Skip to main content

Continue !

သက်တမ်း နှစ် ၂၀ ရှိလာပြီ ဖြစ်တဲ့ ဖေ.စ်ဘုတ် (Facebook) က ကမ္ဘာကြီးကို ဘာတွေ ပြောင်းလဲသွားစေခဲ့ သလဲ

 


အပေါ်က ပုံကိုကြည့်လိုက်ပါ။ ဒါက ဖေ့စ်ဘွတ်ခ် (Facebook သို့မဟုတ် The Facebook) စပြီး ထွက်လာတုန်းက ပုံကို ပြနေပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၂၀ သူတို့ ကျောင်းသား တစု ငှားနေတဲ့ အခန်းထဲကနေ ဖေ့စ်ဘွတ်ခ်ကို စခဲ့ကြတဲ့အချိန် မတ်ခ် ဇူကာဘတ် ဘယ်လို ပုံသွင်ရှိတယ် ဆိုတာကိုလည်း တွေ့ရမှာပါ။

အဲဒီ အချိန်ကစပြီး ဖေ့စ်ဘွတ်ခ်ဟာ ကမ္ဘာမှာ အကျော်ကြားဆုံး လူမှုမီဒီယာ ဖြစ်လာ ခဲ့ကာ ဒီဇိုင်းပုံစံ ဒါဇင်နဲ့ချီပြီး မွမ်းမံပြောင်းလဲခဲ့ပါတယ်။

ဒါပေမဲ့ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ မပြောင်းလဲဘဲ အရင်ကနဲ့ အတူတူပါပဲ၊ လူတွေကြား အွန်လိုင်းမှာ ဆက်သွယ်ဖို့ပါ။ ကြော်ငြာ လုပ်ကြတာတွေကနေလည်း ဖေ့စ်ဘွတ်ခ်က ငွေတွေ အပုံလိုက် ရနေပါပြီ။

ဖေ့စ်ဘွတ်ခ် ပလက်ဖောင်းက အနှစ် ၂၀ ပြည့်လာပါပြီ။ သူက ကမ္ဘာကို နည်းလမ်း ၄ ခုနဲ့ ပြောင်းလဲခဲ့ပါတယ်။

၁။ ဖေ့စ်ဘွတ်ခ်က လူမှုမီဒီယာ ကစားပွဲကို ပြောင်းလဲခဲ့

မိုင်စပေ့ (MySpace) အပါအဝင် တခြားလူမှုမီဒီယာ ကွန်ရက်တွေက ဖေ့စ်ဘွတ်ခ် မတိုင်မီ ပေါ်ထွန်းခဲ့ပြီးသားပါ။ ဒါပေမဲ့ ၂၀၀၄ ခုနှစ်မှာ စတင်ခဲ့တဲ့ မတ်ခ် ဇူကာဘတ်ရဲ့ ကွန်ရက်က အွန်လိုင်းမှာ တခြားအမျိုးအစားတွေကို ခပ်မြန်မြန် ကျော်ဖြတ်တက် သွားကာ ထိပ်ဆုံးမှာ နေရာယူလိုက်ပါတယ်။

                      MySpace Tom

ဖေ့စ်ဘွတ်ခ်ထက် တနှစ်စောပြီး ထွက်ခဲ့တဲ့ တွမ် အန်ဒါဆင်ရဲ့ မိုင်စ‌ပေ့ (MySpace) မှာ တွမ်က လူတိုင်းအတွက် ပထမဆုံး သူငယ်ချင်းပါ

ဖေ့စ်ဘွတ်ခ်က တနှစ်အတွင်းမှာပဲ သုံးစွဲသူ တသန်း ရှိသွားပါတယ်၊ ဓာတ်ပုံတွေမှာ ပါတဲ့လူတွေကို တွဲချိတ် (tag- တက်ဂ်) လို့ရတဲ့ အစွမ်းအပါအဝင် ဆန်းသစ်မှု တွေကြောင့် သူက ၄ နှစ်အတွင်း မိုင်စပေ့ကို ကျော်တက်သွားပါတယ်။

ဖုန်းမှာပါတဲ့ ဒစ်ဂျစ်တယ် ကင်မရာနဲ့ ညဘက် ထွက်လည်တုန်းရိုက်၊ နောက်ပြီး ဒါဇင်နဲ့ချီတဲ့ ပုံတွေမှာ ပါတဲ့ သူငယ်ချင်းတွေကို တက်ဂ်တွဲပြီး ဖေ့စ်ဘွတ်ခ်မှာ တင်လိုက်တာက ၂၀၀၀ ခုနှစ်တွေ နှောင်းပိုင်းက ဆယ်ကျော်သက်လူငယ်တွေကြား ရေပန်းစားခဲ့ပါတယ်။ 

Feed ကနေ တောက်လျှောက် သတင်းတွေပို့ပေးနေတာ ကလည်း သုံးစွဲသူတွေကို အထူးဆွဲဆောင်ပါတယ်။၂၀၁၂ မှာ လစဉ် ဖေ့စ်ဘွတ်ခ် သုံးသူအရေအတွက်က ၁ ဘီလျံ ကျော် သွားပါတယ်။ ၂၀၂၁ ခုနှစ် အဆုံးလောက်မှာ နေ့စဉ် သုံးစွဲသူ အရေအတွက်က ၁.၉၂ ဘီလျံအထိ ပထမဆုံး အကြိမ်အဖြစ် ယာယီကျသွားတာမျိုး ကြုံခဲ့ရပေမဲ့ ဒီလူမှု မီဒီယာ ပလက်ဖောင်းကို သုံးစွဲသူ အရေအတွက်က ဆက်တိုက် တက်လာခဲ့ ပါတယ်။

အွန်လိုင်းဆက်သွယ်‌ရေး နည်းပါးတဲ့ နိုင်ငံတွေကို အင်တာနက် အခမဲ့ပေးတဲ့ နည်းနဲ့ ချဲ့ထွင်ပြီး ဒီကုမ္ပဏီဟာ ဖေ့စ်ဘွတ်ခ် သုံးစွဲသူအရေအတွက်ကို တက်လာစေခဲ့ ပါတယ်။ ၂၀၂၃ ခုနှစ် အဆုံးမှာတော့ ဖေ့စ်ဘွတ်ခ် နေ့စဉ် သုံးစွဲသူ ၂ ဘီလျံကျော် ရှိတယ် လို့ သူတို့က ဆိုပါတယ်။

တခုပြောစရာ ရှိတာကတော့ အခုအချိန်မှာ ဖေ့စ်ဘွတ်ခ်က လူငယ်တွေကြား အရင် တုန်းကလောက် ရေပန်းမစားတော့ပါဘူး။ ဘာပဲဖြစ်စေ သူက ကမ္ဘာပေါ်မှာ အကျော်ကြားဆုံး လူမှုမီဒီယာ ကွန်ရက်အဖြစ် ဆက်ရှိနေပြီး အွန်လိုင်းပေါ်မှာ လူမှုလှုပ်ရှားဆောင်ရွက်မှု ခေတ်သစ်ကို မိတ်ဆက်ပေးခဲ့ပါတယ်။

ဖေ့စ်ဘွတ်ခ်နဲ့ သူ့ ပြိုင်ဘက် တခြား လူမှုမီဒီယာတွေဟာ လူတယောက်နဲ့ တယောက် ဆက်သွယ်ကြဖို့ အားပေးတဲ့ အရာလို့ တချို့က မြင်ကြပေမဲ့ တချို့ကတော့ စွဲစေတဲ့ အရာ၊ ကောင်းကျိုးမပေးတဲ့ အရာလို့ မြင်ကြပါတယ်။

၂။ ဖေ့စ်ဘွတ်ခ်က လူတွေရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေကို တန်ဖိုး ရှိလာစေ

 သုံးစွဲသူတွေ ကြိုက်လို့ (Like - လိုက်ခ် လုပ်တာ)၊ မကြိုက်လို့ (Dislike) လုပ်တာတွေကနေ အချက်အလက်တွေ ယူပြီး ငွေအများကြီးရှာနိုင်တယ်ဆိုတာ ဖေ့စ်ဘွတ်ခ်က သက်သေပြနေပါတယ်။

                       likes and other reactions 

ဒီကာလမှာ ဖေ့စ်ဘွတ်ခ်ရဲ့ မိခင် ကုမ္ပဏီ မက်တာ (Meta) ဟာ ဂူဂဲလ် (Google)လို ကုမ္ပဏီတွေလိုမျိုး ကြော်ငြာလုပ်ငန်းအတွက် ကုမ္ပဏီကြီး တခုဖြစ်လာနေပြီး ကမ္ဘာတလွှားက ကြော်ငြာဝင်ငွေမှာ သူတို့ရထားတဲ့ ဝေစုက အကြီးအမားပါ။

အသေအချာပစ်မှတ်ထားပြီး လုပ်ဆောင်တဲ့ ကြော်ငြာ ဝန်ဆောင်မှုကနေ အဓိက ဝင်ငွေရတဲ့ Meta က ၂၀၂၃ တတိယ လေးလပတ်မှာ သူတို့ ဝင်ငွေ ဒေါ်လာ ၃၄ ဘီလျံ နီးပါးရခဲ့တယ်၊ အဲဒီထဲမှာ အမြတ်ကတော့ ဒေါ်လာ ၁၁.၅ ဘီလျံလို့ ကြေညာ ပါတယ်။

ဒါပေမဲ့ ဒေတာ စုဆောင်းယူမှုအပိုင်းမှာ ဖေ့စ်ဘွတ်ခ်ဟာ ကမောက်ကမတွေ လုပ်ခဲ့ဖူးပါတယ်။

ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေကို ကိုင်တွယ်တာ လွဲမှားခဲ့တဲ့ အတွက် Meta ကုမ္ပဏီဟာ အကြိမ်များစွာ ဒဏ်ရိုက် ခံခဲ့ရပါတယ်။

၂၀၁၄ ခုနှစ် အတွင်းဖြစ်ခဲ့တဲ့ ကိန်းဘရစ် အဲနယ်လက်တီကာ (Cambridge Analytica) ကိစ္စက လူသိအများဆုံး ကိစ္စဖြစ်ခဲ့ပြီး ဖေ့စ်ဘွတ်ခ်ဟာ ဒေတာ အချက် အလက် စောင့်ထိန်းမှု ဆိုင်ရာ ချိုးဖောက်မှုနဲ့ တရားရင်ဆိုင်ခဲ့ရကာ ဒေါ်လာ ၇၂၅ သန်း လျော်ခဲ့ရ ပါတယ်။

ပုဂ္ဂိုလ်ရေး အချက်အလက်တွေ ထုတ်နုတ်ယူနေတာကို ခွင့်ပြုခဲ့မှုနဲ့ ဥရောပ သမဂ္ဂက ဒဏ်ရိုက်တဲ့ ယူရို ၂၆၅ သန်းကို ဖေ့စ်ဘွတ်ခ်က ၂၀၂၂ ခုနှစ်မှာ ပေးဆောင်ခဲ့ရပါသေး တယ်။

ဥရောပက ဖေ့စ်ဘွတ်ခ်သုံးစွဲသူတွေရဲ့ ဒေတာတွေကို ခွင့်ပြုချက်မရဘဲ နယ်ကျော်ပြီး လွှဲပြောင်းပေးခဲ့တယ်ဆိုတဲ့ အမှုနဲ့ အိုင်ယာလန် ဒေတာ ကာကွယ်ရေး ကော်မရှင် (Irish Data Protection Commission) က မနှစ်တုန်းက ဖေ့စ်ဘွတ်ခ်ကို ယူရို ၁.၂ ဘီလျံ ဒဏ်ငွေ ရိုက်ထားပါတယ်။ ဖေ့စ်ဘွတ်ခ်က ဒီဆုံးဖြတ်ချက်အပေါ် အယူခံဝင်နေပါတယ်။

၃။ ဖေ့စ်ဘွတ်ခ်က အင်တာနက်ကို နိုင်ငံရေးဖြစ်သွားအောင် လုပ်ခဲ့

 ပစ်မှတ်ထားပြီး ကြော်ငြာနိုင်တဲ့အတွက် ကမ္ဘာတလွှားက ရွေးကောက်ပွဲ အောင်နိုင် ရေး ကမ်ပိန်းတွေအတွက် ဖေ့စ်ဘွတ်ခ်ဟာ အဓိက ပလက်ဖောင်းတခု ဖြစ်လာ ပါတယ်။

                       Trump on social media 

ဥပမာ - ၂၀၂၀ အမေရိကန် သမ္မတရွေးကောက်ပွဲ ၅ လလောက် လိုတဲ့အချိန်မှာ အဲဒီအချိန်က လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်အတွက် ကမ်ပိန်းလုပ်ပေးနေတဲ့ အဖွဲ့က ဖေ့စ်ဘွတ်ခ်မှာ ကြော်ညာဖို့အတွက် ‌ဒေါ်လာ သန်း ၄၀ ကျော် သုံးခဲ့တယ်ဆိုတာကို စတက်တစ်စ်တာ (Statista) သုတေသန အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အမျိုးအစား မတူတဲ့ အုပ်စုတွေကို စုဆောင်းနိုင်တာ၊ ကမ္ဘာနဲ့ချီပြီး ကမ်ပိန်းလုပ် နိုင်တာ၊ လုပ်ဖို့ အစီအစဉ်ချနိုင်တာ စတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နိုင် တဲ့အတွက် ဖေ့စ်ဘွတ်ခ်ဟာ အခြေခံ လူထုကြားက နိုင်ငံရေးကိုလည်း ပြောင်းလဲနိုင် စွမ်းရှိပါတယ်။

အာရပ် ‌နွေဦးတော်လှန်ရေးမှာ ဆန္ဒပြပွဲတွေ ချိတ်ဆက်နိုင်ဖို့၊ မြေပြင်မှာဖြစ်နေတဲ့ သတင်းတွေကို ဖြန့်ဝေဖို့ စတာတွေကို အကူအညီပေးတဲ့နေရာမှာ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာ (Twitter )က အဓိက အခန်းမှာ ပါဝင်ခဲ့တယ်လို့ ဆိုကြပါတယ်။

ဒါပေမဲ့ အဲဒီလို ဖေ့စ်ဘွတ်ခ်သုံးပြီး နိုင်ငံရေးလုပ်ကြတာတွေက လူ့အခွင့်အရေးတွေ အပေါ် သက်ရောက်မှုတွေ အပါအဝင် နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာတာကြောင့် ဖေ့စ်ဘွတ်ခ်ကို ဝေဖန်ကြတာတွေလည်း ရှိပါတယ်။ မြန်မာပြည်မှာ ရိုဟင်ဂျာတွေကို “အကြမ်းဖက်ကြဖို့ လှုံ့ဆော်တဲ့” ပလက်ဖောင်းအဖြစ် ဖေ့စ်ဘွတ်ခ်ကို လူတွေက မသုံးနိုင်အောင် တားမြစ်ဖို့အရေး ဖေ့စ်ဘွတ်ခ် ကုမ္ပဏီ အနေနဲ့ ပျက်ကွက်ခဲ့တယ်ဆိုတဲ့ ကုလသမဂ္ဂ အစီရင်ခံစာ ၂၀၁၈ ခုနှစ်မှာ ထွက်လာ ခဲ့ပြီး အဲဒီ အပေါ် ဖေ့စ်ဘွတ်ခ်က သူတို့ ပျက်ကွက်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။

၄။ Meta လွှမ်းမိုးမှု ရနိုင်ဖို့ ဖေ့စ်ဘွတ်ခ်က အစပြုခဲ့တာဖြစ်

 ဖေ့စ်ဘွတ်ခ်ရဲ့ ကြီးမားတဲ့ အောင်မြင်မှုနဲ့အတူ မတ်ခ် ဇူကာဘတ်ဟာ လူမှုကွန်ရက် နည်းပညာ အင်ပါယာကို တည်ဆောက်နိုင်ခဲ့သလို သုံးစွဲသူ ပမာဏနဲ့ သူ့ရဲ့ စွမ်းအား တွေကိုလည်း တခြားသူတွေ မယှဉ်နိုင်ခဲ့ပါဘူး။

                               Meta 

 ဝှပ်စ်အက်ပ် (WhatsApp)၊ အင်စတာဂရမ် (Instagram)၊ အော့ကျုလပ်စ် (Oculus) တို့အပါအဝင် အလားအလာကောင်းတဲ့ ကုမ္ပဏီတွေကိုလည်း ဝယ်ထားပြီး ဖေ့စ်ဘွတ်ခ်ရဲ့ အောက်မှာ စုပေါင်းထားခဲ့ကာ ၂၀၂၂ မှာတော့ ဖေ့စ်ဘွတ်ခ်ကို မက်တာ (Meta) အဖြစ် အမည်ပြောင်းလဲလိုက်ပါတယ်။

Metaက အခုကာလမှာ သူ့ရဲ့ လူမှုမီဒီယာ တခုခုကို နေ့စဉ် အသုံးပြုနေသူပေါင်း ၃ ဘီလျံ ကျော် ရှိတယ်လို့ ဆိုပါတယ်။

သူ့ရဲ့ ပြိုင်ဘက်တွေကို ဝယ်ဖို့ မတတ်နိုင်တော့ Meta ဟာ သူ့ရဲ့ လွှမ်းမိုးနိုင်မှုကို ဆက်ထိန်းနိုင်အောင် သူတို့ဆီကဟာတွေကို ပုံတူကူးချနေတယ်လို့လည်း စွပ်စွဲခံ ရပါတယ်။

ဖေ့စ်ဘွတ်ခ်နဲ့ အင်စတာဂရမ်တို့မှာတွေ့ရတဲ့ Stories အစီအစဉ်ဟာ စနက်ပ်ချက် (Snapchat) မှာ တွေ့ခဲ့ကြရတာနဲ့ ဆင်တူပါတယ်။ ‌ဗီဒီယိုတွေ မျှဝေတဲ့ အက်ပ်ဖြစ်တဲ့ တစ်ခ်တော့ (TikTok) က ပေးလာတဲ့ စိန်ခေါ်မှုတွေကို Instagram Reels နဲ့ တုံ့ပြန် ထားပါတယ်။ အရင်က တွစ်တာ လို့ အသိများတဲ့ X လိုမျိုး Threads ဆိုပြီး အတုခိုးဖို့ Meta က ကြိုးစားနေပါတယ်။

ပြိုင်ဆိုင်မှုက မြင့်လာ၊ စည်းမျဉ်းတွေက ပိုတင်းကျပ်လာတဲ့ အချိန်မှာ နည်းနာအပိုင်း က အရင်ကထက် ပိုပြီး အ‌ရေးပါလာပါတယ်။

၂၀၂၂ ခုနှစ်မှာ Meta အနေနဲ့ ဂရပ်ဖစ် ရုပ်ပုံလေး (GIF) တွေ လုပ်ပေးတဲ့ Giphy ကို ရောင်းထုတ်ဖို့ ဖိအားပေးတာ ခံခဲ့ရပြီး အရှုံးတွေ့ခဲ့ပါတယ်။ စျေးကွက်အတွင်းမှာ လက်ဝါးကြီးအုပ် လွှမ်းမိုးသွားမှာကို စိုးရိမ်တဲ့အတွက် Meta အနေနဲ့ အဲဒီအစီအစဉ် ပိုင်ဆိုင်မှုကို လက်လွှတ်ဖို့ ဗြိတိန် စည်းမျဉ်းထိန်းချုပ်သူတွေက ဆုံးဖြတ်ခဲ့ ပါတယ်။

နောက် အနှစ် ၂၀ ဆိုရင် ဘာတွေ ဖြစ်လာနိုင်လဲ

 ဖေ့စ်ဘွတ်ခ် ဆက်ပြီး ထွန်းပေါက်နေမယ်၊ လွှမ်းမိုးထားမယ်ဆိုတာက မတ်ခ် ဇူကာဘတ် ရဲ့ စွမ်းဆောင်ရည်နဲ့ သက်ဆိုင်ပါတယ်။

ဒါပေမဲ့ နောက်လာမယ် အနှစ် ၂၀ အတွင်းမှာ အကျော်ကြားဆုံး လူမှုကွန်ရက်ဆိုတဲ့ သရဖူကို ဆက်ဆောင်းထားနိုင်ဖို့ အရေး ကြုံရမယ့် စိန်ခေါ်မှုက အကြီးအမားပါ။

Meta က သူ့စီးပွားရေးကို Metaverse ဆိုတဲ့ အိုင်ဒီယာနဲ့ အကြီးအမားတွန်းထိုးပြီး လုပ်နေပါတယ်။ အဲဒါက အက်ပဲလ် (Apple) လို နည်းပညာကုမ္ပဏီ အကြီးစားတွေနဲ့ ယှဉ်ဖို့ ကြိုးစားတာလို့ ဆိုနေကြပါတယ်။

ဉာဏ်ရည်တု (AI - Artificial intelligence) ကလည်း Meta ဦးစားပေးတဲ့ အထဲက တခုပါ။

ဖေ့စ်ဘွတ်ခ်နဲ့ စပြီး တာထွက်ခဲ့တာနဲ့ အတူ ဒီကုမ္ပဏီရဲ့ အပြာရောင် အက်ပ် လေးတွေ အနာဂတ်က နေရာတိုင်းမှာ ဆက်တွေ့နေမလားဆိုတာကို စောင့်ကြည့်ဖို့ က စိတ် ဝင်စား စရာပါ။ 

 

Hi !

!

Popular posts from this blog

ဝေဝါးမှုတွေနဲ့အတူ မသေချာ မရေရာမှုများနဲ့ မြန်မာပြည်..။

  ဝါရင့်သတင်းစာဆရာကြီး လာရီယာဂန်က စစ်အာဏာသိမ်းမှု သုံးနှစ်ပြည့်တဲ့ ဖေဖော်ဝါရီ(၁)ရက်နေ့မှာ ဘန်ကောက်ပို့စ်သတင်းစာမှာ ဆောင်းပါးတစ်ပုဒ် ရေးသားလိုက်ပါတယ်။ ဆောင်းပါးခေါင်းစဉ်က Myanmar faces increasing uncertainty ပါ။ စစ်အာဏာသိမ်းပြီး သုံးနှစ်အကြာမှာ မြန်မာနိုင်ငံရဲ့အခြေအနေ ဘယ်လိုရှိသလဲ။ ရှေ့မှာ ဘာဖြစ်နိုင်သလဲ။ မှန်းဆထားတာပါ။ လက်ရှိ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်လို့ လာရီယာဂန်လည်း ဘာမှ မမှန်းဆနိုင်ပါဘူး။ သူပြောနိုင်တာ တစ်ခုက မြန်မာပြည်ဟာ မသေမချာ မရေမရာမှုတွေ အများကြီးနဲ့ ဆက်ပြီး ရင်ဆိုင်နေရဦးမယ်ဆိုတဲ့ ကောက်ချက်ပါ။ မြန်မာစစ်တပ်က ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရကို စစ်အာဏာသိမ်းခဲ့တာ ခု ဖေဖော်ဝါရီ(၁)ရက်မှာ သုံးနှစ်တိတိ ပြည့်ခဲ့ပြီဖြစ်ကြောင်း၊ သုံးနှစ်အတွင်း တိုင်းပြည်ဟာ အဖက်ဖက်က ယိုယွင်းပျက်စီးသွားပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေ တိုးပွါးနေကြောင်း၊ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ပီဒီအက်ဖ်တွေကြား တိုက်ပွဲတွေကြောင့် ပြည်သူသန်းပေါင်းများစွာ အိုးပစ်အိမ်ပစ် ထွက်ပြေးနေရကြောင်း လာရီယာဂန်က ရေးသားပါတယ်။ ...

ကရင်ပြည်နယ်ပုံရိပ်ကို ထိခိုက်စေသဖြင့် ရွှေကုက္ကိုလ်ကို တိုက်ခိုက်ရဟု KTLA ပြော

  ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ ရွှေကုက္ကိုလ်မြို့သစ်သည် ပြည်နယ်ဖွံဖြိုးမှု မဖြစ်စေဘဲ ပျက်ဆီးမှုကိုသာ ဖြစ်စေသဖြင့် တိုက်ခိုက်ရခြင်း ဖြစ်ကြောင်း ကော်သူးလေတပ် (KTLA) က ဧပြီ ၇ ရက်တွင် ကြေညာသည်။ Facebookတွင် ပျံ့နှံလာသော KTLA ဗဟိုဌာနချုပ် ရုံးထိုင်မှူး စောဝါးနေမူး လက်မှတ်ထိုးထားသည့် ကြေညာချက်အရ ရွှေကုက္ကိုလ်မြို့သည် မူးယစ်ဆေးဝါး ဖြန့်ဖြူးသုံးစွဲရောင်းချနေပြီး တိုင်းရင်းသူ အမျိုးသမီးများကို ပြည့်တန်ဆာအဖြစ် လိမ် လည်လှည့်ဖြားစေခိုင်းနေသည့် နေရာဖြစ်နေသလို စစ်ကောင်စီအတွက် တရားမဝင်ငွေကြေးများ ရှာဖွေပေးသည့် နေရာ ဖြစ်၍ ပြည်ပမှ အလုပ်သမားများကိုလည်း လိမ်လည်ခေါ်ဆို ခိုင်းစေမှုများ ရှိနေသဖြင့် KTLA အနေနှင့် ကရင်ပြည်နယ် အကျိုးအတွက် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း၊ ထို့အတွက် ရွှေကုက္ကိုလ်တွင် နေထိုင်သည့် ပြည်သူများအနေနှင့် တိုက်ပွဲ ဧရိယာမှ ရှောင်ပေးကြရန် ထုတ်ပြန်ထားသည်။ ထိုကြေညာချက်နှင့် ပတ်သက်၍ ပိုမိုသိရှိနိုင်ရန် KTLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောနယ်ဒါးမြကို ဧရာဝတီက ဖုန်းဖြင့်ဆက် သွယ်ခဲ့ရာ ၎င်း အလုပ်များနေသဖြင့် နောက်မှ ပြန်လည်ဆက်သွယ်ရန် ပြောဆိုသည်။ ကော်သူးလေတပ်နှင့် နီးစပ်သည်...

မြန်မာနိုင်ငံမှာရှိတဲ့ ဗမာလူမျိုး ပေါ်ပေါက်ပုံ အကြောင်း

  ဗမာလူမျိုး ပေါ်ပေါက်လာပုံ သမိုင်းကြောင်း – တိဘက်တို ဘားမန်းလူမျိုးနွယ်စုကြီး မှ အကြီးဆုံးသောလူမျိုးဖြစ်သည်။ ယနေ့ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းသို့ နာဂ၊ သက်၊ ကမ်းယံ၊ပျူ တို့နောက်မှ ဝင်ရောက်လာခြင်းဖြစ်သော်လည်းပျူတို့ ထူထောင်သည့် ပထမပြည်ထောင်စုကို အေဒီ ၈ ရာစုတွင် နန်ကျောက်တို့က ဖျက်စီးပြီးချိန် မတိုင်မှီက ပင် ရောက်ရှိနေထိုင်နေခဲ့ပြီးဖြစ်သည်ဟုခန့်မှန်း၍ရနိုင်သည်။အေဒီ ၁၀ ရာစုမတိုင်မှီ အချိန်ကပင် ကျောက်ဆည် ၁၁ ခရိုင်တွင် အခြေချခဲ့ပြီး နောက်များမကြာမှီ တွင်မြစ်သာ ၆ ခရိုင် ၊ ပုဂံ နေပြည်တော်တို့ကို ထူ ထောင်ကာဒုတိယမြန်မာပြည်ထောင်စုကို တည်ထောင်ခဲ့ကြသည်။ သို့သော် မြန်မာနိုင်ငံသားတို့က ထိုပြည်ထောင်စုကိုသာပထမပြည် ထောင် စုအဖြစ် လက်ခံကြသည်။သမိုင်းတစ်လျောက်တွင် မွန်ဂို၊ တရုတ်၊ ယိုးဒယား၊ မွန်၊ ရခိုင်၊ ရှမ်း၊ ကရင် အစရှိသည့် အတွင်း၊ အပြင်ရန်အမျိုးမျိုးနှင့်ကြုံတွ့ခဲ့ဖူးပြီးအကြိမ်တိုင်းတွင် ပြည်ထောင်စု၏ ဦးဆောင်သူနေရာကို ဗမာတို့ ပြန်လည်ကာ ရောက်ရှိနိုင်ခဲ့သည်။အနော်ရထာ၏ ပထမပြည်ထောင်စု(ပထမမြန်မာနိုင်ငံတော်ကြီး)၊ တပင်ရွှေထီး-ဘုရင့်နောင်တို့ ၏ ဒုတိယပြည်ထောင်စု (ဒုတိယ မြန်မာနိုင်ငံတော်ကြီး)၊အလောင်းဘုရား၏ တတိ...

မြန်မာပြည်မြေပုံကို အပြောင်းခံကြမှာလား

  ကမ္ဘာ့သမိုင်းကို ပြန်လေ့လာကြည့်မယ်ဆိုရင် အိမ်နီးချင်းနိုင်ငံတွေအဖြစ် နှစ်ပေါင်းများစွာ အတူတကွ ယှဉ်တွဲ ရပ်တည်နေကြပြီးမှ ဝေးကွာသွားကြတဲ့ နိုင်ငံတွေ ရှိခဲ့တယ်ဆိုတာ တွေ့နိုင်ပါတယ်။ ကျွန်တော်တို့အတွက် အထင်ရှားဆုံး ဥပမာတစ်ခုရှိပါတယ်။ အဲဒါကတော့ မြန်မာနဲ့ ပါကစ္စတန်တို့ဟာ ယခင်က နယ်မြေချင်း ထိစပ်နေကြတဲ့ အိမ်နီးချင်း နိုင်ငံတွေပါ။ သို့သော် ၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံအသစ် ပေါ်ပေါက်လာချိန်မှာတော့ အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားခဲ့ကြပါတယ်။ ယခင်က အိမ်နီးချင်းဖြစ်ခဲ့လို့ ထင်ပါတယ်၊ မြန်မာနဲ့ ပါကစ္စတန်တို့ရဲ့ ဆက်ဆံရေးဟာ ကောင်းမွန်နေကြဆဲဆိုတာ သက်သေ၊ သာဓကများစွာ ရှိပါတယ်။ အဲဒီလို အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားရခြင်းဟာ သူတို့ရဲ့ ပြည်တွင်းရေးသာ ဖြစ်တဲ့အတွက် အထူးအထွေ ဝေဖန်ရန် မရှိပါ။ သို့သော် လက်ရှိအခြေအနေမှာ မြန်မာရဲ့ အိမ်နီးချင်း (၅) နိုင်ငံရှိနေရာက မတူညီတဲ့ အိမ်နီးချင်းနိုင်ငံသစ်တွေ ထပ်မံ ပေါ်ပေါက်လာဖို့ လုပ်ဆောင်နေကြတာတွေ မြင်နေရပါပြီ။ ဒီတစ်ကြိမ်ကတော့ ကျွန်တော်တို့ရဲ့ ပြည်တွင်းရေးဖြစ်တဲ့အတွက် အလေးထားရပါတော့မယ်။ ရှိပြီးသား အိမ်နီးချင်း (၅) နိုင်ငံနဲ့ မြန်မာတို့အကြား ကျွန်တော်တိ...

မြန်မာ ဒုကာကွယ်ရေးဝန်ကြီး ထောင်ထဲရောက်ပြီ

  မြန်မာ ဒုကာကွယ်ရေးဝန်ကြီး ထောင်ထဲရောက်ပြီ မတ်လ ၂၈ ရက် ၂၀၂၄ ခုနှစ် နံနက် ၁၀ နာရီ ၂၀ သတင်း ================================= ကာကွယ်ရေး ဒု-ဝန်ကြီး ဖြစ်သူ ဗိုလ်ချုပ်အောင်လင်းထွန်းကို ကျားဖြန့်လုပ်ငန်းနဲ့ ပတ်သက်တယ်ဆိုပြီး မနေ့ည မတ်လ ၂၇ ရက်နေ့ည ၁၁ နာရီတွင် စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့မှ သွားရောက်ဖမ်းဆီးခဲ့ကြပါတယ်။ အဆိုပါ ဖမ်းဆီးချိန်တွင် ဒုကာကွယ်ရေးဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်အောင်လင်းထွန်းသည် အရက်မူးနေပြီး အသာတကြည် လိုက်လာခြင်းမရှိပဲ … ပုဆိုးလှန်ပြီး ဆဲဆိုနေခြင်းကြောင့် စစ်ဘက်လုံခြုံရေးအဖွဲ့မှ ရိုက်နှက်ခဲ့ရာ.. သွား အချို့ ကျွတ်သွားပြီး ပါးစပ်တခုလုံး သွေးများနီရဲနေသည်။ “အဲ့ကောင် ပါးစပ်က သွေးမတိတ်ခင် ရမဲသင်းထောင်ပို့လိုက်စမ်း” လို့ အထက် အမိန့်ပေးလိုက်တော့ အခု ရမဲသင်းထောင်ရောက်နေပြီဖြစ်ကြောင်း မြန်မာအမေရိကန် သတင်းဌာနမှ စုံစမ်းသိရှိရသည်။ ဂိုလ်ရှယ်လေး

စစ်တပ်မှ အာဏာသိမ်းထားသည့် ၃ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ထောင်သားဘဝ

                           ဖေဖော်ဝါရီလ ၁ ရက်နေ့သည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့အတွက် အနှောက်အယှက်ဖြစ်စေသူဟု ယူဆသည့် ရွေးကောက်ခံအစိုးရ ခေါင်းဆောင်နှင့် နိုင်ငံသမိုင်းတွင် အညီညွတ်ဆုံးဖြစ်စေခဲ့သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာမှဖယ်ရှားပြီး မအောင်မြင်သော အာဏာသိမ်းမှု ပြုလုပ်သည့် သုံးနှစ်မြောက်နေ့ ဖြစ်သည်။ ရက်ပေါင်း ၁၀၉၅ ရက်ကျော် ကြာသော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် မြို့တော်နှင့် စစ်တပ်ဗဟိုဌာနချုပ် နေပြည်တော် အနောက်တောင်ဘက်အစွန်းမှ ထောင်တခုတွင် တဦးတည်း ဆက်လက် ဖမ်းဆီးချုပ်နှောင်ခံနေရသည်။ သူ့အတွက် တခုတည်းသော ထောင်ပြင်ထွက်ရချိန်သည် လွန်ခဲ့သောနှစ်အတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စတာ ဒွန် ပရာမတ်ဝီနိုင်နှင့် တွေ့ရသည့် တိုတောင်းသော ကာလဖြစ်ပြီး သူ့ကို ချမှတ်ထားသည့် ထောင်သက်တမ်းကိုလည်း ၃၃ နှစ်မှ ၂၇ နှစ်သို့ လွန်ခဲ့သောနှစ်က လျှော့ချပေးသည်။ အာဏာသိမ်းမှု နှစ်ပတ်လည်သည် ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းနည်းစရာကောင်းသော လက်ရှိအခြေအနေနှင့် ဝေဝါးနေသည့် အနာဂတ်ကို မီးမောင်းထိုးပ...

ပဲခူးတိုင်း မင်းလှမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွား

  မင်းလှတွင် ၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲ ၆ ကြိမ် အတွင်း စစ်တပ်ဘက်မှ စစ်သား ၈၀ ဦးကျော်သေဆုံး ရန်ကုန်၊ မတ် ၁၁ ပဲခူးတိုင်း၊ မင်းလှမြို့နယ်အတွင်း ၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲ ၆ ကြိမ် အတွင်း စစ်တပ်ဘက်မှ ၈၀ ကျော်သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ မတ်လ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ ဧက ၁၀၀၀ ကျွန်း စိုက်ခင်း ကျုံးပေါက်အနီး၌ စစ်ကြောင်း ထိုးလာသော အင်အား ၁၂၀ ပါ စစ်ကောင်စီ တပ်သားများကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ နှင့် ဒဂုံစစ်ကြောင်းတို့က စောင့်ကြို တိုက်ခိုက်ခဲ့ရာ အပြန်အလှန် တိုက်ပွဲ ၂ နာရီကျော် ကြာမြင့်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်ဘက်မှ ၂၀ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။ ယင်းနေ့ ညနေ ၅ နာရီခန့်အချိန် မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်းပေါ်ရှိ ဟိုင်းယု လမ်းဆုံတွင် တပ်ဆွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ နှင့် တပ်ခွဲ ၃ တို့က လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ရှောင်တခင် သွားရောက် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၃ နာရီခန...

တပ်မလက်ရွေးစဉ် ဘီလူးစစ်ကြောင်းဆိုသည်မှာ .....

    “ဒီစစ်ကြောင်းက စစ်တိုက်ဖို့ဆိုတာထက် လူတွေကိုသတ်၊ မုဒိမ်းကျင့်ဖို့ အဲ့လိုမျိုးတွေလုပ်ဖို့ အဓိကလာတဲ့ စစ်ကြောင်းပါ။ လူမဆန်တဲ့ လုပ်ရပ်တွေကို အဓိကလုပ်တာ” မြောင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) က ကိုနွေဦးက စစ်ကိုင်းဒေသအတွင်း စစ်ရာဇဝတ်မှုများကို ကျူးလွန်ချိုးဖောက်နေသည့် ဘီလူးစစ်ကြောင်း၏ လုပ်ရပ်များကို ပြောဆိုသွားခြင်းဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြည်သူများကို ရက်ရက်စက်စက် ခေါင်းဖြတ်သတ်သည့် စစ်ကြောင်း၊ အစုလိုက် အပြုံလိုက် သတ်သည့်စစ်ကြောင်း၊ မုဒိမ်းမှုများကို ကျူးလွန်နေသည့် စစ်ကြောင်းဟု ဆိုလိုက်ပါက လူတိုင်းက ဆိုးဆိုးရွာရွား နာနာကျည်းကျည်း အမှတ်ရနေသည့် စစ်ကြောင်းမှာ ဘီလူးစစ်ကြောင်းပင် ဖြစ်သည်။ ရက်စက်မှုအပေါင်း သရဖူဆောင်းထားသည့် ဘီလူးစစ်ကြောင်းသည် ယခုနှစ် ဩဂုတ်လ တတိယပတ်မှ စက်တင်ဘာလ ဒုတိယပတ်ထိ စစ်ကိုင်း၊ ရွှေဘို၊ ဝက်လက်နယ်များသို့ စစ်ကြောင်းထိုး ဝင်ရောက်ပြီးနောက် ပြည်သူများကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်။ 'စစ်ကိုင်း၊ ရွှေဘို၊ ဝက်လက်နယ်ထဲ ဘီလူးစစ်ကြောင်း၏ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သည့် အခြေအနေများ' မန္တလေး-ရွှေဘို-မြစ်ကြီ...

ရှမ်းမြောက်က ကျားဖြန့် ဇာတ်သိမ်းခန်း

  ဇန်နဝါရီ ၃၀ ရက်တွင် မြန်မာနိုင်ငံ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက တရုတ် အစိုးရထံ မြန်မာနိုင်ငံမြောက်ပိုင်း ကျားဖျန့် လုပ်ငန်းများတွင် အဓိက ကြိုးကိုင်သူများဟု သတ်မှတ်ထားသည့် ပယ်စောက်ချိန်အပါအဝင် ခြောက်ဦးနှင့် အခြားအရေးကြီးသံသယရှိ သူ လေးဦးကို လွှဲပြောင်းပေးခဲ့သည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ဇန်နဝါရီ ၃၀ ရက်တွင် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးအဖွဲ့ အစည်းထံသို့မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့် ဒေသ အွန်လိုင်းလိမ်လည်မှုအဖွဲ့၏ အဓိက ခေါင်းဆောင် ခြောက်ဦးဖြစ်သည့် ပယ် စောက်ချိန်၊ ပယ်ရင်ချန်၊ဝေ့ဟွိုင်ရန်၊ လျိုကျန့် ရှန်၊ လျိုကျန့်မောက်၊ ရွှီလောက်ဖာနှင့် အခြား အရေးကြီး ပြစ်မှုကျူးလွန်ကြောင်းသံသယရှိ သူ လေးဦးအား တရားဥပဒေနှင့်အညီ လွှဲ ပြောင်းပေးအပ်ခဲ့ပြီး အဆိုပါ ၁၀ ဦးကို ယင်း နေ့ညတွင်ပင် တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့ သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ခဲ့သည်။ ယင်းသို့ မြန်မာနိုင်ငံမြောက်ပိုင်းရှိ ကျား ဖျန့်လုပ်ငန်းများတွင် အဓိကတာဝန်ရှိသူဟု တရုတ်အစိုးရက သတ်မှတ်ထားသည့် ပယ် စောက်ချိန် အပါအဝင် ခြောက်ဦးအား လွှဲ ပြောင်းပေးအပ်ခြင်းမှာ တရုတ်-မြန်မာ နှစ် နိုင်ငံ၏ န...

အာဆီယံ-သြစတြေးလျ ထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီ ကိုယ်စားလှယ်တက်မည်

 စစ်ဗိုလ်ချုပ်များခန့်ထားသည့် သံအမတ်က မဲလ်ဘုန်းမြို့တွင် ၃ ရက်ကြာ ကျင်းပမည့် ဒေသတွင်း အထူးထိပ်သီးအစည်းအဝေးကာလအတွင်း ဆွေးနွေးပွဲ ၂ ခုကို တက်မည်ဟု သိရှိရသည်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသည့် အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသည့် သြစတြေးလျ ဝန်ကြီးချုပ် Anthony Albanese ကို တွေ့ရစဉ်။ သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် မတ်လ ၄ ရက်မှ ၆ ရက်အထိ ကျင်းပမည့် အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီကိုယ်စားလှယ် တက်ရောက်မည်ဟု သိရသည်။ အစည်းအဝေးကာလတွင် ပြုလုပ်မည့် ရေကြောင်းပူးပေါင်းဆောင်ရွက်ရေးညီလာခံ၊ ရာသီဥတုနှင့် သန့်ရှင်းသောစွမ်းအင်ဆိုင်ရာ ဖိုရမ်တို့ကို ကင်ဘာရာမြို့ မြန်မာသံရုံးမှ စစ်ကောင်စီခန့် သံအမတ် ဦးသက်ထွန်း တက်ရောက်မည်ဖြစ်သည်။  အခြား ဆက်စပ်အစည်းထိပ်သီးအစည်းအဝေးများသို့ စစ်ကောင်စီကိုယ်စားပြုကိုယ်စားလှယ် တက်မည်၊ မတက်မည်ကိုမူ သြစတြေးလျ နိုင်ငံခြားရေးနှင့် ကုန်သွယ်မှုဌာနက ပြောဆိုခြင်းမရှိပေ။ ...

Click !