ဓနအားထက်
ဗလအားထက်
ပညာအားက ပိုကြီးတယ်
ဒါကြောင့် ကျွန်းသေးသေးလေး UK က
နေမဝင်အင်ပါယာကို ထူထောင်သွားနိုင်တာ၊
အားလုံးထက်ပိုကြီးတာက
ကုသိုလ်အားပဲ ၊
ကုသိုလ်ကံအားကြီးလာရင်
ကမ္ဘာ့နံပါတ် (၁) စစ်အင်အားရှိတဲ့
အမေရိကန်သမ္မတဖြစ်လာနိုင်ပြီး
အဲ့ဒီ စစ်တပ်ကြီးကို အမိန့်ပေးနိုင်တဲ့
သေနာပတိချုပ်ဖြစ်လာနိုင်တယ်၊
ကုသိုလ်အရှိန်ကုန်လို့
အကုသိုလ် အလှည့် တဖန်ပြန်ခံစားရတဲ့အခါမှာလဲ......
နပိုလီယံလို စစ်ရှုံးပြီး
ဆဒမ်ဟူစိန်လို ကြိုးမိန့်နဲ့ စီရင်ခြင်းခံရပြန်ရော
ကံ ကျလာတဲ့အခါမှာ အသက်သာဆုံး လုပ်နိုင်တာက ဉာဏ်အရာတခုထဲနဲ့ပဲ ဆိုတာကို သိထားနိုင်ရင် သိပ်ပြီး အကျမနာနိုင်ကြဘူးပေါ့၊
ကံ မုန်းတဲ့အခါ
ရှောင်လို့မရဘူး
အယူခံလဲဝင်ခွင့်မရှိဘူး
သက်သာအောင်ပဲ လုပ်ခွင့်ရှိတယ်
ကိုယ် ကအခြေအနေကို ရှေးဦးလက္ခဏာတွေနဲ့
သတိထား ပညာနဲ့ကြည့်ရင်...
ကြိုတင်ပြင်ဆင်ချိန်တွေရနိုင်ပါတယ်၊
ဒါကြောင့်မို့ Moden management ကို
သင်ပေးတဲ့အခါမှာ ကိုယ့်ရဲ့ Life pattern ကို
အမြဲတန်းသတိထား လေ့လာဖို့ တပည့်တွေကို
မမေ့တန်း သတိပေးလေ့ရှိပါတယ်၊
- ကိုယ့် Career ရုတ်တရက်ပြတ်တောက်တာ
( အားကြီးတဲ့ ဂရုကံဖြတ်တောက်ခံရခြင်း )
- 50% အထက် မုန်းသူများတာ
- အများနဲ့ အဆင်ပြေအောင် မနေနိုင်ကြသူ
- လုပ်သလောက် အကျိုးမရှိသူတွေ
အဲ့လိုသူတွေအနေနဲ့ ကံအရာအဖေးအမက
ကိုယ့်ဖက်မှာ သိပ်မရှိဖူးလို့ သိထားရင်
Unseen negative forces တွေအား ကောင်းနေတယ်လို့ မှတ်ယူပြီး၊ ဉာဏ်အရာနဲ့ ထိမ်းကျောင်း နိုင်ကြပါလိမ့်မယ်၊
အနန္တော အနန္တ (၅) ပါးနဲ့
ခင်ပွန်းကြီး (၁၀) ပါးကို ပြစ်မှုကျူးလွန်ထားရင်တော့... ဘယ်အချိန် အလွန်ခါးသီးတဲ့ အကုသိုလ်တွေ ဝင်လာမလဲ လို့ပဲ မျှော်ဘင့်ရုံကလွဲရင်
ကုစရာ နတ္ထိ လို့ပဲဆိုရပါလိမ့်မယ်၊
မြန်မာတွေ ခပ်ပါးပါးလောက်သိပြီး
သိတယ်လို့ယူဆကြတာဟာ အလွန်အန္တရာယ် များလှပါတယ်၊
ဥပမာ-
အကုသိုလ် အကျိုးပေးကို စပြီး ထိတွေ့တဲ့အခါ
ကုသိုလ်တွေဖိလုပ်ပြီး ဆိုးကျိုးကို နိယာမနဲ့ဆန့်ကျင်ပြီး ရှောင်ရှားချင်တာမျိုး၊
ဒိဋ္ဌဓမ္မအကျိုးပေးတဲ့ ပထမဇော ဟာ
ဇောအစမို့ အားနည်းတတ်တဲ့သဘောကိုသိရင်
တော်ရုံ အမှားတွေကို လုပ်ဖြစ်ကြမှာမဟုတ်ပါဘူး။