်တော့်အနေနဲ့လည်း လက်ရှိတတ်နိုင် တဲ့ အင်အားနဲ့ လေးယောက်တော့ လာခွင့်ပြုနိုင်ပါတယ်။
အဲ... ခုဆို၊ သမီးကြီး “စိုးအိမ်သူ” က ငါးတန်း၊ သားလတ် ”ဖိုးသောကြာ” က နှစ်တန်း၊ နို့ညှာကောင် ”ထိန်ထိန်သာ” က မူကြို၊ အငယ်ဆုံးက “ထိပ်ထား” ကလည်း မူကြိုစ တက်နေပြီ။ ဒါကို ပြောပြရတာက ကျွန်တော်ငယ်စဉ် လေးတန်းကျောင်းသားဘဝ။ စောစောက ပြောသလို နတ်ရေကန်ထဲ ကျခဲ့ရတာနဲ့ နှိုင်းယှဉ်ပြချင်လို့ပါ။
အကြီးမကို ကျွန်တော် ခိုင်းပါတယ်။ မနက်တိုင်း ကိုယ့် အိပ်ရာကိုယ်သိမ်း၊ ကိုယ့်ထမင်းဟင်းပန်းကန်ကိုယ်ဆေး၊ ဖအေ မအေရဲ့ အိပ်ရာတွေသိမ်း၊ အိမ်သာထဲက အင်တုံရေဖြည့်၊ တံ မြက်စည်းလှည်း၊ ကိုယ့်ကျောင်းစိမ်းထဘီ ကိုယ်လျှော်။
သားလတ်ဖိုးသောကြာ အိပ်ရာသိမ်း၊ ပန်းကန်ဆေး၊ သောက်ရေဖြည့်၊ အဖေ့ကွမ်းတံတွေး ထွေးခံမှန်မှန်ဆေး။
အငယ်နှစ်ကောင်ကတော့ သိပ်ငယ်သေးလို့ ... “ဟေ့ ဖေဖေ့ မီးခြစ်ယူပေးစမ်း၊ ဖောင်တိန်ယူပေးစမ်း၊ သတင်းစာ လာနေပြီ” ဒီလောက်ပါပဲ။
ဒီနေရာမယ် ကျွန်တော် ငယ်ငယ်က ကျွန်တော့်အဖေ ကျွန်တော့်ကို အလုပ်ကြီး အကိုင်ကြီး ခိုင်းတယ်။ ခု ကျွန်တော်က ကျွန်တော့် သားသမီးတွေကိုလည်း ကလေးနဲ့ တန်သလောက် ခိုင်းတယ်။ ဒါပေမယ့် ကျွန်တော် အဲဒီ ငယ်ငယ်အရွယ်က
အဖေဟာ တော်တော်ချမ်းသာတဲ့ လူတစ်ယောက်လို့ ပြောလို့ တယ်။ ရုပ်ရှင်လုပ်ငန်း အောင်မြင်နေတဲ့အချိန်။ ဒါပေမယ့် သားတွေ အလုပ်တန်ဖိုး သိအောင်ခိုင်းခဲ့တယ်။ အဲ... တစ်ခုရှိတာက ဖေဖေဟာ သူ ငယ်ငယ်က အလွန်ဆင်းရဲခဲ့တယ်။ ထမင်းတစ်နေ့ တစ်နပ်ပဲ စားရတယ်။ ကျန်တစ်နပ်ကို ဆန်ပြုတ် တစ်ပြားဖိုးနဲ့ ကျေနပ်ရတယ်တဲ့။ ကျောင်းတက်ဖို့ စရိတ်ကို တိုလီမုတ်စုလေးတွေလည်း ရောင်းပြီး ရှာရတယ်တဲ့။ သင်ခန်းစာဟာ နည်းနည်းတော့ ပြင်းထန်တာပေါ့လေ။ သူ့ဘဝနဲ့ သူ နှိုင်းပြီးပေးတာကိုး။
ခု ကျွန်တော့် အလှည့်ရောက်တော့...
ကျွန်တော်လည်း သားသမီးတွေကို ကျွန်တော် ငယ်ငယ် က အလုပ်တန်ဖိုးကို နားလည် လည်ခဲ့ရသလို နားလည်စေချင် ပါတယ်။ ဒါပေမယ့် ကျွန်တော် ငယ်ငယ်က နားလည်ခဲ့ရတဲ့ ပုံစံကိုက တမင်ဖန်တီးယူရတဲ့ ပုံစံ၊ ဖေဖေ့လို တကယ်ဘဝ နာခဲ့ရတဲ့ ပုံစံမဟုတ်ဘူး မဟုတ်လား။ ဒီတော့ ကျွန်တော့် သားသမီးတွေကို ကျွန်တော် ပညာပေးရာမှာ နည်းနည်းသက်ညှာချင်တဲ့သဘော ပါလာတော့တာပါ။
ဘာပဲဖြစ်ဖြစ် လူတိုင်းမှာ တာဝန်ကိုယ်စီရှိရမယ်ဆိုတဲ့ သဘောလောက် နားလည်ကြရင်လည်း မနည်းဆိုပြီး ကျွန်တော့် သားသမီးတွေကို တတ်အားသရွေ့ လူကြီးစိတ်သွင်းခဲ့ပါတယ်။
ဒါကြောင့်လည်း ခု ဒီစာကို ရေးနေမိတာပါပဲ။
ခု ဒီစာရေးနေတဲ့က ၁၉၉၀ပြည့်နှစ်၊ ဇွန်လ (၃၀) ရက်နေ့ စနေနေ့။ ဘာကြောင့် နေ့စွဲကို ဖော်ပြရတယ်ဆိုတာ ကတော့ ဆက်ဖတ်ရင် သိကြမှာပါ။
ထုံးစံအတိုင်း တနင်္ဂနွေ တစ်ပတ်လုံးမှာ ကျွန်တော်ဟာ အလုပ်ချိန်ရယ်၊ အားလပ်ချိန်ရယ်လို့ ခွဲခြားရှိတဲ့ကောင် မဟုတ်ဘူး။ ကျွန်တော့်ဇနီးနဲ့ သားသမီးတွေကသာ အလုပ်ချိန်၊ ကျောင်းချိန်၊ အိမ်မှာနေတဲ့ အချိန်ရယ်လို့ ပုံမှန်ရှိကြတာ။ ဆိုပါစို့။ ဇနီးသည်က ကျောင်းဆရာမဆိုတော့ စနေ၊ တနင်္ဂနွေ (သို့) ဥပုသ်၊ တနင်္ဂနွေပဲ အိမ်မှာရှိတယ်။ ကျန်ရက်တွေမှာ မနက်မိုး လင်းက ညနေစောင်းထိ ကျောင်းစာပြသွားရတယ်။ သားသမီး လေးယောက်စလုံးကလည်း ကျောင်းသူကျောင်းသားတွေဆိုတော့ သူ့အမေအတိုင်းပဲ။ တစ်ခါတလေ ကျွန်တော်က စနေ၊ တနင်္ဂနွေ လို ရက်တွေမှာ ရုပ်ရှင်ရိုက်၊ အသံသွင်းစသည်ရှိနေရင် ပြီးရော။ မိသားစုဆုံစည်းရေး လက်လွတ်ရတော့တာပဲ။ အိမ် မှာက အိမ်ဖော်မရှိဘူး။ ကိုယ့်တာဝန်ကိုယ်ယူကြရတာ။ မနက် စောစောနဲ့ ညနေပိုင်းတွေမှာလည်း ကျွန်တော်က စာရေး၊ သူတို့ အမေက အိမ်မှုကိစ္စ ဗာဟီရ၊ ကလေးတွေက စာကျက်ကြ..။
ပြောရဦးမယ်။ ဒါက ရှက်စရာလည်း မဟုတ်ပါဘူး။ ရယ်စရာသဘော ပြောတာပါ။ တနင်္ဂနွေ တစ်ပတ်မှာ ငါးရက် ခြောက်ရက်လောက်ဟာ ကျွန်တော်မို့ ညပိုင်း စာရေး၊ ဒါမှမဟုတ် တီဗွီကြည့်ပြီးလို့ အိပ်ရာဝင်ပြီဆိုရင် (ဆယ်နာရီလောက်ပေါ့) ကလေးတွေနဲ့ သူတို့အမေဟာ ကျွန်တော့် အရင် မောမောနဲ့ အိပ် ပျော်နေကြတာ။
အင်း... တောထွက်ချင်စိတ် ပေါက်ပါရဲ့။
ဒါနဲ့ စောစောက ကိစ္စပြန်ဆက်ကြဦးစို့။ ဒီစာရေးနေတဲ့ ရက်စွဲဖော်ပြရတဲ့ ကိစ္စ။
ဒီနေ့ စနေနေ့ဆိုတော့ ဝါကလည်း မဝင်သေးဘူးဆိုတော့ ကလေးတွေရော သူတို့အမေပါ ကျောင်းပိတ်ရက်။ ကျွန်တော် လည်း ဘာအလုပ်မှ မရှိတဲ့ နေ့ထူးနေ့မြတ်။
ဒါပေမယ့် ဇနီးသည်က လဆန်းရက်မို့ ဈေးသွားချင် သတဲ့။
အိမ်မှာ နေ့တိုင်း ဈေးမသွားနိုင်ဘူး။ ဒီတော့ ခုလို လဆန်းရက်မှာ တစ်လစာ ငရုတ်၊ ကြက်သွန်၊ အာလူး၊ ပဲ၊ ငါးခြောက်ခြမ်း၊ ငံပြာရည်၊ ငါးပိစတဲ့ အပိုဟင်းရံကိစ္စတွေကို ဝယ်ဝယ်သွားရတယ်။
ဒါနဲ့ ကျွန်တော့်ဇနီးရယ်၊ သမီးကြီးရယ်၊ သားလတ်ရယ် ဈေးသွားကြရတယ်။ သမီးငယ်ကလည်း မအေကို မတရားကပ်
နေလို့ ခေါ်သွားရတယ်။ သားငယ်နို့ညှာ “ထိန်ထိန်သာ” တစ်ကောင်တည်း ဖအေကပ်သူမို့ ကျွန်တော်နဲ့ ကျန်ရစ်တယ်။
ဒီကောင်က အားလုံးထဲမှာ လူကြီးလေးနဲ့ အတူဆုံးပဲ။ တစ်ယောက်တည်းနေတတ်တယ်။ စကားလည်းနည်းတယ်။ တီဗွီကြည့်ဟယ် ဂေါ်လီရိုက်ဟယ် စသဖြင့် မလုပ်တတ်ဘဲ သစ်ပင်ချုံပုတ်တွေကြားမှာ ထိုင်ပြီး မြက်နှုတ်တမ်းကစားချင် ကစားနေတတ်တာ။ “ဖေဖေသစ်ပင်တွေဟာ လေတိုက်ရင် လှုပ်တယ်နော်” ဆိုတဲ့ စကားမျိုးတွေနဲ့ ကျွန်တော့်ကို ဒုက္ခပေး တယ်တယ်။
ကြည့်စမ်း.. ဒီကောင် ကျွန်တော် ငယ်ငယ်တုန်းက၊ မတူဘူးလား။ အင်း ဒီကောင်တော့ဖြင့် စာရေးဆရာဖြစ်လာ ကောင်းရဲ့ လို့ ထင်မိတယ်။
ဒီလိုနဲ့ ကျွန်တော်က ဒီစာရေးတုန်း သားက ကျွန်တော် ဘေးမှာ ကြမ်းပြင်ထဲက သဲတွေ ကော်ထုတ်ပြီး ဘာလုပ်နေမှ မသိ
လုပ်နေတုန်း...
“ဖွတ်စနီးလာ... လာ” လို့ ခေါ်သံကြားရတယ်။ ကျွန်တော့်အဖေအတွက် လက်တိုလက်တောင်းအဖြစ် ခေါ်ထားတဲ့ ကုလားမကြီး အသံပဲ။ သူက မြန်မာစကားမပီဘူး။ ဖွတ်စနီး ဆိုတာ သားထိန်ထိန်သာကို ခေါ်တာ။ ဒီလိုပါ။
အလတ်ကောင် က ဖိုးသောကြာဆိုတော့ ထိန်ထိန်သာကိုကျတော့ အားလုံးက ဖိုးစနေလို့ ခေါ်ကြတာ။ ဒါကို သူက မပီကလာ ခေါ်တော့ ဖွတ်စနီး ဖြစ်သွားရောပေါ့။ အဲဒါပါ။
ကုလားမကြီး လှမ်းခေါ်တယ်ဆိုရင်ပဲ သားငယ်ဟာ ကစားလက်စ တောက်တိုမယ်ရတွေ ပစ်ချပြီး ကုလားမကြီးဆီ ပြေးတော့တာပဲ။
ကျွန်တော်က “ဟဲ့သား ဘယ်တုန်းကွ” လို့မေးတော့ “ကျန်ထွားတုတ်မို့” လို့ ပြောပါတယ်။ ခက်တာက ကုလားမ ကြီးကလည်းမပီ၊ သားကလည်း ခုထိ စကားက မပီသေးတော့ ဘာပြောမှန်း ရုတ်တရက် နားမလည်ဘူး။ နောက်မှ ကုလားမ ကြီးကို သေသေချာချာမေးတော့ ဆန်သွားထုတ်မလို့ ဆိုတာ သိရတော့တယ်။ ကျွန်တော် ဘယ်လိုမှ စဉ်းစားမရတဲ့ ကိစ္စပဲ။ သေသေချာချာ မေးကြည့်တော့ ဒီလိုဆိုပဲ။ ကျွန်တော်တို့ရပ်ကွက် မှာ သမဆိုင်က ဆန်မှန်မှန် ထုတ်ပေးတယ်။ ဇနီးသည်က ဝန်ထမ်းမို့ ဆန်မရဘူး။ ကျွန်တော်နဲ့ ကလေးလေးယောက်က ဆန်ရတယ်။ အဲဒါ ဆန်ထုတ်တဲ့နေ့ကျရင် မိသားစုစာရင်းဝင် တစ်ယောက်ယောက် သွားထုတ်ရသတဲ့။ မိသားစု စာရင်းဝင် မဟုတ်ရင် ဆန်ထုတ်မပေးဘူးတဲ့။ အပြင်ပြန်ရောင်းစားမှာစိုး လို့တဲ့။
ထားပါတော့...
ကျွန်တော် စဉ်းစားမရတာက ကောင်းပြီ၊ ကျွန်တော် အိမ်မှာ မရှိတဲ့ရက်၊ ဘယ်နှယ့်လုပ်ကြသလဲ။ ရှိပါပြီကောတဲ့။ သမဆိုင်မှာ ကျွန်တော့်မျက်နှာကြီးနဲ့ ဘယ့်နှယ်လုပ် ဆန်သွား
တန်းစီမလဲ။ (ကြီးကျယ်တာ မဟုတ်ဘူးဗျ။ အခြေအနေကို . ပြောတာ။)
“ဒီလိုပဲ... ဖွတ်စနီးနဲ့ သွားသွားထုတ်တယ်” လို့ ကုလားမကြီးက ပြောတယ်။
ကျွန်တော် အိမ်ထောင်စုကတ်ပြား၊ အမျိုးသား မှတ်ပုံတင်၊ နိုင်ငံသားမှတ်ပုံတင် ပြရင်ကော ဆိုတော့လည်း မရဘူးတဲ့။ တခြား ရပ်ကွက်တွေမှာလည်း ဒီစနစ်မျိုး မကြားဖူးပါဘူး။ ဘယ့်နှယ့် ဟာလဲ။
“အမြဲတမ်း.. သားကို ခေါ်ခေါ်သွားရသလား”
“မဟုတ်ဘူး၊ တစ်ခါတလေ သားနဲ့သမီး၊ တစ်ခါတလေ အငယ်ဆုံးကောင်မလေး”
“ဟင်း..”
ကျွန်တော်မှာ ငိုအားထက် ရယ်အားသာမက အဘိဓမ္မာတစ်ရပ်ပင် ရလောက်ပါကလား။
ကျွန်တော် ဘာဆက်ပြောရမှန်း မသိဘဲ ကြောင်နေ တုန်းမှာပဲ ကုလားမကြီးဟာ ဆန်ထည့်တဲ့ ပလတ်စတစ်ဂုန်နီ အိတ်တစ်ဖက်၊ သားထိန်ထိန်သာကိုတစ်ဖက်၊ ထီးတစ်လက် ချိုင်းကြားညှပ်ပြီး လှုပ်တုတ်လှုပ်တုတ်နဲ့ လမ်းလျှောက်ထွက် သွားလေရဲ့။
ကြည့်စမ်း သားသမီးတွေကို လူကြီးဖြစ်စေချင်တဲ့ မိဘတွေရဲ့ ဆန္ဒနဲ့ လမ်းညွှန်မှုတွေ အကြောင်းကို ရှေးရှုရေးမယ် စိတ်ကူးထားတဲ့ ခု ဒီစာကို ကျွန်တော် ဆက်ရေးစရာ လိုပါ သေးရဲ့လား။ မူကြိုကျောင်းသား “သား” က ဆန်သွားထုတ်သတဲ့။
သူ့အမေ ပြန်လာမှ ပြောရဦးမယ်။ “ငါ့သား နတ်ရေကန်ထဲ ကျသွားပြီ”... လို့။
(ကလျာ၊စက်တင်ဘာ၊ ၁၉၉၀)
ဆရာသုမောင်၊ ကွမ်းစကား ပီဒီအက်ဖ်၊

 

Hi !

!

Popular posts from this blog

ဝေဝါးမှုတွေနဲ့အတူ မသေချာ မရေရာမှုများနဲ့ မြန်မာပြည်..။

  ဝါရင့်သတင်းစာဆရာကြီး လာရီယာဂန်က စစ်အာဏာသိမ်းမှု သုံးနှစ်ပြည့်တဲ့ ဖေဖော်ဝါရီ(၁)ရက်နေ့မှာ ဘန်ကောက်ပို့စ်သတင်းစာမှာ ဆောင်းပါးတစ်ပုဒ် ရေးသားလိုက်ပါတယ်။ ဆောင်းပါးခေါင်းစဉ်က Myanmar faces increasing uncertainty ပါ။ စစ်အာဏာသိမ်းပြီး သုံးနှစ်အကြာမှာ မြန်မာနိုင်ငံရဲ့အခြေအနေ ဘယ်လိုရှိသလဲ။ ရှေ့မှာ ဘာဖြစ်နိုင်သလဲ။ မှန်းဆထားတာပါ။ လက်ရှိ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်လို့ လာရီယာဂန်လည်း ဘာမှ မမှန်းဆနိုင်ပါဘူး။ သူပြောနိုင်တာ တစ်ခုက မြန်မာပြည်ဟာ မသေမချာ မရေမရာမှုတွေ အများကြီးနဲ့ ဆက်ပြီး ရင်ဆိုင်နေရဦးမယ်ဆိုတဲ့ ကောက်ချက်ပါ။ မြန်မာစစ်တပ်က ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရကို စစ်အာဏာသိမ်းခဲ့တာ ခု ဖေဖော်ဝါရီ(၁)ရက်မှာ သုံးနှစ်တိတိ ပြည့်ခဲ့ပြီဖြစ်ကြောင်း၊ သုံးနှစ်အတွင်း တိုင်းပြည်ဟာ အဖက်ဖက်က ယိုယွင်းပျက်စီးသွားပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေ တိုးပွါးနေကြောင်း၊ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ပီဒီအက်ဖ်တွေကြား တိုက်ပွဲတွေကြောင့် ပြည်သူသန်းပေါင်းများစွာ အိုးပစ်အိမ်ပစ် ထွက်ပြေးနေရကြောင်း လာရီယာဂန်က ရေးသားပါတယ်။ ...

ကရင်ပြည်နယ်ပုံရိပ်ကို ထိခိုက်စေသဖြင့် ရွှေကုက္ကိုလ်ကို တိုက်ခိုက်ရဟု KTLA ပြော

  ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ ရွှေကုက္ကိုလ်မြို့သစ်သည် ပြည်နယ်ဖွံဖြိုးမှု မဖြစ်စေဘဲ ပျက်ဆီးမှုကိုသာ ဖြစ်စေသဖြင့် တိုက်ခိုက်ရခြင်း ဖြစ်ကြောင်း ကော်သူးလေတပ် (KTLA) က ဧပြီ ၇ ရက်တွင် ကြေညာသည်။ Facebookတွင် ပျံ့နှံလာသော KTLA ဗဟိုဌာနချုပ် ရုံးထိုင်မှူး စောဝါးနေမူး လက်မှတ်ထိုးထားသည့် ကြေညာချက်အရ ရွှေကုက္ကိုလ်မြို့သည် မူးယစ်ဆေးဝါး ဖြန့်ဖြူးသုံးစွဲရောင်းချနေပြီး တိုင်းရင်းသူ အမျိုးသမီးများကို ပြည့်တန်ဆာအဖြစ် လိမ် လည်လှည့်ဖြားစေခိုင်းနေသည့် နေရာဖြစ်နေသလို စစ်ကောင်စီအတွက် တရားမဝင်ငွေကြေးများ ရှာဖွေပေးသည့် နေရာ ဖြစ်၍ ပြည်ပမှ အလုပ်သမားများကိုလည်း လိမ်လည်ခေါ်ဆို ခိုင်းစေမှုများ ရှိနေသဖြင့် KTLA အနေနှင့် ကရင်ပြည်နယ် အကျိုးအတွက် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း၊ ထို့အတွက် ရွှေကုက္ကိုလ်တွင် နေထိုင်သည့် ပြည်သူများအနေနှင့် တိုက်ပွဲ ဧရိယာမှ ရှောင်ပေးကြရန် ထုတ်ပြန်ထားသည်။ ထိုကြေညာချက်နှင့် ပတ်သက်၍ ပိုမိုသိရှိနိုင်ရန် KTLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောနယ်ဒါးမြကို ဧရာဝတီက ဖုန်းဖြင့်ဆက် သွယ်ခဲ့ရာ ၎င်း အလုပ်များနေသဖြင့် နောက်မှ ပြန်လည်ဆက်သွယ်ရန် ပြောဆိုသည်။ ကော်သူးလေတပ်နှင့် နီးစပ်သည်...

မြန်မာနိုင်ငံမှာရှိတဲ့ ဗမာလူမျိုး ပေါ်ပေါက်ပုံ အကြောင်း

  ဗမာလူမျိုး ပေါ်ပေါက်လာပုံ သမိုင်းကြောင်း – တိဘက်တို ဘားမန်းလူမျိုးနွယ်စုကြီး မှ အကြီးဆုံးသောလူမျိုးဖြစ်သည်။ ယနေ့ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းသို့ နာဂ၊ သက်၊ ကမ်းယံ၊ပျူ တို့နောက်မှ ဝင်ရောက်လာခြင်းဖြစ်သော်လည်းပျူတို့ ထူထောင်သည့် ပထမပြည်ထောင်စုကို အေဒီ ၈ ရာစုတွင် နန်ကျောက်တို့က ဖျက်စီးပြီးချိန် မတိုင်မှီက ပင် ရောက်ရှိနေထိုင်နေခဲ့ပြီးဖြစ်သည်ဟုခန့်မှန်း၍ရနိုင်သည်။အေဒီ ၁၀ ရာစုမတိုင်မှီ အချိန်ကပင် ကျောက်ဆည် ၁၁ ခရိုင်တွင် အခြေချခဲ့ပြီး နောက်များမကြာမှီ တွင်မြစ်သာ ၆ ခရိုင် ၊ ပုဂံ နေပြည်တော်တို့ကို ထူ ထောင်ကာဒုတိယမြန်မာပြည်ထောင်စုကို တည်ထောင်ခဲ့ကြသည်။ သို့သော် မြန်မာနိုင်ငံသားတို့က ထိုပြည်ထောင်စုကိုသာပထမပြည် ထောင် စုအဖြစ် လက်ခံကြသည်။သမိုင်းတစ်လျောက်တွင် မွန်ဂို၊ တရုတ်၊ ယိုးဒယား၊ မွန်၊ ရခိုင်၊ ရှမ်း၊ ကရင် အစရှိသည့် အတွင်း၊ အပြင်ရန်အမျိုးမျိုးနှင့်ကြုံတွ့ခဲ့ဖူးပြီးအကြိမ်တိုင်းတွင် ပြည်ထောင်စု၏ ဦးဆောင်သူနေရာကို ဗမာတို့ ပြန်လည်ကာ ရောက်ရှိနိုင်ခဲ့သည်။အနော်ရထာ၏ ပထမပြည်ထောင်စု(ပထမမြန်မာနိုင်ငံတော်ကြီး)၊ တပင်ရွှေထီး-ဘုရင့်နောင်တို့ ၏ ဒုတိယပြည်ထောင်စု (ဒုတိယ မြန်မာနိုင်ငံတော်ကြီး)၊အလောင်းဘုရား၏ တတိ...

မြန်မာပြည်မြေပုံကို အပြောင်းခံကြမှာလား

  ကမ္ဘာ့သမိုင်းကို ပြန်လေ့လာကြည့်မယ်ဆိုရင် အိမ်နီးချင်းနိုင်ငံတွေအဖြစ် နှစ်ပေါင်းများစွာ အတူတကွ ယှဉ်တွဲ ရပ်တည်နေကြပြီးမှ ဝေးကွာသွားကြတဲ့ နိုင်ငံတွေ ရှိခဲ့တယ်ဆိုတာ တွေ့နိုင်ပါတယ်။ ကျွန်တော်တို့အတွက် အထင်ရှားဆုံး ဥပမာတစ်ခုရှိပါတယ်။ အဲဒါကတော့ မြန်မာနဲ့ ပါကစ္စတန်တို့ဟာ ယခင်က နယ်မြေချင်း ထိစပ်နေကြတဲ့ အိမ်နီးချင်း နိုင်ငံတွေပါ။ သို့သော် ၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံအသစ် ပေါ်ပေါက်လာချိန်မှာတော့ အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားခဲ့ကြပါတယ်။ ယခင်က အိမ်နီးချင်းဖြစ်ခဲ့လို့ ထင်ပါတယ်၊ မြန်မာနဲ့ ပါကစ္စတန်တို့ရဲ့ ဆက်ဆံရေးဟာ ကောင်းမွန်နေကြဆဲဆိုတာ သက်သေ၊ သာဓကများစွာ ရှိပါတယ်။ အဲဒီလို အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားရခြင်းဟာ သူတို့ရဲ့ ပြည်တွင်းရေးသာ ဖြစ်တဲ့အတွက် အထူးအထွေ ဝေဖန်ရန် မရှိပါ။ သို့သော် လက်ရှိအခြေအနေမှာ မြန်မာရဲ့ အိမ်နီးချင်း (၅) နိုင်ငံရှိနေရာက မတူညီတဲ့ အိမ်နီးချင်းနိုင်ငံသစ်တွေ ထပ်မံ ပေါ်ပေါက်လာဖို့ လုပ်ဆောင်နေကြတာတွေ မြင်နေရပါပြီ။ ဒီတစ်ကြိမ်ကတော့ ကျွန်တော်တို့ရဲ့ ပြည်တွင်းရေးဖြစ်တဲ့အတွက် အလေးထားရပါတော့မယ်။ ရှိပြီးသား အိမ်နီးချင်း (၅) နိုင်ငံနဲ့ မြန်မာတို့အကြား ကျွန်တော်တိ...

မြန်မာ ဒုကာကွယ်ရေးဝန်ကြီး ထောင်ထဲရောက်ပြီ

  မြန်မာ ဒုကာကွယ်ရေးဝန်ကြီး ထောင်ထဲရောက်ပြီ မတ်လ ၂၈ ရက် ၂၀၂၄ ခုနှစ် နံနက် ၁၀ နာရီ ၂၀ သတင်း ================================= ကာကွယ်ရေး ဒု-ဝန်ကြီး ဖြစ်သူ ဗိုလ်ချုပ်အောင်လင်းထွန်းကို ကျားဖြန့်လုပ်ငန်းနဲ့ ပတ်သက်တယ်ဆိုပြီး မနေ့ည မတ်လ ၂၇ ရက်နေ့ည ၁၁ နာရီတွင် စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့မှ သွားရောက်ဖမ်းဆီးခဲ့ကြပါတယ်။ အဆိုပါ ဖမ်းဆီးချိန်တွင် ဒုကာကွယ်ရေးဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်အောင်လင်းထွန်းသည် အရက်မူးနေပြီး အသာတကြည် လိုက်လာခြင်းမရှိပဲ … ပုဆိုးလှန်ပြီး ဆဲဆိုနေခြင်းကြောင့် စစ်ဘက်လုံခြုံရေးအဖွဲ့မှ ရိုက်နှက်ခဲ့ရာ.. သွား အချို့ ကျွတ်သွားပြီး ပါးစပ်တခုလုံး သွေးများနီရဲနေသည်။ “အဲ့ကောင် ပါးစပ်က သွေးမတိတ်ခင် ရမဲသင်းထောင်ပို့လိုက်စမ်း” လို့ အထက် အမိန့်ပေးလိုက်တော့ အခု ရမဲသင်းထောင်ရောက်နေပြီဖြစ်ကြောင်း မြန်မာအမေရိကန် သတင်းဌာနမှ စုံစမ်းသိရှိရသည်။ ဂိုလ်ရှယ်လေး

စစ်တပ်မှ အာဏာသိမ်းထားသည့် ၃ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ထောင်သားဘဝ

                           ဖေဖော်ဝါရီလ ၁ ရက်နေ့သည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့အတွက် အနှောက်အယှက်ဖြစ်စေသူဟု ယူဆသည့် ရွေးကောက်ခံအစိုးရ ခေါင်းဆောင်နှင့် နိုင်ငံသမိုင်းတွင် အညီညွတ်ဆုံးဖြစ်စေခဲ့သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာမှဖယ်ရှားပြီး မအောင်မြင်သော အာဏာသိမ်းမှု ပြုလုပ်သည့် သုံးနှစ်မြောက်နေ့ ဖြစ်သည်။ ရက်ပေါင်း ၁၀၉၅ ရက်ကျော် ကြာသော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် မြို့တော်နှင့် စစ်တပ်ဗဟိုဌာနချုပ် နေပြည်တော် အနောက်တောင်ဘက်အစွန်းမှ ထောင်တခုတွင် တဦးတည်း ဆက်လက် ဖမ်းဆီးချုပ်နှောင်ခံနေရသည်။ သူ့အတွက် တခုတည်းသော ထောင်ပြင်ထွက်ရချိန်သည် လွန်ခဲ့သောနှစ်အတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စတာ ဒွန် ပရာမတ်ဝီနိုင်နှင့် တွေ့ရသည့် တိုတောင်းသော ကာလဖြစ်ပြီး သူ့ကို ချမှတ်ထားသည့် ထောင်သက်တမ်းကိုလည်း ၃၃ နှစ်မှ ၂၇ နှစ်သို့ လွန်ခဲ့သောနှစ်က လျှော့ချပေးသည်။ အာဏာသိမ်းမှု နှစ်ပတ်လည်သည် ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းနည်းစရာကောင်းသော လက်ရှိအခြေအနေနှင့် ဝေဝါးနေသည့် အနာဂတ်ကို မီးမောင်းထိုးပ...

ပဲခူးတိုင်း မင်းလှမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွား

  မင်းလှတွင် ၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲ ၆ ကြိမ် အတွင်း စစ်တပ်ဘက်မှ စစ်သား ၈၀ ဦးကျော်သေဆုံး ရန်ကုန်၊ မတ် ၁၁ ပဲခူးတိုင်း၊ မင်းလှမြို့နယ်အတွင်း ၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲ ၆ ကြိမ် အတွင်း စစ်တပ်ဘက်မှ ၈၀ ကျော်သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ မတ်လ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ ဧက ၁၀၀၀ ကျွန်း စိုက်ခင်း ကျုံးပေါက်အနီး၌ စစ်ကြောင်း ထိုးလာသော အင်အား ၁၂၀ ပါ စစ်ကောင်စီ တပ်သားများကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ နှင့် ဒဂုံစစ်ကြောင်းတို့က စောင့်ကြို တိုက်ခိုက်ခဲ့ရာ အပြန်အလှန် တိုက်ပွဲ ၂ နာရီကျော် ကြာမြင့်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်ဘက်မှ ၂၀ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။ ယင်းနေ့ ညနေ ၅ နာရီခန့်အချိန် မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်းပေါ်ရှိ ဟိုင်းယု လမ်းဆုံတွင် တပ်ဆွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ နှင့် တပ်ခွဲ ၃ တို့က လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ရှောင်တခင် သွားရောက် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၃ နာရီခန...

တပ်မလက်ရွေးစဉ် ဘီလူးစစ်ကြောင်းဆိုသည်မှာ .....

    “ဒီစစ်ကြောင်းက စစ်တိုက်ဖို့ဆိုတာထက် လူတွေကိုသတ်၊ မုဒိမ်းကျင့်ဖို့ အဲ့လိုမျိုးတွေလုပ်ဖို့ အဓိကလာတဲ့ စစ်ကြောင်းပါ။ လူမဆန်တဲ့ လုပ်ရပ်တွေကို အဓိကလုပ်တာ” မြောင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) က ကိုနွေဦးက စစ်ကိုင်းဒေသအတွင်း စစ်ရာဇဝတ်မှုများကို ကျူးလွန်ချိုးဖောက်နေသည့် ဘီလူးစစ်ကြောင်း၏ လုပ်ရပ်များကို ပြောဆိုသွားခြင်းဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြည်သူများကို ရက်ရက်စက်စက် ခေါင်းဖြတ်သတ်သည့် စစ်ကြောင်း၊ အစုလိုက် အပြုံလိုက် သတ်သည့်စစ်ကြောင်း၊ မုဒိမ်းမှုများကို ကျူးလွန်နေသည့် စစ်ကြောင်းဟု ဆိုလိုက်ပါက လူတိုင်းက ဆိုးဆိုးရွာရွား နာနာကျည်းကျည်း အမှတ်ရနေသည့် စစ်ကြောင်းမှာ ဘီလူးစစ်ကြောင်းပင် ဖြစ်သည်။ ရက်စက်မှုအပေါင်း သရဖူဆောင်းထားသည့် ဘီလူးစစ်ကြောင်းသည် ယခုနှစ် ဩဂုတ်လ တတိယပတ်မှ စက်တင်ဘာလ ဒုတိယပတ်ထိ စစ်ကိုင်း၊ ရွှေဘို၊ ဝက်လက်နယ်များသို့ စစ်ကြောင်းထိုး ဝင်ရောက်ပြီးနောက် ပြည်သူများကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်။ 'စစ်ကိုင်း၊ ရွှေဘို၊ ဝက်လက်နယ်ထဲ ဘီလူးစစ်ကြောင်း၏ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သည့် အခြေအနေများ' မန္တလေး-ရွှေဘို-မြစ်ကြီ...

ရှမ်းမြောက်က ကျားဖြန့် ဇာတ်သိမ်းခန်း

  ဇန်နဝါရီ ၃၀ ရက်တွင် မြန်မာနိုင်ငံ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက တရုတ် အစိုးရထံ မြန်မာနိုင်ငံမြောက်ပိုင်း ကျားဖျန့် လုပ်ငန်းများတွင် အဓိက ကြိုးကိုင်သူများဟု သတ်မှတ်ထားသည့် ပယ်စောက်ချိန်အပါအဝင် ခြောက်ဦးနှင့် အခြားအရေးကြီးသံသယရှိ သူ လေးဦးကို လွှဲပြောင်းပေးခဲ့သည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ဇန်နဝါရီ ၃၀ ရက်တွင် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးအဖွဲ့ အစည်းထံသို့မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့် ဒေသ အွန်လိုင်းလိမ်လည်မှုအဖွဲ့၏ အဓိက ခေါင်းဆောင် ခြောက်ဦးဖြစ်သည့် ပယ် စောက်ချိန်၊ ပယ်ရင်ချန်၊ဝေ့ဟွိုင်ရန်၊ လျိုကျန့် ရှန်၊ လျိုကျန့်မောက်၊ ရွှီလောက်ဖာနှင့် အခြား အရေးကြီး ပြစ်မှုကျူးလွန်ကြောင်းသံသယရှိ သူ လေးဦးအား တရားဥပဒေနှင့်အညီ လွှဲ ပြောင်းပေးအပ်ခဲ့ပြီး အဆိုပါ ၁၀ ဦးကို ယင်း နေ့ညတွင်ပင် တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့ သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ခဲ့သည်။ ယင်းသို့ မြန်မာနိုင်ငံမြောက်ပိုင်းရှိ ကျား ဖျန့်လုပ်ငန်းများတွင် အဓိကတာဝန်ရှိသူဟု တရုတ်အစိုးရက သတ်မှတ်ထားသည့် ပယ် စောက်ချိန် အပါအဝင် ခြောက်ဦးအား လွှဲ ပြောင်းပေးအပ်ခြင်းမှာ တရုတ်-မြန်မာ နှစ် နိုင်ငံ၏ န...

အာဆီယံ-သြစတြေးလျ ထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီ ကိုယ်စားလှယ်တက်မည်

 စစ်ဗိုလ်ချုပ်များခန့်ထားသည့် သံအမတ်က မဲလ်ဘုန်းမြို့တွင် ၃ ရက်ကြာ ကျင်းပမည့် ဒေသတွင်း အထူးထိပ်သီးအစည်းအဝေးကာလအတွင်း ဆွေးနွေးပွဲ ၂ ခုကို တက်မည်ဟု သိရှိရသည်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသည့် အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသည့် သြစတြေးလျ ဝန်ကြီးချုပ် Anthony Albanese ကို တွေ့ရစဉ်။ သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် မတ်လ ၄ ရက်မှ ၆ ရက်အထိ ကျင်းပမည့် အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီကိုယ်စားလှယ် တက်ရောက်မည်ဟု သိရသည်။ အစည်းအဝေးကာလတွင် ပြုလုပ်မည့် ရေကြောင်းပူးပေါင်းဆောင်ရွက်ရေးညီလာခံ၊ ရာသီဥတုနှင့် သန့်ရှင်းသောစွမ်းအင်ဆိုင်ရာ ဖိုရမ်တို့ကို ကင်ဘာရာမြို့ မြန်မာသံရုံးမှ စစ်ကောင်စီခန့် သံအမတ် ဦးသက်ထွန်း တက်ရောက်မည်ဖြစ်သည်။  အခြား ဆက်စပ်အစည်းထိပ်သီးအစည်းအဝေးများသို့ စစ်ကောင်စီကိုယ်စားပြုကိုယ်စားလှယ် တက်မည်၊ မတက်မည်ကိုမူ သြစတြေးလျ နိုင်ငံခြားရေးနှင့် ကုန်သွယ်မှုဌာနက ပြောဆိုခြင်းမရှိပေ။ ...

Click !