Skip to main content

Continue !

ဘီလီယံနာ ခွန်နေဝင်းထွန်း၊ လူချမ်းသာ PNO ခေါင်းဆောင်များနှင့် အခွန်ဆပ်ကျောမွဲ ပအိုဝ်းပြည်သူ

                              

စိုင်းခွန် ခွန်တီးကျော်တစ်ယောက် ပင်ပင်ပန်းပန်း နေ့စားလိုက်ပြီး အသက်မွေးနေရသည့်ကြားမှ ငွေကြေးထပ်မံကုန်ကျရမည့် အရေးကြောင့် စိတ်မောနေရသည်။ စိုက်ပျိုးရေး ရာသီရောက်ရှိပြီဖြစ်သဖြင့် ပြောင်းမျိုးစေ့နှစ်ထုပ်စိုက်ရန် ပွဲစားဆီက အတိုးဖြင့် ယူထားသည်ပင် မကြာသေး၊ ယခု PNO ပြည်သူ့စစ်က ဆက်ကြေးထပ်ကောက်လာပြန်သောကြောင့်ပင်။

စိုင်းခွန်

ခွန်တီးကျော်တစ်ယောက် ပင်ပင်ပန်းပန်း နေ့စားလိုက်ပြီး အသက်မွေးနေရသည့်ကြားမှ ငွေကြေးထပ်မံကုန်ကျရမည့် အရေးကြောင့် စိတ်မောနေရသည်။ စိုက်ပျိုးရေး ရာသီရောက်ရှိပြီဖြစ်သဖြင့် ပြောင်းမျိုးစေ့နှစ်ထုပ်စိုက်ရန် ပွဲစားဆီက အတိုးဖြင့် ယူထားသည်ပင် မကြာသေး၊ ယခု PNO ပြည်သူ့စစ်က ဆက်ကြေးထပ်ကောက်လာပြန်သောကြောင့်ပင်။

ရှမ်း-ကယား နယ်စပ်တွင် တိုက်ပွားပြင်းထန်လာပြီးနောက် ပအိုဝ်းဒေသနေပြည်သူများ PNO ပြည်သူ့စစ်ကို အခွန်ဆက်ရမှု အဆမတန် များပြားလာသည်။

ယခုလည်း PNO ပြည်သူ့စစ်က ကျည်ဆံဖိုးဟုဆိုကာ ဆက်ကြေးထပ်မံတောင်းပြန်ပြီဖြစ်သည်။ တောင်းသည်က ပမာဏ နည်းနည်းမဟုတ်။ ခွန်တီးကျော်တို့ နေထိုင်သည့် ပင်လောင်းမြို့နယ်တွင် PNO ပြည်သူ့စစ်က ကာကွယ်ရေးစရိတ် ကျည်ဆံဖိုးဟုဆိုကာ တစ်အိမ် ၈ သောင်းကျပ်မှ တစ်အိမ် တစ်သိန်းကျပ်အထိ ဆက်ကြေး ထပ်မံတောင်းခံခြင်းဖြစ်သည်။

PNOပြည်သူ့စစ် ယခုလို ဆက်ကြေးတောင်းခြင်းသည် ပထမဆုံးအကြိမ် မဟုတ်ပေ။

“ပထမ တစ်ကြိမ်က တစ်အိမ် သုံးသောင်းတောင်းတယ်။ အခု တစ်သိန်းတဲ့။ ကျွန်တော် ဘယ်နားသွားယူပြီး ပေးရမလဲ မသိ နားမလည်တော့ဘူးဗျာ” ဟု ခွန်တီးကျော်ကပြောသည်။

ပထမအကြိမ် ကောက်သည့် သုံးသောင်းမှာ PNO ပြည်သူ့စစ်က ဒေသလုံခြုံရေးအတွက်ဟုဆိုကာ ကောက်ခံခြင်းဖြစ်သည်။ ယခုဒုတိယအကြမ်ကောက်ခံသည်မှာ ပင်လောင်း-ဖယ်ခုံနယ်စပ်တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် ကာကွယ်ရေးစရိတ် ကျည်ဆံဖိုးဟုဆိုကာ PNO ပြည်သူ့စစ်က ထပ်မံကောက်ခံခြင်းဖြစ်သည်။

                            

ယခုအကြိမ် ကောက်ခံသည့် ငွေကြေးမှာ ခွန်တီးကျော်တို့လို လက်လုပ်လက်စားလူတန်းစားအတွက် များပြားလွန်းသည့် ပမာဏဖြစ်သည်။ ခွန်တီးကျော်လို ခြံဆိုလျှင် ပြောင်းမျိုးစေ့ နှစ်ထုပ်သာ ဆန့်သည့် ခြံတစ်ခြံသာပိုင်ပြီး ကျန်သည့်အချိန်များတွင် နေ့စားလိုက်ပြီး အသက်မွေးနေသည့် သူအတွက် ငွေပမာဏ တစ်သိန်းဆိုသည်မှာ လက်ထဲမှာ လက်ငြင်းချက်ချင်း မရှိ။

ခွန်တီးကျော်အနေဖြင့် အရင်တစ်ခေါက် PNO ပြည်သူ့စစ်က ကောက်ခံသည့် ဆက်ကြေးငွေ သုံးသောင်းကျပ်ကိုပင် ချေးငှားပြီးထည့်ခဲ့ရသည်။ ယခုတစ်ကြိမ်ကောက်သည့် ဆက်ကြေးငွေ တစ်သိန်းကိုလည်း မဖြစ်မနေ ထည့်ရမည်ဖြစ်ပြီး မထည့်လျှင် အရေးယူခံရမည် စစ်သားလုပ်ရမည်ဟု PNO ပြည်သူ့စစ်က ခြိမ်းခြောက်ထားသဖြင့် မထည့်ဘဲလည်း ခွန်တီးကျော်မနေရဲ။

နေ့စားခ တစ်ရက် ၈ထောင်သာရသည်ဘ ခွန်တီးကျော်အဖို့ တစ်သိန်းပြည့်ဖို့ မစားမသောက် စုလျင်တောင်မှ ၁၃ ရက် စုရမည်ဖြစ်သည်။ နေ့စားအလုပ်က နေ့တိုင်းရှိသည်မဟုတ် သူများလာခေါ်မှသာ သွားရသည်။

အရာရာ ဈေးတက်နေချိန်တွင် တစ်ရက် ၈ ထောင်ကျပ်သည် မိသားစုတစ်စုအတွက် စားသောက်ရန် ပင် လုံလောက်ဖို့ ခဲယဉ်းသည်။ အရင်ယူထားသည့် အကြွေး သုံးသောင်းကိုပင် မဆပ်နိုင်သဖြင့် နောက်ထပ် တစ်သိန်းထပ်ချေးရန်မှာ မည်သူမှ ချေးချင်မည်မဟုတ်ကြောင်း ခွန်တီးကျော်က ညီးတွားနေခဲ့သည်။

                        

ခွန်တီးကျော်တို့ရွာသည် အဲ့ဒီ PNO ပြည်သူ့စစ်များက ကောက်ယူသည့် အခွန်များသာ ပေးဆောင်ရသည်မဟုတ်။ အဖွဲ့ပေါင်းစုံ လူပေါင်းစုံက ကောက်သည့် အခွန်ငွေတွေကိုပါ ထည့်ရသည်။ ခွန်တီးကျော်အဆိုအရ ၁၂ မှုဟုခေါ်ကြသည်။ ၁၂ လလုံးလုံး ငွေထည့်ရသည့် အမှုရှိသောကြောင့် ၁၂ မှု ဟုခေါ်ဆိုခြင်းဖြစ်သည်။

“ဗဟိုကကောက်တဲ့ သုံးသောင်း တစ်သိန်းတွေနဲ့ မပြီးသေးဘူး။ သူတို့ PNO ပြည်သူ့စစ်စခန်းတွေက ကောက်တဲ့ ဆောင်းရာသီဆို စောင်ဖိုး၊ အနွေးထည်ဖိုး၊ ခဏနေကျရင် စစ်သားစစ်ဖိနပ်ဖိုး၊ တစ်လတစ်ခါ ဟင်းဖိုးတွေလည်း ထည့်ရတယ်လေ” ဟု ခွန်တီးကျော်က ရှင်းပြသည်။

ဒေသခံများအဆိုအရ ပင်လောင်းမြို့နယ်တွင် အခြေစိုက်ထားသည့် PNO ပြည်သူ့စစ်စခန်းများက ၎င်းတို့ စခန်းတည်ရှိသည့် ကျေးရွာအုပ်စုများတွင် စစ်သားများ၏ စားနပ်ရိက္ခာဖိုးဟုဆိုကာ တစ်အိမ်ကို နှစ်ထောင်ကျပ်ကောက်ခံသည်။ စစ်သားများ၏ စစ်ဖိနပ်ဖိုးဟုဆိုကာ ၂၀၂၂ ခုနှစ်တွင် ၄ ကြိမ် ၊ ၂၀၂၃ ခုနှစ်တွင် ၂ ကြိမ် တစ်အိမ်ကို ငါးထောင်ကျပ် ကောက်ခံခဲ့သေးသည်။ ယင်းအပြင် ပင်လောင်းမြို့နယ်တွင် တာဝန်ထမ်းဆောင်နေသော PNO ပြည်သူ့စစ်များ အသုံးပြုရန်အတွက် ကားဝယ်ရန် တစ်အိမ် ၂ ထောင်ကျပ်ကိုလည်း ၂၀၂၃ ခုနှစ် မတ်လ ၂၅ တွင် PNO ပြည်သူ့စစ်က ကောက်ခံခဲ့သည်။ ယုတ်ဆွအဆုံး PNO ပြည်သူ့စစ်ခေါင်းဆောင် ဦးအောင်ခမ်းထီနေထိုင်သည့် ကျောက်တစ်လုံးမြို့တွင် ပြုလုပ်သည့် ဘုရားထီးတင်ပွဲအတွက်ကိုလည်း တောင်ကြီးမြို့နယ်ရှိ ပအိုဝ်းကျေးရွာများကို PNO ပြည်သူ့စစ်က ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ ရက်တွင် တစ်အိမ်ငါးထောင်ကျပ် ငွေကြေးကောက်ခံခဲ့သည်။ ရှမ်းပြည်နယ်တောင်ပိုင်းတွင် လူသိများ ထင်ရှားသည့် နောင်ကားဘောလုံးပွဲအတွက်လည်း PNO ပြည်သူ့စစ်က နှစ်စဉ် နှစ်တိုင်း ငွေကြေးကောက်ခံလျက်ရှိသည်။ ထိုဘောလုံးပွဲအတွက် တစ်အိမ် လေးထောင်ကျပ်အပြင် ကားရှိသည့် အိမ်များသည် ၂ သောင်း ပိုထည့်ရသည်။

ထိုသို့ ဘောလုံးပွဲအတွက် ငွေကြေးကောက်ခံမှုကို PNO ပါတီဥက္ကဌ ခွန်စံလွင်က ၎င်းတို့အနေဖြင့် ငွေကြေးကောက်ခံရန် ညွှန်ကြားခြင်းမရှိဟု ငြင်းဆိုသော်လည်း လက်တွေ့မြေပြင်တွင် PNO ပြည်သူ့စစ်က နှစ်စဉ် ကောက်ခံလျက်ရှိနေဆဲဖြစ်သည်။ ထိုငွေကြေးကောက်ခံမှုနှင့်ပတ်သက်သည့် စာရင်းရှင်းတမ်းကိုမူ အများပြည်သူသိနိုင်ရန် PNO ကထုတ်ပြန်ပေးဖူးခြင်း မရှိပေ။

ခွန်တီးကျော်တို့ရွာတွင် ရွာဦးစေတီ တည်နေပြီး ဘုရားစေတီ ပြီးမြောက်ဖို့ရန် တစ်အိမ် သုံးသိန်းကျပ် ထည့်ဝင်လှူဒါန်းရန်လည်း သတ်မှတ်ထားသည်။ ထို့ကြောင့် လစဉ်လတိုင်း အကောက်အခွန်နှင့် ကင်းလွတ်သည့် လဟူ၍ မရှိဟု ခွန်တီးကျော်ကဆိုသည်။

ပအိုဝ်းပြည်သူများက ပင်ပန်းဆင်းရဲစွာရုန်းကန်ပြီး ဝင်ငွေရှာဖွေကာ PNO အတွက် ဆပ်ကြေးပေးနေရချိန်တွင် ခွန်နေထွန်းဝင်းအပါအဝင် PNO ထိပ်ပိုင်းခေါင်းဆောင်များ၏ ချမ်းသာကြွယ်ဝမှုက ပအိုဝ်းပြည်သူအားလုံးပေါင်းထက်ပင် ပိုမိုးများပြားနေသည့် အခြေအနေဖြစ်သည်။

                           

ဦးမောင်သောင်းဆိုသည့် PNO ပါတီ၏ ဒုတိယ ဥက္ကဌမှာ အာဏာရှင်ဦးနေဝင်းခေတ်တွင် မြို့နယ်ကောင်စီ ဥက္ကဌ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ပင်လောင်းမြို့နယ်တစ်ခုလုံးတွင် ကောင်တန် ရောင်းဝယ်ရေး၊ ကောင်တန် ဆောက်လုပ်ရေး၊ ကောင်တန် စက်သုံးဆီဆိုင်များ၊ ကောင်တန် စိုက်ပျိုးရေးသုံးပစ္စည်းတင်သွင်းရောင်းချရေး၊ ကောင်တန်ဈေးဆိုင်များ အများအပြားကို ပိုင်ဆိုင်ထားသည်။ ဦးမောင်သောင်းကဲ့သို့ပင် PNO ထိပ်ပိုင်းခေါင်းဆောင်အချို့မှာ ဒေသတွင်းတွင် စီးပွားရေးလုပ်ငန်းအများအပြား ပိုင်ဆိုင်ထားပြီး များစွာချမ်းသာကြွယ်ဝသူများဖြစ်သည်။

ယင်းထဲတွင် PNO ပြည်သူ့စစ် အထူးစီးပွားရေးတာဝန်ခံအဖြစ် တာဝန်ယူထားသူ ဦးနေဝင်းထွန်း ခေါ် ခွန်နေဝင်းထွန်းသည် အထင်ရှားဆုံးဖြစ်သည်။ ဒေသတွင်းနှင့် နိုင်ငံတဝှမ်းတွင် ကုမ္ပဏီမြောက်များစွာ ပိုင်ဆိုင်ထားပြီး မြန်မာနိုင်ငံ၏ထိပ်တန်းခရိုနီ စာရင်းဝင်ထားသူလည်းဖြစ်သည်။ ၎င်းသည် ဒေါ်လာဘီလျံနှင့်ချီပြီး ချမ်းသာသည့်သူဖြစ်ကြောင်း နိုင်ငံတကာစီးပွားရေးသုတေသီများက ခန့်မှန်းထားသည်။

ဦးနေဝင်းထွန်းသည် PNO ပြည်သူ့စစ်က စစ်တပ်နှင့် ပူးပေါင်းပြီးနောက် ပအိုဝ်းအမျိုးသားစီးပွားရေးအမည်ခံကာ စီးပွားရေး လုပ်ငန်း လုပ်ပိုင်ခွင့်များကို လက်ဝါးကြီးအုပ်ခဲ့သူလည်းဖြစ်သည်။ ဘိလပ်မြေစက်ရုံများ ၊ သတ္တုတွင်းများ ၊ ကျောက်မျက်ရတနာ တူးဖော်ရေး လုပ်ငန်းများ၊ ဟိုတယ်လုပ်ငန်းများ စသည်တို့ကို ဦးနေဝင်းထွန်းက လက်ဝါးကြီးအုပ်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ဦးနေဝင်းထွန်းသည် PNO ပါတီအတွင်းရေးမှူး နှင့် PNO ပြည်သူ့စစ် တပ်ရင်း ၄ ၏ တပ်ရင်းမှူးအဖြစ်လည်း ဆောင်ရွက်နေဆဲဖြစ်သည်။

                             

ထို့ကြောင့် PNO ပြည်သူ့စစ် တပ်ရင်း ၄ ၏ ရဲဘော်များသည် တပ်ဖွဲ့တာဝန်သာမက ဦးနေဝင်းထွန်း၏ သတ္တုတွင်း လုံခြုံရေး အဖြစ်လည်းကောင်း၊ သတ္တုတွင်း တူးဖော်ရေး အလုပ်သမားများအဖြစ် လည်းကောင်း လုပ်ဆောင်ခဲ့ကြရသည်ဟု PNO ရဲဘော်ဟောင်းတစ်ဦးကပြောသည်။

“လစာက တစ်လတစ်သောင်းကျပ်ပဲရတယ် ၊ ဦးခွန်လာ စစ်ဦးစီးချုပ်ဖြစ်တဲ့ ခေတ်ကတည်းက တစ်သောင်းပဲရတာအခုထိပဲ။ အလုပ်ကတော့ အကုန်လုံးလုပ်ရတယ်။ မိုင်းပွန်တောင်ဘက် ကောင်တန်မှာရှိတဲ့ သတ္တုတွင်းမှာဆိုရင် ကျွန်တော်တို့က လုံခြုံရေးကော သတ္တုတွင်းတူးဖော်တဲ့ အလုပ်သမားအဖြစ်ကော လုပ်ရတယ်” ဟု အဲ့ဒီရဲဘော်တစ်ဦးကပြောသည်။

ရဲဘော်များအနေဖြင့် ငွေကြေးသုံးစွဲဖို့အတွက် ဒေသတွင်း သွားလာသည့် သစ်ကားများ ကုန်တင်ကားများ အိမ်စီးကားများကို မုန့်ဖိုးဟုပြောဆိုတောင်းကာ ကြားပေါက်ငွေရှာကြသည်ဟု ၎င်းရဲဘော်ဟောင်းကဆိုသည်။

ဦးနေဝင်းထွန်းသည် ယခင် ဦးသိန်းစိန်အစိုးရလက်ထက်တွင် လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ကာ အမျိုးသားလွှတ်တော်၏ သတ္တုနှင့်သယံဇာတရေးရာကော်မတီ ဥက္ကဌအဖြစ်လည်း ဆောင်ရွက်ဖူးသူဖြစ်သည်။ ဝီကီလိခ်က ပေါက်ကြားလာသည့် အမေရိကန်သံရုံးအချက်အလက်များအရ ဦးနေဝင်းထွန်းသည် ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေလက်ထပ်ကတည်းက စစ်တပ်အမာခံထောက်တိုင် ခရိုနီတစ်ဦးဖြစ်ပြီး PNO နှင့် နဝတ အစိုးရကြား အပစ်အခတ်ရပ်စဲရေးစာချုပ်ကို ပွဲစားဝင်လုပ်ပေးပြီးနောက်ပိုင်း သတ္တုတူးဖော်ရေးအပါအဝင် ဟိုတယ်နှင့် ဘိလပ်မြေထုတ် လုပ်ရေးလုပ်ငန်းများတွင် လုပ်ပိုင်ခွင့်ရလာသူအဖြစ် ဖော်ပြထားသည်။

၎င်းပိုင် ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ နဂါးဘိလပ်မြေစက်ရုံသည် မီတာခွန် သိန်းပေါင်းသောင်းနှင့်ချီ မဆောင်ပဲနေခြင်းကြောင့် လုပ်ငန်းရပ်တန့်ခဲ့ရဖူးသည်။ စစ်အာဏာသိမ်းပြီးနောက်တွင်မူ ယင်းစက်ရုံပြန်လည် လည်ပတ်ခဲ့သည်။

ကုမ္ပဏီ ဆယ်နှင့်ချီ ပိုင်ဆိုင်သည့် PNO ပြည်သူ့စစ်အဖွဲ့၏ စီပွားရေးတာဝန်ခံ ဦးနေဝင်းထွန်း ဦးဆောင်သည့် PNO ပြည်သူ့စစ်စီးပွားရေး အခြေအနေမှာ အထွတ်အထိပ်သို့ ဖြစ်နေသော်လည်း ၎င်းတို့ တပ်ဖွဲ့ဝင် စားသောက်စရိတ်ကအစ ပြည်သူလူထုကို ညှင်းဆဲပြီး ဆက်ကြေးကောက်နေဆဲဖြစ်သည်။

ညှပ်ဖိနပ်သာ စီးနိုင်ပြီး ခြေဖနှောင့်အောက်က ဖိနပ် အကွင်းလိုက် ပေါက်သည်အထိ ရုန်းကန်နေရသည့် ဆင်းရဲသားပြည်သူများကို ချမ်းသာနေပြီဖြစ်သည့် အထက်လူကြီးများအနေဖြင့် စာနာပေးသည့် စိတ်မျိုးရှိမည်ဆိုလျှင် ဝမ်းသာ ကျေနပ်မိမည်ဟု ခွန်တီးကျော်ကဆိုသည်။

“ကျွန်တော်တို့ကို ပေးကမ်းကူညီဖို့ မတောင်းချင်ပါဘူး။ ကျွန်တော်တို့ လူဆင်းရဲသားတွေဆီကနေ ထပ်မညှစ်ဖို့ပဲ မျှော်လင့်မိတာပါ။ ပြည်သူ့စစ်အဖြစ်မပြောင်းခင် သူတို့တော်လှန်ရေးလုပ်တုန်းက ကျွန်တော်တို့ပြည်သူတွေပဲ အန္တရာယ်တွေကြားက ကူညီခဲ့ ကျွေးမွေးခဲ့တာပါ။ အခု ပြည်သူ့စစ်ပြောင်းပြီးနောက်ပိုင်း သူတို့က လူထုထက် ပိုချမ်းသာနေပြီလေ” ဟု ဟု ၎င်းကပြောသည်။

လက်ရှိတွင် PNO ပြည်သူ့စစ် ကောက်ခံသည့် ဆက်ကြေးငွေတစ်သိန်းကို ထည့်နိုင်သည့် အိမ်များက ထည့်ပြီးနေပြီဖြစ်ပြီး တစ်ချို့အိမ်များက တစ်ကြိမ်သုံးသောင်းကျပ်စသဖြင့် အရစ်ကျစနစ်နဲ့ ထည့်ဝင်နေကြသည်။

                            

PNO ပြည်သူ့စစ်သည် ၁၉၇၃ တွင် ရှမ်းပြည်လူမျိုးပေါင်းစုံပြည်သူ့ လွတ်မြောက်ရေးအဖွဲ့မှ ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး အဖြစ် ခွဲထွက်ခဲ့သည်။

ထိုမှတစ်ဆင့် ၁၉၇၆ ခုနှစ်တွင် ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး နှင့် ခွန်ရဲနောင် ဦးဆောင်သည့် အဖွဲ့ပေါင်း၍ PNO အဖွဲ့ဟုပြောင်းလဲ ဖွဲ့စည်းခဲ့သည်။ ထို့နောက် ၁၉၉၁ ခုနှစ်တွင် စစ်အစိုးရ နှင့် အပစ်ရပ်ခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် PNO အဖွဲ့ စီးပွားရေးလုပ်ရန် ဦးနေဝင်းထွန်းအား ဦးဆောင်စေပြီး ပတ္တမြားနဂါးကုမ္ပဏီအုပ်စုကို ဖွဲ့စည်းခဲ့သည်။

ထိုကာလမှ စတင်ကာ စစ်အစိုးရနှင့်ပူးပေါင်းမှု အရှိန်မြင့်တင်ခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့အဖြစ်ပြောင်းလဲဖွဲ့စည်းခဲ့သည်။

မဲခေါင်သတင်းဌာနမှ စုံစမ်းရရှိထားသည့် အချက်အလက်များအရ ဦးနေဝင်းထွန်း နာမည်ခံထားသည့် ပတ္တမြားနဂါးကုမ္ပဏီတွင် PNO ပြည်သူ့စစ်ခေါင်းဆောင်များ ဖြစ်သည့် ဦးခွန်စံလွင်၊ ဦးခွန်သိန်းဖေ၊ ဦးခွန်မောင်သောင်း နှင့် ဦးအောင်ခမ်းထီ၏သားများဖြစ်သည့် ဦးခွန်အောင်ကျော်၊ ဦးခွန်အောင်ခမ်း ဆိုသူများက အစုရှယ်ယာများ ပါဝင်ကြသည်။ ပတ္တမြားနဂါးကုမ္ပဏီသည် သတ္တု၊ ရွှေ၊ ပတ္တမြား၊ ကျောက်စိမ်း တူးဖော်ရေး၊ ဘိလပ်မြေစက်ရုံ၊ အိမ်ခြံမြေနှင့် ဟိုတယ်လုပ်ငန်းအထိ လုပ်ငန်းမျိုးစုံပိုင်ဆိုင်ကြသည်။

PNO ပြည်သူ့စစ်ခေါင်းဆောင်များနှင့် ဦးနေဝင်းထွန်းတို့ မိသားစုအပေါ် ပအိုဝ်းလူငယ်များက ကပ်ပါးကောင်များအဖြစ်သာ မြင်ကြသည်။

“ဒီမိသားစုတွေဟာ ပအိုဝ်းလူမျိုးကို အကြောင်းပြုပြီး စားလို့မကုန်အောင် ချမ်းသာနေပေမယ့် အခုထိ ပအိုဝ်းဆင်းရဲသားတွေကို ဂုတ်သွေးစုပ်နေတုန်းပဲ။ ဒီမိသားစုတွေရဲ့ ညဖက် အရက်ဝိုင်းမှာ အသုံးချလို့ ကစားလို့အရမ်းကောင်းတဲ့လူမျိုး အရမ်းအတဲ့လူမျိုးဆိုပြီး ပအိုဝ်းလူမျိုးတွေကို ဘယ်လိုတောင် ဟားတိုက်ရီပြီး စော်ကားနေမလဲဗျာ” ဟု ပအိုဝ်းလူငယ် ခွန်လာထွန်းကပြောသည်။

ခွန်လာထွန်းသည် စစ်ကောင်စီကအာဏာသိမ်းပြီးနောက် တောင်ကြီးတက်ပြီး ဆန္ဒပြပွဲတွင်ပါဝင်သည်ဟုဆိုကာ PNO ပြည်သူ့စစ်က လိုက်လံဖမ်းဆီးခြင်းကြောင့် ထိုင်းနိုင်ငံထိ ထွက်ပြေးခဲ့ရသည့် ပအိုဝ်းလူငယ်တစ်ဦးဖြစ်သည်။

                          

ယခင် PNO စဖွဲ့ခါစ ရည်မှန်းချက်သည် လွတ်လပ်သည့် ပအိုဝ်းပြည် တည်ထောင်ရေး ဖြစ်ပြီး လက်ရှိတွင် PNO သည် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖြစ် ပြောင်းလဲသွားပြီဖြစ်ကာ ထားရာနေ၊ စေရာသွား သည့် စစ်ကောင်စီ ခိုင်းဘက် အဖွဲ့အစည်း ဖြစ်လာသည်ဟု ၎င်းကပြောသည်။

PNO ပါတီဥက္ကဌ ဦးခွန်စံလွင် က ၎င်း၏ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင် တစ်ယောက်ကို ပြောဖူးသောစကားတစ်ခွန်းဆိုလျှင် ပအိုဝ်းပြည်သူလူထုကြား ယခုထိတိုင် လူအပြောများသည့် စကားအဖြစ် တည်ရှိနေဆဲဖြစ်သည်။

ထိုစကားမှာ “အခု ငါစည်းစိမ်းချမ်းသာနေတာတွေက ဆယ်သက်စားမကုန်တော့ဘူး။ ငါကြောက်တာ အစောကြီး သေသွားမှာကိုပဲ” ဟု ပြောခဲ့ခြင်းဖြစ်သည်။ ထိုစကားအမှန်တစ်ကယ်ပြောခဲ့ဖူးကြောင်း ဦးစီးအဖွဲ့ဝင်ဟောင်းတစ်ဦးက မှတ်ချက်ပြုသည်။

PNO ပါတီ ဥက္ကဌဖြစ်သည့် ဦးခွန်စံလွင်သည် လက်ရှိအချိန်တွင် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဥက္ကဌအဖြစ် နေရာယူထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်လျက်ရှိသည်။

PNO ပြည်သူ့စစ်အဖွဲ့အနေဖြင့် တစ်သက်တာ စားလို့မကုန် ဝါးလို့မခန်းနိုင်တော့သည်အထိ ချမ်းသာနေပြီးဖြစ်သောကြောင့် ပအိုဝ်းပြည်သူများအား လွတ်လပ်မှုပေးရန် အချိန်သင့်ပြီဖြစ်ကြောင်း ဆင်းရဲသား ပအိုဝ်းပြည်သူများအား အမြဲတစေ အနိုင်ကျင့်လို့ရမည်မဟုတ်ကြောင်း နွေဦးတော်လှန်ရေးတွင် ပါဝင်နေသည့် ပအိုဝ်းလူမျိုး ရဲဘော်တစ်ဦးကပြောသည်။

“(ပအိုဝ်းပြည်သူတွေအနေနဲ့)တော်လှန်မှာလား ကျွန်ခံမှာလား တစ်ခုပဲ ရွေးစရာရှိတယ်။ မင်းအောင်လှိုင်က ပြည်သူကို စော်ကားလို့ တော်လှန်ခံရတာဖြစ်တယ်။ PNO ကလည်း ပအိုဝ်းပြည်သူကို အနိုင်ကျင့်နေရင် ကျွန်အဖြစ် ဆက်သတ်မှတ်နေရင် ပအိုဝ်းလူထုရဲ့ တော်လှန်မှုကို ပြန်ကြုံရလိမ့်မယ်”

Hi !

!

Popular posts from this blog

ဝေဝါးမှုတွေနဲ့အတူ မသေချာ မရေရာမှုများနဲ့ မြန်မာပြည်..။

  ဝါရင့်သတင်းစာဆရာကြီး လာရီယာဂန်က စစ်အာဏာသိမ်းမှု သုံးနှစ်ပြည့်တဲ့ ဖေဖော်ဝါရီ(၁)ရက်နေ့မှာ ဘန်ကောက်ပို့စ်သတင်းစာမှာ ဆောင်းပါးတစ်ပုဒ် ရေးသားလိုက်ပါတယ်။ ဆောင်းပါးခေါင်းစဉ်က Myanmar faces increasing uncertainty ပါ။ စစ်အာဏာသိမ်းပြီး သုံးနှစ်အကြာမှာ မြန်မာနိုင်ငံရဲ့အခြေအနေ ဘယ်လိုရှိသလဲ။ ရှေ့မှာ ဘာဖြစ်နိုင်သလဲ။ မှန်းဆထားတာပါ။ လက်ရှိ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်လို့ လာရီယာဂန်လည်း ဘာမှ မမှန်းဆနိုင်ပါဘူး။ သူပြောနိုင်တာ တစ်ခုက မြန်မာပြည်ဟာ မသေမချာ မရေမရာမှုတွေ အများကြီးနဲ့ ဆက်ပြီး ရင်ဆိုင်နေရဦးမယ်ဆိုတဲ့ ကောက်ချက်ပါ။ မြန်မာစစ်တပ်က ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရကို စစ်အာဏာသိမ်းခဲ့တာ ခု ဖေဖော်ဝါရီ(၁)ရက်မှာ သုံးနှစ်တိတိ ပြည့်ခဲ့ပြီဖြစ်ကြောင်း၊ သုံးနှစ်အတွင်း တိုင်းပြည်ဟာ အဖက်ဖက်က ယိုယွင်းပျက်စီးသွားပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေ တိုးပွါးနေကြောင်း၊ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ပီဒီအက်ဖ်တွေကြား တိုက်ပွဲတွေကြောင့် ပြည်သူသန်းပေါင်းများစွာ အိုးပစ်အိမ်ပစ် ထွက်ပြေးနေရကြောင်း လာရီယာဂန်က ရေးသားပါတယ်။ ...

ကရင်ပြည်နယ်ပုံရိပ်ကို ထိခိုက်စေသဖြင့် ရွှေကုက္ကိုလ်ကို တိုက်ခိုက်ရဟု KTLA ပြော

  ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ ရွှေကုက္ကိုလ်မြို့သစ်သည် ပြည်နယ်ဖွံဖြိုးမှု မဖြစ်စေဘဲ ပျက်ဆီးမှုကိုသာ ဖြစ်စေသဖြင့် တိုက်ခိုက်ရခြင်း ဖြစ်ကြောင်း ကော်သူးလေတပ် (KTLA) က ဧပြီ ၇ ရက်တွင် ကြေညာသည်။ Facebookတွင် ပျံ့နှံလာသော KTLA ဗဟိုဌာနချုပ် ရုံးထိုင်မှူး စောဝါးနေမူး လက်မှတ်ထိုးထားသည့် ကြေညာချက်အရ ရွှေကုက္ကိုလ်မြို့သည် မူးယစ်ဆေးဝါး ဖြန့်ဖြူးသုံးစွဲရောင်းချနေပြီး တိုင်းရင်းသူ အမျိုးသမီးများကို ပြည့်တန်ဆာအဖြစ် လိမ် လည်လှည့်ဖြားစေခိုင်းနေသည့် နေရာဖြစ်နေသလို စစ်ကောင်စီအတွက် တရားမဝင်ငွေကြေးများ ရှာဖွေပေးသည့် နေရာ ဖြစ်၍ ပြည်ပမှ အလုပ်သမားများကိုလည်း လိမ်လည်ခေါ်ဆို ခိုင်းစေမှုများ ရှိနေသဖြင့် KTLA အနေနှင့် ကရင်ပြည်နယ် အကျိုးအတွက် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း၊ ထို့အတွက် ရွှေကုက္ကိုလ်တွင် နေထိုင်သည့် ပြည်သူများအနေနှင့် တိုက်ပွဲ ဧရိယာမှ ရှောင်ပေးကြရန် ထုတ်ပြန်ထားသည်။ ထိုကြေညာချက်နှင့် ပတ်သက်၍ ပိုမိုသိရှိနိုင်ရန် KTLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောနယ်ဒါးမြကို ဧရာဝတီက ဖုန်းဖြင့်ဆက် သွယ်ခဲ့ရာ ၎င်း အလုပ်များနေသဖြင့် နောက်မှ ပြန်လည်ဆက်သွယ်ရန် ပြောဆိုသည်။ ကော်သူးလေတပ်နှင့် နီးစပ်သည်...

မြန်မာနိုင်ငံမှာရှိတဲ့ ဗမာလူမျိုး ပေါ်ပေါက်ပုံ အကြောင်း

  ဗမာလူမျိုး ပေါ်ပေါက်လာပုံ သမိုင်းကြောင်း – တိဘက်တို ဘားမန်းလူမျိုးနွယ်စုကြီး မှ အကြီးဆုံးသောလူမျိုးဖြစ်သည်။ ယနေ့ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းသို့ နာဂ၊ သက်၊ ကမ်းယံ၊ပျူ တို့နောက်မှ ဝင်ရောက်လာခြင်းဖြစ်သော်လည်းပျူတို့ ထူထောင်သည့် ပထမပြည်ထောင်စုကို အေဒီ ၈ ရာစုတွင် နန်ကျောက်တို့က ဖျက်စီးပြီးချိန် မတိုင်မှီက ပင် ရောက်ရှိနေထိုင်နေခဲ့ပြီးဖြစ်သည်ဟုခန့်မှန်း၍ရနိုင်သည်။အေဒီ ၁၀ ရာစုမတိုင်မှီ အချိန်ကပင် ကျောက်ဆည် ၁၁ ခရိုင်တွင် အခြေချခဲ့ပြီး နောက်များမကြာမှီ တွင်မြစ်သာ ၆ ခရိုင် ၊ ပုဂံ နေပြည်တော်တို့ကို ထူ ထောင်ကာဒုတိယမြန်မာပြည်ထောင်စုကို တည်ထောင်ခဲ့ကြသည်။ သို့သော် မြန်မာနိုင်ငံသားတို့က ထိုပြည်ထောင်စုကိုသာပထမပြည် ထောင် စုအဖြစ် လက်ခံကြသည်။သမိုင်းတစ်လျောက်တွင် မွန်ဂို၊ တရုတ်၊ ယိုးဒယား၊ မွန်၊ ရခိုင်၊ ရှမ်း၊ ကရင် အစရှိသည့် အတွင်း၊ အပြင်ရန်အမျိုးမျိုးနှင့်ကြုံတွ့ခဲ့ဖူးပြီးအကြိမ်တိုင်းတွင် ပြည်ထောင်စု၏ ဦးဆောင်သူနေရာကို ဗမာတို့ ပြန်လည်ကာ ရောက်ရှိနိုင်ခဲ့သည်။အနော်ရထာ၏ ပထမပြည်ထောင်စု(ပထမမြန်မာနိုင်ငံတော်ကြီး)၊ တပင်ရွှေထီး-ဘုရင့်နောင်တို့ ၏ ဒုတိယပြည်ထောင်စု (ဒုတိယ မြန်မာနိုင်ငံတော်ကြီး)၊အလောင်းဘုရား၏ တတိ...

မြန်မာပြည်မြေပုံကို အပြောင်းခံကြမှာလား

  ကမ္ဘာ့သမိုင်းကို ပြန်လေ့လာကြည့်မယ်ဆိုရင် အိမ်နီးချင်းနိုင်ငံတွေအဖြစ် နှစ်ပေါင်းများစွာ အတူတကွ ယှဉ်တွဲ ရပ်တည်နေကြပြီးမှ ဝေးကွာသွားကြတဲ့ နိုင်ငံတွေ ရှိခဲ့တယ်ဆိုတာ တွေ့နိုင်ပါတယ်။ ကျွန်တော်တို့အတွက် အထင်ရှားဆုံး ဥပမာတစ်ခုရှိပါတယ်။ အဲဒါကတော့ မြန်မာနဲ့ ပါကစ္စတန်တို့ဟာ ယခင်က နယ်မြေချင်း ထိစပ်နေကြတဲ့ အိမ်နီးချင်း နိုင်ငံတွေပါ။ သို့သော် ၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံအသစ် ပေါ်ပေါက်လာချိန်မှာတော့ အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားခဲ့ကြပါတယ်။ ယခင်က အိမ်နီးချင်းဖြစ်ခဲ့လို့ ထင်ပါတယ်၊ မြန်မာနဲ့ ပါကစ္စတန်တို့ရဲ့ ဆက်ဆံရေးဟာ ကောင်းမွန်နေကြဆဲဆိုတာ သက်သေ၊ သာဓကများစွာ ရှိပါတယ်။ အဲဒီလို အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားရခြင်းဟာ သူတို့ရဲ့ ပြည်တွင်းရေးသာ ဖြစ်တဲ့အတွက် အထူးအထွေ ဝေဖန်ရန် မရှိပါ။ သို့သော် လက်ရှိအခြေအနေမှာ မြန်မာရဲ့ အိမ်နီးချင်း (၅) နိုင်ငံရှိနေရာက မတူညီတဲ့ အိမ်နီးချင်းနိုင်ငံသစ်တွေ ထပ်မံ ပေါ်ပေါက်လာဖို့ လုပ်ဆောင်နေကြတာတွေ မြင်နေရပါပြီ။ ဒီတစ်ကြိမ်ကတော့ ကျွန်တော်တို့ရဲ့ ပြည်တွင်းရေးဖြစ်တဲ့အတွက် အလေးထားရပါတော့မယ်။ ရှိပြီးသား အိမ်နီးချင်း (၅) နိုင်ငံနဲ့ မြန်မာတို့အကြား ကျွန်တော်တိ...

မြန်မာ ဒုကာကွယ်ရေးဝန်ကြီး ထောင်ထဲရောက်ပြီ

  မြန်မာ ဒုကာကွယ်ရေးဝန်ကြီး ထောင်ထဲရောက်ပြီ မတ်လ ၂၈ ရက် ၂၀၂၄ ခုနှစ် နံနက် ၁၀ နာရီ ၂၀ သတင်း ================================= ကာကွယ်ရေး ဒု-ဝန်ကြီး ဖြစ်သူ ဗိုလ်ချုပ်အောင်လင်းထွန်းကို ကျားဖြန့်လုပ်ငန်းနဲ့ ပတ်သက်တယ်ဆိုပြီး မနေ့ည မတ်လ ၂၇ ရက်နေ့ည ၁၁ နာရီတွင် စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့မှ သွားရောက်ဖမ်းဆီးခဲ့ကြပါတယ်။ အဆိုပါ ဖမ်းဆီးချိန်တွင် ဒုကာကွယ်ရေးဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်အောင်လင်းထွန်းသည် အရက်မူးနေပြီး အသာတကြည် လိုက်လာခြင်းမရှိပဲ … ပုဆိုးလှန်ပြီး ဆဲဆိုနေခြင်းကြောင့် စစ်ဘက်လုံခြုံရေးအဖွဲ့မှ ရိုက်နှက်ခဲ့ရာ.. သွား အချို့ ကျွတ်သွားပြီး ပါးစပ်တခုလုံး သွေးများနီရဲနေသည်။ “အဲ့ကောင် ပါးစပ်က သွေးမတိတ်ခင် ရမဲသင်းထောင်ပို့လိုက်စမ်း” လို့ အထက် အမိန့်ပေးလိုက်တော့ အခု ရမဲသင်းထောင်ရောက်နေပြီဖြစ်ကြောင်း မြန်မာအမေရိကန် သတင်းဌာနမှ စုံစမ်းသိရှိရသည်။ ဂိုလ်ရှယ်လေး

စစ်တပ်မှ အာဏာသိမ်းထားသည့် ၃ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ထောင်သားဘဝ

                           ဖေဖော်ဝါရီလ ၁ ရက်နေ့သည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့အတွက် အနှောက်အယှက်ဖြစ်စေသူဟု ယူဆသည့် ရွေးကောက်ခံအစိုးရ ခေါင်းဆောင်နှင့် နိုင်ငံသမိုင်းတွင် အညီညွတ်ဆုံးဖြစ်စေခဲ့သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာမှဖယ်ရှားပြီး မအောင်မြင်သော အာဏာသိမ်းမှု ပြုလုပ်သည့် သုံးနှစ်မြောက်နေ့ ဖြစ်သည်။ ရက်ပေါင်း ၁၀၉၅ ရက်ကျော် ကြာသော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် မြို့တော်နှင့် စစ်တပ်ဗဟိုဌာနချုပ် နေပြည်တော် အနောက်တောင်ဘက်အစွန်းမှ ထောင်တခုတွင် တဦးတည်း ဆက်လက် ဖမ်းဆီးချုပ်နှောင်ခံနေရသည်။ သူ့အတွက် တခုတည်းသော ထောင်ပြင်ထွက်ရချိန်သည် လွန်ခဲ့သောနှစ်အတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စတာ ဒွန် ပရာမတ်ဝီနိုင်နှင့် တွေ့ရသည့် တိုတောင်းသော ကာလဖြစ်ပြီး သူ့ကို ချမှတ်ထားသည့် ထောင်သက်တမ်းကိုလည်း ၃၃ နှစ်မှ ၂၇ နှစ်သို့ လွန်ခဲ့သောနှစ်က လျှော့ချပေးသည်။ အာဏာသိမ်းမှု နှစ်ပတ်လည်သည် ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းနည်းစရာကောင်းသော လက်ရှိအခြေအနေနှင့် ဝေဝါးနေသည့် အနာဂတ်ကို မီးမောင်းထိုးပ...

ပဲခူးတိုင်း မင်းလှမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွား

  မင်းလှတွင် ၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲ ၆ ကြိမ် အတွင်း စစ်တပ်ဘက်မှ စစ်သား ၈၀ ဦးကျော်သေဆုံး ရန်ကုန်၊ မတ် ၁၁ ပဲခူးတိုင်း၊ မင်းလှမြို့နယ်အတွင်း ၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲ ၆ ကြိမ် အတွင်း စစ်တပ်ဘက်မှ ၈၀ ကျော်သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ မတ်လ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ ဧက ၁၀၀၀ ကျွန်း စိုက်ခင်း ကျုံးပေါက်အနီး၌ စစ်ကြောင်း ထိုးလာသော အင်အား ၁၂၀ ပါ စစ်ကောင်စီ တပ်သားများကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ နှင့် ဒဂုံစစ်ကြောင်းတို့က စောင့်ကြို တိုက်ခိုက်ခဲ့ရာ အပြန်အလှန် တိုက်ပွဲ ၂ နာရီကျော် ကြာမြင့်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်ဘက်မှ ၂၀ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။ ယင်းနေ့ ညနေ ၅ နာရီခန့်အချိန် မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်းပေါ်ရှိ ဟိုင်းယု လမ်းဆုံတွင် တပ်ဆွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ နှင့် တပ်ခွဲ ၃ တို့က လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ရှောင်တခင် သွားရောက် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၃ နာရီခန...

တပ်မလက်ရွေးစဉ် ဘီလူးစစ်ကြောင်းဆိုသည်မှာ .....

    “ဒီစစ်ကြောင်းက စစ်တိုက်ဖို့ဆိုတာထက် လူတွေကိုသတ်၊ မုဒိမ်းကျင့်ဖို့ အဲ့လိုမျိုးတွေလုပ်ဖို့ အဓိကလာတဲ့ စစ်ကြောင်းပါ။ လူမဆန်တဲ့ လုပ်ရပ်တွေကို အဓိကလုပ်တာ” မြောင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) က ကိုနွေဦးက စစ်ကိုင်းဒေသအတွင်း စစ်ရာဇဝတ်မှုများကို ကျူးလွန်ချိုးဖောက်နေသည့် ဘီလူးစစ်ကြောင်း၏ လုပ်ရပ်များကို ပြောဆိုသွားခြင်းဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြည်သူများကို ရက်ရက်စက်စက် ခေါင်းဖြတ်သတ်သည့် စစ်ကြောင်း၊ အစုလိုက် အပြုံလိုက် သတ်သည့်စစ်ကြောင်း၊ မုဒိမ်းမှုများကို ကျူးလွန်နေသည့် စစ်ကြောင်းဟု ဆိုလိုက်ပါက လူတိုင်းက ဆိုးဆိုးရွာရွား နာနာကျည်းကျည်း အမှတ်ရနေသည့် စစ်ကြောင်းမှာ ဘီလူးစစ်ကြောင်းပင် ဖြစ်သည်။ ရက်စက်မှုအပေါင်း သရဖူဆောင်းထားသည့် ဘီလူးစစ်ကြောင်းသည် ယခုနှစ် ဩဂုတ်လ တတိယပတ်မှ စက်တင်ဘာလ ဒုတိယပတ်ထိ စစ်ကိုင်း၊ ရွှေဘို၊ ဝက်လက်နယ်များသို့ စစ်ကြောင်းထိုး ဝင်ရောက်ပြီးနောက် ပြည်သူများကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်။ 'စစ်ကိုင်း၊ ရွှေဘို၊ ဝက်လက်နယ်ထဲ ဘီလူးစစ်ကြောင်း၏ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သည့် အခြေအနေများ' မန္တလေး-ရွှေဘို-မြစ်ကြီ...

ရှမ်းမြောက်က ကျားဖြန့် ဇာတ်သိမ်းခန်း

  ဇန်နဝါရီ ၃၀ ရက်တွင် မြန်မာနိုင်ငံ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက တရုတ် အစိုးရထံ မြန်မာနိုင်ငံမြောက်ပိုင်း ကျားဖျန့် လုပ်ငန်းများတွင် အဓိက ကြိုးကိုင်သူများဟု သတ်မှတ်ထားသည့် ပယ်စောက်ချိန်အပါအဝင် ခြောက်ဦးနှင့် အခြားအရေးကြီးသံသယရှိ သူ လေးဦးကို လွှဲပြောင်းပေးခဲ့သည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ဇန်နဝါရီ ၃၀ ရက်တွင် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးအဖွဲ့ အစည်းထံသို့မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့် ဒေသ အွန်လိုင်းလိမ်လည်မှုအဖွဲ့၏ အဓိက ခေါင်းဆောင် ခြောက်ဦးဖြစ်သည့် ပယ် စောက်ချိန်၊ ပယ်ရင်ချန်၊ဝေ့ဟွိုင်ရန်၊ လျိုကျန့် ရှန်၊ လျိုကျန့်မောက်၊ ရွှီလောက်ဖာနှင့် အခြား အရေးကြီး ပြစ်မှုကျူးလွန်ကြောင်းသံသယရှိ သူ လေးဦးအား တရားဥပဒေနှင့်အညီ လွှဲ ပြောင်းပေးအပ်ခဲ့ပြီး အဆိုပါ ၁၀ ဦးကို ယင်း နေ့ညတွင်ပင် တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့ သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ခဲ့သည်။ ယင်းသို့ မြန်မာနိုင်ငံမြောက်ပိုင်းရှိ ကျား ဖျန့်လုပ်ငန်းများတွင် အဓိကတာဝန်ရှိသူဟု တရုတ်အစိုးရက သတ်မှတ်ထားသည့် ပယ် စောက်ချိန် အပါအဝင် ခြောက်ဦးအား လွှဲ ပြောင်းပေးအပ်ခြင်းမှာ တရုတ်-မြန်မာ နှစ် နိုင်ငံ၏ န...

အာဆီယံ-သြစတြေးလျ ထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီ ကိုယ်စားလှယ်တက်မည်

 စစ်ဗိုလ်ချုပ်များခန့်ထားသည့် သံအမတ်က မဲလ်ဘုန်းမြို့တွင် ၃ ရက်ကြာ ကျင်းပမည့် ဒေသတွင်း အထူးထိပ်သီးအစည်းအဝေးကာလအတွင်း ဆွေးနွေးပွဲ ၂ ခုကို တက်မည်ဟု သိရှိရသည်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသည့် အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသည့် သြစတြေးလျ ဝန်ကြီးချုပ် Anthony Albanese ကို တွေ့ရစဉ်။ သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် မတ်လ ၄ ရက်မှ ၆ ရက်အထိ ကျင်းပမည့် အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီကိုယ်စားလှယ် တက်ရောက်မည်ဟု သိရသည်။ အစည်းအဝေးကာလတွင် ပြုလုပ်မည့် ရေကြောင်းပူးပေါင်းဆောင်ရွက်ရေးညီလာခံ၊ ရာသီဥတုနှင့် သန့်ရှင်းသောစွမ်းအင်ဆိုင်ရာ ဖိုရမ်တို့ကို ကင်ဘာရာမြို့ မြန်မာသံရုံးမှ စစ်ကောင်စီခန့် သံအမတ် ဦးသက်ထွန်း တက်ရောက်မည်ဖြစ်သည်။  အခြား ဆက်စပ်အစည်းထိပ်သီးအစည်းအဝေးများသို့ စစ်ကောင်စီကိုယ်စားပြုကိုယ်စားလှယ် တက်မည်၊ မတက်မည်ကိုမူ သြစတြေးလျ နိုင်ငံခြားရေးနှင့် ကုန်သွယ်မှုဌာနက ပြောဆိုခြင်းမရှိပေ။ ...

Click !