မုံရွာမြို့နယ်၊ နဂါးတွင်းရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေပြီး ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ
ရန်ကုန်၊ ဖေဖော်ဝါရီ ၃
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ နဂါးတွင်းရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေပြီး ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
"အခု စစ်ခွေး စစ်ကြောင်းဝင်ပြီး ရှို့နေတာပါ။ ရွာထဲကိုတော့ မနက်တည်းက စဝင်တာ ပြည်သူတွေ ထိခိုက်မှုနဲ့ ဖမ်းဆီးခံရမှုတော့ မရှိသေးဘူး" ဟု မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
လက်ရှိချိန်တွင် နဂါးတွင်းရွာ အနီးရှိ ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူများသည် ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရပြီး အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ကျေးရွာအတွင်းရှိနေသောကြောင့် မီးလောင်ပျက်စီးဆုံးရှုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။
