Skip to main content

Continue !

ကိုးကန့်ဆိုတာ ဘီလူးကိုးကောင် စောင့်တဲ့နယ်

 


 

မြန်မာပြည် အရှေ့မြောက်စွန်းက ကိုးကန့်နယ်ဟာ မြန်မာပြည်ထဲ ဘယ်တုန်းက စရောက်လာတယ်ဆိုတာ ပြောရခက်ပေမဲ့ သိန္နီစော်ဘွားရဲ့ သြဇာအောက် ရောက်ခဲ့တဲ့ နယ်ဆိုပြီး သတင်းစာဆရာကြီး ဦးသိန်းဖေမြင့်က ရေးပါတယ်။

သမိုင်းမှတ်တမ်းတစ်စောင်မှာတော့ တရုတ်ပြည် မင်မင်းဆက်က နောက်ဆုံး ဧကရာဇ်တပါးဖြစ်တဲ့ ယုန်လီရဲ့ နောက်လိုက်တယောက် ဒီနယ်မြေမှာ အခြေချရာကနေ အနီး၀န်းကျင်က ရွာသားတွေကို ဓားပြရန်က ကာကွယ်ပေးရင်း နယ်အကြီးအကဲဖြစ်လာတယ်လို့ ရေးပါတယ်။

ဗြိတိသျှအစိုးရက မြန်မာပြည်ကို သိမ်းပိုက်ပြီးနောက် ရှမ်းအရှေ့ဖျားက ထိန်းချုပ်ရခက်တဲ့ ၀ နဲ့ ကိုးကန့်နယ်တွေကို သိမ်းသွင်းဖို့ ကြိုးစားရာက ကိုးကန့် ကမြန်မာပြည်ထဲကို ၁၈၉၇ မှာ အပြီး ရောက်လာခဲ့ပါတယ်။

ယန်အိမ်တော်က မိသားစု

                burma    

မြန်မာပြည်ရောက် တရုတ်အရာရှိကြီး

 သိန္နီနယ် အရှေ့လက်မှာ ၀နဲ့ ကိုးကန့်နယ်တွေ ပါခဲ့ကြောင်း ဆာဂျော့စကော့ရဲ့ အထက်မြန်မာပြည်နဲ့ ရှမ်းပြည်များ ဂေဇက်တီးယားမှာ ဖော်ပြပြီး ဒီသံလွင်အရှေ့နယ်တွေအပေါ် ရှမ်းစော်ဘွားသြဇာမညောင်းလှကြောင်း ရေးသားခဲ့ပါတယ်။

ကိုးကန့်နယ်ကို ၁၈၉၇ ကျမှ တရုတ်နဲ့ ပီကင်းစာချုပ်ချုပ်ပြီး ဗြိတိန်က သိမ်းပိုက်ကာ မြန်မာပြည်ထဲ သွတ်သွင်းတယ် ဆိုပေမယ့် ကိုးကန့်နဲ့ အရှေ့ဘက် ကပ်နေတဲ့ တရုတ်ပြည်ထဲက ကိုင်းမားနယ်ကတော့ စန္ဒား၊ လသာ၊ မိုင်းမော၊ စည်ခွင် စတဲ့ ဘုရင့်နောင်ပိုင်တဲ့ မောကိုးပြည်ထဲမှာ ပါခဲ့ပါတယ်။

ဒီရှမ်းမြောက်တကြောက စော်ဘွားနယ်တွေဟာ မြန်မာနဲ့ တရုတ်ဘုရင်တွေကြားအပြန်အလှန်သစ္စာခံလေ့ရှိပြီး တချိန်တည်းမှာ နှစ်ဖက်လုံးကို သစ္စာခံတဲ့ အချိန်တွေလည်း ရှိခဲ့ပါတယ်။  

burma     

ယန်မျိုးနွယ် ကိုးကန့်နယ်ရှင်များ

တရုတ်ပြည် အနောက်တောင်ထောင့်စွန်းတနေရာက ခေါင်သီတဲ့ ကိုးကန့်နယ်ကို မင်မင်းဆက်အပျက် မှာ ရောက်လာတဲ့ တရုတ်မိသားစုတစုက ကြီးစိုးရာကနေ ကိုးကန့်ဆိုပြီး ထင်ရှားလာပါတယ်။ ဒီနာမည်ဟာ ရွာကိုးရွာက သူကြီးတွေကို ဆိုလိုတယ်၊ ဘီလူးကိုးကောင်ကို ဆိုလိုတယ် စသဖြင့် ဗျုပ္ပတ်နဲ့ ပတ်သက်ပြီး အငြင်းပွားကြတာတွေ ရှိပါတယ်။

ဒီနယ်ရဲ့ မူလဒေသခံတွေက မြောင်ခေါ် မှုန်လူမျိုးတွေ ဖြစ်တယ်လို့လည်း စကော့ရဲ့ ဂေဇက်တီးယားက ဖော်ပြပါတယ်။ ဗြိတိသျှ၀င်လာချိန်မှာတော့ ဒီနယ်မြေမှာ ကိုးကန့်တရုတ်တွေ အများဆုံး နေထိုင်ပြီး ဟိန်လို့ ခေါ်တဲ့ ကိုးကန့်ရဲ့ အကြီးအကဲမြို့စားဟာ ရှမ်းပြည်မှာ အာဏာအရှိဆုံးလူလို့ ဆိုပါတယ်။

ကိုးကန့်ဟာ ဝလို ငွေနဲ့ တခြားသတ္တုပေါကြွယ်တဲ့ နေရာမဟုတ်သလို စပါးစိုက်ဖို့လည်း အဆင်မပြေပါဘူး။ ဒါကြောင့် ကိုးကန့်ရဲ့ အဓိကထွက်ကုန်ဟာ ၁၉ ရာစုကတည်းက ဘိန်းဖြစ်ပါတယ်။

 burma     

ကိုးကန့်ကာကွယ်ရေးတပ်    

ကိုးကန့်မြို့စားဟာ ရှမ်းမြောက်က အာဏာပြင်းတဲ့ သိန္နီစော်ဘွား လက်အောက်ခံအဖြစ် နေခဲ့ရာက ၁၉၄၅ မှာ နယ်သီးခြားနဲ့ စော်ဘွားအဖြစ် အုပ်ချုပ်ခွင့်ရပါတယ်။ ဒီလိုရတာကလည်း ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ကျူးကျော်စစ်ကို ကိုးကန့်ကာကွယ်ရေးတပ်ဖွဲ့ပြီး ခုခံခဲ့လို့ ဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်မီး ရှမ်းပြည်ကို ကူးလာပြီးနောက် ကိုးကန့်နယ်ထဲထိ ဂျပန်တပ်တွေ ဝင်လာချိန်မှာကိုးကန့်နယ်ရှင် ယန်ဝမ်ပင်းတို့ မိသားစု တရုတ်ပြည်ဘက်ကူးပြီး ခိုလှုံကြပါတယ်။ စစ်အတွင်း ၁၉၄၃ မှာ တရုတ်မြို့တော် ချုံကင်း (ချုံကျင့်) မှာ တရုတ်ခေါင်းဆောင် ချန်ကေရှိတ်က ကိုးကန့်နယ်စားကို ခေါ်တွေ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ပေးဖို့ ကူညီခဲ့ပါတယ်။

ဒီကိုးကန့်တပ်ဟာ ကချင်၊ ချင်း၊ ရခိုင်၊ ကရင်၊ ကယန်း စတဲ့ မြန်မာနိုင်ငံအနှံ့ ဖွဲ့စည်းခဲ့တဲ့ ဂျပန်ခုခံရေး ပြောက်ကျားအဖွဲ့တွေနဲ့ အလားသဏ္ဌာန်တူပြီး စစ်ပြီးခေတ် လူမျိုးစု နိုင်ငံရေးကို ပုံဖော်ရာမှာလည်း အရေးကြီးတဲ့ အဖွဲ့ဖြစ်ပါတယ်။

ဒီတပ်ရဲ့ စွန့်စားတိုက်ခိုက်မှုကြောင့် ကိုးကန့်ထဲ ဝင်လာတဲ့ ဂျပန်တပ်တွေ အထိနာသလို ကိုးကန့်နယ်လူထုလည်း စစ်ဒဏ်အတော်ခံရပါတယ်။ ကိုးကန့်အတွက် ခေတ်မီလက်နက်ကိုင်တပ်နဲ့ လူမျိုးရေး လှုပ်ရှားမှုတခုက ပေါ်ထွန်းလာခဲ့ပါတယ်။ 

 

တရုတ်ဖြူစစ်နဲ့ အောလစ်ယန်း

thailand

ထိုင်းနယ်စပ်က တရုတ်ဖြူစခန်း

 ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲချိန်မှာပဲ မေမြို့မှာ ရုံးဖွင့်တဲ့ ရီးစ်ဝီလျံကော်မရှင်နဲ့ ယန်ဝမ်ပင်းရဲ့သား ကိုးကန့်စော်ဘွားသစ် အက်ဒွပ်ယန်းတို့ တွေ့ဆုံပြီး မြန်မာပြည်နဲ့ ပူးပေါင်းဖို့ သဘောတူခဲ့ပါတယ်။ ၁၉၄၈ ပထမဆုံး ရှမ်းအစိုးရမှာပဲ ကိုးကန့်စော်ဘွား အက်ဒွပ်ယန်း ဘဏ္ဍာရေး ဝန်ကြီးဖြစ်လာပါတယ်။

 ၁၉၅ဝ မှာ အမေရိကန်ကို ဖိတ်ကြားမှုနဲ့ အလည်အပတ်သွားရတဲ့ အက်ဒွပ်ယန်းဟာ ဒီမိုကရေစီနဲ့ နည်းပညာ ပြောင်းလဲမှုတွေ လုပ်ဖို့ စိတ်သန်လာပါတယ်။ ဒါပေမဲ့လည်း အိမ်နီးချင်း တရုတ်ပြည်ရဲ့ နိုင်ငံရေး အပြောင်းအလဲကြောင့် လုပ်ခွင့်မသာခဲ့ပါဘူး။ 

burma

ကိုးကန့်ဒီမိုကရက်ပါတီဝင်တွေနဲ့ အောလစ်ယန်း 

 

၁၉၄၉ မှာ တရုတ်ပြည်မှာ ကွန်မြူနစ်အစိုးရတက်လာပြီးနောက် ချန်ကေရှိတ်လက်ကျန် တရုတ်ဖြူတပ်တွေ မြန်မာ၊ လာအိုနဲ့ ထိုင်းဘက်ကို ဆင်းလာကြပါတယ်။ ရှမ်းပြည်တလွှား တရုတ်ဖြူတပ်တွေ ကျူးကျော်မှုကို ရင်ဆိုင်ရတဲ့အထဲ ကိုးကန့်နဲ့ ကျိုင်းတုံ၊ တာချီလိတ်ဘက်မှာ အဆိုးဆုံး ခံရပါတယ်။

ဝင်လာတဲ့ တရုတ်ဖြူတပ်တွေဟာ တချိန်က ကိုးကန့်ကာကွယ်ရေးတပ်ကို ဖွဲ့ပေးခဲ့သူတွေ ဖြစ်သလို ကိုးကန့်နယ်ရှင်တွေနဲ့ တရုတ်ဖြူတွေကြား ဘိန်းနဲ့ ကုန်စည်ကူးသန်းမှုတွေမှာ ပတ်သက်မှုတွေလည်း ရှိခဲ့ပါတယ်။ စော်ဘွားနှမ အောလစ်ယန်းရဲ့ ကာကွယ်ရေးတပ်နဲ့ မြန်မာအစိုးရတပ်၊ တရုတ်ဖြူနဲ့ တရုတ်နီတပ်တွေကြားက ဆက်ဆံရေးနဲ့ အာဏာပြိုင်ဆိုင်မှုတွေကပဲ ကိုးကန့်နဲ့ ရှမ်းပြည်နိုင်ငံရေးကို ပုံဖော်ပေးခဲ့ပါတယ်။

 

ဂျင်မီယန်း၊ ဖုန်နဲ့ လော်

burma

 နော်လီဇာဘင်ဆင်နဲ့ ဖရန်ဆစ်ယန်း

 

၁၉၅၉ မှာ တခြား ရှမ်းစော်ဘွားတွေနဲ့အတူ ကိုးကန့်စော်ဘွား အာဏာစွန့်ရပါတယ်။ အဲဒီနောက် နယ်ကို သူ့နှမ အောလစ်ယန်း ဆက် အုပ်ချုပ်ပါတယ်။ ၁၉၆၂ စစ်အာဏာသိမ်းပြီးနောက် ကိုးကန့်စော်ဘွားဟောင်းရော သူ့နှမပါ အဖမ်းခံရပါတယ်။

ဒီလို စစ်တပ်ရဲ့ ဖိနှိပ်လာတဲ့ အခြေအနေတွေကြောင့် စော်ဘွားညီ ဂျင်မီယန်းက ဦးဆောင်ပြီး ကိုးကန့်တော်လှန်ရေးတပ်ဖွဲ့ကာ ဗိုလ်ချုပ်ကြီးနေဝင်း အစိုးရကို ပုန်ကန်ကြောင်း စဝ်ဆန္ဒာဆင်းမ်ရဲ့ မိုးကောင်ကင်တို့ရဲ့အရှင်၊ မြန်မာပြည်ရဲ့ ရှမ်းနယ်ရှင်များ စာအုပ်မှာ ဖော်ပြပါတယ်။

ဂျင်မီဟာ ရန်ကုန်နဲ့ ချုံကျင့်တက္ကသိုလ်တွေမှာ ပညာသင်ခဲ့ပြီး တရုတ်တပ်မှာ ဗိုလ်အဖြစ် ထမ်းဆောင်ခဲ့သူပါ။ ဂျင်မီနဲ့အတူ ဆေးကျောင်းသား ဖရန်ဆစ်ယန်းလည်း တောခိုပါတယ်။ 

burma 

ဝ၊ ကိုးကန့်နဲ့ ရှမ်းမြောက်ကို ကြီးစိုးခဲ့တဲ့ ဗကပ

တဖက်မှာတော့ ၁၉၆၇ တရုတ်ဗမာအရေးအခင်းနောက်ပိုင်း တရုတ်ကွန်မြူနစ်အစိုးရက ဗမာကွန်မြူနစ်တွေကို ပုံအောထောက်ပံ့ပြီး ရှမ်းနယ်စပ်မှာ စစ်မျက်နှာအသစ် ဖွင့်ပေးခဲ့ပါတယ်။

ဒီစစ်ပွဲကြောင့် အစကတည်းက မငြိမ်းချမ်းတဲ့ ကိုးကန့်နယ်မှာ တရုတ်နီသြဇာခံ ကိုးကန့်တပ်တွေ ပေါ်လာပါတယ်။ ဒီတပ်တွေကို ခေါင်းဆောင်တာကတော့ စော်ဘွားရဲ့ ကိုးကန့်တပ်ထဲက ဖုန်ကြားရှင်နဲ့ ဖုန်ကြားဖူးတို့ ညီအစ်ကို ဖြစ်ပါတယ်။

သူတို့နဲ့အတူ ကိုးကန့်တပ်မှာ ပါခဲ့တဲ့ လော်စစ်ဟန်ကတော့ မြန်မာအစိုးရ ကာကွယ်ရေးတပ်အဖြစ် ကွန်မြူနစ်တွေကို ပြန်တိုက်ခဲ့ပါတယ်။ လော်စစ်ဟန်ရဲ့ ဘိန်းတွေ စစ်တပ်ဖမ်းသွားလို့ ပြန်ရအောင် ကာကွယ်ရေးတပ်ဖွဲ့ဖို့ သဘောတူခဲ့ရကြောင်း ဆန္ဒာဆင်းမ်က ရေးပါတယ်။

လော်စစ်ဟန်ကို ခွန်ဆာလိုပဲ ဘိန်းဘုရင်ဆိုပြီး အမေရိကန် တိုင်းမဂ္ဂဇင်းက ရေးပါတယ်။ လော်စစ်ဟန်ဟာ ပြည်ထောင်စုစိတ်ရှိတဲ့ ကိုးကန့်အမျိုးသားဖြစ်ကြောင်း ဗိုလ်နေဝင်းအစိုးရဘက်သား ဦးသိန်းဖေမြင့်က အရှေ့မြောက်တိုင်းတခွင် စာအုပ်မှာ ခုခံရေးသားပါတယ်။

 burma 

ရွှေတြိဂံနဲ့ မြန်မာကုန်းမြင့်ထွက်ကုန် ဘိန်း

ဒီအချိန်မှာပဲ တရုတ်နီသြဇာမခံတဲ့ ဂျင်မီယန်းတို့ ကိုးကန့်မှာ ဆက်မရပ်တည်နိုင်လို့ ထိုင်းနယ်စပ်ရွှေ့ပြီး ကူမင်တန်လက်ကျန်တပ်တွေဆီ ခိုလှုံပါတယ်။ ၁၉၆၉ မှာ တောခိုလာတဲ့ ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့ ပီဒီပီခေါ် ပါလီမန်ဒီမိုကရေစီပါတီ လှုပ်ရှားမှုမှာ ဂျင်မီယန်း ပူးပေါင်းခဲ့ပြီး အရှေ့ပိုင်းတိုင်းမှူး ဖြစ်လာပါတယ်။

ကိုးကန့်၊ ဝနဲ့ ရှမ်းအရှေ့ပိုင်းမှာ တရုတ်သြဇာခံ ဗကပတွေ ကြီးစိုးချိန် အနှစ် ၂ဝ ကျော်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြီးတွေကြောင့် နယ်ခံ လူမျိုးစုတပ်သား အများအပြား သေကြေဒဏ်ရာရသလို ရွှေတြိဂံနယ်မြေနဲ့ ဆက်စပ်တဲ့ ဘိန်းလုပ်ငန်းလည်း ကြီးထွားလာပါတယ်။ ၁၉၈၉ မှာတော့ ကိုးကန့်နဲ့ ဝတွေရဲ့ ပုန်ကန်မှုကြောင့် ဗကပပြိုကွဲပြီး ဖုန်ကြားရှင်တို့ နဝတစစ်အစိုးရနဲ့ အပစ်ရပ်စဲရေး ယူခဲ့ပါတယ်။

ဗကပအကွဲနဲ့ အထူးဒေသ ၁

 burma 

ရှမ်းမြောက် လမ်းမကြီးပေါ်က အေးရှားဝေါလ် ဂိတ်

စစ်အစိုးရသစ်အောက်မှာ အထူးဒေသ (၁) ဖြစ်လာတဲ့ ကိုးကန့်မှာ ခေါင်းဆောင်မှု ဗိုလ်လုပွဲက ဆက်ရှိခဲ့ပါတယ်။ ဖုန်အုပ်စုနဲ့ ယန်အုပ်စုအားပြိုင်ပွဲကြောင့် ယန်တွေ ဖယ်ရှားခံရပါတယ်။ မုံကိုးမှာတော့ ၂ဝဝဝ ပြည့်နှစ်မှာ မုံဆာလနဲ့ လီနင်မင်အုပ်စု အင်အားပြိုင်ရာမှာ လီနင်မင်အဖွဲ့ သတ်ဖြတ်ခံရပြီး မုံဆာလကို မူးယစ်ဆေးမှုနဲ့ ထောင်ချခဲ့ပါတယ်။ ကိုးကန့်ရဲ့ တောင်ဘက်က ဝ အဖွဲ့နဲ့ ကိုးကန့်ကြား ဆက်ဆံရေးကတော့ ပြေလည်ပြီး မိုင်းလားခေါင်းဆောင် စိုင်းလင်းနဲ့ ကိုးကန့်ခေါင်းဆောင်ဖုန်ကျားရှင်တို့ဟာလည်း သမီးယောက္ခမတော်စပ်ပါတယ်။

နယ်တွင်း နိုင်ငံရေး ပြိုင်ဆိုင်မှုတွေ ရှိပေမဲ့ တောင်ဘက်က အင်အားကြီး ဝအဖွဲ့လိုပဲ ကိုးကန့်ရဲ့ စီးပွားရေးအင်အားကို မြန်မာပြည်ထဲထိ ချဲ့ထွင်ခဲ့ပါတယ်။ မြန်မာစစ်တပ်နဲ့ အပေးအယူမျှတဲ့ လော်စစ်ဟန်ရဲ့ အေးရှားဝေါလ်ကုမ္ပဏီကလည်း ပြည်တွင်းမှာ ခရိုနီကြီးအဖြစ် ကြီးထွားလာပြီး လမ်းတံတားနဲ့ ဆိပ်ကမ်း ကန်ထရိုက်တွေ ရခဲ့ပါတယ်။

အပစ်ရပ်ပြီးနောက် ကိုးကန့်နယ်မြေက ဘိန်းဖြူ၊ ဘိန်းမည်းထုတ်လုပ်မှု ပိုတိုးလာပြီး စိတ်ကြွဆေးပြားလည်း ထုတ်လာကြောင်း အနောက်တိုင်းသုတေသီတွေရဲ့ လေ့လာချက်တွေမှာ ပါရှိပါတယ်။ 

သေနတ်ပြန်ပေါက်တဲ့ ကိုးကန့်

burma

ကိုးကန့်တပ်သစ်က လူငယ်များ

၂၀၀၉ မှာတော့ အခြေအနေတွေ ဆုတ်ယုတ်သွားပါတယ်။ ကိုးကန့်တပ်တွေကို နယ်ခြားစောင့် အသွင်ပြောင်းဖို့ နအဖစစ်အစိုးရက အမိန့်ပေးပါတယ်။ ဒါကို မနာခံရာက ကိုးကန့်တပ် တောပြန်ခိုခဲ့ပါတယ်။ နာခံတဲ့ ပယ်အုပ်စုကို မြန်မာစစ်တပ်က သူကောင်းပြုပြီး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အကြီးအကဲခန့်ပါတယ်။ ပယ်ဆောက်ချိန်လက်ထက် ကိုးကန့်မြို့တော် လောက်ကိုင်မှာ မူးယစ်ဆေးဝါး၊ လောင်းကစားနဲ့ ပြည့်တန်ဆာလုပ်ငန်း ကြီးထွားလာပြီး တရုတ်ခရီးသွားတွေကို ဆွဲဆောင်ခဲ့ပါတယ်။

ဒါပေမဲ့လည်း ၂၀၀၉၊ ၂၀၁၅ ကိုးကန့်စစ်ပွဲတွေကြောင့် အရင်လို တည်ငြိမ်မှု ပြန်မရတော့ပါဘူး။ ၂၀၀၉ မှာ ဖုန်ကျားရှင် တပ်ကို စစ်အစိုးရက တိုက်ထုတ်နိုင်ခဲ့ပေမဲ့ ၂၀၁၅ မှာတော့ လနဲ့ချီပြီး ခုခံခဲ့ရပါတယ်။ ဒီအတွက် ကိုးကန့်ကို တရုတ်က လက်နက်ကူတယ်ဆိုပြီး စွပ်စွဲကြပါတယ်။ ၂၀၁၇ မှာလည်း ကိုးကန့်တပ်က လောက်ကိုင်ကို ဝင်တိုက်လို့ အသေအပျောက်ရှိခဲ့ပါတယ်။

၂၀၁၆ က စပြီး ကေအိုင်အေ၊ တအာင်း၊ အေအေတပ်တွေနဲ့ ကိုးကန့်တပ်ပေါင်းပြီး မြောက်ပိုင်းမဟာမိတ်ဖွဲ့ခဲ့ပါတယ်။ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း ကိုးကန့်တပ် ပြန်လှုပ်ရှားလာပါတယ်။ ၂၀၂၃ အောက်တိုဘာလမှာတော့ ကိုးကန့်၊ တအာင်း၊ အေအေတပ်တွေနဲ့ သုံးဖွဲ့ပေါင်းပြီး အွန်လိုင်းလူလိမ်ဂိုဏ်းတွေကို နှိမ်နင်းမယ် ဆိုတဲ့ ၁၀၂၇ စစ်ဆင်ရေး ပေါ်ထွက်လာပါတယ်။ ဒီစစ်ဆင်ရေးနဲ့ လောက်ကိုင်နဲ့ ကိုးကန့်တလွှားကို သိမ်းနိုင်သလို ရှမ်းမြောက်တခွင်မှာ တအာင်းနဲ့ ကိုးကန့် အာဏာဖြန့်ကြက်နိုင်တဲ့အဆင့်ထိ ရောက်လာပါတယ်။

အရှေ့နယ်ခြား လှိုင်းဂယက် 

burma 

မြန်မာပြည် အရှေ့မြောက်စွန်က တရုတ်နွယ်ဖွားဒေသ 

ကိုးကန့်နဲ့ မြောက်ပိုင်းတပ်တွေ လပိုင်းအတွင်း တဟုန်ထိုး ကြီးထွားလာမှုရဲ့ နောက်မှာ တရုတ်ဘက်က အကူအညီပါတယ်၊ စစ်ကောင်စီ အာဏာသိမ်းပြီး ၂ နှစ်ကျော်အတွင်း စစ်ဆင်ရေးတွေကြောင့် သူ့တပ်တွေ အင်အားချိနဲ့နေတယ်၊ စစ်ကောင်စီဘက်က စစ်ဆင်ရေးနဲ့ မဟာဗျူဟာပိုင်းမှာ အားနည်းချက်တွေရှိတယ် စတဲ့ မှန်းဆချက်တွေ ရှိပါတယ်။

ဘယ်လိုကြောင့်ပဲ ဖြစ်ဖြစ်၊ ကိုးကန့်နဲ့ ရှမ်းမြောက်အခြေအနေကတော့ ၁၉၄ဝ ၊ ၁၉၅၀ ပြည့်လွန်နှစ်တွေနဲ့ ၁၉၆၈ က တရုတ်ဖြူနီတပ်တွေ ဝင်လာတဲ့ အနေအထားနဲ့ တူနေပြီး နောက်ပြန်လှည့်ဖို့ ခက်တဲ့ အချိုးအကွေ့ ဖြစ်နေပါတယ်။

ကိုးကန့်ဟာ ဘယ်သူ့အတွက်မှန်း မသိတဲ့ နယ်ခြားကို စောင့်ရတဲ့နယ်ဆိုပြီး နောက်ဆုံးစော်ဘွားရဲ့နှမ ဂျက်ကီယန်း ယန်မင်းဆက် စာအုပ်မှာ ရေးခဲ့သလိုပဲ ကိုးကန့်ရဲ့ ထူးခြားတဲ့ လူမျိုးစုဖွဲ့စည်းမှု၊ မူးယစ်ဆေးနဲ့ ရာဇဝတ်မှုအခြေခံတဲ့ နိုင်ငံရေးဘောဂဗေဒ၊ တရုတ်နိုင်ငံရဲ့ ဒေသတွင်းမှာ အင်အားကြီးထွားလာမှုနဲ့ မြန်မာပြည်တွင်းစစ် ပြင်းထန်ပြီး နိုင်ငံရေးပြိုကွဲနေမှု စတဲ့အကြောင်းပေါင်းစုံကြောင့်လည်း ကိုးကန့်နဲ့ မြန်မာပြည် အရှေ့တကြောက လူမျိုးစုနယ်မြေတွေမှာ စစ်ပွဲနဲ့ နိုင်ငံရေး ပြောင်းလဲမှုတွေ ပိုများလာမယ့် အနေအထား ရှိနေပါတယ်။

burma 

လောင်းကစားပေါတဲ့ ကိုးကန့် 

Hi !

!

Popular posts from this blog

ဝေဝါးမှုတွေနဲ့အတူ မသေချာ မရေရာမှုများနဲ့ မြန်မာပြည်..။

  ဝါရင့်သတင်းစာဆရာကြီး လာရီယာဂန်က စစ်အာဏာသိမ်းမှု သုံးနှစ်ပြည့်တဲ့ ဖေဖော်ဝါရီ(၁)ရက်နေ့မှာ ဘန်ကောက်ပို့စ်သတင်းစာမှာ ဆောင်းပါးတစ်ပုဒ် ရေးသားလိုက်ပါတယ်။ ဆောင်းပါးခေါင်းစဉ်က Myanmar faces increasing uncertainty ပါ။ စစ်အာဏာသိမ်းပြီး သုံးနှစ်အကြာမှာ မြန်မာနိုင်ငံရဲ့အခြေအနေ ဘယ်လိုရှိသလဲ။ ရှေ့မှာ ဘာဖြစ်နိုင်သလဲ။ မှန်းဆထားတာပါ။ လက်ရှိ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်လို့ လာရီယာဂန်လည်း ဘာမှ မမှန်းဆနိုင်ပါဘူး။ သူပြောနိုင်တာ တစ်ခုက မြန်မာပြည်ဟာ မသေမချာ မရေမရာမှုတွေ အများကြီးနဲ့ ဆက်ပြီး ရင်ဆိုင်နေရဦးမယ်ဆိုတဲ့ ကောက်ချက်ပါ။ မြန်မာစစ်တပ်က ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရကို စစ်အာဏာသိမ်းခဲ့တာ ခု ဖေဖော်ဝါရီ(၁)ရက်မှာ သုံးနှစ်တိတိ ပြည့်ခဲ့ပြီဖြစ်ကြောင်း၊ သုံးနှစ်အတွင်း တိုင်းပြည်ဟာ အဖက်ဖက်က ယိုယွင်းပျက်စီးသွားပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေ တိုးပွါးနေကြောင်း၊ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ပီဒီအက်ဖ်တွေကြား တိုက်ပွဲတွေကြောင့် ပြည်သူသန်းပေါင်းများစွာ အိုးပစ်အိမ်ပစ် ထွက်ပြေးနေရကြောင်း လာရီယာဂန်က ရေးသားပါတယ်။ ...

ကရင်ပြည်နယ်ပုံရိပ်ကို ထိခိုက်စေသဖြင့် ရွှေကုက္ကိုလ်ကို တိုက်ခိုက်ရဟု KTLA ပြော

  ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ ရွှေကုက္ကိုလ်မြို့သစ်သည် ပြည်နယ်ဖွံဖြိုးမှု မဖြစ်စေဘဲ ပျက်ဆီးမှုကိုသာ ဖြစ်စေသဖြင့် တိုက်ခိုက်ရခြင်း ဖြစ်ကြောင်း ကော်သူးလေတပ် (KTLA) က ဧပြီ ၇ ရက်တွင် ကြေညာသည်။ Facebookတွင် ပျံ့နှံလာသော KTLA ဗဟိုဌာနချုပ် ရုံးထိုင်မှူး စောဝါးနေမူး လက်မှတ်ထိုးထားသည့် ကြေညာချက်အရ ရွှေကုက္ကိုလ်မြို့သည် မူးယစ်ဆေးဝါး ဖြန့်ဖြူးသုံးစွဲရောင်းချနေပြီး တိုင်းရင်းသူ အမျိုးသမီးများကို ပြည့်တန်ဆာအဖြစ် လိမ် လည်လှည့်ဖြားစေခိုင်းနေသည့် နေရာဖြစ်နေသလို စစ်ကောင်စီအတွက် တရားမဝင်ငွေကြေးများ ရှာဖွေပေးသည့် နေရာ ဖြစ်၍ ပြည်ပမှ အလုပ်သမားများကိုလည်း လိမ်လည်ခေါ်ဆို ခိုင်းစေမှုများ ရှိနေသဖြင့် KTLA အနေနှင့် ကရင်ပြည်နယ် အကျိုးအတွက် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း၊ ထို့အတွက် ရွှေကုက္ကိုလ်တွင် နေထိုင်သည့် ပြည်သူများအနေနှင့် တိုက်ပွဲ ဧရိယာမှ ရှောင်ပေးကြရန် ထုတ်ပြန်ထားသည်။ ထိုကြေညာချက်နှင့် ပတ်သက်၍ ပိုမိုသိရှိနိုင်ရန် KTLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောနယ်ဒါးမြကို ဧရာဝတီက ဖုန်းဖြင့်ဆက် သွယ်ခဲ့ရာ ၎င်း အလုပ်များနေသဖြင့် နောက်မှ ပြန်လည်ဆက်သွယ်ရန် ပြောဆိုသည်။ ကော်သူးလေတပ်နှင့် နီးစပ်သည်...

မြန်မာနိုင်ငံမှာရှိတဲ့ ဗမာလူမျိုး ပေါ်ပေါက်ပုံ အကြောင်း

  ဗမာလူမျိုး ပေါ်ပေါက်လာပုံ သမိုင်းကြောင်း – တိဘက်တို ဘားမန်းလူမျိုးနွယ်စုကြီး မှ အကြီးဆုံးသောလူမျိုးဖြစ်သည်။ ယနေ့ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းသို့ နာဂ၊ သက်၊ ကမ်းယံ၊ပျူ တို့နောက်မှ ဝင်ရောက်လာခြင်းဖြစ်သော်လည်းပျူတို့ ထူထောင်သည့် ပထမပြည်ထောင်စုကို အေဒီ ၈ ရာစုတွင် နန်ကျောက်တို့က ဖျက်စီးပြီးချိန် မတိုင်မှီက ပင် ရောက်ရှိနေထိုင်နေခဲ့ပြီးဖြစ်သည်ဟုခန့်မှန်း၍ရနိုင်သည်။အေဒီ ၁၀ ရာစုမတိုင်မှီ အချိန်ကပင် ကျောက်ဆည် ၁၁ ခရိုင်တွင် အခြေချခဲ့ပြီး နောက်များမကြာမှီ တွင်မြစ်သာ ၆ ခရိုင် ၊ ပုဂံ နေပြည်တော်တို့ကို ထူ ထောင်ကာဒုတိယမြန်မာပြည်ထောင်စုကို တည်ထောင်ခဲ့ကြသည်။ သို့သော် မြန်မာနိုင်ငံသားတို့က ထိုပြည်ထောင်စုကိုသာပထမပြည် ထောင် စုအဖြစ် လက်ခံကြသည်။သမိုင်းတစ်လျောက်တွင် မွန်ဂို၊ တရုတ်၊ ယိုးဒယား၊ မွန်၊ ရခိုင်၊ ရှမ်း၊ ကရင် အစရှိသည့် အတွင်း၊ အပြင်ရန်အမျိုးမျိုးနှင့်ကြုံတွ့ခဲ့ဖူးပြီးအကြိမ်တိုင်းတွင် ပြည်ထောင်စု၏ ဦးဆောင်သူနေရာကို ဗမာတို့ ပြန်လည်ကာ ရောက်ရှိနိုင်ခဲ့သည်။အနော်ရထာ၏ ပထမပြည်ထောင်စု(ပထမမြန်မာနိုင်ငံတော်ကြီး)၊ တပင်ရွှေထီး-ဘုရင့်နောင်တို့ ၏ ဒုတိယပြည်ထောင်စု (ဒုတိယ မြန်မာနိုင်ငံတော်ကြီး)၊အလောင်းဘုရား၏ တတိ...

မြန်မာပြည်မြေပုံကို အပြောင်းခံကြမှာလား

  ကမ္ဘာ့သမိုင်းကို ပြန်လေ့လာကြည့်မယ်ဆိုရင် အိမ်နီးချင်းနိုင်ငံတွေအဖြစ် နှစ်ပေါင်းများစွာ အတူတကွ ယှဉ်တွဲ ရပ်တည်နေကြပြီးမှ ဝေးကွာသွားကြတဲ့ နိုင်ငံတွေ ရှိခဲ့တယ်ဆိုတာ တွေ့နိုင်ပါတယ်။ ကျွန်တော်တို့အတွက် အထင်ရှားဆုံး ဥပမာတစ်ခုရှိပါတယ်။ အဲဒါကတော့ မြန်မာနဲ့ ပါကစ္စတန်တို့ဟာ ယခင်က နယ်မြေချင်း ထိစပ်နေကြတဲ့ အိမ်နီးချင်း နိုင်ငံတွေပါ။ သို့သော် ၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံအသစ် ပေါ်ပေါက်လာချိန်မှာတော့ အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားခဲ့ကြပါတယ်။ ယခင်က အိမ်နီးချင်းဖြစ်ခဲ့လို့ ထင်ပါတယ်၊ မြန်မာနဲ့ ပါကစ္စတန်တို့ရဲ့ ဆက်ဆံရေးဟာ ကောင်းမွန်နေကြဆဲဆိုတာ သက်သေ၊ သာဓကများစွာ ရှိပါတယ်။ အဲဒီလို အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားရခြင်းဟာ သူတို့ရဲ့ ပြည်တွင်းရေးသာ ဖြစ်တဲ့အတွက် အထူးအထွေ ဝေဖန်ရန် မရှိပါ။ သို့သော် လက်ရှိအခြေအနေမှာ မြန်မာရဲ့ အိမ်နီးချင်း (၅) နိုင်ငံရှိနေရာက မတူညီတဲ့ အိမ်နီးချင်းနိုင်ငံသစ်တွေ ထပ်မံ ပေါ်ပေါက်လာဖို့ လုပ်ဆောင်နေကြတာတွေ မြင်နေရပါပြီ။ ဒီတစ်ကြိမ်ကတော့ ကျွန်တော်တို့ရဲ့ ပြည်တွင်းရေးဖြစ်တဲ့အတွက် အလေးထားရပါတော့မယ်။ ရှိပြီးသား အိမ်နီးချင်း (၅) နိုင်ငံနဲ့ မြန်မာတို့အကြား ကျွန်တော်တိ...

မြန်မာ ဒုကာကွယ်ရေးဝန်ကြီး ထောင်ထဲရောက်ပြီ

  မြန်မာ ဒုကာကွယ်ရေးဝန်ကြီး ထောင်ထဲရောက်ပြီ မတ်လ ၂၈ ရက် ၂၀၂၄ ခုနှစ် နံနက် ၁၀ နာရီ ၂၀ သတင်း ================================= ကာကွယ်ရေး ဒု-ဝန်ကြီး ဖြစ်သူ ဗိုလ်ချုပ်အောင်လင်းထွန်းကို ကျားဖြန့်လုပ်ငန်းနဲ့ ပတ်သက်တယ်ဆိုပြီး မနေ့ည မတ်လ ၂၇ ရက်နေ့ည ၁၁ နာရီတွင် စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့မှ သွားရောက်ဖမ်းဆီးခဲ့ကြပါတယ်။ အဆိုပါ ဖမ်းဆီးချိန်တွင် ဒုကာကွယ်ရေးဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်အောင်လင်းထွန်းသည် အရက်မူးနေပြီး အသာတကြည် လိုက်လာခြင်းမရှိပဲ … ပုဆိုးလှန်ပြီး ဆဲဆိုနေခြင်းကြောင့် စစ်ဘက်လုံခြုံရေးအဖွဲ့မှ ရိုက်နှက်ခဲ့ရာ.. သွား အချို့ ကျွတ်သွားပြီး ပါးစပ်တခုလုံး သွေးများနီရဲနေသည်။ “အဲ့ကောင် ပါးစပ်က သွေးမတိတ်ခင် ရမဲသင်းထောင်ပို့လိုက်စမ်း” လို့ အထက် အမိန့်ပေးလိုက်တော့ အခု ရမဲသင်းထောင်ရောက်နေပြီဖြစ်ကြောင်း မြန်မာအမေရိကန် သတင်းဌာနမှ စုံစမ်းသိရှိရသည်။ ဂိုလ်ရှယ်လေး

စစ်တပ်မှ အာဏာသိမ်းထားသည့် ၃ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ထောင်သားဘဝ

                           ဖေဖော်ဝါရီလ ၁ ရက်နေ့သည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့အတွက် အနှောက်အယှက်ဖြစ်စေသူဟု ယူဆသည့် ရွေးကောက်ခံအစိုးရ ခေါင်းဆောင်နှင့် နိုင်ငံသမိုင်းတွင် အညီညွတ်ဆုံးဖြစ်စေခဲ့သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာမှဖယ်ရှားပြီး မအောင်မြင်သော အာဏာသိမ်းမှု ပြုလုပ်သည့် သုံးနှစ်မြောက်နေ့ ဖြစ်သည်။ ရက်ပေါင်း ၁၀၉၅ ရက်ကျော် ကြာသော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် မြို့တော်နှင့် စစ်တပ်ဗဟိုဌာနချုပ် နေပြည်တော် အနောက်တောင်ဘက်အစွန်းမှ ထောင်တခုတွင် တဦးတည်း ဆက်လက် ဖမ်းဆီးချုပ်နှောင်ခံနေရသည်။ သူ့အတွက် တခုတည်းသော ထောင်ပြင်ထွက်ရချိန်သည် လွန်ခဲ့သောနှစ်အတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စတာ ဒွန် ပရာမတ်ဝီနိုင်နှင့် တွေ့ရသည့် တိုတောင်းသော ကာလဖြစ်ပြီး သူ့ကို ချမှတ်ထားသည့် ထောင်သက်တမ်းကိုလည်း ၃၃ နှစ်မှ ၂၇ နှစ်သို့ လွန်ခဲ့သောနှစ်က လျှော့ချပေးသည်။ အာဏာသိမ်းမှု နှစ်ပတ်လည်သည် ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းနည်းစရာကောင်းသော လက်ရှိအခြေအနေနှင့် ဝေဝါးနေသည့် အနာဂတ်ကို မီးမောင်းထိုးပ...

ပဲခူးတိုင်း မင်းလှမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွား

  မင်းလှတွင် ၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲ ၆ ကြိမ် အတွင်း စစ်တပ်ဘက်မှ စစ်သား ၈၀ ဦးကျော်သေဆုံး ရန်ကုန်၊ မတ် ၁၁ ပဲခူးတိုင်း၊ မင်းလှမြို့နယ်အတွင်း ၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲ ၆ ကြိမ် အတွင်း စစ်တပ်ဘက်မှ ၈၀ ကျော်သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ မတ်လ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ ဧက ၁၀၀၀ ကျွန်း စိုက်ခင်း ကျုံးပေါက်အနီး၌ စစ်ကြောင်း ထိုးလာသော အင်အား ၁၂၀ ပါ စစ်ကောင်စီ တပ်သားများကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ နှင့် ဒဂုံစစ်ကြောင်းတို့က စောင့်ကြို တိုက်ခိုက်ခဲ့ရာ အပြန်အလှန် တိုက်ပွဲ ၂ နာရီကျော် ကြာမြင့်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်ဘက်မှ ၂၀ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။ ယင်းနေ့ ညနေ ၅ နာရီခန့်အချိန် မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်းပေါ်ရှိ ဟိုင်းယု လမ်းဆုံတွင် တပ်ဆွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ နှင့် တပ်ခွဲ ၃ တို့က လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ရှောင်တခင် သွားရောက် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၃ နာရီခန...

တပ်မလက်ရွေးစဉ် ဘီလူးစစ်ကြောင်းဆိုသည်မှာ .....

    “ဒီစစ်ကြောင်းက စစ်တိုက်ဖို့ဆိုတာထက် လူတွေကိုသတ်၊ မုဒိမ်းကျင့်ဖို့ အဲ့လိုမျိုးတွေလုပ်ဖို့ အဓိကလာတဲ့ စစ်ကြောင်းပါ။ လူမဆန်တဲ့ လုပ်ရပ်တွေကို အဓိကလုပ်တာ” မြောင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) က ကိုနွေဦးက စစ်ကိုင်းဒေသအတွင်း စစ်ရာဇဝတ်မှုများကို ကျူးလွန်ချိုးဖောက်နေသည့် ဘီလူးစစ်ကြောင်း၏ လုပ်ရပ်များကို ပြောဆိုသွားခြင်းဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြည်သူများကို ရက်ရက်စက်စက် ခေါင်းဖြတ်သတ်သည့် စစ်ကြောင်း၊ အစုလိုက် အပြုံလိုက် သတ်သည့်စစ်ကြောင်း၊ မုဒိမ်းမှုများကို ကျူးလွန်နေသည့် စစ်ကြောင်းဟု ဆိုလိုက်ပါက လူတိုင်းက ဆိုးဆိုးရွာရွား နာနာကျည်းကျည်း အမှတ်ရနေသည့် စစ်ကြောင်းမှာ ဘီလူးစစ်ကြောင်းပင် ဖြစ်သည်။ ရက်စက်မှုအပေါင်း သရဖူဆောင်းထားသည့် ဘီလူးစစ်ကြောင်းသည် ယခုနှစ် ဩဂုတ်လ တတိယပတ်မှ စက်တင်ဘာလ ဒုတိယပတ်ထိ စစ်ကိုင်း၊ ရွှေဘို၊ ဝက်လက်နယ်များသို့ စစ်ကြောင်းထိုး ဝင်ရောက်ပြီးနောက် ပြည်သူများကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်။ 'စစ်ကိုင်း၊ ရွှေဘို၊ ဝက်လက်နယ်ထဲ ဘီလူးစစ်ကြောင်း၏ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သည့် အခြေအနေများ' မန္တလေး-ရွှေဘို-မြစ်ကြီ...

ရှမ်းမြောက်က ကျားဖြန့် ဇာတ်သိမ်းခန်း

  ဇန်နဝါရီ ၃၀ ရက်တွင် မြန်မာနိုင်ငံ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက တရုတ် အစိုးရထံ မြန်မာနိုင်ငံမြောက်ပိုင်း ကျားဖျန့် လုပ်ငန်းများတွင် အဓိက ကြိုးကိုင်သူများဟု သတ်မှတ်ထားသည့် ပယ်စောက်ချိန်အပါအဝင် ခြောက်ဦးနှင့် အခြားအရေးကြီးသံသယရှိ သူ လေးဦးကို လွှဲပြောင်းပေးခဲ့သည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ဇန်နဝါရီ ၃၀ ရက်တွင် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးအဖွဲ့ အစည်းထံသို့မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့် ဒေသ အွန်လိုင်းလိမ်လည်မှုအဖွဲ့၏ အဓိက ခေါင်းဆောင် ခြောက်ဦးဖြစ်သည့် ပယ် စောက်ချိန်၊ ပယ်ရင်ချန်၊ဝေ့ဟွိုင်ရန်၊ လျိုကျန့် ရှန်၊ လျိုကျန့်မောက်၊ ရွှီလောက်ဖာနှင့် အခြား အရေးကြီး ပြစ်မှုကျူးလွန်ကြောင်းသံသယရှိ သူ လေးဦးအား တရားဥပဒေနှင့်အညီ လွှဲ ပြောင်းပေးအပ်ခဲ့ပြီး အဆိုပါ ၁၀ ဦးကို ယင်း နေ့ညတွင်ပင် တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့ သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ခဲ့သည်။ ယင်းသို့ မြန်မာနိုင်ငံမြောက်ပိုင်းရှိ ကျား ဖျန့်လုပ်ငန်းများတွင် အဓိကတာဝန်ရှိသူဟု တရုတ်အစိုးရက သတ်မှတ်ထားသည့် ပယ် စောက်ချိန် အပါအဝင် ခြောက်ဦးအား လွှဲ ပြောင်းပေးအပ်ခြင်းမှာ တရုတ်-မြန်မာ နှစ် နိုင်ငံ၏ န...

အာဆီယံ-သြစတြေးလျ ထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီ ကိုယ်စားလှယ်တက်မည်

 စစ်ဗိုလ်ချုပ်များခန့်ထားသည့် သံအမတ်က မဲလ်ဘုန်းမြို့တွင် ၃ ရက်ကြာ ကျင်းပမည့် ဒေသတွင်း အထူးထိပ်သီးအစည်းအဝေးကာလအတွင်း ဆွေးနွေးပွဲ ၂ ခုကို တက်မည်ဟု သိရှိရသည်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသည့် အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသည့် သြစတြေးလျ ဝန်ကြီးချုပ် Anthony Albanese ကို တွေ့ရစဉ်။ သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် မတ်လ ၄ ရက်မှ ၆ ရက်အထိ ကျင်းပမည့် အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီကိုယ်စားလှယ် တက်ရောက်မည်ဟု သိရသည်။ အစည်းအဝေးကာလတွင် ပြုလုပ်မည့် ရေကြောင်းပူးပေါင်းဆောင်ရွက်ရေးညီလာခံ၊ ရာသီဥတုနှင့် သန့်ရှင်းသောစွမ်းအင်ဆိုင်ရာ ဖိုရမ်တို့ကို ကင်ဘာရာမြို့ မြန်မာသံရုံးမှ စစ်ကောင်စီခန့် သံအမတ် ဦးသက်ထွန်း တက်ရောက်မည်ဖြစ်သည်။  အခြား ဆက်စပ်အစည်းထိပ်သီးအစည်းအဝေးများသို့ စစ်ကောင်စီကိုယ်စားပြုကိုယ်စားလှယ် တက်မည်၊ မတက်မည်ကိုမူ သြစတြေးလျ နိုင်ငံခြားရေးနှင့် ကုန်သွယ်မှုဌာနက ပြောဆိုခြင်းမရှိပေ။ ...

Click !