Skip to main content

Continue !

အဆင့်မြင့်နည်းပညာသုံး ဆိုက်ဘာလိမ်လည်မှုများ၊ ကာစီနိုများက ငွေ ဘီလီယံချီ ခိုးယူနေ

            



တရားမဝင် အွန်လိုင်း ကာစီနိုများ၊ မြေအောက်ဘဏ်စနစ်များ၊ ခရစ်ပတိုငွေကြေးနှင့် မြန်မာမှ ပြည်တွင်းစစ်ကြောင့် လွန်စွာအားကောင်းလာသည့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှု ပေါက်ကွဲထွက်ခြင်းကို တရုတ်နှင့် အရှေ့တောင်အာရှ ရင်ဆိုင်နေရသည်ဟု မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး (UNDOC) က ဖော်ပြသည်။

လိုင်စင်ရနှင့် လိုင်စင်မရသော မြေပြင်အခြေစိုက် ကာစီနို ၃၄၀ ကျော်သည် ၂၀၂၂ ခုနှစ်မှ စတင်ကာ အရှေ့တောင်အာရှတွင် လှုပ်ရှားနေပြီး ၎င်းတို့အနက် အများစုသည် ယခုအခါ အွန်လိုင်းသို့ ပြောင်းသွားကာ အလွန်ကြီးမားသော မြေအောက်ဘဏ်လုပ်ငန်းနှင့် ငွေကြေးခဝါချမှု အခြေခံအဆောက်အအုံများကို အရှေ့တောင်အာရှနှင့် အရှေ့အာရှတွင် အသုံးပြုနေကြောင်း ယခုအပတ်အတွင်း UNDOC က ထုတ်ပြန်သည့် သရုပ်ခွဲလေ့လာမှုတွင် ဖော်ပြသည်။


အရှေ့တောင်အာရှမှ ကာစီနိုများသည် တရုတ်-မြန်မာနယ်စပ်မှ အထူးစီးပွားရေးဇုန် (SEZs) များ၊ ထိုင်း၊ လာအိုနှင့် ကမ္ဘောဒီးယားနယ်စပ်များတွင် အုပ်စုလိုက်ရှိနေကြောင်း UNDOC မှ ဒေသဆိုင်ရာအရာရှိ ဂျရမီ ဒေါက်ဂလပ်စ်က ဇန်နဝါရီလ ၁၇ ရက်နေ့က ဘန်ကောက်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

အရှေ့တောင်အာရှမှ ကာစီနိုများသည် တရုတ်-မြန်မာနယ်စပ်မှ အထူးစီးပွားရေးဇုန် (SEZs) များ၊ ထိုင်း၊ လာအိုနှင့် ကမ္ဘောဒီးယားနယ်စပ်များတွင် အုပ်စုလိုက်ရှိနေကြောင်း UNDOC မှ ဒေသဆိုင်ရာအရာရှိ ဂျရမီ ဒေါက်ဂလပ်စ်က ဇန်နဝါရီလ ၁၇ ရက်နေ့က ဘန်ကောက်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ကိုဗစ်နိုင်တင်း အကျပ်အတည်းသည် အွန်လိုင်းလောင်းကစား သိသိသာသာ ကျယ်ပြန့်လာစေပြီး အွန်လိုင်းကာစီနိုများက အသုံးပြုနေသည့် နည်းပညာကို တရုတ်-မြန်မာ နယ်စပ်အနီးနှင့် ဒေသတွင်း အခြားနိုင်ငံများမှ အထူးစီးပွားရေးဇုန်များတွင် ဆိုက်ဘာ ငွေကြေးလိမ်လည်မှုဂိုဏ်းများ ထူထောင်ထားသည့် ရာဇဝတ်ဂိုဏ်းများက မကြာသေးမီ နှစ်များအတွင်း သုံးလာသည်ဟု မစ္စတာ ဒေါက်ဂလပ်စ်က ပြောသည်။

တရုတ်လူဆိုးဂိုဏ်းများနှင့် ရာဇဝတ်ဂိုဏ်းများသည် အွန်လိုင်းကာစီနိုများက ထူထောင်ထားသည့် အခြေခံအဆောက်အအုံကို မြေအောက်ဘဏ်စနစ်အဖြစ် သုံးနေပြီး ထိုအခြေခံ အဆောက်အအုံသည် မူးယစ်ဆေးစီးပွားရေး အပါအဝင် ဒေသတွင်း တရားမဝင် စီးပွားရေးတခုလုံးကို အလွန်ကြီးထွားစေသည်ဟု မစ္စတာ ဒေါက်ဂလပ်စ်က ပြောသည်။

“အဲဒီစနစ်က ငွေကြေးရွှေ့ပြောင်းမှုကို ပိုမို ကြီးမားပြီး ပိုမို တီထွင်ဆန်းသစ်တဲ့နည်းနဲ့ ခွင့်ပြုသလို အရင်ကထက်လည်း ပိုမိုခြေရာခံရ ခက်ခဲစေတယ်” ဟု ဘန်ကောက်ရှိ နိုင်ငံခြား သတင်းထောက်များအသင်းတွင် မစ္စတာ ဒေါက်ဂလပ်စ်က ပြောသည်။

“တီထွင်ဆန်းသစ်မှု နယ်ပယ်က အရမ်းကြီးမားတော့ အစိုးရတွေအနေနဲ့ ငွေပေးငွေယူ အားလုံးကို ကိုင်တွယ် နားလည်ဖို့ လိုတဲ့အတွက် ဒီကိစ္စကို ကိုင်တွယ်ဖို့ မယုံကြည်နိုင်လောက်အောင် ခက်ခဲတယ်” ဟု ၎င်းက ပြောသည်။

မြန်မာ ပြည်တွင်းစစ်ကြားတွင် ရွှေတြိဂံမှ မူးယစ်ရာဇာများသည် ပိုမို လွတ်လပ်စွာ လုပ်ကိုင်နေသောကြောင့် ပြဿနာများ ပိုမိုကျယ်ပြန့်လာပြီး ဆိုက်ဘာရာဇဝတ်မှုသည် စိုးရိမ်စရာ အကောင်းဆုံး ဖြစ်လာသည်ဟု ထိုင်းနိုင်ငံ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးရုံး (AMLO) မှ အရာရှိတဦးက ပြောသည်။

                      
                                        ရွှေတြိဂံဒေသ လာအိုဘက်ခြမ်းရှိ ကက်စီနို

နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများသည် ခရစ်ပတိုငွေကြေးများနှင့် ရာဇဝတ်မှု အကျိုးအမြတ်များကို ငွေကြေးခဝါချရန် ပြည်ပဘဏ်စာရင်း ဖွင့်ရေး လွယ်ကူစေသည့် အလျင်အမြန် တိုးတက်နေသော နည်းပညာ အသုံးပြုနေကြောင်း၊ ၎င်းတို့အကျိုးအမြတ်များကို ဖုံးကွယ်ရန် ဘဏ်များ သို့မဟုတ် တရားဝင် စီးပွားရေးလုပ်ငန်းများသို့ ဆိုက်ဘာငွေပေးချေမှုများ လုပ်နေကြောင်း AMLO အရာရှိ ဆူပရာနီး ဆတစ်ချိုင်ချာရွန်က ပြောသည်။

လိမ်လည်မှု ကူးစက်ခြင်းကို တရုတ်က ပြန်လည်တုံ့ပြန်

ဆိုက်ဘာငွေကြေးလိမ်လည်သည့် အုပ်စုများနှင့် အွန်လိုင်းကာစီနိုများက အာရုံစိုက်သည့် တရုတ်နိုင်ငံသည် ၎င်းတို့ နိုင်ငံသားများ အကြီးအကျယ် ဆုံးရှုံးနစ်နာစေသည့် ရာဇဝတ်ဂိုဏ်းများကို အများအားဖြင့် တရုတ်နိုင်ငံသားများကသာ လုပ်ကိုင်နေသောကြောင့် အွန်လိုင်းငွေကြေး လိမ်လည်မှုများနှင့် လိမ်လည်မှုဂိုဏ်းများကို ၎င်း၏ နယ်နိမိတ် အတွင်းတွင်သာမက ပြင်ပတွင်လည်း နှိမ်နင်းသည်။

နိုင်ငံသား ၁၃ သန်းက ၎င်းတို့ကို သားကောင်ဖြစ်စေသည့် ထိုလိမ်လည်မှုများကို တားဆီးရန် အကူအညီတောင်းကြောင်း ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ပြောသည်ဟု China Daily သတင်းတွင် မကြာသေးမီက ဖော်ပြသည်။ အာဏာပိုင်များသည် ၂ ဒသမ ၇၅ ဘီလီယံ လိမ်လည်ခေါ်ဆိုမှုများနှင့် လိမ်လည်သော မက်ဆေ့ပေးပို့မှု ၂ ဒသမ ၂၈ ဘီလီယံကို တားဆီးခဲ့သည်ဟုလည်း ထိုသတင်းက ဖော်ပြသည်။

နိုင်ငံသား ၁၃ သန်းက ၎င်းတို့ကို သားကောင်ဖြစ်စေသည့် ထိုလိမ်လည်မှုများကို တားဆီးရန် အကူအညီတောင်းကြောင်း ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ပြောသည်ဟု China Daily သတင်းတွင် မကြာသေးမီက ဖော်ပြသည်။ အာဏာပိုင်များသည် ၂ ဒသမ ၇၅ ဘီလီယံ လိမ်လည်ခေါ်ဆိုမှုများနှင့် လိမ်လည်သော မက်ဆေ့ပေးပို့မှု ၂ ဒသမ ၂၈ ဘီလီယံကို တားဆီးခဲ့သည်ဟုလည်း ထိုသတင်းက ဖော်ပြသည်။

ထိုဝန်ကြီးဌာနသည် လိမ်လည်သော အင်တာနက် ဒိုမိန်းအမည်လိပ်စာ ၈ ဒသမ ၃၆ သန်းကိုလည်း ကိုင်တွယ်ခဲ့ရပြီး လိမ်လည်မှုနှင့် ပတ်သက်သည့် ယွမ်ငွေ ၃၂၈ ဒသမ ၈ ဘီလီယံ (ဒေါ်လာ ၄၆ ဘီလီယံ) ကိုလည်း ကြားဖြတ်ခဲ့ရသည်ဟု ထိုသတင်းတွင် ဖော်ပြသည်။

“နိုင်ငံတကာ တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုများအတွက် ထိုင်း၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှားနိုင်ငံ အပါအဝင် နိုင်ငံများသို့ အထူးအဖွဲ့များ စေလွှတ်ခဲ့ပြီး ရေခြားမြေခြား လိမ်လည်မှုဂိုဏ်းများကို ဖြိုခွဲပြီး ရာဇဝတ်မှု သံသယရှိသူ ၃,၀၀၀ ကျော်ကို ဖမ်းဆီးကာ ခိုင်မာသော အတားအဆီး ဖြစ်စေခဲ့သည်” ဟုလည်း ထိုသတင်းတွင် ဆက်လက်ဖော်ပြသည်။

အဓိက အာရုံစိုက်သည့်နေရာမှာ မြန်မာနိုင်ငံမြောက်ပိုင်း ရှမ်းပြည်နယ်မှ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် လုပ်ကိုင်နေသည့် လိမ်လည်မှုအုပ်စုများဖြစ်ပြီး စစ်ကောင်စီ ကျောထောက်နောက်ခံပြု ပြည်သူ့စစ်များက အကာအကွယ်ပေးထားသည့် ထိုရာဇဝတ်အုပ်စုများကို ညီနောင်မဟာမိတ် သုံးဖွဲ့က ဖြုတ်ချလိုက်သည်။

မိသားစုများသည် ငွေကြေးလိမ်လည်သူများထံသို့ အရာရာ ဆုံးရှုံးကုန်သောကြောင့် ဆိုက်ဘာငွေကြေး လိမ်လည်မှုများသည် တရုတ်အစိုးရ၏ အဓိက ပြဿနာဖြစ်လာသည်ဟု UNDOC မှ မစ္စတာ ဒေါက်ဂလပ်စ်က ပြောသည်။

ဘဏ္ဍာရေး ရာဇဝတ်မှု ကြီးထွားလာခြင်း

ဘဏ္ဍာရေး ရာဇဝတ်မှု အတိုင်းအတာ သိသိသာသာ မြင့်မားလာကြောင်း အမေရိကန် အဆင့်မြင့် ဘဏ္ဍာရေး အရာရှိများ စတင် သတိပေးလာသည်။

၂၀၂၃ ခုနှစ်တွင် ကမ္ဘာ့ဘဏ္ဍာရေး စနစ်အတွင်းသို့ တရားမဝင်ငွေကြေး ဒေါ်လာ ၃ ထရီလီယံကျော် စီးဝင်ခဲ့ကြောင်း အမေရိကန် စတော့ခ်အိတ်ချိန်း Nasdaq မှ သုတေသီများက ပြောသည်။ ထိုငွေတွင် မူးယစ်မှောင်ခိုခြင်းမှ ဒေါ်လာ ၇၈၂ ဒသမ ၉ ဘီလီယံ၊ လူကုန်ကူးမှုမှ ဒေါ်လာ ၃၄၆ ဒသမ ၇ ဘီလီယံနှင့် အကြမ်းဖက်မှု ငွေကြေးထောက်ပံ့ခြင်းမှ ဒေါ်လာ ၁၁ ဒသမ ၅ ဘီလီယံ ပါဝင်သည်ဟု ဆိုသည်။

လွန်ခဲ့သောတနှစ်က တရုတ်၏ အဓိက ပစ်မှတ်တခုမှာ ကာစီနိုလုပ်ငန်းရှင် အယ်လ်ဗင် ချော ချီအုပ်ဝါ တည်ထောင်ထားသည့် မက္ကာအိုမှ Sun City အုပ်စုဖြစ်သည်။ သူ့ကို နယ်စပ်ဖြတ်ကျော် လောင်းကစားမှု အကြီးအကျယ် နှိမ်နင်းရာတွင် ပြစ်ဒဏ်စီရင်ခဲ့သည်။

                     
Sun City ကို တည်ထောင်သည့် ဘီလျံနာ ကာစီနိုသမား အယ်လ်ဗင် ချော ချီအုပ်ဝါကို ဖမ်းဆီးစဉ်

ချော၏ ကာစီနိုကို ဖြတ်သန်းသည့် ငွေကြေးပမာဏသည် ထိုအဖွဲ့က ဝန်ခံထားသည်ထက် အဆပေါင်းများစွာ ပိုမိုများပြားပြီး လွန်ခဲ့သော ခြောက်နှစ်မှ ရှစ်နှစ်အတွင်း ချော၏ ကာစီနိုများကို ဖြတ်သန်းသွားသည့်ငွေသည် ဒေါ်လာ ၁၀၀ ဘီလီယံရှိကြောင်း အရာရှိများက တွေ့ရှိသည်ဟု မစ္စတာ ဒေါက်ဂလပ်စ်က ပြောသည်။

“ဒါတွေက အင်မတန်ကြီးမားတဲ့ တရားမဝင် ငွေကြေးစီးဆင်းမှုတွေ ဖြစ်တယ်။ ဒီဒေသနဲ့ ကမ္ဘာအတွက် နိုင်ငံရေး ပြဿနာတခု ဖြစ်တယ်။ အရှေ့တောင်အာရှဒေသဟာ ဒီကိစ္စကို နိုင်ငံရေးအရ အဆင့်အမြင့်ဆုံး တုန့်ပြန်ဖို့ လိုတယ်။ ဒါဟာ ရဲတွေရဲ့ ကိစ္စသက်သက် မဟုတ်ဘူး” ဟုလည်း ၎င်းက ပြောသည်။

Sun City ကို တည်ထောင်သည့် ဘီလျံနာ ကာစီနိုသမား အယ်လ်ဗင် ချော ချီအုပ်ဝါသည် ထောင် ၁၈ နှစ် ချခံရသည်။ သူသည် အညံ့ခံပြီး ပြည်မကြီးမှ သူ့ကွန်ရက်၏ အသေးစိတ်များကို ထုတ်ဖော်ပြောဆိုကာ သူ့ကွန်ပျူတာမှ အချက်အလက်များ ပေးသောကြောင့် သူ့ကို မက္ကာအို ထောင်တွင်သာ ထားကြောင်း ဒေသဆိုင်ရာ ရဲသတင်းရင်းမြစ်များက ပြောသည်။

ဆိုက်ဘာလိမ်လည်မှု လုပ်ငန်းများတွင် အလုပ်စေခိုင်းရန် လူကုန်ကူးခံရသူ ထောင်ပေါင်းများစွာကို ဖမ်းဆီးထားသည့် ရာဇဝတ်ဂိုဏ်းများသည် လောက်ကိုင် ကဲ့သို့သော မြို့ကြီးများမှ မောင်းထုတ်ခံရစေကာမူ UNDOC နှင့် ဒေသတွင်းမှ ရဲများသည် ကိုးကန့်မှ ရာဇဝတ်ဂိုဏ်းများ မြဝတီအနီး ထိုင်း-မြန်မာ နယ်စပ်မှ အမည်ဆိုးကျော်ကြားသည့် ဒေသများ သို့မဟုတ် အရှေ့အာဖရိကနှင့် အခြားနေရာများမှ အုပ်ချုပ်မှုအားနည်းသည့် အခြားနိုင်ငံများသို့ ပြောင်းရွှေ့ခြင်း ရှိ၊ မရှိ စောင့်ကြည့်နေကြောင်း မစ္စတာ ဒေါက်ဂလပ်စ်က ပြောသည်။

ဆိုက်ဘာလိမ်လည်မှု လုပ်ငန်းများတွင် အလုပ်စေခိုင်းရန် လူကုန်ကူးခံရသူ ထောင်ပေါင်းများစွာကို ဖမ်းဆီးထားသည့် ရာဇဝတ်ဂိုဏ်းများသည် လောက်ကိုင် ကဲ့သို့သော မြို့ကြီးများမှ မောင်းထုတ်ခံရစေကာမူ UNDOC နှင့် ဒေသတွင်းမှ ရဲများသည် ကိုးကန့်မှ ရာဇဝတ်ဂိုဏ်းများ မြဝတီအနီး ထိုင်း-မြန်မာ နယ်စပ်မှ အမည်ဆိုးကျော်ကြားသည့် ဒေသများ သို့မဟုတ် အရှေ့အာဖရိကနှင့် အခြားနေရာများမှ အုပ်ချုပ်မှုအားနည်းသည့် အခြားနိုင်ငံများသို့ ပြောင်းရွှေ့ခြင်း ရှိ၊ မရှိ စောင့်ကြည့်နေကြောင်း မစ္စတာ ဒေါက်ဂလပ်စ်က ပြောသည်။

ထိုင်းနိုင်ငံသည် ကာစီနိုများကို ခွင့်ပြုလိုက်ပါက ဂိုဏ်းဖွဲ့ရာဇဝတ်မှုများကို တံခါးဖွင့်ပေးသကဲ့သို့ ဖြစ်မည်ဆိုသည့် စိုးရိမ်မှုများ ရှိနေသည်။

Financial Action Task Force ကဲ့သို့သော နိုင်ငံတကာ လေ့လာစောင့်ကြည့်သည့် အဖွဲ့များက စုံစမ်းစစ်ဆေးမှု ဖြစ်နိုင်ခြေရှိသော ပြဿနာများကို ရှောင်ရန်အတွက် စင်ကာပူတွင် ချမှတ်ထားသည် လုပ်ထုံးလုပ်နည်းများကဲ့သို့ ခိုင်မာသော လုံခြုံရေးနှင့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး လုပ်ထုံးလုပ်နည်းများ ချမှတ်ရန် ထိုင်းအစိုးရကို တိုက်တွန်းထားကြောင်း ဒေသဆိုင်ရာအဆင့်မြင့် ရဲအရာရှိတဦးက ပြောသည်။

(Asia Financial ပါ Jim Pollard ၏ High-Tech Asian Crime Wave: Cyber Scams, Casinos Loot Billions ကို ဘာသာပြန်သည်။ ဂျင်မ် ပူးလာ့ဒ်သည် ဩစတြေးလျ ဂျာနယ်လစ်ဖြစ်ပြီး ထိုင်းတွင် ၁၉၉၉ ခုနှစ်မှစ၍ အခြေစိုက်သည်။ သူသည် ဆစ်ဒနီ၊ ပါ့သ်၊ လန်ဒန်နှင့် မဲလ်ဘုန်းတို့တွင် သတင်းလုပ်ငန်း လုပ်ခဲ့ပြီး ထိုင်း The Nation သတင်းစာတွင် အကြီးတန်း အယ်ဒီတာအဖြစ် ၁၇ နှစ်ကျော် လုပ်ခဲ့သည်။)

Hi !

!

Popular posts from this blog

ဝေဝါးမှုတွေနဲ့အတူ မသေချာ မရေရာမှုများနဲ့ မြန်မာပြည်..။

  ဝါရင့်သတင်းစာဆရာကြီး လာရီယာဂန်က စစ်အာဏာသိမ်းမှု သုံးနှစ်ပြည့်တဲ့ ဖေဖော်ဝါရီ(၁)ရက်နေ့မှာ ဘန်ကောက်ပို့စ်သတင်းစာမှာ ဆောင်းပါးတစ်ပုဒ် ရေးသားလိုက်ပါတယ်။ ဆောင်းပါးခေါင်းစဉ်က Myanmar faces increasing uncertainty ပါ။ စစ်အာဏာသိမ်းပြီး သုံးနှစ်အကြာမှာ မြန်မာနိုင်ငံရဲ့အခြေအနေ ဘယ်လိုရှိသလဲ။ ရှေ့မှာ ဘာဖြစ်နိုင်သလဲ။ မှန်းဆထားတာပါ။ လက်ရှိ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်လို့ လာရီယာဂန်လည်း ဘာမှ မမှန်းဆနိုင်ပါဘူး။ သူပြောနိုင်တာ တစ်ခုက မြန်မာပြည်ဟာ မသေမချာ မရေမရာမှုတွေ အများကြီးနဲ့ ဆက်ပြီး ရင်ဆိုင်နေရဦးမယ်ဆိုတဲ့ ကောက်ချက်ပါ။ မြန်မာစစ်တပ်က ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရကို စစ်အာဏာသိမ်းခဲ့တာ ခု ဖေဖော်ဝါရီ(၁)ရက်မှာ သုံးနှစ်တိတိ ပြည့်ခဲ့ပြီဖြစ်ကြောင်း၊ သုံးနှစ်အတွင်း တိုင်းပြည်ဟာ အဖက်ဖက်က ယိုယွင်းပျက်စီးသွားပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေ တိုးပွါးနေကြောင်း၊ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ပီဒီအက်ဖ်တွေကြား တိုက်ပွဲတွေကြောင့် ပြည်သူသန်းပေါင်းများစွာ အိုးပစ်အိမ်ပစ် ထွက်ပြေးနေရကြောင်း လာရီယာဂန်က ရေးသားပါတယ်။ ...

ကရင်ပြည်နယ်ပုံရိပ်ကို ထိခိုက်စေသဖြင့် ရွှေကုက္ကိုလ်ကို တိုက်ခိုက်ရဟု KTLA ပြော

  ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ ရွှေကုက္ကိုလ်မြို့သစ်သည် ပြည်နယ်ဖွံဖြိုးမှု မဖြစ်စေဘဲ ပျက်ဆီးမှုကိုသာ ဖြစ်စေသဖြင့် တိုက်ခိုက်ရခြင်း ဖြစ်ကြောင်း ကော်သူးလေတပ် (KTLA) က ဧပြီ ၇ ရက်တွင် ကြေညာသည်။ Facebookတွင် ပျံ့နှံလာသော KTLA ဗဟိုဌာနချုပ် ရုံးထိုင်မှူး စောဝါးနေမူး လက်မှတ်ထိုးထားသည့် ကြေညာချက်အရ ရွှေကုက္ကိုလ်မြို့သည် မူးယစ်ဆေးဝါး ဖြန့်ဖြူးသုံးစွဲရောင်းချနေပြီး တိုင်းရင်းသူ အမျိုးသမီးများကို ပြည့်တန်ဆာအဖြစ် လိမ် လည်လှည့်ဖြားစေခိုင်းနေသည့် နေရာဖြစ်နေသလို စစ်ကောင်စီအတွက် တရားမဝင်ငွေကြေးများ ရှာဖွေပေးသည့် နေရာ ဖြစ်၍ ပြည်ပမှ အလုပ်သမားများကိုလည်း လိမ်လည်ခေါ်ဆို ခိုင်းစေမှုများ ရှိနေသဖြင့် KTLA အနေနှင့် ကရင်ပြည်နယ် အကျိုးအတွက် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း၊ ထို့အတွက် ရွှေကုက္ကိုလ်တွင် နေထိုင်သည့် ပြည်သူများအနေနှင့် တိုက်ပွဲ ဧရိယာမှ ရှောင်ပေးကြရန် ထုတ်ပြန်ထားသည်။ ထိုကြေညာချက်နှင့် ပတ်သက်၍ ပိုမိုသိရှိနိုင်ရန် KTLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောနယ်ဒါးမြကို ဧရာဝတီက ဖုန်းဖြင့်ဆက် သွယ်ခဲ့ရာ ၎င်း အလုပ်များနေသဖြင့် နောက်မှ ပြန်လည်ဆက်သွယ်ရန် ပြောဆိုသည်။ ကော်သူးလေတပ်နှင့် နီးစပ်သည်...

မြန်မာနိုင်ငံမှာရှိတဲ့ ဗမာလူမျိုး ပေါ်ပေါက်ပုံ အကြောင်း

  ဗမာလူမျိုး ပေါ်ပေါက်လာပုံ သမိုင်းကြောင်း – တိဘက်တို ဘားမန်းလူမျိုးနွယ်စုကြီး မှ အကြီးဆုံးသောလူမျိုးဖြစ်သည်။ ယနေ့ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းသို့ နာဂ၊ သက်၊ ကမ်းယံ၊ပျူ တို့နောက်မှ ဝင်ရောက်လာခြင်းဖြစ်သော်လည်းပျူတို့ ထူထောင်သည့် ပထမပြည်ထောင်စုကို အေဒီ ၈ ရာစုတွင် နန်ကျောက်တို့က ဖျက်စီးပြီးချိန် မတိုင်မှီက ပင် ရောက်ရှိနေထိုင်နေခဲ့ပြီးဖြစ်သည်ဟုခန့်မှန်း၍ရနိုင်သည်။အေဒီ ၁၀ ရာစုမတိုင်မှီ အချိန်ကပင် ကျောက်ဆည် ၁၁ ခရိုင်တွင် အခြေချခဲ့ပြီး နောက်များမကြာမှီ တွင်မြစ်သာ ၆ ခရိုင် ၊ ပုဂံ နေပြည်တော်တို့ကို ထူ ထောင်ကာဒုတိယမြန်မာပြည်ထောင်စုကို တည်ထောင်ခဲ့ကြသည်။ သို့သော် မြန်မာနိုင်ငံသားတို့က ထိုပြည်ထောင်စုကိုသာပထမပြည် ထောင် စုအဖြစ် လက်ခံကြသည်။သမိုင်းတစ်လျောက်တွင် မွန်ဂို၊ တရုတ်၊ ယိုးဒယား၊ မွန်၊ ရခိုင်၊ ရှမ်း၊ ကရင် အစရှိသည့် အတွင်း၊ အပြင်ရန်အမျိုးမျိုးနှင့်ကြုံတွ့ခဲ့ဖူးပြီးအကြိမ်တိုင်းတွင် ပြည်ထောင်စု၏ ဦးဆောင်သူနေရာကို ဗမာတို့ ပြန်လည်ကာ ရောက်ရှိနိုင်ခဲ့သည်။အနော်ရထာ၏ ပထမပြည်ထောင်စု(ပထမမြန်မာနိုင်ငံတော်ကြီး)၊ တပင်ရွှေထီး-ဘုရင့်နောင်တို့ ၏ ဒုတိယပြည်ထောင်စု (ဒုတိယ မြန်မာနိုင်ငံတော်ကြီး)၊အလောင်းဘုရား၏ တတိ...

မြန်မာပြည်မြေပုံကို အပြောင်းခံကြမှာလား

  ကမ္ဘာ့သမိုင်းကို ပြန်လေ့လာကြည့်မယ်ဆိုရင် အိမ်နီးချင်းနိုင်ငံတွေအဖြစ် နှစ်ပေါင်းများစွာ အတူတကွ ယှဉ်တွဲ ရပ်တည်နေကြပြီးမှ ဝေးကွာသွားကြတဲ့ နိုင်ငံတွေ ရှိခဲ့တယ်ဆိုတာ တွေ့နိုင်ပါတယ်။ ကျွန်တော်တို့အတွက် အထင်ရှားဆုံး ဥပမာတစ်ခုရှိပါတယ်။ အဲဒါကတော့ မြန်မာနဲ့ ပါကစ္စတန်တို့ဟာ ယခင်က နယ်မြေချင်း ထိစပ်နေကြတဲ့ အိမ်နီးချင်း နိုင်ငံတွေပါ။ သို့သော် ၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံအသစ် ပေါ်ပေါက်လာချိန်မှာတော့ အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားခဲ့ကြပါတယ်။ ယခင်က အိမ်နီးချင်းဖြစ်ခဲ့လို့ ထင်ပါတယ်၊ မြန်မာနဲ့ ပါကစ္စတန်တို့ရဲ့ ဆက်ဆံရေးဟာ ကောင်းမွန်နေကြဆဲဆိုတာ သက်သေ၊ သာဓကများစွာ ရှိပါတယ်။ အဲဒီလို အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားရခြင်းဟာ သူတို့ရဲ့ ပြည်တွင်းရေးသာ ဖြစ်တဲ့အတွက် အထူးအထွေ ဝေဖန်ရန် မရှိပါ။ သို့သော် လက်ရှိအခြေအနေမှာ မြန်မာရဲ့ အိမ်နီးချင်း (၅) နိုင်ငံရှိနေရာက မတူညီတဲ့ အိမ်နီးချင်းနိုင်ငံသစ်တွေ ထပ်မံ ပေါ်ပေါက်လာဖို့ လုပ်ဆောင်နေကြတာတွေ မြင်နေရပါပြီ။ ဒီတစ်ကြိမ်ကတော့ ကျွန်တော်တို့ရဲ့ ပြည်တွင်းရေးဖြစ်တဲ့အတွက် အလေးထားရပါတော့မယ်။ ရှိပြီးသား အိမ်နီးချင်း (၅) နိုင်ငံနဲ့ မြန်မာတို့အကြား ကျွန်တော်တိ...

မြန်မာ ဒုကာကွယ်ရေးဝန်ကြီး ထောင်ထဲရောက်ပြီ

  မြန်မာ ဒုကာကွယ်ရေးဝန်ကြီး ထောင်ထဲရောက်ပြီ မတ်လ ၂၈ ရက် ၂၀၂၄ ခုနှစ် နံနက် ၁၀ နာရီ ၂၀ သတင်း ================================= ကာကွယ်ရေး ဒု-ဝန်ကြီး ဖြစ်သူ ဗိုလ်ချုပ်အောင်လင်းထွန်းကို ကျားဖြန့်လုပ်ငန်းနဲ့ ပတ်သက်တယ်ဆိုပြီး မနေ့ည မတ်လ ၂၇ ရက်နေ့ည ၁၁ နာရီတွင် စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့မှ သွားရောက်ဖမ်းဆီးခဲ့ကြပါတယ်။ အဆိုပါ ဖမ်းဆီးချိန်တွင် ဒုကာကွယ်ရေးဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်အောင်လင်းထွန်းသည် အရက်မူးနေပြီး အသာတကြည် လိုက်လာခြင်းမရှိပဲ … ပုဆိုးလှန်ပြီး ဆဲဆိုနေခြင်းကြောင့် စစ်ဘက်လုံခြုံရေးအဖွဲ့မှ ရိုက်နှက်ခဲ့ရာ.. သွား အချို့ ကျွတ်သွားပြီး ပါးစပ်တခုလုံး သွေးများနီရဲနေသည်။ “အဲ့ကောင် ပါးစပ်က သွေးမတိတ်ခင် ရမဲသင်းထောင်ပို့လိုက်စမ်း” လို့ အထက် အမိန့်ပေးလိုက်တော့ အခု ရမဲသင်းထောင်ရောက်နေပြီဖြစ်ကြောင်း မြန်မာအမေရိကန် သတင်းဌာနမှ စုံစမ်းသိရှိရသည်။ ဂိုလ်ရှယ်လေး

စစ်တပ်မှ အာဏာသိမ်းထားသည့် ၃ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ထောင်သားဘဝ

                           ဖေဖော်ဝါရီလ ၁ ရက်နေ့သည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့အတွက် အနှောက်အယှက်ဖြစ်စေသူဟု ယူဆသည့် ရွေးကောက်ခံအစိုးရ ခေါင်းဆောင်နှင့် နိုင်ငံသမိုင်းတွင် အညီညွတ်ဆုံးဖြစ်စေခဲ့သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာမှဖယ်ရှားပြီး မအောင်မြင်သော အာဏာသိမ်းမှု ပြုလုပ်သည့် သုံးနှစ်မြောက်နေ့ ဖြစ်သည်။ ရက်ပေါင်း ၁၀၉၅ ရက်ကျော် ကြာသော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် မြို့တော်နှင့် စစ်တပ်ဗဟိုဌာနချုပ် နေပြည်တော် အနောက်တောင်ဘက်အစွန်းမှ ထောင်တခုတွင် တဦးတည်း ဆက်လက် ဖမ်းဆီးချုပ်နှောင်ခံနေရသည်။ သူ့အတွက် တခုတည်းသော ထောင်ပြင်ထွက်ရချိန်သည် လွန်ခဲ့သောနှစ်အတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စတာ ဒွန် ပရာမတ်ဝီနိုင်နှင့် တွေ့ရသည့် တိုတောင်းသော ကာလဖြစ်ပြီး သူ့ကို ချမှတ်ထားသည့် ထောင်သက်တမ်းကိုလည်း ၃၃ နှစ်မှ ၂၇ နှစ်သို့ လွန်ခဲ့သောနှစ်က လျှော့ချပေးသည်။ အာဏာသိမ်းမှု နှစ်ပတ်လည်သည် ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းနည်းစရာကောင်းသော လက်ရှိအခြေအနေနှင့် ဝေဝါးနေသည့် အနာဂတ်ကို မီးမောင်းထိုးပ...

ပဲခူးတိုင်း မင်းလှမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွား

  မင်းလှတွင် ၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲ ၆ ကြိမ် အတွင်း စစ်တပ်ဘက်မှ စစ်သား ၈၀ ဦးကျော်သေဆုံး ရန်ကုန်၊ မတ် ၁၁ ပဲခူးတိုင်း၊ မင်းလှမြို့နယ်အတွင်း ၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲ ၆ ကြိမ် အတွင်း စစ်တပ်ဘက်မှ ၈၀ ကျော်သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ မတ်လ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ ဧက ၁၀၀၀ ကျွန်း စိုက်ခင်း ကျုံးပေါက်အနီး၌ စစ်ကြောင်း ထိုးလာသော အင်အား ၁၂၀ ပါ စစ်ကောင်စီ တပ်သားများကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ နှင့် ဒဂုံစစ်ကြောင်းတို့က စောင့်ကြို တိုက်ခိုက်ခဲ့ရာ အပြန်အလှန် တိုက်ပွဲ ၂ နာရီကျော် ကြာမြင့်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်ဘက်မှ ၂၀ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။ ယင်းနေ့ ညနေ ၅ နာရီခန့်အချိန် မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်းပေါ်ရှိ ဟိုင်းယု လမ်းဆုံတွင် တပ်ဆွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ နှင့် တပ်ခွဲ ၃ တို့က လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ရှောင်တခင် သွားရောက် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၃ နာရီခန...

တပ်မလက်ရွေးစဉ် ဘီလူးစစ်ကြောင်းဆိုသည်မှာ .....

    “ဒီစစ်ကြောင်းက စစ်တိုက်ဖို့ဆိုတာထက် လူတွေကိုသတ်၊ မုဒိမ်းကျင့်ဖို့ အဲ့လိုမျိုးတွေလုပ်ဖို့ အဓိကလာတဲ့ စစ်ကြောင်းပါ။ လူမဆန်တဲ့ လုပ်ရပ်တွေကို အဓိကလုပ်တာ” မြောင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) က ကိုနွေဦးက စစ်ကိုင်းဒေသအတွင်း စစ်ရာဇဝတ်မှုများကို ကျူးလွန်ချိုးဖောက်နေသည့် ဘီလူးစစ်ကြောင်း၏ လုပ်ရပ်များကို ပြောဆိုသွားခြင်းဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြည်သူများကို ရက်ရက်စက်စက် ခေါင်းဖြတ်သတ်သည့် စစ်ကြောင်း၊ အစုလိုက် အပြုံလိုက် သတ်သည့်စစ်ကြောင်း၊ မုဒိမ်းမှုများကို ကျူးလွန်နေသည့် စစ်ကြောင်းဟု ဆိုလိုက်ပါက လူတိုင်းက ဆိုးဆိုးရွာရွား နာနာကျည်းကျည်း အမှတ်ရနေသည့် စစ်ကြောင်းမှာ ဘီလူးစစ်ကြောင်းပင် ဖြစ်သည်။ ရက်စက်မှုအပေါင်း သရဖူဆောင်းထားသည့် ဘီလူးစစ်ကြောင်းသည် ယခုနှစ် ဩဂုတ်လ တတိယပတ်မှ စက်တင်ဘာလ ဒုတိယပတ်ထိ စစ်ကိုင်း၊ ရွှေဘို၊ ဝက်လက်နယ်များသို့ စစ်ကြောင်းထိုး ဝင်ရောက်ပြီးနောက် ပြည်သူများကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်။ 'စစ်ကိုင်း၊ ရွှေဘို၊ ဝက်လက်နယ်ထဲ ဘီလူးစစ်ကြောင်း၏ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သည့် အခြေအနေများ' မန္တလေး-ရွှေဘို-မြစ်ကြီ...

ရှမ်းမြောက်က ကျားဖြန့် ဇာတ်သိမ်းခန်း

  ဇန်နဝါရီ ၃၀ ရက်တွင် မြန်မာနိုင်ငံ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက တရုတ် အစိုးရထံ မြန်မာနိုင်ငံမြောက်ပိုင်း ကျားဖျန့် လုပ်ငန်းများတွင် အဓိက ကြိုးကိုင်သူများဟု သတ်မှတ်ထားသည့် ပယ်စောက်ချိန်အပါအဝင် ခြောက်ဦးနှင့် အခြားအရေးကြီးသံသယရှိ သူ လေးဦးကို လွှဲပြောင်းပေးခဲ့သည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ဇန်နဝါရီ ၃၀ ရက်တွင် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးအဖွဲ့ အစည်းထံသို့မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့် ဒေသ အွန်လိုင်းလိမ်လည်မှုအဖွဲ့၏ အဓိက ခေါင်းဆောင် ခြောက်ဦးဖြစ်သည့် ပယ် စောက်ချိန်၊ ပယ်ရင်ချန်၊ဝေ့ဟွိုင်ရန်၊ လျိုကျန့် ရှန်၊ လျိုကျန့်မောက်၊ ရွှီလောက်ဖာနှင့် အခြား အရေးကြီး ပြစ်မှုကျူးလွန်ကြောင်းသံသယရှိ သူ လေးဦးအား တရားဥပဒေနှင့်အညီ လွှဲ ပြောင်းပေးအပ်ခဲ့ပြီး အဆိုပါ ၁၀ ဦးကို ယင်း နေ့ညတွင်ပင် တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့ သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ခဲ့သည်။ ယင်းသို့ မြန်မာနိုင်ငံမြောက်ပိုင်းရှိ ကျား ဖျန့်လုပ်ငန်းများတွင် အဓိကတာဝန်ရှိသူဟု တရုတ်အစိုးရက သတ်မှတ်ထားသည့် ပယ် စောက်ချိန် အပါအဝင် ခြောက်ဦးအား လွှဲ ပြောင်းပေးအပ်ခြင်းမှာ တရုတ်-မြန်မာ နှစ် နိုင်ငံ၏ န...

အာဆီယံ-သြစတြေးလျ ထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီ ကိုယ်စားလှယ်တက်မည်

 စစ်ဗိုလ်ချုပ်များခန့်ထားသည့် သံအမတ်က မဲလ်ဘုန်းမြို့တွင် ၃ ရက်ကြာ ကျင်းပမည့် ဒေသတွင်း အထူးထိပ်သီးအစည်းအဝေးကာလအတွင်း ဆွေးနွေးပွဲ ၂ ခုကို တက်မည်ဟု သိရှိရသည်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသည့် အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသည့် သြစတြေးလျ ဝန်ကြီးချုပ် Anthony Albanese ကို တွေ့ရစဉ်။ သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် မတ်လ ၄ ရက်မှ ၆ ရက်အထိ ကျင်းပမည့် အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီကိုယ်စားလှယ် တက်ရောက်မည်ဟု သိရသည်။ အစည်းအဝေးကာလတွင် ပြုလုပ်မည့် ရေကြောင်းပူးပေါင်းဆောင်ရွက်ရေးညီလာခံ၊ ရာသီဥတုနှင့် သန့်ရှင်းသောစွမ်းအင်ဆိုင်ရာ ဖိုရမ်တို့ကို ကင်ဘာရာမြို့ မြန်မာသံရုံးမှ စစ်ကောင်စီခန့် သံအမတ် ဦးသက်ထွန်း တက်ရောက်မည်ဖြစ်သည်။  အခြား ဆက်စပ်အစည်းထိပ်သီးအစည်းအဝေးများသို့ စစ်ကောင်စီကိုယ်စားပြုကိုယ်စားလှယ် တက်မည်၊ မတက်မည်ကိုမူ သြစတြေးလျ နိုင်ငံခြားရေးနှင့် ကုန်သွယ်မှုဌာနက ပြောဆိုခြင်းမရှိပေ။ ...

Click !