Skip to main content

Continue !

ဘီလီယံနာ ခွန်နေဝင်းထွန်း၊ လူချမ်းသာ PNO ခေါင်းဆောင်များနှင့် အခွန်ဆပ်ကျောမွဲ ပအိုဝ်းပြည်သူ

                              

စိုင်းခွန် ခွန်တီးကျော်တစ်ယောက် ပင်ပင်ပန်းပန်း နေ့စားလိုက်ပြီး အသက်မွေးနေရသည့်ကြားမှ ငွေကြေးထပ်မံကုန်ကျရမည့် အရေးကြောင့် စိတ်မောနေရသည်။ စိုက်ပျိုးရေး ရာသီရောက်ရှိပြီဖြစ်သဖြင့် ပြောင်းမျိုးစေ့နှစ်ထုပ်စိုက်ရန် ပွဲစားဆီက အတိုးဖြင့် ယူထားသည်ပင် မကြာသေး၊ ယခု PNO ပြည်သူ့စစ်က ဆက်ကြေးထပ်ကောက်လာပြန်သောကြောင့်ပင်။

စိုင်းခွန်

ခွန်တီးကျော်တစ်ယောက် ပင်ပင်ပန်းပန်း နေ့စားလိုက်ပြီး အသက်မွေးနေရသည့်ကြားမှ ငွေကြေးထပ်မံကုန်ကျရမည့် အရေးကြောင့် စိတ်မောနေရသည်။ စိုက်ပျိုးရေး ရာသီရောက်ရှိပြီဖြစ်သဖြင့် ပြောင်းမျိုးစေ့နှစ်ထုပ်စိုက်ရန် ပွဲစားဆီက အတိုးဖြင့် ယူထားသည်ပင် မကြာသေး၊ ယခု PNO ပြည်သူ့စစ်က ဆက်ကြေးထပ်ကောက်လာပြန်သောကြောင့်ပင်။

ရှမ်း-ကယား နယ်စပ်တွင် တိုက်ပွားပြင်းထန်လာပြီးနောက် ပအိုဝ်းဒေသနေပြည်သူများ PNO ပြည်သူ့စစ်ကို အခွန်ဆက်ရမှု အဆမတန် များပြားလာသည်။

ယခုလည်း PNO ပြည်သူ့စစ်က ကျည်ဆံဖိုးဟုဆိုကာ ဆက်ကြေးထပ်မံတောင်းပြန်ပြီဖြစ်သည်။ တောင်းသည်က ပမာဏ နည်းနည်းမဟုတ်။ ခွန်တီးကျော်တို့ နေထိုင်သည့် ပင်လောင်းမြို့နယ်တွင် PNO ပြည်သူ့စစ်က ကာကွယ်ရေးစရိတ် ကျည်ဆံဖိုးဟုဆိုကာ တစ်အိမ် ၈ သောင်းကျပ်မှ တစ်အိမ် တစ်သိန်းကျပ်အထိ ဆက်ကြေး ထပ်မံတောင်းခံခြင်းဖြစ်သည်။

PNOပြည်သူ့စစ် ယခုလို ဆက်ကြေးတောင်းခြင်းသည် ပထမဆုံးအကြိမ် မဟုတ်ပေ။

“ပထမ တစ်ကြိမ်က တစ်အိမ် သုံးသောင်းတောင်းတယ်။ အခု တစ်သိန်းတဲ့။ ကျွန်တော် ဘယ်နားသွားယူပြီး ပေးရမလဲ မသိ နားမလည်တော့ဘူးဗျာ” ဟု ခွန်တီးကျော်ကပြောသည်။

ပထမအကြိမ် ကောက်သည့် သုံးသောင်းမှာ PNO ပြည်သူ့စစ်က ဒေသလုံခြုံရေးအတွက်ဟုဆိုကာ ကောက်ခံခြင်းဖြစ်သည်။ ယခုဒုတိယအကြမ်ကောက်ခံသည်မှာ ပင်လောင်း-ဖယ်ခုံနယ်စပ်တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် ကာကွယ်ရေးစရိတ် ကျည်ဆံဖိုးဟုဆိုကာ PNO ပြည်သူ့စစ်က ထပ်မံကောက်ခံခြင်းဖြစ်သည်။

                            

ယခုအကြိမ် ကောက်ခံသည့် ငွေကြေးမှာ ခွန်တီးကျော်တို့လို လက်လုပ်လက်စားလူတန်းစားအတွက် များပြားလွန်းသည့် ပမာဏဖြစ်သည်။ ခွန်တီးကျော်လို ခြံဆိုလျှင် ပြောင်းမျိုးစေ့ နှစ်ထုပ်သာ ဆန့်သည့် ခြံတစ်ခြံသာပိုင်ပြီး ကျန်သည့်အချိန်များတွင် နေ့စားလိုက်ပြီး အသက်မွေးနေသည့် သူအတွက် ငွေပမာဏ တစ်သိန်းဆိုသည်မှာ လက်ထဲမှာ လက်ငြင်းချက်ချင်း မရှိ။

ခွန်တီးကျော်အနေဖြင့် အရင်တစ်ခေါက် PNO ပြည်သူ့စစ်က ကောက်ခံသည့် ဆက်ကြေးငွေ သုံးသောင်းကျပ်ကိုပင် ချေးငှားပြီးထည့်ခဲ့ရသည်။ ယခုတစ်ကြိမ်ကောက်သည့် ဆက်ကြေးငွေ တစ်သိန်းကိုလည်း မဖြစ်မနေ ထည့်ရမည်ဖြစ်ပြီး မထည့်လျှင် အရေးယူခံရမည် စစ်သားလုပ်ရမည်ဟု PNO ပြည်သူ့စစ်က ခြိမ်းခြောက်ထားသဖြင့် မထည့်ဘဲလည်း ခွန်တီးကျော်မနေရဲ။

နေ့စားခ တစ်ရက် ၈ထောင်သာရသည်ဘ ခွန်တီးကျော်အဖို့ တစ်သိန်းပြည့်ဖို့ မစားမသောက် စုလျင်တောင်မှ ၁၃ ရက် စုရမည်ဖြစ်သည်။ နေ့စားအလုပ်က နေ့တိုင်းရှိသည်မဟုတ် သူများလာခေါ်မှသာ သွားရသည်။

အရာရာ ဈေးတက်နေချိန်တွင် တစ်ရက် ၈ ထောင်ကျပ်သည် မိသားစုတစ်စုအတွက် စားသောက်ရန် ပင် လုံလောက်ဖို့ ခဲယဉ်းသည်။ အရင်ယူထားသည့် အကြွေး သုံးသောင်းကိုပင် မဆပ်နိုင်သဖြင့် နောက်ထပ် တစ်သိန်းထပ်ချေးရန်မှာ မည်သူမှ ချေးချင်မည်မဟုတ်ကြောင်း ခွန်တီးကျော်က ညီးတွားနေခဲ့သည်။

                        

ခွန်တီးကျော်တို့ရွာသည် အဲ့ဒီ PNO ပြည်သူ့စစ်များက ကောက်ယူသည့် အခွန်များသာ ပေးဆောင်ရသည်မဟုတ်။ အဖွဲ့ပေါင်းစုံ လူပေါင်းစုံက ကောက်သည့် အခွန်ငွေတွေကိုပါ ထည့်ရသည်။ ခွန်တီးကျော်အဆိုအရ ၁၂ မှုဟုခေါ်ကြသည်။ ၁၂ လလုံးလုံး ငွေထည့်ရသည့် အမှုရှိသောကြောင့် ၁၂ မှု ဟုခေါ်ဆိုခြင်းဖြစ်သည်။

“ဗဟိုကကောက်တဲ့ သုံးသောင်း တစ်သိန်းတွေနဲ့ မပြီးသေးဘူး။ သူတို့ PNO ပြည်သူ့စစ်စခန်းတွေက ကောက်တဲ့ ဆောင်းရာသီဆို စောင်ဖိုး၊ အနွေးထည်ဖိုး၊ ခဏနေကျရင် စစ်သားစစ်ဖိနပ်ဖိုး၊ တစ်လတစ်ခါ ဟင်းဖိုးတွေလည်း ထည့်ရတယ်လေ” ဟု ခွန်တီးကျော်က ရှင်းပြသည်။

ဒေသခံများအဆိုအရ ပင်လောင်းမြို့နယ်တွင် အခြေစိုက်ထားသည့် PNO ပြည်သူ့စစ်စခန်းများက ၎င်းတို့ စခန်းတည်ရှိသည့် ကျေးရွာအုပ်စုများတွင် စစ်သားများ၏ စားနပ်ရိက္ခာဖိုးဟုဆိုကာ တစ်အိမ်ကို နှစ်ထောင်ကျပ်ကောက်ခံသည်။ စစ်သားများ၏ စစ်ဖိနပ်ဖိုးဟုဆိုကာ ၂၀၂၂ ခုနှစ်တွင် ၄ ကြိမ် ၊ ၂၀၂၃ ခုနှစ်တွင် ၂ ကြိမ် တစ်အိမ်ကို ငါးထောင်ကျပ် ကောက်ခံခဲ့သေးသည်။ ယင်းအပြင် ပင်လောင်းမြို့နယ်တွင် တာဝန်ထမ်းဆောင်နေသော PNO ပြည်သူ့စစ်များ အသုံးပြုရန်အတွက် ကားဝယ်ရန် တစ်အိမ် ၂ ထောင်ကျပ်ကိုလည်း ၂၀၂၃ ခုနှစ် မတ်လ ၂၅ တွင် PNO ပြည်သူ့စစ်က ကောက်ခံခဲ့သည်။ ယုတ်ဆွအဆုံး PNO ပြည်သူ့စစ်ခေါင်းဆောင် ဦးအောင်ခမ်းထီနေထိုင်သည့် ကျောက်တစ်လုံးမြို့တွင် ပြုလုပ်သည့် ဘုရားထီးတင်ပွဲအတွက်ကိုလည်း တောင်ကြီးမြို့နယ်ရှိ ပအိုဝ်းကျေးရွာများကို PNO ပြည်သူ့စစ်က ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ ရက်တွင် တစ်အိမ်ငါးထောင်ကျပ် ငွေကြေးကောက်ခံခဲ့သည်။ ရှမ်းပြည်နယ်တောင်ပိုင်းတွင် လူသိများ ထင်ရှားသည့် နောင်ကားဘောလုံးပွဲအတွက်လည်း PNO ပြည်သူ့စစ်က နှစ်စဉ် နှစ်တိုင်း ငွေကြေးကောက်ခံလျက်ရှိသည်။ ထိုဘောလုံးပွဲအတွက် တစ်အိမ် လေးထောင်ကျပ်အပြင် ကားရှိသည့် အိမ်များသည် ၂ သောင်း ပိုထည့်ရသည်။

ထိုသို့ ဘောလုံးပွဲအတွက် ငွေကြေးကောက်ခံမှုကို PNO ပါတီဥက္ကဌ ခွန်စံလွင်က ၎င်းတို့အနေဖြင့် ငွေကြေးကောက်ခံရန် ညွှန်ကြားခြင်းမရှိဟု ငြင်းဆိုသော်လည်း လက်တွေ့မြေပြင်တွင် PNO ပြည်သူ့စစ်က နှစ်စဉ် ကောက်ခံလျက်ရှိနေဆဲဖြစ်သည်။ ထိုငွေကြေးကောက်ခံမှုနှင့်ပတ်သက်သည့် စာရင်းရှင်းတမ်းကိုမူ အများပြည်သူသိနိုင်ရန် PNO ကထုတ်ပြန်ပေးဖူးခြင်း မရှိပေ။

ခွန်တီးကျော်တို့ရွာတွင် ရွာဦးစေတီ တည်နေပြီး ဘုရားစေတီ ပြီးမြောက်ဖို့ရန် တစ်အိမ် သုံးသိန်းကျပ် ထည့်ဝင်လှူဒါန်းရန်လည်း သတ်မှတ်ထားသည်။ ထို့ကြောင့် လစဉ်လတိုင်း အကောက်အခွန်နှင့် ကင်းလွတ်သည့် လဟူ၍ မရှိဟု ခွန်တီးကျော်ကဆိုသည်။

ပအိုဝ်းပြည်သူများက ပင်ပန်းဆင်းရဲစွာရုန်းကန်ပြီး ဝင်ငွေရှာဖွေကာ PNO အတွက် ဆပ်ကြေးပေးနေရချိန်တွင် ခွန်နေထွန်းဝင်းအပါအဝင် PNO ထိပ်ပိုင်းခေါင်းဆောင်များ၏ ချမ်းသာကြွယ်ဝမှုက ပအိုဝ်းပြည်သူအားလုံးပေါင်းထက်ပင် ပိုမိုးများပြားနေသည့် အခြေအနေဖြစ်သည်။

                           

ဦးမောင်သောင်းဆိုသည့် PNO ပါတီ၏ ဒုတိယ ဥက္ကဌမှာ အာဏာရှင်ဦးနေဝင်းခေတ်တွင် မြို့နယ်ကောင်စီ ဥက္ကဌ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ပင်လောင်းမြို့နယ်တစ်ခုလုံးတွင် ကောင်တန် ရောင်းဝယ်ရေး၊ ကောင်တန် ဆောက်လုပ်ရေး၊ ကောင်တန် စက်သုံးဆီဆိုင်များ၊ ကောင်တန် စိုက်ပျိုးရေးသုံးပစ္စည်းတင်သွင်းရောင်းချရေး၊ ကောင်တန်ဈေးဆိုင်များ အများအပြားကို ပိုင်ဆိုင်ထားသည်။ ဦးမောင်သောင်းကဲ့သို့ပင် PNO ထိပ်ပိုင်းခေါင်းဆောင်အချို့မှာ ဒေသတွင်းတွင် စီးပွားရေးလုပ်ငန်းအများအပြား ပိုင်ဆိုင်ထားပြီး များစွာချမ်းသာကြွယ်ဝသူများဖြစ်သည်။

ယင်းထဲတွင် PNO ပြည်သူ့စစ် အထူးစီးပွားရေးတာဝန်ခံအဖြစ် တာဝန်ယူထားသူ ဦးနေဝင်းထွန်း ခေါ် ခွန်နေဝင်းထွန်းသည် အထင်ရှားဆုံးဖြစ်သည်။ ဒေသတွင်းနှင့် နိုင်ငံတဝှမ်းတွင် ကုမ္ပဏီမြောက်များစွာ ပိုင်ဆိုင်ထားပြီး မြန်မာနိုင်ငံ၏ထိပ်တန်းခရိုနီ စာရင်းဝင်ထားသူလည်းဖြစ်သည်။ ၎င်းသည် ဒေါ်လာဘီလျံနှင့်ချီပြီး ချမ်းသာသည့်သူဖြစ်ကြောင်း နိုင်ငံတကာစီးပွားရေးသုတေသီများက ခန့်မှန်းထားသည်။

ဦးနေဝင်းထွန်းသည် PNO ပြည်သူ့စစ်က စစ်တပ်နှင့် ပူးပေါင်းပြီးနောက် ပအိုဝ်းအမျိုးသားစီးပွားရေးအမည်ခံကာ စီးပွားရေး လုပ်ငန်း လုပ်ပိုင်ခွင့်များကို လက်ဝါးကြီးအုပ်ခဲ့သူလည်းဖြစ်သည်။ ဘိလပ်မြေစက်ရုံများ ၊ သတ္တုတွင်းများ ၊ ကျောက်မျက်ရတနာ တူးဖော်ရေး လုပ်ငန်းများ၊ ဟိုတယ်လုပ်ငန်းများ စသည်တို့ကို ဦးနေဝင်းထွန်းက လက်ဝါးကြီးအုပ်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ဦးနေဝင်းထွန်းသည် PNO ပါတီအတွင်းရေးမှူး နှင့် PNO ပြည်သူ့စစ် တပ်ရင်း ၄ ၏ တပ်ရင်းမှူးအဖြစ်လည်း ဆောင်ရွက်နေဆဲဖြစ်သည်။

                             

ထို့ကြောင့် PNO ပြည်သူ့စစ် တပ်ရင်း ၄ ၏ ရဲဘော်များသည် တပ်ဖွဲ့တာဝန်သာမက ဦးနေဝင်းထွန်း၏ သတ္တုတွင်း လုံခြုံရေး အဖြစ်လည်းကောင်း၊ သတ္တုတွင်း တူးဖော်ရေး အလုပ်သမားများအဖြစ် လည်းကောင်း လုပ်ဆောင်ခဲ့ကြရသည်ဟု PNO ရဲဘော်ဟောင်းတစ်ဦးကပြောသည်။

“လစာက တစ်လတစ်သောင်းကျပ်ပဲရတယ် ၊ ဦးခွန်လာ စစ်ဦးစီးချုပ်ဖြစ်တဲ့ ခေတ်ကတည်းက တစ်သောင်းပဲရတာအခုထိပဲ။ အလုပ်ကတော့ အကုန်လုံးလုပ်ရတယ်။ မိုင်းပွန်တောင်ဘက် ကောင်တန်မှာရှိတဲ့ သတ္တုတွင်းမှာဆိုရင် ကျွန်တော်တို့က လုံခြုံရေးကော သတ္တုတွင်းတူးဖော်တဲ့ အလုပ်သမားအဖြစ်ကော လုပ်ရတယ်” ဟု အဲ့ဒီရဲဘော်တစ်ဦးကပြောသည်။

ရဲဘော်များအနေဖြင့် ငွေကြေးသုံးစွဲဖို့အတွက် ဒေသတွင်း သွားလာသည့် သစ်ကားများ ကုန်တင်ကားများ အိမ်စီးကားများကို မုန့်ဖိုးဟုပြောဆိုတောင်းကာ ကြားပေါက်ငွေရှာကြသည်ဟု ၎င်းရဲဘော်ဟောင်းကဆိုသည်။

ဦးနေဝင်းထွန်းသည် ယခင် ဦးသိန်းစိန်အစိုးရလက်ထက်တွင် လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ကာ အမျိုးသားလွှတ်တော်၏ သတ္တုနှင့်သယံဇာတရေးရာကော်မတီ ဥက္ကဌအဖြစ်လည်း ဆောင်ရွက်ဖူးသူဖြစ်သည်။ ဝီကီလိခ်က ပေါက်ကြားလာသည့် အမေရိကန်သံရုံးအချက်အလက်များအရ ဦးနေဝင်းထွန်းသည် ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေလက်ထပ်ကတည်းက စစ်တပ်အမာခံထောက်တိုင် ခရိုနီတစ်ဦးဖြစ်ပြီး PNO နှင့် နဝတ အစိုးရကြား အပစ်အခတ်ရပ်စဲရေးစာချုပ်ကို ပွဲစားဝင်လုပ်ပေးပြီးနောက်ပိုင်း သတ္တုတူးဖော်ရေးအပါအဝင် ဟိုတယ်နှင့် ဘိလပ်မြေထုတ် လုပ်ရေးလုပ်ငန်းများတွင် လုပ်ပိုင်ခွင့်ရလာသူအဖြစ် ဖော်ပြထားသည်။

၎င်းပိုင် ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ နဂါးဘိလပ်မြေစက်ရုံသည် မီတာခွန် သိန်းပေါင်းသောင်းနှင့်ချီ မဆောင်ပဲနေခြင်းကြောင့် လုပ်ငန်းရပ်တန့်ခဲ့ရဖူးသည်။ စစ်အာဏာသိမ်းပြီးနောက်တွင်မူ ယင်းစက်ရုံပြန်လည် လည်ပတ်ခဲ့သည်။

ကုမ္ပဏီ ဆယ်နှင့်ချီ ပိုင်ဆိုင်သည့် PNO ပြည်သူ့စစ်အဖွဲ့၏ စီပွားရေးတာဝန်ခံ ဦးနေဝင်းထွန်း ဦးဆောင်သည့် PNO ပြည်သူ့စစ်စီးပွားရေး အခြေအနေမှာ အထွတ်အထိပ်သို့ ဖြစ်နေသော်လည်း ၎င်းတို့ တပ်ဖွဲ့ဝင် စားသောက်စရိတ်ကအစ ပြည်သူလူထုကို ညှင်းဆဲပြီး ဆက်ကြေးကောက်နေဆဲဖြစ်သည်။

ညှပ်ဖိနပ်သာ စီးနိုင်ပြီး ခြေဖနှောင့်အောက်က ဖိနပ် အကွင်းလိုက် ပေါက်သည်အထိ ရုန်းကန်နေရသည့် ဆင်းရဲသားပြည်သူများကို ချမ်းသာနေပြီဖြစ်သည့် အထက်လူကြီးများအနေဖြင့် စာနာပေးသည့် စိတ်မျိုးရှိမည်ဆိုလျှင် ဝမ်းသာ ကျေနပ်မိမည်ဟု ခွန်တီးကျော်ကဆိုသည်။

“ကျွန်တော်တို့ကို ပေးကမ်းကူညီဖို့ မတောင်းချင်ပါဘူး။ ကျွန်တော်တို့ လူဆင်းရဲသားတွေဆီကနေ ထပ်မညှစ်ဖို့ပဲ မျှော်လင့်မိတာပါ။ ပြည်သူ့စစ်အဖြစ်မပြောင်းခင် သူတို့တော်လှန်ရေးလုပ်တုန်းက ကျွန်တော်တို့ပြည်သူတွေပဲ အန္တရာယ်တွေကြားက ကူညီခဲ့ ကျွေးမွေးခဲ့တာပါ။ အခု ပြည်သူ့စစ်ပြောင်းပြီးနောက်ပိုင်း သူတို့က လူထုထက် ပိုချမ်းသာနေပြီလေ” ဟု ဟု ၎င်းကပြောသည်။

လက်ရှိတွင် PNO ပြည်သူ့စစ် ကောက်ခံသည့် ဆက်ကြေးငွေတစ်သိန်းကို ထည့်နိုင်သည့် အိမ်များက ထည့်ပြီးနေပြီဖြစ်ပြီး တစ်ချို့အိမ်များက တစ်ကြိမ်သုံးသောင်းကျပ်စသဖြင့် အရစ်ကျစနစ်နဲ့ ထည့်ဝင်နေကြသည်။

                            

PNO ပြည်သူ့စစ်သည် ၁၉၇၃ တွင် ရှမ်းပြည်လူမျိုးပေါင်းစုံပြည်သူ့ လွတ်မြောက်ရေးအဖွဲ့မှ ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး အဖြစ် ခွဲထွက်ခဲ့သည်။

ထိုမှတစ်ဆင့် ၁၉၇၆ ခုနှစ်တွင် ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး နှင့် ခွန်ရဲနောင် ဦးဆောင်သည့် အဖွဲ့ပေါင်း၍ PNO အဖွဲ့ဟုပြောင်းလဲ ဖွဲ့စည်းခဲ့သည်။ ထို့နောက် ၁၉၉၁ ခုနှစ်တွင် စစ်အစိုးရ နှင့် အပစ်ရပ်ခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် PNO အဖွဲ့ စီးပွားရေးလုပ်ရန် ဦးနေဝင်းထွန်းအား ဦးဆောင်စေပြီး ပတ္တမြားနဂါးကုမ္ပဏီအုပ်စုကို ဖွဲ့စည်းခဲ့သည်။

ထိုကာလမှ စတင်ကာ စစ်အစိုးရနှင့်ပူးပေါင်းမှု အရှိန်မြင့်တင်ခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့အဖြစ်ပြောင်းလဲဖွဲ့စည်းခဲ့သည်။

မဲခေါင်သတင်းဌာနမှ စုံစမ်းရရှိထားသည့် အချက်အလက်များအရ ဦးနေဝင်းထွန်း နာမည်ခံထားသည့် ပတ္တမြားနဂါးကုမ္ပဏီတွင် PNO ပြည်သူ့စစ်ခေါင်းဆောင်များ ဖြစ်သည့် ဦးခွန်စံလွင်၊ ဦးခွန်သိန်းဖေ၊ ဦးခွန်မောင်သောင်း နှင့် ဦးအောင်ခမ်းထီ၏သားများဖြစ်သည့် ဦးခွန်အောင်ကျော်၊ ဦးခွန်အောင်ခမ်း ဆိုသူများက အစုရှယ်ယာများ ပါဝင်ကြသည်။ ပတ္တမြားနဂါးကုမ္ပဏီသည် သတ္တု၊ ရွှေ၊ ပတ္တမြား၊ ကျောက်စိမ်း တူးဖော်ရေး၊ ဘိလပ်မြေစက်ရုံ၊ အိမ်ခြံမြေနှင့် ဟိုတယ်လုပ်ငန်းအထိ လုပ်ငန်းမျိုးစုံပိုင်ဆိုင်ကြသည်။

PNO ပြည်သူ့စစ်ခေါင်းဆောင်များနှင့် ဦးနေဝင်းထွန်းတို့ မိသားစုအပေါ် ပအိုဝ်းလူငယ်များက ကပ်ပါးကောင်များအဖြစ်သာ မြင်ကြသည်။

“ဒီမိသားစုတွေဟာ ပအိုဝ်းလူမျိုးကို အကြောင်းပြုပြီး စားလို့မကုန်အောင် ချမ်းသာနေပေမယ့် အခုထိ ပအိုဝ်းဆင်းရဲသားတွေကို ဂုတ်သွေးစုပ်နေတုန်းပဲ။ ဒီမိသားစုတွေရဲ့ ညဖက် အရက်ဝိုင်းမှာ အသုံးချလို့ ကစားလို့အရမ်းကောင်းတဲ့လူမျိုး အရမ်းအတဲ့လူမျိုးဆိုပြီး ပအိုဝ်းလူမျိုးတွေကို ဘယ်လိုတောင် ဟားတိုက်ရီပြီး စော်ကားနေမလဲဗျာ” ဟု ပအိုဝ်းလူငယ် ခွန်လာထွန်းကပြောသည်။

ခွန်လာထွန်းသည် စစ်ကောင်စီကအာဏာသိမ်းပြီးနောက် တောင်ကြီးတက်ပြီး ဆန္ဒပြပွဲတွင်ပါဝင်သည်ဟုဆိုကာ PNO ပြည်သူ့စစ်က လိုက်လံဖမ်းဆီးခြင်းကြောင့် ထိုင်းနိုင်ငံထိ ထွက်ပြေးခဲ့ရသည့် ပအိုဝ်းလူငယ်တစ်ဦးဖြစ်သည်။

                          

ယခင် PNO စဖွဲ့ခါစ ရည်မှန်းချက်သည် လွတ်လပ်သည့် ပအိုဝ်းပြည် တည်ထောင်ရေး ဖြစ်ပြီး လက်ရှိတွင် PNO သည် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖြစ် ပြောင်းလဲသွားပြီဖြစ်ကာ ထားရာနေ၊ စေရာသွား သည့် စစ်ကောင်စီ ခိုင်းဘက် အဖွဲ့အစည်း ဖြစ်လာသည်ဟု ၎င်းကပြောသည်။

PNO ပါတီဥက္ကဌ ဦးခွန်စံလွင် က ၎င်း၏ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင် တစ်ယောက်ကို ပြောဖူးသောစကားတစ်ခွန်းဆိုလျှင် ပအိုဝ်းပြည်သူလူထုကြား ယခုထိတိုင် လူအပြောများသည့် စကားအဖြစ် တည်ရှိနေဆဲဖြစ်သည်။

ထိုစကားမှာ “အခု ငါစည်းစိမ်းချမ်းသာနေတာတွေက ဆယ်သက်စားမကုန်တော့ဘူး။ ငါကြောက်တာ အစောကြီး သေသွားမှာကိုပဲ” ဟု ပြောခဲ့ခြင်းဖြစ်သည်။ ထိုစကားအမှန်တစ်ကယ်ပြောခဲ့ဖူးကြောင်း ဦးစီးအဖွဲ့ဝင်ဟောင်းတစ်ဦးက မှတ်ချက်ပြုသည်။

PNO ပါတီ ဥက္ကဌဖြစ်သည့် ဦးခွန်စံလွင်သည် လက်ရှိအချိန်တွင် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဥက္ကဌအဖြစ် နေရာယူထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်လျက်ရှိသည်။

PNO ပြည်သူ့စစ်အဖွဲ့အနေဖြင့် တစ်သက်တာ စားလို့မကုန် ဝါးလို့မခန်းနိုင်တော့သည်အထိ ချမ်းသာနေပြီးဖြစ်သောကြောင့် ပအိုဝ်းပြည်သူများအား လွတ်လပ်မှုပေးရန် အချိန်သင့်ပြီဖြစ်ကြောင်း ဆင်းရဲသား ပအိုဝ်းပြည်သူများအား အမြဲတစေ အနိုင်ကျင့်လို့ရမည်မဟုတ်ကြောင်း နွေဦးတော်လှန်ရေးတွင် ပါဝင်နေသည့် ပအိုဝ်းလူမျိုး ရဲဘော်တစ်ဦးကပြောသည်။

“(ပအိုဝ်းပြည်သူတွေအနေနဲ့)တော်လှန်မှာလား ကျွန်ခံမှာလား တစ်ခုပဲ ရွေးစရာရှိတယ်။ မင်းအောင်လှိုင်က ပြည်သူကို စော်ကားလို့ တော်လှန်ခံရတာဖြစ်တယ်။ PNO ကလည်း ပအိုဝ်းပြည်သူကို အနိုင်ကျင့်နေရင် ကျွန်အဖြစ် ဆက်သတ်မှတ်နေရင် ပအိုဝ်းလူထုရဲ့ တော်လှန်မှုကို ပြန်ကြုံရလိမ့်မယ်”

Hi !

!

Popular posts from this blog

ဘိန်းဘုရင်ခွန်ဆာ

  *** တချိန်ကနာမည်ကျော်ကြားခဲ့တဲ့ ဘိန်းဘုရင်ခွန်ဆာ စခန်းဆီသို့ *** တချိန်က နာမည်ကျော်ခဲ့တဲ့ ဘိန်းဘုရင်ခွန်ဆာရဲ့ စခန်းဟာ ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် မယ်ဖါ့လုံမြို့နယ် ဘန်ထော့ထိုင်းရွာမှာ တည်ရှိတယ်။ တာချီလိတ်ရဲ့ တဖက်ကမ်း မယ်ဆိုင်ကနေ ၆၆ ကီလိုမီတာ ဝေးကွာပြီး၊ ချင်းရိုင်းကနေ သွားမယ်ဆိုရင်လည်း ၆၆ ကီလိုမီတာ ဝေးပါတယ်။ မယ်ဆိုင်-ချင်းရိုင်းသွား လမ်းပေါ်က မယ်ကျန်းရွာကနေမယ့်စလောင်းကို သွားတဲ့ လမ်းအတိုင်း လာရတာပါ။ ခွန်ဆာစခန်းမှာ စောင့်နေတဲ့ ရှမ်းအမျိုးသမီးကြီးကိုမေးကြည့်တော့ ကျိုင်းတုံဇာတိလို့ ဆိုပါတယ်။ စခန်းရဲ့ရှေ့ မြေကွက်လပ်နားမှာတော့ ခွန်ဆာရဲ့ မြင်းစီးရုပ်တုကြီးကို အသက်၀င်စွာနဲ့ ထုလုပ်ထားတာကိုလည်း မြင်နိုင်ပါ့မယ်။ လာပြီးလည်သူတွေ အမှတ်တရအဖြစ် ဓါတ်ပုံမရိုက်ပဲ မနေနိုင်အောင်ကို ခွန်ဆာရဲ့ရုပ်တုကြီးက ဆွဲဆောင်နေတာပါ။ ရုပ်တုရဲ့ရှေ့နားမှာတော့ တန်းစီတဲ့ နေရာလေလား၊ စစ်ရေးပြကွင်းလေးလားတော့ မသိ၊ ညီညာတဲ့ မြေကွက်လပ်လေးတခု။ တချိန်တုန်းက ဒီနေရာမှာ သူ့ရဲဘော်တွေကို ခွန်ဆာတစ်ယောက် ကြိမ်ဖန်များစွာ မိန့်ခွန်းတွေ ချွေခဲ့ပါလိမ့်မယ်။    စဉ်းစားနေခိုက် ကျနော့်မိတ်ဆွေ ထိုင်းလူမျိုးက ပြောလာတယ်၊ အပေါ်ဘက်ကက...

မောင်တောရှိ စစ်တပ်နယ်ခြားစောင့်တပ်စခန်း ၂ ခုကို AA က သိမ်းပိုက်၊ နယ် ခြားစောင့်တပ်များ မထွက်ပြေးမီ လက်နက်များကို ARA နှင့် RSO အဖွဲ့များထံ ဘင်္ဂလားဒေ့ရှ်ငွေ ၁၀ သန်းဖြင့် ရောင်းစားခဲ့မှု စိစစ်တွေ့ရှိရ

  ■ စစ်ကောင်စီတပ်စခန်းအတွင်းမှ ရဲအလောင်းများနှင့် ARA ၊ RSO အဖွဲ့ဝင်အလောင်းများပါ တွေ့ရှိရဟုဆို ရန်ကုန်၊ ဖေဖော်ဝါရီ ၈ ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ နယ်ခြားစောင့်တပ်စခန်း ၂ ခုကို AA က သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက မထွက် ပြေးမီ စခန်းနှစ်ခုလုံးမှ လက်နက်များကို ARA နှင့် RSO အဖွဲ့များထံ ရောင်းစားခဲ့မှုကို စိစစ်တွေ့ရှိရကြောင်း AA က ယမန်နေ့ ပိုင်း သတင်းထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၄ ရက်နေ့မှစတင်၍ ဘင်္ဂလာ-ရက္ခိုင်နယ်စပ်၊ မောင်တောမြို့မြောက်ပိုင်းရှိ နယ်ခြားစောင့်တပ်စခန်း (တစ်နည်း) ဗျူဟာစခန်းနှစ်ခုဖြစ်သော တောင်ပြို (လက်ဝဲ- လက်ယာ) ဗျူဟာစခန်းတို့ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၄ ရက်နေ့ ညနေ ၆ နာရီခန့်အချိန် တောင်ပြို (လက်ယာ) ဗျူဟာစခန်း တစ်ခုလုံးကို သိမ်းယူနိုင်ခဲ့ကြောင်း ၊ နယ်ခြားစောင့်တပ်စခန်း တောင်ပြို (လက်ယာ) တွင် ရဲမှူး အောင်စည်သူအေး (နခခ-၂) နှင့် တောင်ပြို (လက်ဝဲ)စခန်း တွင် ဒု-ရဲမှူးကြီး ကျော်နိုင်စိုးတို့ ဦးစီးခဲ့ကြောင်း သိရှိရသည်။ AA က တောင်ပြို (လက်ယာ) ကို အပြီးသတ်သိမ်းပိုက်ခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၆ ရက်နေ့၊ ညနေပိုင်းတွင် တောင်ပြို (လက်ဝဲ) စခန်းကိုလည်...

စစ်ဦးစီးအရာရှိချုပ်(ကြည်း)နှင့် စစ်ထောက်ချုပ် တာဝန်ယူထားသော ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း၏ သားဖြစ်သူက နေပြည်တော်စစ်ရုံးအတွင်းသို့ သုံးစွဲရန် မူးယစ်ဆေးဝါး သယ်ယူလာမှု စစ်ဆေးတွေ့ရှိသော်လည်း အရေးယူမှုမရှိ

   အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၏ လူယုံတစ်ဦးဖြစ်သူ စစ်ဦးစီးအရာရှိချုပ်(ကြည်း)နှင့် စစ်ထောက်ချုပ် တာဝန်ယူထားသော ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း၏ သားဖြစ်သူက နေပြည်တော်စစ်ရုံးအတွင်းသို့ သုံးစွဲရန် မူးယစ်ဆေးဝါး သယ်ယူလာမှု စစ်ဆေးတွေ့ရှိသော်လည်း အရေးယူမှုမရှိကြောင်း စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ ဇန်နဝါရီလ ၁၈ ရက်နေ့ ညပိုင်းအချိန် ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်း၏ သားဖြစ်သူ အုပ်စိုးခန့်သည် နေပြည်တော်စစ်ရုံး၊ ဂိတ်အမှတ် ၁ သို့ ဖြတ်သန်းစဉ် ကားဒက်ရှ်ဘုတ်အတွင်းမှ သုံးစွဲနေသည့် မူးယစ်ဆေးဝါးအထုပ်တစ်ထုပ် တွေ့ရှိခဲ့ရကြောင်း၊ အဆိုပါ မူးယစ်ဆေးဝါးသည် ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်း၏ သားဖြစ်သူ အုပ်စိုးခန့် သုံးစွဲသည့် မူးယစ်ဆေးဝါးဖြစ်သော်လည်း ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ စခန်းရုံး၏ စခန်းမှူး ဗိုလ်ချုပ် သိန်းဇော်က တစ်စုံတစ်ရာ အရေးယူမှု မလုပ်ဆောင်တော့ဘဲ ဖုံးကွယ်ပေးထားကြောင်း သိရှိရသည်။ "ကားသမားက ဒုဗိုလ်ချုပ်ကြီးကျော်စွာလင်း မန္တလေးတိုင်းဘ၀ကတည်းက ခေါ်ထားတဲ့ ငယ်တပည့်ရင်းက ကားမောင်းတာ။ ကားက VIP CAR PASS ပါတယ်။ အဲဒီအမှုကို ဒုဗိုလ်ချုပ်ကြီးကျော်စွာလင်းဆီကို သတင်းပို့တော့ သတင်းမပ...

ကျယ်ပြန့်လာသော ပြည်တွင်းစစ်၊ ကမ္ဘာ့ဘိန်းစိုက်ပျိုးထုတ်လုပ်မှု နံပါတ်တစ်ဖြစ်လာသည့် မြန်မာနိုင်ငံနှင့် မူးယစ်ဆေးပြဿနာ

    မြန်မာအပေါ် တရုတ်နှင့် အနောက်နိုင်ငံများက ဘယ်လိုမူဝါဒနှင့် ချဉ်းကပ်သင့်သလဲ လက်ရှိအချိန်တွင် မြန်မာအနေဖြင့် ယူကရိန်းကဲ့သို့  အမေရိကန်နှင့် အနောက်ဥရောပ ကျောထောက် နောက်ခံပေးထားသည့် နိုင်ငံမျိုးမဟုတ်ဘဲ ဘက်ပေါင်းစုံမှ ပိတ်ဆို့မှုဟန့်တားမှုနှင့် ဖိအားများကြောင့် အင်အားနည်းပါးနေသည်မှာ အမှန်ပင်ဖြစ်သည်။ ထိုအချိန်တွင် စူပါပါဝင်နိုင်ငံတစ်ခု၏ Proxy War ဆင်နွှဲခြင်းခံရမည်ဆိုပါက နိုင်ငံအနေဖြင့် ပြိုကွဲသွားနိုင်သည့် အန္တရာယ်နှင့် ကြုံတွေ့ရမည်ဖြစ်ပေသည်။ တစ်ဖက်တွင်လည်း အင်အားကြီးနိုင်ငံများအနေဖြင့် မြန်မာနိုင်ငံ၌ Proxy War ဖော်ဆောင်မည်ဆိုပါက မြန်မာနိုင်ငံမှ မည်သည့်အကျိုးအမြတ်မျှ ရရှိလိမ့်မည်မဟုတ်ပေ။ ဒီမိုကရေစီ လိုလားသော အနောက်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံကို အထီးကျန်စေပြီး ပိတ်ဆို့မှု အထပ်ထပ်ချမှတ်နေခြင်းထက် အမေရိကန်သမ္မတ အိုဘားမားလက်ထက်က မြန်မာနိုင်ငံအပေါ် ချဉ်းကပ်ခဲ့သည့် Carrot and Stick ပုံစံမျိုးဖြင့် အနာနှင့်ဆေး မှန်ကန်မှုရှိသည့်မူဝါဒမျိုးကို ကိုင်စွဲ၍ မြန်မာ့အရေးကို ချဉ်းကပ်လုပ်ဆောင်သင့်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများကလည်း ထောက်ပြကြသည်။ မ...

မြန်မာပြည်မြေပုံကို အပြောင်းခံကြမှာလား

  ကမ္ဘာ့သမိုင်းကို ပြန်လေ့လာကြည့်မယ်ဆိုရင် အိမ်နီးချင်းနိုင်ငံတွေအဖြစ် နှစ်ပေါင်းများစွာ အတူတကွ ယှဉ်တွဲ ရပ်တည်နေကြပြီးမှ ဝေးကွာသွားကြတဲ့ နိုင်ငံတွေ ရှိခဲ့တယ်ဆိုတာ တွေ့နိုင်ပါတယ်။ ကျွန်တော်တို့အတွက် အထင်ရှားဆုံး ဥပမာတစ်ခုရှိပါတယ်။ အဲဒါကတော့ မြန်မာနဲ့ ပါကစ္စတန်တို့ဟာ ယခင်က နယ်မြေချင်း ထိစပ်နေကြတဲ့ အိမ်နီးချင်း နိုင်ငံတွေပါ။ သို့သော် ၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံအသစ် ပေါ်ပေါက်လာချိန်မှာတော့ အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားခဲ့ကြပါတယ်။ ယခင်က အိမ်နီးချင်းဖြစ်ခဲ့လို့ ထင်ပါတယ်၊ မြန်မာနဲ့ ပါကစ္စတန်တို့ရဲ့ ဆက်ဆံရေးဟာ ကောင်းမွန်နေကြဆဲဆိုတာ သက်သေ၊ သာဓကများစွာ ရှိပါတယ်။ အဲဒီလို အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားရခြင်းဟာ သူတို့ရဲ့ ပြည်တွင်းရေးသာ ဖြစ်တဲ့အတွက် အထူးအထွေ ဝေဖန်ရန် မရှိပါ။ သို့သော် လက်ရှိအခြေအနေမှာ မြန်မာရဲ့ အိမ်နီးချင်း (၅) နိုင်ငံရှိနေရာက မတူညီတဲ့ အိမ်နီးချင်းနိုင်ငံသစ်တွေ ထပ်မံ ပေါ်ပေါက်လာဖို့ လုပ်ဆောင်နေကြတာတွေ မြင်နေရပါပြီ။ ဒီတစ်ကြိမ်ကတော့ ကျွန်တော်တို့ရဲ့ ပြည်တွင်းရေးဖြစ်တဲ့အတွက် အလေးထားရပါတော့မယ်။ ရှိပြီးသား အိမ်နီးချင်း (၅) နိုင်ငံနဲ့ မြန်မာတို့အကြား ကျွန်တော်တိ...

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အကြောင်း တစေ့တစောင်း

  ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (၂၃ ဧပြီ ၁၉၉၂- ၃၀ မတ် ၂၀၁၁) အထိ ၁၉နှစ်တာကလ တိုင်းပြည်ကိုအုပ်ချုပ်ခဲ့တယ် ။ တိုင်းပြည်ကို တိုက်ရိုက်မိန့်ခွန်းတစ်ခါမှ ပြောမသွားခဲ့ဘူး ၊ အာဏာသိမ်းအစိုးရမို့ မပြောတာလဲမဟုတ်ဘူး ၊ အလုပ်ပဲ လုပ်သွားတယ် လေပြောလဲမကြီးဘူး ... Road map ၇ ချက်ဆိုပြီး ဆွဲပြီးတော့ ၊ ဗိုလ်ချုပ်ကြီးခင်ညွန့်က တိုင်းပြည်ကို မိန့်ခွန်းပြောဖို့ ဘရွှေဆီခွင့်ပြုမိန့်သွားတောင်းတယ် ၊ ဘရွှေက သတင်းစာကနေချပြလိုက်ရင်ရပြီ မလိုအပ်ဘူးဆိုလို့ ဦးခင်ညွန့်လဲ မပြောလိုက်ရဘူး ... ဘရွှေက အဂ္ဂမဟာဗျူဟာသမား စကားပြောနည်းပြီး အလုပ်များများလုပ်တယ် ၊ မြန်မာစကားပုံအရဆို လူသန်မပြောပေါ့ ... သူ့ရဲ့ တစ်နာရီကျော်ကြာတဲ့ အင်္ဂလိပ်လိုပြောတဲ့ မိန့်ခွန်းနားထောင်ဖူးတယ် အေးအေးဆေးဆေးပဲ ပြောနေတာ ဌာန်တွေမာန်တွေမပါဘူး ၊ အေးဆေးတဲ့ ဥာဏ်သမားစစ်စစ်ပဲ ... သူက အလုပ်လုပ်ဖို့ ရှင်းစရာရှိတာအရင်ရှင်းတယ် ၊ ကစားကွက်ဖော်တယ် တိုက်စစ်ဆင်တယ် ၊ နဝတ ၊ နယက ရဲ့ ကွင်းလည်ဗိုလ်ချုပ်က ဗိုလ်ချုပ်ကြီးခင်ညွန့်(Key Player) ၊ အထောင်တိုက်စစ်မှူး နောက်ချန်တိုက်စစ်မှူး ၊ နောက်တန်းဗဟိုခံစစ်မှူးနဲ့ ကွင်းလည်အဖျက်သမားတွေ အစရှိသဖြင့် မြိုင်မြိုင်ဆိုင်ဆိုင်ကြီး အထို...

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

  စစ်ဗိုလ်များထဲတွင် မင်းသားနှစ်ဦး၏ နာမည်ပေးခံရသော စစ်ဗိုလ်ချုပ်တဦး ရှိသည်။ ဒုဗိုလ်ဘဝမှ ဗိုလ်ချုပ် ဖြစ်သည်အထိ စစ်တပ်ထဲတွင် ရုပ်ရှင်မင်းသားလို နေထိုင်ခဲ့ရသည့်အတွက် ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအား “နေတိုး” သို့မဟုတ် “ပြေတီဦး” ဟု စစ်ဗိုလ်ချုပ်အချို့က နာမည်ပြောင် ပေးထားကြခြင်း ဖြစ်သည်။ ထို့အပြင် ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို လက်ရှိ စစ်ခေါင်းဆောင်များ အလွန်တွင် စစ်တပ်ကို ဦးဆောင်မည့်သူဟုလည်း ထင်ကြေးပေးခံရသူလည်း ဖြစ်သည်။ လက်ရှိအချိန်တွင် ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်းသည် စစ်ဦးစီးအရာရှိချုပ် (ကြည်း) နှင့် စစ်ထောက်ချုပ်တာဝန်တို့ကို ပူးတွဲတာဝန်ယူထားရသည်။ စစ်တက္ကသိုလ်အပတ်စဉ်- ၃၅ (DSA-35) ကျောင်းဆင်း ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်းသည် အရာရှိ ငယ်ဘဝက မကြာသေးခင်က လာဘ်စားမူဖြင့် ဖမ်းဆီးထောင်ချခံရသူ ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း လက်အောက်တွင် တာဝန်ထမ်း ဆောင်ခဲ့သူ ဖြစ်သည်။ ထို့အပြင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) ခေတ် ဒု စစ်ခေါင်းဆောင် ဗိုလ်ချုပ် မောင်အေး၏ ကိုယ်ရေးအရာရှိ လုပ်ခဲ့သူလည်း ဖြစ်သည်။ “မိုးမြင့်ထွန်းက ဗိုလ်ကြီးကနေ ဗိုလ်မှူးအပွင့်တင်ဖိ...

တရုတ်နိုင်ငံရဲ့ လွှမ်းမိုးလာမှုတွေကို တုန့်ပြန်နိုင်ဖို့ အာဆီယံနိုင်ငံတွေကို ဂျပန်ကူညီမည်

  တောင်တရုတ်ပင်လယ်လုံခြုံရေးကို မြှင့်တင်ဖို့အတွက် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီက အာဆီယံနိုင်ငံလေးနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်တို့ကို ၁၀ နှစ်ကြာရေကြောင်းလုံခြုံမှု အကူအညီပေးရန် ပြင်ဆင်နေကြောင်း မီဒီယာများက ဖော်ပြနေကြတယ်လို့ အာရ်အက်ဖ်အေက ဖေဖော်ဝါရီလ ၁၅ ရက်မှာ ရေးသားပါတယ်။ အဲဒီ ၄ နိုင်ငံတို့ဟာ လုံခြုံရေးအရ ဂျပန်အစိုးရရဲ့ ထိပ်တန်းဦးစားပေးများအဖြစ် သတ်မှတ်ခံထားရကြောင်း တိုကျို NHK ရုပ်သံလွှင့်ဌာနက ပြောပါတယ်။ ဂျက်ကာ JICA လို့ လူသိများတဲ့ ဂျပန်အကူအညီပေးရေး အေဂျင်စီရဲ့ အသေးစိတ်အစဉ်များဟာ ၂၀၂၅ခုနှစ် မတ်လအရောက် အကောင်အထည်ပေါ်လာနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ထောက်ပံ့ရေးအစီအစဉ်မှာ ဂျပန်နိုင်ငံက ဒရုန်းများ၊ ရေဒါစနစ်များနဲ့ ကင်းလှည့်သင်္ဘောများအပြင် လေးနိုင်ငံ တစ်ခုချင်းစီအတွက် အခြားစွမ်းရည်မြှင့်တင်ရေး အစီအမံများကို ပံ့ပိုးပေးဖို့ ရှိနေကြောင်း NHK က ဆိုပါတယ်။ ပြီးခဲ့တဲ့လ ဂျပန်အရာရှိများနဲ့ အထူးကျွမ်းကျင်သူတွေဟာ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားတို့မှာ လေ့လာမှုများနဲ့ မျက်မြင်ကွင်းဆင်း စစ်ဆေးမှုများကို ပြုလုပ်ခဲ့တယ်လို့ ယုံကြည်ရပ...

ဒေသကိုအခြေခံသည့် ဖက်ဒရယ် စနစ်ကိုသွားမည်ဟု မြန်မာစစ်ခေါင်းဆောင်ပြော

    မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံမည့် ပြည်ထောင်စုတည်ဆောက်ရာ၌ လူမျိုးကို အခြေမခံဘဲ ဒေသကိုအခြေခံသည့် စနစ်မျိုးဖြင့် အဓိကဆောင်ရွက်သွားမည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ပြောထားသည်။ ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရာတွင် ဦးဆောင်သူ၊ အကောင်အထည်ဖော်သူ၊ လိုက်နာကျင့်သုံးသူများအားလုံး တတ်သိပညာ၊ ပင်ကိုအရည်အသွေး၊ စဉ်းစားတွေးခေါ်မှုများ ပြည့်စုံရန်လိုအပ်ကြောင်း စစ်ခေါင်းဆောင်က ဆိုသည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်အာဏာသိမ်းလိုက်ချိန်မှစ၍ စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများကြား တိုက်ပွဲပြင်းထန်နေသည်မှာ ၃ နှစ်နီးပါး ကြာမြင့်လာပြီဖြစ်သည်။ အာဏာသိမ်းချိန်မှစပြီး စစ်ခေါင်းဆောင်သည် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ပေးမည်ဟု ထပ်ကာတလဲလဲ ပြောဆိုနေသော်လည်း မူဝါဒနှင့် လမ်းစဉ်များ မရှိသဖြင့် ပြည်သူများက အယုံအကြည် မရှိကြပေ။ “ဖက်ဒရယ်ဆိုတဲ့စကားလုံးကို စစ်ခေါင်းဆောင်က အမြဲတမ်းပြောသလို တော်လှန်ရေးအင်အားစုတွေ၊ NUG ကလ...

" ခပ် စပ် စပ် လေး "

  " ခပ် စပ် စပ် လေး " Unicode ကို မိုး ခပ် စပ် စပ် လေး ရေး ပေး စမ်း ပါ လို့ မိတ် ဆွေ တစ် ယောက် ပြော လာ တယ် ။ ကိုယ် က အ ဖမ်း ခံ ရ မှာ ပေါ့ လို့ ပြန် ပြော တော့ လွတ် လပ် စွာ ရေး သား ခွင့် ဒီ မို အ ခွင့် အ ရေး ရ နေ ပါ သေး တယ် လို့ ပြန် ပြော တယ် ။ ကိုယ် တိုင် ကြုံ ခဲ့ ရ တဲ့ လုံ ခြုံ ရေး ဂိတ် မှာ ပိုက် ဆံ တောင်း တဲ့ ကိ စ္စ ကို သိ တဲ့ သူ တစ် ယောက် ကို ပြန် ပြော ပြ တော့ ဆ ရာ အဲ့ ဒီ ကိ စ္စ ရေး တင် ပါ လား တဲ့ ။ အ ဖမ်း ခံ ရ မှာ ပေါ့ လို့ ပြန် ​ပြော ခဲ့ တယ် ။ တစ် ခါ လေ ဆိပ် အ ဝင် အ ထွက် မှာ ပြ ဿ နာ ဖြစ် တဲ့ ကိ စ္စ ကို သက် ဆိုင် ရာ ကို ပြော ပြ တော့ ဒီ လို ကိ စ္စ က ဝိုင်း ပြီး ထိမ်း မှ ရ မယ် တဲ့ ။ အဲ့ ဒါ ကို ရေး ပြီး ပြည် သူ သိ အောင် တင် ပေး လိုက် ပါ လို့ ပြန် ပြော တယ် ။ ( အဲ့ ဒီ ကိ စ္စ ကို တော့ သိပ် မ ကြာ ခင် တင် ပေး ပါ မယ် ။ တစ် နိုင် ငံ လုံး မှာ ရှိ တဲ့ စစ် ဆေး ရေး ဂိတ် တွေ သ တိ ပြု မိ အောင် လို့ ) တ ချို့ တွေ က တ ကယ် ဖြစ် နေ တာ တွေ ကို အ ထက် က လူ ကြီး သိ အောင် မီ ဒီ ယာ က နေ ပြော ပြ စေ ချင် ကြ တယ် ။ တ ချို့ တွေ က အဲ့ လို ပြော ပြ ရင် အ ရေး ယူ ချင် ကြ တယ် ။ လတ် တ လော People media ကိ စ္စ က...

Click !