လူကိုယ်တိုင်တန်းစီ၍ ဗီဇာရက်ချိန်းရယူခြင်းစနစ်ကို ဖျက်သိမ်းကာ အွန်လိုင်းဖြင့်သာ ရက်ချိန်းရယူခြင်းကို ဆောင်ရွက်မည်ဟု ထိုင်းသံရုံး ကြေညာ
လူကိုယ်တိုင်တန်းစီ၍ ဗီဇာရက်ချိန်းရယူခြင်းကို ဖျက်သိမ်းကာ
အွန်လိုင်းဖြင့်သာ ရက်ချိန်းရယူခြင်းကို ဆောင်ရွက်မည်ဖြစ်ကြောင်း
မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးက ယနေ့ (ဖေဖော်ဝါရီ ၂ဝ ရက်) တွင် အသိပေး
ထုတ်ပြန်ထားသည်။
သံရုံးရှေ့တွင် ဗီဇာရက်ချိန်းယူရယူခြင်းစနစ်ကို ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း ထိုင်းသံရုံးက ဆိုသည်။
ထို့ကြောင့် ထိုင်းသံရုံး၏ website https://thaiconsularyangon.com/visa/
မှ VABO စနစ် ကိုအသုံးပြု၍ အွန်လိုင်းမှတဆင့် တစ်ရက်လျှင် တိုကင် (၄၀၀)
နှုန်းဖြင့် ကြိုတင်လျှောက်ထားခြင်းအား လက်ခံပေးမည်ဖြစ် ကြောင်း သိရသည်။
အဆိုပါစနစ်ဖြင့် ရက်ချိန်းတစ်ခုကြိုတင်မှာယူသည့်အခါ လျှောက်ထားသူသည် Email
Address ၊ နိုင်ငံကူး လက်မှတ်တွင် ပါရှိသည့် နာမည်နှင့် ပတ်စပို့နံပါတ်ကို
တိကျစွာ စစ်ဆေးရမည်ဖြစ်ပြီး တိုကင်ရယူပြီးသောအခါ ဓာတ်ပုံရိုက်ခြင်း
(သို့မဟုတ်) Website မှ အတည်ပြုပေးသော တိုကင်စာမျက်နှာ (သို့မဟုတ်) စနစ်မှ
ပေးပို့သည့် တိုကင်အတည်ပြုအီးမေးလ် ကို
ထိုင်းသံရုံးကောင်စစ်ဌာနသို့ပြသနိုင်ရန် Print ထုတ်ရမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပတ်စပို့နံပါတ်တစ်ခုအတွက် တစ်ကြိမ်သာ လျှောက်ထား နိုင်ပြီး
တခြားသူထံသို့လွှဲပြောင်း အသုံးပြုခြင်း ပြုလုပ်နိုင်မည်မဟုတ်ကြောင်း
အဆိုပါသံရုံးက ဆိုသည်။
အဆိုပါ VABO စနစ်အသုံးပြုသူအများအပြားရှိနေသည့်အတွက် လူအများတပြိုင်နက်တည်း
၀င်ရောက် လျှောက်ထားရန်မဖြစ်နိုင်သောကြောင့် ကြိုတင်စာရင်းပေးလိုသူများသည်
စနစ်ပြန်လည်အသုံးပြုနိုင်ရန် အချိန် အနည်းငယ်စောင့်ဆိုင်းပြီးမှသာ
နောက်တစ်ကြိမ်ပြန်လည်ဝင်ရောက်လျှောက်ထားနိုင်မည်ဖြစ်သည်။
ပြီးခဲ့သောရက်ပိုင်းအတွင်းတွင် ထိုင်းသံရုံး၌ ဗီဇာလျှောက်ထားရန်
မြန်မာနိုင်ငံသား အများအပြားတန်းစီ စောင့်ဆိုင်းမှုရှိခဲ့ပြီး
ထိုင်းသံရုံးအနေဖြင့်လည်း တိုကင်ပေးသည့်စနစ်ကို မကြာခဏဆိုသကဲ့သို့
အပြောင်းအလဲ ပြုလုပ်ခဲ့သည်ကိုလည်းတွေ့ရှိရသည်။