Skip to main content

Continue !

ကိုးကန့် BGF သို့မဟုတ် မြန်မာစစ်အုပ်စုနင့် ဆက်နွယ်နေသော ရာဇဝတ်မဟာမိတ်

 


၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံ အုပ်ချုပ်ရေးမြို့တော် နေပြည်တော်တွင် ခမ်းနားသော အခမ်းအနားတခု ကျင်းပသောအခါ နိုင်ငံ၏ စစ်အုပ်စုအကြီးအကဲနှင့် လွန်ခဲ့သောနှစ်က အာဏာသိမ်း ခေါင်းဆောင်က “နိုင်ငံတိုးတက်ရေး” ထူးထူးခြားခြား စွမ်းဆောင်ပေးသူများကိုပေးသည့် အမြင့်ဆုံးဆုကို နိုင်ငံတကာတွင် မထင်ရှားသည့် လုပ်ငန်းရှင်တဦးဖြစ်သော လျူကျန်ရှောင်ကို ပေးအပ်သည်။

တရုတ်နယ်စပ်အနီး တစိတ်တပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ အဓိက ခေါင်းဆောင်တဦးဖြစ်သူ လျူသည် သူ၏ မြေအောက်လောကမှ အဆက်အသွယ်များကို အသုံးချက စစ်ကောင်စီအတွက် ငွေကြေးထောက်ပံ့ခဲ့သည်မှာ သေချာသည်။

သို့သော် သူ၏ အကြီးမားဆုံး အကျိုးပြုမှုသည် အာဏာမသိမ်းမီက အစီအစဉ်များမှ အဓိကလာခြင်းဖြစ်သည်။ လျူသည် ကိုးကန့်ခရိုင်တွင် စစ်အုပ်စုက ကမကထပြုသည့် နယ်ခြားစောင့်တပ် (BGF) ကို တည်ထောင်သူ ဖြစ်သည်။

ယနေ့တွင် မြန်မာစစ်ကောင်စီသည် တနိုင်ငံလုံး လက်နက်ကိုင် ပုန်ကန်မှုကြောင့် လှုပ်ခါနေချိန်တွင် နယ်ခြားစောင့်တပ်များသည် စစ်အုပ်စု၏ ပုန်ကန်မှုနှိမ်နင်းရေး သေနင်္ဂဗျူဟာတွင် အရေးပါသော အခန်းမှ ပါဝင်သည်။

ယနေ့တွင် မြန်မာစစ်ကောင်စီသည် တနိုင်ငံလုံး လက်နက်ကိုင် ပုန်ကန်မှုကြောင့် လှုပ်ခါနေချိန်တွင် နယ်ခြားစောင့်တပ်များသည် စစ်အုပ်စု၏ ပုန်ကန်မှုနှိမ်နင်းရေး သေနင်္ဂဗျူဟာတွင် အရေးပါသော အခန်းမှ ပါဝင်သည်။

ယခုအခါ စစ်အုပ်စု၏ ကွပ်ကဲမှုအောက်သို့ ရောက်သွားပြီဖြစ်သည့် ယခင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော BGF သည် မြန်မာမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ထိန်းချုပ်ထားသည့် ဒေသများနှင့် နီးကပ်သောနေရာဖြစ်သည့် တရုတ်နှင့် ထိုင်းနယ်စပ်တလျှောက် ဒေသများတွင် လှုပ်ရှားနေသည်။

ပုန်ကန်မှုများကို နှိမ်နင်းရန် ဗိုလ်ချုပ်များ၏ အကြံအစည်အတွက် အဓိကကျသော BGF များသည် အရေးပါသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို ဆန့်ကျင်သည့် တိုးချဲ့အင်အားများအဖြစ် ထမ်းဆောင်ကြပြီး စစ်မြေပြင်ထောက်လှမ်းရေး သတင်းပေးခြင်း၊ သယ်ယူပို့ဆောင်ရေး အထောက်အကူပေးခြင်းနှင့် တပ်အင်အားပေးခြင်းပင် ပြုလုပ်ကြသည်။

ထို့အပြင် BGF များ၏ နယ်စပ်ဖြတ်ကျော် တရုတ်နှင့် ထိုင်း အဆက်အသွယ်များသည်လည်း စစ်ကောင်စီ ဝါဒဖြန့်ချိမှုများကို နိုင်ငံတကာသိအောင် လုပ်ရာတွင် အထောက်အကူပြုပြီး စစ်ကောင်စီနှင့် အိမ်နီးချင်းများအကြား ဆက်ဆံရေး ပိုမိုကောင်းမွန်စေသည်။

ဗိုလ်ချုပ်များကို ၎င်းတို့ပေးသော အကူအညီများအတွက် BGF ခေါင်းဆောင်များသည် တရားမဝင် စီးပွားရေး လုပ်ငန်းများ လွတ်လပ်စွာ လုပ်ကိုင်ခွင့်ရပြီး နိုင်ငံတဝှမ်း လုပ်ငန်းစုများ ထူထောင်ထားသည့် စစ်တပ်ထိန်းချုပ်ထားသော စီးပွားရေးတွင်လည်း အထူးပါဝင်ခွင့်ရသည်။ ထိုလုပ်ငန်းများသည် အာဏာသိမ်းစစ်ကောင်စီကို ငွေကြေးအမြောက်အများကို ရှာဖွေပေးသည်။

တရုတ်နယ်စပ် BGF များအနက် ကိုးကန့်နယ်ခြားစောင့်တပ်သည် ကိုးကန့်အထူးအုပ်ချုပ်ခွင့်ရဒေသကို ထိန်းချုပ်ထားသောကြောင့် စစ်ကောင်စီအတွက် အရေးပါသည်။ ထိုဒေသသည် တရုတ်နိုင်ငံ၏ အရေးအပါဆုံးသော ကုန်သွယ်ရေးစင်္ကြံများအနက် တခုဖြစ်သည့် ယူနန်ပြည်နယ်ထဲသို့ မြားဦးသဖွယ် ဝင်ရောက်နေသည်။

၎င်းတို့သည် တရုတ်ရာဇဝတ် မြေအောက်လောကနှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ပြီး မူးယစ်ဆေး မှောင်ခိုခြင်းနှင့် အွန်လိုင်းလောင်းကစားခြင်းတွင် အကြီးအကျယ် ပါဝင်ပတ်သက်နေသော်လည်း ဒေသဆိုင်ရာ တရုတ်ကွန်မြူနစ်ပါတီ အရာရှိများနှင့် နီးကပ်သော ဆက်ဆံရေးကို ထိန်းသိမ်းထားသည်။

၎င်းတို့သည် တရုတ်ရာဇဝတ် မြေအောက်လောကနှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ပြီး မူးယစ်ဆေး မှောင်ခိုခြင်းနှင့် အွန်လိုင်းလောင်းကစားခြင်းတွင် အကြီးအကျယ် ပါဝင်ပတ်သက်နေသော်လည်း ဒေသဆိုင်ရာ တရုတ်ကွန်မြူနစ်ပါတီ အရာရှိများနှင့် နီးကပ်သော ဆက်ဆံရေးကို ထိန်းသိမ်းထားသည်။

ထိုင်းနယ်စပ်တွင် ကရင် BGF သည် အဓိကအဖွဲ့အစည်းဖြစ်ပြီး ထိုင်းနိုင်ငံသို့ အရေးပါသည့် သယ်ယူပို့ဆောင်ရေး စင်္ကြံကို ထိန်းချုပ်ထားသည်။ ၂၀၁၆ ခုနှစ်မှစတင်ပြီး ကရင် BGF သည် အမည်ဆိုးကျော်ကြားလှသည့် တရုတ်ရာဇဝတ်ကွန်ရက်နှင့် မဟာမိတ်ဖွဲ့ကာ အရွယ်အစားနှင့် သြဇာအရ သိသိသာသာ တိုးချဲ့လာပြီး ၎င်းတို့၏ ဌာနချုပ်ကို ဒေသတွင်း ရာဇဝတ်မှု အချက်အခြာဒေသအဖြစ် ပြောင်းလဲလာသည်။

BGF များသည် မြန်မာမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများလောက် လူသိများခြင်း မရှိသော်လည်း အာဏာသိမ်းစစ်ကောင်စီသို့ ၎င်းတို့၏ အကျိုးပြုမှုများကို နားလည်ခြင်းသည် နိုင်ငံကို ထိန်းချုပ်ရန် စစ်ကောင်စီ၏ အကြမ်းဖက် စစ်ဆင်ရေးကို အကဲဖြတ်ရာတွင် အရေးပါသည်။

မင်းအောင်လှိုင်၏ တရုတ်နယ်စပ်မှ မဟာမိတ် ကိုးကန့် BGF မိသားစုများ

မြန်မာမှ BGF အများစုကို တိုင်းရင်းသားလက်နက်ကိုင်များ ငြိမ်သက်သွားစေရန် ၂၀၀၀ ပြည့်နှစ်များ နှောင်းပိုင်းတွင် ဖွဲ့စည်းသည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် ရာဇဝတ်မကင်းသည့် ကြီးမားသော စီးပွားရေး အင်ပါယာများ ထူထောင်ခွင့်ရရေး စစ်အုပ်စု၏ ထိန်းချုပ်မှုအောက်တွင် ရှိရမည်ဟု စစ်အုပ်စုက တောင်းဆိုသည်။

                                            
အာဏာသိမ်းစစ်ခေါင်းဆောင်က လျူကျန်ရှောင်ကို အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဘွဲ့ ချီးမြှင့်စဉ်

ကိုးကန့် BGF ကို ထူထောင်သူများအနက် တဦးဖြစ်သော လျူကျန်ရှောင် (လီကျိန်းချန်) သည် Fully Light ကုမ္ပဏီ၏ ဥက္ကဋ္ဌအဖြစ် လူသိများသည်။ ထိုကုမ္ပဏီသည် ဒေါ်လာသန်း ဘီလီယံပေါင်းများစွာတန်သည့် စီးပွားရေးလုပ်ငန်းစုနှင့် တရုတ်နိုင်ငံမှ တရားမဝင် အွန်လိုင်းလောင်းကစား လုပ်ငန်းများတွင် အဓိကကျသော လုပ်ငန်းတခုဖြစ်သည်။

ထိုကုမ္ပဏီသည် ကြီးမားသော ကာစီနိုလောင်းကစား လုပ်ငန်းများ၊ ဟိုတယ်များ၊ ကြီးမားသော အွန်လိုင်းလောင်းကစား လုပ်ငန်းများကို ကိုးကန့်၊ ကရင်ပြည်နယ်နှင့် ကမ္ဘောဒီးယားနိုင်ငံရှိ စီဟန်နောက်ဗီးလ် တို့တွင် လုပ်ကိုင်နေသည်။

ကိုးကန့် BGF နှင့် ပတ်သက်သည့် လုပ်ငန်းစုကြီး ၄ ခုအနက်တခုဖြစ်သည့် Fully Light သည် ၂၀၀၉ ခုနှစ်တွင် ကိုးကန့် BGF ကို တည်ထောင်ချိန်မှ စတင်ပြီး မြန်မာနိုင်ငံတဝှမ်းတွင် လုပ်ငန်းခွဲပေါင်း ၃၀ ကျော် ထူထောင်သည်။

ကိုးကန့် BGF နှင့် ပတ်သက်သည့် လုပ်ငန်းစုကြီး ၄ ခုအနက်တခုဖြစ်သည့် Fully Light သည် ၂၀၀၉ ခုနှစ်တွင် ကိုးကန့် BGF ကို တည်ထောင်ချိန်မှ စတင်ပြီး မြန်မာနိုင်ငံတဝှမ်းတွင် လုပ်ငန်းခွဲပေါင်း ၃၀ ကျော် ထူထောင်သည်။

အဓိက ရင်းနှီးမြှုပ်နှံမှုများတွင် တရုတ်နိုင်ငံ ကျန်ကန်းခရိုင်မှ ကျောက်စိမ်းစက်ရုံနှင့် ရောင်းဝယ်ရေး လုပ်ငန်းဖြစ်သည့် ရွေရှောင် ကုန်သွယ်ရေးလီမိတက်တွင် အမေရိကန် ဒေါ်လာ ၁ ဒသမ ၆ သန်း ရင်းနှီးမြှုပ်နှံခြင်းအပါအဝင် အိမ်နီးချင်း ကချင်ပြည်နယ်မှ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်း ၂ ခု၊ စစ်ကိုင်းတိုင်းတွင် ကျောက်မီးသွေးမိုင်းတခု၊ မန္တလေးတွင် ဒေါ်လာ ၁ ဘီလီယံကုန်ကျပြီး ဝါရှင်တန် ဒီစီထက် ကျယ်သော မြို့သစ်စီမံကိန်း၊ လားရှိုးအနီးတွင် စတုရန်း ကီလိုမီတာ ၂၀ ကျော်သော ကြံစိုက်ခင်း၊ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးကို အထူးပြုသော ထုတ်ကုန်သွင်းကုန် ကုမ္ပဏီ အများအပြား၊ အထူးသဖြင့် Fully Light က လက်ဝါးကြီးအုပ်ထားသည့် သကြားကုန်သွယ်မှုလုပ်ငန်းတို့ ပါဝင်သည်။

                             
                       လောက်ကိုင်မြို့တွင်း ကင်းလှည့်နေသော မြန်မာစစ်သားများ

ဒီမိုကရေစီအစိုးရကို လွန်ခဲ့သောနှစ်က ဖြုတ်ချခဲ့သည့် အာဏာသိမ်းခေါင်းဆောင်ထံမှ ဆုကို လျူမည်သို့ ရယူခဲ့သနည်း။ တရုတ် မီဒီယာသတင်းများအရ လျူသည် ဗိုလ်ချုပ်များအလိုကျ ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒကို ကိုယ်စားပြုသည့် အထိမ်းအမှတ်များ ဆောက်လုပ်ရန် နိုင်ငံတဝှမ်းမှ ရှေးရိုးစဉ်လာ ဗုဒ္ဓဘာသာ ဖောင်ဒေးရှင်းများသို့ ကျပ်ငွေ ၁ ဒသမ ၈၅ သန်း (ဒေါ်လာ ၁ သန်း) လှူကြောင်း သိရသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ ကိုဗစ်နိုင်တင်း တုံ့ပြန်မှုများ၊ အများပြည်သူနှင့် ပတ်သက်သည့် စီမံကိန်းများနှင့် အများပြည်သူအုပ်ချုပ်ရေး တိုးတက်မှုများအတွက်လည်း လျူ၏ Fully Light ကုမ္ပဏီသည် အကြိမ်ကြိမ်လှူသည်။

လျူမိသားစုသည် စစ်ကောင်စီနှင့် အနီးကပ်ဆုံး ဆက်ဆံရေး တည်ဆောက်ထားသကဲ့သို့ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ခေါင်းဆောင်မှုတွင် ပါဝင်သည့် အခြားဆွေမျိုးစု ၃ စုမှ ခေါင်းဆောင်များဖြစ်သည့် ဘိုင်၊ ဝေ နှင့် လီ တို့ကလည်း စစ်ကောင်စီသို့ အလားတူ လှူသည်‌။

ငွေကြေးထောက်ပံ့ခြင်းအပြင် ကိုးကန့် BGF သည် စစ်ကောင်စီကို အခြားနည်းမျိုးစုံဖြင့်လည်း ကူညီသည်။

နည်းဗျူဟာဆိုင်ရာ အကူအညီ။ ။ အာဏာသိမ်းပြီးနောက် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခေါင်းဆောင်ပိုင်းက အကြမ်းဖက်မှု တိုက်ဖျက်ရေးဟု ၎င်းတို့ခေါ်သည့် ကိစ္စများတွင် ကိုးကန့်ရဲအဖွဲ့အား ပါဝင်လုပ်ဆောင်စေပြီး မြန်မာရဲတပ်ဖွဲ့ကို ကူညီကာ စစ်အုပ်ချုပ်ရေးအပေါ် လူထုဆန့်ကျင်မှု ပုံစံအားလုံးကို ဖြိုခွဲသည်။ ကိုးကန့်နယ်ခြားစောင့်ရဲသည် ထိုလုပ်ငန်းများကို ကိုးကန့်ရုပ်သံတွင် လူသိရှင်ကြား ထုတ်ပြန်ကြေညာသည်။

ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခေါင်းဆောင်ပိုင်းသည် စစ်ကောင်စီ၏ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) တွင်လည်း ရာထူးများ ယူထားပြီး အမျိုးသားနှင့် ရှမ်းပြည်နယ် လွှတ်တော်များတွင် ပါတီကို ကိုယ်စားပြုသည်။

နိုင်ငံရေးအရ ထောက်ခံမှု။ ။ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခေါင်းဆောင်ပိုင်းသည် စစ်ကောင်စီ၏ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) တွင်လည်း ရာထူးများ ယူထားပြီး အမျိုးသားနှင့် ရှမ်းပြည်နယ် လွှတ်တော်များတွင် ပါတီကို ကိုယ်စားပြုသည်။ ကိုးကန့် USDP ရုံးခွဲသည် ၂၀၂၃ ခုနှစ်တွင် စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲကို ထောက်ခံပြီး တရုတ်-မြန်မာနယ်စပ်တွင် စစ်ကောင်စီ ထောက်ခံရေး ချီတက်ပွဲပင် ပြုလုပ်သည်။ ထိုလုပ်ရပ်များအားလုံးကို တရုတ်နိုင်ငံ၏ WeChat တွင် ချဲ့ကားပြီး တရုတ်နိုင်ငံမှ သဘောထားအမြင်များကို လွှမ်းမိုးရန် လုပ်ဆောင်သည်။

တရုတ်နှင့် စီးပွားရေး အဆက်အသွယ်။ ။ ကိုးကန့် BGF ခေါင်းဆောင်များသည် ယူနန်ပြည်နယ်တွင် ခိုင်မာသော ဆက်ဆံရေး ထိန်းသိမ်းထားသည်။ အထူးသဖြင့် ကျန်ကန်းမြို့နယ်၊ လင်ချန်မြို့မှ ဒေသဆိုင်ရာနှင့် ယူနန်ပြည်အနယ် အစိုးရအတွင်းမှ အရာရှိများနှင့် ခိုင်မာသော ဆက်ဆံရေး ထိန်းသိမ်းထားပြီး ၎င်းတို့၏ စီးပွားရေးများသည် ထိုဆက်ဆံရေးများကို အကောင်းဆုံးအသုံးချကာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီအတွက် အထောက်အကူဖြစ်စေမည့် စီးပွားရေးအစီအစဉ်များကို လုပ်ဆောင်သည်။

ဥပမောအားဖြင့် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ လီကျန်ဖူနှင့် ကောင်စီဝင် ဘိုင် ယင်နန်တို့သည် အရေးပါလှသော တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ပြန်လည် ဖွင့်ပေးရေးအတွက် လင်ချန်မြို့မှမှ အရာရှိများနှင့် ၂၀၂၁ ခုနှစ်တခုလုံး အကြိမ်ကြိမ် တွေ့ဆုံသည်။

ကိုးကန့် BGF သည် နောင်တွင် တရုတ် ကုန်သွယ်ရေး လိုအပ်ချက်များကို ဖြည့်ဆည်းရန် နယ်စပ်ဖြတ်ကျော် ကျန်းမာရေးဌာနတခု တည်ဆောက်ရေး အဆင်ပြေအောင် လုပ်ဆောင်ပေးခဲ့ပြီး ၂၀၂၁ ခုနှစ်၊ သြဂုတ်လက အွန်လိုင်း ဗီဒီယိုမှတဆင့် ကျင်းပသည့် တရုတ်-မြန်မာ ကုန်စည်ပြပွဲနှင့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း RCEP အစည်းအဝေး ကျင်းပရေးတို့တွင် အရေးပါသောအခန်းမှ ပါဝင်သည်။

                           ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက လောက်ကိုင်မြို့

ကိုးကန့်အထက်လွှာများသည် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ တည်ဆောက်ရေးကိုလည်း အကြီးအကျယ် ထောက်ခံကြပြီး ကျောက်ဖြူမှ တရုတ်-မြန်မာပိုက်လိုင်း စီမံကိန်းနှင့် ဆက်စပ်နေသည့် LNG အဆောက်အအုံ တိုးချဲ့ရေးအတွက် ရင်းနှီးမြှုပ်နှံမှု အစီအစဉ်တခုကိုလည်း လုပ်ကိုင်ကြသည်။

ကိုးကန့် အထူးအုပ်ချုပ်ခွင့်ရဇုန် ခေါင်းဆောင်များ မည်သည့်အတွက် မင်းအောင်လှိုင်ကို ကူညီသနည်း

ထိုအဖြေကို ၂၀၀၉ ခုနှစ်က ကိုးကန့်အထူးအုပ်ချုပ်ခွင့်ရဇုန်နှင့် BGF ကို ထူထောင်သည့် မူလရင်းမြစ်တွင် တွေ့နိုင်သည်။ ထိုစဉ်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခေါင်းဆောင်သည့် စစ်ဆင်ရေးတခုသည် ၂၀၀၉ ခုနှစ်တွင် BGF လုပ်ရန် ငြင်းဆန်သည့် ကိုးကန့်တပ်မတော် (မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်-MNDAA) ကို ချေမှုန်းလိုက်သည်။

ထိုစစ်ပွဲအပြီးတွင် MNDAA ဒုတိယ စစ်ဦးစီးချုပ်ဟောင်း ဘိုင် ဆိုချန် ဦးဆောင်သည့် ကိုးကန့်ဆွေမျိုးစု ၄ စု စစ်အုပ်စုဘက်သို့ ဘက်ပြောင်းသွားကြပြီး ကိုးကန့်ကို အုပ်ချုပ်ခွင့် ရရေးအတွက် စစ်အုပ်စု၏ ထိန်းချုပ်မှုအောက်မှ ပြည်သူ့စစ်များလုပ်ရန် သဘောတူကြသည်။ ဆန့်ကျင်ဘက် ဖြစ်နေသည်မှာ မြန်မာစစ်တပ်သည် ထိုစဉ်က MNDAA ကို တိုက်ခိုက်ခြင်းသည် မူးယစ်မှောင်ခိုမှု တိုက်ဖျက်ရန် ဖြစ်သည်ဟု ဆိုသော်လည်း ကိုးကန့် BGF ကို ၎င်းတို့ စိတ်တိုင်းကျ တရားမဝင်လုပ်ငန်းများ လုပ်ကိုင်ခွင့် ပေးခဲ့သည်။

ကိုးကန့် ရာဇဝတ်ကောင်များ

တရုတ်တရားရုံးအမှုများသည် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဇုန်မှတဆင့် ပြုလုပ်သည့် များပြားလှသော မူးယစ်မှောင်ခိုမှုများနှင့် ထိုအမှုများတွင် ဇုန်အတွင်းမှ ထိပ်တန်းစီးပွားရေး လုပ်ငန်းများ ပါဝင်ပတ်သက်သည့် ကျယ်ပြန့်သော အထောက်အထားများ ရှိနေသည့်တချိန်တည်းတွင် ကိုးကန့်စီးပွားရေး၏ အခြေခံမှာ တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားသည့် တရားမဝင် လောင်းကစားလုပ်ငန်း ဖြစ်နေသည်မှာ ကြာပြီဖြစ်သည်။

နယ်စပ်ဖြတ်ကျော် လောင်းကစားလုပ်ငန်းတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားများသည် တရုတ် တရားဥပဒေ စိုးမိုးရေး၏ ဖြိုခွင်းမှုကို ခံကြရသည်။ အထူးသဖြင့် ၂၀၁၉ ခုနှစ် နောက်ပိုင်းတွင် စတင်သည့် ပြင်းထန်သော ဖြိုခွဲမှုများနောက်တွင် အရေးယူခံကြရသည်။

သို့သော် မြန်မာနိုင်ငံတွင်း သက်ရောက်မှုမှာ ကိုးကန့်ခေါင်းဆောင်များ ပိုင်ဆိုင်သည့် ကာစီနိုလုပ်ငန်းများသည် ပိုမို၍ပင် သြဇာကြီးမားလာခြင်း ဖြစ်သည်။ ကာစီနိုလုပ်ငန်း လုပ်ကိုင်သူများတွင် လျူ ဆွေမျိုးစုပိုင်သည့် Fully Light ၊ ဝေ ဆွေမျိုးစုပိုင်သည့် ဟန်လေ ကာစီနို၊ ဘိုင် ဆွေမျိုးစုပိုင်သည့် ဘိုင်ရှန်း ကာစီနိုတို့ ပါဝင်သည်။

ကိုးကန့်၊ ကမ္ဘောဒီးယားနိုင်ငံရှိ ဆီဟာနုဗီးလ်နှင့် ကရင် BGF ထိန်းချုပ်သည့် ကရင်ပြည်နယ်မှ Fully Light ပိုင် ကာစီနိုရုံများသည် ထိုသို့သော သက်ရောက်မှုများကို ပြသနေသည်။ ထိုကုမ္ပဏီများက တရုတ်အင်တာနက်၊ လူမှုကွန်ရက်နှင့် ဘဏ်စနစ်များ အသုံးပြုခြင်းကို တရုတ်နိုင်ငံ၏ ဖြိုခွဲမှုများက တားဆီးနိုင်ခြင်း မရှိပေ။

ကိုးကန့်၊ ကမ္ဘောဒီးယားနိုင်ငံရှိ ဆီဟာနုဗီးလ်နှင့် ကရင် BGF ထိန်းချုပ်သည့် ကရင်ပြည်နယ်မှ Fully Light ပိုင် ကာစီနိုရုံများသည် ထိုသို့သော သက်ရောက်မှုများကို ပြသနေသည်။ ထိုကုမ္ပဏီများက တရုတ်အင်တာနက်၊ လူမှုကွန်ရက်နှင့် ဘဏ်စနစ်များ အသုံးပြုခြင်းကို တရုတ်နိုင်ငံ၏ ဖြိုခွဲမှုများက တားဆီးနိုင်ခြင်း မရှိပေ။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ အစောပိုင်းမှ စတင်ပြီး Fully Light ၏ GoBo East Casino သည် အွန်လိုင်းတွင် ဆက်လက် လုပ်ကိုင်နေပြီး လောင်းကစားသမားများ အနေဖြင့် တရုတ်နိုင်ငံ၏ Unipay ကို အသုံးပြုခွင့်ပေးသည်။ GoBo East သည် ကွေ့ကျိုးနှင့် ရှန်ရှီပြည်နယ်များမှ တရုတ်လူဆိုးဂိုဏ်းခေါင်းဆောင် အများအပြားကို စီရင်သည့် အမှုများတွင် ပါဝင်ပတ်သက်ကြောင်း ပြသနေပြီး ဆက်လက်လည်း လုပ်ကိုင်နေသည်။

                         ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက လောက်ကိုင်မြို့

ဖေဖော်ဝါရီလ အစောပိုင်းတွင် တရုတ်နိုင်ငံ မီဒီယာများက ထိုတရားမဝင် လုပ်ငန်းများ၏ ပိုမိုဆိုးရွားသော အခြေအနေများကိုပင် ဖွင့်ချလိုက်ပြီး ကိုးကန့်နှင့် တရုတ်လူဆိုးဂိုဏ်းများသည် တရုတ်အမျိုးသားများကို ကိုးကန့်သို့ သွေးဆောင်ကာ ပိတ်လှောင်ထားရန် ရည်ရွယ်သည့် Tik Tok အကောင့်များကို ပူးတွဲတည်ထောင်သည်ဟု ဖော်ပြခဲ့သည်။

မြင့်မားသောလစာနှင့် ချောမောလှပသည့် ကိုးကန့် အမျိုးသား၊ အမျိုးသမီးများနှင့် အိမ်ထောင်ချပေးမည်ဟု ကတိပြုသောကြောင့် တရုတ်နိုင်ငံသား ရာပေါင်းများစွာသည် ကိုးကန့်ရှိ BGF ကာစီနိုလုပ်ငန်းများမှ ထိုအလုပ်များကို လုပ်ကိုင်ရန် လိမ်လည်ခံကြရသည်။ ထိုသူများကို ခြိမ်းခြောက်ငွေဖြင့် ပြန်လည်ရွေးယူခိုင်းခြင်း သို့မဟုတ် ကမ္ဘောဒီးယားရှိ ရာဇဝတ်ဂိုဏ်းများသို့ ရောင်းစားခြင်းများ ပြုလုပ်ခဲ့ကြသည်။

တရုတ်အမျိုးသားလုံခြုံရေးကို ထိပါး

ကိုးကန့် BGF ဆွေမျိုးစုများ၏ လှုပ်ရှားမှုများသည် တရုတ်နိုင်ငံအတွက် ကသိကအောက် အနေအထားကို ဖြစ်စေသည်။

တဘက်တွင် ၎င်းတို့သည် ကိုဗစ်နိုင်တင်းတုံ့ပြန်ရေး၊ နယ်စပ်ကုန်သွယ်ရေး ပြန်လည်ဖွင့်လှစ်ရေးနှင့် အာဏာသိမ်းပြီးနောက် မြန်မာစစ်ကောင်စီနှင့် စီးပွားရေး အစီအစဉ်သစ်များ စတင်ရန် တရုတ်အစိုးရ အရာရှိများနှင့် ပူးပေါင်းဆောင်ရွက်နေကြသည်။

အခြားတဘက်တွင်မူ ထိုမိသားစုများသည် ပြည်မကြီးမှ တရုတ်နိုင်ငံသားများကို သားကောင်အဖြစ် သဘောထားသည့် ဒေါ်လာသန်း ဘီလီယံချီသော ရာဇဝတ်မှု ကွန်ရက်တွင် ဂိုဏ်းချုပ်များ ဖြစ်နေကြသည်။ ထိုသို့ လုပ်ဆောင်ခြင်းကြောင့် တရုတ်နိုင်ငံတဝှမ်းတွင် ဖြိုခွဲနေသည့် နယ်စပ်ဖြတ်ကျော် လောင်းကစားမှုနှင့် လိမ်လည်မှု တိုက်ဖျက်ရေးကို ထိခိုက်စေပြီး ပြည်ပရောက် တရုတ်နိုင်ငံသားများကို ကာကွယ်ရန် တရုတ်နိုင်ငံ၏ အားထုတ်မှုများကို လှောင်ပြောင်လိုက်ရာလည်း ရောက်နေသည်။

ရာဇဝတ်မှုများကို ပြတ်သားသည့် ရပ်တည်မှု ချမှတ်ထားသော်လည်း တရုတ်အစိုးရသည် စစ်ကောင်စီကို ထောက်ခံရန်နှင့် မြန်မာနိုင်ငံတွင် တရုတ်၏ အဆက်အသွယ်ထူထောင်ရေး ရင်းမြစ်များကို နေရာချသည့် နည်းလမ်းတခုအဖြစ် အခြားနည်းလမ်းကို ရှုမြင်နေပါသလား

ထိုအခြေအနေကြောင့် အရေးပါသော မေးခွန်းတခု ပေါ်ပေါက်လာသည်။ ရာဇဝတ်မှုများကို ပြတ်သားသည့် ရပ်တည်မှု ချမှတ်ထားသော်လည်း တရုတ်အစိုးရသည် စစ်ကောင်စီကို ထောက်ခံရန်နှင့် မြန်မာနိုင်ငံတွင် တရုတ်၏ အဆက်အသွယ်ထူထောင်ရေး ရင်းမြစ်များကို နေရာချသည့် နည်းလမ်းတခုအဖြစ် အခြားနည်းလမ်းကို ရှုမြင်နေပါသလားဆိုသည့် မေးခွန်းပင်ဖြစ်သည်။

ယခု ထင်ရှားလာသော အချက်တခုမှာ ကိုးကန့်BGF သည် မြန်မာစစ်အုပ်စု၏ ဒီမိုကရေစီကို တိုက်ခိုက်မှုတွင် ပြတ်ပြတ်သားသား အကျိုးခံစားရသူများ ဖြစ်သည်ဆိုသည့် အချက်ပင်ဖြစ်သည်။

(United States Institute of Peace တွင် ဖော်ပြထားသော Priscilla A. Clapp နှင့် Jason Tower တို့၏ The Myanmar Army’s Criminal Alliance ကို ဘာသာပြန်ဆိုသည်။)

Hi !

!

Popular posts from this blog

ဝေဝါးမှုတွေနဲ့အတူ မသေချာ မရေရာမှုများနဲ့ မြန်မာပြည်..။

  ဝါရင့်သတင်းစာဆရာကြီး လာရီယာဂန်က စစ်အာဏာသိမ်းမှု သုံးနှစ်ပြည့်တဲ့ ဖေဖော်ဝါရီ(၁)ရက်နေ့မှာ ဘန်ကောက်ပို့စ်သတင်းစာမှာ ဆောင်းပါးတစ်ပုဒ် ရေးသားလိုက်ပါတယ်။ ဆောင်းပါးခေါင်းစဉ်က Myanmar faces increasing uncertainty ပါ။ စစ်အာဏာသိမ်းပြီး သုံးနှစ်အကြာမှာ မြန်မာနိုင်ငံရဲ့အခြေအနေ ဘယ်လိုရှိသလဲ။ ရှေ့မှာ ဘာဖြစ်နိုင်သလဲ။ မှန်းဆထားတာပါ။ လက်ရှိ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်လို့ လာရီယာဂန်လည်း ဘာမှ မမှန်းဆနိုင်ပါဘူး။ သူပြောနိုင်တာ တစ်ခုက မြန်မာပြည်ဟာ မသေမချာ မရေမရာမှုတွေ အများကြီးနဲ့ ဆက်ပြီး ရင်ဆိုင်နေရဦးမယ်ဆိုတဲ့ ကောက်ချက်ပါ။ မြန်မာစစ်တပ်က ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရကို စစ်အာဏာသိမ်းခဲ့တာ ခု ဖေဖော်ဝါရီ(၁)ရက်မှာ သုံးနှစ်တိတိ ပြည့်ခဲ့ပြီဖြစ်ကြောင်း၊ သုံးနှစ်အတွင်း တိုင်းပြည်ဟာ အဖက်ဖက်က ယိုယွင်းပျက်စီးသွားပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေ တိုးပွါးနေကြောင်း၊ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ပီဒီအက်ဖ်တွေကြား တိုက်ပွဲတွေကြောင့် ပြည်သူသန်းပေါင်းများစွာ အိုးပစ်အိမ်ပစ် ထွက်ပြေးနေရကြောင်း လာရီယာဂန်က ရေးသားပါတယ်။ ...

ကရင်ပြည်နယ်ပုံရိပ်ကို ထိခိုက်စေသဖြင့် ရွှေကုက္ကိုလ်ကို တိုက်ခိုက်ရဟု KTLA ပြော

  ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ ရွှေကုက္ကိုလ်မြို့သစ်သည် ပြည်နယ်ဖွံဖြိုးမှု မဖြစ်စေဘဲ ပျက်ဆီးမှုကိုသာ ဖြစ်စေသဖြင့် တိုက်ခိုက်ရခြင်း ဖြစ်ကြောင်း ကော်သူးလေတပ် (KTLA) က ဧပြီ ၇ ရက်တွင် ကြေညာသည်။ Facebookတွင် ပျံ့နှံလာသော KTLA ဗဟိုဌာနချုပ် ရုံးထိုင်မှူး စောဝါးနေမူး လက်မှတ်ထိုးထားသည့် ကြေညာချက်အရ ရွှေကုက္ကိုလ်မြို့သည် မူးယစ်ဆေးဝါး ဖြန့်ဖြူးသုံးစွဲရောင်းချနေပြီး တိုင်းရင်းသူ အမျိုးသမီးများကို ပြည့်တန်ဆာအဖြစ် လိမ် လည်လှည့်ဖြားစေခိုင်းနေသည့် နေရာဖြစ်နေသလို စစ်ကောင်စီအတွက် တရားမဝင်ငွေကြေးများ ရှာဖွေပေးသည့် နေရာ ဖြစ်၍ ပြည်ပမှ အလုပ်သမားများကိုလည်း လိမ်လည်ခေါ်ဆို ခိုင်းစေမှုများ ရှိနေသဖြင့် KTLA အနေနှင့် ကရင်ပြည်နယ် အကျိုးအတွက် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း၊ ထို့အတွက် ရွှေကုက္ကိုလ်တွင် နေထိုင်သည့် ပြည်သူများအနေနှင့် တိုက်ပွဲ ဧရိယာမှ ရှောင်ပေးကြရန် ထုတ်ပြန်ထားသည်။ ထိုကြေညာချက်နှင့် ပတ်သက်၍ ပိုမိုသိရှိနိုင်ရန် KTLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောနယ်ဒါးမြကို ဧရာဝတီက ဖုန်းဖြင့်ဆက် သွယ်ခဲ့ရာ ၎င်း အလုပ်များနေသဖြင့် နောက်မှ ပြန်လည်ဆက်သွယ်ရန် ပြောဆိုသည်။ ကော်သူးလေတပ်နှင့် နီးစပ်သည်...

မြန်မာနိုင်ငံမှာရှိတဲ့ ဗမာလူမျိုး ပေါ်ပေါက်ပုံ အကြောင်း

  ဗမာလူမျိုး ပေါ်ပေါက်လာပုံ သမိုင်းကြောင်း – တိဘက်တို ဘားမန်းလူမျိုးနွယ်စုကြီး မှ အကြီးဆုံးသောလူမျိုးဖြစ်သည်။ ယနေ့ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းသို့ နာဂ၊ သက်၊ ကမ်းယံ၊ပျူ တို့နောက်မှ ဝင်ရောက်လာခြင်းဖြစ်သော်လည်းပျူတို့ ထူထောင်သည့် ပထမပြည်ထောင်စုကို အေဒီ ၈ ရာစုတွင် နန်ကျောက်တို့က ဖျက်စီးပြီးချိန် မတိုင်မှီက ပင် ရောက်ရှိနေထိုင်နေခဲ့ပြီးဖြစ်သည်ဟုခန့်မှန်း၍ရနိုင်သည်။အေဒီ ၁၀ ရာစုမတိုင်မှီ အချိန်ကပင် ကျောက်ဆည် ၁၁ ခရိုင်တွင် အခြေချခဲ့ပြီး နောက်များမကြာမှီ တွင်မြစ်သာ ၆ ခရိုင် ၊ ပုဂံ နေပြည်တော်တို့ကို ထူ ထောင်ကာဒုတိယမြန်မာပြည်ထောင်စုကို တည်ထောင်ခဲ့ကြသည်။ သို့သော် မြန်မာနိုင်ငံသားတို့က ထိုပြည်ထောင်စုကိုသာပထမပြည် ထောင် စုအဖြစ် လက်ခံကြသည်။သမိုင်းတစ်လျောက်တွင် မွန်ဂို၊ တရုတ်၊ ယိုးဒယား၊ မွန်၊ ရခိုင်၊ ရှမ်း၊ ကရင် အစရှိသည့် အတွင်း၊ အပြင်ရန်အမျိုးမျိုးနှင့်ကြုံတွ့ခဲ့ဖူးပြီးအကြိမ်တိုင်းတွင် ပြည်ထောင်စု၏ ဦးဆောင်သူနေရာကို ဗမာတို့ ပြန်လည်ကာ ရောက်ရှိနိုင်ခဲ့သည်။အနော်ရထာ၏ ပထမပြည်ထောင်စု(ပထမမြန်မာနိုင်ငံတော်ကြီး)၊ တပင်ရွှေထီး-ဘုရင့်နောင်တို့ ၏ ဒုတိယပြည်ထောင်စု (ဒုတိယ မြန်မာနိုင်ငံတော်ကြီး)၊အလောင်းဘုရား၏ တတိ...

မြန်မာပြည်မြေပုံကို အပြောင်းခံကြမှာလား

  ကမ္ဘာ့သမိုင်းကို ပြန်လေ့လာကြည့်မယ်ဆိုရင် အိမ်နီးချင်းနိုင်ငံတွေအဖြစ် နှစ်ပေါင်းများစွာ အတူတကွ ယှဉ်တွဲ ရပ်တည်နေကြပြီးမှ ဝေးကွာသွားကြတဲ့ နိုင်ငံတွေ ရှိခဲ့တယ်ဆိုတာ တွေ့နိုင်ပါတယ်။ ကျွန်တော်တို့အတွက် အထင်ရှားဆုံး ဥပမာတစ်ခုရှိပါတယ်။ အဲဒါကတော့ မြန်မာနဲ့ ပါကစ္စတန်တို့ဟာ ယခင်က နယ်မြေချင်း ထိစပ်နေကြတဲ့ အိမ်နီးချင်း နိုင်ငံတွေပါ။ သို့သော် ၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံအသစ် ပေါ်ပေါက်လာချိန်မှာတော့ အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားခဲ့ကြပါတယ်။ ယခင်က အိမ်နီးချင်းဖြစ်ခဲ့လို့ ထင်ပါတယ်၊ မြန်မာနဲ့ ပါကစ္စတန်တို့ရဲ့ ဆက်ဆံရေးဟာ ကောင်းမွန်နေကြဆဲဆိုတာ သက်သေ၊ သာဓကများစွာ ရှိပါတယ်။ အဲဒီလို အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားရခြင်းဟာ သူတို့ရဲ့ ပြည်တွင်းရေးသာ ဖြစ်တဲ့အတွက် အထူးအထွေ ဝေဖန်ရန် မရှိပါ။ သို့သော် လက်ရှိအခြေအနေမှာ မြန်မာရဲ့ အိမ်နီးချင်း (၅) နိုင်ငံရှိနေရာက မတူညီတဲ့ အိမ်နီးချင်းနိုင်ငံသစ်တွေ ထပ်မံ ပေါ်ပေါက်လာဖို့ လုပ်ဆောင်နေကြတာတွေ မြင်နေရပါပြီ။ ဒီတစ်ကြိမ်ကတော့ ကျွန်တော်တို့ရဲ့ ပြည်တွင်းရေးဖြစ်တဲ့အတွက် အလေးထားရပါတော့မယ်။ ရှိပြီးသား အိမ်နီးချင်း (၅) နိုင်ငံနဲ့ မြန်မာတို့အကြား ကျွန်တော်တိ...

မြန်မာ ဒုကာကွယ်ရေးဝန်ကြီး ထောင်ထဲရောက်ပြီ

  မြန်မာ ဒုကာကွယ်ရေးဝန်ကြီး ထောင်ထဲရောက်ပြီ မတ်လ ၂၈ ရက် ၂၀၂၄ ခုနှစ် နံနက် ၁၀ နာရီ ၂၀ သတင်း ================================= ကာကွယ်ရေး ဒု-ဝန်ကြီး ဖြစ်သူ ဗိုလ်ချုပ်အောင်လင်းထွန်းကို ကျားဖြန့်လုပ်ငန်းနဲ့ ပတ်သက်တယ်ဆိုပြီး မနေ့ည မတ်လ ၂၇ ရက်နေ့ည ၁၁ နာရီတွင် စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့မှ သွားရောက်ဖမ်းဆီးခဲ့ကြပါတယ်။ အဆိုပါ ဖမ်းဆီးချိန်တွင် ဒုကာကွယ်ရေးဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်အောင်လင်းထွန်းသည် အရက်မူးနေပြီး အသာတကြည် လိုက်လာခြင်းမရှိပဲ … ပုဆိုးလှန်ပြီး ဆဲဆိုနေခြင်းကြောင့် စစ်ဘက်လုံခြုံရေးအဖွဲ့မှ ရိုက်နှက်ခဲ့ရာ.. သွား အချို့ ကျွတ်သွားပြီး ပါးစပ်တခုလုံး သွေးများနီရဲနေသည်။ “အဲ့ကောင် ပါးစပ်က သွေးမတိတ်ခင် ရမဲသင်းထောင်ပို့လိုက်စမ်း” လို့ အထက် အမိန့်ပေးလိုက်တော့ အခု ရမဲသင်းထောင်ရောက်နေပြီဖြစ်ကြောင်း မြန်မာအမေရိကန် သတင်းဌာနမှ စုံစမ်းသိရှိရသည်။ ဂိုလ်ရှယ်လေး

စစ်တပ်မှ အာဏာသိမ်းထားသည့် ၃ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ထောင်သားဘဝ

                           ဖေဖော်ဝါရီလ ၁ ရက်နေ့သည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့အတွက် အနှောက်အယှက်ဖြစ်စေသူဟု ယူဆသည့် ရွေးကောက်ခံအစိုးရ ခေါင်းဆောင်နှင့် နိုင်ငံသမိုင်းတွင် အညီညွတ်ဆုံးဖြစ်စေခဲ့သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာမှဖယ်ရှားပြီး မအောင်မြင်သော အာဏာသိမ်းမှု ပြုလုပ်သည့် သုံးနှစ်မြောက်နေ့ ဖြစ်သည်။ ရက်ပေါင်း ၁၀၉၅ ရက်ကျော် ကြာသော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် မြို့တော်နှင့် စစ်တပ်ဗဟိုဌာနချုပ် နေပြည်တော် အနောက်တောင်ဘက်အစွန်းမှ ထောင်တခုတွင် တဦးတည်း ဆက်လက် ဖမ်းဆီးချုပ်နှောင်ခံနေရသည်။ သူ့အတွက် တခုတည်းသော ထောင်ပြင်ထွက်ရချိန်သည် လွန်ခဲ့သောနှစ်အတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စတာ ဒွန် ပရာမတ်ဝီနိုင်နှင့် တွေ့ရသည့် တိုတောင်းသော ကာလဖြစ်ပြီး သူ့ကို ချမှတ်ထားသည့် ထောင်သက်တမ်းကိုလည်း ၃၃ နှစ်မှ ၂၇ နှစ်သို့ လွန်ခဲ့သောနှစ်က လျှော့ချပေးသည်။ အာဏာသိမ်းမှု နှစ်ပတ်လည်သည် ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းနည်းစရာကောင်းသော လက်ရှိအခြေအနေနှင့် ဝေဝါးနေသည့် အနာဂတ်ကို မီးမောင်းထိုးပ...

ပဲခူးတိုင်း မင်းလှမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွား

  မင်းလှတွင် ၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲ ၆ ကြိမ် အတွင်း စစ်တပ်ဘက်မှ စစ်သား ၈၀ ဦးကျော်သေဆုံး ရန်ကုန်၊ မတ် ၁၁ ပဲခူးတိုင်း၊ မင်းလှမြို့နယ်အတွင်း ၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲ ၆ ကြိမ် အတွင်း စစ်တပ်ဘက်မှ ၈၀ ကျော်သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ မတ်လ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ ဧက ၁၀၀၀ ကျွန်း စိုက်ခင်း ကျုံးပေါက်အနီး၌ စစ်ကြောင်း ထိုးလာသော အင်အား ၁၂၀ ပါ စစ်ကောင်စီ တပ်သားများကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ နှင့် ဒဂုံစစ်ကြောင်းတို့က စောင့်ကြို တိုက်ခိုက်ခဲ့ရာ အပြန်အလှန် တိုက်ပွဲ ၂ နာရီကျော် ကြာမြင့်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်ဘက်မှ ၂၀ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။ ယင်းနေ့ ညနေ ၅ နာရီခန့်အချိန် မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်းပေါ်ရှိ ဟိုင်းယု လမ်းဆုံတွင် တပ်ဆွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ နှင့် တပ်ခွဲ ၃ တို့က လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ရှောင်တခင် သွားရောက် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၃ နာရီခန...

တပ်မလက်ရွေးစဉ် ဘီလူးစစ်ကြောင်းဆိုသည်မှာ .....

    “ဒီစစ်ကြောင်းက စစ်တိုက်ဖို့ဆိုတာထက် လူတွေကိုသတ်၊ မုဒိမ်းကျင့်ဖို့ အဲ့လိုမျိုးတွေလုပ်ဖို့ အဓိကလာတဲ့ စစ်ကြောင်းပါ။ လူမဆန်တဲ့ လုပ်ရပ်တွေကို အဓိကလုပ်တာ” မြောင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) က ကိုနွေဦးက စစ်ကိုင်းဒေသအတွင်း စစ်ရာဇဝတ်မှုများကို ကျူးလွန်ချိုးဖောက်နေသည့် ဘီလူးစစ်ကြောင်း၏ လုပ်ရပ်များကို ပြောဆိုသွားခြင်းဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြည်သူများကို ရက်ရက်စက်စက် ခေါင်းဖြတ်သတ်သည့် စစ်ကြောင်း၊ အစုလိုက် အပြုံလိုက် သတ်သည့်စစ်ကြောင်း၊ မုဒိမ်းမှုများကို ကျူးလွန်နေသည့် စစ်ကြောင်းဟု ဆိုလိုက်ပါက လူတိုင်းက ဆိုးဆိုးရွာရွား နာနာကျည်းကျည်း အမှတ်ရနေသည့် စစ်ကြောင်းမှာ ဘီလူးစစ်ကြောင်းပင် ဖြစ်သည်။ ရက်စက်မှုအပေါင်း သရဖူဆောင်းထားသည့် ဘီလူးစစ်ကြောင်းသည် ယခုနှစ် ဩဂုတ်လ တတိယပတ်မှ စက်တင်ဘာလ ဒုတိယပတ်ထိ စစ်ကိုင်း၊ ရွှေဘို၊ ဝက်လက်နယ်များသို့ စစ်ကြောင်းထိုး ဝင်ရောက်ပြီးနောက် ပြည်သူများကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်။ 'စစ်ကိုင်း၊ ရွှေဘို၊ ဝက်လက်နယ်ထဲ ဘီလူးစစ်ကြောင်း၏ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သည့် အခြေအနေများ' မန္တလေး-ရွှေဘို-မြစ်ကြီ...

ရှမ်းမြောက်က ကျားဖြန့် ဇာတ်သိမ်းခန်း

  ဇန်နဝါရီ ၃၀ ရက်တွင် မြန်မာနိုင်ငံ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက တရုတ် အစိုးရထံ မြန်မာနိုင်ငံမြောက်ပိုင်း ကျားဖျန့် လုပ်ငန်းများတွင် အဓိက ကြိုးကိုင်သူများဟု သတ်မှတ်ထားသည့် ပယ်စောက်ချိန်အပါအဝင် ခြောက်ဦးနှင့် အခြားအရေးကြီးသံသယရှိ သူ လေးဦးကို လွှဲပြောင်းပေးခဲ့သည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ဇန်နဝါရီ ၃၀ ရက်တွင် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးအဖွဲ့ အစည်းထံသို့မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့် ဒေသ အွန်လိုင်းလိမ်လည်မှုအဖွဲ့၏ အဓိက ခေါင်းဆောင် ခြောက်ဦးဖြစ်သည့် ပယ် စောက်ချိန်၊ ပယ်ရင်ချန်၊ဝေ့ဟွိုင်ရန်၊ လျိုကျန့် ရှန်၊ လျိုကျန့်မောက်၊ ရွှီလောက်ဖာနှင့် အခြား အရေးကြီး ပြစ်မှုကျူးလွန်ကြောင်းသံသယရှိ သူ လေးဦးအား တရားဥပဒေနှင့်အညီ လွှဲ ပြောင်းပေးအပ်ခဲ့ပြီး အဆိုပါ ၁၀ ဦးကို ယင်း နေ့ညတွင်ပင် တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့ သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ခဲ့သည်။ ယင်းသို့ မြန်မာနိုင်ငံမြောက်ပိုင်းရှိ ကျား ဖျန့်လုပ်ငန်းများတွင် အဓိကတာဝန်ရှိသူဟု တရုတ်အစိုးရက သတ်မှတ်ထားသည့် ပယ် စောက်ချိန် အပါအဝင် ခြောက်ဦးအား လွှဲ ပြောင်းပေးအပ်ခြင်းမှာ တရုတ်-မြန်မာ နှစ် နိုင်ငံ၏ န...

အာဆီယံ-သြစတြေးလျ ထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီ ကိုယ်စားလှယ်တက်မည်

 စစ်ဗိုလ်ချုပ်များခန့်ထားသည့် သံအမတ်က မဲလ်ဘုန်းမြို့တွင် ၃ ရက်ကြာ ကျင်းပမည့် ဒေသတွင်း အထူးထိပ်သီးအစည်းအဝေးကာလအတွင်း ဆွေးနွေးပွဲ ၂ ခုကို တက်မည်ဟု သိရှိရသည်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသည့် အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသည့် သြစတြေးလျ ဝန်ကြီးချုပ် Anthony Albanese ကို တွေ့ရစဉ်။ သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် မတ်လ ၄ ရက်မှ ၆ ရက်အထိ ကျင်းပမည့် အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီကိုယ်စားလှယ် တက်ရောက်မည်ဟု သိရသည်။ အစည်းအဝေးကာလတွင် ပြုလုပ်မည့် ရေကြောင်းပူးပေါင်းဆောင်ရွက်ရေးညီလာခံ၊ ရာသီဥတုနှင့် သန့်ရှင်းသောစွမ်းအင်ဆိုင်ရာ ဖိုရမ်တို့ကို ကင်ဘာရာမြို့ မြန်မာသံရုံးမှ စစ်ကောင်စီခန့် သံအမတ် ဦးသက်ထွန်း တက်ရောက်မည်ဖြစ်သည်။  အခြား ဆက်စပ်အစည်းထိပ်သီးအစည်းအဝေးများသို့ စစ်ကောင်စီကိုယ်စားပြုကိုယ်စားလှယ် တက်မည်၊ မတက်မည်ကိုမူ သြစတြေးလျ နိုင်ငံခြားရေးနှင့် ကုန်သွယ်မှုဌာနက ပြောဆိုခြင်းမရှိပေ။ ...

Click !