Skip to main content

Continue !

၁၀၂၇ စစ်ဆင်ရေး ၃ လအတွင်း စစ်ကောင်စီရဲ့ အရှက်တကွဲ ဆုံးရှုံးရမှုများ

 


 ၁၀၂၇ စစ်ဆင်ရေး သုံးလပြည့်သောအခါ ၎င်း၏ ရိုက်ခတ်မှုကို ပိုမိုကောင်းမွန်စွာ တိုင်းတာရန် ဧရာဝတီက စစ်ကောင်စီ၏ အကြီးမားဆုံး ဆုံးရှုံးမှုများကို စာရင်းပြုစုခဲ့သည်။

လွန်ခဲ့သောနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့က စတင်သည့် ညှိနှိုင်းထိုးစစ်သည် စစ်ကောင်စီကို ယခင် မကြုံဖူးအောင် များပြားသည့် ကြီးမားသော ရှုံးနိမ့်မှုများ ဖြစ်စေသည်။ ထို ထိုးစစ်သည် အခြား တိုင်းရင်းသား လက်နက်ကိုင်များ အပါအဝင် တော်လှန်ရေး အင်အားစုများက လွန်ခဲ့သော သုံးနှစ်နီးပါးက ရွေးကောက်ခံ အစိုးရထံမှ အာဏာသိမ်းခဲ့သော စစ်ကောင်စီတပ်ကို ညှိနှိုင်းတိုက်ခိုက်ရန် စိတ်အားတက်ကြွစေသည်။

ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့ဖြစ်သော ရက္ခိုင့်တပ်တော် (AA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့သည် ၁၀၂၇ စစ်ဆင်ရေးကို ရှမ်းပြည်မြောက်ပိုင်းတွင် ဆင်နွှဲသည်။

ဆုံးရှုံးမှုများတွင် ဂျက်တိုက်လေယာဉ်များနှင့် ရဟတ်ယာဉ်များမှသည် တင့်ကားများမှ သံချပ်ကာကားများအထိ ပါဝင်သလို အလံဖြူထောင်ကာ တလျှောက်လုံး ထွက်ပြေးရသည့် စစ်သားများနှင့် အမိန့်ပေးကွပ်ကဲမှု ထိပ်ဆုံးမှ အရာရှိများလည်း ပါဝင်သည်။

အရှက်သိက္ခာကျဆင်းစေသည့် ရှုံးနိမ့်မှုများအပြင် စစ်ကောင်စီသည် စီးပွားရေး ဆုံးရှုံးမှုများကိုလည်း ခံစားရသည်။ ထိုဆုံးရှုံးမှုများတွင် ဂျက်တိုက်လေယာဉ်များနှင့် ရဟတ်ယာဉ်များမှသည် တင့်ကားများမှ သံချပ်ကာကားများအထိ ပါဝင်သလို အလံဖြူထောင်ကာ တလျှောက်လုံး ထွက်ပြေးရသည့် စစ်သားများနှင့် အမိန့်ပေးကွပ်ကဲမှု ထိပ်ဆုံးမှ အရာရှိများလည်း ပါဝင်သည်။

အလွန်များပြားလှသော လက်နက်ခဲယမ်းများနှင့် အဓိကကျသည့် စစ်စခန်းများ၊ သေနင်္ဂဗျူဟာကျသည့် မြို့များကိုလည်း ညီနောင်မဟာမိတ်များနှင့် တနိုင်ငံလုံးမှ တော်လှန်ရေး မဟာမိတ်များက သိမ်းဆည်းမိသည်။ ၎င်းတို့ကို အောက်တွင် တစေ့တစောင်း ဖော်ပြလိုက်သည်။

ဂျက်လေယာဉ်များနှင့် ရဟတ်ယာဉ်များ

၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် ညီနောင်မဟာမိတ်များက အခြားတိုင်းရင်းသား လက်နက်ကိုင်များနှင့် တော်လှန်ရေးအင်အားစုများ စစ်ကောင်စီတပ်ကို တိုက်ရန် စိတ်အားတက်ကြွစေသလို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ ကရင်နီတိုင်းရင်းသားများ ကာကွယ်ရေး တပ်မတော် (KNDF) နှင့် ကရင်နီတပ်မတော် (KA) တို့သည် ဂျက်တိုက်လေယာဉ် နှစ်စင်းနှင့် ရဟတ်ယာဉ်တစင်းတို့ကို ပစ်ချခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် KIA သည် စစ်ကောင်စီ၏ FTC 2000G ဂျက်တိုက်လေယာဉ်ကို ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာတွင် ပစ်ချသည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့တွင် KIA သည် ကချင်ပြည်နယ် လိုင်ဇာဌာနချုပ်အနီးတွင် Mi-17 ရဟတ်ယာဉ်ကို ပစ်ချသည်။ ထို Mi-17 သည် လိုင်ဇာမှ ၈ မိုင်အကွာ၌ ပစ်ချခံရချိန်တွင် စစ်ကောင်စီ တပ်များအတွက် ရိက္ခာပို့ဆောင်နေခြင်း ဖြစ်သည်။

                       
ဆုံးရှုံးသွားသည့် ဂျက်တိုက်လေယာဉ် သုံးစင်းနှင့် ရဟတ်ယာဉ် လေးစင်း၏ တန်ဖိုးသည် အမေရိကန် ဒေါ်လာ ၇၅ သန်းဖိုးခန့် ရှိသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် စစ်ကောင်စီ၏ K8-W လေယာဉ်တစင်းကို KNDF နှင့် KA တို့က ကရင်နီ (ကယား) ပြည်နယ် မြို့တော်အနီး လွိုင်ကော်တွင် ပစ်ချသည်။

၁၀၂၇ စစ်ဆင်ရေး မစတင်မီက အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ် တစင်းနှင့် ရဟတ်ယာဉ် သုံးစင်းကို ပစ်ချခဲ့သေးသည်။

၁၀၂၇ စစ်ဆင်ရေး မစတင်မီက အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ် တစင်းနှင့် ရဟတ်ယာဉ် သုံးစင်းကို ပစ်ချခဲ့သေးသည်။

ပထမဆုံး ပစ်ချခံရသည်မှာ Mi-35 ရဟတ်ယာဉ် ဖြစ်သည်။ ထိုရဟတ်ယာဉ်ကို ၂၀၂၁ ခုနှစ်၊ မေလ ၃ ရက်နေ့တွင် KIA က ကချင်ပြည်၊ မိုးမောက်မြို့နယ်တွင် ပစ်ချသည်။ KIA သည် ကချင်လွတ်လပ်ရေး အဖွဲ့ချုပ် (KIO) ၏ လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်သည်။

ဒုတိယမြောက် ပစ်ချခံရသည်မှာ အမျိုးအစားမသိ စစ်ရဟတ်ယာဉ် ဖြစ်သည်။ ထိုရဟတ်ယာဉ်ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့တွင် KNDF က စစ်ကောင်စီတပ်နှင့် ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီး မြေပြင်တွင် တိုက်ပွဲဖြစ်နေစဉ် ပစ်ချသည်။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်သူ့ကာကွယ်ရေး တပ်များက ရွှေပြည်အေးမြို့ကို သိမ်းပိုက်ရန် ကြိုးစားနေစဉ် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်တွင် စစ်ကောင်စီ၏ Mi-17 ရဟတ်ယာဉ်ကို ပစ်ချလိုက်ကြောင်း ကြေညာသည်။

၂၀၂၃ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့တွင် တောင်ငူလေတပ်မှ တက်လာသော K8-W တစီးကို ကရင်နီ အမျိုးသား ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF) က ကရင်နီပြည်နယ်၊ ဘောလခဲခရိုင်၊ တွာသစ်မြို့အနီးတွင် ပစ်ချသည်။

အကြမ်းဖျဉ်း ခန့်မှန်းချက်အရ ဆုံးရှုံးသွားသည့် ဂျက်တိုက်လေယာဉ် သုံးစင်းနှင့် ရဟတ်ယာဉ် လေးစင်း၏ တန်ဖိုးသည် အမေရိကန် ဒေါ်လာ ၇၅ သန်းဖိုးခန့် ရှိသည်။

တင့်ကားများနှင့် သံချပ်ကာယာဉ်များ

ညီနောင်မဟာမိတ်များသည် အနည်းဆုံး တင့်ကား ရှစ်စီး၊ သံချပ်ကာယာဉ် ၁၆ စီးနှင့် အတွဲလိုက်ပစ်သည့် ဒုံးကျည်ပစ်ယာဉ် နှစ်စီးကို ၁၀၂၇ စစ်ဆင်ရေး ပထမ သုံးလအတွင်း ရှမ်းပြည်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တွင် ဖျက်ဆီးခဲ့၊ သိမ်းပိုက်ခဲ့သည်။

MNDAA က အများဆုံး သိမ်းပိုက်ခြင်းဖြစ်ပြီး သံချပ်ကာနှင့် တင့်ကား ၁၆ စီး သိမ်းပိုက်ကာ အတွဲလိုက်ပစ်သည့် ဒုံးကျည်တင်ယာဉ် နှစ်စီးကို ရှမ်းပြည်မြောက်ပိုင်း ချင်းရွှေဟော်၊ မုန်းကိုး၊ သိန္နီ၊ ကွမ်းလုံနှင့် လောက်ကိုင် မြို့နယ်များတွင် သိမ်းပိုက်ခဲ့သည်။

MNDAA က အများဆုံး သိမ်းပိုက်ခြင်းဖြစ်ပြီး သံချပ်ကာနှင့် တင့်ကား ၁၆ စီး သိမ်းပိုက်ကာ အတွဲလိုက်ပစ်သည့် ဒုံးကျည်တင်ယာဉ် နှစ်စီးကို ရှမ်းပြည်မြောက်ပိုင်း ချင်းရွှေဟော်၊ မုန်းကိုး၊ သိန္နီ၊ ကွမ်းလုံနှင့် လောက်ကိုင် မြို့နယ်များတွင် သိမ်းပိုက်ခဲ့သည်။

                        
ညီနောင်မဟာမိတ်များသည် အနည်းဆုံး တင့်ကား ရှစ်စီး၊ သံချပ်ကာယာဉ် ၁၆ စီးနှင့် အတွဲလိုက်ပစ်သည့် ဒုံးကျည်ပစ်ယာဉ် နှစ်စီးကို ၁၀၂၇ စစ်ဆင်ရေး ပထမ သုံးလအတွင်း ရှမ်းပြည်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တွင် ဖျက်ဆီးခဲ့၊ သိမ်းပိုက်ခဲ့သည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့တွင် TNLA နှင့် မန္တလေး PDF တပ်များသည် ရှမ်းပြည်မြောက်ပိုင်း နောင်ချိုတွင် စစ်ကောင်စီ၏ သံချပ်ကာယာဉ် နှစ်စီးကို ဖျက်ဆီးသည်။

အခြား သံချပ်ကာယာဉ် လေးစီးကို TNLA က ရှမ်းပြည်မြောက်ပိုင်းတွင် သိမ်းဆည်းပြီး AA က ရခိုင်ပြည်နယ်တွင် နောက်ထပ် သံချပ်ကာယာဉ် နှစ်စီး သိမ်းဆည်းသည်။

အခြား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကလည်း စစ်ကောင်စီ၏ တင့်ကားနှင့် သံချပ်ကာ ယာဉ်များကို ဖျက်ဆီးကြသည်။

ကရင်အမျိုးသား အစည်းအရုံး (KNU) က ၎င်း၏ လက်နက်ကိုင်တပ်ဖြစ်သော ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) သည် စစ်ကောင်စီ၏ တင့်ကား နှစ်စီးနှင့် သံချပ်ကာယာဉ် တစီးကို ပဲခူးတိုင်း၊ ကျောက်ကြီး မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့နှင့် ၅ ရက်နေ့များတွင် ဖျက်ဆီးလိုက်ကြောင်း ကြေညာသည်။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့ကလည်း KNDF သည် စစ်ကောင်စီ တင့်ကားတစီးကို လွိုင်ကော်အနီးတွင် ဖျက်ဆီးခဲ့သည်။

လက်နက်ခဲယမ်းများ

                         
ညီနောင်မဟာမိတ်များသည် သုံးလအတွင်း စစ်ကောင်စီတပ်များထံမှ လွန်စွာများပြားသည့် လက်နက်ခဲယမ်းများ သိမ်းဆည်းမိသည်။

ညီနောင်မဟာမိတ်များသည် သုံးလအတွင်း စစ်ကောင်စီတပ်များထံမှ လွန်စွာများပြားသည့် လက်နက်ခဲယမ်းများ သိမ်းဆည်းမိသည်။ ထိုလက်နက်များတွင် ပစ္စတိုများမှသည် ကြီးမားသော ဒုံးကျည်ပစ် လက်နက်များအထိ ပါဝင်သည်။ ခဲယမ်းများတွင် တလက်မ မပြည့်သည့် ကျည်ဆံများမှသည် ၁၀၀ မမ အမြောက်ဆံများအထိ ပါဝင်သည်။

                           
သိမ်းဆည်းမိသည့် လက်နက်များတွင် လက်ပစ်ဗုံးများ၊ ဒုံးကျည်ပစ် လက်နက်များနှင့် ဒရုန်းတားဆီးရေး ဂျမ်မာများအထိ နိုင်ငံအမျိုးမျိုးမှ ထုတ်လုပ်သည့် လက်နက်အမျိုးမျိုး ပါဝင်သည်။

သိမ်းဆည်းမိသည့် လက်နက်များတွင် လက်ပစ်ဗုံးများ၊ ဒုံးကျည်ပစ် လက်နက်များနှင့် ဒရုန်းတားဆီးရေး ဂျမ်မာများအထိ နိုင်ငံအမျိုးမျိုးမှ ထုတ်လုပ်သည့် လက်နက်အမျိုးမျိုး ပါဝင်သည်။

သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများသည် ညီနောင်မဟာမိတ်အဖွဲ့ကို ပိုမို အင်အားတောင့်တင်းစေပြီး ၁၀၂၇ စစ်ဆင်ရေး မတိုင်မီကထက် ပိုအားကောင်းစေသည်။

သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများသည် ညီနောင်မဟာမိတ်အဖွဲ့ကို ပိုမို အင်အားတောင့်တင်းစေပြီး ၁၀၂၇ စစ်ဆင်ရေး မတိုင်မီကထက် ပိုအားကောင်းစေသည်။

အမြောက်ကြီးများ

                       
မဟာမိတ်အဖွဲ့သည် ၁၀၂၇ စစ်ဆင်ရေး ပထမ သုံးလအတွင်း ဟောင်ဝစ်ဇာ အမြောက်များ အပါအဝင် အမြောက်ကြီးများ အနည်းဆုံး ၂၀ ခု သိမ်းဆည်းမိသည်။

မဟာမိတ်အဖွဲ့သည် ၁၀၂၇ စစ်ဆင်ရေး ပထမ သုံးလအတွင်း ဟောင်ဝစ်ဇာ အမြောက်များ အပါအဝင် အမြောက်ကြီးများ အနည်းဆုံး ၂၀ ခု သိမ်းဆည်းမိသည်။ AA, MNDAA နှင့် TNLA တို့သည် ရှမ်းပြည် မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်မှ စစ်ကောင်စီ၏ သေနင်္ဂဗျူဟာကျသည့် တောင်ကုန်းစခန်းများ၊ ဒေသဆိုင်ရာနှင့် စစ်ဆင်ရေးဌာနချုပ်များမှာ အမြောက်ကြီးများကို သိမ်းပိုက်ခြင်း ဖြစ်သည်။

ထိုသိမ်းဆည်းမိသော ဟောင်ဝစ်ဇာ အမြောက်များသည် အရပ်သားများကို နေ့စဉ်နီးပါး ပစ်ခတ်နေသည့် အမြောက်များဖြစ်သည်ဟု ၎င်းတို့က ပြောသည်။

သေနင်္ဂဗျူဟာကျသည့် စခန်းများနှင့် ဌာနချုပ်များ

ညီနောင်မဟာမိတ်အဖွဲ့သည် သေနင်္ဂဗျူဟာကျသည့် တောင်ကုန်းစခန်းနှင့် အဓိက စစ်ဌာနချုပ် ၃၆ ခုကျော်ကို သိမ်းပိုက်ခဲ့သည်။ ထိုသို့သိမ်းပိုက်သည့် နေရာများတွင် ကွက်ခိုင်ဗျူဟာစခန်း၊ အမှတ် ၁၆ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်၊ အမှတ် ၁၂၅ နှင့် ၂၈၉ ခြေလျင်တပ်ရင်း ဌာနချုပ်များ၊ အမှတ် ၁၂၉ ခြေမြန်တပ်မ ဌာနချုပ်နှင့် လောက်ကိုင် ဒေသဆိုင်ရာ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (ဒစက) တို့ ပါဝင်သည်။

သိမ်းပိုက်ထားသော မြို့များ

၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် ညီနောင်မဟာမိတ်အဖွဲ့သည် ရှမ်းပြည်မြောက်ပိုင်း၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်များတွင် မြို့ပေါင်း ၁၈ မြို့ကို သိမ်းပိုက်သည်။

                        
၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် ညီနောင်မဟာမိတ်အဖွဲ့သည် ရှမ်းပြည်မြောက်ပိုင်း၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်များတွင် မြို့ပေါင်း ၁၈ မြို့ကို သိမ်းပိုက်သည်။

၂၀၂၂ ခုနှစ်၊ ဇွန်လမှ စတင်ပြီး တော်လှန်ရေး အင်အားစုများနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် ကချင်၊ ချင်း၊ ရခိုင်၊ ရှမ်း၊ ကရင်နီပြည်နယ်များ၊ စစ်ကိုင်းတိုင်းနှင့် ပဲခူးတိုင်းတွင် မြို့ပေါင်း ၃၆ မြို့ကို သိမ်းပိုက်သည်။ (ထိုအရေအတွက်တွင် ညီနောင်မဟာမိတ်များ သိမ်းပိုက်သည့် မြို့များလည်း ပါဝင်သည်။)

အဆင့်မြင့် အရာရှိများ

ညီနောင်မဟာမိတ်အဖွဲ့သို့ ယခုလအတွင်း လက်နက်ချသည့် ဗိုလ်မှူးချုပ် ခြောက်ဦးသည် အာဏာသိမ်းပြီးနောက် လက်နက်ချသည့် အဆင့်အမြင့်ဆုံး အရာရှိများတွင် ပါဝင်သည်။ မြန်မာစစ်တပ်သမိုင်းတွင် ဗိုလ်မှူးချုပ် ခြောက်ဦး တပြိုင်နက် လက်နက်ချသည်မှာ ယခုတကြိမ်သည် ပထမဆုံးဖြစ်သည်။

မြန်မာစစ်တပ်သမိုင်းတွင် ဗိုလ်မှူးချုပ် ခြောက်ဦး တပြိုင်နက် လက်နက်ချသည်မှာ ယခုတကြိမ်သည် ပထမဆုံးဖြစ်သည်။

ထိုဗိုလ်မှူးချုပ် ခြောက်ဦးသည် ဇန်နဝါရီလ ၄ ရက်နေ့တွင် လက်နက်ချပြီး ညီနောင်မဟာမိတ်အဖွဲ့ထံ ရှမ်းပြည်မြောက်ပိုင်း ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမြို့တော် လောက်ကိုင်ကို ပေးအပ်သည်။

ထိုလက်နက်ချ ဗိုလ်ချုပ်များတွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်၊ လောက်ကိုင်ဒေသဆိုင်ရာ စစ်ဆင်ရေးဌာနချုပ်မှူး ဗိုလ်မှူးချုပ် မိုးကျော်သူ၊ အမှတ် ၅၅ ခြေမြန်တပ်မမှူးတို့ ပါဝင်သည်။ အခြားလက်နက်ချသည့် ဗိုလ်မှူးချုပ် သုံးဦးမှာ အမှတ် ၁၂၊ ၁၄ နှင့် ၁၆ စစ်ဆင်ရေးဌာနချုပ်မှူးများ ဖြစ်သည်။ ၎င်းတို့နှင့်အတူ အခြားအရာရှိ ၂၀၀ ကျော်လည်း လက်နက်ချသည်။

                            
ညီနောင်မဟာမိတ်အဖွဲ့သို့ ယခုလအတွင်း လက်နက်ချသည့် ဗိုလ်မှူးချုပ် ခြောက်ဦးသည် အာဏာသိမ်းပြီးနောက် လက်နက်ချသည့် အဆင့်အမြင့်ဆုံး အရာရှိများတွင် ပါဝင်သည်။

ဗိုလ်မှူးချုပ် မင်းမင်းထွန်းသည် ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ညီနောင်မဟာမိတ်က ဖမ်းမိသည့် စစ်ကောင်စီ အဆင့်မြင့်အရာရှိများတွင် ရာထူးအကြီးဆုံးဖြစ်သည်။ သူသည် ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ်အခြေစိုက် အမှတ် ၁၀၁ ခြေမြန်တပ်မမှူး ဖြစ်ခဲ့သည်။ ထိုမြို့နယ်ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် TNLA က သိမ်းပိုက်ပြီး မကြာမီ သူ့ကို ဖမ်းမိခြင်းဖြစ်သည်။

အမှတ် ၁၉ စစ်ဆင်ရေးဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဇင်မျိုးဆွေသည် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ပလက်ဝ မြို့နယ်မှ စစ်ကောင်စီစခန်းကို AA က တိုက်ခိုက်စဉ်အတွင်း ထွက်ပြေးသည်။ နောက်တနေ့တွင် သူ့ကိုဖမ်းမိသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် AA က ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင် အမှတ် ၃၄၄ ခြေမြန်တပ်ရင်း ဒုတပ်မှူး ဗိုလ်မှူး သန့်ဇင်ထွန်းနှင့် တပ်စုမှူး ဗိုလ်ကြီး ဖြိုးဇေယျာလှိုင် အပါအဝင် စစ်ကောင်စီစစ်သား ၁၀ ဦး ဖမ်းမိသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် MNDAA သည် ရှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မှ စစ်စခန်းတခုကို သိမ်းပိုက်သောအခါ စစ်ကောင်စီ၏ အမှတ် ၆၉ ခြေလျင်တပ် တပ်မှူးကို ဖမ်းမိသည်။

ဇန်နဝါရီလ ၁၆ ရက်နေ့တွင် TNLA သည် ရှမ်းပြည်မြောက်ပိုင်းမှ သေနင်္ဂဗျူဟာကျသည့် တောင်ကုန်း စခန်းဖြစ်သော စခန်းသစ်ကုန်းကို သိမ်းယူသောအခါ ဗိုလ်မှူးတဦး ဖမ်းမိသည်။

၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် အခြားအဆင့်မြင့် စစ်အရာရှိများသည်လည်း တိုင်းရင်းသား လက်နက်ကိုင်များထံ လက်နက်ချ၊ အဖမ်းခံရသည်။

၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် အခြားအဆင့်မြင့် စစ်အရာရှိများသည်လည်း တိုင်းရင်းသား လက်နက်ကိုင်များထံ လက်နက်ချ၊ အဖမ်းခံရသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် စစ်ကောင်စီလေတပ်မှ ဗိုလ်မှူး ခိုင်သန့်မိုးကို ဖမ်းမိသည်။ သူသည် တောင်ငူလေတပ်မှ လေယာဉ်မှူးဖြစ်ပြီး သူ့ကို တော်လှန်ရေး ပူးပေါင်းတပ်များက ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်မှ ဝေးကွာသော တောအတွင်း ဖမ်းမိခြင်းဖြစ်သည်။ သူမောင်းနှင်လာသည့် K8-W အမောင်းသင်/ဂျက်တိုက်လေယာဉ်ကို တော်လှန်ရေးအင်အားစုက ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ပစ်ချလိုက်ခြင်း ဖြစ်သည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ဟိန်းထူးဈာန်၏ Operation 1027 Delivered Three Months of Humiliation to Myanmar’s Junta ကို ဘာသာပြန်သည်။)

Hi !

!

Popular posts from this blog

ဝေဝါးမှုတွေနဲ့အတူ မသေချာ မရေရာမှုများနဲ့ မြန်မာပြည်..။

  ဝါရင့်သတင်းစာဆရာကြီး လာရီယာဂန်က စစ်အာဏာသိမ်းမှု သုံးနှစ်ပြည့်တဲ့ ဖေဖော်ဝါရီ(၁)ရက်နေ့မှာ ဘန်ကောက်ပို့စ်သတင်းစာမှာ ဆောင်းပါးတစ်ပုဒ် ရေးသားလိုက်ပါတယ်။ ဆောင်းပါးခေါင်းစဉ်က Myanmar faces increasing uncertainty ပါ။ စစ်အာဏာသိမ်းပြီး သုံးနှစ်အကြာမှာ မြန်မာနိုင်ငံရဲ့အခြေအနေ ဘယ်လိုရှိသလဲ။ ရှေ့မှာ ဘာဖြစ်နိုင်သလဲ။ မှန်းဆထားတာပါ။ လက်ရှိ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်လို့ လာရီယာဂန်လည်း ဘာမှ မမှန်းဆနိုင်ပါဘူး။ သူပြောနိုင်တာ တစ်ခုက မြန်မာပြည်ဟာ မသေမချာ မရေမရာမှုတွေ အများကြီးနဲ့ ဆက်ပြီး ရင်ဆိုင်နေရဦးမယ်ဆိုတဲ့ ကောက်ချက်ပါ။ မြန်မာစစ်တပ်က ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရကို စစ်အာဏာသိမ်းခဲ့တာ ခု ဖေဖော်ဝါရီ(၁)ရက်မှာ သုံးနှစ်တိတိ ပြည့်ခဲ့ပြီဖြစ်ကြောင်း၊ သုံးနှစ်အတွင်း တိုင်းပြည်ဟာ အဖက်ဖက်က ယိုယွင်းပျက်စီးသွားပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေ တိုးပွါးနေကြောင်း၊ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ပီဒီအက်ဖ်တွေကြား တိုက်ပွဲတွေကြောင့် ပြည်သူသန်းပေါင်းများစွာ အိုးပစ်အိမ်ပစ် ထွက်ပြေးနေရကြောင်း လာရီယာဂန်က ရေးသားပါတယ်။ ...

ကရင်ပြည်နယ်ပုံရိပ်ကို ထိခိုက်စေသဖြင့် ရွှေကုက္ကိုလ်ကို တိုက်ခိုက်ရဟု KTLA ပြော

  ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ ရွှေကုက္ကိုလ်မြို့သစ်သည် ပြည်နယ်ဖွံဖြိုးမှု မဖြစ်စေဘဲ ပျက်ဆီးမှုကိုသာ ဖြစ်စေသဖြင့် တိုက်ခိုက်ရခြင်း ဖြစ်ကြောင်း ကော်သူးလေတပ် (KTLA) က ဧပြီ ၇ ရက်တွင် ကြေညာသည်။ Facebookတွင် ပျံ့နှံလာသော KTLA ဗဟိုဌာနချုပ် ရုံးထိုင်မှူး စောဝါးနေမူး လက်မှတ်ထိုးထားသည့် ကြေညာချက်အရ ရွှေကုက္ကိုလ်မြို့သည် မူးယစ်ဆေးဝါး ဖြန့်ဖြူးသုံးစွဲရောင်းချနေပြီး တိုင်းရင်းသူ အမျိုးသမီးများကို ပြည့်တန်ဆာအဖြစ် လိမ် လည်လှည့်ဖြားစေခိုင်းနေသည့် နေရာဖြစ်နေသလို စစ်ကောင်စီအတွက် တရားမဝင်ငွေကြေးများ ရှာဖွေပေးသည့် နေရာ ဖြစ်၍ ပြည်ပမှ အလုပ်သမားများကိုလည်း လိမ်လည်ခေါ်ဆို ခိုင်းစေမှုများ ရှိနေသဖြင့် KTLA အနေနှင့် ကရင်ပြည်နယ် အကျိုးအတွက် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း၊ ထို့အတွက် ရွှေကုက္ကိုလ်တွင် နေထိုင်သည့် ပြည်သူများအနေနှင့် တိုက်ပွဲ ဧရိယာမှ ရှောင်ပေးကြရန် ထုတ်ပြန်ထားသည်။ ထိုကြေညာချက်နှင့် ပတ်သက်၍ ပိုမိုသိရှိနိုင်ရန် KTLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောနယ်ဒါးမြကို ဧရာဝတီက ဖုန်းဖြင့်ဆက် သွယ်ခဲ့ရာ ၎င်း အလုပ်များနေသဖြင့် နောက်မှ ပြန်လည်ဆက်သွယ်ရန် ပြောဆိုသည်။ ကော်သူးလေတပ်နှင့် နီးစပ်သည်...

မြန်မာနိုင်ငံမှာရှိတဲ့ ဗမာလူမျိုး ပေါ်ပေါက်ပုံ အကြောင်း

  ဗမာလူမျိုး ပေါ်ပေါက်လာပုံ သမိုင်းကြောင်း – တိဘက်တို ဘားမန်းလူမျိုးနွယ်စုကြီး မှ အကြီးဆုံးသောလူမျိုးဖြစ်သည်။ ယနေ့ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းသို့ နာဂ၊ သက်၊ ကမ်းယံ၊ပျူ တို့နောက်မှ ဝင်ရောက်လာခြင်းဖြစ်သော်လည်းပျူတို့ ထူထောင်သည့် ပထမပြည်ထောင်စုကို အေဒီ ၈ ရာစုတွင် နန်ကျောက်တို့က ဖျက်စီးပြီးချိန် မတိုင်မှီက ပင် ရောက်ရှိနေထိုင်နေခဲ့ပြီးဖြစ်သည်ဟုခန့်မှန်း၍ရနိုင်သည်။အေဒီ ၁၀ ရာစုမတိုင်မှီ အချိန်ကပင် ကျောက်ဆည် ၁၁ ခရိုင်တွင် အခြေချခဲ့ပြီး နောက်များမကြာမှီ တွင်မြစ်သာ ၆ ခရိုင် ၊ ပုဂံ နေပြည်တော်တို့ကို ထူ ထောင်ကာဒုတိယမြန်မာပြည်ထောင်စုကို တည်ထောင်ခဲ့ကြသည်။ သို့သော် မြန်မာနိုင်ငံသားတို့က ထိုပြည်ထောင်စုကိုသာပထမပြည် ထောင် စုအဖြစ် လက်ခံကြသည်။သမိုင်းတစ်လျောက်တွင် မွန်ဂို၊ တရုတ်၊ ယိုးဒယား၊ မွန်၊ ရခိုင်၊ ရှမ်း၊ ကရင် အစရှိသည့် အတွင်း၊ အပြင်ရန်အမျိုးမျိုးနှင့်ကြုံတွ့ခဲ့ဖူးပြီးအကြိမ်တိုင်းတွင် ပြည်ထောင်စု၏ ဦးဆောင်သူနေရာကို ဗမာတို့ ပြန်လည်ကာ ရောက်ရှိနိုင်ခဲ့သည်။အနော်ရထာ၏ ပထမပြည်ထောင်စု(ပထမမြန်မာနိုင်ငံတော်ကြီး)၊ တပင်ရွှေထီး-ဘုရင့်နောင်တို့ ၏ ဒုတိယပြည်ထောင်စု (ဒုတိယ မြန်မာနိုင်ငံတော်ကြီး)၊အလောင်းဘုရား၏ တတိ...

မြန်မာပြည်မြေပုံကို အပြောင်းခံကြမှာလား

  ကမ္ဘာ့သမိုင်းကို ပြန်လေ့လာကြည့်မယ်ဆိုရင် အိမ်နီးချင်းနိုင်ငံတွေအဖြစ် နှစ်ပေါင်းများစွာ အတူတကွ ယှဉ်တွဲ ရပ်တည်နေကြပြီးမှ ဝေးကွာသွားကြတဲ့ နိုင်ငံတွေ ရှိခဲ့တယ်ဆိုတာ တွေ့နိုင်ပါတယ်။ ကျွန်တော်တို့အတွက် အထင်ရှားဆုံး ဥပမာတစ်ခုရှိပါတယ်။ အဲဒါကတော့ မြန်မာနဲ့ ပါကစ္စတန်တို့ဟာ ယခင်က နယ်မြေချင်း ထိစပ်နေကြတဲ့ အိမ်နီးချင်း နိုင်ငံတွေပါ။ သို့သော် ၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံအသစ် ပေါ်ပေါက်လာချိန်မှာတော့ အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားခဲ့ကြပါတယ်။ ယခင်က အိမ်နီးချင်းဖြစ်ခဲ့လို့ ထင်ပါတယ်၊ မြန်မာနဲ့ ပါကစ္စတန်တို့ရဲ့ ဆက်ဆံရေးဟာ ကောင်းမွန်နေကြဆဲဆိုတာ သက်သေ၊ သာဓကများစွာ ရှိပါတယ်။ အဲဒီလို အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားရခြင်းဟာ သူတို့ရဲ့ ပြည်တွင်းရေးသာ ဖြစ်တဲ့အတွက် အထူးအထွေ ဝေဖန်ရန် မရှိပါ။ သို့သော် လက်ရှိအခြေအနေမှာ မြန်မာရဲ့ အိမ်နီးချင်း (၅) နိုင်ငံရှိနေရာက မတူညီတဲ့ အိမ်နီးချင်းနိုင်ငံသစ်တွေ ထပ်မံ ပေါ်ပေါက်လာဖို့ လုပ်ဆောင်နေကြတာတွေ မြင်နေရပါပြီ။ ဒီတစ်ကြိမ်ကတော့ ကျွန်တော်တို့ရဲ့ ပြည်တွင်းရေးဖြစ်တဲ့အတွက် အလေးထားရပါတော့မယ်။ ရှိပြီးသား အိမ်နီးချင်း (၅) နိုင်ငံနဲ့ မြန်မာတို့အကြား ကျွန်တော်တိ...

မြန်မာ ဒုကာကွယ်ရေးဝန်ကြီး ထောင်ထဲရောက်ပြီ

  မြန်မာ ဒုကာကွယ်ရေးဝန်ကြီး ထောင်ထဲရောက်ပြီ မတ်လ ၂၈ ရက် ၂၀၂၄ ခုနှစ် နံနက် ၁၀ နာရီ ၂၀ သတင်း ================================= ကာကွယ်ရေး ဒု-ဝန်ကြီး ဖြစ်သူ ဗိုလ်ချုပ်အောင်လင်းထွန်းကို ကျားဖြန့်လုပ်ငန်းနဲ့ ပတ်သက်တယ်ဆိုပြီး မနေ့ည မတ်လ ၂၇ ရက်နေ့ည ၁၁ နာရီတွင် စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့မှ သွားရောက်ဖမ်းဆီးခဲ့ကြပါတယ်။ အဆိုပါ ဖမ်းဆီးချိန်တွင် ဒုကာကွယ်ရေးဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်အောင်လင်းထွန်းသည် အရက်မူးနေပြီး အသာတကြည် လိုက်လာခြင်းမရှိပဲ … ပုဆိုးလှန်ပြီး ဆဲဆိုနေခြင်းကြောင့် စစ်ဘက်လုံခြုံရေးအဖွဲ့မှ ရိုက်နှက်ခဲ့ရာ.. သွား အချို့ ကျွတ်သွားပြီး ပါးစပ်တခုလုံး သွေးများနီရဲနေသည်။ “အဲ့ကောင် ပါးစပ်က သွေးမတိတ်ခင် ရမဲသင်းထောင်ပို့လိုက်စမ်း” လို့ အထက် အမိန့်ပေးလိုက်တော့ အခု ရမဲသင်းထောင်ရောက်နေပြီဖြစ်ကြောင်း မြန်မာအမေရိကန် သတင်းဌာနမှ စုံစမ်းသိရှိရသည်။ ဂိုလ်ရှယ်လေး

စစ်တပ်မှ အာဏာသိမ်းထားသည့် ၃ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ထောင်သားဘဝ

                           ဖေဖော်ဝါရီလ ၁ ရက်နေ့သည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့အတွက် အနှောက်အယှက်ဖြစ်စေသူဟု ယူဆသည့် ရွေးကောက်ခံအစိုးရ ခေါင်းဆောင်နှင့် နိုင်ငံသမိုင်းတွင် အညီညွတ်ဆုံးဖြစ်စေခဲ့သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာမှဖယ်ရှားပြီး မအောင်မြင်သော အာဏာသိမ်းမှု ပြုလုပ်သည့် သုံးနှစ်မြောက်နေ့ ဖြစ်သည်။ ရက်ပေါင်း ၁၀၉၅ ရက်ကျော် ကြာသော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် မြို့တော်နှင့် စစ်တပ်ဗဟိုဌာနချုပ် နေပြည်တော် အနောက်တောင်ဘက်အစွန်းမှ ထောင်တခုတွင် တဦးတည်း ဆက်လက် ဖမ်းဆီးချုပ်နှောင်ခံနေရသည်။ သူ့အတွက် တခုတည်းသော ထောင်ပြင်ထွက်ရချိန်သည် လွန်ခဲ့သောနှစ်အတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စတာ ဒွန် ပရာမတ်ဝီနိုင်နှင့် တွေ့ရသည့် တိုတောင်းသော ကာလဖြစ်ပြီး သူ့ကို ချမှတ်ထားသည့် ထောင်သက်တမ်းကိုလည်း ၃၃ နှစ်မှ ၂၇ နှစ်သို့ လွန်ခဲ့သောနှစ်က လျှော့ချပေးသည်။ အာဏာသိမ်းမှု နှစ်ပတ်လည်သည် ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းနည်းစရာကောင်းသော လက်ရှိအခြေအနေနှင့် ဝေဝါးနေသည့် အနာဂတ်ကို မီးမောင်းထိုးပ...

ပဲခူးတိုင်း မင်းလှမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွား

  မင်းလှတွင် ၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲ ၆ ကြိမ် အတွင်း စစ်တပ်ဘက်မှ စစ်သား ၈၀ ဦးကျော်သေဆုံး ရန်ကုန်၊ မတ် ၁၁ ပဲခူးတိုင်း၊ မင်းလှမြို့နယ်အတွင်း ၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲ ၆ ကြိမ် အတွင်း စစ်တပ်ဘက်မှ ၈၀ ကျော်သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ မတ်လ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ ဧက ၁၀၀၀ ကျွန်း စိုက်ခင်း ကျုံးပေါက်အနီး၌ စစ်ကြောင်း ထိုးလာသော အင်အား ၁၂၀ ပါ စစ်ကောင်စီ တပ်သားများကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ နှင့် ဒဂုံစစ်ကြောင်းတို့က စောင့်ကြို တိုက်ခိုက်ခဲ့ရာ အပြန်အလှန် တိုက်ပွဲ ၂ နာရီကျော် ကြာမြင့်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်ဘက်မှ ၂၀ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။ ယင်းနေ့ ညနေ ၅ နာရီခန့်အချိန် မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်းပေါ်ရှိ ဟိုင်းယု လမ်းဆုံတွင် တပ်ဆွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ နှင့် တပ်ခွဲ ၃ တို့က လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ရှောင်တခင် သွားရောက် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၃ နာရီခန...

တပ်မလက်ရွေးစဉ် ဘီလူးစစ်ကြောင်းဆိုသည်မှာ .....

    “ဒီစစ်ကြောင်းက စစ်တိုက်ဖို့ဆိုတာထက် လူတွေကိုသတ်၊ မုဒိမ်းကျင့်ဖို့ အဲ့လိုမျိုးတွေလုပ်ဖို့ အဓိကလာတဲ့ စစ်ကြောင်းပါ။ လူမဆန်တဲ့ လုပ်ရပ်တွေကို အဓိကလုပ်တာ” မြောင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) က ကိုနွေဦးက စစ်ကိုင်းဒေသအတွင်း စစ်ရာဇဝတ်မှုများကို ကျူးလွန်ချိုးဖောက်နေသည့် ဘီလူးစစ်ကြောင်း၏ လုပ်ရပ်များကို ပြောဆိုသွားခြင်းဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြည်သူများကို ရက်ရက်စက်စက် ခေါင်းဖြတ်သတ်သည့် စစ်ကြောင်း၊ အစုလိုက် အပြုံလိုက် သတ်သည့်စစ်ကြောင်း၊ မုဒိမ်းမှုများကို ကျူးလွန်နေသည့် စစ်ကြောင်းဟု ဆိုလိုက်ပါက လူတိုင်းက ဆိုးဆိုးရွာရွား နာနာကျည်းကျည်း အမှတ်ရနေသည့် စစ်ကြောင်းမှာ ဘီလူးစစ်ကြောင်းပင် ဖြစ်သည်။ ရက်စက်မှုအပေါင်း သရဖူဆောင်းထားသည့် ဘီလူးစစ်ကြောင်းသည် ယခုနှစ် ဩဂုတ်လ တတိယပတ်မှ စက်တင်ဘာလ ဒုတိယပတ်ထိ စစ်ကိုင်း၊ ရွှေဘို၊ ဝက်လက်နယ်များသို့ စစ်ကြောင်းထိုး ဝင်ရောက်ပြီးနောက် ပြည်သူများကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်။ 'စစ်ကိုင်း၊ ရွှေဘို၊ ဝက်လက်နယ်ထဲ ဘီလူးစစ်ကြောင်း၏ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သည့် အခြေအနေများ' မန္တလေး-ရွှေဘို-မြစ်ကြီ...

ရှမ်းမြောက်က ကျားဖြန့် ဇာတ်သိမ်းခန်း

  ဇန်နဝါရီ ၃၀ ရက်တွင် မြန်မာနိုင်ငံ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက တရုတ် အစိုးရထံ မြန်မာနိုင်ငံမြောက်ပိုင်း ကျားဖျန့် လုပ်ငန်းများတွင် အဓိက ကြိုးကိုင်သူများဟု သတ်မှတ်ထားသည့် ပယ်စောက်ချိန်အပါအဝင် ခြောက်ဦးနှင့် အခြားအရေးကြီးသံသယရှိ သူ လေးဦးကို လွှဲပြောင်းပေးခဲ့သည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ဇန်နဝါရီ ၃၀ ရက်တွင် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးအဖွဲ့ အစည်းထံသို့မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့် ဒေသ အွန်လိုင်းလိမ်လည်မှုအဖွဲ့၏ အဓိက ခေါင်းဆောင် ခြောက်ဦးဖြစ်သည့် ပယ် စောက်ချိန်၊ ပယ်ရင်ချန်၊ဝေ့ဟွိုင်ရန်၊ လျိုကျန့် ရှန်၊ လျိုကျန့်မောက်၊ ရွှီလောက်ဖာနှင့် အခြား အရေးကြီး ပြစ်မှုကျူးလွန်ကြောင်းသံသယရှိ သူ လေးဦးအား တရားဥပဒေနှင့်အညီ လွှဲ ပြောင်းပေးအပ်ခဲ့ပြီး အဆိုပါ ၁၀ ဦးကို ယင်း နေ့ညတွင်ပင် တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့ သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ခဲ့သည်။ ယင်းသို့ မြန်မာနိုင်ငံမြောက်ပိုင်းရှိ ကျား ဖျန့်လုပ်ငန်းများတွင် အဓိကတာဝန်ရှိသူဟု တရုတ်အစိုးရက သတ်မှတ်ထားသည့် ပယ် စောက်ချိန် အပါအဝင် ခြောက်ဦးအား လွှဲ ပြောင်းပေးအပ်ခြင်းမှာ တရုတ်-မြန်မာ နှစ် နိုင်ငံ၏ န...

အာဆီယံ-သြစတြေးလျ ထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီ ကိုယ်စားလှယ်တက်မည်

 စစ်ဗိုလ်ချုပ်များခန့်ထားသည့် သံအမတ်က မဲလ်ဘုန်းမြို့တွင် ၃ ရက်ကြာ ကျင်းပမည့် ဒေသတွင်း အထူးထိပ်သီးအစည်းအဝေးကာလအတွင်း ဆွေးနွေးပွဲ ၂ ခုကို တက်မည်ဟု သိရှိရသည်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသည့် အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသည့် သြစတြေးလျ ဝန်ကြီးချုပ် Anthony Albanese ကို တွေ့ရစဉ်။ သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် မတ်လ ၄ ရက်မှ ၆ ရက်အထိ ကျင်းပမည့် အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီကိုယ်စားလှယ် တက်ရောက်မည်ဟု သိရသည်။ အစည်းအဝေးကာလတွင် ပြုလုပ်မည့် ရေကြောင်းပူးပေါင်းဆောင်ရွက်ရေးညီလာခံ၊ ရာသီဥတုနှင့် သန့်ရှင်းသောစွမ်းအင်ဆိုင်ရာ ဖိုရမ်တို့ကို ကင်ဘာရာမြို့ မြန်မာသံရုံးမှ စစ်ကောင်စီခန့် သံအမတ် ဦးသက်ထွန်း တက်ရောက်မည်ဖြစ်သည်။  အခြား ဆက်စပ်အစည်းထိပ်သီးအစည်းအဝေးများသို့ စစ်ကောင်စီကိုယ်စားပြုကိုယ်စားလှယ် တက်မည်၊ မတက်မည်ကိုမူ သြစတြေးလျ နိုင်ငံခြားရေးနှင့် ကုန်သွယ်မှုဌာနက ပြောဆိုခြင်းမရှိပေ။ ...

Click !