Skip to main content

Continue !

”ကုန်ဘောင်ခေတ် အကြီးကျယ်ဆုံး သူရဲကောင်း မုဆိုးချုံဗိုလ် မင်းခေါင်နော်ရထာ”

 



〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️
သူ၏ ငယ်နာမည်မှာ ငတွန် ဖြစ်သည်။ သူ့ကို အလောင်းဘုရားက အင်းဝမြို့ပြင် ဇရပ်တစ်ခုတွင် တွေ့ရှိလာသည်ဟု ဆိုကြသည်။
ဘုန်းလက်ရုံး ထွန်းတောက်မည့်သူမှန်းသိ၍ ထိုအချိန်မှစ အလောင်းဘုရားနောက် လိုက်ခဲ့သည်။မျက်စိကို အဝတ်စည်း၍ လှံဆီ ပြေးဝင်ရသော မြင်းရည်တက်သူရဲကောင်း ၆ ကျိပ် ၈ ယောက်အနက် အထင်ရှားဆုံးသူလည်း ဖြစ်သည်။
သီရိရွှေတောင်၊ မင်းလှရွှေတောင်၊ မင်းလှမင်းခေါင်၊ မင်းခေါင်နော်ရထာဘွဲ့များတစ်ခုပြီးတစ်ခု ရသည်။အလောင်းမင်းတရား၏ အားအထားရဆုံး ဘယ်လက်ရုံးကြီးလည်း ဖြစ်သည်။ ညာလက် ရုံးမှာမူ မဟာသေနာပတိ သေနတ်ဝန် ဦးကောင်း ဖြစ်သည်။
ငတွန်သည် လက်ရုံးအရာတွင် ပြိုင်စံရှား၍ သူ့ခေတ် သူ့အခါ၌ သူ့ကို ယှဉ်နိုင်သူ အလွန်ရှားခဲ့သည်။ သူ့ကို နိုင်မည့်သူမှာ အလောင်းဘုရားနှင့် လက်ျာပျံချီ ငချစ်ညိုသာ ရှိသည်။
အလောင်းဘုရားကိုပင် နိုင်ခဲ့ဖူးသူ လက်ျာပျံချီကမူ သူ့ကို ”ငတွန်၊ မင်း ငါ့အဖက်မဟုတ်။ ငါ့လှံ သွေးစွန်းရုံ ရှိမည်” ဟု ဆိုကာ စီးချင်းတိုက်ရန် ပယ်ချခဲ့ဖူးသည်။
သို့ရာတွင် လက်ျာပျံချီ မရှိတော့သည့် နောက်ပိုင်း၌ သူ့ကို နိုင်မည့်သူ မပေါ်တော့။ မည်သည့်လူမျိုး မည်သည့်စစ်တပ်နှင့် မည်သည့်အင်အားဖြစ်စေ သူ တိုက်ရဲသည်။ အနိုင်ယူနိုင်သည်။
ကုန်းဘောင်ခေတ် တစ်ခုလုံးတွင် သူသည် အကြမ်းဆုံးသူရဲကောင်း ဖြစ်သည်။ သာမန်အဝတ်အထည်များသာ ဆင်ယင်လေ့ရှိသော သူသည် သာမန်ရဲမက်နှင့် မခြားနားလှသော်လည်း မြင်သည်နှင့် ကြောက်ရသူမျိုး ဖြစ်သည်။
တစ်ခါက မွန်စစ်သူကြီးတစ်ယောက်၏ တပ်ကို သူတို့ ဝင်တိုက်ကြသည်။ မွန်တို့ တပ်ပျက်၍ အသည်းအသန် ထွက်ပြေးကြရသည်။
နောင်အခါ ထိုစစ်သူကြီး အလောင်းဘုရားထံ ခိုဝင်လာ၍ အလောင်းဘုရားက သူ့လူများနှင့် တိုက်ပွဲတွင် ဘယ်အရာကို အမှတ်မိဆုံးလဲ ဟု မေးရာ မွန်စစ်သူကြီးက”တိုက်ပွဲတစ်ခုတွင် မြန်မာတပ်က ကျွန်တော်တို့ မွန်တပ်ကို ဝင်စီးသည်။
မြန်မာ မြင်းတပ်မှ အရပ်ပုပျပ်ပျပ် အသားညိုညိုနှင့် အလုံးအထည်တောင့်တောင့်ရှိသော မြင်းသည်တစ်ဦးသည် ဆံပင်ကို ဖားလျားချလျက် ပုံက ခွာ၍ ကျွန်တော်ရှိရာ မြင်းတပ်သို့ တစ်ဦးတည်း တန်းတန်းမတ်မတ် စွတ်ဝင်လာသည်။
လှံနှင့် နှစ်ကြိမ်သုံးကြိမ် ဆီးပစ်သော်လည်း မရှောင်။ မခုမခံ ပြန်လှန် မပစ်ဘဲ လူဆီသို့သာ အတင်းလိုက်လာသဖြင့် လက်ရဖမ်းလိုဟန် ရှိသည် ဟူ၍ ကျွန်တော်တို့မြင်းတပ် ခွာရချေသည်။ တပ်အလုံး ဆုတ်သည်တွင်မှ အဝေးကရပ်၍ လှမ်းကြည့်နေရစ်သည်”ဟု ဆိုသည်။
အလောင်းဘုရားက ယခု ထိုသူကို မြင်လျင် မှတ်မိပါ့မလားဟု မေးရာ မှတ်မိပါသည် ဟု လျှောက်သည်။ ဝိုင်းထိုင်နေကြသော လူများထဲမှ ရွေးထုတ်စေရာ စစ်သည်များကြားတွင် ထိုင်နေသော မင်းခေါင်နော်ရထာကို မြင်သောအခါ
”သည်လူပင် ဖြစ်သည်။ တစ်ကြိမ်သာ တွေ့ဖူးသော်လည်း ယခုတိုင် ကြောက်လှပါသေးသည်” ဟု ဆိုသည်။အလောင်းဘုရားက ဟက်ဟက်ပက်ပက် ရယ်မော၍ စစ်အတွင်း တစ်ကြိမ်သာ ရုတ်တရက် တွေ့သော်လည်း သည်လောက်ကြာပြီကို မှတ်မိနိုင်သေးသည် ဟူ၍ ထိုမွန်စစ်သူကြီးကို ဆုလာဘ် ပေးလေသည်။
မင်းခေါင်နော်ရထာသည် ထိုသို့သော လူမျိုး ဖြစ်သည်။ တာမွေတွင် မွန်စစ်သူကြီး ဒလပန်းနှင့် စီးချင်းတိုက်ရာတွင်လည်း ဒလပန်းရှုံး၍ ပြေးရသည်။
သို့သော် ကွေ့ ဂုဏ္ဏအိမ်ကို သွားတိုက်စဉ် တစ်ကြိမ် အကြီ းအကျယ် တပ်ပျက်ဖူးသည်။ စစ်ချီသွားစဉ် ကွေ့တို့က ခက်ခဲသော လျှိုမြောင် တောင်ကြားမှ အလစ်ဆီးတိုက်သဖြင့် အိမ်ရှေ့မင်း ဦးဆောင်၍ အကွပ်အကဲ ညံ့ဖျင်းသောမြန်မာတို့ တပ်အလုံး ပျက်လေသည်။
အိမ်ရှေ့မင်းက သူ့ကို နောက်ချန်နေခဲ့ရန် ပြောကာကိုယ်လွတ် ရုန်းပြေးလေသည်။ သူက ”တပ်အားလုံး ပျက်ပြီးမှ မည်သို့ နောက်ချန် နေနိုင်မည်နည်း” ဟု ဆိုလျက် မနေဘဲ ဆုတ်ခဲ့သဖြင့် အလောင်းမင်းတရား အမျက်တော်ရှကာ အကျဉ်းချထားခြင်း ခံခဲ့ရသေးသည်။
ထိုအချိန်မှ စ၍ သူသည် ရန်သူမည်မျှပင် အင်အားများ၍ မဖြစ်နိုင်စေကာမူ နောက်ချန်နေခိုင်းလျင် နေခဲ့၍ ရွပ်ရွပ်ချွံချွံ တိုက်တော့သည်။ယိုးဒယားကို သွားတိုက်စဉ် အလောင်းဘုရား နာမကျန်းဖြစ်သဖြင့် တပ်ဆုတ်ကြရာ သူ့ကို နောက်ချန်တပ်အဖြစ် ထားခဲ့သည်။
မြန်မာတပ်များ ဆုတ်သွားကြောင်း သိသဖြင့် ယိုးဒယားတို့ အင်အားကြီး လိုက်ထပ်ကြသည်ကို လူအင်အား အနည်းငယ်ဖြင့် ခံနိုင်အောင် ခံသည်။
အရပ်လေးမျက်နှာမှ ဝိုင်းရံလာသော ယိုးဒယားတပ်များကို လေးစုခွဲ၍ ဖောက်ထွက်ပြီး ရွှေထီးဆောင်း ယိုးဒယားဗိုလ်မှူးတစ်ဦးကိုပင် အယုဒ္ဓယမြို့ခြေထိ မြင်းနှင့်လိုက်၍ ဆင်ပေါ်မှ ထိုးချကာ ခေါင်းဖြတ်ယူခဲ့သေးသည်။
သန်လျင်တိုက်ပွဲတွင် အလောင်းဘုရား အားအထားရဆုံး သေနတ်ဝန်ဦးကောင်း ကျဆုံးသွားရာ မင်းခေါင်နော်ရထာသည် အလောင်းဘုရား၏ အကြီးဆုံးလက်ရုံးကြီး ဖြစ်လာခဲ့သည်။
မုဆိုးဖိုရွာမှ အစပြု၍ နိုင်ငံတော်တည်ထောင်ရာတွင် ရှေ့ဆုံးမှ စွမ်းစွမ်းတမံ ပါဝင်ခဲ့ပြီး မွန်၊ ကွေ့၊ ကသည်း၊ ထားဝယ်၊ အင်္ဂလိပ်၊ ယိုးဒယား တို့နှင့် တိုက်ခိုက်ခဲ့ရသည်။ကုန်းဘောင် ခေတ် တစ်လျှောက်လုံးတွင် သူရဲကောင်းဆိုလျှင် သူ့ကိုပင် စံထားခဲ့ကြရလေသည်။
ယိုးဒယားမှ တပ်ဆုတ်ကြစဉ် ဆင်ဖြူရှင်က သူ့တပ်များကို ရိက္ခာဖြတ်ကာ မခေါ်ဘဲ ထားခဲ့သည်။ ထို့နောက် နေပြည်တော်တွင် မင်းပြုနေသော နောင်တော်ကြီးမင်းထံ ကုန်းတိုက်လျှောက်ထားသည်။
သို့သော် နောင်တော်ကြီးက မယုံဘဲ သူ့ကို ပြန်လာရန် အခေါ်လွှတ်သည်။ သူနှင့် တိုက်ဖော်တိုက်ဖက် သွေးသောက်ကြီး နေမျိုးရွှေတောင်ကိုမူ ကွပ်မျက်လိုက်သည်။ထို့ကြောင့် မင်းခေါင်နော်ရထာကလည်း နောင်တော်ကြီးမင်းကို မယုံတော့ဘဲ နေပြည်တော်သို့ ပြန်မဝင်တော့ချေ။
နောင်တော်ကြီးက သူ့ကို ပရိယာယ်ဖြင့် ဖမ်းရန် တောင်ငူစား သတိုးသိင်္ခသူကို ခိုင်းသည်။ သတိုးသိင်္ခသူက သူ့ကို တောင်ငူရောက်ခိုက် တရားနာရန် ကြွရောက်ပါဟု ခေါ်လာသည်။
တရားဟောမည့် ဆရာတော်များကို တရားရှည်ရှည် ဟောရန် မှာထားပြီး ဗလမင်းထင် ဦးဆောင်သော အာမခံဗိုလ် ၆ ဦးအား တင်းတိမ်အတွင်း ပုန်းအောင်းနေစေသည်။
ဗလမင်းထင်တို့ကလည်း ”ငတွန်တစ်ဦးတည်း သူရဲကောင်းမဟုတ်၊ ငါတို့လည်း အလောင်းဘုရား၏ မြင်းရည်တက်သူရဲကောင်းများ ဖြစ်ကြသည်” ဟူ၍ လက်ရဖမ်းရန် အာမခံကြသည်။
တကယ်တမ်း မင်းခေါင်နော်ရထာ ရောက်လာသောအခါ ဓားကို မချဘဲ တရားနာသည်။သတိုးသိင်္ခသူက ဓားချထားရန် ပြောသော်လည်း ”စစ်အတွင်းဖြစ်၍ ဓားမချသာ” ဟုသာ ဆိုသည်။
ဖမ်းမည့် သူရဲများမှာ သူအရင်ထွက် ကိုယ်အရင်ထွက်နှင့် မည်သူမှ မထွက်ရဲကြဘဲ ကြန့်ကြာနေရာ တင်းတိမ်ကိုကြည့်လျှက် တောင်ငူစား မျက်နှာပျက်နေသည်ကို မြင်သဖြင့် ရုတ်ချည်းထပြီး
”သည်းခံပါ။ သွားစရာရှိသေးသဖြင့် တရားတော်ကို ဆုံးအောင် မနာနိုင်တော့ပါ” ဟု ဆိုကာ တောင်ငူစား၏ အိမ်ပေါ် ဆင်ကပ်မှ သူ့ဆင်ကို လှမ်းခေါ်သည်။ဆင်ရောက်လာသောအခါ ဆင်ပေါ်တက်၍ အိမ်ဝင်းအပြင် ထွက်မသွားသေးဘဲ စက်တိုင်ဆီ သွားကာ အတောင် ၈၀ မြင့်သော ပစ်ကွင်းကို လှံနှင့် ထိုးသွားသေးသည်။
ပစ်မှတ်ကို လှံစွဲ၍ ပြန်ဖြုတ်မရအောင် စူးဝင်နေမှ အေးဆေးစွာ ထွက်သွားသည်ကို တောင်ငူစားနှင့် လက်ရဖမ်းမည့် သူရဲဗိုလ်များ ငေးကြည့်နေကြရလေသည်။
နောင်တော်ကြီးမင်းသည် ပြည်ထောင်ဖက် ရဲဘော်ကြီးကို နှမျောလှ၍ အကြိမ်ကြိမ် လူလွှတ် ခေါ်စေသည်။မင်းလှနော်ရထာ၊ စစ်ကိုင်း ဇေတဝန်ဆရာတော်၊ ကျော်ထင်နော်ရထာတို့ကို လွှတ်၍ ဖျောင်းဖျစေသည်။
သို့သော် ဗိုလ်တွန်က အင်းဝကို တလားပြုတော့မည် ဟု ဆိုကာ အင်းဝကိုသိမ်းပြီး အခိုင်အမာနေသဖြင့် ဘုရင့်တပ်များက အကြိမ်ကြိမ် လာတိုက်ကြသည်။သို့သော် မင်းခေါင်နော်ရထာ ထွက်သည်နှင့်ပင် ကြောက်ရင်းစွဲရှိကြသဖြင့် တပ်ပျက်ပြီး ပြေးကြသည်က များ၏။
ကြာသော် မြို့တွင်းသားများ ငတ်မွတ်သဖြင့် အင်းဝမှ ထွက်ခဲ့သည်။ထိုအခါ ဘုရင့်တပ်မှ ငယ်သူငယ်ချင်း သီရိရွှေတောင် လိုက်လာသည်ကို မြင်သဖြင့် ”ဟယ် ဘာ့ကြောင့် လိုက်လာသလဲ” ဟု မေးရာ”မင်းကို ဖမ်းဖို့ လိုက်လာသည်” ဟု ဖြေသည်။
”သီရိရွှေတောင်၊ နင် ထမင်းကို မုန်းပြီထင်သည်” ဆို၍ လှံနှင့် လွှတ်လိုက်ရာ သီရိရွှေတောင်၏ လက်ယာဘက်ကို ပွတ်ကာ မြင်းကို သွားစိုက်နေသည်။ သီရိရွှေတောင် ပြန်ပြေးရတော့သည်။
ထို့နောက် ကန်သစ်ကြီးရွာအရောက် ဘုန်းကြီးကျောင်းတွင် တရားဝင်နာသည်။ဘုရင့်တပ်များက ကျောင်းကို ဝိုင်းရံလာရာ ဘုန်းကြီးက စိုးရိမ်ကြောက်လန့်နေသဖြင့် မစိုးရိမ်ရန် သူကပင် ပြန်တရားချလိုက်သေးသည်။
တရားနာပြီး ကျောင်းပေါ်မှ အဆင်းတွင် လှံကိုမြှောက်ပြ၍ ကြုံးဝါးရာ ဘုရင့်တပ်များ ထွက်ပြေးကြပြန်သည်။သို့သော် သူသည် ကိုယ်လွတ်ရုန်းပြေးတတ်သူ မဟုတ်သဖြင့် သားမယားနှင့် စစ်သည်ဗိုလ်ပါများကို ငဲ့နေရာ တပ်နောက်ဆုံးမှပင် လိုက်လေ့ရှိသည်။
အကျိုးဆက်ကား ဝက်လဲတောင်ကြားတွင် လမ်းပျောက်ကြလေတော့သည်။ထို့ကြောင့် နောက်မှ လိုက်လာသော ဘုရင့်တပ်များကို ပြန်လည် ဖောက်ထွက်ကြရာ သူ့တပ် အကျအဆုံးများပြီး သူကိုယ်တိုင်လည်း ဆီးခြိုက်ကို သေနတ်မှန်လေ၏။
ဒဏ်ရာနှင့် တစ်ဦးတည်း ပြေးခဲ့ရင်း ချောင်းစပ်တစ်ခုတွင် နာကျင်သဖြင့် ညည်းညူရာ ငချစ်ကောင်း ဆိုသည့် ရဲမက်တစ်ဦး မြင်၍ နောက်မှတိတ်တဆိတ် ချည်းကပ်လာပြီး ချောင်းထဲတွန်းချသည်။
သို့သော် သတိမလွတ်သည့် မင်းခေါင်နော်ရထာက ပြန်၍ ဖမ်းထားလိုက်သဖြင့် နှစ်ဦးသား ချောင်းထဲ လိမ့်ကျပြီး လုံးထွေးနေသည်။ငချစ်ကောင်းက ကြောက်လန့်တကြား ကယ်ပါ ယူပါ အော်သဖြင့် သေနတ်သမားများ ရောက်လာပြီး ဝိုင်းပစ်ကြလေတော့သည်။
သေအံ့မူးမူးဖြစ်နေချိန်တွင် ဦးခေါင်းကို ဖြတ်ယူလိုက်ကြရာ အလောင်းဘုရား၏ ကုန်းဘောင်ခေတ် အကြီးကျယ်ဆုံးသူရဲကောင်းကြီးမှာ ဘဝနိဂုံးချုပ်ခဲ့ရလေသည်။

 

Hi !

!

Popular posts from this blog

ဘိန်းဘုရင်ခွန်ဆာ

  *** တချိန်ကနာမည်ကျော်ကြားခဲ့တဲ့ ဘိန်းဘုရင်ခွန်ဆာ စခန်းဆီသို့ *** တချိန်က နာမည်ကျော်ခဲ့တဲ့ ဘိန်းဘုရင်ခွန်ဆာရဲ့ စခန်းဟာ ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် မယ်ဖါ့လုံမြို့နယ် ဘန်ထော့ထိုင်းရွာမှာ တည်ရှိတယ်။ တာချီလိတ်ရဲ့ တဖက်ကမ်း မယ်ဆိုင်ကနေ ၆၆ ကီလိုမီတာ ဝေးကွာပြီး၊ ချင်းရိုင်းကနေ သွားမယ်ဆိုရင်လည်း ၆၆ ကီလိုမီတာ ဝေးပါတယ်။ မယ်ဆိုင်-ချင်းရိုင်းသွား လမ်းပေါ်က မယ်ကျန်းရွာကနေမယ့်စလောင်းကို သွားတဲ့ လမ်းအတိုင်း လာရတာပါ။ ခွန်ဆာစခန်းမှာ စောင့်နေတဲ့ ရှမ်းအမျိုးသမီးကြီးကိုမေးကြည့်တော့ ကျိုင်းတုံဇာတိလို့ ဆိုပါတယ်။ စခန်းရဲ့ရှေ့ မြေကွက်လပ်နားမှာတော့ ခွန်ဆာရဲ့ မြင်းစီးရုပ်တုကြီးကို အသက်၀င်စွာနဲ့ ထုလုပ်ထားတာကိုလည်း မြင်နိုင်ပါ့မယ်။ လာပြီးလည်သူတွေ အမှတ်တရအဖြစ် ဓါတ်ပုံမရိုက်ပဲ မနေနိုင်အောင်ကို ခွန်ဆာရဲ့ရုပ်တုကြီးက ဆွဲဆောင်နေတာပါ။ ရုပ်တုရဲ့ရှေ့နားမှာတော့ တန်းစီတဲ့ နေရာလေလား၊ စစ်ရေးပြကွင်းလေးလားတော့ မသိ၊ ညီညာတဲ့ မြေကွက်လပ်လေးတခု။ တချိန်တုန်းက ဒီနေရာမှာ သူ့ရဲဘော်တွေကို ခွန်ဆာတစ်ယောက် ကြိမ်ဖန်များစွာ မိန့်ခွန်းတွေ ချွေခဲ့ပါလိမ့်မယ်။    စဉ်းစားနေခိုက် ကျနော့်မိတ်ဆွေ ထိုင်းလူမျိုးက ပြောလာတယ်၊ အပေါ်ဘက်ကက...

စစ်ဦးစီးအရာရှိချုပ်(ကြည်း)နှင့် စစ်ထောက်ချုပ် တာဝန်ယူထားသော ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း၏ သားဖြစ်သူက နေပြည်တော်စစ်ရုံးအတွင်းသို့ သုံးစွဲရန် မူးယစ်ဆေးဝါး သယ်ယူလာမှု စစ်ဆေးတွေ့ရှိသော်လည်း အရေးယူမှုမရှိ

   အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၏ လူယုံတစ်ဦးဖြစ်သူ စစ်ဦးစီးအရာရှိချုပ်(ကြည်း)နှင့် စစ်ထောက်ချုပ် တာဝန်ယူထားသော ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း၏ သားဖြစ်သူက နေပြည်တော်စစ်ရုံးအတွင်းသို့ သုံးစွဲရန် မူးယစ်ဆေးဝါး သယ်ယူလာမှု စစ်ဆေးတွေ့ရှိသော်လည်း အရေးယူမှုမရှိကြောင်း စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ ဇန်နဝါရီလ ၁၈ ရက်နေ့ ညပိုင်းအချိန် ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်း၏ သားဖြစ်သူ အုပ်စိုးခန့်သည် နေပြည်တော်စစ်ရုံး၊ ဂိတ်အမှတ် ၁ သို့ ဖြတ်သန်းစဉ် ကားဒက်ရှ်ဘုတ်အတွင်းမှ သုံးစွဲနေသည့် မူးယစ်ဆေးဝါးအထုပ်တစ်ထုပ် တွေ့ရှိခဲ့ရကြောင်း၊ အဆိုပါ မူးယစ်ဆေးဝါးသည် ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်း၏ သားဖြစ်သူ အုပ်စိုးခန့် သုံးစွဲသည့် မူးယစ်ဆေးဝါးဖြစ်သော်လည်း ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ စခန်းရုံး၏ စခန်းမှူး ဗိုလ်ချုပ် သိန်းဇော်က တစ်စုံတစ်ရာ အရေးယူမှု မလုပ်ဆောင်တော့ဘဲ ဖုံးကွယ်ပေးထားကြောင်း သိရှိရသည်။ "ကားသမားက ဒုဗိုလ်ချုပ်ကြီးကျော်စွာလင်း မန္တလေးတိုင်းဘ၀ကတည်းက ခေါ်ထားတဲ့ ငယ်တပည့်ရင်းက ကားမောင်းတာ။ ကားက VIP CAR PASS ပါတယ်။ အဲဒီအမှုကို ဒုဗိုလ်ချုပ်ကြီးကျော်စွာလင်းဆီကို သတင်းပို့တော့ သတင်းမပ...

မြန်မာပြည်မြေပုံကို အပြောင်းခံကြမှာလား

  ကမ္ဘာ့သမိုင်းကို ပြန်လေ့လာကြည့်မယ်ဆိုရင် အိမ်နီးချင်းနိုင်ငံတွေအဖြစ် နှစ်ပေါင်းများစွာ အတူတကွ ယှဉ်တွဲ ရပ်တည်နေကြပြီးမှ ဝေးကွာသွားကြတဲ့ နိုင်ငံတွေ ရှိခဲ့တယ်ဆိုတာ တွေ့နိုင်ပါတယ်။ ကျွန်တော်တို့အတွက် အထင်ရှားဆုံး ဥပမာတစ်ခုရှိပါတယ်။ အဲဒါကတော့ မြန်မာနဲ့ ပါကစ္စတန်တို့ဟာ ယခင်က နယ်မြေချင်း ထိစပ်နေကြတဲ့ အိမ်နီးချင်း နိုင်ငံတွေပါ။ သို့သော် ၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံအသစ် ပေါ်ပေါက်လာချိန်မှာတော့ အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားခဲ့ကြပါတယ်။ ယခင်က အိမ်နီးချင်းဖြစ်ခဲ့လို့ ထင်ပါတယ်၊ မြန်မာနဲ့ ပါကစ္စတန်တို့ရဲ့ ဆက်ဆံရေးဟာ ကောင်းမွန်နေကြဆဲဆိုတာ သက်သေ၊ သာဓကများစွာ ရှိပါတယ်။ အဲဒီလို အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားရခြင်းဟာ သူတို့ရဲ့ ပြည်တွင်းရေးသာ ဖြစ်တဲ့အတွက် အထူးအထွေ ဝေဖန်ရန် မရှိပါ။ သို့သော် လက်ရှိအခြေအနေမှာ မြန်မာရဲ့ အိမ်နီးချင်း (၅) နိုင်ငံရှိနေရာက မတူညီတဲ့ အိမ်နီးချင်းနိုင်ငံသစ်တွေ ထပ်မံ ပေါ်ပေါက်လာဖို့ လုပ်ဆောင်နေကြတာတွေ မြင်နေရပါပြီ။ ဒီတစ်ကြိမ်ကတော့ ကျွန်တော်တို့ရဲ့ ပြည်တွင်းရေးဖြစ်တဲ့အတွက် အလေးထားရပါတော့မယ်။ ရှိပြီးသား အိမ်နီးချင်း (၅) နိုင်ငံနဲ့ မြန်မာတို့အကြား ကျွန်တော်တိ...

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

  စစ်ဗိုလ်များထဲတွင် မင်းသားနှစ်ဦး၏ နာမည်ပေးခံရသော စစ်ဗိုလ်ချုပ်တဦး ရှိသည်။ ဒုဗိုလ်ဘဝမှ ဗိုလ်ချုပ် ဖြစ်သည်အထိ စစ်တပ်ထဲတွင် ရုပ်ရှင်မင်းသားလို နေထိုင်ခဲ့ရသည့်အတွက် ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအား “နေတိုး” သို့မဟုတ် “ပြေတီဦး” ဟု စစ်ဗိုလ်ချုပ်အချို့က နာမည်ပြောင် ပေးထားကြခြင်း ဖြစ်သည်။ ထို့အပြင် ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို လက်ရှိ စစ်ခေါင်းဆောင်များ အလွန်တွင် စစ်တပ်ကို ဦးဆောင်မည့်သူဟုလည်း ထင်ကြေးပေးခံရသူလည်း ဖြစ်သည်။ လက်ရှိအချိန်တွင် ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်းသည် စစ်ဦးစီးအရာရှိချုပ် (ကြည်း) နှင့် စစ်ထောက်ချုပ်တာဝန်တို့ကို ပူးတွဲတာဝန်ယူထားရသည်။ စစ်တက္ကသိုလ်အပတ်စဉ်- ၃၅ (DSA-35) ကျောင်းဆင်း ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်းသည် အရာရှိ ငယ်ဘဝက မကြာသေးခင်က လာဘ်စားမူဖြင့် ဖမ်းဆီးထောင်ချခံရသူ ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း လက်အောက်တွင် တာဝန်ထမ်း ဆောင်ခဲ့သူ ဖြစ်သည်။ ထို့အပြင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) ခေတ် ဒု စစ်ခေါင်းဆောင် ဗိုလ်ချုပ် မောင်အေး၏ ကိုယ်ရေးအရာရှိ လုပ်ခဲ့သူလည်း ဖြစ်သည်။ “မိုးမြင့်ထွန်းက ဗိုလ်ကြီးကနေ ဗိုလ်မှူးအပွင့်တင်ဖိ...

မောင်တောရှိ စစ်တပ်နယ်ခြားစောင့်တပ်စခန်း ၂ ခုကို AA က သိမ်းပိုက်၊ နယ် ခြားစောင့်တပ်များ မထွက်ပြေးမီ လက်နက်များကို ARA နှင့် RSO အဖွဲ့များထံ ဘင်္ဂလားဒေ့ရှ်ငွေ ၁၀ သန်းဖြင့် ရောင်းစားခဲ့မှု စိစစ်တွေ့ရှိရ

  ■ စစ်ကောင်စီတပ်စခန်းအတွင်းမှ ရဲအလောင်းများနှင့် ARA ၊ RSO အဖွဲ့ဝင်အလောင်းများပါ တွေ့ရှိရဟုဆို ရန်ကုန်၊ ဖေဖော်ဝါရီ ၈ ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ နယ်ခြားစောင့်တပ်စခန်း ၂ ခုကို AA က သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက မထွက် ပြေးမီ စခန်းနှစ်ခုလုံးမှ လက်နက်များကို ARA နှင့် RSO အဖွဲ့များထံ ရောင်းစားခဲ့မှုကို စိစစ်တွေ့ရှိရကြောင်း AA က ယမန်နေ့ ပိုင်း သတင်းထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၄ ရက်နေ့မှစတင်၍ ဘင်္ဂလာ-ရက္ခိုင်နယ်စပ်၊ မောင်တောမြို့မြောက်ပိုင်းရှိ နယ်ခြားစောင့်တပ်စခန်း (တစ်နည်း) ဗျူဟာစခန်းနှစ်ခုဖြစ်သော တောင်ပြို (လက်ဝဲ- လက်ယာ) ဗျူဟာစခန်းတို့ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၄ ရက်နေ့ ညနေ ၆ နာရီခန့်အချိန် တောင်ပြို (လက်ယာ) ဗျူဟာစခန်း တစ်ခုလုံးကို သိမ်းယူနိုင်ခဲ့ကြောင်း ၊ နယ်ခြားစောင့်တပ်စခန်း တောင်ပြို (လက်ယာ) တွင် ရဲမှူး အောင်စည်သူအေး (နခခ-၂) နှင့် တောင်ပြို (လက်ဝဲ)စခန်း တွင် ဒု-ရဲမှူးကြီး ကျော်နိုင်စိုးတို့ ဦးစီးခဲ့ကြောင်း သိရှိရသည်။ AA က တောင်ပြို (လက်ယာ) ကို အပြီးသတ်သိမ်းပိုက်ခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၆ ရက်နေ့၊ ညနေပိုင်းတွင် တောင်ပြို (လက်ဝဲ) စခန်းကိုလည်...

ရှုပ်ထွေးပွေလီ_ရှမ်းတို့ပြည်_အပိုင်း၂

  #ရှုပ်ထွေးပွေလီ_ရှမ်းတို့ပြည်_အပိုင်း၂ ဘုရင့်နောင်မင်း မိုးမိတ်သျှမ်းပြည်မှ မိုးကောင်း၊ မိုးညှင်း သျှမ်းပြည်သို့ သားတော် ညီတော်တို့နှင့်အတူ ကိုယ်တိုင်ချီတက်သည်။ ဘုရင့်နောင်ချီတက်လာကြောင်း မိုးကောင်းစော်ဘွား စဝ်ဟွမ်မိုင်း(ၸဝ်ႈႁွၼ်မိူင်း)နှင့် မိုးညှင်းစော်ဘွား စဝ်လုံနွိုင့်(ၸဝ်ႈလူင်ၼွႆႉ)တို့သိရလျှင် နွယ်ပတ်ပုတော(်မှူးပတြှှပူှ၊်မှူး=Mountain,ပတျွှ=Amber,ပူှ=Grandfather) တွင် ခံတပ်တည်၍ ခံတပ်တည်၍ ခုခံရန် ပြင်ဆင်သည်။ ပြည်ဘုရင်ခံ၊ အင်းဝဘုရင်ခံနှင့် အိမ်ရှေ့မင်း(နန္ဒဘုရင်) တို့ ဦးဆောင်သည့် ဟံသာဝတီတပ်၏ တိုက်ခိုက်မှုကြောင့် မိုးကောင်းစော်ဘွား စဝ်ဟွမ်မိုင်း(ၸဝ်ႈႁွၼ်မိူင်း)နှင့် မိုးညှင်းစော်ဘွား စဝ်လုံနွိုင့် (ၸဝ်ႈလူင်ၼွႆႉ)တို့ တပ်ပျက်၍ ဆုတ်ခွာကြရသည်။ ဘုရင့်နောင်မင်း မိုးညှင်းသျှမ်းပြည်အတွင်းရှိ မိုင်းနောင်မြို့(မိူင်းၼွင်)တွင် တပ်ချနားနေပြီးနောက် မိုးညှင်းမြို့ကို ဝင်ရောက်သိမ်းပိုက်ရာ မိုးညှင်းစော်ဘွား စဝ်လုံနွိုင့်(ၸဝ်ႈလူင်ၼွႆႉ)မှာ မိုးကောင်းမြို့သို့ ခိုဝင်နေထိုင်သည်။ မိုးကောင်းစော်ဘွား စဝ်ဟွမ်မိုင်း(ၸဝ်ႈႁွၼ်မိူင်း) သည် အမတ်တို့၏ လျှောက်တင်ချက်အရ မိုးညှင်းစော်ဘွား စဝ်လုံနွိုင့်(ၸဝ်ႈလူင်...

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အကြောင်း တစေ့တစောင်း

  ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (၂၃ ဧပြီ ၁၉၉၂- ၃၀ မတ် ၂၀၁၁) အထိ ၁၉နှစ်တာကလ တိုင်းပြည်ကိုအုပ်ချုပ်ခဲ့တယ် ။ တိုင်းပြည်ကို တိုက်ရိုက်မိန့်ခွန်းတစ်ခါမှ ပြောမသွားခဲ့ဘူး ၊ အာဏာသိမ်းအစိုးရမို့ မပြောတာလဲမဟုတ်ဘူး ၊ အလုပ်ပဲ လုပ်သွားတယ် လေပြောလဲမကြီးဘူး ... Road map ၇ ချက်ဆိုပြီး ဆွဲပြီးတော့ ၊ ဗိုလ်ချုပ်ကြီးခင်ညွန့်က တိုင်းပြည်ကို မိန့်ခွန်းပြောဖို့ ဘရွှေဆီခွင့်ပြုမိန့်သွားတောင်းတယ် ၊ ဘရွှေက သတင်းစာကနေချပြလိုက်ရင်ရပြီ မလိုအပ်ဘူးဆိုလို့ ဦးခင်ညွန့်လဲ မပြောလိုက်ရဘူး ... ဘရွှေက အဂ္ဂမဟာဗျူဟာသမား စကားပြောနည်းပြီး အလုပ်များများလုပ်တယ် ၊ မြန်မာစကားပုံအရဆို လူသန်မပြောပေါ့ ... သူ့ရဲ့ တစ်နာရီကျော်ကြာတဲ့ အင်္ဂလိပ်လိုပြောတဲ့ မိန့်ခွန်းနားထောင်ဖူးတယ် အေးအေးဆေးဆေးပဲ ပြောနေတာ ဌာန်တွေမာန်တွေမပါဘူး ၊ အေးဆေးတဲ့ ဥာဏ်သမားစစ်စစ်ပဲ ... သူက အလုပ်လုပ်ဖို့ ရှင်းစရာရှိတာအရင်ရှင်းတယ် ၊ ကစားကွက်ဖော်တယ် တိုက်စစ်ဆင်တယ် ၊ နဝတ ၊ နယက ရဲ့ ကွင်းလည်ဗိုလ်ချုပ်က ဗိုလ်ချုပ်ကြီးခင်ညွန့်(Key Player) ၊ အထောင်တိုက်စစ်မှူး နောက်ချန်တိုက်စစ်မှူး ၊ နောက်တန်းဗဟိုခံစစ်မှူးနဲ့ ကွင်းလည်အဖျက်သမားတွေ အစရှိသဖြင့် မြိုင်မြိုင်ဆိုင်ဆိုင်ကြီး အထို...

ကျယ်ပြန့်လာသော ပြည်တွင်းစစ်၊ ကမ္ဘာ့ဘိန်းစိုက်ပျိုးထုတ်လုပ်မှု နံပါတ်တစ်ဖြစ်လာသည့် မြန်မာနိုင်ငံနှင့် မူးယစ်ဆေးပြဿနာ

    မြန်မာအပေါ် တရုတ်နှင့် အနောက်နိုင်ငံများက ဘယ်လိုမူဝါဒနှင့် ချဉ်းကပ်သင့်သလဲ လက်ရှိအချိန်တွင် မြန်မာအနေဖြင့် ယူကရိန်းကဲ့သို့  အမေရိကန်နှင့် အနောက်ဥရောပ ကျောထောက် နောက်ခံပေးထားသည့် နိုင်ငံမျိုးမဟုတ်ဘဲ ဘက်ပေါင်းစုံမှ ပိတ်ဆို့မှုဟန့်တားမှုနှင့် ဖိအားများကြောင့် အင်အားနည်းပါးနေသည်မှာ အမှန်ပင်ဖြစ်သည်။ ထိုအချိန်တွင် စူပါပါဝင်နိုင်ငံတစ်ခု၏ Proxy War ဆင်နွှဲခြင်းခံရမည်ဆိုပါက နိုင်ငံအနေဖြင့် ပြိုကွဲသွားနိုင်သည့် အန္တရာယ်နှင့် ကြုံတွေ့ရမည်ဖြစ်ပေသည်။ တစ်ဖက်တွင်လည်း အင်အားကြီးနိုင်ငံများအနေဖြင့် မြန်မာနိုင်ငံ၌ Proxy War ဖော်ဆောင်မည်ဆိုပါက မြန်မာနိုင်ငံမှ မည်သည့်အကျိုးအမြတ်မျှ ရရှိလိမ့်မည်မဟုတ်ပေ။ ဒီမိုကရေစီ လိုလားသော အနောက်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံကို အထီးကျန်စေပြီး ပိတ်ဆို့မှု အထပ်ထပ်ချမှတ်နေခြင်းထက် အမေရိကန်သမ္မတ အိုဘားမားလက်ထက်က မြန်မာနိုင်ငံအပေါ် ချဉ်းကပ်ခဲ့သည့် Carrot and Stick ပုံစံမျိုးဖြင့် အနာနှင့်ဆေး မှန်ကန်မှုရှိသည့်မူဝါဒမျိုးကို ကိုင်စွဲ၍ မြန်မာ့အရေးကို ချဉ်းကပ်လုပ်ဆောင်သင့်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများကလည်း ထောက်ပြကြသည်။ မ...

တရုတ်နိုင်ငံရဲ့ လွှမ်းမိုးလာမှုတွေကို တုန့်ပြန်နိုင်ဖို့ အာဆီယံနိုင်ငံတွေကို ဂျပန်ကူညီမည်

  တောင်တရုတ်ပင်လယ်လုံခြုံရေးကို မြှင့်တင်ဖို့အတွက် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီက အာဆီယံနိုင်ငံလေးနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်တို့ကို ၁၀ နှစ်ကြာရေကြောင်းလုံခြုံမှု အကူအညီပေးရန် ပြင်ဆင်နေကြောင်း မီဒီယာများက ဖော်ပြနေကြတယ်လို့ အာရ်အက်ဖ်အေက ဖေဖော်ဝါရီလ ၁၅ ရက်မှာ ရေးသားပါတယ်။ အဲဒီ ၄ နိုင်ငံတို့ဟာ လုံခြုံရေးအရ ဂျပန်အစိုးရရဲ့ ထိပ်တန်းဦးစားပေးများအဖြစ် သတ်မှတ်ခံထားရကြောင်း တိုကျို NHK ရုပ်သံလွှင့်ဌာနက ပြောပါတယ်။ ဂျက်ကာ JICA လို့ လူသိများတဲ့ ဂျပန်အကူအညီပေးရေး အေဂျင်စီရဲ့ အသေးစိတ်အစဉ်များဟာ ၂၀၂၅ခုနှစ် မတ်လအရောက် အကောင်အထည်ပေါ်လာနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ထောက်ပံ့ရေးအစီအစဉ်မှာ ဂျပန်နိုင်ငံက ဒရုန်းများ၊ ရေဒါစနစ်များနဲ့ ကင်းလှည့်သင်္ဘောများအပြင် လေးနိုင်ငံ တစ်ခုချင်းစီအတွက် အခြားစွမ်းရည်မြှင့်တင်ရေး အစီအမံများကို ပံ့ပိုးပေးဖို့ ရှိနေကြောင်း NHK က ဆိုပါတယ်။ ပြီးခဲ့တဲ့လ ဂျပန်အရာရှိများနဲ့ အထူးကျွမ်းကျင်သူတွေဟာ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားတို့မှာ လေ့လာမှုများနဲ့ မျက်မြင်ကွင်းဆင်း စစ်ဆေးမှုများကို ပြုလုပ်ခဲ့တယ်လို့ ယုံကြည်ရပ...

ဒေသကိုအခြေခံသည့် ဖက်ဒရယ် စနစ်ကိုသွားမည်ဟု မြန်မာစစ်ခေါင်းဆောင်ပြော

    မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံမည့် ပြည်ထောင်စုတည်ဆောက်ရာ၌ လူမျိုးကို အခြေမခံဘဲ ဒေသကိုအခြေခံသည့် စနစ်မျိုးဖြင့် အဓိကဆောင်ရွက်သွားမည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ပြောထားသည်။ ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရာတွင် ဦးဆောင်သူ၊ အကောင်အထည်ဖော်သူ၊ လိုက်နာကျင့်သုံးသူများအားလုံး တတ်သိပညာ၊ ပင်ကိုအရည်အသွေး၊ စဉ်းစားတွေးခေါ်မှုများ ပြည့်စုံရန်လိုအပ်ကြောင်း စစ်ခေါင်းဆောင်က ဆိုသည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်အာဏာသိမ်းလိုက်ချိန်မှစ၍ စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများကြား တိုက်ပွဲပြင်းထန်နေသည်မှာ ၃ နှစ်နီးပါး ကြာမြင့်လာပြီဖြစ်သည်။ အာဏာသိမ်းချိန်မှစပြီး စစ်ခေါင်းဆောင်သည် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ပေးမည်ဟု ထပ်ကာတလဲလဲ ပြောဆိုနေသော်လည်း မူဝါဒနှင့် လမ်းစဉ်များ မရှိသဖြင့် ပြည်သူများက အယုံအကြည် မရှိကြပေ။ “ဖက်ဒရယ်ဆိုတဲ့စကားလုံးကို စစ်ခေါင်းဆောင်က အမြဲတမ်းပြောသလို တော်လှန်ရေးအင်အားစုတွေ၊ NUG ကလ...

Click !