" လက်စားခြေ သံသရာ "
ကမ္ဘာ့မြင်ကွင်းတွေက ဘယ်နေရာကြည့်ကြည့် တခုမှမကောင်းဘူး၊ Trump သမ္မတဖြစ်လာရင်ပိုဆိုးဦးမယ်၊ အနောက်ဥရောပဖက်မှာ အကြမ်းဖက်မှုတွေကို မကြာခဏ ကြားရ မြင်ကြရဦးမယ်၊
ရုရှား Crocus City Hall ကိုအကြမ်းဖက် တိုက်ခိုက်သွားတယ်၊ အကြမ်းဖက်သူတွေရော သံသယရှိသူတွေရော ဖမ်းဆီးစစ်ဆေးခံကြရတယ်၊ ခပ်ပြင်းပြင်း စစ်ဆေးမှုကို မီဒီယာက တင်လိုက်တဲ့အတွက် အကြမ်းဖက်အဖွဲက ထပ်ပြီး ကြိမ်းပြန်တယ်၊
အမှောင်ထဲကထွက်တိုက်တဲ့စစ်ကို ပိုကြောက်လို့ မိတ်ပျက်ခံပြီး UNSC မှာ ဘိုင်ဒင်က Veto မသုံးပဲ ချက်ခြင်းအပစ်ရပ် တောင်းဆိုမှုကို ခွင့်ပြုလိုက်တယ်၊ ဒီကိစ္စ ဒီမှာပဲပြီးသွားမလား ဆိုတဲ့ မေးခွန်းဖြစ်လာတယ်
အစ္စရေးနယ်မြေထဲ ကျူးကျော်လာပြီး အစ္စရေး (၁၄၀၀) ကျော်သတ်ဖြတ်သွားလို့ Gaza operation လုပ်ရာမှာ ပါလက်စတိုင်း (၃၂,၀၀၀) ကျော်သေကြပြန်တယ်၊ Hamas အပြင် ဟူသီနဲ့ ဟဇ်ဘိုလာတွေပါလာကြပြီ၊ ဆက်နွယ်အကျိုးဆက်က ကမ္ဘာအနှံ အမေရိကန်အကျိုးစီးပွားရှိရာတွေ၊ အမေရိကန်တွေ ပစ်မှတ်ထား အတိုက်ခံရမှာစိုးလို့ အမေရိကန်က အစ္စရေးကို စစ်ဆင်ရေး ဆက်မလုပ်ဖို့တားတယ်၊
အစ္စရေးရဲ့ယုံကြည်ချက်ကလဲ အကြမ်းဖက်တွေ လုံးဝမရှိမှ ငြိမ်းချမ်းမှာဆိုပြီး Total victory အလုံးစုံအောင်နိုင်ရေး ဖြစ်အောင်ဆက်လုပ်တယ်၊
Trump သမ္မတဖြစ်လာရင်
သေခြာတာက Trump နဲ့ Biden က Ideology မှာ ဆန့်ကျင်ဖက်၊ အစ္စရေးရဲ့ဖြစ်တည်မှု့နဲ့ အင်အားရှိမှုက အရှေ့အလယ်ပိုင်းမှာ မရှိမဖြစ် အမေရိကန်အတွက်လိုအပ်တယ်လို့ ခံယူထားလေတော့... ထရမ့်က ဘိုင်ဒင်နဲ့ဆန့်ကျင်ဖက်ကို လုပ်မှာသေခြာတယ်၊
ဆိုရင်.....
အကြမ်းဖက်တွေဟာ ဆွန်နီနဲ့ရှီအိုက် ကွာခြားတာကလွဲပြီး အနောက်ကမ္ဘာမှာ ခပ်စိပ်စိပ် လှုပ်ရှားလာတာကို မြင်တွေ့ရဖွယ်ရှိနေပါတယ်၊