နေဝင်ချိန် မှတ်တမ်း (၄)
================
အင်္ဂလန်ရှိ Oxford တက္ကသိုလ်ဆိုတာ ဝင်ခွင့်ရရန် ခက်ခဲသလို ကုန်ကျစရိတ်လည်း ကြီးမြင့်လွန်းတဲ့အတွက် တော်ရုံလူတန်းစား မတတ်နိုင်ပါဘူး ။
ဒါပေမယ့် ဒေါ်ခင်ကြည် အိန္ဒိယသံအမတ်ဘဝမှာပဲ သူ့မိသားစုအတွက် လိုအပ်နေသော လူမှုရေး ကိစ္စအဝဝ ကို ဦးနု ၊ ဦးနေဝင်း နဲ့ ဦးသန့်တို့က ကူညီပေးခဲ့ရပါတယ် ။
Dover ကောလိပ်နဲ့ imperial ကောလိပ်တို့ မှာ အင်ဂျင်နီယာ ပညာသင်စေခဲ့ပါတယ် ။
အဲဒီနောက် ဦးစွာ ဗြိတိန်ရေတပ်မှာ အလုပ်ဝင်ခဲ့ပြီး မှ ၁၉၇၃ ခုနှစ် ဦးအောင်ဆန်းဦး အသက် ၃၀ အရွယ်ကျမှ အမေရိကန်နိုင်ငံသို့ ပြောင်းရွှေ့သွားပြီး အမေရိကန်နိုင်ငံသား ခံယူခဲ့တာ လူသိနည်းလှပါတယ် ။
မောက်ဘက်တန်ဟာ ဒေါ် အောင်ဆန်းစုကြည်ကိုလည်း Oxford တက္ကသိုလ်သို့ ဝင်ခွင့်ရရေး အတွက် သူ့ရဲ့ Royal Family (တော်ဝင်မိသားစု) ဩဇာဖြင့် တက္ကသိုလ်အုပ်ချုပ်ရေး ကောင်စီသို့ မေတ္တာရပ်ခံပေးခဲ့လို့ ဝင်ခွင့်ရခဲ့ပါတယ် ။
စကောလားရှစ် ရဖို့အတွက်တော့ ဦးသန့်က ထောက်ခံပေးခဲ့ရပါတယ် ။
သူတို့ မောင်နှမဟာ Anne မင်းသမီးထက် ၃/၄ နှစ်ကြီးပါတယ် ။ မောက်ဘက်တန်ဟာတူမတော် Anne မင်းသမီး နည်းတူ စောင့်ရှောက်ခဲ့ပါတယ် ။
နောင်တချိန်မှာ အောက်ဆန်းမျိုးဆက်ဟာ မြန်မာနိုင်ငံ အတွက် အရေးပါလာနိုင်တယ်လို့ ကြိုတင်တွက်ဆထားမိတဲ့ ဦးသန့်နဲ့ မြန်မာလူကြီးတွေ ဟာဒေါ် အောင်ဆန်းစုကြည်ကို ဆုံးမစကားပြောလေ့ရှိပါတယ်
၁၉၆၇ မှာ တရုတ်မြန်မာ အရေးအခင်း ဖြစ်ပါတယ် ။ သံအမတ်တွေ အပြန်အလှန် ပြန်လာကြရပြီး သံရုံးအတွင်းဝန်အဆင့်ပဲ ကျန်တော့တဲ့ အထိ သံတမန်ဆက်ဆံရေး နိမ့်ကျခဲ့ပါတယ် ။
၁၉၇၀ ခုနှစ်များမှာတော့ တရုတ်ဖက်က အခြေအနေကြောင့် လျော့ပေးလာ၍ နှစ်ဖက် သံအမတ်များ ပြန်လည်စေလွှတ်ကြကာ စီးပွားရေး စာချုပ်များ ချုပ်ဆိုကြပါတယ် ။
၃-၂-၁၉၇၉ မှာ တရုတ်ပါတီခေါင်းဆောင် တိန့်ရှောင်ဖိန် မြန်မာပြည်ကို လာပါတယ် ။
တရုတ်သမ္မတက ဟွကိုဖုန်း ဖြစ်ပါတယ် ။ ပါတီခေါင်းဆောင်လာတော့ ပါတီဥက္ကဌ ဦးနေဝင်းက ကြိုဆိုရပါတယ် ။
သမ္မတက ဦးစန်းယုပါ ။
ဦးနေဝင်းက တိန့်ရှောင်ဖိန်အား ၁၉၆၇ တုန်းက ဗကပတွေကို တရုတ်က ကူညီတာနဲ့ ပါတ်သပ်ပြီး ကန့်ကွက်စကား အဓိကထားပြီး ပြောခဲ့ပါတယ် ။
အဲဒီအချိန်က ဦးနေဝင်းဟာ မော်စီတုန်း နဲ့ ခေတ်ပြိုင် တော်လှန်ရေးသမား ၊ နိုင်ငံရေးသမား ဖြစ်လို့ ဒေသတွင်းက အိမ်နီးခြင်းနိုင်ငံတွေရဲ့ ခေါင်းဆောင်များက လေးစားရသူ ဖြစ်ပါတယ် ။
ဒါကြောင့် တိန့်ရှောင်ဖိန်က ဦးနေဝင်းကို ပါတီဧည့်သည်တော်အဖြစ် တရုတ်ပြည်သို့ အလည်လာပါရန် တရားဝင် ဖိတ်ကြားခဲ့ပါတယ် ။
တိန့်ရှောင်ဖိန် ဖိတ်ကြားခဲ့ရခြင်း အကြောင်းကိုတော့ ဆရာမောင်အောင်မျိုး ရေးသားခဲ့သော In the name of Paul -Phaw Myanmar's China Policy since 1948 ဆိုတဲ့ စာအုပ်ရဲ့ အခန်းများထဲက 1962-1988 Sino Myanmar relations ဆိုတဲ့ အခန်းမှာ ဒီလို ရေးထားပါတယ် ။
၁၉၈၀ မှာ ဦးနေဝင်း တရုတ်ပြည် ရောက်လာတော့ တိန့်ရှောင်ဖိန် နဲ့ ဟွကိုဖုန်း တို့က ဗကပဥက္ကဌ ဗသိန်းတင် နဲ့ ဦးနေဝင်းတို့ တွေ့ဆုံဆွေးနွေးကြဖို့ စီစဉ်ပေးပါတယ် ။
ဗသိန်းတင်က အချက် ၄ ချက်တောင်းဆိုပါတယ် ။
၁ ။ ဗမာပြည်ကွန်မြူနစ်ပါတီကို ဆက်လက်အသိအမှတ် ပြုရေး
၂ ။ ဗမာပြည်ကွန်မြူနစ်ပါတီ၏ လက်နက်ကိုင် တပ်ဖွဲ့ကို အသိအမှတ်ပြုရေး
၃ ။ တွေ့ဆုံပွဲကို လှို့ဝှက်ပေးထားရန်
၄ ။ တွေ့ဆုံဆွေးနွေးနေစဉ် အပစ်အခတ်ရပ်စဲထားရန်
ဆိုတဲ့ အချက်လေးချက် တောင်းဆိုပါတယ် ။
ဦးနေဝင်းက အဲဒီ အချက် ၄ ချက်ထဲက တောင်းဆိုချက် တချက်ကိုပဲ လိုက်လျှောမပေးနိုင်ဘူးလို့ အကြောင်းပြန်ခဲ့ပါတယ် ။
အဲဒီအချက်ကတော့ ........?