၈၈ တုန်းက ဦးနု ပြောတာ အမှတ်ရမိတယ်.. ဦးနေဝင်း.. သိမ်းထားတဲ့ အာဏာ သူ့ဆီပြန်အပ်ပါတဲ့.. မကြာဘူး.. ညွှန့်ပေါင်းအစိုးရ ဖွဲ့လိုက်ပြန်ပါတယ်.. အဲဒိအစိုးရအဖွဲ့ကနေ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးတင်ဦး တို့ က ကြိုတင်အသိမပေးလို့ မပါနိုင်ဘူး ဆိုပြီး ခွဲထွက်ပါတယ်.. ဦးနု ရဲ့ ညွှန့်ပေါင်းအစိုးရ အောင်မြင်တော့မလိုလို နဲ့ အဖျားရှုးသွားခဲ့ရပါတယ်.. နဝတ က လည်း ဦးနု ကို ကမ္ဘာဆုံးတိုင်ဝန်ကြီးချုပ် .. အာဏာရူးကြီး ဆိုတဲ့ လှောင်လုံး တွေ နဲ့ ပျကိရယ်ပြု ဆောင်းပါးတွေနဲ့ ချေမှုန်းခံလိုက်ရတယ်..
နောက်ပိုင်း ကျောင်းသားတွေက မေးတဲ့မေးခွန်း.. ဘဘနု အာဏာယူချင်လို့ စင်ပြိုင်အစိုးရ ဖွဲ့တာလား လို့ မေးတဲ့အချိန်မှာ.. အေးဟုတ်တယ်.. အဲဒါတွေက မင်းတို့အတွက် မင်းတို့ရဲ့အနာဂါတ်အတွက်ဘဲ.. လို့ ရဲရဲကြီး ပြောခဲ့တဲ့ ဗီဒီယို မှတ်တမ်းတွေ ကြည့်ရပါသေးတယ်..
နှစ်တွေကြာ ၂၀၀၀ ခုနှစ်နောက်ပိုင်းမှာတော့.. အမျိုးသားရေးဦးဝင်းနိုင် တို့လို တက်ကြွသူတွေ... အခြားခေါင်းဆောင်တွေရဲ့ သုံးသပ်ချက်တွေမှာ ဦးနု လုပ်ခဲ့တာ ခေတ်ရဲ့ လိုအပ်ချက်နဲ့အညီ မှန်ကြောင်း ကောက်ချက်ချ တာမျိုးတွေ လေ့လာရပါတယ်..
ဦးနု ရဲ့ ကျွန်တော့ကို အာဏာပြန်အပ်ပါ.. အစိုးရဖွဲ့ခွင့်ပေးပါ.. အဲဒိအစိုးရ ကနေမှ ဗိုလ်ချုပ်ကြီး နေဝင်း ကို တရားဝင်အာဏာလွှဲပေးပါ့မယ် ဆိုတဲ့ ပရင်စီပယ် အပေါ်မှာဘဲ တသက်လုံး ရပ်တည် တောင်းဆိုသွားတာ တွေ့ရပါတယ်.. ဒါတွေ ဟာ ဦးနုရဲ့ စာအုပ်တွေမှာ လေ့လာနိုင်ပါတယ်.. ဦးနု စိုးရိမ်ခဲ့တာက နိုင်ငံတနိုင်ငံရဲ့ သမိုင်းမှာ စစ်တပ်က အာဏာသိမ်း တာဟာ ကောင်းမွန်တဲ့ အရာမဟုတ်ပါ.. သမိုင်းအမဲစက်ကြီးဖြစ်သွားပြီး.. အာဏာသိမ်းအကျင့်ကြီးပါသွားလိမ့်မယ် လို့ စိုးရိမ်ခဲ့တာပါ..
ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းတော့ အားလုံးသိတဲ့အတိုင်း ဦးနု နဲ့ အစိုးရခေါင်းဆောင်တွေ အကုန်လုံး ထောင်ထဲထည်းထားခဲ့ပါတယ်.. ၅ နှစ်လောက်ကြာပြီးမှ ပြန်လွှတ်ပေးပြီး.. ဗိုလ်ချုပ်နေဝင်းက အဲဒိခေါင်းဆောင်င်္ကြးတွေကို ၃၃ ဦး အကြံပေးအဖွဲ့ဆိုပြီး ဖွဲ့စေပြီး တိုင်းပြည်ရဲ့ အနာဂါတ်အတွက် စာတမ်းတွေ သူ့ဆီကို ပြုစုတင်ပြဖို့ အဆိုင်းမင့် ပေးခဲ့ပါတယ်.. အဲဒိ ၃၃ ဦး အဖွဲ့ကနေ စာတမ်း ၃ စောင်ထွက်ခဲ့ပါတယ်.. တခုက ဦးကျော်ထွန်းဦးဆောင်တဲ့ အဖွဲ့.. နောက်တခုက ဦးကျော်ငြိမ်းဦးဆောင်တဲ့အဖွဲ့.. နောက်ဆုံးကတော့ ဦးနု ဆီက လို့ မှတ်မိပါတယ်..
ဦးကျော်ငြိမ်း နဲ့ ဦးကျော်ထွန်း တို့ရဲ့စာတမ်းမှာတော့ တိုင်းပြည်ဟာ ဆိုရှယ်လစ်စနစ် နဲ့ မသွားလဲမရ.. ဗိုလ်ချုပ်ကြီးနေဝင်း ဦးမဆောင်လဲမဖြစ် ဆိုတဲ့ သုံးသပ်ချက် မျိုးဖြစ်ပြီး.. ဦးနုရဲ့စာတမ်းကတော့ သီးခြားကွဲလွဲနေပါတယ်.. ထုံးစံအတိုင်း သူ့ပရင်စီပယ် အတိုင်း ဗိုလ်ချုပ်ကြီးနေဝင်း သူ့ဆီအာဏာပြန်အပ်ပါ.. ပြီးမှ သူက တရားဝင် အာဏာလွှဲပေးမယ်.. အဲဒိအချိန်ကြမှ ဗိုလ်ချုပ်ကြီးနေဝင်း ကြိုက်တဲ့စနစ် နဲ့သွားပါ ဆိုပြီး ရေးခဲ့တဲ့စာတမ်းပါ.. ဒီစာတမ်းဟာ သူ့ အတွက်အန္တရာယ်ရှိမယ် ဆိုတာကြိုမြင်လို့ ဦးနု ဟာ အိန္ဒိယ ဘုရားဖူးထွက်မယ်ဆိုပြီး ထွက်သွားတော့မှ ထုတ်ပြန်ခဲ့တာပါ.. အဲဒိနောက်ပိုင်း ဦးနု မြန်မာပြည် ပြန်မလာတော့ဘဲ ပြည်သူ့ပြည်ချစ်ပါတီထောင်ပြီး ဗိုလ်နေဝင်း အစိုးရကို တိုက်ခဲ့ပါတယ်..
ကျွန်တော်တို့ငယ်စဉ် မဆလ ခေတ်မှာတော့ "နောက်ဆုံးပေါ် သုံးပါတီ" တို့ " တိုင်းပြည်ကို လက်ညှိုးထိုး ရောင်းစားသော ဦးနု နဲ့ အပေါင်းအပါတစ်စု" ဆိုတဲ့ စာအုပ်တွေရေးပြီး ဦးနု ကို သမ ခဲ့ပါတယ်...
လွတ်ငြိမ်းချမ်းသာခွင့်တွေပေးချိန် မှတ်မိသလောက် ဦးနု.. ရန်ကုန်ဘဆွေ.. တို့ပြန်ဝင်လာကြပါတယ်..
ဟုတ်ကဲ့.. တိုင်းပြည်မှာ စစ်တပ်က အာဏာသိမ်းတာဟာ သမိုင်းဆိုးကိုဖြစ်စေတယ် ဆိုတဲ့ ပရင်စီပယ် ကို စွဲစွဲမြဲမြဲ ကိုင်ထားပြီး အံတုခဲ့တဲ့ ဦးနု ရှုံးခဲ့ပါတယ်..
ဒါပေမဲ့ ဦးနု ဘယ်လောက်မှန်ခဲ့သလဲ ဆိုတာကတော့ မျက်မြင်ကိုယ်တွေ့ပါဘဲ.. အားအားယားယား အာဏာတွေသိမ်းနေတာ ၆၂ တခါ.. ၈၈ တမျိုး.. ၉၁ ဗိုလ်ချုပ်စောမောင် နဲ့အပေါင်းအပါ ကိုဖြုတ်ချ .. ၉၆ နဝတ ဗိုလ်ချုပ်တွေဖြုတ် နအဖ အဖြစ်အသွင်ယူ စသဖြင့် ဇတ်တူသားလည်းစား.. အာဏာလည်းသိမ်းတာမျိုးတွေ ဂတီးဂတီး ဖြစ်နေခဲ့တာလေ..
အခုလည်း လာပြန်ပြီ.. မင်နဲ့မောင်းနဲ့ နိုင်ငံတော်ထိန်းသိမ်းရေး တဲ့... ကလေးတွေကို ပစ်ခတ်သုတ်သင်နေတာများ...
ဒီကြားထဲ စိတ်မကောင်းရတာက.. ဒီအာဏာသိမ်း ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ဆိုတာက ခေါ်တဲ့အစည်းအဝေးမှာ ဦးနု နဲ့ ဆက်စပ်တဲ့ ဒီငြိမ်းပါတီ တို့.. ဒီမိုကရက်တစ် မြန်မာပြည်တို့ ရဲ့ ပါတီခေါင်းဆောင်တွေက တက်ကြွစွာ ရှေ့က ပါနေကြတာမြင်ရတော့..
သွားလေသူ ဝန်ကြီးချုပ်ဦးနု ကိုဘဲ အားနာနေမိတော့တယ်..
(မှတ်မိသလောက် မှုန်မှုန်ဝါးဝါး ရေးရတာဖြစ်သဖြင့် အချက်အလက် တချို့ မှားယွင်းနိုင်ပါသည်.. ခွှင့်လွှတ်ပါ..)