Skip to main content

Continue !

ဘိန်းဘုရင်ခွန်ဆာ

 


*** တချိန်ကနာမည်ကျော်ကြားခဲ့တဲ့
ဘိန်းဘုရင်ခွန်ဆာ စခန်းဆီသို့ ***
တချိန်က နာမည်ကျော်ခဲ့တဲ့ ဘိန်းဘုရင်ခွန်ဆာရဲ့ စခန်းဟာ ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် မယ်ဖါ့လုံမြို့နယ် ဘန်ထော့ထိုင်းရွာမှာ တည်ရှိတယ်။ တာချီလိတ်ရဲ့ တဖက်ကမ်း မယ်ဆိုင်ကနေ ၆၆ ကီလိုမီတာ ဝေးကွာပြီး၊ ချင်းရိုင်းကနေ သွားမယ်ဆိုရင်လည်း ၆၆ ကီလိုမီတာ ဝေးပါတယ်။
မယ်ဆိုင်-ချင်းရိုင်းသွား လမ်းပေါ်က မယ်ကျန်းရွာကနေမယ့်စလောင်းကို သွားတဲ့ လမ်းအတိုင်း လာရတာပါ။
ခွန်ဆာစခန်းမှာ စောင့်နေတဲ့ ရှမ်းအမျိုးသမီးကြီးကိုမေးကြည့်တော့ ကျိုင်းတုံဇာတိလို့ ဆိုပါတယ်။
စခန်းရဲ့ရှေ့ မြေကွက်လပ်နားမှာတော့ ခွန်ဆာရဲ့ မြင်းစီးရုပ်တုကြီးကို အသက်၀င်စွာနဲ့ ထုလုပ်ထားတာကိုလည်း မြင်နိုင်ပါ့မယ်။ လာပြီးလည်သူတွေ အမှတ်တရအဖြစ် ဓါတ်ပုံမရိုက်ပဲ မနေနိုင်အောင်ကို ခွန်ဆာရဲ့ရုပ်တုကြီးက
ဆွဲဆောင်နေတာပါ။ ရုပ်တုရဲ့ရှေ့နားမှာတော့ တန်းစီတဲ့ နေရာလေလား၊ စစ်ရေးပြကွင်းလေးလားတော့ မသိ၊ ညီညာတဲ့ မြေကွက်လပ်လေးတခု။ တချိန်တုန်းက ဒီနေရာမှာ သူ့ရဲဘော်တွေကို ခွန်ဆာတစ်ယောက် ကြိမ်ဖန်များစွာ မိန့်ခွန်းတွေ ချွေခဲ့ပါလိမ့်မယ်။ 

 
စဉ်းစားနေခိုက် ကျနော့်မိတ်ဆွေ ထိုင်းလူမျိုးက ပြောလာတယ်၊ အပေါ်ဘက်ကကုန်းပေါ်မှာ အကျဉ်းသားတွေကိုထားဖို့၊ထောင်လိုသဘောမျိုး လုပ်ထားတဲ့ မြေအောက်အကျဉ်းခန်းတွေ ရှိသေးသတဲ့။
ဒါနဲ့ပဲ ခပ်မတ်မတ် တောင်ကုန်းလေးပေါ်ကိုတက်ကြည့်ကြပါတယ်။ အတက်လမ်း ဘေးမှာတော့ တော်တော်လေးကို သက်တမ်းရင့်နေတဲ့ ထင်းရှုးပင်ကြီးကတော့ ဒီတောင်ကုန်းပေါ်မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ဆိုးတွေကို သိမီခဲ့ပုံပဲ။ ကုန်းပေါ်မှာတော့ ဆက်သွယ်ရေးမြောင်းတွေ၊ လိုင်းကျင်းတွေကို အပင်တွေဖုံးနေတဲ့ကြားက
ကွေ့ကွေ့ကောက်ကောက်နဲ့ မြင်နေရပါသေးတယ်။
အချုပ်ခန်းတွေလို့ ဆိုပေမယ့် ၀ငျပေါကျက ရေတွင်းလိုမျိုး ပုံစံပဲ၊ အဲဒီကနေ အောက်ကိုဆင်းပြီး ကြည့်ရင်တော့အောက်မှာ နည်းနည်း ကျယ်လိမ့်မယ်လို့ ထင်ရပါတယ်။ အပြစ်ရှိတဲ့ အပြစ်သားတွေထဲက တချို့ကိုဆို မြေထဲမှာကိုယ်တ၀က်မြှုပ်ပြီး အပြစ်ပေး ခဲ့တယ်လို့ သိရတော့စိတ်မကောင်းမိဘူး။ ဒီကုန်းပေါ်မှာ ဒီလိုမျိုးနေရာတွေ နောက်ထပ် ရှိသေးတယ်လို့ သိရပါတယ်။
တောင်ကုန်းရဲ့ထိပ် မြေပြင်က အခုထိကို ညီညာပြီးနည်းနည်းလည်း ကျယ်တယ်ဆိုတော့ ဟိုးခေတ်က ဒီနေရာတွေမှာ အဆောက်အဦတွေ ဘာတွေ ရှိခဲ့မယ့်ပုံပဲ။
အခုတော့ အပင်ငယ်တွေတောင် အတော်လေး ဖုံးနေပြီ။ 

 
ကုန်းပေါ်က အဆင်းမှာတော့ အဆောက်အဦတွေရဲ့ ဟိုဖက်မှာ တောင်ကုန်းတခု ရှိနေသေးတာကို မြင်ရတယ်။ စခန်း၀န်းထဲကနေ ဖောက်ထားတဲ့ လမ်းအတိုင်းဆက်သွားရင်တော့ ရွာတရွာကို ရောက်ပါလိမ့်မယ်။
ဒီပတ်၀န်းကျင်ရွာတွေ ဒေသတွေကိုတော့ ခွန်ဆာကတိုးတက်အောင် လုပ်ပေးခဲ့တယ်လို့ ဆိုကြပါတယ်။
တစတစနဲ့ ခွန်ဆာရဲ့အင်အားဟာ အဆမတန် ကြီးထွားလာချိန်မှာတော့ အမေရိကန်ရဲ့ ဖိအားပေးမှုတွေကြောင့်
ထိုင်းအစိုးရက မျက်ကလူး ဆန်ပြာနဲ့ နှိမ်နှင်းရပါတော့တယ် တဲ့။ ဟုတ်မှာပါ ၁၉၈၅ မှာ ထိုင်းလေတပ်က ကြဲချခဲ့တဲ့ဗုံးခွံအပိုင်းအစ တခုကိုတောင် အဆောက်အဦတွေရဲ့ရှေ့မှာ အမှတ်တရပုံစံမျိုး အနေနဲ့ စိုက်ထူထားသေးတယ်။
ဒီစခန်းနဲ့ မဝေးကွာတဲ့အနေအထား ကီလိုမီတာ (၃၀) မှာတော့ မြန်မာပြည် မိုင်းတုံမိုင်းဆတ်နယ်က၊ ထိစပ်နေလို့သွားချင်တဲ့အခါ အသာလေးနဲ့ မြန်မာဘက်ကို ကူးလာရုံပဲ။
စခန်း၀န်းအတွင်းကို လှည့်ပတ် လေ့လာလိုက်တော့အုတ်တိုက် အဆောက်အဦတွေရဲ့ ပုံစံက ဘားတိုက်တွေလိုလိုနဲ့၊ အုတ်စီလက်ရာတွေက အတော်လေး သေသပ်တယ်။ အခန်းတွေထဲကို ၀ငျပွီး ကြည့်တော့ ခွန်ဆာတို့ခေတ်ကဓါတ်ပုံတွေရော၊ ကျိုင်းတုံဒေသနဲ့ သက်ဆိုင်တဲ့ဓါတ်ပုံတွေရော၊ ဒေသအစုံက စော်ဘွားခေတ်
ဓါတ်ပုံတွေရော စုံလို့ပဲ။ ရှမ်းပြည်နယ် မြေပုံတွေဆိုရင်ပုံစံအမျိုးမျိုးနဲ့ ကိုပါ။ ဒါပေမယ့် ဒီစခန်းနဲ့ မသက်ဆိုင်တဲ့
ဓါတ်ပုံတွေကလည်း အများကြီးပဲ။
အမှန်ဆိုရင်တော့ တခြားဒေသ ပေါင်းစုံက စော်ဘွားပုံ၊ တော်၀င်ရှမ်းမျိုးနွယ်ပုံတွေ၊ အာခါတိုင်းရင်းသားပုံတွေ၊ ရှမ်းမျိုးနွယ်စုပုံတွေ၊ ဟော်နန်းပုံတွေ စသည်ဖြင့်မထည့်ထားသင့်တဲ့ ပုံတွေကလည်း အများကြီးလို့ ဆိုရမယ်။
ဒါပေမယ့် ထိုင်းတွေရဲ့ စုဆောင်းထားနိုင်မှု၊စိတ်၀င်စားအောင် ခင်းကျင်းပြနိုင်မှု တွေကိုတော့ချီးကျူးမိတယ်။
ခွန်ဆာရဲ့ ကြီးကျယ်ခမ်းနားခဲ့တဲ့ ပုံရိပ်ကိုလည်းအတော်အသင့် ပြနိုင်တယ်လို့ ယူဆမိတာပါ။
ကြီးမားတဲ့လိုအပ်ချက်တစ်ခုက သမိုင်းကြောင်းတွေကို အင်္ဂလိပ်ဘာသာနဲ့ ရေးဖို့ပါပဲ။
ဒီနေရာလေးက ချင်းရိုင်းနဲ့ နည်းနည်းဝေးနေပေမယ့်၊ခွန်ဆာနေခဲ့တဲ့ စခန်းလို့ ဆိုလိုက်ကတည်းက နိုင်ငံခြားသားဧည့်သည် တွေရော၊ ပြည်တွင်းက ထိုင်းတွေရော စိတ်၀င်စား ကြတဲ့အတွက် အားလုံးက လာလည်ချင်ကြတဲ့ နေရာလေးပါ။
ဒီစခန်းလေးကို သွားရောက်လည်ပတ်မယ်ဆိုရင်တော့ကမ္ဘာကျော်ဘိန်းဘုရင်ကြီးရဲ့ဘ၀ဇာတ်ကြောင်းနဲ့
သိသင့်သိထိုက်တဲ့ သမိုင်းကြောင်းလေးတွေကိုကြိုတင်ပြီး လေ့လာသွားမယ်ဆိုရင် အင်မတန်ကိုပဲ
အကျိုးရှိမှာလို့ ဆိုပါရစေ။
ခွန်ဆာ Zhang Qifu (Zhng Qf) () ကို၁၉၃၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ မွေးခဲ့တယ်လို့
ဆိုပါတယ်။ သူ့ရဲ့ဇာတိကတော့ ရှမ်းပြည်နယ် မြောက်ပိုင်း လွယ်မော်ဒေသ တာယန်းမိုင်းရယ်နယ်က Hpa Hpeung ရွာက ပါ။ ဖခင်တရုတ် လူမျိုး Khun Ai(Zhang Bingyao)နဲ့ မိခင်က ရှမ်းတိုင်းရင်းသူ (Nang Hseng Zoom)တို့ကမွေးဖွားခဲ့တဲ့ ခွန်ဆာဟာ ရှမ်းတရုတ်ကပြား တစ်ယောက်ဖြစ်ပါတယ်။ မိခင်က မုဆိုးမဘ၀မှာ လွယ်မော်ဌာနေ ပြည်သူ့စစ်နဲ့ အိမ်ထောင်ပြုခဲ့တဲ့အတွက် ခွန်ဆာရဲ့ငယ်ဘ၀ဟာ လက်နက်ကိုင်ဘ၀နဲ့ အကျွမ်းတ၀င်ဖြစ်ခဲ့တယ်လို့ ဆိုရမှာပါ။ တရုတ်ဖြူကူမင်တန်တပ်မှာငယ်စဉ်က ၀ငျခဲ့ပမေယ့ျ ၊ နောက်ပိုင်းမှာတော့ လူအနည်းငယ်နဲ့ပဲ စပြီး ကိုယ်ပိုင်တပ်ကို ထူထောင်ခဲ့တယ်လို့ သိရတယ်။
ကူမင်တန်တပ်တွေ တရုတ်ပြည်ကြီးကနေ စစ်ရှုံးတပ်ပျက်ပြီးနောက် ဗိုလ်ချုပ်လီမီရဲ့ အမှတ် (၈) တပ်မတော်နဲ့
ဗိုလ်ချုပ်လျူကိုချန်ရဲ့ အမှတ်(၂၆) တပ်မတော်တွေဟာ မြန်မာပြည် ကျိုင်းတုံဒေသ နယ်တွေနဲ့ ထိုင်း၊
လာအိုနယ် အစပ်တွေမှာ ကျူးကျော် ၀ငျရောကျလာခဲ့တာတှကေိုတော့ လူအများသိပြီးသား ဖြစ်မှာပါ။
အခု မိုင်းဖုန်းဆရာတော်ကြီး ရှိနေတဲ့ မိုင်းဖုန်းရွာ ဆိုတာ ...
တချိန်က တရုတ်ဖြူတွေရဲ့ ပြင်ပကမ္ဘာနဲ့ ဆက်သွယ်ရာ တံခါးပေါက် ဖြစ်ဖူးခဲ့ပါတယ်။ ရှမ်း/မြောက်ကိုးကန့်ဒေသက ဘိန်းတွေကို သယ်ဆောင်လာ ပြီး မိုင်းဖုန်းဒေသမှာ တည်ထောင်ထားတဲ့ ဘိန်းချက် စက်ရုံတွေမှာ ဟီးရိုးအင်း ကိုကင်းတွေအဖြစ် အသွင်ပြောင်း ချက်လုပ်ခဲ့တယ်လို့သိရှိခဲ့ရ ဖူးတာပါ။ ချက်လုပ်ပြီးသား ဟီးရိုးအင်း
ကိုကင်း မော်ဖီးယား တွေကို အဲဒီဒေသမှာ ဖောက်လုပ်ထားတဲ့ လေယာဉ်ကွင်းတွေကနေ ကမ္ဘာအရပ်ရပ်ကို လေယာဉ်နဲ့တမျိုး၊ နယ်စပ်ဖြတ်ကျော်ပြီး တဖုံ အဆင့်ဆင့် တင်ပို့ခဲ့ကြတယ်။ စီးပွားရေးအရ တွက်ခြေကိုက်လာတဲ့ အချိန်မှာမိုင်းတုံ၊ မိုင်းဆတ်၊ ကျိုင်းတုံနယ် တွေရဲ့ ဝေးလံတဲ့တောင်ပေါ် ဒေသတွေမှာ အတင်းကာရောနဲ့ ဘိန်းတွေကိုစိုက်စေခဲ့ကြတာပါ။ မိုင်းဖုန်းဒေသရဲ့အချက်အချာကျလိုက်ပုံက အရှေ့ဘက်မှာ လာအိုနဲ့ မြန်မာ နယ်နိမိတ်ခြင်းခြားထားတဲ့ မဲခေါင်မြစ်ကြီး၊ တောင်ဘက်မှာကထိုင်းနဲ့ မြန်မာကို ခြားထားတဲ့ နမ့်ဟုပ်ချောင်း၊
မဲခေါင်မြစ်အတိုင်း ဆန်တက်လိုက်တာနဲ့တရုတ်ပြည်၊ မဲခေါင်မြစ်ကြောင်းအတိုင်းစုံဆင်းလိုက်တာနဲ့ ဗီယက်နမ်၊ ကမ္ဘောဒီယား၊ဆက်ပြီး သွားလိုက်တာနဲ့ ပင်လယ်ကြီးကတကယ့်ကို ကမ္ဘာနဲ့ဆက်သွယ်ရာ သဘာ၀
ထွက်ပေါက်ကြီးပေါ့။
ဒါတွေကြောင့်လည်း မိုင်းဖုန်းရွာကြီးမှာ တရုတ်ဖြူတွေရဲ့တပ်စခန်းတွေ၊ ဘိန်းချက်စက်ရုံတွေ၊ လေယာဉ်ကွင်းတွေရှိခဲ့ပြီး ခြေကုပ်ယူခဲ့တာ နေမှာပါ။
အဲဒီ ကာလ ကျိုင်းတုံမှာ ရှိနေတာက တပ်မဟာ ၉ ...အင်အားက ၂၀၀၀ လောက်ပဲ ရှိ။ နယ်နိမိတ်ကြီးက
အရှည်ကြီး၊ နယ်ပယ်ဧရိယာက စတုရန်းမိုင်ပေါင်းတစ်သောင်းကျော်ဆိုတော့ အကျယ်ကြီး၊
ဘယ်လိုမှ လက်လှမ်းမှီဖို့ မလွယ်။
ကျနော် ကျိုင်းတုံကို ရောက်ကာစမှာပဲအဲဒီတုန်းက သိမှီလိုက်တဲ့ ...တရုတ်ဖြူနဲ့ တိုက်ခိုက်ခဲ့ရတဲ့ မိတ်ဆွေအဖိုးကြီး တွေရဲ့စမြုံ့ပြန်တာကို အမြဲတမ်း ကြားနေခဲ့ရတော့သူတို့ ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေကိုအခုအချိန်ထိ မှတ်မိ နေခဲ့ရတယ်။
မြန်မာ့မြေပေါ်မှာ ၀ငျရောကျနရောယူ တပ်စွဲထားတဲ့တရုတ်ဖြူကူမင်တန် အင်အားတစ်သောင်းကျော်ကို
၁၉၅၃ ခုနှစ်၊ မတ်လမှာ စပြီး ဗိုလ်မှူးကြီးကျော်စိုးဦးစီးကာ မိုင်းတုံ၊ မိုင်းဆတ်နယ်မှာ နဂါးနိုင် စစ်ဆင်ရေး၊ ၁၉၅၄ မတ်လမှာ ဗိုလ်မှူးချုပ်ကျော်ဇော ဦးစီးပြီးမိုင်းတုံ၊ မိုင်းဆတ် ပုံပါကျင်မှာ ဘုရင့်နောင်စစ်ဆင်ရေး၊ ၁၉၅၅ မတ်လမှာ ရှမ်း/အရှေ့တခွင်မှာ ဆင်နွှဲခဲ့တဲ့ရန်ကြီးအောင်စစ်ဆင်ရေး စတဲ့ စစ်ဆင်ရေးကြီးတွေနဲ့ရင်ဆိုင်နှိမ်နှင်း ခဲ့ရပါတယ်။
စစ်ဆင်ရေးငယ်တစ်ချို့ ဖြစ်တဲ့ ၁၉၅၃ ခုနှစ်၊ မတ်လမှာ ကျော်ထွန်းစစ်ဆင်ရေး (တရုတ်ဖြူ၊ ရှမ်း/အရှေ့)၊
အောင်ပန်းစစ်ဆင်ရေး (တရုတ်ဖြူ၊ ရှမ်း/အရှေ့)၊ချယ်ရီစစ်ဆင်ရေး (တရုတ်+KNDO၊ မော်ချီးဒေသ)၊
၁၉၅၄ မှာတော့ ဆင်ဖြူရှင်စစ်ဆင်ရေး(တရုတ်ဖြူ+KNDO၊ ကော့ကရိတ်၊ မြ၀တီဒေသ)၊
မြ၀တီစစ်ဆင်ရေးနဲ့၊ ၁၉၆၀-၆၁ မှာ ဗိုလ်မှူးကြီးခင်မောင်သောင်း ဦးစီးခဲ့တဲ့ မဲခေါင်စစ်ဆင်ရေး(တရုတ်ဖြူ၊ ရှမ်း/အရှေ့) တွေနဲ့ လည်း အကြိမ်ကြိမ် အခါခါကိုပဲထိုးစစ်တွေ ဆင်နွှဲခဲ့ရတာပါ။
နောက်ဆုံးတော့ တရုတ်ဖြူကူမင်တန် တပ်တွေလည်း အတော်လေးကို ပြုတ်ကုန်ကြတဲ့ အချိန်မှာ ထိုင်၀မ်ကျွန်းကို လေယာဉ်ကြီးတွေနဲ့ အခေါက်ခေါက် အခါခါ သယ်ဆောင်ပြီး ကမ္ဘာသိ ပြောင်းရွှေ့ကုန်ကျတယ်လို့ ဆိုပါတယ်။
အခုနောက်ပိုင်း ခေတ်မှာမှ သိရတာကတော့ဒေသခံတချို့တွေကို စစ်ယူနီဖောင်းတွေ ပေး၀တ်ပြီး
ကူမင်တန်စစ်သား ဟန်ဆောင်စေကာ လေယာဉ်ပေါ် လိုက်ပါစေခဲ့ပါသတဲ့။
သဘောကတော့ သူတို့ရဲ့စစ်သားတွေ တချို့ကိုဒေသခံတွေအတွင်း မြှုပ်နှံထားပြီး အခွင့်သာချိန်မှာပြန်လှုပ်ရှားမယ့် စိတ်ကူးမျိုးနဲ့ ဖြစ်ဟန်တူပါတယ်။
အဲဒီ တရုတ်ဖြူလက်ကျန် အဆက်အနွယ်တွေကိုရှမ်းအရှေ့ တောင်ပေါ်ဒေသတွေနဲ့ ထိုင်းမြောက်ပိုင်းတောင်ပေါ် ဒေသတွေမှာ အများဆုံး တွေ့ရတာပါ။
တရုတ်ဖြူတွေ တစခန်း ငြိမ်းချိန်မှာတော့ထကြွလာတဲ့ ရှမ်းလက်နက်ကိုင်တွေကို တိုက်ခိုက်ဖို့အတွက် ပြည်သူ့စစ်အသွင် လွယ်မော်ကာကွယ်ရေး ဒေသခံတပ်ရဲ့ခေါင်းဆောင်အဖြစ် ခွန်ဆာက တာ၀န်ယူလာရတဲ့အခါ ၊ မြန်မာအစိုးရရဲ့လူ ဖြစ်လာတယ်လို့ ဆိုရပါမယ်။
ဒါပေမယ့် ခွန်ဆာဟာ ၁၉၆၄ ခုနှစ်မှာ တောခိုခဲ့ကာသူ့ရဲ့စစ်တပ်ကို ကြီးမားအောင် တိုးချဲ့လာပြီးရှမ်းပြည်နယ်အတွင်းမှာ လစ်လပ်သွားခဲ့တဲ့တရုတ်ဖြူကူမင်တန်တွေရဲ့ ဘိန်းလုပ်ငန်းကိုတဖြည်းဖြည်းနဲ့ အရှိန်အဟုန်မြှင့်ကာ လုပ်ဆောင်လာခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ခွန်ဆာဟာ နာမည်ကျော်ကြားတဲ့ဘိန်းဘုရင်ဘ၀သို့ ရောက်ရှိ လာပါတော့တယ်။
တကြိမ်မှာတော့ ၁၉၆၉ အောက်တိုဘာ ၂၅ မှာခွန်ဆာ့ကို အစိုးရက ဖမ်းမိသွားပါတယ်။
၁၉၇၃ ခုနှစ်၊ ဧပြီ ၁၆ မှာတော့ တောင်ကြီးဆေးရုံကရုရှားဆရာ၀န် နှစ်ယောက်ကို ပြန်ပေးဆွဲပြီးခွန်ဆာနဲ့ အလဲအလှယ် လုပ်ခဲ့ပါသတဲ့။
လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်ခဲ့ပေမယ့်၁၉၇၆ ခုနှစ်မှာ တောခိုခဲ့ပြီး ... လွတ်မြောက်လာတဲ့ခွန်ဆာဟာ ထိုင်းမြောက်ပိုင်းက တောင်ကုန်းထူထပ်တဲ့ဘန်ဟင်တက်(Bam Hin Taek)ရွာလေးမှာ အခြေချပြီးဘိန်းလုပ်ငန်းကို ဆက်လက် လုပ်ဆောင်ခဲ့ပါတယ်။
တောင်စဉ်တောင်တန်းတွေ ပတ်လည်ဝိုင်းနေတဲ့၁၂ ဧကရှိ ဒီစခန်းလေးကို တိုက်ခိုက်ဖို့ရန်ကမလွယ်ကူလှပါဘူး။ ခွန်ဆာ အခြေချပြီးမှ စည်ကားလာတဲ့ဒီရွာလေးဟာ မူလက အာခါတိုင်းရင်းသား (၇)အိမ်ပဲရှိပါသတဲ့။ ခွန်ဆာရဲ့နောက်လိုက် လက်ကျန်မိသားစုတွေနဲ့ တိုးပွားလာတာဆိုတော့ အခုအချိန်မှာ မြို့တစ်မြို့ အလား ဆေးရုံ၊ ရဲစခန်း၊ အထက်တန်းကျောင်း၊ စားသောက်ဆိုင်တွေ၊ Guest House တွေနဲ့ အိမ်ခြေ ထောင်ကျော်လောက်
ရှိနေပါပြီ။ နှစ်ပေါင်း ၂၀ နီးပါး နေခဲ့တဲ့ ဒီဒေသတခုလုံး တိုးတက်အောင် လုပ်ဆောင်ခဲ့တယ်ဆိုပြီး ဒေသခံတွေကခွန်ဆာ့အပေါ် ယုံကြည်မှု ရှိခဲ့ကြတာ ၊ အခုအချိန်အထိပဲလို့ဆိုရမှာပါ။
အမေရိကန်တွေရဲ့ နယူးယောက် လမ်းကြိုလမ်းကြားအထိတောင် ပြန့်နှံ့ခဲ့တဲ့ ခွန်ဆာ့ရဲ့ဘိန်းထွက်အဆင့်မြင့်
ဟီးရိုးအင်း တွေဟာ ၉၀ ရာခိုင်နှုန်းအထိ သန့်စင်မှု ရှိတယ်လို့ ဆိုကြပါတယ်။ အရှေ့ ခွန်ဆာ အနောက် အက်စကိုဘာ လို့တောင် ခေါ်ဆိုကြရတဲ့ ခွန်ဆာရဲ့ ဟီးရိုးအင်းတွေဟာကမ္ဘာ့စျေးကွက်ရဲ့ရာခိုင်နှုန်း ၈၀ လောက်တောင် ရှိခဲ့ပါသတဲ့။
ကိုကင်းဘုရင်ကြီး Pablo Escobar ကနေ စပြီး ရေရင် နံပါတ် ( ၃) လိုက်တာက ခွန်ဆာပဲလို့ ဆိုကြပါတယ်။
အင်အားကြီးမားတဲ့ လက်နက်ကိုင်တပ်ကြီးကို ပိုင်ဆိုင်ထားတဲ့ ခွန်ဆာရဲ့ကြွယ်၀မှုကို အမေရိကန်ဒေါ်လာ ( ၅)ဘီလီယံ(သန်း၅ထောင်) လောက် ရှိမယ်လို့ ခန့်မှန်းကြပေမယ့်၊ တချို့ရဲ့ အဆိုအရ အဲဒီပမာဏထက် အများကြီးကိုပိုနိုင်ပါတယ်တဲ့။
Shan United Army လို့ အမည်တွင်တဲ့၊သူ့ရဲ့လက်နက်ကိုင် ၁၅၀၀၀ လောက်ရှိတဲ့ တပ်ကြီးဟာ၊
ကမ္ဘာ့ခေတ်အမှီဆုံး လက်နက်တွေနဲ့ တပ်ဆင်ပေးထားတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့်လည်း ထိုင်း၊ လာအို၊ မြန်မာ ရွှေတြိဂံဒေသ ကနေ ဘိန်းဘုရင်အဖြစ် နာမည်ကျော်ကြားလာပြီးအမေရိကန်အစိုးရရဲ့ ဆုငွေဒေါ်လာ ( ၂)သန်း ထုတ်တာကိုခံရတာ ဖြစ်မှာပါ။
ထိုင်းနိုင်ငံအတွင်းက တပ်ပေါင်းစုတွေရဲ့ ဝိုင်း၀န်းတိုက်ခိုက်မှုကို ခံရအပြီးမှာတော့ ခွန်ဆာရဲ့ ဌာနချုပ်ကြီးဟာ ဘန်ဟင်တက်ရွာကနေ ထိုင်းနယ်စပ်အနားကဟိုမိန်းကို ရောက်ရှိ သွားပါတော့တယ်။
နောက်ပိုင်းမှာတော့ အခြားသော ရှမ်းတပ်ဖွဲ့တွေနဲ့ပူးပေါင်းကာ Mong Tai Army(MTA)အဖြစ်
ပြန်လည်ဖွဲ့စည်းပြီး တပ်ဖွဲ့၀င် အင်အား ၃ သောင်းကျော်သည့် အကြီးမားဆုံးသော လက်နက်ကိုင် အဖွဲ့ကြီးအဖြစ်ရောက်ရှိ လာတော့တာပါ။ အမေရိကန်ရဲ့ စောင့်ကြည့် အရေးယူမယ့် အစီအစဉ်တွေကို ရှောင်လွှဲဖို့ရာအတွက် ငြိမ်းချမ်းရေးယူဖို့ စီမံခဲ့တယ် လို့ ဆိုရမှာပါ။
နှစ်ဖက် သဘောတူညီမှုတွေ ရအပြီး ၁၉၉၆ ခုနှစ် ရဲ့နှစ်ဦးပိုင်း အရောက် တပ်ဖွဲ့၀င် ၁၄၀၀၀ လောက်ဟာ လက်နက်အပြီးတိုင် ချခဲ့ပြီး MTA တပ်ဖွဲ့ကြီးကိုလည်း ဖျက်သိမ်းလိုက်ပါတယ်။
ကမ္ဘာမှာ ကျော်ကြားခဲ့တဲ့ ဘိန်းဘုရင်ကြီးခွန်ဆာဟာဘ၀ရဲ့နောက်ဆုံးအချိန်တွေကို ရန်ကုန်မြို့မှာ
အေးချမ်းစွာ နေထိုင်ရင်းနဲ့ ၂၀၀၇ ခုနှစ် အောက်တိုဘာ ၂၆ ရက်နေ့ အသက် ၇၃ နှစ် အရွယ်မှာ ကွယ်လွန်ခဲ့တယ်လို့ဆိုပါတယ်။
ဘိန်းဘုရင်ကြီးခွန်ဆာ နေထိုင်ခဲ့တဲ့ ဌာနချုပ်လေး ရှိခဲ့ရာဘန်ဟင်တက်(Ban Hin Teak) ရွာလေးကိုတော့ ... အခုအချိန်မှာ ဘန်ထော့ထိုင်း(Ban Thord Thai) လို့ ပြောင်းလဲခေါ်ဝေါ် နေကြပါပြီ။
ဘန်ဟင်တက် ဆိုတာ The Village of Broken Stone လို့ အဓိပ်ပါယျရနတေဲ့ အတွက်၊ ဘန်ထော့ထိုင်း Village to Honour Thailand လို့ ပြောင်းလိုက်တာလို့ ဆိုပါတယ်။
ဒီရွာလေးရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကြောင့် လာရောက်လည်ပတ်တဲ့ ဧည့်သည်တွေ ညအိပ်မယ်ဆိုရင်လည်း
ဟိုတယ်၊ တည်းခိုခန်းတွေ စားသောက်ဆိုင်တွေကအဆင်သင့်ပါပဲ။ သစ်ဝါးဘန်ဂလိုတွေမှာ နေရင်း
ဒေသအစားအသောက် တွေရဲ့ ထူးခြားတဲ့အရသာကိုခံစားနိုင်ပါတယ်။
အဲဒီလမ်းကြောမှာ နောက်ထပ်စိတ်၀င်စားစရာနေရာတစ်ခုက မယ့်စလောင်း Doi Mae Salong လို့
ခေါ်တဲ့ Tea Plantation လက်ဖက်စိုက်ခင်း တွေ ပါပဲ။
ခွန်ဆာ့စခန်း ရှိခဲ့တဲ့ ဘန်ထော့ထိုင်းရွာကို လာတဲ့ လမ်းမှာ လမ်းဆုံတစ်ခု ရှိတဲ့ထဲက ... ဘယ်ဖက်ကို ဆက်တက်သွားမယ်ဆိုရင် မယ့်စလောင်းကို ရောက်ပါမယ်။
မယ့်စလောင်းမှာ နေထိုင်သူ အများစုကတော့တရုတ်ဖြူကူမင်တန် တွေရဲ့ အဆက်အနွယ်တွေပါ။
မြန်မာ့တပ်မတော်က တိုက်ထုတ်လို့ ပြေးလာကြရတဲ့သူတွေပေါ့။ ဒေသခံတွေက အာခါ၊ လားဟူ၊ ရှမ်း တွေ ဖြစ်ပေမယ့်သူတို့က လူနည်းစုပါ။ မယ့်စလောင်း တောင်ပေါ်ကဘိန်းအစားထိုး သီးနှံအဖြစ် ဒေသထွက် လက်ဖက်ခြောက်တွေရဲ့ ထူးခြားတဲ့အရသာကို ခံစားရင်း၊ သိပ်ကိုလှပတဲ့ရှုခင်းတွေကို ဓါတ်ပုံရိုက် နိုင်ပါတယ်။ ထူးခြားတဲ့တရုတ်တိုင်းပြည် အငယ်စားလေးလို ဖြစ်နေတဲ့ဒီဒေသလေးမှာ ... ကြွေထည်၊ မြေထည်နဲ့ ဒေသခံတိုင်းရင်းသားတွေရဲ့ ရိုးရာလက်မှုထည်တွေကိုလည်း၀ယျယူနိုငျ ပါသေးတယ်။ ကူမင်တန်တွေရဲ့ ပြတိုက်ကိုလည်း မဖြစ်မနေ ၀ငျရောကျလေ့လာ သင့်တယ်လို့ တွေးမိတော့၊ လေ့လာလည်ပတ်ရမယ့် အချိန်က အတော့်ကို နည်းနေသလိုပါ။ ခွန်ဆာစခန်းနဲ့ မယ့်စလောင်းကိုတော့ တရက်သပ်သပ် အချိန်ပေးပြီး လေ့လာရင် ပိုကောင်းပါလိမ့်မယ်။
အဲဒီနှစ်နေရာထဲက တစ်ခုကို ရွေးချယ်ပြီး အိပ်သင့်ပါတယ်။
ခွန်ဆာလို ဘိန်းဘုရင်ကြီးရဲ့စခန်းကို ပြတိုက်အသေးစားလေးလို ဖွင့်ထားတာ မြင်ရတော့ ကျနော်တို့
နိုင်ငံမှာလည်း အဲဒီလို စခန်းဟောင်းတွေ၊ စစ်ဖြစ်ခဲ့တဲ့ သမိုင်း၀င်နေရာတွေမှ အများကြီးပဲလို့ တွေးမိတယ်။
အမှန်ဆိုရင် ခွန်ဆာစခန်းက ဘာမှ သိပ်ပြီး ကြည့်စရာရှိတာ မဟုတ်၊ ဒါပေမယ့် ကြည့်ချင်အောင်၊ ကြည့်စရာတွေရှိ အောင် လုပ်ထားတော့ ဧည့်သည်တွေ လေ့လာစရာTour destination တစ်ခု ဖြစ်လာရတယ်။
မိုင်းယန်းကို ရောက်တုန်းက ရဲစခန်း ရှိနေတဲ့ ကုန်းပေါ်ကို ရောက်ခဲ့ရတယ်။ တချို့ အဆောက်အဦတွေ လက်နက်ကြီးထိလို့ ပျက်နေတာတွေ၊ သစ်ပင်တွေမှာ ကျည်ဆံရာတွေနဲ့၊သီဟသူရတင်အောင်မြင့်ဦးတို့ ၈၈ တုန်းက တိုက်ခဲ့တဲ့နာမည်ကျော် မိုင်းယန်းတိုက်ပွဲနေရာလေ။
သမိုင်းကြောင်းနဲ့ မြေပုံတွေ ဓါတ်ပုံတွေကို ချိတ်ဆွဲပြီး၊ ပြတိုက်တောင် လုပ်လို့ ရတဲ့နေရာ ပေါ့။ အဆွဲဆောင်နိုင်ဆုံး တစ်ခုက ကိုယ်ရပ်နေတဲ့ မြေကြီးရဲ့အောက်မှာမပေါက်ကွဲသေးတဲ့ စစ်အတွင်းက ဗုံးတွေ ကျည်တွေ
ရှိတယ်တဲ့ ၊ ရင်တောင် တုန်သွားနိုင်တယ်လေ။
အဲလိုပဲ မြန်မာပြည်တွင်းမှာ တကယ့်ကို စိတ်၀င်စားစရာနေရာတွေက အများကြီး ၊ ထိုင်းတွေလို မလုပ်တတ်လို့သာ။
နောက်ပြီး အခုနက နေရာ မယ့်စလောင်း။
မြန်မာက တိုက်ထုတ်လို့ ပြေးရတဲ့ တရုတ်ဖြူကူမင်တန်တွေ။ ဒီလို ကျူးကျော်သူတွေကို လက်ခံထားပြီး Tour Site တစ်ခု ဖန်တီးထားနိုင်တာ နည်းတဲ့ အရည်အချင်းမှ မဟုတ်တာ။
တကယ့်ကို ချီးကျူးဖို့ ကောင်းတဲ့ Idea တွေပါ။
ဟိုတယ်ကြီးတွေ၊ Resortတွေ၊ စျေး၀ယ်စရာနေရာတွေ၊ စားသောက်ဆိုင်ကြီးတွေ၊ ကျယ်ပြော လှပတဲ့ လက်ဖက်ခင်းကြီးတွေနဲ့ အားကျငေးမောပြီး ပြန်လာရတယ်။
ကိုယ့်မြန်မာနိုင်ငံကြီးသား ပြည်လည်အေးချမ်းတည်ငြိမ်လာမယ်ဆိုရင်ကိုယ့်နိုင်ငံမှာရှိတဲ့ သီအိုရီသမားတွေ၊ ပညာရှင်တွေကို လက်တွေ့အသုံးချခွင့် ပေးလိုက်ပါ ၊နိုင်ငံတော်အစိုးရကနေ ငွေကြေးအရင်းအနှီးတွေ
စိုက်ထုတ် ပေးလိုက်ပါ၊ဖြေလျော့သင့်တာ ပယ်ဖျက်သင့်တာတွေကိုပယ်ဖျက် ပေးလိုက်ပါ၊ အခြေခံ အဆောက်အဦတွေကို တိုးတက်အောင် လုပ်ပေးပါ၊ နည်းပညာတွေ သွားသင်ပြီး မျှဝေ ပေးလိုက်ပါ၊ လူသား အရင်းအမြစ်တွေကိုစိတ်ဓါတ်အသိဥာဏ်ကောင်းလေးတွေ ထည့်ပေးလိုက်ပါ၊ဒါဆိုရင် မကြာခင်မှာ မြန်မာနိုင်ငံရဲ့ Tourism ကဏ္ဍကြီး တိုးတက်ဖွံ့ဖြိုး လာမည်က ဧကန် မလွဲပင်။ ။

 

Hi !

!

Popular posts from this blog

ဝေဝါးမှုတွေနဲ့အတူ မသေချာ မရေရာမှုများနဲ့ မြန်မာပြည်..။

  ဝါရင့်သတင်းစာဆရာကြီး လာရီယာဂန်က စစ်အာဏာသိမ်းမှု သုံးနှစ်ပြည့်တဲ့ ဖေဖော်ဝါရီ(၁)ရက်နေ့မှာ ဘန်ကောက်ပို့စ်သတင်းစာမှာ ဆောင်းပါးတစ်ပုဒ် ရေးသားလိုက်ပါတယ်။ ဆောင်းပါးခေါင်းစဉ်က Myanmar faces increasing uncertainty ပါ။ စစ်အာဏာသိမ်းပြီး သုံးနှစ်အကြာမှာ မြန်မာနိုင်ငံရဲ့အခြေအနေ ဘယ်လိုရှိသလဲ။ ရှေ့မှာ ဘာဖြစ်နိုင်သလဲ။ မှန်းဆထားတာပါ။ လက်ရှိ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်လို့ လာရီယာဂန်လည်း ဘာမှ မမှန်းဆနိုင်ပါဘူး။ သူပြောနိုင်တာ တစ်ခုက မြန်မာပြည်ဟာ မသေမချာ မရေမရာမှုတွေ အများကြီးနဲ့ ဆက်ပြီး ရင်ဆိုင်နေရဦးမယ်ဆိုတဲ့ ကောက်ချက်ပါ။ မြန်မာစစ်တပ်က ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရကို စစ်အာဏာသိမ်းခဲ့တာ ခု ဖေဖော်ဝါရီ(၁)ရက်မှာ သုံးနှစ်တိတိ ပြည့်ခဲ့ပြီဖြစ်ကြောင်း၊ သုံးနှစ်အတွင်း တိုင်းပြည်ဟာ အဖက်ဖက်က ယိုယွင်းပျက်စီးသွားပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေ တိုးပွါးနေကြောင်း၊ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ပီဒီအက်ဖ်တွေကြား တိုက်ပွဲတွေကြောင့် ပြည်သူသန်းပေါင်းများစွာ အိုးပစ်အိမ်ပစ် ထွက်ပြေးနေရကြောင်း လာရီယာဂန်က ရေးသားပါတယ်။ ...

ကရင်ပြည်နယ်ပုံရိပ်ကို ထိခိုက်စေသဖြင့် ရွှေကုက္ကိုလ်ကို တိုက်ခိုက်ရဟု KTLA ပြော

  ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ ရွှေကုက္ကိုလ်မြို့သစ်သည် ပြည်နယ်ဖွံဖြိုးမှု မဖြစ်စေဘဲ ပျက်ဆီးမှုကိုသာ ဖြစ်စေသဖြင့် တိုက်ခိုက်ရခြင်း ဖြစ်ကြောင်း ကော်သူးလေတပ် (KTLA) က ဧပြီ ၇ ရက်တွင် ကြေညာသည်။ Facebookတွင် ပျံ့နှံလာသော KTLA ဗဟိုဌာနချုပ် ရုံးထိုင်မှူး စောဝါးနေမူး လက်မှတ်ထိုးထားသည့် ကြေညာချက်အရ ရွှေကုက္ကိုလ်မြို့သည် မူးယစ်ဆေးဝါး ဖြန့်ဖြူးသုံးစွဲရောင်းချနေပြီး တိုင်းရင်းသူ အမျိုးသမီးများကို ပြည့်တန်ဆာအဖြစ် လိမ် လည်လှည့်ဖြားစေခိုင်းနေသည့် နေရာဖြစ်နေသလို စစ်ကောင်စီအတွက် တရားမဝင်ငွေကြေးများ ရှာဖွေပေးသည့် နေရာ ဖြစ်၍ ပြည်ပမှ အလုပ်သမားများကိုလည်း လိမ်လည်ခေါ်ဆို ခိုင်းစေမှုများ ရှိနေသဖြင့် KTLA အနေနှင့် ကရင်ပြည်နယ် အကျိုးအတွက် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း၊ ထို့အတွက် ရွှေကုက္ကိုလ်တွင် နေထိုင်သည့် ပြည်သူများအနေနှင့် တိုက်ပွဲ ဧရိယာမှ ရှောင်ပေးကြရန် ထုတ်ပြန်ထားသည်။ ထိုကြေညာချက်နှင့် ပတ်သက်၍ ပိုမိုသိရှိနိုင်ရန် KTLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောနယ်ဒါးမြကို ဧရာဝတီက ဖုန်းဖြင့်ဆက် သွယ်ခဲ့ရာ ၎င်း အလုပ်များနေသဖြင့် နောက်မှ ပြန်လည်ဆက်သွယ်ရန် ပြောဆိုသည်။ ကော်သူးလေတပ်နှင့် နီးစပ်သည်...

မြန်မာနိုင်ငံမှာရှိတဲ့ ဗမာလူမျိုး ပေါ်ပေါက်ပုံ အကြောင်း

  ဗမာလူမျိုး ပေါ်ပေါက်လာပုံ သမိုင်းကြောင်း – တိဘက်တို ဘားမန်းလူမျိုးနွယ်စုကြီး မှ အကြီးဆုံးသောလူမျိုးဖြစ်သည်။ ယနေ့ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းသို့ နာဂ၊ သက်၊ ကမ်းယံ၊ပျူ တို့နောက်မှ ဝင်ရောက်လာခြင်းဖြစ်သော်လည်းပျူတို့ ထူထောင်သည့် ပထမပြည်ထောင်စုကို အေဒီ ၈ ရာစုတွင် နန်ကျောက်တို့က ဖျက်စီးပြီးချိန် မတိုင်မှီက ပင် ရောက်ရှိနေထိုင်နေခဲ့ပြီးဖြစ်သည်ဟုခန့်မှန်း၍ရနိုင်သည်။အေဒီ ၁၀ ရာစုမတိုင်မှီ အချိန်ကပင် ကျောက်ဆည် ၁၁ ခရိုင်တွင် အခြေချခဲ့ပြီး နောက်များမကြာမှီ တွင်မြစ်သာ ၆ ခရိုင် ၊ ပုဂံ နေပြည်တော်တို့ကို ထူ ထောင်ကာဒုတိယမြန်မာပြည်ထောင်စုကို တည်ထောင်ခဲ့ကြသည်။ သို့သော် မြန်မာနိုင်ငံသားတို့က ထိုပြည်ထောင်စုကိုသာပထမပြည် ထောင် စုအဖြစ် လက်ခံကြသည်။သမိုင်းတစ်လျောက်တွင် မွန်ဂို၊ တရုတ်၊ ယိုးဒယား၊ မွန်၊ ရခိုင်၊ ရှမ်း၊ ကရင် အစရှိသည့် အတွင်း၊ အပြင်ရန်အမျိုးမျိုးနှင့်ကြုံတွ့ခဲ့ဖူးပြီးအကြိမ်တိုင်းတွင် ပြည်ထောင်စု၏ ဦးဆောင်သူနေရာကို ဗမာတို့ ပြန်လည်ကာ ရောက်ရှိနိုင်ခဲ့သည်။အနော်ရထာ၏ ပထမပြည်ထောင်စု(ပထမမြန်မာနိုင်ငံတော်ကြီး)၊ တပင်ရွှေထီး-ဘုရင့်နောင်တို့ ၏ ဒုတိယပြည်ထောင်စု (ဒုတိယ မြန်မာနိုင်ငံတော်ကြီး)၊အလောင်းဘုရား၏ တတိ...

မြန်မာပြည်မြေပုံကို အပြောင်းခံကြမှာလား

  ကမ္ဘာ့သမိုင်းကို ပြန်လေ့လာကြည့်မယ်ဆိုရင် အိမ်နီးချင်းနိုင်ငံတွေအဖြစ် နှစ်ပေါင်းများစွာ အတူတကွ ယှဉ်တွဲ ရပ်တည်နေကြပြီးမှ ဝေးကွာသွားကြတဲ့ နိုင်ငံတွေ ရှိခဲ့တယ်ဆိုတာ တွေ့နိုင်ပါတယ်။ ကျွန်တော်တို့အတွက် အထင်ရှားဆုံး ဥပမာတစ်ခုရှိပါတယ်။ အဲဒါကတော့ မြန်မာနဲ့ ပါကစ္စတန်တို့ဟာ ယခင်က နယ်မြေချင်း ထိစပ်နေကြတဲ့ အိမ်နီးချင်း နိုင်ငံတွေပါ။ သို့သော် ၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံအသစ် ပေါ်ပေါက်လာချိန်မှာတော့ အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားခဲ့ကြပါတယ်။ ယခင်က အိမ်နီးချင်းဖြစ်ခဲ့လို့ ထင်ပါတယ်၊ မြန်မာနဲ့ ပါကစ္စတန်တို့ရဲ့ ဆက်ဆံရေးဟာ ကောင်းမွန်နေကြဆဲဆိုတာ သက်သေ၊ သာဓကများစွာ ရှိပါတယ်။ အဲဒီလို အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားရခြင်းဟာ သူတို့ရဲ့ ပြည်တွင်းရေးသာ ဖြစ်တဲ့အတွက် အထူးအထွေ ဝေဖန်ရန် မရှိပါ။ သို့သော် လက်ရှိအခြေအနေမှာ မြန်မာရဲ့ အိမ်နီးချင်း (၅) နိုင်ငံရှိနေရာက မတူညီတဲ့ အိမ်နီးချင်းနိုင်ငံသစ်တွေ ထပ်မံ ပေါ်ပေါက်လာဖို့ လုပ်ဆောင်နေကြတာတွေ မြင်နေရပါပြီ။ ဒီတစ်ကြိမ်ကတော့ ကျွန်တော်တို့ရဲ့ ပြည်တွင်းရေးဖြစ်တဲ့အတွက် အလေးထားရပါတော့မယ်။ ရှိပြီးသား အိမ်နီးချင်း (၅) နိုင်ငံနဲ့ မြန်မာတို့အကြား ကျွန်တော်တိ...

မြန်မာ ဒုကာကွယ်ရေးဝန်ကြီး ထောင်ထဲရောက်ပြီ

  မြန်မာ ဒုကာကွယ်ရေးဝန်ကြီး ထောင်ထဲရောက်ပြီ မတ်လ ၂၈ ရက် ၂၀၂၄ ခုနှစ် နံနက် ၁၀ နာရီ ၂၀ သတင်း ================================= ကာကွယ်ရေး ဒု-ဝန်ကြီး ဖြစ်သူ ဗိုလ်ချုပ်အောင်လင်းထွန်းကို ကျားဖြန့်လုပ်ငန်းနဲ့ ပတ်သက်တယ်ဆိုပြီး မနေ့ည မတ်လ ၂၇ ရက်နေ့ည ၁၁ နာရီတွင် စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့မှ သွားရောက်ဖမ်းဆီးခဲ့ကြပါတယ်။ အဆိုပါ ဖမ်းဆီးချိန်တွင် ဒုကာကွယ်ရေးဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်အောင်လင်းထွန်းသည် အရက်မူးနေပြီး အသာတကြည် လိုက်လာခြင်းမရှိပဲ … ပုဆိုးလှန်ပြီး ဆဲဆိုနေခြင်းကြောင့် စစ်ဘက်လုံခြုံရေးအဖွဲ့မှ ရိုက်နှက်ခဲ့ရာ.. သွား အချို့ ကျွတ်သွားပြီး ပါးစပ်တခုလုံး သွေးများနီရဲနေသည်။ “အဲ့ကောင် ပါးစပ်က သွေးမတိတ်ခင် ရမဲသင်းထောင်ပို့လိုက်စမ်း” လို့ အထက် အမိန့်ပေးလိုက်တော့ အခု ရမဲသင်းထောင်ရောက်နေပြီဖြစ်ကြောင်း မြန်မာအမေရိကန် သတင်းဌာနမှ စုံစမ်းသိရှိရသည်။ ဂိုလ်ရှယ်လေး

စစ်တပ်မှ အာဏာသိမ်းထားသည့် ၃ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ထောင်သားဘဝ

                           ဖေဖော်ဝါရီလ ၁ ရက်နေ့သည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့အတွက် အနှောက်အယှက်ဖြစ်စေသူဟု ယူဆသည့် ရွေးကောက်ခံအစိုးရ ခေါင်းဆောင်နှင့် နိုင်ငံသမိုင်းတွင် အညီညွတ်ဆုံးဖြစ်စေခဲ့သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာမှဖယ်ရှားပြီး မအောင်မြင်သော အာဏာသိမ်းမှု ပြုလုပ်သည့် သုံးနှစ်မြောက်နေ့ ဖြစ်သည်။ ရက်ပေါင်း ၁၀၉၅ ရက်ကျော် ကြာသော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် မြို့တော်နှင့် စစ်တပ်ဗဟိုဌာနချုပ် နေပြည်တော် အနောက်တောင်ဘက်အစွန်းမှ ထောင်တခုတွင် တဦးတည်း ဆက်လက် ဖမ်းဆီးချုပ်နှောင်ခံနေရသည်။ သူ့အတွက် တခုတည်းသော ထောင်ပြင်ထွက်ရချိန်သည် လွန်ခဲ့သောနှစ်အတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စတာ ဒွန် ပရာမတ်ဝီနိုင်နှင့် တွေ့ရသည့် တိုတောင်းသော ကာလဖြစ်ပြီး သူ့ကို ချမှတ်ထားသည့် ထောင်သက်တမ်းကိုလည်း ၃၃ နှစ်မှ ၂၇ နှစ်သို့ လွန်ခဲ့သောနှစ်က လျှော့ချပေးသည်။ အာဏာသိမ်းမှု နှစ်ပတ်လည်သည် ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းနည်းစရာကောင်းသော လက်ရှိအခြေအနေနှင့် ဝေဝါးနေသည့် အနာဂတ်ကို မီးမောင်းထိုးပ...

ပဲခူးတိုင်း မင်းလှမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွား

  မင်းလှတွင် ၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲ ၆ ကြိမ် အတွင်း စစ်တပ်ဘက်မှ စစ်သား ၈၀ ဦးကျော်သေဆုံး ရန်ကုန်၊ မတ် ၁၁ ပဲခူးတိုင်း၊ မင်းလှမြို့နယ်အတွင်း ၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲ ၆ ကြိမ် အတွင်း စစ်တပ်ဘက်မှ ၈၀ ကျော်သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ မတ်လ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ ဧက ၁၀၀၀ ကျွန်း စိုက်ခင်း ကျုံးပေါက်အနီး၌ စစ်ကြောင်း ထိုးလာသော အင်အား ၁၂၀ ပါ စစ်ကောင်စီ တပ်သားများကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ နှင့် ဒဂုံစစ်ကြောင်းတို့က စောင့်ကြို တိုက်ခိုက်ခဲ့ရာ အပြန်အလှန် တိုက်ပွဲ ၂ နာရီကျော် ကြာမြင့်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်ဘက်မှ ၂၀ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။ ယင်းနေ့ ညနေ ၅ နာရီခန့်အချိန် မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်းပေါ်ရှိ ဟိုင်းယု လမ်းဆုံတွင် တပ်ဆွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ နှင့် တပ်ခွဲ ၃ တို့က လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ရှောင်တခင် သွားရောက် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၃ နာရီခန...

တပ်မလက်ရွေးစဉ် ဘီလူးစစ်ကြောင်းဆိုသည်မှာ .....

    “ဒီစစ်ကြောင်းက စစ်တိုက်ဖို့ဆိုတာထက် လူတွေကိုသတ်၊ မုဒိမ်းကျင့်ဖို့ အဲ့လိုမျိုးတွေလုပ်ဖို့ အဓိကလာတဲ့ စစ်ကြောင်းပါ။ လူမဆန်တဲ့ လုပ်ရပ်တွေကို အဓိကလုပ်တာ” မြောင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) က ကိုနွေဦးက စစ်ကိုင်းဒေသအတွင်း စစ်ရာဇဝတ်မှုများကို ကျူးလွန်ချိုးဖောက်နေသည့် ဘီလူးစစ်ကြောင်း၏ လုပ်ရပ်များကို ပြောဆိုသွားခြင်းဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြည်သူများကို ရက်ရက်စက်စက် ခေါင်းဖြတ်သတ်သည့် စစ်ကြောင်း၊ အစုလိုက် အပြုံလိုက် သတ်သည့်စစ်ကြောင်း၊ မုဒိမ်းမှုများကို ကျူးလွန်နေသည့် စစ်ကြောင်းဟု ဆိုလိုက်ပါက လူတိုင်းက ဆိုးဆိုးရွာရွား နာနာကျည်းကျည်း အမှတ်ရနေသည့် စစ်ကြောင်းမှာ ဘီလူးစစ်ကြောင်းပင် ဖြစ်သည်။ ရက်စက်မှုအပေါင်း သရဖူဆောင်းထားသည့် ဘီလူးစစ်ကြောင်းသည် ယခုနှစ် ဩဂုတ်လ တတိယပတ်မှ စက်တင်ဘာလ ဒုတိယပတ်ထိ စစ်ကိုင်း၊ ရွှေဘို၊ ဝက်လက်နယ်များသို့ စစ်ကြောင်းထိုး ဝင်ရောက်ပြီးနောက် ပြည်သူများကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်။ 'စစ်ကိုင်း၊ ရွှေဘို၊ ဝက်လက်နယ်ထဲ ဘီလူးစစ်ကြောင်း၏ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သည့် အခြေအနေများ' မန္တလေး-ရွှေဘို-မြစ်ကြီ...

ရှမ်းမြောက်က ကျားဖြန့် ဇာတ်သိမ်းခန်း

  ဇန်နဝါရီ ၃၀ ရက်တွင် မြန်မာနိုင်ငံ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက တရုတ် အစိုးရထံ မြန်မာနိုင်ငံမြောက်ပိုင်း ကျားဖျန့် လုပ်ငန်းများတွင် အဓိက ကြိုးကိုင်သူများဟု သတ်မှတ်ထားသည့် ပယ်စောက်ချိန်အပါအဝင် ခြောက်ဦးနှင့် အခြားအရေးကြီးသံသယရှိ သူ လေးဦးကို လွှဲပြောင်းပေးခဲ့သည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ဇန်နဝါရီ ၃၀ ရက်တွင် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးအဖွဲ့ အစည်းထံသို့မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့် ဒေသ အွန်လိုင်းလိမ်လည်မှုအဖွဲ့၏ အဓိက ခေါင်းဆောင် ခြောက်ဦးဖြစ်သည့် ပယ် စောက်ချိန်၊ ပယ်ရင်ချန်၊ဝေ့ဟွိုင်ရန်၊ လျိုကျန့် ရှန်၊ လျိုကျန့်မောက်၊ ရွှီလောက်ဖာနှင့် အခြား အရေးကြီး ပြစ်မှုကျူးလွန်ကြောင်းသံသယရှိ သူ လေးဦးအား တရားဥပဒေနှင့်အညီ လွှဲ ပြောင်းပေးအပ်ခဲ့ပြီး အဆိုပါ ၁၀ ဦးကို ယင်း နေ့ညတွင်ပင် တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့ သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ခဲ့သည်။ ယင်းသို့ မြန်မာနိုင်ငံမြောက်ပိုင်းရှိ ကျား ဖျန့်လုပ်ငန်းများတွင် အဓိကတာဝန်ရှိသူဟု တရုတ်အစိုးရက သတ်မှတ်ထားသည့် ပယ် စောက်ချိန် အပါအဝင် ခြောက်ဦးအား လွှဲ ပြောင်းပေးအပ်ခြင်းမှာ တရုတ်-မြန်မာ နှစ် နိုင်ငံ၏ န...

အာဆီယံ-သြစတြေးလျ ထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီ ကိုယ်စားလှယ်တက်မည်

 စစ်ဗိုလ်ချုပ်များခန့်ထားသည့် သံအမတ်က မဲလ်ဘုန်းမြို့တွင် ၃ ရက်ကြာ ကျင်းပမည့် ဒေသတွင်း အထူးထိပ်သီးအစည်းအဝေးကာလအတွင်း ဆွေးနွေးပွဲ ၂ ခုကို တက်မည်ဟု သိရှိရသည်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသည့် အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသည့် သြစတြေးလျ ဝန်ကြီးချုပ် Anthony Albanese ကို တွေ့ရစဉ်။ သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် မတ်လ ၄ ရက်မှ ၆ ရက်အထိ ကျင်းပမည့် အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီကိုယ်စားလှယ် တက်ရောက်မည်ဟု သိရသည်။ အစည်းအဝေးကာလတွင် ပြုလုပ်မည့် ရေကြောင်းပူးပေါင်းဆောင်ရွက်ရေးညီလာခံ၊ ရာသီဥတုနှင့် သန့်ရှင်းသောစွမ်းအင်ဆိုင်ရာ ဖိုရမ်တို့ကို ကင်ဘာရာမြို့ မြန်မာသံရုံးမှ စစ်ကောင်စီခန့် သံအမတ် ဦးသက်ထွန်း တက်ရောက်မည်ဖြစ်သည်။  အခြား ဆက်စပ်အစည်းထိပ်သီးအစည်းအဝေးများသို့ စစ်ကောင်စီကိုယ်စားပြုကိုယ်စားလှယ် တက်မည်၊ မတက်မည်ကိုမူ သြစတြေးလျ နိုင်ငံခြားရေးနှင့် ကုန်သွယ်မှုဌာနက ပြောဆိုခြင်းမရှိပေ။ ...

Click !