Skip to main content

Continue !

ကိုးကန့်ဆိုတာ ဘီလူးကိုးကောင် စောင့်တဲ့နယ်

 


 

မြန်မာပြည် အရှေ့မြောက်စွန်းက ကိုးကန့်နယ်ဟာ မြန်မာပြည်ထဲ ဘယ်တုန်းက စရောက်လာတယ်ဆိုတာ ပြောရခက်ပေမဲ့ သိန္နီစော်ဘွားရဲ့ သြဇာအောက် ရောက်ခဲ့တဲ့ နယ်ဆိုပြီး သတင်းစာဆရာကြီး ဦးသိန်းဖေမြင့်က ရေးပါတယ်။

သမိုင်းမှတ်တမ်းတစ်စောင်မှာတော့ တရုတ်ပြည် မင်မင်းဆက်က နောက်ဆုံး ဧကရာဇ်တပါးဖြစ်တဲ့ ယုန်လီရဲ့ နောက်လိုက်တယောက် ဒီနယ်မြေမှာ အခြေချရာကနေ အနီး၀န်းကျင်က ရွာသားတွေကို ဓားပြရန်က ကာကွယ်ပေးရင်း နယ်အကြီးအကဲဖြစ်လာတယ်လို့ ရေးပါတယ်။

ဗြိတိသျှအစိုးရက မြန်မာပြည်ကို သိမ်းပိုက်ပြီးနောက် ရှမ်းအရှေ့ဖျားက ထိန်းချုပ်ရခက်တဲ့ ၀ နဲ့ ကိုးကန့်နယ်တွေကို သိမ်းသွင်းဖို့ ကြိုးစားရာက ကိုးကန့် ကမြန်မာပြည်ထဲကို ၁၈၉၇ မှာ အပြီး ရောက်လာခဲ့ပါတယ်။

ယန်အိမ်တော်က မိသားစု

                burma    

မြန်မာပြည်ရောက် တရုတ်အရာရှိကြီး

 သိန္နီနယ် အရှေ့လက်မှာ ၀နဲ့ ကိုးကန့်နယ်တွေ ပါခဲ့ကြောင်း ဆာဂျော့စကော့ရဲ့ အထက်မြန်မာပြည်နဲ့ ရှမ်းပြည်များ ဂေဇက်တီးယားမှာ ဖော်ပြပြီး ဒီသံလွင်အရှေ့နယ်တွေအပေါ် ရှမ်းစော်ဘွားသြဇာမညောင်းလှကြောင်း ရေးသားခဲ့ပါတယ်။

ကိုးကန့်နယ်ကို ၁၈၉၇ ကျမှ တရုတ်နဲ့ ပီကင်းစာချုပ်ချုပ်ပြီး ဗြိတိန်က သိမ်းပိုက်ကာ မြန်မာပြည်ထဲ သွတ်သွင်းတယ် ဆိုပေမယ့် ကိုးကန့်နဲ့ အရှေ့ဘက် ကပ်နေတဲ့ တရုတ်ပြည်ထဲက ကိုင်းမားနယ်ကတော့ စန္ဒား၊ လသာ၊ မိုင်းမော၊ စည်ခွင် စတဲ့ ဘုရင့်နောင်ပိုင်တဲ့ မောကိုးပြည်ထဲမှာ ပါခဲ့ပါတယ်။

ဒီရှမ်းမြောက်တကြောက စော်ဘွားနယ်တွေဟာ မြန်မာနဲ့ တရုတ်ဘုရင်တွေကြားအပြန်အလှန်သစ္စာခံလေ့ရှိပြီး တချိန်တည်းမှာ နှစ်ဖက်လုံးကို သစ္စာခံတဲ့ အချိန်တွေလည်း ရှိခဲ့ပါတယ်။  

burma     

ယန်မျိုးနွယ် ကိုးကန့်နယ်ရှင်များ

တရုတ်ပြည် အနောက်တောင်ထောင့်စွန်းတနေရာက ခေါင်သီတဲ့ ကိုးကန့်နယ်ကို မင်မင်းဆက်အပျက် မှာ ရောက်လာတဲ့ တရုတ်မိသားစုတစုက ကြီးစိုးရာကနေ ကိုးကန့်ဆိုပြီး ထင်ရှားလာပါတယ်။ ဒီနာမည်ဟာ ရွာကိုးရွာက သူကြီးတွေကို ဆိုလိုတယ်၊ ဘီလူးကိုးကောင်ကို ဆိုလိုတယ် စသဖြင့် ဗျုပ္ပတ်နဲ့ ပတ်သက်ပြီး အငြင်းပွားကြတာတွေ ရှိပါတယ်။

ဒီနယ်ရဲ့ မူလဒေသခံတွေက မြောင်ခေါ် မှုန်လူမျိုးတွေ ဖြစ်တယ်လို့လည်း စကော့ရဲ့ ဂေဇက်တီးယားက ဖော်ပြပါတယ်။ ဗြိတိသျှ၀င်လာချိန်မှာတော့ ဒီနယ်မြေမှာ ကိုးကန့်တရုတ်တွေ အများဆုံး နေထိုင်ပြီး ဟိန်လို့ ခေါ်တဲ့ ကိုးကန့်ရဲ့ အကြီးအကဲမြို့စားဟာ ရှမ်းပြည်မှာ အာဏာအရှိဆုံးလူလို့ ဆိုပါတယ်။

ကိုးကန့်ဟာ ဝလို ငွေနဲ့ တခြားသတ္တုပေါကြွယ်တဲ့ နေရာမဟုတ်သလို စပါးစိုက်ဖို့လည်း အဆင်မပြေပါဘူး။ ဒါကြောင့် ကိုးကန့်ရဲ့ အဓိကထွက်ကုန်ဟာ ၁၉ ရာစုကတည်းက ဘိန်းဖြစ်ပါတယ်။

 burma     

ကိုးကန့်ကာကွယ်ရေးတပ်    

ကိုးကန့်မြို့စားဟာ ရှမ်းမြောက်က အာဏာပြင်းတဲ့ သိန္နီစော်ဘွား လက်အောက်ခံအဖြစ် နေခဲ့ရာက ၁၉၄၅ မှာ နယ်သီးခြားနဲ့ စော်ဘွားအဖြစ် အုပ်ချုပ်ခွင့်ရပါတယ်။ ဒီလိုရတာကလည်း ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ကျူးကျော်စစ်ကို ကိုးကန့်ကာကွယ်ရေးတပ်ဖွဲ့ပြီး ခုခံခဲ့လို့ ဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်မီး ရှမ်းပြည်ကို ကူးလာပြီးနောက် ကိုးကန့်နယ်ထဲထိ ဂျပန်တပ်တွေ ဝင်လာချိန်မှာကိုးကန့်နယ်ရှင် ယန်ဝမ်ပင်းတို့ မိသားစု တရုတ်ပြည်ဘက်ကူးပြီး ခိုလှုံကြပါတယ်။ စစ်အတွင်း ၁၉၄၃ မှာ တရုတ်မြို့တော် ချုံကင်း (ချုံကျင့်) မှာ တရုတ်ခေါင်းဆောင် ချန်ကေရှိတ်က ကိုးကန့်နယ်စားကို ခေါ်တွေ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ပေးဖို့ ကူညီခဲ့ပါတယ်။

ဒီကိုးကန့်တပ်ဟာ ကချင်၊ ချင်း၊ ရခိုင်၊ ကရင်၊ ကယန်း စတဲ့ မြန်မာနိုင်ငံအနှံ့ ဖွဲ့စည်းခဲ့တဲ့ ဂျပန်ခုခံရေး ပြောက်ကျားအဖွဲ့တွေနဲ့ အလားသဏ္ဌာန်တူပြီး စစ်ပြီးခေတ် လူမျိုးစု နိုင်ငံရေးကို ပုံဖော်ရာမှာလည်း အရေးကြီးတဲ့ အဖွဲ့ဖြစ်ပါတယ်။

ဒီတပ်ရဲ့ စွန့်စားတိုက်ခိုက်မှုကြောင့် ကိုးကန့်ထဲ ဝင်လာတဲ့ ဂျပန်တပ်တွေ အထိနာသလို ကိုးကန့်နယ်လူထုလည်း စစ်ဒဏ်အတော်ခံရပါတယ်။ ကိုးကန့်အတွက် ခေတ်မီလက်နက်ကိုင်တပ်နဲ့ လူမျိုးရေး လှုပ်ရှားမှုတခုက ပေါ်ထွန်းလာခဲ့ပါတယ်။ 

 

တရုတ်ဖြူစစ်နဲ့ အောလစ်ယန်း

thailand

ထိုင်းနယ်စပ်က တရုတ်ဖြူစခန်း

 ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲချိန်မှာပဲ မေမြို့မှာ ရုံးဖွင့်တဲ့ ရီးစ်ဝီလျံကော်မရှင်နဲ့ ယန်ဝမ်ပင်းရဲ့သား ကိုးကန့်စော်ဘွားသစ် အက်ဒွပ်ယန်းတို့ တွေ့ဆုံပြီး မြန်မာပြည်နဲ့ ပူးပေါင်းဖို့ သဘောတူခဲ့ပါတယ်။ ၁၉၄၈ ပထမဆုံး ရှမ်းအစိုးရမှာပဲ ကိုးကန့်စော်ဘွား အက်ဒွပ်ယန်း ဘဏ္ဍာရေး ဝန်ကြီးဖြစ်လာပါတယ်။

 ၁၉၅ဝ မှာ အမေရိကန်ကို ဖိတ်ကြားမှုနဲ့ အလည်အပတ်သွားရတဲ့ အက်ဒွပ်ယန်းဟာ ဒီမိုကရေစီနဲ့ နည်းပညာ ပြောင်းလဲမှုတွေ လုပ်ဖို့ စိတ်သန်လာပါတယ်။ ဒါပေမဲ့လည်း အိမ်နီးချင်း တရုတ်ပြည်ရဲ့ နိုင်ငံရေး အပြောင်းအလဲကြောင့် လုပ်ခွင့်မသာခဲ့ပါဘူး။ 

burma

ကိုးကန့်ဒီမိုကရက်ပါတီဝင်တွေနဲ့ အောလစ်ယန်း 

 

၁၉၄၉ မှာ တရုတ်ပြည်မှာ ကွန်မြူနစ်အစိုးရတက်လာပြီးနောက် ချန်ကေရှိတ်လက်ကျန် တရုတ်ဖြူတပ်တွေ မြန်မာ၊ လာအိုနဲ့ ထိုင်းဘက်ကို ဆင်းလာကြပါတယ်။ ရှမ်းပြည်တလွှား တရုတ်ဖြူတပ်တွေ ကျူးကျော်မှုကို ရင်ဆိုင်ရတဲ့အထဲ ကိုးကန့်နဲ့ ကျိုင်းတုံ၊ တာချီလိတ်ဘက်မှာ အဆိုးဆုံး ခံရပါတယ်။

ဝင်လာတဲ့ တရုတ်ဖြူတပ်တွေဟာ တချိန်က ကိုးကန့်ကာကွယ်ရေးတပ်ကို ဖွဲ့ပေးခဲ့သူတွေ ဖြစ်သလို ကိုးကန့်နယ်ရှင်တွေနဲ့ တရုတ်ဖြူတွေကြား ဘိန်းနဲ့ ကုန်စည်ကူးသန်းမှုတွေမှာ ပတ်သက်မှုတွေလည်း ရှိခဲ့ပါတယ်။ စော်ဘွားနှမ အောလစ်ယန်းရဲ့ ကာကွယ်ရေးတပ်နဲ့ မြန်မာအစိုးရတပ်၊ တရုတ်ဖြူနဲ့ တရုတ်နီတပ်တွေကြားက ဆက်ဆံရေးနဲ့ အာဏာပြိုင်ဆိုင်မှုတွေကပဲ ကိုးကန့်နဲ့ ရှမ်းပြည်နိုင်ငံရေးကို ပုံဖော်ပေးခဲ့ပါတယ်။

 

ဂျင်မီယန်း၊ ဖုန်နဲ့ လော်

burma

 နော်လီဇာဘင်ဆင်နဲ့ ဖရန်ဆစ်ယန်း

 

၁၉၅၉ မှာ တခြား ရှမ်းစော်ဘွားတွေနဲ့အတူ ကိုးကန့်စော်ဘွား အာဏာစွန့်ရပါတယ်။ အဲဒီနောက် နယ်ကို သူ့နှမ အောလစ်ယန်း ဆက် အုပ်ချုပ်ပါတယ်။ ၁၉၆၂ စစ်အာဏာသိမ်းပြီးနောက် ကိုးကန့်စော်ဘွားဟောင်းရော သူ့နှမပါ အဖမ်းခံရပါတယ်။

ဒီလို စစ်တပ်ရဲ့ ဖိနှိပ်လာတဲ့ အခြေအနေတွေကြောင့် စော်ဘွားညီ ဂျင်မီယန်းက ဦးဆောင်ပြီး ကိုးကန့်တော်လှန်ရေးတပ်ဖွဲ့ကာ ဗိုလ်ချုပ်ကြီးနေဝင်း အစိုးရကို ပုန်ကန်ကြောင်း စဝ်ဆန္ဒာဆင်းမ်ရဲ့ မိုးကောင်ကင်တို့ရဲ့အရှင်၊ မြန်မာပြည်ရဲ့ ရှမ်းနယ်ရှင်များ စာအုပ်မှာ ဖော်ပြပါတယ်။

ဂျင်မီဟာ ရန်ကုန်နဲ့ ချုံကျင့်တက္ကသိုလ်တွေမှာ ပညာသင်ခဲ့ပြီး တရုတ်တပ်မှာ ဗိုလ်အဖြစ် ထမ်းဆောင်ခဲ့သူပါ။ ဂျင်မီနဲ့အတူ ဆေးကျောင်းသား ဖရန်ဆစ်ယန်းလည်း တောခိုပါတယ်။ 

burma 

ဝ၊ ကိုးကန့်နဲ့ ရှမ်းမြောက်ကို ကြီးစိုးခဲ့တဲ့ ဗကပ

တဖက်မှာတော့ ၁၉၆၇ တရုတ်ဗမာအရေးအခင်းနောက်ပိုင်း တရုတ်ကွန်မြူနစ်အစိုးရက ဗမာကွန်မြူနစ်တွေကို ပုံအောထောက်ပံ့ပြီး ရှမ်းနယ်စပ်မှာ စစ်မျက်နှာအသစ် ဖွင့်ပေးခဲ့ပါတယ်။

ဒီစစ်ပွဲကြောင့် အစကတည်းက မငြိမ်းချမ်းတဲ့ ကိုးကန့်နယ်မှာ တရုတ်နီသြဇာခံ ကိုးကန့်တပ်တွေ ပေါ်လာပါတယ်။ ဒီတပ်တွေကို ခေါင်းဆောင်တာကတော့ စော်ဘွားရဲ့ ကိုးကန့်တပ်ထဲက ဖုန်ကြားရှင်နဲ့ ဖုန်ကြားဖူးတို့ ညီအစ်ကို ဖြစ်ပါတယ်။

သူတို့နဲ့အတူ ကိုးကန့်တပ်မှာ ပါခဲ့တဲ့ လော်စစ်ဟန်ကတော့ မြန်မာအစိုးရ ကာကွယ်ရေးတပ်အဖြစ် ကွန်မြူနစ်တွေကို ပြန်တိုက်ခဲ့ပါတယ်။ လော်စစ်ဟန်ရဲ့ ဘိန်းတွေ စစ်တပ်ဖမ်းသွားလို့ ပြန်ရအောင် ကာကွယ်ရေးတပ်ဖွဲ့ဖို့ သဘောတူခဲ့ရကြောင်း ဆန္ဒာဆင်းမ်က ရေးပါတယ်။

လော်စစ်ဟန်ကို ခွန်ဆာလိုပဲ ဘိန်းဘုရင်ဆိုပြီး အမေရိကန် တိုင်းမဂ္ဂဇင်းက ရေးပါတယ်။ လော်စစ်ဟန်ဟာ ပြည်ထောင်စုစိတ်ရှိတဲ့ ကိုးကန့်အမျိုးသားဖြစ်ကြောင်း ဗိုလ်နေဝင်းအစိုးရဘက်သား ဦးသိန်းဖေမြင့်က အရှေ့မြောက်တိုင်းတခွင် စာအုပ်မှာ ခုခံရေးသားပါတယ်။

 burma 

ရွှေတြိဂံနဲ့ မြန်မာကုန်းမြင့်ထွက်ကုန် ဘိန်း

ဒီအချိန်မှာပဲ တရုတ်နီသြဇာမခံတဲ့ ဂျင်မီယန်းတို့ ကိုးကန့်မှာ ဆက်မရပ်တည်နိုင်လို့ ထိုင်းနယ်စပ်ရွှေ့ပြီး ကူမင်တန်လက်ကျန်တပ်တွေဆီ ခိုလှုံပါတယ်။ ၁၉၆၉ မှာ တောခိုလာတဲ့ ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့ ပီဒီပီခေါ် ပါလီမန်ဒီမိုကရေစီပါတီ လှုပ်ရှားမှုမှာ ဂျင်မီယန်း ပူးပေါင်းခဲ့ပြီး အရှေ့ပိုင်းတိုင်းမှူး ဖြစ်လာပါတယ်။

ကိုးကန့်၊ ဝနဲ့ ရှမ်းအရှေ့ပိုင်းမှာ တရုတ်သြဇာခံ ဗကပတွေ ကြီးစိုးချိန် အနှစ် ၂ဝ ကျော်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြီးတွေကြောင့် နယ်ခံ လူမျိုးစုတပ်သား အများအပြား သေကြေဒဏ်ရာရသလို ရွှေတြိဂံနယ်မြေနဲ့ ဆက်စပ်တဲ့ ဘိန်းလုပ်ငန်းလည်း ကြီးထွားလာပါတယ်။ ၁၉၈၉ မှာတော့ ကိုးကန့်နဲ့ ဝတွေရဲ့ ပုန်ကန်မှုကြောင့် ဗကပပြိုကွဲပြီး ဖုန်ကြားရှင်တို့ နဝတစစ်အစိုးရနဲ့ အပစ်ရပ်စဲရေး ယူခဲ့ပါတယ်။

ဗကပအကွဲနဲ့ အထူးဒေသ ၁

 burma 

ရှမ်းမြောက် လမ်းမကြီးပေါ်က အေးရှားဝေါလ် ဂိတ်

စစ်အစိုးရသစ်အောက်မှာ အထူးဒေသ (၁) ဖြစ်လာတဲ့ ကိုးကန့်မှာ ခေါင်းဆောင်မှု ဗိုလ်လုပွဲက ဆက်ရှိခဲ့ပါတယ်။ ဖုန်အုပ်စုနဲ့ ယန်အုပ်စုအားပြိုင်ပွဲကြောင့် ယန်တွေ ဖယ်ရှားခံရပါတယ်။ မုံကိုးမှာတော့ ၂ဝဝဝ ပြည့်နှစ်မှာ မုံဆာလနဲ့ လီနင်မင်အုပ်စု အင်အားပြိုင်ရာမှာ လီနင်မင်အဖွဲ့ သတ်ဖြတ်ခံရပြီး မုံဆာလကို မူးယစ်ဆေးမှုနဲ့ ထောင်ချခဲ့ပါတယ်။ ကိုးကန့်ရဲ့ တောင်ဘက်က ဝ အဖွဲ့နဲ့ ကိုးကန့်ကြား ဆက်ဆံရေးကတော့ ပြေလည်ပြီး မိုင်းလားခေါင်းဆောင် စိုင်းလင်းနဲ့ ကိုးကန့်ခေါင်းဆောင်ဖုန်ကျားရှင်တို့ဟာလည်း သမီးယောက္ခမတော်စပ်ပါတယ်။

နယ်တွင်း နိုင်ငံရေး ပြိုင်ဆိုင်မှုတွေ ရှိပေမဲ့ တောင်ဘက်က အင်အားကြီး ဝအဖွဲ့လိုပဲ ကိုးကန့်ရဲ့ စီးပွားရေးအင်အားကို မြန်မာပြည်ထဲထိ ချဲ့ထွင်ခဲ့ပါတယ်။ မြန်မာစစ်တပ်နဲ့ အပေးအယူမျှတဲ့ လော်စစ်ဟန်ရဲ့ အေးရှားဝေါလ်ကုမ္ပဏီကလည်း ပြည်တွင်းမှာ ခရိုနီကြီးအဖြစ် ကြီးထွားလာပြီး လမ်းတံတားနဲ့ ဆိပ်ကမ်း ကန်ထရိုက်တွေ ရခဲ့ပါတယ်။

အပစ်ရပ်ပြီးနောက် ကိုးကန့်နယ်မြေက ဘိန်းဖြူ၊ ဘိန်းမည်းထုတ်လုပ်မှု ပိုတိုးလာပြီး စိတ်ကြွဆေးပြားလည်း ထုတ်လာကြောင်း အနောက်တိုင်းသုတေသီတွေရဲ့ လေ့လာချက်တွေမှာ ပါရှိပါတယ်။ 

သေနတ်ပြန်ပေါက်တဲ့ ကိုးကန့်

burma

ကိုးကန့်တပ်သစ်က လူငယ်များ

၂၀၀၉ မှာတော့ အခြေအနေတွေ ဆုတ်ယုတ်သွားပါတယ်။ ကိုးကန့်တပ်တွေကို နယ်ခြားစောင့် အသွင်ပြောင်းဖို့ နအဖစစ်အစိုးရက အမိန့်ပေးပါတယ်။ ဒါကို မနာခံရာက ကိုးကန့်တပ် တောပြန်ခိုခဲ့ပါတယ်။ နာခံတဲ့ ပယ်အုပ်စုကို မြန်မာစစ်တပ်က သူကောင်းပြုပြီး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အကြီးအကဲခန့်ပါတယ်။ ပယ်ဆောက်ချိန်လက်ထက် ကိုးကန့်မြို့တော် လောက်ကိုင်မှာ မူးယစ်ဆေးဝါး၊ လောင်းကစားနဲ့ ပြည့်တန်ဆာလုပ်ငန်း ကြီးထွားလာပြီး တရုတ်ခရီးသွားတွေကို ဆွဲဆောင်ခဲ့ပါတယ်။

ဒါပေမဲ့လည်း ၂၀၀၉၊ ၂၀၁၅ ကိုးကန့်စစ်ပွဲတွေကြောင့် အရင်လို တည်ငြိမ်မှု ပြန်မရတော့ပါဘူး။ ၂၀၀၉ မှာ ဖုန်ကျားရှင် တပ်ကို စစ်အစိုးရက တိုက်ထုတ်နိုင်ခဲ့ပေမဲ့ ၂၀၁၅ မှာတော့ လနဲ့ချီပြီး ခုခံခဲ့ရပါတယ်။ ဒီအတွက် ကိုးကန့်ကို တရုတ်က လက်နက်ကူတယ်ဆိုပြီး စွပ်စွဲကြပါတယ်။ ၂၀၁၇ မှာလည်း ကိုးကန့်တပ်က လောက်ကိုင်ကို ဝင်တိုက်လို့ အသေအပျောက်ရှိခဲ့ပါတယ်။

၂၀၁၆ က စပြီး ကေအိုင်အေ၊ တအာင်း၊ အေအေတပ်တွေနဲ့ ကိုးကန့်တပ်ပေါင်းပြီး မြောက်ပိုင်းမဟာမိတ်ဖွဲ့ခဲ့ပါတယ်။ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း ကိုးကန့်တပ် ပြန်လှုပ်ရှားလာပါတယ်။ ၂၀၂၃ အောက်တိုဘာလမှာတော့ ကိုးကန့်၊ တအာင်း၊ အေအေတပ်တွေနဲ့ သုံးဖွဲ့ပေါင်းပြီး အွန်လိုင်းလူလိမ်ဂိုဏ်းတွေကို နှိမ်နင်းမယ် ဆိုတဲ့ ၁၀၂၇ စစ်ဆင်ရေး ပေါ်ထွက်လာပါတယ်။ ဒီစစ်ဆင်ရေးနဲ့ လောက်ကိုင်နဲ့ ကိုးကန့်တလွှားကို သိမ်းနိုင်သလို ရှမ်းမြောက်တခွင်မှာ တအာင်းနဲ့ ကိုးကန့် အာဏာဖြန့်ကြက်နိုင်တဲ့အဆင့်ထိ ရောက်လာပါတယ်။

အရှေ့နယ်ခြား လှိုင်းဂယက် 

burma 

မြန်မာပြည် အရှေ့မြောက်စွန်က တရုတ်နွယ်ဖွားဒေသ 

ကိုးကန့်နဲ့ မြောက်ပိုင်းတပ်တွေ လပိုင်းအတွင်း တဟုန်ထိုး ကြီးထွားလာမှုရဲ့ နောက်မှာ တရုတ်ဘက်က အကူအညီပါတယ်၊ စစ်ကောင်စီ အာဏာသိမ်းပြီး ၂ နှစ်ကျော်အတွင်း စစ်ဆင်ရေးတွေကြောင့် သူ့တပ်တွေ အင်အားချိနဲ့နေတယ်၊ စစ်ကောင်စီဘက်က စစ်ဆင်ရေးနဲ့ မဟာဗျူဟာပိုင်းမှာ အားနည်းချက်တွေရှိတယ် စတဲ့ မှန်းဆချက်တွေ ရှိပါတယ်။

ဘယ်လိုကြောင့်ပဲ ဖြစ်ဖြစ်၊ ကိုးကန့်နဲ့ ရှမ်းမြောက်အခြေအနေကတော့ ၁၉၄ဝ ၊ ၁၉၅၀ ပြည့်လွန်နှစ်တွေနဲ့ ၁၉၆၈ က တရုတ်ဖြူနီတပ်တွေ ဝင်လာတဲ့ အနေအထားနဲ့ တူနေပြီး နောက်ပြန်လှည့်ဖို့ ခက်တဲ့ အချိုးအကွေ့ ဖြစ်နေပါတယ်။

ကိုးကန့်ဟာ ဘယ်သူ့အတွက်မှန်း မသိတဲ့ နယ်ခြားကို စောင့်ရတဲ့နယ်ဆိုပြီး နောက်ဆုံးစော်ဘွားရဲ့နှမ ဂျက်ကီယန်း ယန်မင်းဆက် စာအုပ်မှာ ရေးခဲ့သလိုပဲ ကိုးကန့်ရဲ့ ထူးခြားတဲ့ လူမျိုးစုဖွဲ့စည်းမှု၊ မူးယစ်ဆေးနဲ့ ရာဇဝတ်မှုအခြေခံတဲ့ နိုင်ငံရေးဘောဂဗေဒ၊ တရုတ်နိုင်ငံရဲ့ ဒေသတွင်းမှာ အင်အားကြီးထွားလာမှုနဲ့ မြန်မာပြည်တွင်းစစ် ပြင်းထန်ပြီး နိုင်ငံရေးပြိုကွဲနေမှု စတဲ့အကြောင်းပေါင်းစုံကြောင့်လည်း ကိုးကန့်နဲ့ မြန်မာပြည် အရှေ့တကြောက လူမျိုးစုနယ်မြေတွေမှာ စစ်ပွဲနဲ့ နိုင်ငံရေး ပြောင်းလဲမှုတွေ ပိုများလာမယ့် အနေအထား ရှိနေပါတယ်။

burma 

လောင်းကစားပေါတဲ့ ကိုးကန့် 

Hi !

!

Popular posts from this blog

ဘိန်းဘုရင်ခွန်ဆာ

  *** တချိန်ကနာမည်ကျော်ကြားခဲ့တဲ့ ဘိန်းဘုရင်ခွန်ဆာ စခန်းဆီသို့ *** တချိန်က နာမည်ကျော်ခဲ့တဲ့ ဘိန်းဘုရင်ခွန်ဆာရဲ့ စခန်းဟာ ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် မယ်ဖါ့လုံမြို့နယ် ဘန်ထော့ထိုင်းရွာမှာ တည်ရှိတယ်။ တာချီလိတ်ရဲ့ တဖက်ကမ်း မယ်ဆိုင်ကနေ ၆၆ ကီလိုမီတာ ဝေးကွာပြီး၊ ချင်းရိုင်းကနေ သွားမယ်ဆိုရင်လည်း ၆၆ ကီလိုမီတာ ဝေးပါတယ်။ မယ်ဆိုင်-ချင်းရိုင်းသွား လမ်းပေါ်က မယ်ကျန်းရွာကနေမယ့်စလောင်းကို သွားတဲ့ လမ်းအတိုင်း လာရတာပါ။ ခွန်ဆာစခန်းမှာ စောင့်နေတဲ့ ရှမ်းအမျိုးသမီးကြီးကိုမေးကြည့်တော့ ကျိုင်းတုံဇာတိလို့ ဆိုပါတယ်။ စခန်းရဲ့ရှေ့ မြေကွက်လပ်နားမှာတော့ ခွန်ဆာရဲ့ မြင်းစီးရုပ်တုကြီးကို အသက်၀င်စွာနဲ့ ထုလုပ်ထားတာကိုလည်း မြင်နိုင်ပါ့မယ်။ လာပြီးလည်သူတွေ အမှတ်တရအဖြစ် ဓါတ်ပုံမရိုက်ပဲ မနေနိုင်အောင်ကို ခွန်ဆာရဲ့ရုပ်တုကြီးက ဆွဲဆောင်နေတာပါ။ ရုပ်တုရဲ့ရှေ့နားမှာတော့ တန်းစီတဲ့ နေရာလေလား၊ စစ်ရေးပြကွင်းလေးလားတော့ မသိ၊ ညီညာတဲ့ မြေကွက်လပ်လေးတခု။ တချိန်တုန်းက ဒီနေရာမှာ သူ့ရဲဘော်တွေကို ခွန်ဆာတစ်ယောက် ကြိမ်ဖန်များစွာ မိန့်ခွန်းတွေ ချွေခဲ့ပါလိမ့်မယ်။    စဉ်းစားနေခိုက် ကျနော့်မိတ်ဆွေ ထိုင်းလူမျိုးက ပြောလာတယ်၊ အပေါ်ဘက်ကက...

စစ်ဦးစီးအရာရှိချုပ်(ကြည်း)နှင့် စစ်ထောက်ချုပ် တာဝန်ယူထားသော ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း၏ သားဖြစ်သူက နေပြည်တော်စစ်ရုံးအတွင်းသို့ သုံးစွဲရန် မူးယစ်ဆေးဝါး သယ်ယူလာမှု စစ်ဆေးတွေ့ရှိသော်လည်း အရေးယူမှုမရှိ

   အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၏ လူယုံတစ်ဦးဖြစ်သူ စစ်ဦးစီးအရာရှိချုပ်(ကြည်း)နှင့် စစ်ထောက်ချုပ် တာဝန်ယူထားသော ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း၏ သားဖြစ်သူက နေပြည်တော်စစ်ရုံးအတွင်းသို့ သုံးစွဲရန် မူးယစ်ဆေးဝါး သယ်ယူလာမှု စစ်ဆေးတွေ့ရှိသော်လည်း အရေးယူမှုမရှိကြောင်း စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ ဇန်နဝါရီလ ၁၈ ရက်နေ့ ညပိုင်းအချိန် ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်း၏ သားဖြစ်သူ အုပ်စိုးခန့်သည် နေပြည်တော်စစ်ရုံး၊ ဂိတ်အမှတ် ၁ သို့ ဖြတ်သန်းစဉ် ကားဒက်ရှ်ဘုတ်အတွင်းမှ သုံးစွဲနေသည့် မူးယစ်ဆေးဝါးအထုပ်တစ်ထုပ် တွေ့ရှိခဲ့ရကြောင်း၊ အဆိုပါ မူးယစ်ဆေးဝါးသည် ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်း၏ သားဖြစ်သူ အုပ်စိုးခန့် သုံးစွဲသည့် မူးယစ်ဆေးဝါးဖြစ်သော်လည်း ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ စခန်းရုံး၏ စခန်းမှူး ဗိုလ်ချုပ် သိန်းဇော်က တစ်စုံတစ်ရာ အရေးယူမှု မလုပ်ဆောင်တော့ဘဲ ဖုံးကွယ်ပေးထားကြောင်း သိရှိရသည်။ "ကားသမားက ဒုဗိုလ်ချုပ်ကြီးကျော်စွာလင်း မန္တလေးတိုင်းဘ၀ကတည်းက ခေါ်ထားတဲ့ ငယ်တပည့်ရင်းက ကားမောင်းတာ။ ကားက VIP CAR PASS ပါတယ်။ အဲဒီအမှုကို ဒုဗိုလ်ချုပ်ကြီးကျော်စွာလင်းဆီကို သတင်းပို့တော့ သတင်းမပ...

မြန်မာပြည်မြေပုံကို အပြောင်းခံကြမှာလား

  ကမ္ဘာ့သမိုင်းကို ပြန်လေ့လာကြည့်မယ်ဆိုရင် အိမ်နီးချင်းနိုင်ငံတွေအဖြစ် နှစ်ပေါင်းများစွာ အတူတကွ ယှဉ်တွဲ ရပ်တည်နေကြပြီးမှ ဝေးကွာသွားကြတဲ့ နိုင်ငံတွေ ရှိခဲ့တယ်ဆိုတာ တွေ့နိုင်ပါတယ်။ ကျွန်တော်တို့အတွက် အထင်ရှားဆုံး ဥပမာတစ်ခုရှိပါတယ်။ အဲဒါကတော့ မြန်မာနဲ့ ပါကစ္စတန်တို့ဟာ ယခင်က နယ်မြေချင်း ထိစပ်နေကြတဲ့ အိမ်နီးချင်း နိုင်ငံတွေပါ။ သို့သော် ၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံအသစ် ပေါ်ပေါက်လာချိန်မှာတော့ အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားခဲ့ကြပါတယ်။ ယခင်က အိမ်နီးချင်းဖြစ်ခဲ့လို့ ထင်ပါတယ်၊ မြန်မာနဲ့ ပါကစ္စတန်တို့ရဲ့ ဆက်ဆံရေးဟာ ကောင်းမွန်နေကြဆဲဆိုတာ သက်သေ၊ သာဓကများစွာ ရှိပါတယ်။ အဲဒီလို အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားရခြင်းဟာ သူတို့ရဲ့ ပြည်တွင်းရေးသာ ဖြစ်တဲ့အတွက် အထူးအထွေ ဝေဖန်ရန် မရှိပါ။ သို့သော် လက်ရှိအခြေအနေမှာ မြန်မာရဲ့ အိမ်နီးချင်း (၅) နိုင်ငံရှိနေရာက မတူညီတဲ့ အိမ်နီးချင်းနိုင်ငံသစ်တွေ ထပ်မံ ပေါ်ပေါက်လာဖို့ လုပ်ဆောင်နေကြတာတွေ မြင်နေရပါပြီ။ ဒီတစ်ကြိမ်ကတော့ ကျွန်တော်တို့ရဲ့ ပြည်တွင်းရေးဖြစ်တဲ့အတွက် အလေးထားရပါတော့မယ်။ ရှိပြီးသား အိမ်နီးချင်း (၅) နိုင်ငံနဲ့ မြန်မာတို့အကြား ကျွန်တော်တိ...

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

  စစ်ဗိုလ်များထဲတွင် မင်းသားနှစ်ဦး၏ နာမည်ပေးခံရသော စစ်ဗိုလ်ချုပ်တဦး ရှိသည်။ ဒုဗိုလ်ဘဝမှ ဗိုလ်ချုပ် ဖြစ်သည်အထိ စစ်တပ်ထဲတွင် ရုပ်ရှင်မင်းသားလို နေထိုင်ခဲ့ရသည့်အတွက် ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအား “နေတိုး” သို့မဟုတ် “ပြေတီဦး” ဟု စစ်ဗိုလ်ချုပ်အချို့က နာမည်ပြောင် ပေးထားကြခြင်း ဖြစ်သည်။ ထို့အပြင် ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို လက်ရှိ စစ်ခေါင်းဆောင်များ အလွန်တွင် စစ်တပ်ကို ဦးဆောင်မည့်သူဟုလည်း ထင်ကြေးပေးခံရသူလည်း ဖြစ်သည်။ လက်ရှိအချိန်တွင် ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်းသည် စစ်ဦးစီးအရာရှိချုပ် (ကြည်း) နှင့် စစ်ထောက်ချုပ်တာဝန်တို့ကို ပူးတွဲတာဝန်ယူထားရသည်။ စစ်တက္ကသိုလ်အပတ်စဉ်- ၃၅ (DSA-35) ကျောင်းဆင်း ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်းသည် အရာရှိ ငယ်ဘဝက မကြာသေးခင်က လာဘ်စားမူဖြင့် ဖမ်းဆီးထောင်ချခံရသူ ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း လက်အောက်တွင် တာဝန်ထမ်း ဆောင်ခဲ့သူ ဖြစ်သည်။ ထို့အပြင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) ခေတ် ဒု စစ်ခေါင်းဆောင် ဗိုလ်ချုပ် မောင်အေး၏ ကိုယ်ရေးအရာရှိ လုပ်ခဲ့သူလည်း ဖြစ်သည်။ “မိုးမြင့်ထွန်းက ဗိုလ်ကြီးကနေ ဗိုလ်မှူးအပွင့်တင်ဖိ...

မောင်တောရှိ စစ်တပ်နယ်ခြားစောင့်တပ်စခန်း ၂ ခုကို AA က သိမ်းပိုက်၊ နယ် ခြားစောင့်တပ်များ မထွက်ပြေးမီ လက်နက်များကို ARA နှင့် RSO အဖွဲ့များထံ ဘင်္ဂလားဒေ့ရှ်ငွေ ၁၀ သန်းဖြင့် ရောင်းစားခဲ့မှု စိစစ်တွေ့ရှိရ

  ■ စစ်ကောင်စီတပ်စခန်းအတွင်းမှ ရဲအလောင်းများနှင့် ARA ၊ RSO အဖွဲ့ဝင်အလောင်းများပါ တွေ့ရှိရဟုဆို ရန်ကုန်၊ ဖေဖော်ဝါရီ ၈ ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ နယ်ခြားစောင့်တပ်စခန်း ၂ ခုကို AA က သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက မထွက် ပြေးမီ စခန်းနှစ်ခုလုံးမှ လက်နက်များကို ARA နှင့် RSO အဖွဲ့များထံ ရောင်းစားခဲ့မှုကို စိစစ်တွေ့ရှိရကြောင်း AA က ယမန်နေ့ ပိုင်း သတင်းထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၄ ရက်နေ့မှစတင်၍ ဘင်္ဂလာ-ရက္ခိုင်နယ်စပ်၊ မောင်တောမြို့မြောက်ပိုင်းရှိ နယ်ခြားစောင့်တပ်စခန်း (တစ်နည်း) ဗျူဟာစခန်းနှစ်ခုဖြစ်သော တောင်ပြို (လက်ဝဲ- လက်ယာ) ဗျူဟာစခန်းတို့ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၄ ရက်နေ့ ညနေ ၆ နာရီခန့်အချိန် တောင်ပြို (လက်ယာ) ဗျူဟာစခန်း တစ်ခုလုံးကို သိမ်းယူနိုင်ခဲ့ကြောင်း ၊ နယ်ခြားစောင့်တပ်စခန်း တောင်ပြို (လက်ယာ) တွင် ရဲမှူး အောင်စည်သူအေး (နခခ-၂) နှင့် တောင်ပြို (လက်ဝဲ)စခန်း တွင် ဒု-ရဲမှူးကြီး ကျော်နိုင်စိုးတို့ ဦးစီးခဲ့ကြောင်း သိရှိရသည်။ AA က တောင်ပြို (လက်ယာ) ကို အပြီးသတ်သိမ်းပိုက်ခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၆ ရက်နေ့၊ ညနေပိုင်းတွင် တောင်ပြို (လက်ဝဲ) စခန်းကိုလည်...

ရှုပ်ထွေးပွေလီ_ရှမ်းတို့ပြည်_အပိုင်း၂

  #ရှုပ်ထွေးပွေလီ_ရှမ်းတို့ပြည်_အပိုင်း၂ ဘုရင့်နောင်မင်း မိုးမိတ်သျှမ်းပြည်မှ မိုးကောင်း၊ မိုးညှင်း သျှမ်းပြည်သို့ သားတော် ညီတော်တို့နှင့်အတူ ကိုယ်တိုင်ချီတက်သည်။ ဘုရင့်နောင်ချီတက်လာကြောင်း မိုးကောင်းစော်ဘွား စဝ်ဟွမ်မိုင်း(ၸဝ်ႈႁွၼ်မိူင်း)နှင့် မိုးညှင်းစော်ဘွား စဝ်လုံနွိုင့်(ၸဝ်ႈလူင်ၼွႆႉ)တို့သိရလျှင် နွယ်ပတ်ပုတော(်မှူးပတြှှပူှ၊်မှူး=Mountain,ပတျွှ=Amber,ပူှ=Grandfather) တွင် ခံတပ်တည်၍ ခံတပ်တည်၍ ခုခံရန် ပြင်ဆင်သည်။ ပြည်ဘုရင်ခံ၊ အင်းဝဘုရင်ခံနှင့် အိမ်ရှေ့မင်း(နန္ဒဘုရင်) တို့ ဦးဆောင်သည့် ဟံသာဝတီတပ်၏ တိုက်ခိုက်မှုကြောင့် မိုးကောင်းစော်ဘွား စဝ်ဟွမ်မိုင်း(ၸဝ်ႈႁွၼ်မိူင်း)နှင့် မိုးညှင်းစော်ဘွား စဝ်လုံနွိုင့် (ၸဝ်ႈလူင်ၼွႆႉ)တို့ တပ်ပျက်၍ ဆုတ်ခွာကြရသည်။ ဘုရင့်နောင်မင်း မိုးညှင်းသျှမ်းပြည်အတွင်းရှိ မိုင်းနောင်မြို့(မိူင်းၼွင်)တွင် တပ်ချနားနေပြီးနောက် မိုးညှင်းမြို့ကို ဝင်ရောက်သိမ်းပိုက်ရာ မိုးညှင်းစော်ဘွား စဝ်လုံနွိုင့်(ၸဝ်ႈလူင်ၼွႆႉ)မှာ မိုးကောင်းမြို့သို့ ခိုဝင်နေထိုင်သည်။ မိုးကောင်းစော်ဘွား စဝ်ဟွမ်မိုင်း(ၸဝ်ႈႁွၼ်မိူင်း) သည် အမတ်တို့၏ လျှောက်တင်ချက်အရ မိုးညှင်းစော်ဘွား စဝ်လုံနွိုင့်(ၸဝ်ႈလူင်...

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အကြောင်း တစေ့တစောင်း

  ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (၂၃ ဧပြီ ၁၉၉၂- ၃၀ မတ် ၂၀၁၁) အထိ ၁၉နှစ်တာကလ တိုင်းပြည်ကိုအုပ်ချုပ်ခဲ့တယ် ။ တိုင်းပြည်ကို တိုက်ရိုက်မိန့်ခွန်းတစ်ခါမှ ပြောမသွားခဲ့ဘူး ၊ အာဏာသိမ်းအစိုးရမို့ မပြောတာလဲမဟုတ်ဘူး ၊ အလုပ်ပဲ လုပ်သွားတယ် လေပြောလဲမကြီးဘူး ... Road map ၇ ချက်ဆိုပြီး ဆွဲပြီးတော့ ၊ ဗိုလ်ချုပ်ကြီးခင်ညွန့်က တိုင်းပြည်ကို မိန့်ခွန်းပြောဖို့ ဘရွှေဆီခွင့်ပြုမိန့်သွားတောင်းတယ် ၊ ဘရွှေက သတင်းစာကနေချပြလိုက်ရင်ရပြီ မလိုအပ်ဘူးဆိုလို့ ဦးခင်ညွန့်လဲ မပြောလိုက်ရဘူး ... ဘရွှေက အဂ္ဂမဟာဗျူဟာသမား စကားပြောနည်းပြီး အလုပ်များများလုပ်တယ် ၊ မြန်မာစကားပုံအရဆို လူသန်မပြောပေါ့ ... သူ့ရဲ့ တစ်နာရီကျော်ကြာတဲ့ အင်္ဂလိပ်လိုပြောတဲ့ မိန့်ခွန်းနားထောင်ဖူးတယ် အေးအေးဆေးဆေးပဲ ပြောနေတာ ဌာန်တွေမာန်တွေမပါဘူး ၊ အေးဆေးတဲ့ ဥာဏ်သမားစစ်စစ်ပဲ ... သူက အလုပ်လုပ်ဖို့ ရှင်းစရာရှိတာအရင်ရှင်းတယ် ၊ ကစားကွက်ဖော်တယ် တိုက်စစ်ဆင်တယ် ၊ နဝတ ၊ နယက ရဲ့ ကွင်းလည်ဗိုလ်ချုပ်က ဗိုလ်ချုပ်ကြီးခင်ညွန့်(Key Player) ၊ အထောင်တိုက်စစ်မှူး နောက်ချန်တိုက်စစ်မှူး ၊ နောက်တန်းဗဟိုခံစစ်မှူးနဲ့ ကွင်းလည်အဖျက်သမားတွေ အစရှိသဖြင့် မြိုင်မြိုင်ဆိုင်ဆိုင်ကြီး အထို...

ကျယ်ပြန့်လာသော ပြည်တွင်းစစ်၊ ကမ္ဘာ့ဘိန်းစိုက်ပျိုးထုတ်လုပ်မှု နံပါတ်တစ်ဖြစ်လာသည့် မြန်မာနိုင်ငံနှင့် မူးယစ်ဆေးပြဿနာ

    မြန်မာအပေါ် တရုတ်နှင့် အနောက်နိုင်ငံများက ဘယ်လိုမူဝါဒနှင့် ချဉ်းကပ်သင့်သလဲ လက်ရှိအချိန်တွင် မြန်မာအနေဖြင့် ယူကရိန်းကဲ့သို့  အမေရိကန်နှင့် အနောက်ဥရောပ ကျောထောက် နောက်ခံပေးထားသည့် နိုင်ငံမျိုးမဟုတ်ဘဲ ဘက်ပေါင်းစုံမှ ပိတ်ဆို့မှုဟန့်တားမှုနှင့် ဖိအားများကြောင့် အင်အားနည်းပါးနေသည်မှာ အမှန်ပင်ဖြစ်သည်။ ထိုအချိန်တွင် စူပါပါဝင်နိုင်ငံတစ်ခု၏ Proxy War ဆင်နွှဲခြင်းခံရမည်ဆိုပါက နိုင်ငံအနေဖြင့် ပြိုကွဲသွားနိုင်သည့် အန္တရာယ်နှင့် ကြုံတွေ့ရမည်ဖြစ်ပေသည်။ တစ်ဖက်တွင်လည်း အင်အားကြီးနိုင်ငံများအနေဖြင့် မြန်မာနိုင်ငံ၌ Proxy War ဖော်ဆောင်မည်ဆိုပါက မြန်မာနိုင်ငံမှ မည်သည့်အကျိုးအမြတ်မျှ ရရှိလိမ့်မည်မဟုတ်ပေ။ ဒီမိုကရေစီ လိုလားသော အနောက်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံကို အထီးကျန်စေပြီး ပိတ်ဆို့မှု အထပ်ထပ်ချမှတ်နေခြင်းထက် အမေရိကန်သမ္မတ အိုဘားမားလက်ထက်က မြန်မာနိုင်ငံအပေါ် ချဉ်းကပ်ခဲ့သည့် Carrot and Stick ပုံစံမျိုးဖြင့် အနာနှင့်ဆေး မှန်ကန်မှုရှိသည့်မူဝါဒမျိုးကို ကိုင်စွဲ၍ မြန်မာ့အရေးကို ချဉ်းကပ်လုပ်ဆောင်သင့်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများကလည်း ထောက်ပြကြသည်။ မ...

တရုတ်နိုင်ငံရဲ့ လွှမ်းမိုးလာမှုတွေကို တုန့်ပြန်နိုင်ဖို့ အာဆီယံနိုင်ငံတွေကို ဂျပန်ကူညီမည်

  တောင်တရုတ်ပင်လယ်လုံခြုံရေးကို မြှင့်တင်ဖို့အတွက် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီက အာဆီယံနိုင်ငံလေးနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်တို့ကို ၁၀ နှစ်ကြာရေကြောင်းလုံခြုံမှု အကူအညီပေးရန် ပြင်ဆင်နေကြောင်း မီဒီယာများက ဖော်ပြနေကြတယ်လို့ အာရ်အက်ဖ်အေက ဖေဖော်ဝါရီလ ၁၅ ရက်မှာ ရေးသားပါတယ်။ အဲဒီ ၄ နိုင်ငံတို့ဟာ လုံခြုံရေးအရ ဂျပန်အစိုးရရဲ့ ထိပ်တန်းဦးစားပေးများအဖြစ် သတ်မှတ်ခံထားရကြောင်း တိုကျို NHK ရုပ်သံလွှင့်ဌာနက ပြောပါတယ်။ ဂျက်ကာ JICA လို့ လူသိများတဲ့ ဂျပန်အကူအညီပေးရေး အေဂျင်စီရဲ့ အသေးစိတ်အစဉ်များဟာ ၂၀၂၅ခုနှစ် မတ်လအရောက် အကောင်အထည်ပေါ်လာနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ထောက်ပံ့ရေးအစီအစဉ်မှာ ဂျပန်နိုင်ငံက ဒရုန်းများ၊ ရေဒါစနစ်များနဲ့ ကင်းလှည့်သင်္ဘောများအပြင် လေးနိုင်ငံ တစ်ခုချင်းစီအတွက် အခြားစွမ်းရည်မြှင့်တင်ရေး အစီအမံများကို ပံ့ပိုးပေးဖို့ ရှိနေကြောင်း NHK က ဆိုပါတယ်။ ပြီးခဲ့တဲ့လ ဂျပန်အရာရှိများနဲ့ အထူးကျွမ်းကျင်သူတွေဟာ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားတို့မှာ လေ့လာမှုများနဲ့ မျက်မြင်ကွင်းဆင်း စစ်ဆေးမှုများကို ပြုလုပ်ခဲ့တယ်လို့ ယုံကြည်ရပ...

ဒေသကိုအခြေခံသည့် ဖက်ဒရယ် စနစ်ကိုသွားမည်ဟု မြန်မာစစ်ခေါင်းဆောင်ပြော

    မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံမည့် ပြည်ထောင်စုတည်ဆောက်ရာ၌ လူမျိုးကို အခြေမခံဘဲ ဒေသကိုအခြေခံသည့် စနစ်မျိုးဖြင့် အဓိကဆောင်ရွက်သွားမည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ပြောထားသည်။ ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရာတွင် ဦးဆောင်သူ၊ အကောင်အထည်ဖော်သူ၊ လိုက်နာကျင့်သုံးသူများအားလုံး တတ်သိပညာ၊ ပင်ကိုအရည်အသွေး၊ စဉ်းစားတွေးခေါ်မှုများ ပြည့်စုံရန်လိုအပ်ကြောင်း စစ်ခေါင်းဆောင်က ဆိုသည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်အာဏာသိမ်းလိုက်ချိန်မှစ၍ စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများကြား တိုက်ပွဲပြင်းထန်နေသည်မှာ ၃ နှစ်နီးပါး ကြာမြင့်လာပြီဖြစ်သည်။ အာဏာသိမ်းချိန်မှစပြီး စစ်ခေါင်းဆောင်သည် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ပေးမည်ဟု ထပ်ကာတလဲလဲ ပြောဆိုနေသော်လည်း မူဝါဒနှင့် လမ်းစဉ်များ မရှိသဖြင့် ပြည်သူများက အယုံအကြည် မရှိကြပေ။ “ဖက်ဒရယ်ဆိုတဲ့စကားလုံးကို စစ်ခေါင်းဆောင်က အမြဲတမ်းပြောသလို တော်လှန်ရေးအင်အားစုတွေ၊ NUG ကလ...

Click !