Skip to main content

Continue !

ကျွန်တော့်အဖေ၏ အမေအကြောင်း (သုမောင်)

 


-------------------------------(သုမောင်)
“ခင်ဗျား ဝတ္ထုတိုဆယ်ပုဒ်မှာ သုံးပုဒ်က အဖေ အကြောင်း၊ သုံးပုဒ်က အမေအကြောင်း၊ ကျန်တဲ့ လေးပုဒ်က ခင်ဗျား ပတ်ဝန်းကျင် အကြောင်း” ဟု စာဖတ်သူ မိတ်ဆွေ တစ်ယောက်က မြောက်ပင့်သလို၊ ချိုးနှိမ် သလိုလို စကားဆို ပါသည်။ မိသားစုထဲမှာပင် ဝတ္ထုအကြောင်း ရှာတတ်သည်လို့ ချီးကျူးတာလိုလို ဘောင်ကျဉ်းသည်ဟု ကဲ့ရဲ့ချင်တာ ဖြစ်ကြောင်း၊ သူ၏ မချိုမချဉ် မျက်နှာထားက သိသာစေ ပါသည်။ အထူးသဖြင့် ထိုပုဂ္ဂိုလ်သည် ကျွန်တော့် အစ်ကို မောင်ဝဏ္ဏ၏ သူငယ်ချင်း စာသမား ပညာတတ် တစ်ယောက် ဖြစ်သဖြင့် ကျွန်တော်က ဘာမှ ပြန်မပြောဖြစ်ပါ။ နဂို ကတည်းက သူသည် အထက်စီးဖြင့် သမားဂုဏ်ပြ စကားဆို နေသည် မဟုတ်ပါလား။ ကျွန်တော်၏ အနုပညာဘဝတွင် ဒီလိုပဲ အထက်စီးဖြင့် ဟန်ကိုယ့်ဖို့ ဆက်ဆံတတ်သူ မြောက်မြားစွာ တွေ့ဖူးပါသည်။ သူရို့ကို ကျွန်တော်ကတော့ သနားလိုက်သည်သာ ဖြစ်ပါသည်။ သူရို့သည် ကျွန်တော့် အစ်ကို အရွယ်များ၊ ကျွနတော့် အရင် စာတိုပေစ ရေးခဲ့သူများ။ သို့သော် ကျွန်တော်က ရူးသလိုလို ပေါသလိုလို နေခဲ့ရာမှ “စာရေးဆရာ” ဟူသော ဂုဏ်ပုဒ်ကို ပရိသတ်ကရော၊ စာပေ ပညာရှင်များကပါ အသိအမှတ်ပြု ခံလိုက်ရသောအခါ (သူရို့ကို ကျော်ဖြတ်တက် သွားသောအခါ) မနာလို တိုရှည်တော့ မဟုတ်၊ ကျွဲမြီး တိုသွားကြပုံရ၏။ မစ္ဆေရစိတ် မထားသော်လည်း မုဒိတာ မပွားနိုင်ကြသည် ကိုတော့ ကျွန်တော်က ရိပ်မိပါသည်။ တကယ်လည်း သူရို့လောက် ကျွန်တော်က ပညာမတတ်ပါ။ သူရို့လောက် ကျွန်တော်က စာမဖတ်ပါ။ သို့သော် ပါရမီ အရာ၌ကား သူရို့ ကျွန်တော့်ကို လိုက်မမီကြပါ။
ထိုအခါ ကျွန်တော်သည် သူရို့ကို ဘာမျှ ခွန်းတုံ့ မပြန်သော်လည်း အဖေအကြောင်း၊ အမေအကြောင်းများကို ပို၍ ပို၍ အရွဲ့တိုက် ရေးပစ်ခဲ့ပါတော့သည်။ ထို့ကြောင့်ပင် “ဍရင်ကောက်” အမည်ရှိ အမေဘွဲ့ ဝတ္ထုတို လုံးချင်းတစ်အုပ်၊ “သာဓု” အမည်ရှိ ဖခင်ဘွဲ့ ဝတ္ထုတို လုံးချင်း တစ်အုပ်ပင် ထွက်ရှိနိုင်ခဲ့ခြင်း ဖြစ်၏။ ( ၁၉၈၀ ဝန်းကျင်က ဖြစ်သည်) ယခုထိလည်း မကြာမကြာ ဆိုသလို အဖေအကြောင်း၊ အမေ အကြောင်းများကို ရေးနေမိပေသည်။ အထူးသဖြင့်မူ အမေ့ အကြောင်းများ..။
* * *
ဟိုးတစ်လောဆီက ဆရာသုခ၏ “အမေနေ့”နှင့် ပတ်သက်ပြီး စာပေဂီတ၊ ရုပ်ရှင်နယ်တို့၌ အုတ်အော် သောင်းတင်း ဖြစ်သွားခဲ့သည်ကို မှတ်မိကြပါ လိမ့်မည်။ ထိုစဉ်ကာလမှာပင် စောစောက ပြောခဲ့သော ကျွန်တော့်် အစ်ကို၏ သူငယ်ချင်း စာသမားသည် ကျွန်တော်ထံ တကူးတကန့် တယ်လီဖုန်း ဆက်ပါသည်။
“ဘယ်နှယ့်လဲ ဘိုသု၊ ဒီပွဲမှာ ဘာမှ ဝင်မနွှဲတော့ဘူးလား”
သူသည် ကျွန်တော် စာရေးဆရာ ဖြစ်စကတည်းက ပြောခဲ့သော အထက်စီး လေသံဖြင့် မချိုမချဉ် စကားဆို ပါသည်။ အသက်အရွယ်၊ အချိန်အခါတွေ ရင့်ရော်လာသော်လည်း ကနေ့အထိ သူ၏ စိတ်ဓာတ် မပြောင်းလဲသေးသည်ကို ကျွန်တော် အံ့ဩမိပါသည်။ သူသည် အခုထိ ကျွန်တော့် အပေါ် ဘာကြောင့် ကျွဲမြီးတိုနေသည်ကို စဉ်းစား မရပါ။ အမြဲတမ်း ခေတ်မီနေတာလား၊ တစ်နေရာ တည်းကနေ စိတ်ဓာတ် မတက်တော့တာလား မသိရပါ။
ဘာပဲဖြစ်ဖြစ် “အမေနေ့” ပေါ်ပေါက်လာသော အမေနှင့် ပတ်သက်သည့် အနုပညာရှင်များ ခေတ်ဆန်းလာသော အချိန်သမယ၌ ထိုပုဂ္ဂိုလ်က ကျွန်တော့်ကို မှတ်မှတ်ထင်ထင် သတိတရ ဖုန်းဆက်ဖော် ရသည်ကိုပင် ကြံဖန်၍ ကျေးဇူးတင်ရမည် ဖြစ်ပါသည်။ သူ့စိတ်ထဲမှာ ကျွန်တော် အမြဲ ရှိနေသည် ထင်၏။
“အမေ့အကြောင်း၊ အမေပြောပြတဲ့ အကြောင်းတွေ ရေးရင်းနဲ့ ဝတ္ထုတိုရေးဆရာ ဖြစ်လာတာပဲဗျာ၊ နောက်ထပ် တကူးတကန့် ထပ်ရေး နေစရာ မလိုပါဘူး၊ ခုလည်း ကြုံရင်ကြုံသလို အမေ့အကြောင်းတွေ ကျွန်တော် ရေးနေသားပဲ” ဟု စကားနည်းရန်စဲ ပြောရပါသည်။ အမှန်မှာ “အမေ” ပွဲဆူနေစဉ် ကျွန်တော့်ကို သူက လှမ်းပြီး ကလိထိုးတာ ဖြစ်ကြောင်း ကျွန်တော်သိနေပါသည်။
“မဟုတ်ဘူးလေ၊ မြန်မာစာ လောကမှာ အမေဘွဲ့၊ အဖေဘွဲ့ ဝတ္ထုတွေ အများဆုံး ရေးခဲ့တာ သုမောင်လို့ ကျွန်တော်တို့က သတ်မှတ်ထားတာဗျ၊ ဒီပွဲမှာ တစ်ခုခုတော့ ဝင်လုပ်ဖို့ ကောင်းတာပေါ့” ဟု သူက ထပ်ပြီး သွေးထိုးပါသည်။ ကျွန်တော်က ...
“နေ့တိုင်း ဘုရား ရှိခိုးတဲ့သူဟာ၊ လူစုပြီး ဘုရားဖူး သီးသန့် ထွက်တဲ့ အလုပ်ကို လုပ်ခဲပါတယ်၊ ဘုရားဖူး သွားရင်လည်း တစ်ယောက်တည်း သော်လည်းကောင်း၊ မိသားစုနဲ့ သော်လည်းကောင်း အေးအေးလူလူ သွားတတ်ပါတယ်” ဟု စကားကုန် ပြောလိုက်ရပါသည်။ သူ့မနောကို ကျွန်တော် သိသည်။ “အဖေတွေ ဘယ်သွားထားမလဲ” ဆိုသည့် ပြဿနာထဲ ကျွန်တော့်ကို ဆွဲထည့်လိုဟန် တူသည်။ ကျွန်တော်က စကားကို အဆုံးသတ်သော်လည်း သူကထပ်ပြီး အရစ်ရှည်ပါသည။ ထင်သည့် အတိုင်းပါပဲ။
“ဒါပေမယ့် ခင်ဗျားက အဖေတွေ အကြောင်းလည်း အရေးများတဲ့ သူပဲ၊ ခုဖြစ်နေတာက အမေတွေ တစ်ခေတ်ဆန်းတော့ အဖေတွေ ဘယ်သွားထားမလဲ၊ ဘာညာနဲ့ ပြဿနာတင် လာပြီလေ၊ ဒီတော့ ခင်ဗျား အနေနဲ့ ...။
“တော်ပါတော့ဗျာ၊ ကျွန်တော် ခုတလော ဝတ္ထုတို ရေးအား နည်း နေတယ်၊ အနုပညာရေးရာ အတွေ့အကြုံတွေသာ အရေးများ နေတယ်၊ ပြီးတော့ မိဘနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ရေးရဖန် များလို့ ငြီးငွေ့နေပါပြီ၊ Sorry ပဲ” ဟု တိုတိုပြတ်ပြတ် ပင်ပြော၍ တယ်လီဖုန်းကို အလျင်စလို ချပစ်လိုက်ပါတော့သည်။
အမေ အကြောင်း၊ အဖေ အကြောင်း၊ စာပေ အနုပညာ အကြောင်းထက် သူ၏ အတို့အထောင် ဉာဉ်ကို မကြိုက်သောကြောင့် ဖြစ်ပါသည်။ ပြီးတော့ တစ်ပါးသူ စကားပြောလျှင် အလွန် သည်းညည်းခံ နားထောင်ပေးတတ်သော ကျွန်တော်သည်ပင် သူ့အတွင်းစိတ်ကို မခံမရပ်နိုင်တော့ပါ။ ကိုယ့်ထက် အသက် ကြီးနေသူ မိတ်ဆွေမို့သာ ကျွန်တော့် ပါးစပ်က ဖရုဿဝါစာတွေ ထွက်မသွားခြင်း ဖြစ်ပါသည်။
* * *
“အမေညိုကြီးကတော့ ကျန်းမာတယ်နော်၊ သူ့ဆီ တယ်လီဖုန်း ဆက်ရင် အနည်းဆုံး ၁၅ မိနစ်လောက် အချိန်ယူရတယ်၊ စကားပြော ကလည်း ကောင်း၊ အသံကြီးကလည်း မာလိုက်တာ၊ မှတ်ဉာဏ်တွေကလည်း ကောင်းမှကောင်း”
ဟု သူငယ်ချင်း တစ်ယောက်က ကျွန်တော့်အမေ အကြောင်းကို ချီးကျူးစကား ဆိုပါသည်။ သူက အမေ အစွဲအလန်း ကြီးသူ ဖြစ်သည်။ ကျွန်တော့်ထက်ပင် လွန်ကဲပါသည်။ သို့သော် အနုပညာသမား မဟုတ်ပါ။ ထို့ကြောင့် အမေဘွဲ့ကို သူမဖွဲ့ တတ်နိုင်။
ပြီးတော့ သူသည် ကျွန်တော့်အမေနှင့် သူ့အမေကို အမြဲ နှိုင်းယှဉ် ကြည့်နေတတ်သူ ဖြစ်သည်။ သူ့အမေနှင့် ကျွန်တော့်အမေသည် စိတ်ထား တတ်ပုံချင်းရော၊ မုဆိုးမ ဖြစ်ကြခြင်း ပါတူသည်။ ကုန်ကုန်ပြော ကြကြေး၊ အရွယ် ကောင်းကြစဉ်မှာပဲ ယောက်ျား နောက် အိမ်ထောင်ပြုသွားသည်ကို ခံရပုံခြင်းလည်း တူပါသည။ မတူတာက ကျန်းမာရေးနှင့် မိသားစုရေးပင် ဖြစ်ပါသည်။ ကျွန်တော့်် မိခင်က (၈၀) ကျော်ပါပြီ။ သွားတစ်ချောင်းမျှ မကျိုးသေးပါ။ စားကောင်းတုန်း၊ သောက်ကောင်းတုန်း၊ အိပ်ကောင်းတုန်းပင်။ မှတ်ဉာဏ်တွေကလည်း ကောင်းနေပါသေးသည်။ (၇၀) ကျော်မှ လေဖြတ်သွားသော်လည်း ပြန်ကောင်းသွား၏။ (၈၀) နားနီးမှ လက်မောင်း အဆစ်ပြုတ် သွားသော်လည်း ပြန်ဆက် သွား၏။ ရှေးဘဝ ကုသိုလ်ကံဟုပင် ဆိုရပါလိမ့်မည်။ လူ့သဘာဝအတိုင်း အသက်ကြီးလာသဖြင့် စကားတွေ များလာသော်လည်း မှတ်ဖွယ်သားဖွယ် များသာ ဖြစ်နေပါ၏။
ဒါကိုပင် ကျွန်တော့် သူငယ်ချင်းက သူ့မိခင်နှင့် ယှဉ်၍ အားကျ နေပါသည်။ သူ့မိခင်သည် ကျန်းမာရေး မကောင်းပါ။ (၆၀) လောက် ကတည်းက ချူချာခဲ့သူ ဖြစ်ပါသည်။ ဆေးနှင့်မပြတ် နေရရှာသူပါ။ မှတ်ဉာဏ်တွေလည်း လျော့ရဲ လာခဲ့ပါသည်။ ဥပမာ တီဗွီပြလို့ ကျွန်တော် သီချင်းဆိုသည့် ကဏ္ဍ ပါလာလျှင် ...
“ဟဲ့ ဒီကောင်လေး ပြန်သောက်နေပြန်ပြီ ထင်တယ်”
“ဟဲ့ ဒီကောင်လေး မသောက်တော့ဘူး ထင်တယ်” ဟု အမြဲလိုလို ပြောတတ်ပါသည်။ အမှန်မှာ ကျွန်တော် တီဗွီ မရိုက်တာ ကြာပါပြီ။ အဟောင်းများကို အလျဉ်းသင့်သလို ပြန်လွှင့်နေခြင်းသာ ဖြစ်သည်။ “မကောင်းခြောက်လ၊ ကောင်းခြောက်လ” ကျွန်တော်မှာလည်း တီဗွီများ ရိုက်နေစဉ်က အရက်သောက်ချိန်နှင့် ကြုံလျှင် ကျွန်တော့် ပါး ဖောင်းနေတတ်ပြီး နားနေချိန်နှင့် ကြုံလျှင် ကျွန်တော် ပါး ပိန်နေပါသည်။ ဒါတွေကို အလျဉ်းသင့််သလို ပြန်လွှင့်သောအခါ ကျွန်တော့်ပါးသည် ပိန်လိုက် ဖောင်းလိုက်။ ဤတွင် သူ့မိခင်ကြီးက အထက်ပါအတိုင်း မှတ်ချက်ပြုခြင်း ဖြစ်၏။ ထိုအခါ သူငယ်ချင်း ဖြစ်သူက ...
“မဟုတ်ပါဘူး အမေရယ်၊ သူ အခု မသောက်တော့ပါဘူး၊ ဒါတွေက အရင်တုန်းက ရိုက်ထားတဲ့ သီချင်းတွေပါ” ဟု ရှင်းပြရသည်။ သို့သော် ရှင်းတုန်း ခဏပါပဲ။ နောက် တစ်ကြိမ် ထိုသီချင်း ပြန်လာလျှင် “ဟော ဒီကောင်လေး ပြန်သောက်နေပြန်ပြီ”။ ထိုကိစ္စကို ယနေ့တိုင် ဘယ်လိုမှ ရှင်းမရတော့ပါ။
စောစောကပြောသလို သူက ကျွန်တော့်အမေနှင့် သူ့အမေကို နှိုင်းယှဉ်ရာ၌ ကျန်းမာရေးကိစ္စသည် အဓိက မဟုတ်ပါ။ အသက်ကြီးလာလျှင် ကျန်းမာရေးထိခိုက် ယိုယွင်းလာတာ ဓမ္မတာဟု သူ သဘောပေါက်ပြီးသား ဖြစ်သည်။ ပြဿနာမှာ မိသားစုကိစ္စ ဖြစ်ပါသည်။
ကျွန်တော့် အမေမှာ သားလေးယောက် ရှိသည်။ အတူနေက သားတစ်ယောက်နှင့် ချွေးမ။ ကျန်သော သား သုံးယောက်နှင့် ချွေးမ သုံးယောက်ကလည်း လက်တစ်ကမ်း မှာပင် နေကြသည်။ အမေ့အိမ်ကို သားသုံးယောက်အိမ်က ဝန်းရံထားသည် ဆိုပါစို့။ ပြီးတော့ ကျွန်တော်တို့ သား လေးယောက်ထက်ပင် ချွေးမ လေးယောက်က အမေ့ကို ပို၍ ဂရုတစိုက် ရှိကြလေရာ အမေသည် သူ့အရွယ် သူ့ အခြေအနေနှင့် လိုလေသေး မရှိဟု ဆိုရနိုင်ပါသည်။
ဤသည်ပင်လျှင် ကျွန်တော့်သူငယ်ချင်းအတွက် သူ့အမေနှင့် ပတ်သက်ပြီး ခံစားချက် ပိုမိုပြင်းထန်စရာ ဖြစ်ခဲ့ရ ပါတော့သည်။
သူ့ အမေတွင်လည်း သားသမီး (၆) ယောက် ထွန်းကားခဲ့ပါသည်။ အားလုံးလည်း ကိုယ့်ခြေထောက်ပေါ် ကိုယ် ကောင်းကောင်း ရပ်နိုင်ရုံမျှမက ချောင်ချောင်လည်လည် ရှိကြသူများ ဖြစ်ပါသည်။ သို့သော် သားသမီးကံ မကောင်းဟု ဆိုရမလားမသိ။ သမီးတစ်ယောက်က အပျိုကြီးဖားဖား ဖြစ်လေမှ ဥပစ္ဆေဒကကံဖြင့် ကွယ်လွန်သည်။ သားတစ်ယောက်က ထောင်တန်းကျနေသည်။ (သည်တော့ ချွေးမဖြစ်သူမှာ သည် ယောက္ခမကြီးထက် သူ့လင်သားကိစ္စကို ပို၍ ဗျာများနေရသည်) ငွေကြေး ပို့ပေးနိုင်သော်လည်း မေတ္တာတရားကို ပို့မပေးနိုင်သော သားသမီး တစ်ယောက်ကလည်း သျှောင်နောက် ဆံထုံးပါဖြင့် တစ်နယ်တစ်ကျေးမှာ။ နောက်သား တစ်ယောက်က နိုင်ငံခြားမှာ။ ထိုအမေနှင့် အတူနေ ဆိုလို့ သားကြီးနှင့် သားလတ်သာ ရှိသည်။
ထိုအထိကတော့ ထိုအမေကြီးအတွက် မထောင်းသာလှဟု ဆိုချင် ဆိုနိုင်ပါသည်။ အဘယ်ကြောင့် ဆိုသော် ထိုအမေထက် သားသမီး ကံဆိုးသော အမေတွေ အပုံအပင် ရှိနေသောကြောင့်ပင်။ ဘာပဲဖြစ်ဖြစ် ကိုယ့်အထွာနှင့် ကိုယ်ကတော့ ဘဝမှာ လိုအပ်ချက်တွေ အမြဲ ရှိနေသည် မဟုတ်ပါလားလေ။
ကျွန်တော့် သူငယ်ချင်း၏အမေ တွင်လည်း သူ့ဘဝ သူ့ အခြေအနေအရ လိုအပ်ချက်တွေ ရှိနေပါသည်။ စာဖွဲ့လောက်အောင် ဘဝမနာသော်လည်း ကိုယ်ချင်းစာ ကြည့်နိုင်ပါသည်။
အထက်တွင်ဆိုခဲ့သော “ကျွန်တော့် အမေ ကံကောင်းသည်ကို ချီးမွမ်းခန်း” ဖွင့်လေတိုင်း ကျွန်တော့် သူငယ်ချင်းသည် မျက်ရည်လည် နေတတ်ပါသည်။ မကြာ မကြာလည်း ကျွန်တော့် အမေ ကံကောင်းပုံကို မုဒိတာ ပွားတတ်ပါသည်။ ဒါကိုက သူ့အမေ၏ ဘဝကို နှိုင်းချိန်နေခြင်းဟု ကျွန်တော်က သဘောပေါက်ပါသည်။ ပြောခဲ့ပါပကော၊ ကိုယ့်အထွာနှင့် ကိုယ်ပါဟု။
သို့သော် တစ်နေ့တွင် သူက မျက်ရည်လည်ရုံ တွင်မက မျက်ရည်ကျလျက် စကားဆိုပါသည်။
“အမေညိုက ကံကောင်းတယ်ဗျာ ကျွန်တော့်အမေ ကံဆိုး ရှာတယ်”
ကြားနေကျစကားပင် ဖြစ်သော်လည်း သည်တစ်ခါ နည်းနည်း ပိုထူးခြားသည်မို့ အာရုံစိုက် နားထောင်ရပါသည်။
“အမေ့ရောဂါ ပိုဆိုးလာတယ်ဗျာ၊ စိတ်ကလည်း ပိုပြီး ချောက်ချားလာသလိုပဲ၊ အိမ်မှာ ကျွန်တော်မရှိရင် တစ်ယောက်တည်း နေရတာကိုး”
“ဗျာ ... ခင်ဗျားညီ လင်မယား ကရော”
“အဲ ပြောချင်လို့ပေါ့ဗျာ၊ ပြဿနာက ကျွန်တော့် ညီရဲ့မိန်းမနဲ့ အမေနဲ့ ရန်ဖြစ်ကြတဲ့ ကိစ္စပါ၊ ဒါကလည်း ကမ္ဘာဦး အစကတည်းက ဖြစ်စဉ်မို့ မပြောပလောက်ပါဘူး၊ ဒါပေမယ့် ဒီကောင်က မယားဘက် လုံးဝပါပြီး အိမ်ပေါ်က ဆင်းသွားတယ်၊ သေခန်းပြတ်တဲ့ဗျာ၊ အမေကို”
“ခုဆိုရင် ဒီကောင်ဟာ သူ့အိမ် သာရေးနာရေးလည်း အမေ့ကို မပြောတော့ဘူး၊ အမေ့အိမ် သာရေးနာရေးလည်း သတင်းမေးဖော် မရတော့ဘူး၊ ကုန်ကုန်ပြောမယ်ဗျာ၊ သူတို့ရဲ့ ဒုတိယသားလေးကိုတောင် အမေ့ခမျာ ဒီနေ့ထိ မမြင်ဖူးရှာဘူး၊ ငွေကြေး ထောက်ပံ့ဖို့ ဆိုတာ ဝေး ရောပဲ”
“ခင်ဗျားအမေ ဘက်ကရော ပြန်ပြီး အဆက်အသွယ် မလုပ်ဘူးလား”
“သူက စ,လုပ်သင့်တယ်လေဗျာ၊ ပြီးတော့ အမေက ကျွန်တော်တို့ ရှိနေသားပဲ ဆိုပြီး မာနကလေးကလည်း မချချင်ဘူး၊ ခက်တာက အိမ်မှာ လူလေး လူငယ်ကလည်း မရှိဘူး၊ ကျွန်တော်နဲ့ အမေ နှစ်ယောက်တည်း နေကြတာ (သူက လူပျိုကြီး ဖြစ်သည်) ကျွန်တော့်မှာက စားဝတ်နေရေး လုပ်ငန်းကလည်း တစ်ဖက်၊ အချိန်မတော် အချိန်တော် အိမ်မြဲတာ မဟုတ်ဘူး၊ ကြုံသလို အမေ့ကို ပြုစုနေရတာ၊ နေကြရတာလည်း တိုက်ခန်းဆိုတော့ ကျွန်တော်မရှိတဲ့အချိန် အိမ်ကို သော့ခတ် ထားရတော့ မီးရေးထင်းရေးကလည်း ရှိသေးတယ်၊ အမေ တစ်ယောက်တည်း အခန်းထဲ ပိတ်ထားခဲ့ရတာလည်း စိတ်မချဘူး၊ အဲ ကျွန်တော် အိမ်ပြန် ရောက်တော့လည်း တစ်နေ့လုံး အထီးကျန်နေခဲ့ရတဲ့ အမေနဲ့ စကားစမြည် ပြောပေးနေရပြန်ရော” ဟု မျက်ရည်စကား ဆိုပါသည်။
သူတို့မိသားစု ပြဿနာ ဘာတွေရှိလို့ ဘယ်သူ့ အမှား ဆိုတာ ကျွန်တော် မသိပါ။ သိလည်း မသိတန် ကောင်းပါ။ သို့သော် သူငယ်ချင်း၏ အမေဆိုသော အသိကြောင့် ကျွန်တော် စိတ်မကောင်း ဖြစ်ရတာတော့ အမှန်ပင်။ အခြား ကျွန်တော်နှင့် မသိသော လူတစ်ယောက်၏ အမေဆိုလျှင်တော့ ကျွန်တော် ခုလောက် ဂရုတစိုက် ရှိချင်မှရှိမည်။ သူများ အမေတွေ သည့်ထက် ဆိုးကြသည်ကို ကျွန်တော် သဘောပေါက်သော်လည်း ကိုယ်နှင့် နီးစပ်သော အသိုင်းအဝိုင်းမို့ ကျွန်တော်က အဖြစ်သည်း နေတာကိုလည်း ဝန်ခံပါသည်။
မည်သို့ပင် ရှိစေ၊ အမေတွေ ဒုက္ခရောက်တာ ကျွန်တော် မကြိုက်ပါ။ အမေတွေဘက်က အမှားတွေ ရှိချင် ရှိပါမည်။ သို့သော် အမေသည် အမေသာ ဖြစ်သည်ဟု ကျွန်တော်က ကိုယ်တွေ့ မျက်မြင် ရှိထားသူမို့ ဘက်လိုက် နေချင်မိပါသည်။
* * *
အထက်တွင် ‘အမေနေ့’ ‘အမေစာပေ အနုပညာ’များနှင့် ပတ်သက်၍ အတို့အထောင် လုပ်ခံရခြင်းအကြောင်းကို ကျွန်တော် ရေးပြီးပါပြီ။ သူငယ်ချင်း အမေ တစ်ယောက်၏ ဒုက္ခတစ်ခုကိုလည်း ရေးပြီးပါပြီ။ စဉ်းစားကြည့်လျှင် စာဖွဲ့လောက်သည်ဟု မဆိုသာမှန်းလည်း သိပါသည်။ သို့သော် ထိုဖြစ်စဉ် နှစ်ခုသည် တစ်ပြိုင်နက် ဆိုသလို ကျွန်တော့်ထံ ရောက်လာသည်၌ ကျွန်တော့်စိတ်သည် ကျွန်တော့် အဖေ၏ အမေအကြောင်းသို့ ဖျတ်ခနဲ ရောက်သွားရပါသည်။ ဒါကတော့ ရေးလို့ ကောင်းသော အကြောင်းအရာဟု ကျွန်တော် ထင်ပါသည်။
ကျွန်တော့်အဖေ၏ အမေသည် အလွန်ဆိုးသော မိန်းမကြီး တစ်ယောက် မဟုတ်သော်လည်း မိခင်ကောင်း တစ်ယောက်တော့ကား မဟုတ်ပြန်ပါ။ အများသူငါ၊ ပတ်ဝန်းကျင်ပေါ် ကောင်းသလောက် သားအရင်း ဖြစ်သူ (ကျွန်တော့် အဖေ) အပေါ်တော့ မထင်ရလောက်အောင်ကို ဆိုးသူ ဖြစ်ပါသည်။ မည်မျှအထိ အဖေ့အပေါ် အဘွား ဆိုးခဲ့သည်ကို ကျွန်တော်က ခရေစေ့တွင်းကျ ရေးပြလျှင် စာဖတ်သူ ယုံမည် မဟုတ်ပါ။ ကျွန်တော့် အဖေ နားလေးသွားရခြင်းသည် အဘွားရိုက်လို့ ဟူ၍လောက်သာ ဆိုချင်ပါသည်။ ကလေးကို အမေ အရိုက်ကြမ်းတတ်သည်မှာ မဆန်းသော်လည်း အဘွားက အဖေ့ကို ရိုက်ပုံမှာ အဖေ ဆိုးလို့မဟုတ်။ အလကားနေရင်း အပျင်းပြေ ခေါ်ရိုက်သည် အထိ အရိုက်ကြမ်းသဖြင့် ယခုလို ရေးပြရခြင်းပါ။
အဖေ့အမေသည် စာမတတ်ပါ။ ရန်ကုန်မြို့ သိမ်ကြီးဈေးထဲတွင် ခေါင်းရွက်ဗျပ်ထိုး ဈေးသည် လုပ်စားရပါသည်။ ကိုယ်ပိုင် အရင်းအနှီးဖြင့် ရောင်းရသည်မဟုတ်။ သူများတကာ ဆိုင်တွေမှ တိုလီမုတ်စ ကလေးများကို ဟိုတစ်စ သည်တစ်စ ယူ၍ ဗန်းနှင့် လည်ရောင်း၊ မကုန်ပြန်ပေး၊ ကုန်သလောက်ပေါ်မှာ ရာခိုင်နှုန်းဖြင့်ယူ၊ အိမ်အတွက် ဈေးဖိုးလုပ်စားရသူသာ ဖြစ်၏။ ဤမျှ ဆင်းရဲပါသည်။ သည်တော့ အဖေ့ကို ကျောင်းမထားနိုင်ပါ။ ထိုအခါ ဉာဏ်ကောင်းသော အဖေသည် ရပ်ကွက်ထဲမှာ လူကြီးသူမများ၏ မေတ္တာကို ရအောင်ယူပြီး လက်တို လက်တောင်း ကူညီရင်း မုန့်ဖိုးပဲဖိုး ရှာရသည်။ ထမင်းနပ်မှန်အောင် ကြိုးစားခဲ့ရသည်။ အဘွားပေးသော အဖေ့အတွက် နေ့စဉ် အဟာရဖိုးသည် ထမင်း မဟုတ်ပါ။ နံနက်စာ၊ ညစာအတွက် ဆန်ပြုတ်တစ်ခွက်နှင့် အီကြာကွေး တစ်ခြမ်းမျှသာ။ ဒါတောင် တစ်ခါတစ်ရံ အဘွားက အမေ့ခံပြီး နံနက်စာ (သို့) ညစာကို တစ်နပ်တည်း ကျွေးခဲ့သည်။ ကျောင်းနေဖို့ ဆိုတာ ဝေလာဝေး။ တစ်နေ့ တစ်နပ်စာနှင့် မုန့်ဖိုးကိုပင် သူ့ဘာသာ ရှာခဲ့ရသော အဖေ။ အများသူငါ ကလေးများနှင့် ကစားခုန်စား လုပ်နေစဉ်မှာပင် အဖေ့ မျက်လုံးတွေက လမ်းဘေးအိမ်များသို့ မျက်စိကစား နေရ၏။ “ဘယ်သူများ ငါ့ကို တစ်ခုခု ခေါ်ခိုင်းမလဲ” ဟု။ ဒါမှ တစ်နပ်စာ ဆန်ပြုတ်ဖိုးရမည်ကိုး။ လိမ္မာသော၊ ဉာဏ်ကောင်းသော အဖေ့ကို ရပ်ဆွေရပ်မျိုးများက အမြင်မတော်သဖြင့် ကျောင်းထားပေးသည။ (ဦးမောင်ကလေး၊ ဒေါ်ကျုတ် သင်္ကန်း ပရိက္ခရာ သူဌေးများဟု သိရသည်)။ ထိုသို့ ကျောင်းကလေး တက်ရစဉ်မှာပင် မုန့်ဖိုးနှင့် ကျောင်းလခကို လမ်းထောင့်ချိုးမှ ချောင်းယူပြီး အဖေ့ အမေက တောင်းယူ သုံးစွဲတတ်သည်။ ရိုးရိုး တောင်းသည်မဟုတ်။ ခေါင်းခေါက်၊ ဗိုက်ခေါက်လိမ်ပြီး လုယူခြင်း ဖြစ်သည်။ ပြီးတော့ ထိုရတတ်သမျှ ငွေစဖြင့် နတ်ကန္နား သွားသည်။ မြင်းပွဲနှင့် ဖဲနိုင်လျှင် ဟင်းကောင်း ကျွေးကောင်းများ ချက်ပြီး အိမ်နီးချင်းများကို ကောင်းကောင်း ကျွေးမွေး ဧည့်ခံသည်။ ထိုအချိန်များတွင် အဖေသည် လှေခါးရင်းတွင် အူလိပ် ဗိုက်ဟာပြီး တံတွေးတမျိုမျိုဖြင့် ထိုင်စောင့်နေရတတ်သည်။ အားလုံး ကုန်တော့မှ အရိုးအရင်းကို “ဟဲ့ သေနာကလေး ... လာစား” ဟု မသထာရေစာ ကျွေးတတ်သည်။
ဤသည်တို့မှာ ကျွန်တော်က အပိုပြောရခြင်း မဟုတ်ပါ။ လိုပင် လိုနေပါသေးသည်။ အဘယ့်ကြောင့်ဆိုသော် အဖေက သူ့အမေအကြောင်း ပြန်ပြောသောအခါ သည့်ထက် လွန်ကဲသော မယုံစရာများစွာ ပါနေသောကြောင့် ဖြစ်သည်။ သို့သော် အဖေက တိုက်ရိုက် ပြောခြင်း မဟုတ်ပါ။ ဝတ္ထုဖြင့် ပြောပြခဲ့ခြင်း ဖြစ်သည်။ အကြိမ်ကြိမ် ပြန်လည် ပုံနှိပ်ထုတ်ဝေခဲ့ရသော သာဓု၏ အတာ ဝတ္ထုသည် အဖေ၏ ငယ်ဘဝ အတ္ထုပ္ပတ္တိပင် ဖြစ်ပါတော့သည်။
ယခုအချိန် အသက် (၄၀) နှင့် အထက် စာဖတ် ဝါသနာကြီးသူ တို့သည် အဖေ၏ ‘အတာ’ ဝတ္ထုရှည်ကြီးကို ကောင်းစွာသိရှိ ကြပေလိမ့်မည်။ ‘အတာ’တွင် အတာဆိုသော ၁၀ နှစ်သားအရွယ် ကောင်လေးတစ်ယောက်၏ မိခင်မေတ္တာ ငတ်မွတ်ခဲ့ရပုံသည် စာဖတ်သူ မျက်ရည်ကျရလောက်ပေသည်။ ကျွန်တော် ဆိုလျှင် မျက်ရည်ကျ ရမည့်အခန်း ရုပ်ရှင်ထဲ သရုပ်ဆောင်ရမည် ဆိုလျှင် ‘အတာ’ စာအုပ်ကို ရိုက်ကွင်းပေါ် ယူသွားတတ်သည်။ ရိုက်ခါနီးဆဲဆဲ ကြုံရာ စာမျက်နှာကို လှန်ဖတ်ရုံဖြင့် ကျွန်တော် မျက်ရည် အလိုလို ကျရသည်။
သို့သော် အဖေသည် သူ့အမေကို အလွန် ချစ်ရှာသည်။ သူ့အမေ သူ့အပေါ် ဆိုးခဲ့သည်များကို လူသိမခံပါ။ အတာ ဝတ္ထုသည် သူ့ကိုယ်တွေ့ပါ ဟူ၍ ကွယ်လွန်ခါနီးကျမှ ဝန်ခံခဲ့လေသည်။ (မကွယ်လွန်မီ အဖေ့ကို ရွှေအမြုတေ ကိုဝင်းငြိမ်းက ထိုအကြောင်း အင်တာဗျူး လုပ်တော့လည်း အဖေ ဝန်ခံ ခေါင်းညိတ်ခဲ့ပါသည်။ ဒါကြောင့် ယခု ကျွန်တော် ရေးရဲပါသည်။)
“ဟုတ်မှ ဟုတ်ရဲ့လား အဖေရယ်” ဟု ကျွန်တော် မေးသောအခါ
“ဒါထက်ဆိုးတာတွေ ရှိတာပေါ့ကွာ၊ ဝတ္ထုအနေနဲ့ ယုတ္တိမတန်မှာ စိုးလို့ အဖေထည့်မရေးတာ” ဟု ပြောပါသည်။
မည်သို့ပင်ရှိစေ၊ ကျွန်တော်တို့ အရွယ်ကလေးတွေ ရလာသောအခါ ဤမျှဆိုးသော အမေကို အဖေ ကျေးဇူးဆပ်ပုံတွေကိုကား မျက်မြင်ကိုယ်တွေ့ ဖြစ်ခဲ့ရပါသည်။ ကျွန်တော်တို့ ငယ်စဉ်၌ အဖေသည် ချမ်းသာကြွယ်ဝနေသူ ဖြစ်နေပါပြီ။ အိမ်မှာ မော်တော်ကား (၆) စီး ရှိနေပါသည်။ ထိုအထဲမှ အကောင်းဆုံးကား (ထိုစဉ်က ဘဲလ်အဲယား ဇိမ်ခံကား)ကို သူ့ အမေအတွက် ထားသည်။ အဘွား သွားချင်ရာ သွားဖို့ အတွက်တဲ့။ ကျွန်တော့် အဘွား ဘယ်တွေ သွားသနည်း။ လမ်းဘေးနတ်ပွဲသို့၊ ဖဲရိုက်သွားဖို့နှင့် ဈေးသွားရောင်းဖို့ ဖြစ်သည်။ စာရေးဆရာ ဒါရိုက်တာ ကုမ္ပဏီ ပိုင်ရှင်ကြီး ဦးသာဓု၏ မိခင်သည် နံနက်တိုင်း ဇိမ်ခံကားဖြင့် သွားပါသည်။ သူ့တွင် ဈေးဗန်း အလွတ်တစ်ခု ပါသည်။ ဈေးသို့ရောက်သော် ထိုဗန်း အလွတ်ထဲသို့ ဟိုဆိုင်သည်ဆိုင်မှ သားငါးများ၊ တိုလီမုတ်စ ဟင်းသီးဟင်းရွက်များကို အကြွေးယူပြီး ဈေးထဲ လည်ရောင်းတော့သည်။ ထိုအချိန်တွင် ဦးသာဓုသည် ဇိမ်ခံကားပေါ် စီးကရက်ခဲရင်း သူ့ အမေကို ထိုင်၍ စောင့်ပေးရှာသည်။ ကျွန်တော့် မျက်မြင် ဖြစ်ပါသည်။
“အဖေရယ်၊ အဘွားကို အလိုလိုက်တာ လွန်လွန်း ပါတယ်” ဟု ကျွန်တော်က ကရုဏာဒေါသော ပြောသောအခါ အဖေက
“သားရဲ့၊ မင်းဘွားဘွားကိုသာ မဟုတ်ဘူး၊ မင်းတို့ကိုလည်း ဖေဖေ ဂရုစိုက်တာပဲ၊ သားတို့ကို ဖေဖေ တစ်ချက်ကလေး ရိုက်ဖူးသလား၊ ပြောစမ်း၊ အေး အဲသလို ဖေဖေလုပ်နေတာ နောင်ဘဝမှာ မင်းအဘွား ဝဋ်လည်မှာ စိုးလို့ပဲ၊ မင်းတို့ ယုံချင်ယုံ မယုံချင်နေ၊ နောက် ဘဝမှာ အဖေက မိဘဖြစ်ပြီး အဖေ့အမေက သားသမီး ဖြစ်ခဲ့ရင် ဒီဘဝ ဝဋ်ကြွေးတွေ ပြန်လည်မှာကို ဖေဖေ သိပ်စိုးရိမ်တယ်” ဟု ပြောရှာပါသည်။
အဖေဆုံးခါနီး နောက်ဆုံး ထွက်သက်သည် ကျွန်တော့် လက်ပေါ်မှာ ဖြစ်သည်။ အဖေသည် ဝေဒနာကို ကြိတ်မှိတ်ခံစား နိုင်သူသာ ဖြစ်သည်။ နောက်ဆုံးအချိန်များတွင် အဖေသည် မခံမရပ် နိုင်လွန်းမှ တစ်ချက်မျှ ညည်းတွားပါသည်။
“အမေ” ဟူ၍ ဖြစ်ပါသည်။
---------
သုမောင်
ရွှေအမြုတေ၊ ဧပြီ၊ ၁၉၉၉။

 

Hi !

!

Popular posts from this blog

ဝေဝါးမှုတွေနဲ့အတူ မသေချာ မရေရာမှုများနဲ့ မြန်မာပြည်..။

  ဝါရင့်သတင်းစာဆရာကြီး လာရီယာဂန်က စစ်အာဏာသိမ်းမှု သုံးနှစ်ပြည့်တဲ့ ဖေဖော်ဝါရီ(၁)ရက်နေ့မှာ ဘန်ကောက်ပို့စ်သတင်းစာမှာ ဆောင်းပါးတစ်ပုဒ် ရေးသားလိုက်ပါတယ်။ ဆောင်းပါးခေါင်းစဉ်က Myanmar faces increasing uncertainty ပါ။ စစ်အာဏာသိမ်းပြီး သုံးနှစ်အကြာမှာ မြန်မာနိုင်ငံရဲ့အခြေအနေ ဘယ်လိုရှိသလဲ။ ရှေ့မှာ ဘာဖြစ်နိုင်သလဲ။ မှန်းဆထားတာပါ။ လက်ရှိ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်လို့ လာရီယာဂန်လည်း ဘာမှ မမှန်းဆနိုင်ပါဘူး။ သူပြောနိုင်တာ တစ်ခုက မြန်မာပြည်ဟာ မသေမချာ မရေမရာမှုတွေ အများကြီးနဲ့ ဆက်ပြီး ရင်ဆိုင်နေရဦးမယ်ဆိုတဲ့ ကောက်ချက်ပါ။ မြန်မာစစ်တပ်က ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရကို စစ်အာဏာသိမ်းခဲ့တာ ခု ဖေဖော်ဝါရီ(၁)ရက်မှာ သုံးနှစ်တိတိ ပြည့်ခဲ့ပြီဖြစ်ကြောင်း၊ သုံးနှစ်အတွင်း တိုင်းပြည်ဟာ အဖက်ဖက်က ယိုယွင်းပျက်စီးသွားပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေ တိုးပွါးနေကြောင်း၊ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ပီဒီအက်ဖ်တွေကြား တိုက်ပွဲတွေကြောင့် ပြည်သူသန်းပေါင်းများစွာ အိုးပစ်အိမ်ပစ် ထွက်ပြေးနေရကြောင်း လာရီယာဂန်က ရေးသားပါတယ်။ ...

ကရင်ပြည်နယ်ပုံရိပ်ကို ထိခိုက်စေသဖြင့် ရွှေကုက္ကိုလ်ကို တိုက်ခိုက်ရဟု KTLA ပြော

  ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ ရွှေကုက္ကိုလ်မြို့သစ်သည် ပြည်နယ်ဖွံဖြိုးမှု မဖြစ်စေဘဲ ပျက်ဆီးမှုကိုသာ ဖြစ်စေသဖြင့် တိုက်ခိုက်ရခြင်း ဖြစ်ကြောင်း ကော်သူးလေတပ် (KTLA) က ဧပြီ ၇ ရက်တွင် ကြေညာသည်။ Facebookတွင် ပျံ့နှံလာသော KTLA ဗဟိုဌာနချုပ် ရုံးထိုင်မှူး စောဝါးနေမူး လက်မှတ်ထိုးထားသည့် ကြေညာချက်အရ ရွှေကုက္ကိုလ်မြို့သည် မူးယစ်ဆေးဝါး ဖြန့်ဖြူးသုံးစွဲရောင်းချနေပြီး တိုင်းရင်းသူ အမျိုးသမီးများကို ပြည့်တန်ဆာအဖြစ် လိမ် လည်လှည့်ဖြားစေခိုင်းနေသည့် နေရာဖြစ်နေသလို စစ်ကောင်စီအတွက် တရားမဝင်ငွေကြေးများ ရှာဖွေပေးသည့် နေရာ ဖြစ်၍ ပြည်ပမှ အလုပ်သမားများကိုလည်း လိမ်လည်ခေါ်ဆို ခိုင်းစေမှုများ ရှိနေသဖြင့် KTLA အနေနှင့် ကရင်ပြည်နယ် အကျိုးအတွက် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း၊ ထို့အတွက် ရွှေကုက္ကိုလ်တွင် နေထိုင်သည့် ပြည်သူများအနေနှင့် တိုက်ပွဲ ဧရိယာမှ ရှောင်ပေးကြရန် ထုတ်ပြန်ထားသည်။ ထိုကြေညာချက်နှင့် ပတ်သက်၍ ပိုမိုသိရှိနိုင်ရန် KTLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောနယ်ဒါးမြကို ဧရာဝတီက ဖုန်းဖြင့်ဆက် သွယ်ခဲ့ရာ ၎င်း အလုပ်များနေသဖြင့် နောက်မှ ပြန်လည်ဆက်သွယ်ရန် ပြောဆိုသည်။ ကော်သူးလေတပ်နှင့် နီးစပ်သည်...

မြန်မာနိုင်ငံမှာရှိတဲ့ ဗမာလူမျိုး ပေါ်ပေါက်ပုံ အကြောင်း

  ဗမာလူမျိုး ပေါ်ပေါက်လာပုံ သမိုင်းကြောင်း – တိဘက်တို ဘားမန်းလူမျိုးနွယ်စုကြီး မှ အကြီးဆုံးသောလူမျိုးဖြစ်သည်။ ယနေ့ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းသို့ နာဂ၊ သက်၊ ကမ်းယံ၊ပျူ တို့နောက်မှ ဝင်ရောက်လာခြင်းဖြစ်သော်လည်းပျူတို့ ထူထောင်သည့် ပထမပြည်ထောင်စုကို အေဒီ ၈ ရာစုတွင် နန်ကျောက်တို့က ဖျက်စီးပြီးချိန် မတိုင်မှီက ပင် ရောက်ရှိနေထိုင်နေခဲ့ပြီးဖြစ်သည်ဟုခန့်မှန်း၍ရနိုင်သည်။အေဒီ ၁၀ ရာစုမတိုင်မှီ အချိန်ကပင် ကျောက်ဆည် ၁၁ ခရိုင်တွင် အခြေချခဲ့ပြီး နောက်များမကြာမှီ တွင်မြစ်သာ ၆ ခရိုင် ၊ ပုဂံ နေပြည်တော်တို့ကို ထူ ထောင်ကာဒုတိယမြန်မာပြည်ထောင်စုကို တည်ထောင်ခဲ့ကြသည်။ သို့သော် မြန်မာနိုင်ငံသားတို့က ထိုပြည်ထောင်စုကိုသာပထမပြည် ထောင် စုအဖြစ် လက်ခံကြသည်။သမိုင်းတစ်လျောက်တွင် မွန်ဂို၊ တရုတ်၊ ယိုးဒယား၊ မွန်၊ ရခိုင်၊ ရှမ်း၊ ကရင် အစရှိသည့် အတွင်း၊ အပြင်ရန်အမျိုးမျိုးနှင့်ကြုံတွ့ခဲ့ဖူးပြီးအကြိမ်တိုင်းတွင် ပြည်ထောင်စု၏ ဦးဆောင်သူနေရာကို ဗမာတို့ ပြန်လည်ကာ ရောက်ရှိနိုင်ခဲ့သည်။အနော်ရထာ၏ ပထမပြည်ထောင်စု(ပထမမြန်မာနိုင်ငံတော်ကြီး)၊ တပင်ရွှေထီး-ဘုရင့်နောင်တို့ ၏ ဒုတိယပြည်ထောင်စု (ဒုတိယ မြန်မာနိုင်ငံတော်ကြီး)၊အလောင်းဘုရား၏ တတိ...

မြန်မာပြည်မြေပုံကို အပြောင်းခံကြမှာလား

  ကမ္ဘာ့သမိုင်းကို ပြန်လေ့လာကြည့်မယ်ဆိုရင် အိမ်နီးချင်းနိုင်ငံတွေအဖြစ် နှစ်ပေါင်းများစွာ အတူတကွ ယှဉ်တွဲ ရပ်တည်နေကြပြီးမှ ဝေးကွာသွားကြတဲ့ နိုင်ငံတွေ ရှိခဲ့တယ်ဆိုတာ တွေ့နိုင်ပါတယ်။ ကျွန်တော်တို့အတွက် အထင်ရှားဆုံး ဥပမာတစ်ခုရှိပါတယ်။ အဲဒါကတော့ မြန်မာနဲ့ ပါကစ္စတန်တို့ဟာ ယခင်က နယ်မြေချင်း ထိစပ်နေကြတဲ့ အိမ်နီးချင်း နိုင်ငံတွေပါ။ သို့သော် ၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံအသစ် ပေါ်ပေါက်လာချိန်မှာတော့ အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားခဲ့ကြပါတယ်။ ယခင်က အိမ်နီးချင်းဖြစ်ခဲ့လို့ ထင်ပါတယ်၊ မြန်မာနဲ့ ပါကစ္စတန်တို့ရဲ့ ဆက်ဆံရေးဟာ ကောင်းမွန်နေကြဆဲဆိုတာ သက်သေ၊ သာဓကများစွာ ရှိပါတယ်။ အဲဒီလို အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားရခြင်းဟာ သူတို့ရဲ့ ပြည်တွင်းရေးသာ ဖြစ်တဲ့အတွက် အထူးအထွေ ဝေဖန်ရန် မရှိပါ။ သို့သော် လက်ရှိအခြေအနေမှာ မြန်မာရဲ့ အိမ်နီးချင်း (၅) နိုင်ငံရှိနေရာက မတူညီတဲ့ အိမ်နီးချင်းနိုင်ငံသစ်တွေ ထပ်မံ ပေါ်ပေါက်လာဖို့ လုပ်ဆောင်နေကြတာတွေ မြင်နေရပါပြီ။ ဒီတစ်ကြိမ်ကတော့ ကျွန်တော်တို့ရဲ့ ပြည်တွင်းရေးဖြစ်တဲ့အတွက် အလေးထားရပါတော့မယ်။ ရှိပြီးသား အိမ်နီးချင်း (၅) နိုင်ငံနဲ့ မြန်မာတို့အကြား ကျွန်တော်တိ...

မြန်မာ ဒုကာကွယ်ရေးဝန်ကြီး ထောင်ထဲရောက်ပြီ

  မြန်မာ ဒုကာကွယ်ရေးဝန်ကြီး ထောင်ထဲရောက်ပြီ မတ်လ ၂၈ ရက် ၂၀၂၄ ခုနှစ် နံနက် ၁၀ နာရီ ၂၀ သတင်း ================================= ကာကွယ်ရေး ဒု-ဝန်ကြီး ဖြစ်သူ ဗိုလ်ချုပ်အောင်လင်းထွန်းကို ကျားဖြန့်လုပ်ငန်းနဲ့ ပတ်သက်တယ်ဆိုပြီး မနေ့ည မတ်လ ၂၇ ရက်နေ့ည ၁၁ နာရီတွင် စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့မှ သွားရောက်ဖမ်းဆီးခဲ့ကြပါတယ်။ အဆိုပါ ဖမ်းဆီးချိန်တွင် ဒုကာကွယ်ရေးဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်အောင်လင်းထွန်းသည် အရက်မူးနေပြီး အသာတကြည် လိုက်လာခြင်းမရှိပဲ … ပုဆိုးလှန်ပြီး ဆဲဆိုနေခြင်းကြောင့် စစ်ဘက်လုံခြုံရေးအဖွဲ့မှ ရိုက်နှက်ခဲ့ရာ.. သွား အချို့ ကျွတ်သွားပြီး ပါးစပ်တခုလုံး သွေးများနီရဲနေသည်။ “အဲ့ကောင် ပါးစပ်က သွေးမတိတ်ခင် ရမဲသင်းထောင်ပို့လိုက်စမ်း” လို့ အထက် အမိန့်ပေးလိုက်တော့ အခု ရမဲသင်းထောင်ရောက်နေပြီဖြစ်ကြောင်း မြန်မာအမေရိကန် သတင်းဌာနမှ စုံစမ်းသိရှိရသည်။ ဂိုလ်ရှယ်လေး

စစ်တပ်မှ အာဏာသိမ်းထားသည့် ၃ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ထောင်သားဘဝ

                           ဖေဖော်ဝါရီလ ၁ ရက်နေ့သည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့အတွက် အနှောက်အယှက်ဖြစ်စေသူဟု ယူဆသည့် ရွေးကောက်ခံအစိုးရ ခေါင်းဆောင်နှင့် နိုင်ငံသမိုင်းတွင် အညီညွတ်ဆုံးဖြစ်စေခဲ့သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာမှဖယ်ရှားပြီး မအောင်မြင်သော အာဏာသိမ်းမှု ပြုလုပ်သည့် သုံးနှစ်မြောက်နေ့ ဖြစ်သည်။ ရက်ပေါင်း ၁၀၉၅ ရက်ကျော် ကြာသော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် မြို့တော်နှင့် စစ်တပ်ဗဟိုဌာနချုပ် နေပြည်တော် အနောက်တောင်ဘက်အစွန်းမှ ထောင်တခုတွင် တဦးတည်း ဆက်လက် ဖမ်းဆီးချုပ်နှောင်ခံနေရသည်။ သူ့အတွက် တခုတည်းသော ထောင်ပြင်ထွက်ရချိန်သည် လွန်ခဲ့သောနှစ်အတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စတာ ဒွန် ပရာမတ်ဝီနိုင်နှင့် တွေ့ရသည့် တိုတောင်းသော ကာလဖြစ်ပြီး သူ့ကို ချမှတ်ထားသည့် ထောင်သက်တမ်းကိုလည်း ၃၃ နှစ်မှ ၂၇ နှစ်သို့ လွန်ခဲ့သောနှစ်က လျှော့ချပေးသည်။ အာဏာသိမ်းမှု နှစ်ပတ်လည်သည် ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းနည်းစရာကောင်းသော လက်ရှိအခြေအနေနှင့် ဝေဝါးနေသည့် အနာဂတ်ကို မီးမောင်းထိုးပ...

ပဲခူးတိုင်း မင်းလှမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွား

  မင်းလှတွင် ၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲ ၆ ကြိမ် အတွင်း စစ်တပ်ဘက်မှ စစ်သား ၈၀ ဦးကျော်သေဆုံး ရန်ကုန်၊ မတ် ၁၁ ပဲခူးတိုင်း၊ မင်းလှမြို့နယ်အတွင်း ၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲ ၆ ကြိမ် အတွင်း စစ်တပ်ဘက်မှ ၈၀ ကျော်သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ မတ်လ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ ဧက ၁၀၀၀ ကျွန်း စိုက်ခင်း ကျုံးပေါက်အနီး၌ စစ်ကြောင်း ထိုးလာသော အင်အား ၁၂၀ ပါ စစ်ကောင်စီ တပ်သားများကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ နှင့် ဒဂုံစစ်ကြောင်းတို့က စောင့်ကြို တိုက်ခိုက်ခဲ့ရာ အပြန်အလှန် တိုက်ပွဲ ၂ နာရီကျော် ကြာမြင့်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်ဘက်မှ ၂၀ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။ ယင်းနေ့ ညနေ ၅ နာရီခန့်အချိန် မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်းပေါ်ရှိ ဟိုင်းယု လမ်းဆုံတွင် တပ်ဆွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ နှင့် တပ်ခွဲ ၃ တို့က လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ရှောင်တခင် သွားရောက် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၃ နာရီခန...

တပ်မလက်ရွေးစဉ် ဘီလူးစစ်ကြောင်းဆိုသည်မှာ .....

    “ဒီစစ်ကြောင်းက စစ်တိုက်ဖို့ဆိုတာထက် လူတွေကိုသတ်၊ မုဒိမ်းကျင့်ဖို့ အဲ့လိုမျိုးတွေလုပ်ဖို့ အဓိကလာတဲ့ စစ်ကြောင်းပါ။ လူမဆန်တဲ့ လုပ်ရပ်တွေကို အဓိကလုပ်တာ” မြောင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) က ကိုနွေဦးက စစ်ကိုင်းဒေသအတွင်း စစ်ရာဇဝတ်မှုများကို ကျူးလွန်ချိုးဖောက်နေသည့် ဘီလူးစစ်ကြောင်း၏ လုပ်ရပ်များကို ပြောဆိုသွားခြင်းဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြည်သူများကို ရက်ရက်စက်စက် ခေါင်းဖြတ်သတ်သည့် စစ်ကြောင်း၊ အစုလိုက် အပြုံလိုက် သတ်သည့်စစ်ကြောင်း၊ မုဒိမ်းမှုများကို ကျူးလွန်နေသည့် စစ်ကြောင်းဟု ဆိုလိုက်ပါက လူတိုင်းက ဆိုးဆိုးရွာရွား နာနာကျည်းကျည်း အမှတ်ရနေသည့် စစ်ကြောင်းမှာ ဘီလူးစစ်ကြောင်းပင် ဖြစ်သည်။ ရက်စက်မှုအပေါင်း သရဖူဆောင်းထားသည့် ဘီလူးစစ်ကြောင်းသည် ယခုနှစ် ဩဂုတ်လ တတိယပတ်မှ စက်တင်ဘာလ ဒုတိယပတ်ထိ စစ်ကိုင်း၊ ရွှေဘို၊ ဝက်လက်နယ်များသို့ စစ်ကြောင်းထိုး ဝင်ရောက်ပြီးနောက် ပြည်သူများကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်။ 'စစ်ကိုင်း၊ ရွှေဘို၊ ဝက်လက်နယ်ထဲ ဘီလူးစစ်ကြောင်း၏ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သည့် အခြေအနေများ' မန္တလေး-ရွှေဘို-မြစ်ကြီ...

ရှမ်းမြောက်က ကျားဖြန့် ဇာတ်သိမ်းခန်း

  ဇန်နဝါရီ ၃၀ ရက်တွင် မြန်မာနိုင်ငံ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက တရုတ် အစိုးရထံ မြန်မာနိုင်ငံမြောက်ပိုင်း ကျားဖျန့် လုပ်ငန်းများတွင် အဓိက ကြိုးကိုင်သူများဟု သတ်မှတ်ထားသည့် ပယ်စောက်ချိန်အပါအဝင် ခြောက်ဦးနှင့် အခြားအရေးကြီးသံသယရှိ သူ လေးဦးကို လွှဲပြောင်းပေးခဲ့သည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ဇန်နဝါရီ ၃၀ ရက်တွင် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးအဖွဲ့ အစည်းထံသို့မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့် ဒေသ အွန်လိုင်းလိမ်လည်မှုအဖွဲ့၏ အဓိက ခေါင်းဆောင် ခြောက်ဦးဖြစ်သည့် ပယ် စောက်ချိန်၊ ပယ်ရင်ချန်၊ဝေ့ဟွိုင်ရန်၊ လျိုကျန့် ရှန်၊ လျိုကျန့်မောက်၊ ရွှီလောက်ဖာနှင့် အခြား အရေးကြီး ပြစ်မှုကျူးလွန်ကြောင်းသံသယရှိ သူ လေးဦးအား တရားဥပဒေနှင့်အညီ လွှဲ ပြောင်းပေးအပ်ခဲ့ပြီး အဆိုပါ ၁၀ ဦးကို ယင်း နေ့ညတွင်ပင် တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့ သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ခဲ့သည်။ ယင်းသို့ မြန်မာနိုင်ငံမြောက်ပိုင်းရှိ ကျား ဖျန့်လုပ်ငန်းများတွင် အဓိကတာဝန်ရှိသူဟု တရုတ်အစိုးရက သတ်မှတ်ထားသည့် ပယ် စောက်ချိန် အပါအဝင် ခြောက်ဦးအား လွှဲ ပြောင်းပေးအပ်ခြင်းမှာ တရုတ်-မြန်မာ နှစ် နိုင်ငံ၏ န...

အာဆီယံ-သြစတြေးလျ ထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီ ကိုယ်စားလှယ်တက်မည်

 စစ်ဗိုလ်ချုပ်များခန့်ထားသည့် သံအမတ်က မဲလ်ဘုန်းမြို့တွင် ၃ ရက်ကြာ ကျင်းပမည့် ဒေသတွင်း အထူးထိပ်သီးအစည်းအဝေးကာလအတွင်း ဆွေးနွေးပွဲ ၂ ခုကို တက်မည်ဟု သိရှိရသည်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသည့် အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသည့် သြစတြေးလျ ဝန်ကြီးချုပ် Anthony Albanese ကို တွေ့ရစဉ်။ သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် မတ်လ ၄ ရက်မှ ၆ ရက်အထိ ကျင်းပမည့် အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီကိုယ်စားလှယ် တက်ရောက်မည်ဟု သိရသည်။ အစည်းအဝေးကာလတွင် ပြုလုပ်မည့် ရေကြောင်းပူးပေါင်းဆောင်ရွက်ရေးညီလာခံ၊ ရာသီဥတုနှင့် သန့်ရှင်းသောစွမ်းအင်ဆိုင်ရာ ဖိုရမ်တို့ကို ကင်ဘာရာမြို့ မြန်မာသံရုံးမှ စစ်ကောင်စီခန့် သံအမတ် ဦးသက်ထွန်း တက်ရောက်မည်ဖြစ်သည်။  အခြား ဆက်စပ်အစည်းထိပ်သီးအစည်းအဝေးများသို့ စစ်ကောင်စီကိုယ်စားပြုကိုယ်စားလှယ် တက်မည်၊ မတက်မည်ကိုမူ သြစတြေးလျ နိုင်ငံခြားရေးနှင့် ကုန်သွယ်မှုဌာနက ပြောဆိုခြင်းမရှိပေ။ ...

Click !