တောင်ကိုရီးယားဇာတ်လမ်းတွဲများကို ကြည့်ရှုသည့်အတွက် အသက်(၁၆)နှစ်အရွယ် မြောက်ကိုရီးယား နိုင်ငံသား ယောကျာ်းလေးနှစ်ဦးကို အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၁၂)နှစ်ချမှတ်ခဲ့သည့် ဗီဒီယိုဖိုင်တစ်ခု သည် အွန်လိုင်းတွင်ပျံ့နှံ့
တောင်ကိုရီးယားဇာတ်လမ်းတွဲများကို ကြည့်ရှုသည့်အတွက် အသက်(၁၆)နှစ်အရွယ်
မြောက်ကိုရီးယား နိုင်ငံသား ယောကျာ်းလေးနှစ်ဦးကို အလုပ်ကြမ်းနှင့်ထောင်ဒဏ်
(၁၂)နှစ်ချမှတ်ခဲ့သည့် ဗီဒီယိုဖိုင်တစ်ခု သည်
အွန်လိုင်းတွင်ပျံ့နှံ့သွားခဲ့သည်။
BBC သတင်းဌာနက ရရှိထားသော ဗီဒီယိုဖိုင်တွင် မီးခိုးရောင်ဝတ်စုံဝတ်ဆင်ထားသော
ယောကျာ်းလေး နှစ်ဦးသည် တောင်ကိုရီးယားဇာတ်လမ်းတွဲများကို
ကြည့်ရှုခြင်းနှင့်ဖြန့်ဝေခြင်းတို့အတွက် စင်မြင့်ပေါ်တွင်
ထောင်ဒဏ်ချမှတ်ခံနေရသည်ကိုလည်း တွေ့မြင်ခဲ့ရသည်။
ထို့အပြင် ရာနှင့်ချီသောလူများသည် အဆိုပါစင်မြင့်ကို ဝိုင်းရံထားကာ
ပြစ်ဒဏ်ချမှတ်ခြင်းအား ကြည့်ရှု နေသည်ကိုလည်း တွေ့မြင်ခဲ့ရသည်။
မြောက်ကိုရီးယားနိုင်ငံတွင် ရုပ်ရှင်ပရိုဂရမ်များ အပါအဝင်
တောင်ကိုရီးယားဖျော်ဖြေရေးများကိုတားမြစ်ထားပြီး ၂ဝ၂ဝ
ပြည့်နှစ်တွင်ချမှတ်ခဲ့သော ဥပဒေအရ တောင်ကိုရီးယားဖျော်ဖြေရေးများကို
ကြည့်ရှုခြင်း (သို့မဟုတ်) ဖြန့်ဝေခြင်းများ လုပ်ဆောင်ပါက ကြီးလေးသော
ထောင်ဒဏ် (သို့မဟုတ်) သေဒဏ်အထိ ချမှတ်ခံရနိုင်ကြောင်းလည်း သိရသည်။
ပြောရေးဆိုခွင့်ရှိသူတစ်ဦးက "တောင်ကိုရီးယားအစိုးရ ဒါမှမဟုတ်
ရုပ်သေးရုပ်အစိုးရရဲ့ ယဉ်ကျေးမှုတွေ က ဆယ်ကျော်သက်တွေဆီအထိကို
ပျံ့နှံ့လာပါပြီ။ သူတို့ဟာ(၁၆)နှစ်ပဲ ရှိသေးပေမယ့် ကိုယ့်ရဲ့အနာဂတ် ကို
ကိုယ်တိုင်ဖျက်ဆီးပစ်နေကြတာပါ။ ဒါဟာ လူငယ်နှစ်ဦးအတွက်တော့
ဆိုးရွားတဲ့ပြစ်ဒဏ်တစ်ခုပါ။ ဒါပေမယ့် နည်းစနစ်ပိုင်းနဲ့ကြည့်မယ်ဆိုရင်တော့
သူတို့နှစ်ဦးလုံး ဒီလိုပြစ်ဒဏ်ပဲခံရတာက ကံကောင်းတာ ပါ" ဟု ပြောခဲ့သည်။
မြောက်ကိုရီးယားနိုင်ငံတွင် အမေရိကန်ဇာတ်လမ်းများကို ကြည့်ရှုနေခြင်းအား
ဖမ်းမိခဲ့မည်ဆိုပါက လာဘ်ပေးလာဘ်ယူကိစ္စများဖြင့် လွတ်မြောက်နိုင်သော်လည်း
တောင်ကိုရီးယားဇာတ်လမ်းတွဲများကို ကြည့်ရှုခြင်းကို ဖမ်းမိခဲ့မည်ဆိုပါက
လွတ်မြောက်နိုင်ခြင်းမျိုးမရှိကြောင်းလည်း သိရသည်။
မြောက်ကိုရီးယားပြည်ပြေးတစ်ဦးက "မြောက်ကိုရီးယားနိုင်ငံတွင်းမှာ
အမေရိကန်ဇာတ်လမ်းတွဲတွေကို ကြည့်ရှုမိမယ်ဆိုရင် လာဘ်ပေးလာဘ်ယူကိစ္စတွေနဲ့
လွတ်မြောက်နိုင်ပါတယ်။ ဒါပေမယ့် တောင်ကိုရီးယားဇာတ်လမ်းတွဲတွေ
ကြည့်ရှုတာကို ဖမ်းမိခဲ့မယ်ဆိုရင်တော့ ဘယ်လိုမှလွတ် မြောက်နိုင်မှာ
မဟုတ်ပါဘူး။ မြောက်ကိုရီးယားနိုင်ငံသားတွေအတွက်တော့ တောင်ကိုရီးယားဇာတ်လမ်း
တွဲတွေဟာ သူတို့ရဲ့ခက်ခဲတဲ့လက်တွေ့ဘဝအမှန်တရားကိုမေ့ပျောက်ဖို့ ကူညီပေးတဲ့
မူးယစ်ဆေးဝါး တစ်ခုလိုပါပဲ" ဟု ပြောခဲ့သည်။