Skip to main content

Continue !

ကိုးကန့် BGF သို့မဟုတ် မြန်မာစစ်အုပ်စုနင့် ဆက်နွယ်နေသော ရာဇဝတ်မဟာမိတ်

 


၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံ အုပ်ချုပ်ရေးမြို့တော် နေပြည်တော်တွင် ခမ်းနားသော အခမ်းအနားတခု ကျင်းပသောအခါ နိုင်ငံ၏ စစ်အုပ်စုအကြီးအကဲနှင့် လွန်ခဲ့သောနှစ်က အာဏာသိမ်း ခေါင်းဆောင်က “နိုင်ငံတိုးတက်ရေး” ထူးထူးခြားခြား စွမ်းဆောင်ပေးသူများကိုပေးသည့် အမြင့်ဆုံးဆုကို နိုင်ငံတကာတွင် မထင်ရှားသည့် လုပ်ငန်းရှင်တဦးဖြစ်သော လျူကျန်ရှောင်ကို ပေးအပ်သည်။

တရုတ်နယ်စပ်အနီး တစိတ်တပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ အဓိက ခေါင်းဆောင်တဦးဖြစ်သူ လျူသည် သူ၏ မြေအောက်လောကမှ အဆက်အသွယ်များကို အသုံးချက စစ်ကောင်စီအတွက် ငွေကြေးထောက်ပံ့ခဲ့သည်မှာ သေချာသည်။

သို့သော် သူ၏ အကြီးမားဆုံး အကျိုးပြုမှုသည် အာဏာမသိမ်းမီက အစီအစဉ်များမှ အဓိကလာခြင်းဖြစ်သည်။ လျူသည် ကိုးကန့်ခရိုင်တွင် စစ်အုပ်စုက ကမကထပြုသည့် နယ်ခြားစောင့်တပ် (BGF) ကို တည်ထောင်သူ ဖြစ်သည်။

ယနေ့တွင် မြန်မာစစ်ကောင်စီသည် တနိုင်ငံလုံး လက်နက်ကိုင် ပုန်ကန်မှုကြောင့် လှုပ်ခါနေချိန်တွင် နယ်ခြားစောင့်တပ်များသည် စစ်အုပ်စု၏ ပုန်ကန်မှုနှိမ်နင်းရေး သေနင်္ဂဗျူဟာတွင် အရေးပါသော အခန်းမှ ပါဝင်သည်။

ယနေ့တွင် မြန်မာစစ်ကောင်စီသည် တနိုင်ငံလုံး လက်နက်ကိုင် ပုန်ကန်မှုကြောင့် လှုပ်ခါနေချိန်တွင် နယ်ခြားစောင့်တပ်များသည် စစ်အုပ်စု၏ ပုန်ကန်မှုနှိမ်နင်းရေး သေနင်္ဂဗျူဟာတွင် အရေးပါသော အခန်းမှ ပါဝင်သည်။

ယခုအခါ စစ်အုပ်စု၏ ကွပ်ကဲမှုအောက်သို့ ရောက်သွားပြီဖြစ်သည့် ယခင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော BGF သည် မြန်မာမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ထိန်းချုပ်ထားသည့် ဒေသများနှင့် နီးကပ်သောနေရာဖြစ်သည့် တရုတ်နှင့် ထိုင်းနယ်စပ်တလျှောက် ဒေသများတွင် လှုပ်ရှားနေသည်။

ပုန်ကန်မှုများကို နှိမ်နင်းရန် ဗိုလ်ချုပ်များ၏ အကြံအစည်အတွက် အဓိကကျသော BGF များသည် အရေးပါသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို ဆန့်ကျင်သည့် တိုးချဲ့အင်အားများအဖြစ် ထမ်းဆောင်ကြပြီး စစ်မြေပြင်ထောက်လှမ်းရေး သတင်းပေးခြင်း၊ သယ်ယူပို့ဆောင်ရေး အထောက်အကူပေးခြင်းနှင့် တပ်အင်အားပေးခြင်းပင် ပြုလုပ်ကြသည်။

ထို့အပြင် BGF များ၏ နယ်စပ်ဖြတ်ကျော် တရုတ်နှင့် ထိုင်း အဆက်အသွယ်များသည်လည်း စစ်ကောင်စီ ဝါဒဖြန့်ချိမှုများကို နိုင်ငံတကာသိအောင် လုပ်ရာတွင် အထောက်အကူပြုပြီး စစ်ကောင်စီနှင့် အိမ်နီးချင်းများအကြား ဆက်ဆံရေး ပိုမိုကောင်းမွန်စေသည်။

ဗိုလ်ချုပ်များကို ၎င်းတို့ပေးသော အကူအညီများအတွက် BGF ခေါင်းဆောင်များသည် တရားမဝင် စီးပွားရေး လုပ်ငန်းများ လွတ်လပ်စွာ လုပ်ကိုင်ခွင့်ရပြီး နိုင်ငံတဝှမ်း လုပ်ငန်းစုများ ထူထောင်ထားသည့် စစ်တပ်ထိန်းချုပ်ထားသော စီးပွားရေးတွင်လည်း အထူးပါဝင်ခွင့်ရသည်။ ထိုလုပ်ငန်းများသည် အာဏာသိမ်းစစ်ကောင်စီကို ငွေကြေးအမြောက်အများကို ရှာဖွေပေးသည်။

တရုတ်နယ်စပ် BGF များအနက် ကိုးကန့်နယ်ခြားစောင့်တပ်သည် ကိုးကန့်အထူးအုပ်ချုပ်ခွင့်ရဒေသကို ထိန်းချုပ်ထားသောကြောင့် စစ်ကောင်စီအတွက် အရေးပါသည်။ ထိုဒေသသည် တရုတ်နိုင်ငံ၏ အရေးအပါဆုံးသော ကုန်သွယ်ရေးစင်္ကြံများအနက် တခုဖြစ်သည့် ယူနန်ပြည်နယ်ထဲသို့ မြားဦးသဖွယ် ဝင်ရောက်နေသည်။

၎င်းတို့သည် တရုတ်ရာဇဝတ် မြေအောက်လောကနှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ပြီး မူးယစ်ဆေး မှောင်ခိုခြင်းနှင့် အွန်လိုင်းလောင်းကစားခြင်းတွင် အကြီးအကျယ် ပါဝင်ပတ်သက်နေသော်လည်း ဒေသဆိုင်ရာ တရုတ်ကွန်မြူနစ်ပါတီ အရာရှိများနှင့် နီးကပ်သော ဆက်ဆံရေးကို ထိန်းသိမ်းထားသည်။

၎င်းတို့သည် တရုတ်ရာဇဝတ် မြေအောက်လောကနှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ပြီး မူးယစ်ဆေး မှောင်ခိုခြင်းနှင့် အွန်လိုင်းလောင်းကစားခြင်းတွင် အကြီးအကျယ် ပါဝင်ပတ်သက်နေသော်လည်း ဒေသဆိုင်ရာ တရုတ်ကွန်မြူနစ်ပါတီ အရာရှိများနှင့် နီးကပ်သော ဆက်ဆံရေးကို ထိန်းသိမ်းထားသည်။

ထိုင်းနယ်စပ်တွင် ကရင် BGF သည် အဓိကအဖွဲ့အစည်းဖြစ်ပြီး ထိုင်းနိုင်ငံသို့ အရေးပါသည့် သယ်ယူပို့ဆောင်ရေး စင်္ကြံကို ထိန်းချုပ်ထားသည်။ ၂၀၁၆ ခုနှစ်မှစတင်ပြီး ကရင် BGF သည် အမည်ဆိုးကျော်ကြားလှသည့် တရုတ်ရာဇဝတ်ကွန်ရက်နှင့် မဟာမိတ်ဖွဲ့ကာ အရွယ်အစားနှင့် သြဇာအရ သိသိသာသာ တိုးချဲ့လာပြီး ၎င်းတို့၏ ဌာနချုပ်ကို ဒေသတွင်း ရာဇဝတ်မှု အချက်အခြာဒေသအဖြစ် ပြောင်းလဲလာသည်။

BGF များသည် မြန်မာမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများလောက် လူသိများခြင်း မရှိသော်လည်း အာဏာသိမ်းစစ်ကောင်စီသို့ ၎င်းတို့၏ အကျိုးပြုမှုများကို နားလည်ခြင်းသည် နိုင်ငံကို ထိန်းချုပ်ရန် စစ်ကောင်စီ၏ အကြမ်းဖက် စစ်ဆင်ရေးကို အကဲဖြတ်ရာတွင် အရေးပါသည်။

မင်းအောင်လှိုင်၏ တရုတ်နယ်စပ်မှ မဟာမိတ် ကိုးကန့် BGF မိသားစုများ

မြန်မာမှ BGF အများစုကို တိုင်းရင်းသားလက်နက်ကိုင်များ ငြိမ်သက်သွားစေရန် ၂၀၀၀ ပြည့်နှစ်များ နှောင်းပိုင်းတွင် ဖွဲ့စည်းသည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် ရာဇဝတ်မကင်းသည့် ကြီးမားသော စီးပွားရေး အင်ပါယာများ ထူထောင်ခွင့်ရရေး စစ်အုပ်စု၏ ထိန်းချုပ်မှုအောက်တွင် ရှိရမည်ဟု စစ်အုပ်စုက တောင်းဆိုသည်။

                                            
အာဏာသိမ်းစစ်ခေါင်းဆောင်က လျူကျန်ရှောင်ကို အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဘွဲ့ ချီးမြှင့်စဉ်

ကိုးကန့် BGF ကို ထူထောင်သူများအနက် တဦးဖြစ်သော လျူကျန်ရှောင် (လီကျိန်းချန်) သည် Fully Light ကုမ္ပဏီ၏ ဥက္ကဋ္ဌအဖြစ် လူသိများသည်။ ထိုကုမ္ပဏီသည် ဒေါ်လာသန်း ဘီလီယံပေါင်းများစွာတန်သည့် စီးပွားရေးလုပ်ငန်းစုနှင့် တရုတ်နိုင်ငံမှ တရားမဝင် အွန်လိုင်းလောင်းကစား လုပ်ငန်းများတွင် အဓိကကျသော လုပ်ငန်းတခုဖြစ်သည်။

ထိုကုမ္ပဏီသည် ကြီးမားသော ကာစီနိုလောင်းကစား လုပ်ငန်းများ၊ ဟိုတယ်များ၊ ကြီးမားသော အွန်လိုင်းလောင်းကစား လုပ်ငန်းများကို ကိုးကန့်၊ ကရင်ပြည်နယ်နှင့် ကမ္ဘောဒီးယားနိုင်ငံရှိ စီဟန်နောက်ဗီးလ် တို့တွင် လုပ်ကိုင်နေသည်။

ကိုးကန့် BGF နှင့် ပတ်သက်သည့် လုပ်ငန်းစုကြီး ၄ ခုအနက်တခုဖြစ်သည့် Fully Light သည် ၂၀၀၉ ခုနှစ်တွင် ကိုးကန့် BGF ကို တည်ထောင်ချိန်မှ စတင်ပြီး မြန်မာနိုင်ငံတဝှမ်းတွင် လုပ်ငန်းခွဲပေါင်း ၃၀ ကျော် ထူထောင်သည်။

ကိုးကန့် BGF နှင့် ပတ်သက်သည့် လုပ်ငန်းစုကြီး ၄ ခုအနက်တခုဖြစ်သည့် Fully Light သည် ၂၀၀၉ ခုနှစ်တွင် ကိုးကန့် BGF ကို တည်ထောင်ချိန်မှ စတင်ပြီး မြန်မာနိုင်ငံတဝှမ်းတွင် လုပ်ငန်းခွဲပေါင်း ၃၀ ကျော် ထူထောင်သည်။

အဓိက ရင်းနှီးမြှုပ်နှံမှုများတွင် တရုတ်နိုင်ငံ ကျန်ကန်းခရိုင်မှ ကျောက်စိမ်းစက်ရုံနှင့် ရောင်းဝယ်ရေး လုပ်ငန်းဖြစ်သည့် ရွေရှောင် ကုန်သွယ်ရေးလီမိတက်တွင် အမေရိကန် ဒေါ်လာ ၁ ဒသမ ၆ သန်း ရင်းနှီးမြှုပ်နှံခြင်းအပါအဝင် အိမ်နီးချင်း ကချင်ပြည်နယ်မှ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်း ၂ ခု၊ စစ်ကိုင်းတိုင်းတွင် ကျောက်မီးသွေးမိုင်းတခု၊ မန္တလေးတွင် ဒေါ်လာ ၁ ဘီလီယံကုန်ကျပြီး ဝါရှင်တန် ဒီစီထက် ကျယ်သော မြို့သစ်စီမံကိန်း၊ လားရှိုးအနီးတွင် စတုရန်း ကီလိုမီတာ ၂၀ ကျော်သော ကြံစိုက်ခင်း၊ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးကို အထူးပြုသော ထုတ်ကုန်သွင်းကုန် ကုမ္ပဏီ အများအပြား၊ အထူးသဖြင့် Fully Light က လက်ဝါးကြီးအုပ်ထားသည့် သကြားကုန်သွယ်မှုလုပ်ငန်းတို့ ပါဝင်သည်။

                             
                       လောက်ကိုင်မြို့တွင်း ကင်းလှည့်နေသော မြန်မာစစ်သားများ

ဒီမိုကရေစီအစိုးရကို လွန်ခဲ့သောနှစ်က ဖြုတ်ချခဲ့သည့် အာဏာသိမ်းခေါင်းဆောင်ထံမှ ဆုကို လျူမည်သို့ ရယူခဲ့သနည်း။ တရုတ် မီဒီယာသတင်းများအရ လျူသည် ဗိုလ်ချုပ်များအလိုကျ ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒကို ကိုယ်စားပြုသည့် အထိမ်းအမှတ်များ ဆောက်လုပ်ရန် နိုင်ငံတဝှမ်းမှ ရှေးရိုးစဉ်လာ ဗုဒ္ဓဘာသာ ဖောင်ဒေးရှင်းများသို့ ကျပ်ငွေ ၁ ဒသမ ၈၅ သန်း (ဒေါ်လာ ၁ သန်း) လှူကြောင်း သိရသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ ကိုဗစ်နိုင်တင်း တုံ့ပြန်မှုများ၊ အများပြည်သူနှင့် ပတ်သက်သည့် စီမံကိန်းများနှင့် အများပြည်သူအုပ်ချုပ်ရေး တိုးတက်မှုများအတွက်လည်း လျူ၏ Fully Light ကုမ္ပဏီသည် အကြိမ်ကြိမ်လှူသည်။

လျူမိသားစုသည် စစ်ကောင်စီနှင့် အနီးကပ်ဆုံး ဆက်ဆံရေး တည်ဆောက်ထားသကဲ့သို့ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ခေါင်းဆောင်မှုတွင် ပါဝင်သည့် အခြားဆွေမျိုးစု ၃ စုမှ ခေါင်းဆောင်များဖြစ်သည့် ဘိုင်၊ ဝေ နှင့် လီ တို့ကလည်း စစ်ကောင်စီသို့ အလားတူ လှူသည်‌။

ငွေကြေးထောက်ပံ့ခြင်းအပြင် ကိုးကန့် BGF သည် စစ်ကောင်စီကို အခြားနည်းမျိုးစုံဖြင့်လည်း ကူညီသည်။

နည်းဗျူဟာဆိုင်ရာ အကူအညီ။ ။ အာဏာသိမ်းပြီးနောက် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခေါင်းဆောင်ပိုင်းက အကြမ်းဖက်မှု တိုက်ဖျက်ရေးဟု ၎င်းတို့ခေါ်သည့် ကိစ္စများတွင် ကိုးကန့်ရဲအဖွဲ့အား ပါဝင်လုပ်ဆောင်စေပြီး မြန်မာရဲတပ်ဖွဲ့ကို ကူညီကာ စစ်အုပ်ချုပ်ရေးအပေါ် လူထုဆန့်ကျင်မှု ပုံစံအားလုံးကို ဖြိုခွဲသည်။ ကိုးကန့်နယ်ခြားစောင့်ရဲသည် ထိုလုပ်ငန်းများကို ကိုးကန့်ရုပ်သံတွင် လူသိရှင်ကြား ထုတ်ပြန်ကြေညာသည်။

ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခေါင်းဆောင်ပိုင်းသည် စစ်ကောင်စီ၏ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) တွင်လည်း ရာထူးများ ယူထားပြီး အမျိုးသားနှင့် ရှမ်းပြည်နယ် လွှတ်တော်များတွင် ပါတီကို ကိုယ်စားပြုသည်။

နိုင်ငံရေးအရ ထောက်ခံမှု။ ။ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခေါင်းဆောင်ပိုင်းသည် စစ်ကောင်စီ၏ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) တွင်လည်း ရာထူးများ ယူထားပြီး အမျိုးသားနှင့် ရှမ်းပြည်နယ် လွှတ်တော်များတွင် ပါတီကို ကိုယ်စားပြုသည်။ ကိုးကန့် USDP ရုံးခွဲသည် ၂၀၂၃ ခုနှစ်တွင် စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲကို ထောက်ခံပြီး တရုတ်-မြန်မာနယ်စပ်တွင် စစ်ကောင်စီ ထောက်ခံရေး ချီတက်ပွဲပင် ပြုလုပ်သည်။ ထိုလုပ်ရပ်များအားလုံးကို တရုတ်နိုင်ငံ၏ WeChat တွင် ချဲ့ကားပြီး တရုတ်နိုင်ငံမှ သဘောထားအမြင်များကို လွှမ်းမိုးရန် လုပ်ဆောင်သည်။

တရုတ်နှင့် စီးပွားရေး အဆက်အသွယ်။ ။ ကိုးကန့် BGF ခေါင်းဆောင်များသည် ယူနန်ပြည်နယ်တွင် ခိုင်မာသော ဆက်ဆံရေး ထိန်းသိမ်းထားသည်။ အထူးသဖြင့် ကျန်ကန်းမြို့နယ်၊ လင်ချန်မြို့မှ ဒေသဆိုင်ရာနှင့် ယူနန်ပြည်အနယ် အစိုးရအတွင်းမှ အရာရှိများနှင့် ခိုင်မာသော ဆက်ဆံရေး ထိန်းသိမ်းထားပြီး ၎င်းတို့၏ စီးပွားရေးများသည် ထိုဆက်ဆံရေးများကို အကောင်းဆုံးအသုံးချကာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီအတွက် အထောက်အကူဖြစ်စေမည့် စီးပွားရေးအစီအစဉ်များကို လုပ်ဆောင်သည်။

ဥပမောအားဖြင့် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ လီကျန်ဖူနှင့် ကောင်စီဝင် ဘိုင် ယင်နန်တို့သည် အရေးပါလှသော တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ပြန်လည် ဖွင့်ပေးရေးအတွက် လင်ချန်မြို့မှမှ အရာရှိများနှင့် ၂၀၂၁ ခုနှစ်တခုလုံး အကြိမ်ကြိမ် တွေ့ဆုံသည်။

ကိုးကန့် BGF သည် နောင်တွင် တရုတ် ကုန်သွယ်ရေး လိုအပ်ချက်များကို ဖြည့်ဆည်းရန် နယ်စပ်ဖြတ်ကျော် ကျန်းမာရေးဌာနတခု တည်ဆောက်ရေး အဆင်ပြေအောင် လုပ်ဆောင်ပေးခဲ့ပြီး ၂၀၂၁ ခုနှစ်၊ သြဂုတ်လက အွန်လိုင်း ဗီဒီယိုမှတဆင့် ကျင်းပသည့် တရုတ်-မြန်မာ ကုန်စည်ပြပွဲနှင့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း RCEP အစည်းအဝေး ကျင်းပရေးတို့တွင် အရေးပါသောအခန်းမှ ပါဝင်သည်။

                           ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက လောက်ကိုင်မြို့

ကိုးကန့်အထက်လွှာများသည် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ တည်ဆောက်ရေးကိုလည်း အကြီးအကျယ် ထောက်ခံကြပြီး ကျောက်ဖြူမှ တရုတ်-မြန်မာပိုက်လိုင်း စီမံကိန်းနှင့် ဆက်စပ်နေသည့် LNG အဆောက်အအုံ တိုးချဲ့ရေးအတွက် ရင်းနှီးမြှုပ်နှံမှု အစီအစဉ်တခုကိုလည်း လုပ်ကိုင်ကြသည်။

ကိုးကန့် အထူးအုပ်ချုပ်ခွင့်ရဇုန် ခေါင်းဆောင်များ မည်သည့်အတွက် မင်းအောင်လှိုင်ကို ကူညီသနည်း

ထိုအဖြေကို ၂၀၀၉ ခုနှစ်က ကိုးကန့်အထူးအုပ်ချုပ်ခွင့်ရဇုန်နှင့် BGF ကို ထူထောင်သည့် မူလရင်းမြစ်တွင် တွေ့နိုင်သည်။ ထိုစဉ်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခေါင်းဆောင်သည့် စစ်ဆင်ရေးတခုသည် ၂၀၀၉ ခုနှစ်တွင် BGF လုပ်ရန် ငြင်းဆန်သည့် ကိုးကန့်တပ်မတော် (မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်-MNDAA) ကို ချေမှုန်းလိုက်သည်။

ထိုစစ်ပွဲအပြီးတွင် MNDAA ဒုတိယ စစ်ဦးစီးချုပ်ဟောင်း ဘိုင် ဆိုချန် ဦးဆောင်သည့် ကိုးကန့်ဆွေမျိုးစု ၄ စု စစ်အုပ်စုဘက်သို့ ဘက်ပြောင်းသွားကြပြီး ကိုးကန့်ကို အုပ်ချုပ်ခွင့် ရရေးအတွက် စစ်အုပ်စု၏ ထိန်းချုပ်မှုအောက်မှ ပြည်သူ့စစ်များလုပ်ရန် သဘောတူကြသည်။ ဆန့်ကျင်ဘက် ဖြစ်နေသည်မှာ မြန်မာစစ်တပ်သည် ထိုစဉ်က MNDAA ကို တိုက်ခိုက်ခြင်းသည် မူးယစ်မှောင်ခိုမှု တိုက်ဖျက်ရန် ဖြစ်သည်ဟု ဆိုသော်လည်း ကိုးကန့် BGF ကို ၎င်းတို့ စိတ်တိုင်းကျ တရားမဝင်လုပ်ငန်းများ လုပ်ကိုင်ခွင့် ပေးခဲ့သည်။

ကိုးကန့် ရာဇဝတ်ကောင်များ

တရုတ်တရားရုံးအမှုများသည် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဇုန်မှတဆင့် ပြုလုပ်သည့် များပြားလှသော မူးယစ်မှောင်ခိုမှုများနှင့် ထိုအမှုများတွင် ဇုန်အတွင်းမှ ထိပ်တန်းစီးပွားရေး လုပ်ငန်းများ ပါဝင်ပတ်သက်သည့် ကျယ်ပြန့်သော အထောက်အထားများ ရှိနေသည့်တချိန်တည်းတွင် ကိုးကန့်စီးပွားရေး၏ အခြေခံမှာ တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားသည့် တရားမဝင် လောင်းကစားလုပ်ငန်း ဖြစ်နေသည်မှာ ကြာပြီဖြစ်သည်။

နယ်စပ်ဖြတ်ကျော် လောင်းကစားလုပ်ငန်းတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားများသည် တရုတ် တရားဥပဒေ စိုးမိုးရေး၏ ဖြိုခွင်းမှုကို ခံကြရသည်။ အထူးသဖြင့် ၂၀၁၉ ခုနှစ် နောက်ပိုင်းတွင် စတင်သည့် ပြင်းထန်သော ဖြိုခွဲမှုများနောက်တွင် အရေးယူခံကြရသည်။

သို့သော် မြန်မာနိုင်ငံတွင်း သက်ရောက်မှုမှာ ကိုးကန့်ခေါင်းဆောင်များ ပိုင်ဆိုင်သည့် ကာစီနိုလုပ်ငန်းများသည် ပိုမို၍ပင် သြဇာကြီးမားလာခြင်း ဖြစ်သည်။ ကာစီနိုလုပ်ငန်း လုပ်ကိုင်သူများတွင် လျူ ဆွေမျိုးစုပိုင်သည့် Fully Light ၊ ဝေ ဆွေမျိုးစုပိုင်သည့် ဟန်လေ ကာစီနို၊ ဘိုင် ဆွေမျိုးစုပိုင်သည့် ဘိုင်ရှန်း ကာစီနိုတို့ ပါဝင်သည်။

ကိုးကန့်၊ ကမ္ဘောဒီးယားနိုင်ငံရှိ ဆီဟာနုဗီးလ်နှင့် ကရင် BGF ထိန်းချုပ်သည့် ကရင်ပြည်နယ်မှ Fully Light ပိုင် ကာစီနိုရုံများသည် ထိုသို့သော သက်ရောက်မှုများကို ပြသနေသည်။ ထိုကုမ္ပဏီများက တရုတ်အင်တာနက်၊ လူမှုကွန်ရက်နှင့် ဘဏ်စနစ်များ အသုံးပြုခြင်းကို တရုတ်နိုင်ငံ၏ ဖြိုခွဲမှုများက တားဆီးနိုင်ခြင်း မရှိပေ။

ကိုးကန့်၊ ကမ္ဘောဒီးယားနိုင်ငံရှိ ဆီဟာနုဗီးလ်နှင့် ကရင် BGF ထိန်းချုပ်သည့် ကရင်ပြည်နယ်မှ Fully Light ပိုင် ကာစီနိုရုံများသည် ထိုသို့သော သက်ရောက်မှုများကို ပြသနေသည်။ ထိုကုမ္ပဏီများက တရုတ်အင်တာနက်၊ လူမှုကွန်ရက်နှင့် ဘဏ်စနစ်များ အသုံးပြုခြင်းကို တရုတ်နိုင်ငံ၏ ဖြိုခွဲမှုများက တားဆီးနိုင်ခြင်း မရှိပေ။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ အစောပိုင်းမှ စတင်ပြီး Fully Light ၏ GoBo East Casino သည် အွန်လိုင်းတွင် ဆက်လက် လုပ်ကိုင်နေပြီး လောင်းကစားသမားများ အနေဖြင့် တရုတ်နိုင်ငံ၏ Unipay ကို အသုံးပြုခွင့်ပေးသည်။ GoBo East သည် ကွေ့ကျိုးနှင့် ရှန်ရှီပြည်နယ်များမှ တရုတ်လူဆိုးဂိုဏ်းခေါင်းဆောင် အများအပြားကို စီရင်သည့် အမှုများတွင် ပါဝင်ပတ်သက်ကြောင်း ပြသနေပြီး ဆက်လက်လည်း လုပ်ကိုင်နေသည်။

                         ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက လောက်ကိုင်မြို့

ဖေဖော်ဝါရီလ အစောပိုင်းတွင် တရုတ်နိုင်ငံ မီဒီယာများက ထိုတရားမဝင် လုပ်ငန်းများ၏ ပိုမိုဆိုးရွားသော အခြေအနေများကိုပင် ဖွင့်ချလိုက်ပြီး ကိုးကန့်နှင့် တရုတ်လူဆိုးဂိုဏ်းများသည် တရုတ်အမျိုးသားများကို ကိုးကန့်သို့ သွေးဆောင်ကာ ပိတ်လှောင်ထားရန် ရည်ရွယ်သည့် Tik Tok အကောင့်များကို ပူးတွဲတည်ထောင်သည်ဟု ဖော်ပြခဲ့သည်။

မြင့်မားသောလစာနှင့် ချောမောလှပသည့် ကိုးကန့် အမျိုးသား၊ အမျိုးသမီးများနှင့် အိမ်ထောင်ချပေးမည်ဟု ကတိပြုသောကြောင့် တရုတ်နိုင်ငံသား ရာပေါင်းများစွာသည် ကိုးကန့်ရှိ BGF ကာစီနိုလုပ်ငန်းများမှ ထိုအလုပ်များကို လုပ်ကိုင်ရန် လိမ်လည်ခံကြရသည်။ ထိုသူများကို ခြိမ်းခြောက်ငွေဖြင့် ပြန်လည်ရွေးယူခိုင်းခြင်း သို့မဟုတ် ကမ္ဘောဒီးယားရှိ ရာဇဝတ်ဂိုဏ်းများသို့ ရောင်းစားခြင်းများ ပြုလုပ်ခဲ့ကြသည်။

တရုတ်အမျိုးသားလုံခြုံရေးကို ထိပါး

ကိုးကန့် BGF ဆွေမျိုးစုများ၏ လှုပ်ရှားမှုများသည် တရုတ်နိုင်ငံအတွက် ကသိကအောက် အနေအထားကို ဖြစ်စေသည်။

တဘက်တွင် ၎င်းတို့သည် ကိုဗစ်နိုင်တင်းတုံ့ပြန်ရေး၊ နယ်စပ်ကုန်သွယ်ရေး ပြန်လည်ဖွင့်လှစ်ရေးနှင့် အာဏာသိမ်းပြီးနောက် မြန်မာစစ်ကောင်စီနှင့် စီးပွားရေး အစီအစဉ်သစ်များ စတင်ရန် တရုတ်အစိုးရ အရာရှိများနှင့် ပူးပေါင်းဆောင်ရွက်နေကြသည်။

အခြားတဘက်တွင်မူ ထိုမိသားစုများသည် ပြည်မကြီးမှ တရုတ်နိုင်ငံသားများကို သားကောင်အဖြစ် သဘောထားသည့် ဒေါ်လာသန်း ဘီလီယံချီသော ရာဇဝတ်မှု ကွန်ရက်တွင် ဂိုဏ်းချုပ်များ ဖြစ်နေကြသည်။ ထိုသို့ လုပ်ဆောင်ခြင်းကြောင့် တရုတ်နိုင်ငံတဝှမ်းတွင် ဖြိုခွဲနေသည့် နယ်စပ်ဖြတ်ကျော် လောင်းကစားမှုနှင့် လိမ်လည်မှု တိုက်ဖျက်ရေးကို ထိခိုက်စေပြီး ပြည်ပရောက် တရုတ်နိုင်ငံသားများကို ကာကွယ်ရန် တရုတ်နိုင်ငံ၏ အားထုတ်မှုများကို လှောင်ပြောင်လိုက်ရာလည်း ရောက်နေသည်။

ရာဇဝတ်မှုများကို ပြတ်သားသည့် ရပ်တည်မှု ချမှတ်ထားသော်လည်း တရုတ်အစိုးရသည် စစ်ကောင်စီကို ထောက်ခံရန်နှင့် မြန်မာနိုင်ငံတွင် တရုတ်၏ အဆက်အသွယ်ထူထောင်ရေး ရင်းမြစ်များကို နေရာချသည့် နည်းလမ်းတခုအဖြစ် အခြားနည်းလမ်းကို ရှုမြင်နေပါသလား

ထိုအခြေအနေကြောင့် အရေးပါသော မေးခွန်းတခု ပေါ်ပေါက်လာသည်။ ရာဇဝတ်မှုများကို ပြတ်သားသည့် ရပ်တည်မှု ချမှတ်ထားသော်လည်း တရုတ်အစိုးရသည် စစ်ကောင်စီကို ထောက်ခံရန်နှင့် မြန်မာနိုင်ငံတွင် တရုတ်၏ အဆက်အသွယ်ထူထောင်ရေး ရင်းမြစ်များကို နေရာချသည့် နည်းလမ်းတခုအဖြစ် အခြားနည်းလမ်းကို ရှုမြင်နေပါသလားဆိုသည့် မေးခွန်းပင်ဖြစ်သည်။

ယခု ထင်ရှားလာသော အချက်တခုမှာ ကိုးကန့်BGF သည် မြန်မာစစ်အုပ်စု၏ ဒီမိုကရေစီကို တိုက်ခိုက်မှုတွင် ပြတ်ပြတ်သားသား အကျိုးခံစားရသူများ ဖြစ်သည်ဆိုသည့် အချက်ပင်ဖြစ်သည်။

(United States Institute of Peace တွင် ဖော်ပြထားသော Priscilla A. Clapp နှင့် Jason Tower တို့၏ The Myanmar Army’s Criminal Alliance ကို ဘာသာပြန်ဆိုသည်။)

Hi !

!

Popular posts from this blog

ဘိန်းဘုရင်ခွန်ဆာ

  *** တချိန်ကနာမည်ကျော်ကြားခဲ့တဲ့ ဘိန်းဘုရင်ခွန်ဆာ စခန်းဆီသို့ *** တချိန်က နာမည်ကျော်ခဲ့တဲ့ ဘိန်းဘုရင်ခွန်ဆာရဲ့ စခန်းဟာ ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် မယ်ဖါ့လုံမြို့နယ် ဘန်ထော့ထိုင်းရွာမှာ တည်ရှိတယ်။ တာချီလိတ်ရဲ့ တဖက်ကမ်း မယ်ဆိုင်ကနေ ၆၆ ကီလိုမီတာ ဝေးကွာပြီး၊ ချင်းရိုင်းကနေ သွားမယ်ဆိုရင်လည်း ၆၆ ကီလိုမီတာ ဝေးပါတယ်။ မယ်ဆိုင်-ချင်းရိုင်းသွား လမ်းပေါ်က မယ်ကျန်းရွာကနေမယ့်စလောင်းကို သွားတဲ့ လမ်းအတိုင်း လာရတာပါ။ ခွန်ဆာစခန်းမှာ စောင့်နေတဲ့ ရှမ်းအမျိုးသမီးကြီးကိုမေးကြည့်တော့ ကျိုင်းတုံဇာတိလို့ ဆိုပါတယ်။ စခန်းရဲ့ရှေ့ မြေကွက်လပ်နားမှာတော့ ခွန်ဆာရဲ့ မြင်းစီးရုပ်တုကြီးကို အသက်၀င်စွာနဲ့ ထုလုပ်ထားတာကိုလည်း မြင်နိုင်ပါ့မယ်။ လာပြီးလည်သူတွေ အမှတ်တရအဖြစ် ဓါတ်ပုံမရိုက်ပဲ မနေနိုင်အောင်ကို ခွန်ဆာရဲ့ရုပ်တုကြီးက ဆွဲဆောင်နေတာပါ။ ရုပ်တုရဲ့ရှေ့နားမှာတော့ တန်းစီတဲ့ နေရာလေလား၊ စစ်ရေးပြကွင်းလေးလားတော့ မသိ၊ ညီညာတဲ့ မြေကွက်လပ်လေးတခု။ တချိန်တုန်းက ဒီနေရာမှာ သူ့ရဲဘော်တွေကို ခွန်ဆာတစ်ယောက် ကြိမ်ဖန်များစွာ မိန့်ခွန်းတွေ ချွေခဲ့ပါလိမ့်မယ်။    စဉ်းစားနေခိုက် ကျနော့်မိတ်ဆွေ ထိုင်းလူမျိုးက ပြောလာတယ်၊ အပေါ်ဘက်ကက...

မောင်တောရှိ စစ်တပ်နယ်ခြားစောင့်တပ်စခန်း ၂ ခုကို AA က သိမ်းပိုက်၊ နယ် ခြားစောင့်တပ်များ မထွက်ပြေးမီ လက်နက်များကို ARA နှင့် RSO အဖွဲ့များထံ ဘင်္ဂလားဒေ့ရှ်ငွေ ၁၀ သန်းဖြင့် ရောင်းစားခဲ့မှု စိစစ်တွေ့ရှိရ

  ■ စစ်ကောင်စီတပ်စခန်းအတွင်းမှ ရဲအလောင်းများနှင့် ARA ၊ RSO အဖွဲ့ဝင်အလောင်းများပါ တွေ့ရှိရဟုဆို ရန်ကုန်၊ ဖေဖော်ဝါရီ ၈ ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ နယ်ခြားစောင့်တပ်စခန်း ၂ ခုကို AA က သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက မထွက် ပြေးမီ စခန်းနှစ်ခုလုံးမှ လက်နက်များကို ARA နှင့် RSO အဖွဲ့များထံ ရောင်းစားခဲ့မှုကို စိစစ်တွေ့ရှိရကြောင်း AA က ယမန်နေ့ ပိုင်း သတင်းထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၄ ရက်နေ့မှစတင်၍ ဘင်္ဂလာ-ရက္ခိုင်နယ်စပ်၊ မောင်တောမြို့မြောက်ပိုင်းရှိ နယ်ခြားစောင့်တပ်စခန်း (တစ်နည်း) ဗျူဟာစခန်းနှစ်ခုဖြစ်သော တောင်ပြို (လက်ဝဲ- လက်ယာ) ဗျူဟာစခန်းတို့ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၄ ရက်နေ့ ညနေ ၆ နာရီခန့်အချိန် တောင်ပြို (လက်ယာ) ဗျူဟာစခန်း တစ်ခုလုံးကို သိမ်းယူနိုင်ခဲ့ကြောင်း ၊ နယ်ခြားစောင့်တပ်စခန်း တောင်ပြို (လက်ယာ) တွင် ရဲမှူး အောင်စည်သူအေး (နခခ-၂) နှင့် တောင်ပြို (လက်ဝဲ)စခန်း တွင် ဒု-ရဲမှူးကြီး ကျော်နိုင်စိုးတို့ ဦးစီးခဲ့ကြောင်း သိရှိရသည်။ AA က တောင်ပြို (လက်ယာ) ကို အပြီးသတ်သိမ်းပိုက်ခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၆ ရက်နေ့၊ ညနေပိုင်းတွင် တောင်ပြို (လက်ဝဲ) စခန်းကိုလည်...

စစ်ဦးစီးအရာရှိချုပ်(ကြည်း)နှင့် စစ်ထောက်ချုပ် တာဝန်ယူထားသော ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း၏ သားဖြစ်သူက နေပြည်တော်စစ်ရုံးအတွင်းသို့ သုံးစွဲရန် မူးယစ်ဆေးဝါး သယ်ယူလာမှု စစ်ဆေးတွေ့ရှိသော်လည်း အရေးယူမှုမရှိ

   အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၏ လူယုံတစ်ဦးဖြစ်သူ စစ်ဦးစီးအရာရှိချုပ်(ကြည်း)နှင့် စစ်ထောက်ချုပ် တာဝန်ယူထားသော ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း၏ သားဖြစ်သူက နေပြည်တော်စစ်ရုံးအတွင်းသို့ သုံးစွဲရန် မူးယစ်ဆေးဝါး သယ်ယူလာမှု စစ်ဆေးတွေ့ရှိသော်လည်း အရေးယူမှုမရှိကြောင်း စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ ဇန်နဝါရီလ ၁၈ ရက်နေ့ ညပိုင်းအချိန် ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်း၏ သားဖြစ်သူ အုပ်စိုးခန့်သည် နေပြည်တော်စစ်ရုံး၊ ဂိတ်အမှတ် ၁ သို့ ဖြတ်သန်းစဉ် ကားဒက်ရှ်ဘုတ်အတွင်းမှ သုံးစွဲနေသည့် မူးယစ်ဆေးဝါးအထုပ်တစ်ထုပ် တွေ့ရှိခဲ့ရကြောင်း၊ အဆိုပါ မူးယစ်ဆေးဝါးသည် ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်း၏ သားဖြစ်သူ အုပ်စိုးခန့် သုံးစွဲသည့် မူးယစ်ဆေးဝါးဖြစ်သော်လည်း ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ စခန်းရုံး၏ စခန်းမှူး ဗိုလ်ချုပ် သိန်းဇော်က တစ်စုံတစ်ရာ အရေးယူမှု မလုပ်ဆောင်တော့ဘဲ ဖုံးကွယ်ပေးထားကြောင်း သိရှိရသည်။ "ကားသမားက ဒုဗိုလ်ချုပ်ကြီးကျော်စွာလင်း မန္တလေးတိုင်းဘ၀ကတည်းက ခေါ်ထားတဲ့ ငယ်တပည့်ရင်းက ကားမောင်းတာ။ ကားက VIP CAR PASS ပါတယ်။ အဲဒီအမှုကို ဒုဗိုလ်ချုပ်ကြီးကျော်စွာလင်းဆီကို သတင်းပို့တော့ သတင်းမပ...

ကျယ်ပြန့်လာသော ပြည်တွင်းစစ်၊ ကမ္ဘာ့ဘိန်းစိုက်ပျိုးထုတ်လုပ်မှု နံပါတ်တစ်ဖြစ်လာသည့် မြန်မာနိုင်ငံနှင့် မူးယစ်ဆေးပြဿနာ

    မြန်မာအပေါ် တရုတ်နှင့် အနောက်နိုင်ငံများက ဘယ်လိုမူဝါဒနှင့် ချဉ်းကပ်သင့်သလဲ လက်ရှိအချိန်တွင် မြန်မာအနေဖြင့် ယူကရိန်းကဲ့သို့  အမေရိကန်နှင့် အနောက်ဥရောပ ကျောထောက် နောက်ခံပေးထားသည့် နိုင်ငံမျိုးမဟုတ်ဘဲ ဘက်ပေါင်းစုံမှ ပိတ်ဆို့မှုဟန့်တားမှုနှင့် ဖိအားများကြောင့် အင်အားနည်းပါးနေသည်မှာ အမှန်ပင်ဖြစ်သည်။ ထိုအချိန်တွင် စူပါပါဝင်နိုင်ငံတစ်ခု၏ Proxy War ဆင်နွှဲခြင်းခံရမည်ဆိုပါက နိုင်ငံအနေဖြင့် ပြိုကွဲသွားနိုင်သည့် အန္တရာယ်နှင့် ကြုံတွေ့ရမည်ဖြစ်ပေသည်။ တစ်ဖက်တွင်လည်း အင်အားကြီးနိုင်ငံများအနေဖြင့် မြန်မာနိုင်ငံ၌ Proxy War ဖော်ဆောင်မည်ဆိုပါက မြန်မာနိုင်ငံမှ မည်သည့်အကျိုးအမြတ်မျှ ရရှိလိမ့်မည်မဟုတ်ပေ။ ဒီမိုကရေစီ လိုလားသော အနောက်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံကို အထီးကျန်စေပြီး ပိတ်ဆို့မှု အထပ်ထပ်ချမှတ်နေခြင်းထက် အမေရိကန်သမ္မတ အိုဘားမားလက်ထက်က မြန်မာနိုင်ငံအပေါ် ချဉ်းကပ်ခဲ့သည့် Carrot and Stick ပုံစံမျိုးဖြင့် အနာနှင့်ဆေး မှန်ကန်မှုရှိသည့်မူဝါဒမျိုးကို ကိုင်စွဲ၍ မြန်မာ့အရေးကို ချဉ်းကပ်လုပ်ဆောင်သင့်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများကလည်း ထောက်ပြကြသည်။ မ...

မြန်မာပြည်မြေပုံကို အပြောင်းခံကြမှာလား

  ကမ္ဘာ့သမိုင်းကို ပြန်လေ့လာကြည့်မယ်ဆိုရင် အိမ်နီးချင်းနိုင်ငံတွေအဖြစ် နှစ်ပေါင်းများစွာ အတူတကွ ယှဉ်တွဲ ရပ်တည်နေကြပြီးမှ ဝေးကွာသွားကြတဲ့ နိုင်ငံတွေ ရှိခဲ့တယ်ဆိုတာ တွေ့နိုင်ပါတယ်။ ကျွန်တော်တို့အတွက် အထင်ရှားဆုံး ဥပမာတစ်ခုရှိပါတယ်။ အဲဒါကတော့ မြန်မာနဲ့ ပါကစ္စတန်တို့ဟာ ယခင်က နယ်မြေချင်း ထိစပ်နေကြတဲ့ အိမ်နီးချင်း နိုင်ငံတွေပါ။ သို့သော် ၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံအသစ် ပေါ်ပေါက်လာချိန်မှာတော့ အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားခဲ့ကြပါတယ်။ ယခင်က အိမ်နီးချင်းဖြစ်ခဲ့လို့ ထင်ပါတယ်၊ မြန်မာနဲ့ ပါကစ္စတန်တို့ရဲ့ ဆက်ဆံရေးဟာ ကောင်းမွန်နေကြဆဲဆိုတာ သက်သေ၊ သာဓကများစွာ ရှိပါတယ်။ အဲဒီလို အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားရခြင်းဟာ သူတို့ရဲ့ ပြည်တွင်းရေးသာ ဖြစ်တဲ့အတွက် အထူးအထွေ ဝေဖန်ရန် မရှိပါ။ သို့သော် လက်ရှိအခြေအနေမှာ မြန်မာရဲ့ အိမ်နီးချင်း (၅) နိုင်ငံရှိနေရာက မတူညီတဲ့ အိမ်နီးချင်းနိုင်ငံသစ်တွေ ထပ်မံ ပေါ်ပေါက်လာဖို့ လုပ်ဆောင်နေကြတာတွေ မြင်နေရပါပြီ။ ဒီတစ်ကြိမ်ကတော့ ကျွန်တော်တို့ရဲ့ ပြည်တွင်းရေးဖြစ်တဲ့အတွက် အလေးထားရပါတော့မယ်။ ရှိပြီးသား အိမ်နီးချင်း (၅) နိုင်ငံနဲ့ မြန်မာတို့အကြား ကျွန်တော်တိ...

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အကြောင်း တစေ့တစောင်း

  ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (၂၃ ဧပြီ ၁၉၉၂- ၃၀ မတ် ၂၀၁၁) အထိ ၁၉နှစ်တာကလ တိုင်းပြည်ကိုအုပ်ချုပ်ခဲ့တယ် ။ တိုင်းပြည်ကို တိုက်ရိုက်မိန့်ခွန်းတစ်ခါမှ ပြောမသွားခဲ့ဘူး ၊ အာဏာသိမ်းအစိုးရမို့ မပြောတာလဲမဟုတ်ဘူး ၊ အလုပ်ပဲ လုပ်သွားတယ် လေပြောလဲမကြီးဘူး ... Road map ၇ ချက်ဆိုပြီး ဆွဲပြီးတော့ ၊ ဗိုလ်ချုပ်ကြီးခင်ညွန့်က တိုင်းပြည်ကို မိန့်ခွန်းပြောဖို့ ဘရွှေဆီခွင့်ပြုမိန့်သွားတောင်းတယ် ၊ ဘရွှေက သတင်းစာကနေချပြလိုက်ရင်ရပြီ မလိုအပ်ဘူးဆိုလို့ ဦးခင်ညွန့်လဲ မပြောလိုက်ရဘူး ... ဘရွှေက အဂ္ဂမဟာဗျူဟာသမား စကားပြောနည်းပြီး အလုပ်များများလုပ်တယ် ၊ မြန်မာစကားပုံအရဆို လူသန်မပြောပေါ့ ... သူ့ရဲ့ တစ်နာရီကျော်ကြာတဲ့ အင်္ဂလိပ်လိုပြောတဲ့ မိန့်ခွန်းနားထောင်ဖူးတယ် အေးအေးဆေးဆေးပဲ ပြောနေတာ ဌာန်တွေမာန်တွေမပါဘူး ၊ အေးဆေးတဲ့ ဥာဏ်သမားစစ်စစ်ပဲ ... သူက အလုပ်လုပ်ဖို့ ရှင်းစရာရှိတာအရင်ရှင်းတယ် ၊ ကစားကွက်ဖော်တယ် တိုက်စစ်ဆင်တယ် ၊ နဝတ ၊ နယက ရဲ့ ကွင်းလည်ဗိုလ်ချုပ်က ဗိုလ်ချုပ်ကြီးခင်ညွန့်(Key Player) ၊ အထောင်တိုက်စစ်မှူး နောက်ချန်တိုက်စစ်မှူး ၊ နောက်တန်းဗဟိုခံစစ်မှူးနဲ့ ကွင်းလည်အဖျက်သမားတွေ အစရှိသဖြင့် မြိုင်မြိုင်ဆိုင်ဆိုင်ကြီး အထို...

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

  စစ်ဗိုလ်များထဲတွင် မင်းသားနှစ်ဦး၏ နာမည်ပေးခံရသော စစ်ဗိုလ်ချုပ်တဦး ရှိသည်။ ဒုဗိုလ်ဘဝမှ ဗိုလ်ချုပ် ဖြစ်သည်အထိ စစ်တပ်ထဲတွင် ရုပ်ရှင်မင်းသားလို နေထိုင်ခဲ့ရသည့်အတွက် ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအား “နေတိုး” သို့မဟုတ် “ပြေတီဦး” ဟု စစ်ဗိုလ်ချုပ်အချို့က နာမည်ပြောင် ပေးထားကြခြင်း ဖြစ်သည်။ ထို့အပြင် ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို လက်ရှိ စစ်ခေါင်းဆောင်များ အလွန်တွင် စစ်တပ်ကို ဦးဆောင်မည့်သူဟုလည်း ထင်ကြေးပေးခံရသူလည်း ဖြစ်သည်။ လက်ရှိအချိန်တွင် ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်းသည် စစ်ဦးစီးအရာရှိချုပ် (ကြည်း) နှင့် စစ်ထောက်ချုပ်တာဝန်တို့ကို ပူးတွဲတာဝန်ယူထားရသည်။ စစ်တက္ကသိုလ်အပတ်စဉ်- ၃၅ (DSA-35) ကျောင်းဆင်း ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်းသည် အရာရှိ ငယ်ဘဝက မကြာသေးခင်က လာဘ်စားမူဖြင့် ဖမ်းဆီးထောင်ချခံရသူ ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း လက်အောက်တွင် တာဝန်ထမ်း ဆောင်ခဲ့သူ ဖြစ်သည်။ ထို့အပြင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) ခေတ် ဒု စစ်ခေါင်းဆောင် ဗိုလ်ချုပ် မောင်အေး၏ ကိုယ်ရေးအရာရှိ လုပ်ခဲ့သူလည်း ဖြစ်သည်။ “မိုးမြင့်ထွန်းက ဗိုလ်ကြီးကနေ ဗိုလ်မှူးအပွင့်တင်ဖိ...

တရုတ်နိုင်ငံရဲ့ လွှမ်းမိုးလာမှုတွေကို တုန့်ပြန်နိုင်ဖို့ အာဆီယံနိုင်ငံတွေကို ဂျပန်ကူညီမည်

  တောင်တရုတ်ပင်လယ်လုံခြုံရေးကို မြှင့်တင်ဖို့အတွက် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီက အာဆီယံနိုင်ငံလေးနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်တို့ကို ၁၀ နှစ်ကြာရေကြောင်းလုံခြုံမှု အကူအညီပေးရန် ပြင်ဆင်နေကြောင်း မီဒီယာများက ဖော်ပြနေကြတယ်လို့ အာရ်အက်ဖ်အေက ဖေဖော်ဝါရီလ ၁၅ ရက်မှာ ရေးသားပါတယ်။ အဲဒီ ၄ နိုင်ငံတို့ဟာ လုံခြုံရေးအရ ဂျပန်အစိုးရရဲ့ ထိပ်တန်းဦးစားပေးများအဖြစ် သတ်မှတ်ခံထားရကြောင်း တိုကျို NHK ရုပ်သံလွှင့်ဌာနက ပြောပါတယ်။ ဂျက်ကာ JICA လို့ လူသိများတဲ့ ဂျပန်အကူအညီပေးရေး အေဂျင်စီရဲ့ အသေးစိတ်အစဉ်များဟာ ၂၀၂၅ခုနှစ် မတ်လအရောက် အကောင်အထည်ပေါ်လာနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ထောက်ပံ့ရေးအစီအစဉ်မှာ ဂျပန်နိုင်ငံက ဒရုန်းများ၊ ရေဒါစနစ်များနဲ့ ကင်းလှည့်သင်္ဘောများအပြင် လေးနိုင်ငံ တစ်ခုချင်းစီအတွက် အခြားစွမ်းရည်မြှင့်တင်ရေး အစီအမံများကို ပံ့ပိုးပေးဖို့ ရှိနေကြောင်း NHK က ဆိုပါတယ်။ ပြီးခဲ့တဲ့လ ဂျပန်အရာရှိများနဲ့ အထူးကျွမ်းကျင်သူတွေဟာ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားတို့မှာ လေ့လာမှုများနဲ့ မျက်မြင်ကွင်းဆင်း စစ်ဆေးမှုများကို ပြုလုပ်ခဲ့တယ်လို့ ယုံကြည်ရပ...

ဒေသကိုအခြေခံသည့် ဖက်ဒရယ် စနစ်ကိုသွားမည်ဟု မြန်မာစစ်ခေါင်းဆောင်ပြော

    မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံမည့် ပြည်ထောင်စုတည်ဆောက်ရာ၌ လူမျိုးကို အခြေမခံဘဲ ဒေသကိုအခြေခံသည့် စနစ်မျိုးဖြင့် အဓိကဆောင်ရွက်သွားမည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ပြောထားသည်။ ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရာတွင် ဦးဆောင်သူ၊ အကောင်အထည်ဖော်သူ၊ လိုက်နာကျင့်သုံးသူများအားလုံး တတ်သိပညာ၊ ပင်ကိုအရည်အသွေး၊ စဉ်းစားတွေးခေါ်မှုများ ပြည့်စုံရန်လိုအပ်ကြောင်း စစ်ခေါင်းဆောင်က ဆိုသည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်အာဏာသိမ်းလိုက်ချိန်မှစ၍ စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများကြား တိုက်ပွဲပြင်းထန်နေသည်မှာ ၃ နှစ်နီးပါး ကြာမြင့်လာပြီဖြစ်သည်။ အာဏာသိမ်းချိန်မှစပြီး စစ်ခေါင်းဆောင်သည် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ပေးမည်ဟု ထပ်ကာတလဲလဲ ပြောဆိုနေသော်လည်း မူဝါဒနှင့် လမ်းစဉ်များ မရှိသဖြင့် ပြည်သူများက အယုံအကြည် မရှိကြပေ။ “ဖက်ဒရယ်ဆိုတဲ့စကားလုံးကို စစ်ခေါင်းဆောင်က အမြဲတမ်းပြောသလို တော်လှန်ရေးအင်အားစုတွေ၊ NUG ကလ...

" ခပ် စပ် စပ် လေး "

  " ခပ် စပ် စပ် လေး " Unicode ကို မိုး ခပ် စပ် စပ် လေး ရေး ပေး စမ်း ပါ လို့ မိတ် ဆွေ တစ် ယောက် ပြော လာ တယ် ။ ကိုယ် က အ ဖမ်း ခံ ရ မှာ ပေါ့ လို့ ပြန် ပြော တော့ လွတ် လပ် စွာ ရေး သား ခွင့် ဒီ မို အ ခွင့် အ ရေး ရ နေ ပါ သေး တယ် လို့ ပြန် ပြော တယ် ။ ကိုယ် တိုင် ကြုံ ခဲ့ ရ တဲ့ လုံ ခြုံ ရေး ဂိတ် မှာ ပိုက် ဆံ တောင်း တဲ့ ကိ စ္စ ကို သိ တဲ့ သူ တစ် ယောက် ကို ပြန် ပြော ပြ တော့ ဆ ရာ အဲ့ ဒီ ကိ စ္စ ရေး တင် ပါ လား တဲ့ ။ အ ဖမ်း ခံ ရ မှာ ပေါ့ လို့ ပြန် ​ပြော ခဲ့ တယ် ။ တစ် ခါ လေ ဆိပ် အ ဝင် အ ထွက် မှာ ပြ ဿ နာ ဖြစ် တဲ့ ကိ စ္စ ကို သက် ဆိုင် ရာ ကို ပြော ပြ တော့ ဒီ လို ကိ စ္စ က ဝိုင်း ပြီး ထိမ်း မှ ရ မယ် တဲ့ ။ အဲ့ ဒါ ကို ရေး ပြီး ပြည် သူ သိ အောင် တင် ပေး လိုက် ပါ လို့ ပြန် ပြော တယ် ။ ( အဲ့ ဒီ ကိ စ္စ ကို တော့ သိပ် မ ကြာ ခင် တင် ပေး ပါ မယ် ။ တစ် နိုင် ငံ လုံး မှာ ရှိ တဲ့ စစ် ဆေး ရေး ဂိတ် တွေ သ တိ ပြု မိ အောင် လို့ ) တ ချို့ တွေ က တ ကယ် ဖြစ် နေ တာ တွေ ကို အ ထက် က လူ ကြီး သိ အောင် မီ ဒီ ယာ က နေ ပြော ပြ စေ ချင် ကြ တယ် ။ တ ချို့ တွေ က အဲ့ လို ပြော ပြ ရင် အ ရေး ယူ ချင် ကြ တယ် ။ လတ် တ လော People media ကိ စ္စ က...

Click !