Skip to main content

Continue !

မောင်တောရှိ စစ်တပ်နယ်ခြားစောင့်တပ်စခန်း ၂ ခုကို AA က သိမ်းပိုက်၊ နယ် ခြားစောင့်တပ်များ မထွက်ပြေးမီ လက်နက်များကို ARA နှင့် RSO အဖွဲ့များထံ ဘင်္ဂလားဒေ့ရှ်ငွေ ၁၀ သန်းဖြင့် ရောင်းစားခဲ့မှု စိစစ်တွေ့ရှိရ

 



■ စစ်ကောင်စီတပ်စခန်းအတွင်းမှ ရဲအလောင်းများနှင့် ARA ၊ RSO အဖွဲ့ဝင်အလောင်းများပါ တွေ့ရှိရဟုဆို
ရန်ကုန်၊ ဖေဖော်ဝါရီ ၈
ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ နယ်ခြားစောင့်တပ်စခန်း ၂ ခုကို AA က သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက မထွက် ပြေးမီ စခန်းနှစ်ခုလုံးမှ လက်နက်များကို ARA နှင့် RSO အဖွဲ့များထံ ရောင်းစားခဲ့မှုကို စိစစ်တွေ့ရှိရကြောင်း AA က ယမန်နေ့ ပိုင်း သတင်းထုတ်ပြန်သည်။
ဖေဖော်ဝါရီလ ၄ ရက်နေ့မှစတင်၍ ဘင်္ဂလာ-ရက္ခိုင်နယ်စပ်၊ မောင်တောမြို့မြောက်ပိုင်းရှိ နယ်ခြားစောင့်တပ်စခန်း (တစ်နည်း) ဗျူဟာစခန်းနှစ်ခုဖြစ်သော တောင်ပြို (လက်ဝဲ- လက်ယာ) ဗျူဟာစခန်းတို့ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၄ ရက်နေ့ ညနေ ၆ နာရီခန့်အချိန် တောင်ပြို (လက်ယာ) ဗျူဟာစခန်း တစ်ခုလုံးကို သိမ်းယူနိုင်ခဲ့ကြောင်း ၊ နယ်ခြားစောင့်တပ်စခန်း တောင်ပြို (လက်ယာ) တွင် ရဲမှူး အောင်စည်သူအေး (နခခ-၂) နှင့် တောင်ပြို (လက်ဝဲ)စခန်း တွင် ဒု-ရဲမှူးကြီး ကျော်နိုင်စိုးတို့ ဦးစီးခဲ့ကြောင်း သိရှိရသည်။
AA က တောင်ပြို (လက်ယာ) ကို အပြီးသတ်သိမ်းပိုက်ခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၆ ရက်နေ့၊ ညနေပိုင်းတွင် တောင်ပြို (လက်ဝဲ) စခန်းကိုလည်း အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ကြောင်း၊ ရက္ခိုင့်တပ်တော်မှ ဤသို့ ထိုးစစ်ဆင်တိုက်ခိုက်မှု ကြောင့် တောင်ပြို (လက်ဝဲ/လက်ယာ) ဗျူဟာစခန်းနှစ်ခုစလုံးမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ အရေအတွက် စုစုပေါင်းအင်အား ၂၀၀ အထက်သည် ဘင်္ဂလာဒေ့ရှ်နယ်စပ်ဖက်ခြမ်းသို့ လက်နက်များဖြင့် ထွက်ပြေးလွတ်မြောက်သွားခဲ့ ကြကြောင်း သိရှိရသည်။
စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်စဉ် ARA နှင့် RSO တပ်ဖွဲ့ဝင်များနှင့် ကြိုတင်ပူးပေါင်းထားသည့် စစ်ကောင်စီ၏ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များက အပြင်းအထန် ခုခံတိုက်ခိုက် ခဲ့ကြကြောင်း၊ အဆိုပါဗျူဟာစခန်းသိမ်းတိုက်ပွဲအတွင်း နယ်ခြားစောင့်တပ်ဖွဲ့ဝင် များ၏ အလောင်းအမြောက်အမြား၊ ARA နှင့် RSO တပ်ဖွဲ့ဝင်များ၏ အလောင်းအချို့အပါအဝင် လက်နက်ခဲယမ်း အမြောက်အမြားတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
တောင်ပြို (လက်ယာ) စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်မှုမပြုလုပ်ခင်ကတည်းကပင် တောင်ပြို (လက်ဝဲ/လက်ယာ) စခန်း နှစ်ခုစလုံးမှ နယ်ခြားစောင့်တပ်မှူးများနှင့် ARA နှင့် RSO လက်နက်ကိုင်တပ်ဖွဲ့များအကြား ကြိုတင်ညှိုနိူင်းမှုပြုလုပ်ခဲ့ကာ နားလည်မှုရယူထားခဲ့ကြောင်း၊ စစ်ကောင်စီတပ်စခန်းများကို ထွက်ပြေးရန်အခြေအနေကြုံလာပါက ၎င်းစစ်ကောင်စီတပ် စခန်းများရှိ လက်နက်ခဲယမ်းများကို ဘင်္ဂလာဒေ့ရှ်ငွေ တာကာ (Taka) ၁၀ သန်းဖြင့် ရောင်းချထားခဲ့ကြောင်း၊ ဘင်္ဂလာဒေ့ရှ်နိုင်ငံအတွင်းသို့ ထွက်ပြေးဝင်ရောက်နိုင်ရန်အတွက် ARA အဖွဲ့ထံ အကူအညီတောင်းခံခဲ့ကြောင်း ဖမ်းဆီးရမိထားသော စစ်သုံ့ပန်းများက ထွက်ဆိုကြောင်း AA က သတင်းထုတ်ပြန်သည်။
ထို့အပြင် ဖမ်းဆီးရရှိသော စစ်သုံ့ပန်းများ၏ အဆိုအရ နယ်ခြားစောင့်တပ်များနှင့် နိုဘီဟူဆောင်း ခေါင်းဆောင်သည့် ARA (Arakan Rohingya Army) အဖွဲအစည်းတို့အကြား ရင်းနှီးသောဆက်ဆံရေးအပြင် အပေးအယူများ၊နားလည်မှုရှိရှိဖြင့်နေခဲ့ကြကြောင်း ၊ AA က သိမ်းပိုက်ရရှိထားသော ARA တပ်စခန်းများထဲတွင် တောင်ပြို (လက်ဝဲ/လက်ယာ) ရဲမှူးများက တာကာဆယ်သန်းဖြင့်ရောင်းချခဲ့သော လက်နက်ခဲယမ်းများအပြင် WY မူးယစ်ဆေးဝါး (၆၉) ထုပ်နှင့် ရေခဲ ၂၈ ထုပ်တို့ကိုလည်း ARA စခန်းအတွင်းမှ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
ARA တပ်စခန်းသည် နတ်မြစ်ကမ်းစပ်တွင် အင်္ဂတေ၊ အုတ်များဖြင့်တည်ဆောက်ထားသော အခိုင်အမာစခန်းတစ်ခုဖြစ်သည့် အပြင် အင်္ဂတေလူသွားလမ်းများဖြင့် စစ်ကောင်စီ၏ တောင်ပြို (လက်ဝဲ)စခန်း နှင့်ချိတ်ဆက်ထားကြောင်း၊ တောင်ပြို (လက်ဝဲ) စခန်းနှင့် ARA ၏ အဓိကစခန်းသည် အဖြောင့်တိုင်းလျှင် မီတာ (၁၀၀၀) တစ်ထောင်ကျော်သာ ဝေးကြောင်း၊ ဤကဲ့သို့ အကွာအဝေးတွင် ထိုသို့အခိုင်အမာစခန်းတစ်ခုရှိနေခြင်းမှာ နယ်ခြားစောင့်တပ်ဖွဲ့နှင့် ARA အဖွဲ့ကြား အပေးအယူနှင့် နားလည် မှုတို့ မည်ရွေ့မည်မျှရှိနေသည်ကို ခန့်မှန်းတွက်ချက်နိုင်ကြောင်း AA က ထုတ်ပြန်သည်။
ထို့ပြင် ARA စခန်း၏ တစ်ဖက်ကမ်းတွင်ရှိသော ဘင်္ဂလာဒေ့ရှ် နိုင်ငံအတွင်းသို့ ပုံမှန်ဝင်ထွက်သွားလာနေကြသည့် လက္ခဏာများကိုလည်း ထင်ရှားစွာတွေ့ရှိရကြောင်း၊ ARA အဓိကစခန်း၏ တစ်ဖက်ကမ်းတွင် ဘင်္ဂလာဒေ့ရှ်နယ်ခြားစောင့်တပ် BGB (Border Guard Bangladesh) တပ်စခန်းတစ်ခုလည်းရှိနေကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့၏လက်နက်ဂိုဒေါင်များမှ လက်နက်ခဲယမ်းအချို့ကို ARA အဖွဲ့က ရယူနိုင်ခဲ့ခြင်းမှာ ၎င်းတို့ အတူရှိနေခဲ့ခြင်းကြောင့် ဖြစ်ကြောင်း AA က ပြောဆိုသည်။
AA ၏ထိုးစစ်ကို နယ်ခြားစောင့်တပ်နှင့် ARA တပ်ဖွဲတို့ပူးပေါင်း၍ ခုခံတိုက်ခိုက်နေခဲ့ကြ စဉ်အတွင်း အဆိုပါစခန်းအတွင်းမှ လက်နက်ခဲယမ်းများကို အချိန်တိုအတွင်း ရသမျှကို သိမ်းကြုံးယူဆောင်သွားနိုင်ခဲ့သော ကြောင့် ဖြစ်ကြောင်း၊ ARA အဖွဲ့သည် စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှ ဝင်ရောက်၍ ကားတစ်စီးဖြင့် သယ်ယူသွားခဲ့ကြောင်း သိရှိရသည်။
AA အဖွဲ့အနေဖြင့် စစ်သုံ့ပန်းများအား ဆက်လက်စစ်ဆေးလျက်ရှိပြီး ထပ်မံသိရှိရသည်များရှိပါက ဆက်လက် တင်ပြပေးသွားမည်ဖြစ်ကြောင်း၊ တစ်ပြိုင်နက်တည်းတွင် ဘင်္ဂလာ-ရက္ခိုင်နယ်စပ်ရှိ လူ့အဖွဲ့အစည်းတစ်ခုလုံး ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ လုံခြုံရေးနှင့် လူမှုသဟဇာတဖြစ်ရေးတို့အတွက် အဓိက အထူး အလေးထားဆောင်ရွက်လျက်ရှိပြီး လုံခြုံရေးဆိုင်ရာအစီအမံများကိုလည်း အာရက္ခပြည်သူ့အစိုးရအနေဖြင့် အထူးအလေးပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း AA က ထုတ်ပြန်ထားသည်။
 

 



Hi !

!

Popular posts from this blog

ဘိန်းဘုရင်ခွန်ဆာ

  *** တချိန်ကနာမည်ကျော်ကြားခဲ့တဲ့ ဘိန်းဘုရင်ခွန်ဆာ စခန်းဆီသို့ *** တချိန်က နာမည်ကျော်ခဲ့တဲ့ ဘိန်းဘုရင်ခွန်ဆာရဲ့ စခန်းဟာ ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် မယ်ဖါ့လုံမြို့နယ် ဘန်ထော့ထိုင်းရွာမှာ တည်ရှိတယ်။ တာချီလိတ်ရဲ့ တဖက်ကမ်း မယ်ဆိုင်ကနေ ၆၆ ကီလိုမီတာ ဝေးကွာပြီး၊ ချင်းရိုင်းကနေ သွားမယ်ဆိုရင်လည်း ၆၆ ကီလိုမီတာ ဝေးပါတယ်။ မယ်ဆိုင်-ချင်းရိုင်းသွား လမ်းပေါ်က မယ်ကျန်းရွာကနေမယ့်စလောင်းကို သွားတဲ့ လမ်းအတိုင်း လာရတာပါ။ ခွန်ဆာစခန်းမှာ စောင့်နေတဲ့ ရှမ်းအမျိုးသမီးကြီးကိုမေးကြည့်တော့ ကျိုင်းတုံဇာတိလို့ ဆိုပါတယ်။ စခန်းရဲ့ရှေ့ မြေကွက်လပ်နားမှာတော့ ခွန်ဆာရဲ့ မြင်းစီးရုပ်တုကြီးကို အသက်၀င်စွာနဲ့ ထုလုပ်ထားတာကိုလည်း မြင်နိုင်ပါ့မယ်။ လာပြီးလည်သူတွေ အမှတ်တရအဖြစ် ဓါတ်ပုံမရိုက်ပဲ မနေနိုင်အောင်ကို ခွန်ဆာရဲ့ရုပ်တုကြီးက ဆွဲဆောင်နေတာပါ။ ရုပ်တုရဲ့ရှေ့နားမှာတော့ တန်းစီတဲ့ နေရာလေလား၊ စစ်ရေးပြကွင်းလေးလားတော့ မသိ၊ ညီညာတဲ့ မြေကွက်လပ်လေးတခု။ တချိန်တုန်းက ဒီနေရာမှာ သူ့ရဲဘော်တွေကို ခွန်ဆာတစ်ယောက် ကြိမ်ဖန်များစွာ မိန့်ခွန်းတွေ ချွေခဲ့ပါလိမ့်မယ်။    စဉ်းစားနေခိုက် ကျနော့်မိတ်ဆွေ ထိုင်းလူမျိုးက ပြောလာတယ်၊ အပေါ်ဘက်ကက...

စစ်ဦးစီးအရာရှိချုပ်(ကြည်း)နှင့် စစ်ထောက်ချုပ် တာဝန်ယူထားသော ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း၏ သားဖြစ်သူက နေပြည်တော်စစ်ရုံးအတွင်းသို့ သုံးစွဲရန် မူးယစ်ဆေးဝါး သယ်ယူလာမှု စစ်ဆေးတွေ့ရှိသော်လည်း အရေးယူမှုမရှိ

   အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၏ လူယုံတစ်ဦးဖြစ်သူ စစ်ဦးစီးအရာရှိချုပ်(ကြည်း)နှင့် စစ်ထောက်ချုပ် တာဝန်ယူထားသော ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း၏ သားဖြစ်သူက နေပြည်တော်စစ်ရုံးအတွင်းသို့ သုံးစွဲရန် မူးယစ်ဆေးဝါး သယ်ယူလာမှု စစ်ဆေးတွေ့ရှိသော်လည်း အရေးယူမှုမရှိကြောင်း စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ ဇန်နဝါရီလ ၁၈ ရက်နေ့ ညပိုင်းအချိန် ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်း၏ သားဖြစ်သူ အုပ်စိုးခန့်သည် နေပြည်တော်စစ်ရုံး၊ ဂိတ်အမှတ် ၁ သို့ ဖြတ်သန်းစဉ် ကားဒက်ရှ်ဘုတ်အတွင်းမှ သုံးစွဲနေသည့် မူးယစ်ဆေးဝါးအထုပ်တစ်ထုပ် တွေ့ရှိခဲ့ရကြောင်း၊ အဆိုပါ မူးယစ်ဆေးဝါးသည် ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်း၏ သားဖြစ်သူ အုပ်စိုးခန့် သုံးစွဲသည့် မူးယစ်ဆေးဝါးဖြစ်သော်လည်း ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ စခန်းရုံး၏ စခန်းမှူး ဗိုလ်ချုပ် သိန်းဇော်က တစ်စုံတစ်ရာ အရေးယူမှု မလုပ်ဆောင်တော့ဘဲ ဖုံးကွယ်ပေးထားကြောင်း သိရှိရသည်။ "ကားသမားက ဒုဗိုလ်ချုပ်ကြီးကျော်စွာလင်း မန္တလေးတိုင်းဘ၀ကတည်းက ခေါ်ထားတဲ့ ငယ်တပည့်ရင်းက ကားမောင်းတာ။ ကားက VIP CAR PASS ပါတယ်။ အဲဒီအမှုကို ဒုဗိုလ်ချုပ်ကြီးကျော်စွာလင်းဆီကို သတင်းပို့တော့ သတင်းမပ...

မြန်မာပြည်မြေပုံကို အပြောင်းခံကြမှာလား

  ကမ္ဘာ့သမိုင်းကို ပြန်လေ့လာကြည့်မယ်ဆိုရင် အိမ်နီးချင်းနိုင်ငံတွေအဖြစ် နှစ်ပေါင်းများစွာ အတူတကွ ယှဉ်တွဲ ရပ်တည်နေကြပြီးမှ ဝေးကွာသွားကြတဲ့ နိုင်ငံတွေ ရှိခဲ့တယ်ဆိုတာ တွေ့နိုင်ပါတယ်။ ကျွန်တော်တို့အတွက် အထင်ရှားဆုံး ဥပမာတစ်ခုရှိပါတယ်။ အဲဒါကတော့ မြန်မာနဲ့ ပါကစ္စတန်တို့ဟာ ယခင်က နယ်မြေချင်း ထိစပ်နေကြတဲ့ အိမ်နီးချင်း နိုင်ငံတွေပါ။ သို့သော် ၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံအသစ် ပေါ်ပေါက်လာချိန်မှာတော့ အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားခဲ့ကြပါတယ်။ ယခင်က အိမ်နီးချင်းဖြစ်ခဲ့လို့ ထင်ပါတယ်၊ မြန်မာနဲ့ ပါကစ္စတန်တို့ရဲ့ ဆက်ဆံရေးဟာ ကောင်းမွန်နေကြဆဲဆိုတာ သက်သေ၊ သာဓကများစွာ ရှိပါတယ်။ အဲဒီလို အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားရခြင်းဟာ သူတို့ရဲ့ ပြည်တွင်းရေးသာ ဖြစ်တဲ့အတွက် အထူးအထွေ ဝေဖန်ရန် မရှိပါ။ သို့သော် လက်ရှိအခြေအနေမှာ မြန်မာရဲ့ အိမ်နီးချင်း (၅) နိုင်ငံရှိနေရာက မတူညီတဲ့ အိမ်နီးချင်းနိုင်ငံသစ်တွေ ထပ်မံ ပေါ်ပေါက်လာဖို့ လုပ်ဆောင်နေကြတာတွေ မြင်နေရပါပြီ။ ဒီတစ်ကြိမ်ကတော့ ကျွန်တော်တို့ရဲ့ ပြည်တွင်းရေးဖြစ်တဲ့အတွက် အလေးထားရပါတော့မယ်။ ရှိပြီးသား အိမ်နီးချင်း (၅) နိုင်ငံနဲ့ မြန်မာတို့အကြား ကျွန်တော်တိ...

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

  စစ်ဗိုလ်များထဲတွင် မင်းသားနှစ်ဦး၏ နာမည်ပေးခံရသော စစ်ဗိုလ်ချုပ်တဦး ရှိသည်။ ဒုဗိုလ်ဘဝမှ ဗိုလ်ချုပ် ဖြစ်သည်အထိ စစ်တပ်ထဲတွင် ရုပ်ရှင်မင်းသားလို နေထိုင်ခဲ့ရသည့်အတွက် ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအား “နေတိုး” သို့မဟုတ် “ပြေတီဦး” ဟု စစ်ဗိုလ်ချုပ်အချို့က နာမည်ပြောင် ပေးထားကြခြင်း ဖြစ်သည်။ ထို့အပြင် ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို လက်ရှိ စစ်ခေါင်းဆောင်များ အလွန်တွင် စစ်တပ်ကို ဦးဆောင်မည့်သူဟုလည်း ထင်ကြေးပေးခံရသူလည်း ဖြစ်သည်။ လက်ရှိအချိန်တွင် ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်းသည် စစ်ဦးစီးအရာရှိချုပ် (ကြည်း) နှင့် စစ်ထောက်ချုပ်တာဝန်တို့ကို ပူးတွဲတာဝန်ယူထားရသည်။ စစ်တက္ကသိုလ်အပတ်စဉ်- ၃၅ (DSA-35) ကျောင်းဆင်း ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်းသည် အရာရှိ ငယ်ဘဝက မကြာသေးခင်က လာဘ်စားမူဖြင့် ဖမ်းဆီးထောင်ချခံရသူ ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း လက်အောက်တွင် တာဝန်ထမ်း ဆောင်ခဲ့သူ ဖြစ်သည်။ ထို့အပြင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) ခေတ် ဒု စစ်ခေါင်းဆောင် ဗိုလ်ချုပ် မောင်အေး၏ ကိုယ်ရေးအရာရှိ လုပ်ခဲ့သူလည်း ဖြစ်သည်။ “မိုးမြင့်ထွန်းက ဗိုလ်ကြီးကနေ ဗိုလ်မှူးအပွင့်တင်ဖိ...

ရှုပ်ထွေးပွေလီ_ရှမ်းတို့ပြည်_အပိုင်း၂

  #ရှုပ်ထွေးပွေလီ_ရှမ်းတို့ပြည်_အပိုင်း၂ ဘုရင့်နောင်မင်း မိုးမိတ်သျှမ်းပြည်မှ မိုးကောင်း၊ မိုးညှင်း သျှမ်းပြည်သို့ သားတော် ညီတော်တို့နှင့်အတူ ကိုယ်တိုင်ချီတက်သည်။ ဘုရင့်နောင်ချီတက်လာကြောင်း မိုးကောင်းစော်ဘွား စဝ်ဟွမ်မိုင်း(ၸဝ်ႈႁွၼ်မိူင်း)နှင့် မိုးညှင်းစော်ဘွား စဝ်လုံနွိုင့်(ၸဝ်ႈလူင်ၼွႆႉ)တို့သိရလျှင် နွယ်ပတ်ပုတော(်မှူးပတြှှပူှ၊်မှူး=Mountain,ပတျွှ=Amber,ပူှ=Grandfather) တွင် ခံတပ်တည်၍ ခံတပ်တည်၍ ခုခံရန် ပြင်ဆင်သည်။ ပြည်ဘုရင်ခံ၊ အင်းဝဘုရင်ခံနှင့် အိမ်ရှေ့မင်း(နန္ဒဘုရင်) တို့ ဦးဆောင်သည့် ဟံသာဝတီတပ်၏ တိုက်ခိုက်မှုကြောင့် မိုးကောင်းစော်ဘွား စဝ်ဟွမ်မိုင်း(ၸဝ်ႈႁွၼ်မိူင်း)နှင့် မိုးညှင်းစော်ဘွား စဝ်လုံနွိုင့် (ၸဝ်ႈလူင်ၼွႆႉ)တို့ တပ်ပျက်၍ ဆုတ်ခွာကြရသည်။ ဘုရင့်နောင်မင်း မိုးညှင်းသျှမ်းပြည်အတွင်းရှိ မိုင်းနောင်မြို့(မိူင်းၼွင်)တွင် တပ်ချနားနေပြီးနောက် မိုးညှင်းမြို့ကို ဝင်ရောက်သိမ်းပိုက်ရာ မိုးညှင်းစော်ဘွား စဝ်လုံနွိုင့်(ၸဝ်ႈလူင်ၼွႆႉ)မှာ မိုးကောင်းမြို့သို့ ခိုဝင်နေထိုင်သည်။ မိုးကောင်းစော်ဘွား စဝ်ဟွမ်မိုင်း(ၸဝ်ႈႁွၼ်မိူင်း) သည် အမတ်တို့၏ လျှောက်တင်ချက်အရ မိုးညှင်းစော်ဘွား စဝ်လုံနွိုင့်(ၸဝ်ႈလူင်...

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အကြောင်း တစေ့တစောင်း

  ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (၂၃ ဧပြီ ၁၉၉၂- ၃၀ မတ် ၂၀၁၁) အထိ ၁၉နှစ်တာကလ တိုင်းပြည်ကိုအုပ်ချုပ်ခဲ့တယ် ။ တိုင်းပြည်ကို တိုက်ရိုက်မိန့်ခွန်းတစ်ခါမှ ပြောမသွားခဲ့ဘူး ၊ အာဏာသိမ်းအစိုးရမို့ မပြောတာလဲမဟုတ်ဘူး ၊ အလုပ်ပဲ လုပ်သွားတယ် လေပြောလဲမကြီးဘူး ... Road map ၇ ချက်ဆိုပြီး ဆွဲပြီးတော့ ၊ ဗိုလ်ချုပ်ကြီးခင်ညွန့်က တိုင်းပြည်ကို မိန့်ခွန်းပြောဖို့ ဘရွှေဆီခွင့်ပြုမိန့်သွားတောင်းတယ် ၊ ဘရွှေက သတင်းစာကနေချပြလိုက်ရင်ရပြီ မလိုအပ်ဘူးဆိုလို့ ဦးခင်ညွန့်လဲ မပြောလိုက်ရဘူး ... ဘရွှေက အဂ္ဂမဟာဗျူဟာသမား စကားပြောနည်းပြီး အလုပ်များများလုပ်တယ် ၊ မြန်မာစကားပုံအရဆို လူသန်မပြောပေါ့ ... သူ့ရဲ့ တစ်နာရီကျော်ကြာတဲ့ အင်္ဂလိပ်လိုပြောတဲ့ မိန့်ခွန်းနားထောင်ဖူးတယ် အေးအေးဆေးဆေးပဲ ပြောနေတာ ဌာန်တွေမာန်တွေမပါဘူး ၊ အေးဆေးတဲ့ ဥာဏ်သမားစစ်စစ်ပဲ ... သူက အလုပ်လုပ်ဖို့ ရှင်းစရာရှိတာအရင်ရှင်းတယ် ၊ ကစားကွက်ဖော်တယ် တိုက်စစ်ဆင်တယ် ၊ နဝတ ၊ နယက ရဲ့ ကွင်းလည်ဗိုလ်ချုပ်က ဗိုလ်ချုပ်ကြီးခင်ညွန့်(Key Player) ၊ အထောင်တိုက်စစ်မှူး နောက်ချန်တိုက်စစ်မှူး ၊ နောက်တန်းဗဟိုခံစစ်မှူးနဲ့ ကွင်းလည်အဖျက်သမားတွေ အစရှိသဖြင့် မြိုင်မြိုင်ဆိုင်ဆိုင်ကြီး အထို...

ကျယ်ပြန့်လာသော ပြည်တွင်းစစ်၊ ကမ္ဘာ့ဘိန်းစိုက်ပျိုးထုတ်လုပ်မှု နံပါတ်တစ်ဖြစ်လာသည့် မြန်မာနိုင်ငံနှင့် မူးယစ်ဆေးပြဿနာ

    မြန်မာအပေါ် တရုတ်နှင့် အနောက်နိုင်ငံများက ဘယ်လိုမူဝါဒနှင့် ချဉ်းကပ်သင့်သလဲ လက်ရှိအချိန်တွင် မြန်မာအနေဖြင့် ယူကရိန်းကဲ့သို့  အမေရိကန်နှင့် အနောက်ဥရောပ ကျောထောက် နောက်ခံပေးထားသည့် နိုင်ငံမျိုးမဟုတ်ဘဲ ဘက်ပေါင်းစုံမှ ပိတ်ဆို့မှုဟန့်တားမှုနှင့် ဖိအားများကြောင့် အင်အားနည်းပါးနေသည်မှာ အမှန်ပင်ဖြစ်သည်။ ထိုအချိန်တွင် စူပါပါဝင်နိုင်ငံတစ်ခု၏ Proxy War ဆင်နွှဲခြင်းခံရမည်ဆိုပါက နိုင်ငံအနေဖြင့် ပြိုကွဲသွားနိုင်သည့် အန္တရာယ်နှင့် ကြုံတွေ့ရမည်ဖြစ်ပေသည်။ တစ်ဖက်တွင်လည်း အင်အားကြီးနိုင်ငံများအနေဖြင့် မြန်မာနိုင်ငံ၌ Proxy War ဖော်ဆောင်မည်ဆိုပါက မြန်မာနိုင်ငံမှ မည်သည့်အကျိုးအမြတ်မျှ ရရှိလိမ့်မည်မဟုတ်ပေ။ ဒီမိုကရေစီ လိုလားသော အနောက်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံကို အထီးကျန်စေပြီး ပိတ်ဆို့မှု အထပ်ထပ်ချမှတ်နေခြင်းထက် အမေရိကန်သမ္မတ အိုဘားမားလက်ထက်က မြန်မာနိုင်ငံအပေါ် ချဉ်းကပ်ခဲ့သည့် Carrot and Stick ပုံစံမျိုးဖြင့် အနာနှင့်ဆေး မှန်ကန်မှုရှိသည့်မူဝါဒမျိုးကို ကိုင်စွဲ၍ မြန်မာ့အရေးကို ချဉ်းကပ်လုပ်ဆောင်သင့်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများကလည်း ထောက်ပြကြသည်။ မ...

တရုတ်နိုင်ငံရဲ့ လွှမ်းမိုးလာမှုတွေကို တုန့်ပြန်နိုင်ဖို့ အာဆီယံနိုင်ငံတွေကို ဂျပန်ကူညီမည်

  တောင်တရုတ်ပင်လယ်လုံခြုံရေးကို မြှင့်တင်ဖို့အတွက် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီက အာဆီယံနိုင်ငံလေးနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်တို့ကို ၁၀ နှစ်ကြာရေကြောင်းလုံခြုံမှု အကူအညီပေးရန် ပြင်ဆင်နေကြောင်း မီဒီယာများက ဖော်ပြနေကြတယ်လို့ အာရ်အက်ဖ်အေက ဖေဖော်ဝါရီလ ၁၅ ရက်မှာ ရေးသားပါတယ်။ အဲဒီ ၄ နိုင်ငံတို့ဟာ လုံခြုံရေးအရ ဂျပန်အစိုးရရဲ့ ထိပ်တန်းဦးစားပေးများအဖြစ် သတ်မှတ်ခံထားရကြောင်း တိုကျို NHK ရုပ်သံလွှင့်ဌာနက ပြောပါတယ်။ ဂျက်ကာ JICA လို့ လူသိများတဲ့ ဂျပန်အကူအညီပေးရေး အေဂျင်စီရဲ့ အသေးစိတ်အစဉ်များဟာ ၂၀၂၅ခုနှစ် မတ်လအရောက် အကောင်အထည်ပေါ်လာနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ထောက်ပံ့ရေးအစီအစဉ်မှာ ဂျပန်နိုင်ငံက ဒရုန်းများ၊ ရေဒါစနစ်များနဲ့ ကင်းလှည့်သင်္ဘောများအပြင် လေးနိုင်ငံ တစ်ခုချင်းစီအတွက် အခြားစွမ်းရည်မြှင့်တင်ရေး အစီအမံများကို ပံ့ပိုးပေးဖို့ ရှိနေကြောင်း NHK က ဆိုပါတယ်။ ပြီးခဲ့တဲ့လ ဂျပန်အရာရှိများနဲ့ အထူးကျွမ်းကျင်သူတွေဟာ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားတို့မှာ လေ့လာမှုများနဲ့ မျက်မြင်ကွင်းဆင်း စစ်ဆေးမှုများကို ပြုလုပ်ခဲ့တယ်လို့ ယုံကြည်ရပ...

ဒေသကိုအခြေခံသည့် ဖက်ဒရယ် စနစ်ကိုသွားမည်ဟု မြန်မာစစ်ခေါင်းဆောင်ပြော

    မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံမည့် ပြည်ထောင်စုတည်ဆောက်ရာ၌ လူမျိုးကို အခြေမခံဘဲ ဒေသကိုအခြေခံသည့် စနစ်မျိုးဖြင့် အဓိကဆောင်ရွက်သွားမည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ပြောထားသည်။ ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရာတွင် ဦးဆောင်သူ၊ အကောင်အထည်ဖော်သူ၊ လိုက်နာကျင့်သုံးသူများအားလုံး တတ်သိပညာ၊ ပင်ကိုအရည်အသွေး၊ စဉ်းစားတွေးခေါ်မှုများ ပြည့်စုံရန်လိုအပ်ကြောင်း စစ်ခေါင်းဆောင်က ဆိုသည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်အာဏာသိမ်းလိုက်ချိန်မှစ၍ စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများကြား တိုက်ပွဲပြင်းထန်နေသည်မှာ ၃ နှစ်နီးပါး ကြာမြင့်လာပြီဖြစ်သည်။ အာဏာသိမ်းချိန်မှစပြီး စစ်ခေါင်းဆောင်သည် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ပေးမည်ဟု ထပ်ကာတလဲလဲ ပြောဆိုနေသော်လည်း မူဝါဒနှင့် လမ်းစဉ်များ မရှိသဖြင့် ပြည်သူများက အယုံအကြည် မရှိကြပေ။ “ဖက်ဒရယ်ဆိုတဲ့စကားလုံးကို စစ်ခေါင်းဆောင်က အမြဲတမ်းပြောသလို တော်လှန်ရေးအင်အားစုတွေ၊ NUG ကလ...

Click !