Skip to main content

Continue !

ယူကရိန်းသမ္မတက ကာကွယ်ရေးဦးစီးချုပ်ကို ထုတ်ပယ်ခဲ့မယ်ဆိုရင် နိုင်ငံအတွင်း ဆူပူအုံကြွမှုများဖြစ်လာနိုင်ဖွယ်ရှိ

 


 

 ယူကရိန်းကာကွယ်ရေးဦးစီးချုပ်ကို ရာထူးကနေ ထုတ်ပယ်ခဲ့မယ်ဆိုရင် နိုင်ငံအတွင်း ဆူပူအုံကြွမှုများ ဖြစ်လာနိုင်ဖွယ်ရှိနေတယ်လို့ ယူကရိန်းပြည်တွင်းလုံခြုံရေးဝန်ဆောင်မှုအဖွဲ့က သတိပေးလိုက်ပါတယ်။

ယူကရိန်းသမ္မတဇီလန်စကီးနဲ့ ယူကရိန်းကာကွယ်ရေးဦးစီးချုပ် Valery Zaluzhny ကြား အငြင်းပွားမှုများ တင်းမာမှုများ ပိုမိုဖြစ်လာခဲ့ပြီးနောက် သမ္မတဟာ ကာကွယ်ရေးဦးစီးချုပ်ကို ရာထူးက ထုတ်ပယ်ဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ရုရှားအပေါ်ပြုလုပ်ခဲ့သော တန်ပြန်ထိုးစစ်ဆင်မှုများ မအောင်မြင်တာနဲ့ပတ်သက်ပြီး သမ္မတဇီလန်စကီးနဲ့ ကာကွယ်ရေးဦးစီးချုပ်ကြား အငြင်းပွားမှုတွေ ပိုမိုဖြစ်လာခဲ့ကြောင်း သိရပါတယ်။ ယူကရိန်းသမ္မတဟာ ကာကွယ်ရေးဦးစီးချုပ်ကို ရာထူးက ဖြုတ်လိုပေမယ့် ယူကရိန်းပြည်တွင်းလုံခြုံရေးဝန်ဆောင်မှုအဖွဲ့ရဲ့သတိပေးချက်တွေကြောင့် လက်ရှိအချိန်အထိ ရာထူးက ထုတ်ပယ်တာမျိုးမရှိသေးဘူးလို့ နီးစပ်တဲ့သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ယူကရိန်းသတင်းအရင်းမြစ်တွေက ကာကွယ်ရေးဦးစီးချုပ်နဲ့ ယူကရိန်းထိပ်တန်းစစ်ခေါင်းဆောင်တွေ ထုတ်ပယ်ခံရမယ်ဆိုရင် မြို့တော်မှာ တပ်ဖွဲ့ဝင်တွေ ဆူပူအုံကြွမှုတွေ လုပ်ဆောင်ဖို့ အသင့်ရှိနေကြောင်း၊ SBU အဖွဲ့ဟာ လက်ရှိအချိန်မှာ ယူကရိန်းစစ်တပ် တပ်မှူးအချို့ကို တပ်ဖွဲ့ဝင်များထိန်းသိမ်းထားဖို့ သတိပေးထားကြောင်း ပြောပါတယ်။

ယူကရိန်းသမ္မတက "ယူကရိန်းနိုင်ငံရဲ့အစိုးရအဖွဲ့ခေါင်းဆောင်တွေကိုအစားထိုးတာတွေလုပ်ဖို့ အစီအစဉ်ရှိတယ်။ စစ်တပ်တစ်ခုတည်း မဟုတ်ဘူး။ ကျွန်တော်တို့ဟာ စစ်ပွဲကိုအနိုင်ရလိုရင် အပြောင်းအလဲတွေ လုပ်ဆောင်ရမယ်။ နိုင်ပွဲဆီကို အားလုံးတွန်းအားပေးနိုင်ဖို့ လိုအပ်တယ်" လို့ ပြောပါတယ်။ ယူကရိန်းဟာ ရုရှားနဲ့စစ်ပွဲဖြစ်ပွားနေတာ ၂ နှစ်နီးပါးကြာမြင့်နေပြီး ပိုင်နက်နယ်မြေ လေးခုကို သိမ်းပိုက်ခံထားရကြောင်း သိရပါတယ်။


 

Hi !

!

Click !