{ မိုးတင့်ဆွေ }
အ မေ ရိ ကန် ဒေါ် လာ သုံး နေ တဲ့ ပတ် ဝန်း ကျင် က တစ် ခု ၊ BRICS ငွေ ကြေး သုံး နေ တဲ့ ပတ် ဝန်း ကျင် က တစ် ခု အ နေ နဲ့ ရပ် တည် နေ မှာ ။
သ ဘော က UEFA က ကျင်း ပ တဲ့ ချန် ပီ ယံ လိဒ် တို့ ယူ ရို ပြိုင် ပွဲ တို့ လို က တစ် ခု ၊ FIFA က ကျင်း ပ တဲ့ က မ္ဘာ့ ဖ လား က တစ် ခု ဆို သ လို ဖြစ် နေ လိမ့် မယ် ။
ဂေါက် သီး က စား နည်း နဲ့ ဆို PGA ပြိုင် ပွဲ က တစ် ခု LIV ပြိုင် ပွဲ က တစ် ခု ဆို တာ မျိုး ပါ ။
ဘော လုံး ပြိုင် ပွဲ UEFA ဖ လား နဲ့ FIFA World Cup က အ ချင်း ချင်း သ ဘော တူ ညီ ချက် ရ ထား တော့ သ ဟ ဇာ တ ဖြစ် နေ ပြီး ထိပ် တိုက် မ တွေ့ ဘူး ။
ဂေါက် သီး ရိုက် ပြိုင် ပွဲ PGA နဲ့ LIV က အ ချင်း ချင်း ညှိ မ ရ တော့ ထိပ် တိုက် တွေ့ နေ တယ် ။ အ ရင် ရှိ ခဲ့ တဲ့ PGA က နောက် မှ လုပ် လာ တဲ့ LIV ကို လက် မ ခံ ဘူး ။ LIV ပြိုင် ပွဲ တွေ မှာ က စား တဲ့ က စား သ မား တွေ PGA ပြိုင် ပွဲ မှာ မ က စား ရ ဘူး လို့ ပိတ် ပင် တယ် ။
LIV ပြိုင် ပွဲ က သူ့ ဆီ မှာ လာ က စား ဖို့ ပဲ ဖိတ် ခေါ် တယ် ။ PGA မှာ မ က စား ရ ဘူး လို့ မ ပိတ် ပင် ဘူး ။
PGA က အ မေ ရိ ကန် က လုပ် တာ ။ LIV က ဆော် ဒီ အာ ရေး ဗီး ယား က လုပ် တာ ။
LIV ပြိုင် ပွဲ က ဆု ကြေး ငွေ အ များ ကြီး ပေး ပြီး က စား သ မား တွေ ကို လည်း Sponsor လို့ ခေါ် တဲ့ ထောက် ပံ့ ကြေး အ များ ကြီးပေး ထား တယ် ။
နောက် မှ လုပ် တဲ့ LIV ပြိုင် ပွဲ က ငွေ ကြေး အ ရ ကော စည်း ကမ်း အ ရ ကော ပို ကောင်း နေ တော့ အ ရင် PGA က LIV ကို ပို ဖိ အား ပေး တိုက် ခိုက် နေ တယ် ။
ဂေါက် သီး အား က စား လို ပဲ ဘော လုံး မှာ လည်း ရှိ တယ် ။ နာ မည် ကြီး ရီး ယဲ မက် ဒ ရစ် တို့ ဘာ စီ လို နာ တို့ က ကြီး မှူး ပြီး ကျင်း ပ မယ့် Super Cup ပြိုင် ပွဲ ကို UEFA က လက် မ ခံ ဘူး ။ အဲ့ ဒီ Super Cup ကို ဝင် ပြိုင် ရင် UEFA ပွဲ တွေ မ က စား ရ ဘူး လို့ လုပ် တယ် ။
ဒါ ကြောင့် မန် ယူ တို့ အာ ဆင် နယ် တို့ က Super Cup ပြိုင် ပွဲ က နေ နှုတ် ထွက် သွား ခဲ့ ကြ တယ် ။
ဒေါ် လာ နဲ့ BRICS ငွေ ကြေး က လည်း ဒီ လို ပဲ ။ ဒေါ် လာ က နိုင် ငံ ရေး အ တွက် အ သုံး ချ တယ် ။ နိုင် ငံ တွေ အ ပေါ် အ နိုင် ကျင့် အ မြတ် ထုတ် တယ် ။
BRICS က အဲ့ လို လုပ် ရပ် တွေ ကို မ ခံ နိုင် လို့ ခွဲ ထွက် တာ ။ လော လော ဆယ် Brics ငွေ ကြေး ကို အ သုံး ပြု နေ တာ အ ဖွဲ့ ဝင် နိုင် ငံ တွေ ထဲ က သာ ရှိ နေ သေး ပေ မယ့် တ ရား ဝင် ပါ ဝင် ချင် နေ တဲ့ နိုင် ငံ ၁၅၉ နိုင် ငံ ထိ ရှိ လာ တယ် ။
ရီး ယဲ ၊ ဘာ စီ လို နာ ၊ မန် ယူ တို့ လို ထိပ် တန်း အ သင်း တွေ ချည်း ကန် မယ့် ပြိုင် ပွဲ ဖြစ် လာ ရင် ပ ရိ သတ် က ပျော် မှာ ဖြစ် ပေ မယ့် UEFA ပြိုင် ပွဲ တွေ လူ စိတ် ဝင် စား မှု လျော့ ကျ သွား လိမ့် မယ် ။
ဆု ကြေး ငွေ ဒေါ် လာ သန်း ရာ နဲ့ ချီ ပေး တဲ့ LIV ပြိုင် ပွဲ က ပို အ ကြိတ် အ နယ် ဖြစ် ပေ မဲ့ PGA ပြိုင် ပွဲ ပြိုင် မယ့် သူ နည်း သွား လိမ့် မယ် ။
ပို ကောင်း ပို သာ အောင် လုပ် မယ့် သူ က အ နိုင် ရ မှာ ဆို တဲ့ ဥ ပ ဒေ သ ကို ပို ကောင်း အောင် လုပ် ခွင့် မ ပေး ဘူး ဆို တဲ့ စ နစ် နဲ့ ဖျက် ရင် တော့ နစ် နာ စေ မှာ ပဲ ။
ဒေါ် လာ ကို ယူ က ရိန်း စစ် နောက် ပိုင်း နိုင် ငံ အ တော် များ များ စိတ် ပျက် လာ ကြ တဲ့ နိုင် ငံ တွေ နိုင် ငံ ရေး မ ပါ မယ့် Brics ငွေ ကြေး ကို အ သုံး ပြု ဖို့ စိတ် ကူး လာ ကြ တယ် ။
တ ရုတ် နဲ့ ရု ရှား စ ပြီး တွင် တွင် ကျယ် ကျယ် သုံး ပြ တဲ့ Brics ငွေ ကြေး က စီး ပွား ရေး အ တွက် ကော စစ် ရေး အ တွက် ပါ ပို အ သုံး ပြု ဖို့ အ ဆင် ပြေ လာ နိုင် တယ် ။
ဆော် ဒီ လို ရေ နံ ထွက် နိုင် ငံ တွေ က ပါ အ သုံး ပြု လာ ရင် ဒေါ် လာ မ လို ပဲ ကုန် သွယ် ရေး လုပ် လို့ ရ လာ လို့ ပို တွင် ကျယ် လာ လိမ့် မယ် ။
အ မေ ရိ ကန် က Brics ငွေ ကြေး သုံး ရင် Swift မ သုံး ရ ဘူး ဆို တဲ့ ကိ စ္စ လည်း ဖြစ် မ လာ ဘူး လို့ မ ပြော နိုင် ဘူး ။
ဘယ် လို ဖြစ် ဖြစ် အ ပြိုင် ရှိ ရင် ရွေး ချယ် ခွင့် ရ စေ လို့ ပို ကောင်း တဲ့ အ ခြေ အ နေ သာ ဖြစ် စေ လိမ့် မယ် ။
မိုး တင့် ( ရန် ကုန် တ က္က သိုလ် )
၁၄ ၊ ၂ ၊ ၂၀၂၄