ဘုရင့်နောင်မင်း မိုးမိတ်သျှမ်းပြည်မှ မိုးကောင်း၊ မိုးညှင်း သျှမ်းပြည်သို့ သားတော် ညီတော်တို့နှင့်အတူ ကိုယ်တိုင်ချီတက်သည်။
ဘုရင့်နောင်ချီတက်လာကြောင်း မိုးကောင်းစော်ဘွား စဝ်ဟွမ်မိုင်း(ၸဝ်ႈႁွၼ်မိူင်း)နှင့် မိုးညှင်းစော်ဘွား စဝ်လုံနွိုင့်(ၸဝ်ႈလူင်ၼွႆႉ)တို့သိရလျှင် နွယ်ပတ်ပုတော(်မှူးပတြှှပူှ၊်မှူး=Mountain,ပတျွှ=Amber,ပူှ=Grandfather)
ပြည်ဘုရင်ခံ၊ အင်းဝဘုရင်ခံနှင့် အိမ်ရှေ့မင်း(နန္ဒဘုရင်) တို့ ဦးဆောင်သည့် ဟံသာဝတီတပ်၏ တိုက်ခိုက်မှုကြောင့် မိုးကောင်းစော်ဘွား စဝ်ဟွမ်မိုင်း(ၸဝ်ႈႁွၼ်မိူင်း)နှင့် မိုးညှင်းစော်ဘွား စဝ်လုံနွိုင့်
(ၸဝ်ႈလူင်ၼွႆႉ)တို့ တပ်ပျက်၍ ဆုတ်ခွာကြရသည်။
ဘုရင့်နောင်မင်း မိုးညှင်းသျှမ်းပြည်အတွင်းရှိ မိုင်းနောင်မြို့(မိူင်းၼွင်)တွင် တပ်ချနားနေပြီးနောက် မိုးညှင်းမြို့ကို ဝင်ရောက်သိမ်းပိုက်ရာ မိုးညှင်းစော်ဘွား စဝ်လုံနွိုင့်(ၸဝ်ႈလူင်ၼွႆႉ)မှာ မိုးကောင်းမြို့သို့ ခိုဝင်နေထိုင်သည်။
မိုးကောင်းစော်ဘွား စဝ်ဟွမ်မိုင်း(ၸဝ်ႈႁွၼ်မိူင်း)
သည် အမတ်တို့၏ လျှောက်တင်ချက်အရ မိုးညှင်းစော်ဘွား စဝ်လုံနွိုင့်(ၸဝ်ႈလူင်ၼွႆႉ)နှင့် သားမယားတို့ကို ဖမ်းဆီးကာ ဘုရင့်နောင်မင်းထံပို့၍ အညံ့ခံသည်။
ဘုရင့်နောင်မင်းသည် မိုးညှင်းစော်ဘွားစဝ်လုံနွိုင့်(ၸဝ်ႈလူင်ၼွႆႉ)နှင့် သားမယားတို့ကို ရရှိပြီးနောက် မိုးကောင်းမြို့သို့ချီတက်သိမ်းပိုက်ပြီး မိုးကောင်းစော်ဘွား စဝ်ဟွမ်မိုင်း(ၸဝ်ႈႁွၼ်မိူင်း)ကို မြင်းမိုရ်တံဆိပ်နှင့်တကွ အဆောင်အယောင်တို့ကိုအပ်ကာ ၄၅လုံးမိုင်း(ဢုပ်ႉငၢမ်းမိူင်း45မိူင်း>မြို့ရံပေါင်း၄၅မြို့)ကို အုပ်ချုပ်ရသော မိုးကောင်းစော်ဘွားအရာပြန်ခန့်သည်။
(အထက်ချင်းတွင်းနယ်ကိုပါ အုပ်ချုပ်ရစဉ် မိုးကောင်းသျှမ်းပြည်သည် မြို့ရံပေါင်း၉၉မြို့ ရှိသည်။)
ဘုရင့်နောင်မင်းသည် မိုးညှင်းစော်ဘွားစဝ်လုံနွိုင့်(ၸဝ်ႈလူင်ၼွႆႉ)ကို အရာချ၍ ဝန်ဆင်(ဝဵငျး္ပ္ဂငျှု)မြို့စားအရာ ခန့်ပြီး ၄င်း၏သားတော်ကို မိုးလုံ(မိူင်းလူင်)ဟူသောဘွဲ့ဖြင့် ဒီပဲယင်းမြို့စားအရာ ခန့်ထားသည်။
ဘုရင့်နောင်မင်းသည် မိမိထံ ဦးစွာသစ္စာခံသည့် မိုးညှင်းစော်ဘွားစဝ်လုံနွိုင့်(္ပဝျှုလူငျ္မှဿှူ)၏ ယောက်ဖတော်ဖြစ်သော ပုခန်းကြီးမြို့စား သီဟပတေ့(ဒီပဲယင်းမြို့စားဟောင်း)ကို မြင်းမိုရ်တံဆိပ်နှင့်တကွ အဆောင်အယောင်တို့ကိုအပ်၍ ၃၅လုံးမိုင်း(ဢုပျှူငမျး 35မိူင်း>မြို့ရံပေါင်း၃၅မြို့)ကို အုပ်ချုပ်ရသော မိုးညှင်းစော်ဘွားအရာ ခန့်သည်။
ဘုရင့်နောင်မင်းသည် မိုးကောင်းမြို့မှ ဟံသာဝတီသို့ ပြန်သည့်အခါ မိုးကောင်းစော်ဘွားစဝ်ဟွမ်မိုင်း(်ပဝြှုွှ်မမြိူငြး)၏ သားတော်၂ပါး(စဝ်တာမိုင်း(္ပဝျှုတမြိူငျး)နှင့် ညီတော်)၊ သမီးတော်၁ပါး၊ မြေးတော်၂ပါးကိုလည်းကောင်း၊ မိုးညှင်းစော်ဘွားစဝ်လုံနွိုင့်(္ပဝျှုလူငျ္မှဿှူ)၏ သားတော်၁ပါး(္ပဝျှုမြှေု္ဓမျး>ကော်တော်ရန္တမိတ်- မဟာရာဇဝင်ကြီးကိုပြုစုသူ ဦးကုလား၏ဘီ)၊ သမီးတော်၁ပါးတို့ကိုလည်းကောင်း ခေါ်ယူသွားသည်။
ဘုရင့်နောင်မင်းသည် မိုးကောင်းစော်ဘွားစဝ်ဟွမ်မိုင်း(်ပဝြှုွှ်မမြိူငြး)၊ မိုးညှင်းစော်ဘွားသစ်(ပုခန်းကြီး
မြို့စားဟောင်း)၊ မိုးမိတ်စော်ဘွားသစ်(မိုင်းလုံမြို့စားဟောင်း)တို့ကို ခေါ်ယူလျက် မိုးနဲသျှမ်းပြည်သို့ ချီတက်သည်။
ဘုရင့်နောင်မင်းချီတက်လာကြောင်းကို မိုးနဲစော်ဘွားသိသောအခါ လက်အောက်ခံ မိုးဗြဲစော်ဘွား၊ စကားမြို့စား၊
နောင်မွန်မြို့စားနှင့် ရောက်စောက်(ရပ်စောက်)မျွို့စားတို့ကို တပ်ပေါင်းစေလျက် ရောက်စောက်မြို့က ခုခံတိုက်ခိုက်စေသည်။
ပြည်ဘုရင်ခံဦးဆောင်သော ဟံသာဝတီတပ်တိုက်သဖြင့်
ရောက်စောက်မြို့ပျက်စီးပြီး မိုးဗြဲစော်ဘွား၊ ရောက်စောက်မြို့စား၊ စကားမြို့စား၊ နောင်မွန်မြို့စားတို့မှာ မိုးနဲမြို့သို့ ဆုတ်ခွာကြရသည်။
ဘုရင့်နောင်မင်း၏ ရှေ့ကြောင်းချီတပ်ဖြစ်သော
ပြည်ဘုရင်ခံ၏ ဟံသာဝတီမြင်းတပ်ကို မိုးနဲစော်ဘွား၏တပ်သည် တောင်ကြားလမ်းမှ ဖြတ်၍ တိုက်ခိုက်ရာ ဟံသာဝတီမြင်းတပ်သည် ထိခိုက်ကျဆုံးမှုများနှင့် ပြန်ဆုတ်ခွာရသည်။
ပြည်ဘုရင်ခံသည် မိုးနဲစော်ဘွား၏တပ်ကို ဆင်တပ်၈တပ်ဖြင့် အပြင်းအထန်တိုက်ခိုက်ရာ မိုးနဲစော်ဘွားတပ်ပျက်၍ မိုးနဲမြို့အတွင်းသို့ ဆုတ်ခွာရသည်။
ဘုရင့်နောင်မင်း၏တပ်မကြီးသည် မိုးနဲမြို့သို့ နီးကပ်စွာ ချီတက်လာရာ မိုးနဲစော်ဘွားမှာ မခုခံဝံ့သဖြင့် မြို့တွင်းမှ ဆုတ်ခွာသွားရာ ဘုရင့်နောင်မင်းမှာ မိုးနဲမြို့ကို လွယ်ကူစွာ ဝင်ရောက်သိမ်းပိုက်သည်။
မိုးနဲစော်ဘွားသည် သားတော်မိုင်းကိုင်မြို့စားကို ဘုရင့်နောင်မင်းထံ စေလွှတ်၍ သစ္စာခံယူစေသည်။ ထို့နောက်မှ မိုးနဲစော်ဘွားသည် ဆင်၁၀စီး၊ ရွှေ၅ပိဿာ၊ ငွေခွက်၅၀တို့ကို ဘုရင့်နောင်မင်းထံ လက်ဆောင်ဆက်၍ သစ္စာခံသည်။
ဘုရင့်နောင်မင်းသည် မိုးနဲစော်ဘွားကို မြင်းမိုရ်တံဆိပ်နှင့်တကွ အဆောင်အယောင်တို့ကိုအပ်၍ မိုးနဲစော်ဘွားအဖြစ် ပြန်၍ခန့်သည်။
ဘုရင့်နောင်မင်းသည် သုဝဏ္ဏဘူမိသျှမ်းပြည်(Ching Mai)သို့ မိုးနဲမြို့မှတဆင့် ဆက်လက်ချီတက်ရာ မိုးနဲစော်ဘွားမှာ နာမကျန်းဖြစ်သည်ဟုဆိုကာ တပ်ကူမလိုက်ဘဲနေသည်။ ညောင်ရွှေစော်ဘွား စဝ်ခင်(်ပဝြှု်ဓ်လ်မြှ)မှာမူ တပ်ကူလိုက်ရန်အတွက် လက်နက်လူသူ စုရုံးမည်ဟုဆိုကာ ညောင်ရွှေသို့ ပြန်သည်။
ဘုရင့်နောင်မင်းသည် သုဝဏ္ဏဘူမိသျှမ်းပြည်(Ching Mai)သို့ ချီတက်ရာ မိုးကောင်းစော်ဘွား၊ မိုးညှင်းစော်ဘွား၊ မိုးမိတ်စော်ဘွားတို့အပြင် တပ်ကူအဖြစ် မိုးနဲစော်ဘွား၏သားတော်ကြီး မိုင်းကိုင်မြို့စား၊ သားတော်ငယ် ကျိုင်းတောင်းမြို့စား၊ ညီတော် စဝ်မော်ခမ်း(္ပဝျှုမြှေု္ဓမျး)၊ ယောက်ဖတော် သိုခံ(သိူဝျ္ဓမျး)နှင့် မိုးဗြဲစော်ဘွား၊ နောင်မွန်မြို့စား၊ လဲချားမြို့စားတို့ကို ခေါ်ယူသွားပြီး သံလွင်မြစ်ကမ်းရှိ ဒါးဝင်ဆိပ်ကမ်း(တွှုဝ်လ်မြ)မှတဆင့် ချီတက်သည်။
သုဝဏ္ဏဘူမိသျှမ်းပြည်(Ching Mai)ကိုအုပ်ချုပ်ရသော
ဗြသံမင်း(Phra Mekuti)သည် ဘုရင့်နောင်မင်းကို မြို့တော်ဖြစ်သော ဇင်းမယ်မြို့(Ching Mai)မှထွက်၍ ခုခံတိုက်ခိုက်ရန် စစ်ပြင်ဆင်သော်လည်း ဗညားငသဉ်လုံအမတ်( Phya Hseng Long)၏ လျှောက်တင်ချက်အရ ဇင်းမယ်မြို့တော်တွင်း၌သာ ခုခံရန် ပြင်ဆင်သည်။
ဘုရင့်နောင်မင်းသည် ဇင်းမယ်မြို့တော်ကို ဝန်းရံထားစဉ်
ဗြသံမင်း(Phra Mekuti)သည် မြို့ရံ၅၇မြို့မှ စစ်ကူများကို စောင့်ဆိုင်းရင်း ခုခံသော်လည်း မြို့ရိုးပြိုကျအောင် တိုက်ခိုက်ခြင်းခံရသဖြင့် ဘုရင့်နောင်မင်းထံထွက်၍ သစ္စာခံရသည်။
ဘုရင့်နောင်မင်းသည် မြို့ရံပေါင်း၅၇မြို့ရှိသော သုဝဏ္ဏဘူမိသျှမ်းပြည်(Ching Mai)ကို အုပ်ချုပ်ရန် ဗြသံမင်း(Phra Mekuti)ကိုပင် မြင်းမိုရ်တံဆိပ်နှင့် အဆောင်အယောင်များအပ်ကာ အုပ်ချုပ်စေပြီး ဟံသာဝတီတပ်၂တပ်နှင့် တပ်မှူး၂ဦးကို အစောင့်ထားခဲ့သည်။
ဘုရင့်နောင်မင်းသည် ဟံသာဝတီသို့ ပြန်ရာတွင် သုဝဏ္ဏဘူမိသျှမ်းပြည်(Ching Mai)မှ ပန်း၁၀မျိုးပညာရှင်များ၊ ဆင်ထိန်း၊မြင်းထိန်း ကျွမ်းကျင်သူများ၊ အလှအပပြင်ဆင်တတ်သူများ၊ အချက်အပြုတ်ကျွမ်းကျင်သူများ၊ အနုသုခုမပညာရှင်များကိုလည်းကောင်း၊ မြို့ရံ၅၇မြို့မှ မြို့စားများ၏ သားသမီးများကိုလည်းကောင်း၊ မယုံကြည်ရသောမြို့စားများကိုလည်းကောင်း ခေါ်ဆောင်သွားသည်။
မိုးနဲမြို့တွင် ကျန်ရှိနေသောမိုးနဲစော်ဘွားသည် ညောင်ရွှေစော်ဘွား၊ ရောက်စောက်မြို့စားတို့နှင့် ပူးပေါင်းလျက် မိုးနဲမြို့တွင် ဘုရင့်နောင်မင်းထားခဲ့သော ဟံသာဝတီတပ်မှ တပ်သား၃၀၀ကျော်ကိုသတ်ကာ ဘုရင့်နောင်မင်း ပြန်လာမည့် စစ်လမ်းဖြစ်သော သံလွင်မြစ်ကမ်းရှိ ဒါးဝင်ဆိပ်ကမ်း(တွှုဝ်လ်မြ)တံတားကို ဖျက်ဆီးနှင့်သည်။
ဘုရင့်နောင်မင်းနှင့် ရှမ်းစော်ဘွား၊ မြို့စားများပါဝင်သောဟံသာဝတီတပ်သည် သံလွင်မြစ်ကမ်းရှိ ဒါးဝင်ဆိပ်ကမ်း(တွှုဝ်လ်မြ)တံတား ပျက်နှင့်သဖြင့် ကျိုင်းတောင်းဆိပ်ကမ်းမှကူးပြီး မိုးနဲမြို့သို့ အမြန်ချီတက်သည်။
မိုးနဲစော်ဘွားသည် ဘုရင့်နောင်မင်းထံ လျင်မြန်စွာ ဝင်ရောက်လာ၍ ညောင်ရွှေစော်ဘွား၊ ရောက်စောက်မြို့စားတို့ကသာ ဦးဆောင်ပုန်ကန်သဖြင့် လိုက်ပါပုန်ကန်ရပါကြောင်း လျှောက်ထားသော်လည်း အကျဉ်းချခြင်း ခံရသည်။
ဘုရင့်နောင်မင်းသည် သားတော်အိမ်ရှေ့မင်း(နန္ဒဘုရင်)နှင့် အင်းဝဘုရင်ခံတို့ကို စေလွှတ်၍
ညောင်ရွှေစော်ဘွား၊ ရောက်စောက်မြို့စားတို့ကို ဖမြးဆီိးစရော ညောင်ရွှေစော်ဘွားနှင့် ရောက်စောက်မြို့စားတို့ကမိုးနဲစော်ဘွားကသာ ဦးဆောင်ပုန်ကန်ပါကြောင်း လျှောက်ထားသော်လည်း မိုးနဲမြို့သို့ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရသည်။
ဘုရင့်နောင်မင်းသည် မိုးနဲစော်ဘွားကို အရာကချ၍ မိုးနဲစော်ဘွား၏ ညီတော်ဖြစ်သော သိုခဲ(သိူဝျ္ဓ္လမျှူ)ကို မြင်းမိုရ်တံဆိပ်နှင့်တကွ အဆောင်ယောင်တို့ကိုအပ်၍ မိုးနဲစော်ဘွားအရာခန့်သည်။
ဘုရင့်နောင်မင်းသည် ညောင်ရွှေစော်ဘွား စဝ်ခင်(်ပဝြှု်ဓ်လ်မြှ)ကို အရာကချ၍ ၄င်း၏သားတော် စမော်ခန်း(္ပဝျှုမြှေု္ဓမျး)ကို မြင်းမိုရ်တံဆိပ်နှင့်တကွ အဆောင်အယောင်တို့ကိုအပ်ကာ ညောင်ရွှေစော်ဘွားအရာခန့်သည်။
ဘုရင့်နောင်မင်းသည် မိုးနဲစော်ဘွားဟောင်း၏ သားတော်ကြီးဖြစ်သော မိုင်းကိုင်မြို့စားကို အရာချ၍ မိုးနဲစော်ဘွားသစ်သိုခဲ(သိူဝျ္ဓ္လမျှူ)၏ ညီတော်စမော်ခန်း(္ပဝျှုမြှေု္ဓမျး)ကို မိုင်းကိုင်မြို့စားအရာခန့်သည်။
ဘုရင့်နောင်မင်းသည် မိုးနဲစော်ဘွားဟောင်း၊ ညောင်ရွှေစော်ဘွားဟောင်း စဝ်ခင်(်ပဝြှု်ဓ်လ်မြှ)၊ ရောက်စောက်မြို့စားဟောင်း၊ မိုးနဲစော်ဘွားဟောင်း၏ သားတော်ကြီးမိုင်းကိုင်မြို့စားဟောင်းတို့နှင့် ၄င်းတို့၏ သားမယားတို့ကိုပါ ဟံသာဝတီသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်။
ဘုရင့်နောင်မင်း မိုးနဲမှ ဟံသာဝတီသို့ ပြန်စဉ် တီကျစ်အရောက်တွင် သိန္နီစော်ဘွားသည် ဘုရင့်နောင်မင်းထံ လာရောက်တွေ့ဆုံပြီး မိုးနဲစော်ဘွားဟောင်း သိမ်းယူထားသော မိမိနယ်မြေများကို ပြန်လည်တောင်းခံရာ ဘုရင့်နောင်မင်းက စိစစ်၍ ပြန်ပေးစေသည်။
( မိုးနဲအုပ်ချုပ်ခဲ့သော သီပေါစော်ဘွား၏တူတော် စဉ့်ကူးမြို့စားဟောင်းသည် သီပေါနယ်ကို ပြန်၍တိုက်ခိုက်စဉ် သိန္နီနယ်အတွင်းရှိ အချို့ဒေသများကိုပါ သိမ်းယူထားဟန်ရှိသည်။ သိန္နီစော်ဘွား၏ တောင်းခံမှုအရ ဘုရင့်နောင်မင်းက အသာတကြည်ပြန်ပေးသည်ကလည်း စစ်မျက်နှာထပ်မဖွင့်လို၍လား၊ သိန္နီစော်ဘွားနောက်က တရုတ်မင်း၏ ပါဝင်လာနိုင်မှုကို ကြို၍မြင်မိသလား ဆိုတာကိုတော့ ဆက်လက်ရှာဖွေရပါဦးမည်။)
......................................................................
ကိုယ့်ကိုဒုက္ခပေးနိုင်တဲ့ အစုအဖွဲ့တွေအနေနဲ့ ကိုယ့်ဆီတိုက်ရိုက်ဒုက္ခမပေးနိုင်အောင် အလွယ်ကူဆုံးလုပ်တဲ့နည်းဟာ (၂)ချက်ရှိတယ်။
၁။ နိုင်အောင်တိုက်ပြီးတော့ သူ့လူကိုယ့်ဘက်သားဖြစ်အောင်ထားတာမျိုး
၂။ မတူညီတဲ့ အခွင့်အရေးတွေကို ပြိုင်တူပေးပြီး အချင်းချင်း ပြန်ချခိုင်းတာမျိုး
သည်နှစ်နည်းလုံးကို ဘုရင့်နောင်မင်းသုံးသွားတယ်။ ဗဟိုချုပ်ကိုင်မှုကို လျှော့ချထားသလိုနဲ့ သူ့လူကိုယ့်ဘက်သားတွေမွေးပြီး အုပ်ချုပ်ထားတာက ကိုယ့်အင်အားကို အများကြီး သက်သာစေတယ် မဟုတ်ပါလား။
စစ်ဘက်ရေးရာမှာဆို အများကြီး အမြတ်ထွက်တယ်။
သူ့လူကိုယ့်ဘက်သားရှိတဲ့အခါ စစ်ပွဲတွေတိုင်းမှာ သူ့အင်အားကိုအသုံးချပြီး တိုက်ခိုက်ရုံပါပဲ။ ရိက္ခာပို့ခိုင်းရုံပါပဲ။ အင်အားအနည်းအများနဲ့ စစ်ပွဲတွေရဲ့ အနိုင်အရှုံးကို အများဆုံး ဆုံးဖြတ်တဲ့ခေတ်မှာ သည်စနစ်ဟာ ကိုယ်အသက်သာဆုံးစနစ်ပေါ့။
ပြီးတော့ စစ်ပွဲတွေအနိုင်ရပြီးနောက် စစ်သုံ့ပန်းတွေများများရှိလာတာဟာ နိုင်ငံအတွက် အကျိုးအမြတ်၄ချက်ရှိတယ်။
၁။ သုံ့ပန်းတွေကို အစုခွဲပြီး စားကျက်မြေသစ်တွေချပေးတော့ နိုင်ငံအတွက် စားနပ်ရိက္ခာ ဖူလုံအောင် စိုက်ပျိုးခိုင်းလို့ရတာပေါ့။
၂။ သုံ့ပန်းတွေကို အစုတွေခွဲပြီး ရပ်ဝေးဒေသတွေဆီ ပို့ထားတဲ့အခါ ရေရှည်မှာ ဒေသခံတွေနဲ့ သွေးနှောသွားကြပြီး အကုန်လုံးဟာ သည်နိုင်ငံသားတွေပဲ ဖြစ်လာကြတာပေါ့။
၃။ သုံးပန်းတွေဆီက စားနပ်ရိက္ခာတွေအပြင် စိုက်ပျိုးမြေခွန်တွေလည်းရတယ်လေ။
၄။ စစ်ပွဲသစ်တွေ ဖြစ်လာတဲ့အခါမှာ အစုခွဲထားတဲ့ သုံ့ပန်းတွေဆီကနေ စစ်သည်အင်အားပြန်ကောက်ပြီး
လျင်မြန်စွာ အင်အားစုစည်းနိုင်တယ်။
သည်လို နိုင်ငံရေးနည်းစနစ်တွေကို လွန်ခဲ့တဲ့နှစ်ပေါင်း ၄၆၂နှစ်ကစပြီး ဘုရင့်နောင်မင်းသုံးသွားနိုင်တာ အံ့သြစရာပါပဲ။ သူ့နည်းကလည်း အံ့သြစရာကောင်းလောက်အောင် အခုထိ အသုံးဝင်နေတုန်း။
ဘုရင့်နောင်မင်းကပဲ ခေတ်မီလွန်းသလား ကျွန်တော်တို့ကပဲ ခေတ်နောက်ကျလွန်းနေသလား။ စဉ်းစားစရာကြီးပေါ့ခင်ဗျာ။