Skip to main content

Continue !

ရှုပ်ထွေးပွေလီ_ရှမ်းတို့ပြည်_အပိုင်း၂

 


ဘုရင့်နောင်မင်း မိုးမိတ်သျှမ်းပြည်မှ မိုးကောင်း၊ မိုးညှင်း သျှမ်းပြည်သို့ သားတော် ညီတော်တို့နှင့်အတူ ကိုယ်တိုင်ချီတက်သည်။
ဘုရင့်နောင်ချီတက်လာကြောင်း မိုးကောင်းစော်ဘွား စဝ်ဟွမ်မိုင်း(ၸဝ်ႈႁွၼ်မိူင်း)နှင့် မိုးညှင်းစော်ဘွား စဝ်လုံနွိုင့်(ၸဝ်ႈလူင်ၼွႆႉ)တို့သိရလျှင် နွယ်ပတ်ပုတော(်မှူးပတြှှပူှ၊်မှူး=Mountain,ပတျွှ=Amber,ပူှ=Grandfather)
တွင် ခံတပ်တည်၍ ခံတပ်တည်၍ ခုခံရန် ပြင်ဆင်သည်။
ပြည်ဘုရင်ခံ၊ အင်းဝဘုရင်ခံနှင့် အိမ်ရှေ့မင်း(နန္ဒဘုရင်) တို့ ဦးဆောင်သည့် ဟံသာဝတီတပ်၏ တိုက်ခိုက်မှုကြောင့် မိုးကောင်းစော်ဘွား စဝ်ဟွမ်မိုင်း(ၸဝ်ႈႁွၼ်မိူင်း)နှင့် မိုးညှင်းစော်ဘွား စဝ်လုံနွိုင့်
(ၸဝ်ႈလူင်ၼွႆႉ)တို့ တပ်ပျက်၍ ဆုတ်ခွာကြရသည်။
ဘုရင့်နောင်မင်း မိုးညှင်းသျှမ်းပြည်အတွင်းရှိ မိုင်းနောင်မြို့(မိူင်းၼွင်)တွင် တပ်ချနားနေပြီးနောက် မိုးညှင်းမြို့ကို ဝင်ရောက်သိမ်းပိုက်ရာ မိုးညှင်းစော်ဘွား စဝ်လုံနွိုင့်(ၸဝ်ႈလူင်ၼွႆႉ)မှာ မိုးကောင်းမြို့သို့ ခိုဝင်နေထိုင်သည်။
မိုးကောင်းစော်ဘွား စဝ်ဟွမ်မိုင်း(ၸဝ်ႈႁွၼ်မိူင်း)
သည် အမတ်တို့၏ လျှောက်တင်ချက်အရ မိုးညှင်းစော်ဘွား စဝ်လုံနွိုင့်(ၸဝ်ႈလူင်ၼွႆႉ)နှင့် သားမယားတို့ကို ဖမ်းဆီးကာ ဘုရင့်နောင်မင်းထံပို့၍ အညံ့ခံသည်။
ဘုရင့်နောင်မင်းသည် မိုးညှင်းစော်ဘွားစဝ်လုံနွိုင့်(ၸဝ်ႈလူင်ၼွႆႉ)နှင့် သားမယားတို့ကို ရရှိပြီးနောက် မိုးကောင်းမြို့သို့ချီတက်သိမ်းပိုက်ပြီး မိုးကောင်းစော်ဘွား စဝ်ဟွမ်မိုင်း(ၸဝ်ႈႁွၼ်မိူင်း)ကို မြင်းမိုရ်တံဆိပ်နှင့်တကွ အဆောင်အယောင်တို့ကိုအပ်ကာ ၄၅လုံးမိုင်း(ဢုပ်ႉငၢမ်းမိူင်း45မိူင်း>မြို့ရံပေါင်း၄၅မြို့)ကို အုပ်ချုပ်ရသော မိုးကောင်းစော်ဘွားအရာပြန်ခန့်သည်။
(အထက်ချင်းတွင်းနယ်ကိုပါ အုပ်ချုပ်ရစဉ် မိုးကောင်းသျှမ်းပြည်သည် မြို့ရံပေါင်း၉၉မြို့ ရှိသည်။)
ဘုရင့်နောင်မင်းသည် မိုးညှင်းစော်ဘွားစဝ်လုံနွိုင့်(ၸဝ်ႈလူင်ၼွႆႉ)ကို အရာချ၍ ဝန်ဆင်(ဝဵငျး္ပ္ဂငျှု)မြို့စားအရာ ခန့်ပြီး ၄င်း၏သားတော်ကို မိုးလုံ(မိူင်းလူင်)ဟူသောဘွဲ့ဖြင့် ဒီပဲယင်းမြို့စားအရာ ခန့်ထားသည်။
ဘုရင့်နောင်မင်းသည် မိမိထံ ဦးစွာသစ္စာခံသည့် မိုးညှင်းစော်ဘွားစဝ်လုံနွိုင့်(္ပဝျှုလူငျ္မှဿှူ)၏ ယောက်ဖတော်ဖြစ်သော ပုခန်းကြီးမြို့စား သီဟပတေ့(ဒီပဲယင်းမြို့စားဟောင်း)ကို မြင်းမိုရ်တံဆိပ်နှင့်တကွ အဆောင်အယောင်တို့ကိုအပ်၍ ၃၅လုံးမိုင်း(ဢုပျှူငမျး 35မိူင်း>မြို့ရံပေါင်း၃၅မြို့)ကို အုပ်ချုပ်ရသော မိုးညှင်းစော်ဘွားအရာ ခန့်သည်။
ဘုရင့်နောင်မင်းသည် မိုးကောင်းမြို့မှ ဟံသာဝတီသို့ ပြန်သည့်အခါ မိုးကောင်းစော်ဘွားစဝ်ဟွမ်မိုင်း(်ပဝြှုွှ်မမြိူငြး)၏ သားတော်၂ပါး(စဝ်တာမိုင်း(္ပဝျှုတမြိူငျး)နှင့် ညီတော်)၊ သမီးတော်၁ပါး၊ မြေးတော်၂ပါးကိုလည်းကောင်း၊ မိုးညှင်းစော်ဘွားစဝ်လုံနွိုင့်(္ပဝျှုလူငျ္မှဿှူ)၏ သားတော်၁ပါး(္ပဝျှုမြှေု္ဓမျး>ကော်တော်ရန္တမိတ်- မဟာရာဇဝင်ကြီးကိုပြုစုသူ ဦးကုလား၏ဘီ)၊ သမီးတော်၁ပါးတို့ကိုလည်းကောင်း ခေါ်ယူသွားသည်။
ဘုရင့်နောင်မင်းသည် မိုးကောင်းစော်ဘွားစဝ်ဟွမ်မိုင်း(်ပဝြှုွှ်မမြိူငြး)၊ မိုးညှင်းစော်ဘွားသစ်(ပုခန်းကြီး
မြို့စားဟောင်း)၊ မိုးမိတ်စော်ဘွားသစ်(မိုင်းလုံမြို့စားဟောင်း)တို့ကို ခေါ်ယူလျက် မိုးနဲသျှမ်းပြည်သို့ ချီတက်သည်။
ဘုရင့်နောင်မင်းချီတက်လာကြောင်းကို မိုးနဲစော်ဘွားသိသောအခါ လက်အောက်ခံ မိုးဗြဲစော်ဘွား၊ စကားမြို့စား၊
နောင်မွန်မြို့စားနှင့် ရောက်စောက်(ရပ်စောက်)မျွို့စားတို့ကို တပ်ပေါင်းစေလျက် ရောက်စောက်မြို့က ခုခံတိုက်ခိုက်စေသည်။
ပြည်ဘုရင်ခံဦးဆောင်သော ဟံသာဝတီတပ်တိုက်သဖြင့်
ရောက်စောက်မြို့ပျက်စီးပြီး မိုးဗြဲစော်ဘွား၊ ရောက်စောက်မြို့စား၊ စကားမြို့စား၊ နောင်မွန်မြို့စားတို့မှာ မိုးနဲမြို့သို့ ဆုတ်ခွာကြရသည်။
ဘုရင့်နောင်မင်း၏ ရှေ့ကြောင်းချီတပ်ဖြစ်သော
ပြည်ဘုရင်ခံ၏ ဟံသာဝတီမြင်းတပ်ကို မိုးနဲစော်ဘွား၏တပ်သည် တောင်ကြားလမ်းမှ ဖြတ်၍ တိုက်ခိုက်ရာ ဟံသာဝတီမြင်းတပ်သည် ထိခိုက်ကျဆုံးမှုများနှင့် ပြန်ဆုတ်ခွာရသည်။
ပြည်ဘုရင်ခံသည် မိုးနဲစော်ဘွား၏တပ်ကို ဆင်တပ်၈တပ်ဖြင့် အပြင်းအထန်တိုက်ခိုက်ရာ မိုးနဲစော်ဘွားတပ်ပျက်၍ မိုးနဲမြို့အတွင်းသို့ ဆုတ်ခွာရသည်။
ဘုရင့်နောင်မင်း၏တပ်မကြီးသည် မိုးနဲမြို့သို့ နီးကပ်စွာ ချီတက်လာရာ မိုးနဲစော်ဘွားမှာ မခုခံဝံ့သဖြင့် မြို့တွင်းမှ ဆုတ်ခွာသွားရာ ဘုရင့်နောင်မင်းမှာ မိုးနဲမြို့ကို လွယ်ကူစွာ ဝင်ရောက်သိမ်းပိုက်သည်။
မိုးနဲစော်ဘွားသည် သားတော်မိုင်းကိုင်မြို့စားကို ဘုရင့်နောင်မင်းထံ စေလွှတ်၍ သစ္စာခံယူစေသည်။ ထို့နောက်မှ မိုးနဲစော်ဘွားသည် ဆင်၁၀စီး၊ ရွှေ၅ပိဿာ၊ ငွေခွက်၅၀တို့ကို ဘုရင့်နောင်မင်းထံ လက်ဆောင်ဆက်၍ သစ္စာခံသည်။
ဘုရင့်နောင်မင်းသည် မိုးနဲစော်ဘွားကို မြင်းမိုရ်တံဆိပ်နှင့်တကွ အဆောင်အယောင်တို့ကိုအပ်၍ မိုးနဲစော်ဘွားအဖြစ် ပြန်၍ခန့်သည်။
ဘုရင့်နောင်မင်းသည် သုဝဏ္ဏဘူမိသျှမ်းပြည်(Ching Mai)သို့ မိုးနဲမြို့မှတဆင့် ဆက်လက်ချီတက်ရာ မိုးနဲစော်ဘွားမှာ နာမကျန်းဖြစ်သည်ဟုဆိုကာ တပ်ကူမလိုက်ဘဲနေသည်။ ညောင်ရွှေစော်ဘွား စဝ်ခင်(်ပဝြှု်ဓ်လ်မြှ)မှာမူ တပ်ကူလိုက်ရန်အတွက် လက်နက်လူသူ စုရုံးမည်ဟုဆိုကာ ညောင်ရွှေသို့ ပြန်သည်။
ဘုရင့်နောင်မင်းသည် သုဝဏ္ဏဘူမိသျှမ်းပြည်(Ching Mai)သို့ ချီတက်ရာ မိုးကောင်းစော်ဘွား၊ မိုးညှင်းစော်ဘွား၊ မိုးမိတ်စော်ဘွားတို့အပြင် တပ်ကူအဖြစ် မိုးနဲစော်ဘွား၏သားတော်ကြီး မိုင်းကိုင်မြို့စား၊ သားတော်ငယ် ကျိုင်းတောင်းမြို့စား၊ ညီတော် စဝ်မော်ခမ်း(္ပဝျှုမြှေု္ဓမျး)၊ ယောက်ဖတော် သိုခံ(သိူဝျ္ဓမျး)နှင့် မိုးဗြဲစော်ဘွား၊ နောင်မွန်မြို့စား၊ လဲချားမြို့စားတို့ကို ခေါ်ယူသွားပြီး သံလွင်မြစ်ကမ်းရှိ ဒါးဝင်ဆိပ်ကမ်း(တွှုဝ်လ်မြ)မှတဆင့် ချီတက်သည်။
သုဝဏ္ဏဘူမိသျှမ်းပြည်(Ching Mai)ကိုအုပ်ချုပ်ရသော
ဗြသံမင်း(Phra Mekuti)သည် ဘုရင့်နောင်မင်းကို မြို့တော်ဖြစ်သော ဇင်းမယ်မြို့(Ching Mai)မှထွက်၍ ခုခံတိုက်ခိုက်ရန် စစ်ပြင်ဆင်သော်လည်း ဗညားငသဉ်လုံအမတ်( Phya Hseng Long)၏ လျှောက်တင်ချက်အရ ဇင်းမယ်မြို့တော်တွင်း၌သာ ခုခံရန် ပြင်ဆင်သည်။
ဘုရင့်နောင်မင်းသည် ဇင်းမယ်မြို့တော်ကို ဝန်းရံထားစဉ်
ဗြသံမင်း(Phra Mekuti)သည် မြို့ရံ၅၇မြို့မှ စစ်ကူများကို စောင့်ဆိုင်းရင်း ခုခံသော်လည်း မြို့ရိုးပြိုကျအောင် တိုက်ခိုက်ခြင်းခံရသဖြင့် ဘုရင့်နောင်မင်းထံထွက်၍ သစ္စာခံရသည်။
ဘုရင့်နောင်မင်းသည် မြို့ရံပေါင်း၅၇မြို့ရှိသော သုဝဏ္ဏဘူမိသျှမ်းပြည်(Ching Mai)ကို အုပ်ချုပ်ရန် ဗြသံမင်း(Phra Mekuti)ကိုပင် မြင်းမိုရ်တံဆိပ်နှင့် အဆောင်အယောင်များအပ်ကာ အုပ်ချုပ်စေပြီး ဟံသာဝတီတပ်၂တပ်နှင့် တပ်မှူး၂ဦးကို အစောင့်ထားခဲ့သည်။
ဘုရင့်နောင်မင်းသည် ဟံသာဝတီသို့ ပြန်ရာတွင် သုဝဏ္ဏဘူမိသျှမ်းပြည်(Ching Mai)မှ ပန်း၁၀မျိုးပညာရှင်များ၊ ဆင်ထိန်း၊မြင်းထိန်း ကျွမ်းကျင်သူများ၊ အလှအပပြင်ဆင်တတ်သူများ၊ အချက်အပြုတ်ကျွမ်းကျင်သူများ၊ အနုသုခုမပညာရှင်များကိုလည်းကောင်း၊ မြို့ရံ၅၇မြို့မှ မြို့စားများ၏ သားသမီးများကိုလည်းကောင်း၊ မယုံကြည်ရသောမြို့စားများကိုလည်းကောင်း ခေါ်ဆောင်သွားသည်။
မိုးနဲမြို့တွင် ကျန်ရှိနေသောမိုးနဲစော်ဘွားသည် ညောင်ရွှေစော်ဘွား၊ ရောက်စောက်မြို့စားတို့နှင့် ပူးပေါင်းလျက် မိုးနဲမြို့တွင် ဘုရင့်နောင်မင်းထားခဲ့သော ဟံသာဝတီတပ်မှ တပ်သား၃၀၀ကျော်ကိုသတ်ကာ ဘုရင့်နောင်မင်း ပြန်လာမည့် စစ်လမ်းဖြစ်သော သံလွင်မြစ်ကမ်းရှိ ဒါးဝင်ဆိပ်ကမ်း(တွှုဝ်လ်မြ)တံတားကို ဖျက်ဆီးနှင့်သည်။
ဘုရင့်နောင်မင်းနှင့် ရှမ်းစော်ဘွား၊ မြို့စားများပါဝင်သောဟံသာဝတီတပ်သည် သံလွင်မြစ်ကမ်းရှိ ဒါးဝင်ဆိပ်ကမ်း(တွှုဝ်လ်မြ)တံတား ပျက်နှင့်သဖြင့် ကျိုင်းတောင်းဆိပ်ကမ်းမှကူးပြီး မိုးနဲမြို့သို့ အမြန်ချီတက်သည်။
မိုးနဲစော်ဘွားသည် ဘုရင့်နောင်မင်းထံ လျင်မြန်စွာ ဝင်ရောက်လာ၍ ညောင်ရွှေစော်ဘွား၊ ရောက်စောက်မြို့စားတို့ကသာ ဦးဆောင်ပုန်ကန်သဖြင့် လိုက်ပါပုန်ကန်ရပါကြောင်း လျှောက်ထားသော်လည်း အကျဉ်းချခြင်း ခံရသည်။
ဘုရင့်နောင်မင်းသည် သားတော်အိမ်ရှေ့မင်း(နန္ဒဘုရင်)နှင့် အင်းဝဘုရင်ခံတို့ကို စေလွှတ်၍
ညောင်ရွှေစော်ဘွား၊ ရောက်စောက်မြို့စားတို့ကို ဖမြးဆီိးစရော ညောင်ရွှေစော်ဘွားနှင့် ရောက်စောက်မြို့စားတို့ကမိုးနဲစော်ဘွားကသာ ဦးဆောင်ပုန်ကန်ပါကြောင်း လျှောက်ထားသော်လည်း မိုးနဲမြို့သို့ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရသည်။
ဘုရင့်နောင်မင်းသည် မိုးနဲစော်ဘွားကို အရာကချ၍ မိုးနဲစော်ဘွား၏ ညီတော်ဖြစ်သော သိုခဲ(သိူဝျ္ဓ္လမျှူ)ကို မြင်းမိုရ်တံဆိပ်နှင့်တကွ အဆောင်ယောင်တို့ကိုအပ်၍ မိုးနဲစော်ဘွားအရာခန့်သည်။
ဘုရင့်နောင်မင်းသည် ညောင်ရွှေစော်ဘွား စဝ်ခင်(်ပဝြှု်ဓ်လ်မြှ)ကို အရာကချ၍ ၄င်း၏သားတော် စမော်ခန်း(္ပဝျှုမြှေု္ဓမျး)ကို မြင်းမိုရ်တံဆိပ်နှင့်တကွ အဆောင်အယောင်တို့ကိုအပ်ကာ ညောင်ရွှေစော်ဘွားအရာခန့်သည်။
ဘုရင့်နောင်မင်းသည် မိုးနဲစော်ဘွားဟောင်း၏ သားတော်ကြီးဖြစ်သော မိုင်းကိုင်မြို့စားကို အရာချ၍ မိုးနဲစော်ဘွားသစ်သိုခဲ(သိူဝျ္ဓ္လမျှူ)၏ ညီတော်စမော်ခန်း(္ပဝျှုမြှေု္ဓမျး)ကို မိုင်းကိုင်မြို့စားအရာခန့်သည်။
ဘုရင့်နောင်မင်းသည် မိုးနဲစော်ဘွားဟောင်း၊ ညောင်ရွှေစော်ဘွားဟောင်း စဝ်ခင်(်ပဝြှု်ဓ်လ်မြှ)၊ ရောက်စောက်မြို့စားဟောင်း၊ မိုးနဲစော်ဘွားဟောင်း၏ သားတော်ကြီးမိုင်းကိုင်မြို့စားဟောင်းတို့နှင့် ၄င်းတို့၏ သားမယားတို့ကိုပါ ဟံသာဝတီသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်။
ဘုရင့်နောင်မင်း မိုးနဲမှ ဟံသာဝတီသို့ ပြန်စဉ် တီကျစ်အရောက်တွင် သိန္နီစော်ဘွားသည် ဘုရင့်နောင်မင်းထံ လာရောက်တွေ့ဆုံပြီး မိုးနဲစော်ဘွားဟောင်း သိမ်းယူထားသော မိမိနယ်မြေများကို ပြန်လည်တောင်းခံရာ ဘုရင့်နောင်မင်းက စိစစ်၍ ပြန်ပေးစေသည်။
( မိုးနဲအုပ်ချုပ်ခဲ့သော သီပေါစော်ဘွား၏တူတော် စဉ့်ကူးမြို့စားဟောင်းသည် သီပေါနယ်ကို ပြန်၍တိုက်ခိုက်စဉ် သိန္နီနယ်အတွင်းရှိ အချို့ဒေသများကိုပါ သိမ်းယူထားဟန်ရှိသည်။ သိန္နီစော်ဘွား၏ တောင်းခံမှုအရ ဘုရင့်နောင်မင်းက အသာတကြည်ပြန်ပေးသည်ကလည်း စစ်မျက်နှာထပ်မဖွင့်လို၍လား၊ သိန္နီစော်ဘွားနောက်က တရုတ်မင်း၏ ပါဝင်လာနိုင်မှုကို ကြို၍မြင်မိသလား ဆိုတာကိုတော့ ဆက်လက်ရှာဖွေရပါဦးမည်။)
......................................................................
ကိုယ့်ကိုဒုက္ခပေးနိုင်တဲ့ အစုအဖွဲ့တွေအနေနဲ့ ကိုယ့်ဆီတိုက်ရိုက်ဒုက္ခမပေးနိုင်အောင် အလွယ်ကူဆုံးလုပ်တဲ့နည်းဟာ (၂)ချက်ရှိတယ်။
၁။ နိုင်အောင်တိုက်ပြီးတော့ သူ့လူကိုယ့်ဘက်သားဖြစ်အောင်ထားတာမျိုး
၂။ မတူညီတဲ့ အခွင့်အရေးတွေကို ပြိုင်တူပေးပြီး အချင်းချင်း ပြန်ချခိုင်းတာမျိုး
သည်နှစ်နည်းလုံးကို ဘုရင့်နောင်မင်းသုံးသွားတယ်။ ဗဟိုချုပ်ကိုင်မှုကို လျှော့ချထားသလိုနဲ့ သူ့လူကိုယ့်ဘက်သားတွေမွေးပြီး အုပ်ချုပ်ထားတာက ကိုယ့်အင်အားကို အများကြီး သက်သာစေတယ် မဟုတ်ပါလား။
စစ်ဘက်ရေးရာမှာဆို အများကြီး အမြတ်ထွက်တယ်။
သူ့လူကိုယ့်ဘက်သားရှိတဲ့အခါ စစ်ပွဲတွေတိုင်းမှာ သူ့အင်အားကိုအသုံးချပြီး တိုက်ခိုက်ရုံပါပဲ။ ရိက္ခာပို့ခိုင်းရုံပါပဲ။ အင်အားအနည်းအများနဲ့ စစ်ပွဲတွေရဲ့ အနိုင်အရှုံးကို အများဆုံး ဆုံးဖြတ်တဲ့ခေတ်မှာ သည်စနစ်ဟာ ကိုယ်အသက်သာဆုံးစနစ်ပေါ့။
ပြီးတော့ စစ်ပွဲတွေအနိုင်ရပြီးနောက် စစ်သုံ့ပန်းတွေများများရှိလာတာဟာ နိုင်ငံအတွက် အကျိုးအမြတ်၄ချက်ရှိတယ်။
၁။ သုံ့ပန်းတွေကို အစုခွဲပြီး စားကျက်မြေသစ်တွေချပေးတော့ နိုင်ငံအတွက် စားနပ်ရိက္ခာ ဖူလုံအောင် စိုက်ပျိုးခိုင်းလို့ရတာပေါ့။
၂။ သုံ့ပန်းတွေကို အစုတွေခွဲပြီး ရပ်ဝေးဒေသတွေဆီ ပို့ထားတဲ့အခါ ရေရှည်မှာ ဒေသခံတွေနဲ့ သွေးနှောသွားကြပြီး အကုန်လုံးဟာ သည်နိုင်ငံသားတွေပဲ ဖြစ်လာကြတာပေါ့။
၃။ သုံးပန်းတွေဆီက စားနပ်ရိက္ခာတွေအပြင် စိုက်ပျိုးမြေခွန်တွေလည်းရတယ်လေ။
၄။ စစ်ပွဲသစ်တွေ ဖြစ်လာတဲ့အခါမှာ အစုခွဲထားတဲ့ သုံ့ပန်းတွေဆီကနေ စစ်သည်အင်အားပြန်ကောက်ပြီး
လျင်မြန်စွာ အင်အားစုစည်းနိုင်တယ်။
သည်လို နိုင်ငံရေးနည်းစနစ်တွေကို လွန်ခဲ့တဲ့နှစ်ပေါင်း ၄၆၂နှစ်ကစပြီး ဘုရင့်နောင်မင်းသုံးသွားနိုင်တာ အံ့သြစရာပါပဲ။ သူ့နည်းကလည်း အံ့သြစရာကောင်းလောက်အောင် အခုထိ အသုံးဝင်နေတုန်း။
ဘုရင့်နောင်မင်းကပဲ ခေတ်မီလွန်းသလား ကျွန်တော်တို့ကပဲ ခေတ်နောက်ကျလွန်းနေသလား။ စဉ်းစားစရာကြီးပေါ့ခင်ဗျာ။

#Credit-ဆေခမ်းဖ
မန္တလေးတက္ကသိုလ်

 

Hi !

!

Popular posts from this blog

ဝေဝါးမှုတွေနဲ့အတူ မသေချာ မရေရာမှုများနဲ့ မြန်မာပြည်..။

  ဝါရင့်သတင်းစာဆရာကြီး လာရီယာဂန်က စစ်အာဏာသိမ်းမှု သုံးနှစ်ပြည့်တဲ့ ဖေဖော်ဝါရီ(၁)ရက်နေ့မှာ ဘန်ကောက်ပို့စ်သတင်းစာမှာ ဆောင်းပါးတစ်ပုဒ် ရေးသားလိုက်ပါတယ်။ ဆောင်းပါးခေါင်းစဉ်က Myanmar faces increasing uncertainty ပါ။ စစ်အာဏာသိမ်းပြီး သုံးနှစ်အကြာမှာ မြန်မာနိုင်ငံရဲ့အခြေအနေ ဘယ်လိုရှိသလဲ။ ရှေ့မှာ ဘာဖြစ်နိုင်သလဲ။ မှန်းဆထားတာပါ။ လက်ရှိ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်လို့ လာရီယာဂန်လည်း ဘာမှ မမှန်းဆနိုင်ပါဘူး။ သူပြောနိုင်တာ တစ်ခုက မြန်မာပြည်ဟာ မသေမချာ မရေမရာမှုတွေ အများကြီးနဲ့ ဆက်ပြီး ရင်ဆိုင်နေရဦးမယ်ဆိုတဲ့ ကောက်ချက်ပါ။ မြန်မာစစ်တပ်က ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရကို စစ်အာဏာသိမ်းခဲ့တာ ခု ဖေဖော်ဝါရီ(၁)ရက်မှာ သုံးနှစ်တိတိ ပြည့်ခဲ့ပြီဖြစ်ကြောင်း၊ သုံးနှစ်အတွင်း တိုင်းပြည်ဟာ အဖက်ဖက်က ယိုယွင်းပျက်စီးသွားပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေ တိုးပွါးနေကြောင်း၊ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ပီဒီအက်ဖ်တွေကြား တိုက်ပွဲတွေကြောင့် ပြည်သူသန်းပေါင်းများစွာ အိုးပစ်အိမ်ပစ် ထွက်ပြေးနေရကြောင်း လာရီယာဂန်က ရေးသားပါတယ်။ ...

ကရင်ပြည်နယ်ပုံရိပ်ကို ထိခိုက်စေသဖြင့် ရွှေကုက္ကိုလ်ကို တိုက်ခိုက်ရဟု KTLA ပြော

  ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ ရွှေကုက္ကိုလ်မြို့သစ်သည် ပြည်နယ်ဖွံဖြိုးမှု မဖြစ်စေဘဲ ပျက်ဆီးမှုကိုသာ ဖြစ်စေသဖြင့် တိုက်ခိုက်ရခြင်း ဖြစ်ကြောင်း ကော်သူးလေတပ် (KTLA) က ဧပြီ ၇ ရက်တွင် ကြေညာသည်။ Facebookတွင် ပျံ့နှံလာသော KTLA ဗဟိုဌာနချုပ် ရုံးထိုင်မှူး စောဝါးနေမူး လက်မှတ်ထိုးထားသည့် ကြေညာချက်အရ ရွှေကုက္ကိုလ်မြို့သည် မူးယစ်ဆေးဝါး ဖြန့်ဖြူးသုံးစွဲရောင်းချနေပြီး တိုင်းရင်းသူ အမျိုးသမီးများကို ပြည့်တန်ဆာအဖြစ် လိမ် လည်လှည့်ဖြားစေခိုင်းနေသည့် နေရာဖြစ်နေသလို စစ်ကောင်စီအတွက် တရားမဝင်ငွေကြေးများ ရှာဖွေပေးသည့် နေရာ ဖြစ်၍ ပြည်ပမှ အလုပ်သမားများကိုလည်း လိမ်လည်ခေါ်ဆို ခိုင်းစေမှုများ ရှိနေသဖြင့် KTLA အနေနှင့် ကရင်ပြည်နယ် အကျိုးအတွက် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း၊ ထို့အတွက် ရွှေကုက္ကိုလ်တွင် နေထိုင်သည့် ပြည်သူများအနေနှင့် တိုက်ပွဲ ဧရိယာမှ ရှောင်ပေးကြရန် ထုတ်ပြန်ထားသည်။ ထိုကြေညာချက်နှင့် ပတ်သက်၍ ပိုမိုသိရှိနိုင်ရန် KTLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောနယ်ဒါးမြကို ဧရာဝတီက ဖုန်းဖြင့်ဆက် သွယ်ခဲ့ရာ ၎င်း အလုပ်များနေသဖြင့် နောက်မှ ပြန်လည်ဆက်သွယ်ရန် ပြောဆိုသည်။ ကော်သူးလေတပ်နှင့် နီးစပ်သည်...

မြန်မာနိုင်ငံမှာရှိတဲ့ ဗမာလူမျိုး ပေါ်ပေါက်ပုံ အကြောင်း

  ဗမာလူမျိုး ပေါ်ပေါက်လာပုံ သမိုင်းကြောင်း – တိဘက်တို ဘားမန်းလူမျိုးနွယ်စုကြီး မှ အကြီးဆုံးသောလူမျိုးဖြစ်သည်။ ယနေ့ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းသို့ နာဂ၊ သက်၊ ကမ်းယံ၊ပျူ တို့နောက်မှ ဝင်ရောက်လာခြင်းဖြစ်သော်လည်းပျူတို့ ထူထောင်သည့် ပထမပြည်ထောင်စုကို အေဒီ ၈ ရာစုတွင် နန်ကျောက်တို့က ဖျက်စီးပြီးချိန် မတိုင်မှီက ပင် ရောက်ရှိနေထိုင်နေခဲ့ပြီးဖြစ်သည်ဟုခန့်မှန်း၍ရနိုင်သည်။အေဒီ ၁၀ ရာစုမတိုင်မှီ အချိန်ကပင် ကျောက်ဆည် ၁၁ ခရိုင်တွင် အခြေချခဲ့ပြီး နောက်များမကြာမှီ တွင်မြစ်သာ ၆ ခရိုင် ၊ ပုဂံ နေပြည်တော်တို့ကို ထူ ထောင်ကာဒုတိယမြန်မာပြည်ထောင်စုကို တည်ထောင်ခဲ့ကြသည်။ သို့သော် မြန်မာနိုင်ငံသားတို့က ထိုပြည်ထောင်စုကိုသာပထမပြည် ထောင် စုအဖြစ် လက်ခံကြသည်။သမိုင်းတစ်လျောက်တွင် မွန်ဂို၊ တရုတ်၊ ယိုးဒယား၊ မွန်၊ ရခိုင်၊ ရှမ်း၊ ကရင် အစရှိသည့် အတွင်း၊ အပြင်ရန်အမျိုးမျိုးနှင့်ကြုံတွ့ခဲ့ဖူးပြီးအကြိမ်တိုင်းတွင် ပြည်ထောင်စု၏ ဦးဆောင်သူနေရာကို ဗမာတို့ ပြန်လည်ကာ ရောက်ရှိနိုင်ခဲ့သည်။အနော်ရထာ၏ ပထမပြည်ထောင်စု(ပထမမြန်မာနိုင်ငံတော်ကြီး)၊ တပင်ရွှေထီး-ဘုရင့်နောင်တို့ ၏ ဒုတိယပြည်ထောင်စု (ဒုတိယ မြန်မာနိုင်ငံတော်ကြီး)၊အလောင်းဘုရား၏ တတိ...

မြန်မာပြည်မြေပုံကို အပြောင်းခံကြမှာလား

  ကမ္ဘာ့သမိုင်းကို ပြန်လေ့လာကြည့်မယ်ဆိုရင် အိမ်နီးချင်းနိုင်ငံတွေအဖြစ် နှစ်ပေါင်းများစွာ အတူတကွ ယှဉ်တွဲ ရပ်တည်နေကြပြီးမှ ဝေးကွာသွားကြတဲ့ နိုင်ငံတွေ ရှိခဲ့တယ်ဆိုတာ တွေ့နိုင်ပါတယ်။ ကျွန်တော်တို့အတွက် အထင်ရှားဆုံး ဥပမာတစ်ခုရှိပါတယ်။ အဲဒါကတော့ မြန်မာနဲ့ ပါကစ္စတန်တို့ဟာ ယခင်က နယ်မြေချင်း ထိစပ်နေကြတဲ့ အိမ်နီးချင်း နိုင်ငံတွေပါ။ သို့သော် ၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံအသစ် ပေါ်ပေါက်လာချိန်မှာတော့ အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားခဲ့ကြပါတယ်။ ယခင်က အိမ်နီးချင်းဖြစ်ခဲ့လို့ ထင်ပါတယ်၊ မြန်မာနဲ့ ပါကစ္စတန်တို့ရဲ့ ဆက်ဆံရေးဟာ ကောင်းမွန်နေကြဆဲဆိုတာ သက်သေ၊ သာဓကများစွာ ရှိပါတယ်။ အဲဒီလို အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားရခြင်းဟာ သူတို့ရဲ့ ပြည်တွင်းရေးသာ ဖြစ်တဲ့အတွက် အထူးအထွေ ဝေဖန်ရန် မရှိပါ။ သို့သော် လက်ရှိအခြေအနေမှာ မြန်မာရဲ့ အိမ်နီးချင်း (၅) နိုင်ငံရှိနေရာက မတူညီတဲ့ အိမ်နီးချင်းနိုင်ငံသစ်တွေ ထပ်မံ ပေါ်ပေါက်လာဖို့ လုပ်ဆောင်နေကြတာတွေ မြင်နေရပါပြီ။ ဒီတစ်ကြိမ်ကတော့ ကျွန်တော်တို့ရဲ့ ပြည်တွင်းရေးဖြစ်တဲ့အတွက် အလေးထားရပါတော့မယ်။ ရှိပြီးသား အိမ်နီးချင်း (၅) နိုင်ငံနဲ့ မြန်မာတို့အကြား ကျွန်တော်တိ...

မြန်မာ ဒုကာကွယ်ရေးဝန်ကြီး ထောင်ထဲရောက်ပြီ

  မြန်မာ ဒုကာကွယ်ရေးဝန်ကြီး ထောင်ထဲရောက်ပြီ မတ်လ ၂၈ ရက် ၂၀၂၄ ခုနှစ် နံနက် ၁၀ နာရီ ၂၀ သတင်း ================================= ကာကွယ်ရေး ဒု-ဝန်ကြီး ဖြစ်သူ ဗိုလ်ချုပ်အောင်လင်းထွန်းကို ကျားဖြန့်လုပ်ငန်းနဲ့ ပတ်သက်တယ်ဆိုပြီး မနေ့ည မတ်လ ၂၇ ရက်နေ့ည ၁၁ နာရီတွင် စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့မှ သွားရောက်ဖမ်းဆီးခဲ့ကြပါတယ်။ အဆိုပါ ဖမ်းဆီးချိန်တွင် ဒုကာကွယ်ရေးဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်အောင်လင်းထွန်းသည် အရက်မူးနေပြီး အသာတကြည် လိုက်လာခြင်းမရှိပဲ … ပုဆိုးလှန်ပြီး ဆဲဆိုနေခြင်းကြောင့် စစ်ဘက်လုံခြုံရေးအဖွဲ့မှ ရိုက်နှက်ခဲ့ရာ.. သွား အချို့ ကျွတ်သွားပြီး ပါးစပ်တခုလုံး သွေးများနီရဲနေသည်။ “အဲ့ကောင် ပါးစပ်က သွေးမတိတ်ခင် ရမဲသင်းထောင်ပို့လိုက်စမ်း” လို့ အထက် အမိန့်ပေးလိုက်တော့ အခု ရမဲသင်းထောင်ရောက်နေပြီဖြစ်ကြောင်း မြန်မာအမေရိကန် သတင်းဌာနမှ စုံစမ်းသိရှိရသည်။ ဂိုလ်ရှယ်လေး

စစ်တပ်မှ အာဏာသိမ်းထားသည့် ၃ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ထောင်သားဘဝ

                           ဖေဖော်ဝါရီလ ၁ ရက်နေ့သည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့အတွက် အနှောက်အယှက်ဖြစ်စေသူဟု ယူဆသည့် ရွေးကောက်ခံအစိုးရ ခေါင်းဆောင်နှင့် နိုင်ငံသမိုင်းတွင် အညီညွတ်ဆုံးဖြစ်စေခဲ့သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာမှဖယ်ရှားပြီး မအောင်မြင်သော အာဏာသိမ်းမှု ပြုလုပ်သည့် သုံးနှစ်မြောက်နေ့ ဖြစ်သည်။ ရက်ပေါင်း ၁၀၉၅ ရက်ကျော် ကြာသော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် မြို့တော်နှင့် စစ်တပ်ဗဟိုဌာနချုပ် နေပြည်တော် အနောက်တောင်ဘက်အစွန်းမှ ထောင်တခုတွင် တဦးတည်း ဆက်လက် ဖမ်းဆီးချုပ်နှောင်ခံနေရသည်။ သူ့အတွက် တခုတည်းသော ထောင်ပြင်ထွက်ရချိန်သည် လွန်ခဲ့သောနှစ်အတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စတာ ဒွန် ပရာမတ်ဝီနိုင်နှင့် တွေ့ရသည့် တိုတောင်းသော ကာလဖြစ်ပြီး သူ့ကို ချမှတ်ထားသည့် ထောင်သက်တမ်းကိုလည်း ၃၃ နှစ်မှ ၂၇ နှစ်သို့ လွန်ခဲ့သောနှစ်က လျှော့ချပေးသည်။ အာဏာသိမ်းမှု နှစ်ပတ်လည်သည် ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းနည်းစရာကောင်းသော လက်ရှိအခြေအနေနှင့် ဝေဝါးနေသည့် အနာဂတ်ကို မီးမောင်းထိုးပ...

ပဲခူးတိုင်း မင်းလှမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွား

  မင်းလှတွင် ၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲ ၆ ကြိမ် အတွင်း စစ်တပ်ဘက်မှ စစ်သား ၈၀ ဦးကျော်သေဆုံး ရန်ကုန်၊ မတ် ၁၁ ပဲခူးတိုင်း၊ မင်းလှမြို့နယ်အတွင်း ၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲ ၆ ကြိမ် အတွင်း စစ်တပ်ဘက်မှ ၈၀ ကျော်သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ မတ်လ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ ဧက ၁၀၀၀ ကျွန်း စိုက်ခင်း ကျုံးပေါက်အနီး၌ စစ်ကြောင်း ထိုးလာသော အင်အား ၁၂၀ ပါ စစ်ကောင်စီ တပ်သားများကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ နှင့် ဒဂုံစစ်ကြောင်းတို့က စောင့်ကြို တိုက်ခိုက်ခဲ့ရာ အပြန်အလှန် တိုက်ပွဲ ၂ နာရီကျော် ကြာမြင့်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်ဘက်မှ ၂၀ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။ ယင်းနေ့ ညနေ ၅ နာရီခန့်အချိန် မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်းပေါ်ရှိ ဟိုင်းယု လမ်းဆုံတွင် တပ်ဆွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ နှင့် တပ်ခွဲ ၃ တို့က လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ရှောင်တခင် သွားရောက် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၃ နာရီခန...

တပ်မလက်ရွေးစဉ် ဘီလူးစစ်ကြောင်းဆိုသည်မှာ .....

    “ဒီစစ်ကြောင်းက စစ်တိုက်ဖို့ဆိုတာထက် လူတွေကိုသတ်၊ မုဒိမ်းကျင့်ဖို့ အဲ့လိုမျိုးတွေလုပ်ဖို့ အဓိကလာတဲ့ စစ်ကြောင်းပါ။ လူမဆန်တဲ့ လုပ်ရပ်တွေကို အဓိကလုပ်တာ” မြောင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) က ကိုနွေဦးက စစ်ကိုင်းဒေသအတွင်း စစ်ရာဇဝတ်မှုများကို ကျူးလွန်ချိုးဖောက်နေသည့် ဘီလူးစစ်ကြောင်း၏ လုပ်ရပ်များကို ပြောဆိုသွားခြင်းဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြည်သူများကို ရက်ရက်စက်စက် ခေါင်းဖြတ်သတ်သည့် စစ်ကြောင်း၊ အစုလိုက် အပြုံလိုက် သတ်သည့်စစ်ကြောင်း၊ မုဒိမ်းမှုများကို ကျူးလွန်နေသည့် စစ်ကြောင်းဟု ဆိုလိုက်ပါက လူတိုင်းက ဆိုးဆိုးရွာရွား နာနာကျည်းကျည်း အမှတ်ရနေသည့် စစ်ကြောင်းမှာ ဘီလူးစစ်ကြောင်းပင် ဖြစ်သည်။ ရက်စက်မှုအပေါင်း သရဖူဆောင်းထားသည့် ဘီလူးစစ်ကြောင်းသည် ယခုနှစ် ဩဂုတ်လ တတိယပတ်မှ စက်တင်ဘာလ ဒုတိယပတ်ထိ စစ်ကိုင်း၊ ရွှေဘို၊ ဝက်လက်နယ်များသို့ စစ်ကြောင်းထိုး ဝင်ရောက်ပြီးနောက် ပြည်သူများကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်။ 'စစ်ကိုင်း၊ ရွှေဘို၊ ဝက်လက်နယ်ထဲ ဘီလူးစစ်ကြောင်း၏ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သည့် အခြေအနေများ' မန္တလေး-ရွှေဘို-မြစ်ကြီ...

ရှမ်းမြောက်က ကျားဖြန့် ဇာတ်သိမ်းခန်း

  ဇန်နဝါရီ ၃၀ ရက်တွင် မြန်မာနိုင်ငံ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက တရုတ် အစိုးရထံ မြန်မာနိုင်ငံမြောက်ပိုင်း ကျားဖျန့် လုပ်ငန်းများတွင် အဓိက ကြိုးကိုင်သူများဟု သတ်မှတ်ထားသည့် ပယ်စောက်ချိန်အပါအဝင် ခြောက်ဦးနှင့် အခြားအရေးကြီးသံသယရှိ သူ လေးဦးကို လွှဲပြောင်းပေးခဲ့သည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ဇန်နဝါရီ ၃၀ ရက်တွင် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးအဖွဲ့ အစည်းထံသို့မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့် ဒေသ အွန်လိုင်းလိမ်လည်မှုအဖွဲ့၏ အဓိက ခေါင်းဆောင် ခြောက်ဦးဖြစ်သည့် ပယ် စောက်ချိန်၊ ပယ်ရင်ချန်၊ဝေ့ဟွိုင်ရန်၊ လျိုကျန့် ရှန်၊ လျိုကျန့်မောက်၊ ရွှီလောက်ဖာနှင့် အခြား အရေးကြီး ပြစ်မှုကျူးလွန်ကြောင်းသံသယရှိ သူ လေးဦးအား တရားဥပဒေနှင့်အညီ လွှဲ ပြောင်းပေးအပ်ခဲ့ပြီး အဆိုပါ ၁၀ ဦးကို ယင်း နေ့ညတွင်ပင် တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့ သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ခဲ့သည်။ ယင်းသို့ မြန်မာနိုင်ငံမြောက်ပိုင်းရှိ ကျား ဖျန့်လုပ်ငန်းများတွင် အဓိကတာဝန်ရှိသူဟု တရုတ်အစိုးရက သတ်မှတ်ထားသည့် ပယ် စောက်ချိန် အပါအဝင် ခြောက်ဦးအား လွှဲ ပြောင်းပေးအပ်ခြင်းမှာ တရုတ်-မြန်မာ နှစ် နိုင်ငံ၏ န...

အာဆီယံ-သြစတြေးလျ ထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီ ကိုယ်စားလှယ်တက်မည်

 စစ်ဗိုလ်ချုပ်များခန့်ထားသည့် သံအမတ်က မဲလ်ဘုန်းမြို့တွင် ၃ ရက်ကြာ ကျင်းပမည့် ဒေသတွင်း အထူးထိပ်သီးအစည်းအဝေးကာလအတွင်း ဆွေးနွေးပွဲ ၂ ခုကို တက်မည်ဟု သိရှိရသည်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသည့် အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသည့် သြစတြေးလျ ဝန်ကြီးချုပ် Anthony Albanese ကို တွေ့ရစဉ်။ သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် မတ်လ ၄ ရက်မှ ၆ ရက်အထိ ကျင်းပမည့် အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီကိုယ်စားလှယ် တက်ရောက်မည်ဟု သိရသည်။ အစည်းအဝေးကာလတွင် ပြုလုပ်မည့် ရေကြောင်းပူးပေါင်းဆောင်ရွက်ရေးညီလာခံ၊ ရာသီဥတုနှင့် သန့်ရှင်းသောစွမ်းအင်ဆိုင်ရာ ဖိုရမ်တို့ကို ကင်ဘာရာမြို့ မြန်မာသံရုံးမှ စစ်ကောင်စီခန့် သံအမတ် ဦးသက်ထွန်း တက်ရောက်မည်ဖြစ်သည်။  အခြား ဆက်စပ်အစည်းထိပ်သီးအစည်းအဝေးများသို့ စစ်ကောင်စီကိုယ်စားပြုကိုယ်စားလှယ် တက်မည်၊ မတက်မည်ကိုမူ သြစတြေးလျ နိုင်ငံခြားရေးနှင့် ကုန်သွယ်မှုဌာနက ပြောဆိုခြင်းမရှိပေ။ ...

Click !