အိန္ဒိယမှာ အွန်လိုင်းလောင်းကစား ကုမ္ပဏီတွေကို အခွန်ကောက်ခံခြင်းမှ
လာမယ့်ဘဏ္ဍာ ရေးနှစ်မှာ ကုန်စည်နဲ့ ဝန်ဆောင်မှုအခွန် (GST) ရူပီး ၁၄၀ ဘီလျံ
(အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလျံ) အထိရရှိဖို့ မျှော်လင့်ထားတယ်လို့
အခွန်အတွင်းရေးမှူး ဆန်ဂျေးမဲလ်ဟိုတရာက စနေနေ့( ဖေဖော်ဝါရီလ ၃ ရက်) မှာ
ပြောကြားခဲ့ပါတယ်။
အစိုးရဟာ အောက်တိုဘာလက လောင်းကြေးတိုင်းအတွက်
အွန်လိုင်းဂိမ်းကုမ္ပဏီများဆီမှ ၎င်းတို့ရဲ့ ဖောက်သည်တွေကို
ကောက်ခံတဲ့ငွေအပေါ် အခွန် ၂၈ ရာခိုင်နှုန်းချမှတ်ခဲ့တာကြောင့်
ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ကျောထောက်နောက်ခံပေးထားတဲ့
အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံတန် အွန်လိုင်းလောင်းကစားလုပ်ငန်းကို
ထိတ်လန့်တုန်လှုပ်စေခဲ့ပါတယ်။ မူးယစ်ဆေးဝါး သုံးစွဲမှုနဲ့ပတ်သက်ပြီး
စိုးရိမ်ပူပန်မှုတွေကို ကိုးကားပြီး အစိုးရက အဆိုပါ အစီအစဉ်ကို
ထုတ်ဖော်ပြသခဲ့တာဖြစ်ပါတယ်။
မတ်လ ၃၁ ရက် ကုန်ဆုံးမယ့် လက်ရှိ ဘဏ္ဍာနှစ်မှာလည်း အစိုးရက အခွန်မှ ရူပီး
၇၅ ဘီလျံခန့် ကောက်ခံသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါအခွန်ဟာ
ယခင်နှစ်ကထက် ရူပီး ၁၆ ဘီလျံတိုးမြင့်လာခဲ့ပါတယ်။