Skip to main content

Continue !

တပ်မလက်ရွေးစဉ် ဘီလူးစစ်ကြောင်းဆိုသည်မှာ .....

 


 

“ဒီစစ်ကြောင်းက စစ်တိုက်ဖို့ဆိုတာထက် လူတွေကိုသတ်၊ မုဒိမ်းကျင့်ဖို့ အဲ့လိုမျိုးတွေလုပ်ဖို့ အဓိကလာတဲ့ စစ်ကြောင်းပါ။ လူမဆန်တဲ့ လုပ်ရပ်တွေကို အဓိကလုပ်တာ”

မြောင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) က ကိုနွေဦးက စစ်ကိုင်းဒေသအတွင်း စစ်ရာဇဝတ်မှုများကို ကျူးလွန်ချိုးဖောက်နေသည့် ဘီလူးစစ်ကြောင်း၏ လုပ်ရပ်များကို ပြောဆိုသွားခြင်းဖြစ်သည်။


စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြည်သူများကို ရက်ရက်စက်စက် ခေါင်းဖြတ်သတ်သည့် စစ်ကြောင်း၊ အစုလိုက် အပြုံလိုက် သတ်သည့်စစ်ကြောင်း၊ မုဒိမ်းမှုများကို ကျူးလွန်နေသည့် စစ်ကြောင်းဟု ဆိုလိုက်ပါက လူတိုင်းက ဆိုးဆိုးရွာရွား နာနာကျည်းကျည်း အမှတ်ရနေသည့် စစ်ကြောင်းမှာ ဘီလူးစစ်ကြောင်းပင် ဖြစ်သည်။

ရက်စက်မှုအပေါင်း သရဖူဆောင်းထားသည့် ဘီလူးစစ်ကြောင်းသည် ယခုနှစ် ဩဂုတ်လ တတိယပတ်မှ စက်တင်ဘာလ ဒုတိယပတ်ထိ စစ်ကိုင်း၊ ရွှေဘို၊ ဝက်လက်နယ်များသို့ စစ်ကြောင်းထိုး ဝင်ရောက်ပြီးနောက် ပြည်သူများကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်။

'စစ်ကိုင်း၊ ရွှေဘို၊ ဝက်လက်နယ်ထဲ ဘီလူးစစ်ကြောင်း၏ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သည့် အခြေအနေများ'

မန္တလေး-ရွှေဘို-မြစ်ကြီးနား ရထားသံလမ်း ပြုပြင်နိုင်ရေး စစ်ကောင်စီဘက်က လုပ်ဆောင်လျက်ရှိရာ အဆိုပါ Mission အောင်မြင်နိုင်ရေး စစ်ကြောင်း ၇ ကြောင်းအသုံးပြု၍ နယ်မြေရှင်းလင်းရေးကို ဩဂုတ်လ ၂၁ ရက်နေ့မှ စက်တင်ဘာလ ၁၁ ရက်နေ့အထိ လုပ်ဆောင်ခဲ့သည်။

စစ်ကြောင်း ၇ ကြောင်းအနက် ဘီလူးစစ်ကြောင်း၏ ဆိုးသွမ်းရက်စက်မှုက လူထုကို မေ့မရနိုင်သည့် စိတ်ဒဏ်ရာများ ထင်ကျန်စေခဲ့သည်။

ဝက်လက်မြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံ ကိုနိုင်ကြီးက “၂၁ ရက်မှာပဲ လူ ၅ ဦးကို တစ်နေရာတည်း သတ် ဖြတ်ပြီးတော့ ခန္ဓာကိုယ်နဲ့ လက်တွေနဲ့ကို တခြားစီ၊ ဇက်ဖြတ်ပြီးတော့ ဇက်ကို တခြားနေရာမှာ ချိတ်ထားခဲ့တဲ့ အနေအထား အဲ့ကစပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေက စပြီး လုပ်လာတာပေါ့။ အဲ့ဒါတော့ ဘီလူးစစ် ကြောင်းပေါ့။ အဲ့ဒါက ထန်းတောဆိပ်၊ စစ်ကိုင်းမှာ ဖြစ်သွားတာပေါ့” ဟု ပြောသည်။

အလားတူ ဝက်လက်နယ်ရှိ ကျီးကန် (တောင်) နှင့် ကျီးကန် (မြောက်) ရွာက အပြစ်မဲ့ပြည်သူများကိုလည်း ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သေးသည်ဟု ကိုနိုင်ကြီးက ဆက်ပြောသည်။

“၂၆ ရက်နေ့မှာတော့ ဝက်လက်မြို့နယ်ထဲက ကျီးကန် တောင်ရွာနဲ့ မြောက်ရွာကို စစ်ကြောင်းဝင်လာပြီးတော့ ကျီးကန်တောင်ရွာက ပြည်သူနှစ်ဦးကိုလည်း အဲ့လိုပဲ သတ်ဖြတ်တယ်။ ကျီးကန်မြောက်ရွာကို ရောက်လာတဲ့ အချိန်မှာ မိသားစုဝင် ၄ ဦးကို ဖမ်းဆီးပြီးတော့ သတ်ဖြတ်တယ်။ သတ်ဖြတ်ပြီးတော့ အမျိုးသမီးနှစ်ဦးကိုတော့ မုဒိမ်းကျင့်တာပေါ့နော်။ တစ်ဦးကိုဆို မုဒိမ်းကျင့်ပြီးတော့ မဖွယ်မရာတွေလုပ်တယ်။ မိန်းမအင်္ဂါထဲကို တခြား အချိုရည်ဗူးတစ်ဗူးကို ထိုးသွင်းပြီးတော့ လည်ပင်းကို ဓါးနဲ့လှီးသတ်သွားတာ။ အဲ့မှာ ၄ ဦးသတ်ခံလိုက်ရ တယ်။ ကျီးကန် မြောက်ရွာမှာ။ တောင်ရွာက ၂ ယောက်ဆိုရင်တော့ အဲ့မှာပဲ ၆ ဦး သတ်ဖြတ်ခံလိုက်ရတာပေါ့။”

မုဒိမ်းကျင့် အသတ်ခံလိုက်ရသည့် အမျိုးသမီး ၂ ဦးအနက် တစ်ဦးကို မိန်းမအင်္ဂါထဲ Royal D အချိုရည်ဗူးကို ထိုး ထည့်ထားပြီး လည်ပင်းကို ဓါးနှင့်လှီးကာ သတ်သွားခဲ့သော အချက်အလက်များကို ရရှိထားသည်ဟု ဒေသတွင်း ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများက အတည်ပြုပြောသည်။

ဘီလူးစစ်ကြောင်း၏ ဝက်လက်မြို့နယ်တွင်း စစ်ရာဇဝတ်မှု ချိုးဖောက်ခဲ့သည့် အခြေအနေများနှင့်ပတ်သက်၍ ဝက်လက်မြို့နယ် ပကဖ တာဝန်ရှိသူများအနေဖြင့် သက်သေအချက်အလက်များကို ကောင်းမွန်စွာ စုစည်းရရှိ ထားပြီဟု ဆိုသည်။

ဝက်လက်မြို့နယ်သို့ ဘီလူးစစ်ကြောင်းပါအဝင် ခမရ ၇၀၈၊ ခမရ ၃၆၄၊ ၄၆၉၊ ခမရ ၁၂၊ ရွှေဘိုမြို့ အမှတ် ၈ စစ်လေ့ကျင်ရေးတပ်၊ ၇၀၁ တို့က လမ်းကြောင်းသုံးကြောင်းခွဲကာ ဝင်လာခြင်းဖြစ်သည်ဟု ဝက်လက် ပကဖ တာဝန်ရှိသူများနှင့် စစ်ရှောင်များကို ကူညီပေးနေသူများက ပြောသည်။

'မီးကုန်ယမ်းကုန် ရက်စက်သည့် နယ်လှည့် စစ်ရေးလှုပ်ရှား လူသတ်နေသော ဘီလူးစစ်ကြောင်း'

ဘီလူးစစ်ကြောင်းမှာ ၂၀၂၂ ခုနှစ်ကတည်းက ယခုနှစ် ၂၀၂၃ ခုနှစ်အထိ နယ်လှည့် စစ်ရေးလှုပ်ရှားနေသည့် စစ်ကြောင်းတစ်ကြောင်းဟု ဆိုလျှင်လည်း မမှားပေ။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကတည်းက စစ်ကိုင်းတိုင်းအတွင်း စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လာပြီး ရောက်လေရာရာ နေရာဒေသများတွင် ပြည်သူများကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သည့် စစ်ကြောင်းတစ်ကြောင်းပင်ဖြစ်သည်။

အဆိုပါ ဘီလူးစစ်ကြောင်းသည် ၎င်းတို့ ဝင်ရောက်လာသည့် နေရာများတွင် အခြားသော စစ်ကြောင်းများကဲ့သို့ ကျေးရွာများကို မီးရှို့ခြင်း၊ မြေပြင်တွင် စစ်ရေးလှုပ်ရှားခြင်းတို့ မလုပ်ဘူးဟု ဆိုသည်။

“လုံးဝ မြေပြင်ထဲမှာ စစ်ရေးလှုပ်ရှားမှု မရှိဘူး။ ည လူတိတ်ချိန်နဲ့ မနက် အရုဏ်လင်းချိန် အစောပိုင်း လင်း အားကြီးချိန်တွေမှာပဲ စစ်ရေးလှုပ်ရှားတယ်။ ပြည်သူတွေအိပ်ချိန်၊ ကာကွယ်ရေးအဖွဲ့တွေ နားချိန်မှာပဲ သူတို့ လှုပ်ရှားတယ်။ လျှပ်တပြတ်ကို ကျေးရွာတွေထဲ ဝင်ရောက် စီးနင်းတာမျိုးတွေ လုပ်တယ်ပေါ့။ အဲ့လိုဆို ပြည် သူတွေ ပြေးရလွှားရတာလည်း ခက်တာပေါ့။ ဘီလူးစစ်ကြောင်း ရောက်ပြီဟေ့ဆို သေချာတယ်၊ အဲ့ဒီပတ်ပတ် လည်က လေးငါးဆယ်မိုင်က ရွာတွေ လုံးဝကို ရှောင်ထားရတော့တာ။ အဲ့မှာ ကြိုတင်စစ်ရှောင်ရတဲ့ ကိစ္စတွေ ကြုံခဲ့တာပေါ့” ဟု ရေဦးမြို့နယ်တွင် စစ်ရှောင်များကို ကူညီပေးနေသူ တစ်ဦးကပြောသည်။

ဘီလူးစစ်ကြောင်းမှာ လူသတ်ခြင်း၊ မုဒိမ်းကျင့်ခြင်းတို့ကိုသာ သီးသန့်လုပ်သည့်စစ်ကြောင်း ဖြစ်သည်ဟု ဆိုကြ သည်။

မြောင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) က ကိုနွေဦးက “ပြည်သူပဲ ဖြစ်နေဖြစ်နေ PDF ပဲ ဖြစ်နေဖြစ်နေ သူတို့တွေ့တယ်ဆိုလို့ရှိရင် သတ်တယ်ပေါ့နော။ ပြီးလို့ရှိရင် သူတို့လက်ထဲ ဖမ်းမိသွား တယ်ဆိုလို့ရှိရင် ယောက်ကျားလေးတွေ ဆိုလို့ရှိရင်တော့ PDF ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် မသက်ညှာဘူး ရက် ရက်စက်စက်သတ်တယ်။ မီးရှို့တာတွေ ဖျက်ဆီးတာတွေ မလုပ်ဘူး။ မလုပ်ဘဲနဲ့ လူသတ်တာ သီးသန့်ပဲ သတ် တာတောင်မှ ရိုးရိုးသတ်တာ မဟုတ်ဘူး။ ရက်ရက်စက်စက်ကို သတ်တာ။ ဘာဖြစ်လို့လဲဆိုရင် သူတို့နဲ့တွေ့လို့ ရှိရင် သေချာပေါက် အသတ်ခံရမယ်ဆိုတဲ့ဟာကို သိထားတဲ့အတွက် ကြောင့်မို့လို့ အဲဒါက ဒေသခံတွေရဲ့ စိတ် ပေါ့ဗျာ။ ကြိုပြီးတော့ ရှောင်ကြတယ်” ဟု ပြောသည်။

၂၀၂၃ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီ တပ် လက်အောက်ခံ ဘီလူးစစ်ကြောင်းက ပြည်သူ့ကာကွယ်ရေးတပ် (PDF)၊ စစ်ကိုင်းခရိုင် တပ်ရင်းအမှတ် (၁) ၏ ဒုတိယတပ်ရင်းမှူး ဗိုလ်ဆင်ရိုင်းကို တိုက်ပွဲအတွင်း ဖမ်းမိပြီး ခေါင်းဖြတ်သတ်ဖြတ်ခဲ့သည်။ ဗိုလ်ဆင်ရိုင်းမှာ မြောင်မြို့နယ်အတွင်း ပထမဆုံး ခေါင်းဖြတ်သတ်ခံလိုက်ရသူ ဖြစ်သည်။

ထို ဘီလူးစစ်ကြောင်းသည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ  ၂၅ ရက် ညပိုင်းတွင် မြင်းမူမြို့နယ် မြောက်ပိုင်းရှိ ပဒတ္တိုင်း ကျေးရွာကို စီးနင်းစဉ် မိုင်းဆွဲတိုက်ခိုက်ရန် ကြိုးပမ်းသည့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုမော်ကွန်း ဆိုသူကိုလည်း အပိုင်းပိုင်း ခုတ်ထစ်သတ်ဖြတ်ခဲ့သည်။

ကိုမော်ကွန်းအား ခုတ်ထစ်သတ်ဖြတ်ခဲ့သည့် ထိုစစ်ကြောင်းမှာ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ကန်တော်ကျေး ရွာကို ဆက်လက်စီးနင်းစဉ် အသက် ၁၅ နှစ်အရွယ် ကိုလမင်းစိန် (ခ) ဖိုးစိန်၊ အသက် ၁၇ နှစ်အရွယ် ဖိုးကဲ၊ အသက် ၁၉ နှစ်အရွယ်များဖြစ်သည့် ကိုမျိုးဇင်နှင့် ကိုဇော်မျိုးသန့်တို့ကိုလည်း ခေါင်းဖြတ်သတ်ခဲ့သည်။ ၎င်းတို့ထဲတွင် ကာကွယ်ရေးအဖွဲ့ဝင်လည်း ပါသည်။

ထို့နောက် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် မြင်းမူမြို့နယ် အရှေ့ဘက်ရှိ စစ်ကိုင်းမြို့နယ်၊ တာတိုင်ကျေးရွာကို ဆက်လက်စီးနင်းပြီးနောက် ဒေသခံရွာသား ၁၇ ဦး၊  မတ်လ ၅ ရက်နေ့တွင် မြင်းမူမြို့နယ်၊ လက္ကပင်ကျေးရွာကို နှစ်ရက်ကြာ စီးနင်းပြီးနောက် ဒေသခံရွာသား ၁၀ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည်။

ထို့ပြင် လက္ကပင်ကျေးရွာကို စီးနင်းစဉ်က ရွာဦးကျောင်းထိုင်ဆရာတော် ဦးအဂ္ဂဝံသနှင့် အရပ်သား ၄ ဦးကို စစ် ကြောင်းနှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ဖမ်းဆီးသတ်ဖြတ်ကာ စစ်ရာဇဝတ်မှုကျူးလွန်ရာတွင် ပါဝင်သည့် စစ်ကြောင်းလည်းဖြစ်သည်။

ကိုနွေဦးက “ကိုဆင်ရိုင်းကို သတ်ပြီးတော့ ခေါင်းကို မပြတ်မချင်း ခုတ်ဖြတ်ပြီး အဲ့ဒါကျတော့ ကျနော်တို့ ဒရုန်း မှတ်တမ်းရ လိုက်တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့က သက်သေအထောက်အထား ခိုင်လုံသွားတာပေါ့ဗျာ။ ယောက်ကျားလေးတွေ ဆိုလို့ရှိရင်လည်း ဗိုက်တွေဖောက်တယ်။ အူတွေထုတ်တယ်။ ပြီးလို့ရှိရင် အမျိုးသား အင်္ဂါတွေ ဖြတ်တယ်။ ဖြတ်ပြီး ပါးစပ်တွေထဲ ထိုးထည့်တယ်။ ခေါင်းတွေဖြတ်တယ်။ ဖြတ်ပြီးတော့ ဆိုလို့ရှိရင် လည်း ဒီအတိုင်းထားခဲ့တာ မဟုတ်ဘူး။ သူတို့ ချိတ်ချင်တဲ့နေရာမျိုး ချိတ်ထားတယ်။ တော်တော်ရက်စက်တဲ့ လုပ်ရပ်မျိုးတွေကိုပဲ လုပ်တဲ့ စစ်ကြောင်းလို့ပဲ ပြောရမှာ” ဟု ပြောသည်။

ထိုဘီလူးစစ်ကြောင်းသည် ဩဂုတ်လထဲတွင်ပင် မြောင်မြို့နယ်အတွင်း ဝင်ရောက်လာခဲ့သေးရာ နွားကျောင်း သားလေးတစ်ဦးအား လည်လှီး၊ ဗိုက်ဖောက်ကာ ရက်ရက်စက်စက် သတ်သွားခဲ့သေးသည်ဟု ကိုနွေဦးက ဆက် ပြောသည်။

“ကျနော်တို့ မြောင်ကို ဘီလူးစစ်ကြောင်း ထပ်ဝင်သေးတယ်။ ရှစ်လပိုင်းထဲမှာ ဝင်တာပေါ့ဗျာ။ နွားကျောင်း သားလေးတစ်ယောက်ကို အဲလိုမျိုး လက်ပြန် ကြိုးတုတ်၊ လက်ပြန်ကြိုးတုတ်ပြီး လည်ပင်းကိုလှီးတယ်။ ဗိုက် ကိုဖောက်ပြီး အူတွေ ဆွဲထုတ်တယ်။ အဲလိုမျိုးလုပ်ပြီးတော့ သတ်လိုက်သေးတယ်။ ၈ လပိုင်းထဲမှာပဲ။”

အလားတူ အဆိုပါ ဘီလူးစစ်ကြောင်းသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မေလ ၁၀ ရက်နေ့ကလည်း ရေဦးမြို့နယ်၊ မုန်တိုင်ပင်ကျေးရွာက အရပ်သား ၃၀ နီးပါးကို သတ်ဖြတ်ခဲ့သည့်စစ်ကြောင်း ဖြစ်သည်ဟု အမျိုးသားညီညွတ် ရေးအစိုးရ (NUG) က ထုတ်ပြန်ထားသည်။


                                 

'ဘီလူးစစ်ကြောင်းဆိုသည်မှာ'

                              ဘီလူးစစ်ကြောင်းဆိုသည်မှာ တပ်ရင်း၊ တပ်ဖွဲ့ တစ်ခုတည်းက စစ်ကြောင်းမဟုတ်ဘဲ တပ်ရင်းတပ်မ အသီးသီး က လက်ရွေးစင်ပုံစံမျိုးဖြင့် ရွေးထုတ်ပြီး စုဖွဲ့ထားသည့် စစ်ကြောင်းဟုလည်း တော်လှန်ရေးတပ်ဖွဲ့အချို့က ပြော သည်။

စစ်ကိုင်းမှ တော်လှန်ရေးအင်အားစုများ၏ ပြောဆို အတည်ပြုချက်အရ တပ်မ ၉၉၊ တပ်မ ၇၇၊ တပ်မ ၃၃ လက်အောက်ခံတပ်များထဲမှ လက်ရွေးစင် ရွေးထုတ်ထားသည့်အပြင် ခမရ ၇၀၉ တပ်ရင်းက တပ်သားများ လည်းပါသည်ဟု ပြောသည်။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်းက ဒေသခံ ၂၆ ဦးအား စစ်ကောင်စီတပ်သားအချို့က သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်တွင် ရုပ်သံဗွီဒီယိုနှင့် ဓါတ်ပုံများက ဘီလူးစစ်ကြောင်းကို နိုင်ငံတဝန်းရှိ ပြည်သူများနှင့် မိတ်ဆက်ပေး လိုက်ခြင်းဟု ဆိုရမည်။

ဇွန်လ ၁၇ ရက် နေ့စွဲဖြင့် ရေးသားဖော်ထုတ်ခဲ့သည့် RFA သတင်းတွင် စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်း ရွာ သားများအား ဖမ်းဆီးသတ်ဖြတ်ခဲ့သည်ဟု ယုံကြည်ရသော စစ်သားများ၏ ဗီဒီယိုနှင့် ဓာတ်ပုံများကြောင့် နိုင်ငံတဝန်းက ပြည်သူများ ဝမ်းနည်းဒေါသဖြစ်ခဲ့ရသည်။

အဆိုပါ စစ်ကြောင်းမှာ ရန်ကုန်အခြေစိုက် အမှတ် (၄) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံဖြစ်သော ခြေမြန်တပ်ရင်း ၇၀၈ ပင်ဖြစ်သည်။ မှော်ဘီမြို့နှင့် တိုက်ကြီးမြို့အကြားတွင် တည်ရှိသည့် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်ဖြစ်သည်။ အဆိုပါတပ်ရင်းက တပ်သားများသည်လည်း ဘီလူးစစ်ကြောင်းဟု လူသိများသော စစ် ကြောင်းတွင် ပါဝင်သည်ဟု စစ်ကိုင်းအခြေစိုက် တော်လှန်ရေးအင်အားစုများက ပြောသည်။

ထို အမှတ် ၄ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်သည် ‘ခြေမြန်တပ်မဌာနချုပ်’ အသွင်ယူထားသော တိုက်ခိုက်ရေး တပ်ဖွဲ့ဖြစ်ပြီး လှုပ်ရှားရာ စစ်ဒေသ ပုံသေမရှိဘဲ ရန်သူ၏ အင်အားအပေါ်မူတည်၍ လိုအပ်သလို စစ်ကစားနိုင် ရန် ဖွဲ့စည်းထားခြင်းလည်း ဖြစ်သည်ဟု စစ်ရေးကျွမ်းကျင်သူများက သုံးသပ်ကြသည်။

“သူတို့ရဲ့ စစ်ရေးလှုပ်ရှားမှုက တခြားစစ်ကြောင်းတွေနဲ့ မတူတဲ့ဟာက ဘာလဲဆိုလို့ရှိရင် ဗျူဟာကတော့ သူတို့ က အမြဲတမ်းပြောင်းတယ်ဗျနော။ အမြဲတမ်းပြောင်းတယ်။ ပထမ ကျနော်တို့နဲ့ ထိပ်တိုက်တွေ့တဲ့ပွဲက တော် တော်ကြီးကြီးကျယ်ကျယ် တွေ့ခဲ့တယ်။ အဲဒီအချိန်တွေတုန်းက ဆိုရင်တော့ သူတို့က သူပစ်ကိုယ်ပစ်ကိုမှ သူတို့ က သေမှာလည်း မကြောက်ဘူး။ ပြီးလို့ရှိရင် နာမှာလည်း မကြောက်ဘူးနော။ ပြီးတော့ ပစ်နေခတ်နေတဲ့ ကြား ကိုက မတ်တပ်ရပ်ပြီးတော့ သူတို့ဘက်ကလည်းပစ် ကိုယ့်ဘက်ကလည်းပစ် အဲဒီကြားထဲကိုက ဇွတ်တက်တာ နော” ဟု ကိုနွေဦးက မြောင်မြို့နယ်အတွင်း ဘီလူးစစ်ကြောင်းနှင့် ထိပ်တိုက်တွေ့စဉ်က အခြေအနေကို ပြောပြ သည်။

ထိပ်တိုက်တွေ့သည့် တိုက်ပွဲများတွင်ပင် အကြောက်တရားမရှိ၊ နာကျင်မှုကိုမသိ၊ သေရမည်ကို မကြောက်သော သူများကဲ့သို့ မူးယစ်ဆေးများကို သုံးထားသည်ဟု ယူဆရသော ပုံစံများဖြင့် နယ်လှည့်လှုပ်ရှားနေသည့် စစ် ကြောင်းဖြစ်သည်။

ဘီလူးစစ်ကြောင်းထဲက စစ်သားများ၏ ပုံသဏ္ဌာန်၊ လှုပ်ရှားမှုပုံစံများနှင့် ပတ်သက်၍ မြောင်မြို့နယ်၊ ပြည်သူ့ကာ ကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) က ကိုနွေဦးက ယခုကဲ့သို့ ဆက်ပြောသည်။

“သူတို့မှာက ကျနော်တို့ သိတဲ့ဟာက ဒီသေရမှာကို အဲလောက်ကြီး စိတ်မဝင်စားဘူး။ စိတ်လည်းမဝင်စားဘူး ကြောက်လည်း မကြောက်ဘူး။ အဲလိုပုံစံမျိုး ဘီဘူးသဘက်တွေ ပုံစံအတိုင်းပဲဗျနော။ ဘယ်လောက်ကြီး ပစ်နေ ခတ်နေတဲ့ ကြားထဲကိုက မမှန်မချင်း သူတို့ကိုထိပြီး လဲမသွားမချင်း ဟန်မပျက်ဘူး၊ ဒီအတိုင်းပဲ ပစ်တက် တက် တာပေါ့နော်။ အဲ့လိုအခြေအနေရှိတယ်။ ပြီးတော့ ဆေးတွေဘာတွေ သုံးထားတဲ့ အမူအရာအတိုင်းပဲဗျ။ ဆေး သုံးထားတဲ့ သူဆိုတာ နာမှန်းလည်း မသိဘူး။ သေမှန်းလည်း မသိဘူးပေါ့နော။ အဲဒီပုံစံမျိုး အနေအထားအတိုင်း ဗျ။ စစ်ရေးလှုပ်ရှားမှုကို တွေ့ရတယ်။”

ဘီလူးစစ်ကြောင်းသည် အခြားသော စစ်ကောင်စီလက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့၊ တပ်မ၊ စစ်ကြောင်းများနှင့် မတူသည့် ကွဲပြားမှုပုံစံနှင့်ပတ်သက်၍ ကိုနွေဦးက ယခုကဲ့သို့ ဆက်ပြောသည်။

“တခြားစစ်ကြောင်းတွေ ဝင်လာရင် သူတို့အထိအခိုက် များပြီဆိုလို့ရှိရင် လေယာဉ်အကူတွေ လာတယ်ပေါ့ နော်။ ဒါပေမယ့် ဘီလူးစစ်ကြောင်းမှာကျတော့ သူတို့က သူတို့ဘက်က ဘယ်လောက်ပဲကျကျ ဘယ်လောက်ပဲ တိုက်ပွဲ ကျနေကျနေ ဘယ်လောက်ပဲ ပြင်းထန်ပြင်းထန် လေယာဉ်အကူ လာတယ်ဆိုတဲ့ဟာ မတွေ့ရဘူး။ မတွေ့ ရဘဲနဲ့ သူတို့ကလည်း အဲလိုမျိုး အသေခံ တအားရဲတယ်။ အကုန်လုံးကုန်ရင်တောင်မှ သူတို့က တစ်ယောက် မကျန် သေတဲ့အထိ သူတို့က ပြန်ချမယ်ဆိုတဲ့ပုံစံမျိုးနဲ့ အဲဒီလိုစိတ်မျိုးနဲ့။”

ဘီလူးစစ်ကြောင်း ဝင်လာပြီဟု အသံကြားသည်နှင့် အနီးပတ်ဝန်းကျင်က ရွာများက ဒေသခံများကို ဘေးလွှတ် ရာ အမြန်ဆုံးပြောင်းရွှေ့ကာ လုံခြုံရေးကအစ စနစ်တကျ ပြင်ဆင်ရသည်ဟု ဝက်လက်မြို့နယ် ပကဖ ပြန်ကြား ရေးတာဝန်ခံ ကိုနိုင်ကြီးကပြောသည်။

“တော်တော်လေးကို စိုးရိမ်ကြတယ်။ ဒီစစ်ကြောင်းက မိတဲ့လူမှန်သမျှကို သတ်တာများတာကိုး။ သူတို့နဲ့ တွေ့ တဲ့ လူအများစုက သတ်ခံရတာများတော့ စိုးရိမ်ကြောက်လန့်စိတ်က ကြီးကြတယ်။ PDF ထက် ပြည်သူကို သတ်ဖြတ်မှုက ပိုများလာတဲ့အတွက် အရင်ဆုံး ဘေးလွတ်ရာကိုပို့၊ PDF တွေ အကာအကွယ်ယူပေး အဲ့လိုနဲ့ပဲ ဖြေသိမ့်ရတာပေါ့။”

ဩဂုတ်လ နောက်ဆုံးပတ်အတွင်း ဝက်လက်နယ်ထဲ စစ်ရေးလှုပ်ရှားလာသည့် ဘီလူးစစ်ကြောင်းတွင် အင်အား ၁၀၀ ခန့်ရှိပြီး အဆိုပါ စစ်ကြောင်းမှာ ဝက်လက်မြို့နယ်မှ ပြန်ထွက်သွားချိန်တွင် အင်အား ၆၀ ခန့်ဖြင့်သာ ပြန် ထွက်သွားရသည်ဟု ကိုနိုင်ကြီးက ပြောသည်။

လူထုအား အကြောက်တရားသွင်းရန် ရက်စက်မှုများကို မီးကုန်ယမ်းကုန် လုပ်နေသည့် ဘီလူးစစ်ကြောင်းမှာ လူထုထံမှ အကြောက်တရားထက် စက်ဆုပ် ရွံရှာမှု အမုန်းတရားများကိုသာ ရရှိသွားခဲ့သည်။

စစ်ကောင်စီတပ် ဘီလူးစစ်ကြောင်းက ကျူးလွန်ခဲ့သည့် ၂၀၂၂ ခုနှစ်၊ မေလအတွင်း ဖြစ်ပျက်ခဲ့သည့် ရေဦးမြို့နယ် မုန်တိုင်ပင်ကျေးရွာက အရပ်သား ၃၀ နီးပါးကိစ္စ၊ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ဖြစ်ပျက်ခဲ့သည့် မြင်းမူမြို့ နယ်အတွင်းက အရပ်သားပြည်သူများ သတ်ဖြတ်ခံရမှုများ၊ မြင်းမူမြို့နယ်၊ လက္ကပင် ကျေးရွာတွင် မတ်လ ၅ ရက်နေ့က ဖြစ်ခဲ့သည့် ဒေသခံရွာသား ၁၀ ဦးတို့အား အစုလိုက်အပြုလိုက် သတ်ဖြတ်ခဲ့သောကိစ္စ၊ မတ်လ ၃၀ ရက်နေ့တွင် ဖြစ်ခဲ့သည့် မြောင်မြို့နယ်တွင် PDF ဒုတပ်ရင်းမှူး ဗိုလ်ဆင်ရိုင်းနှင့်အဖွဲ့ကိစ္စ၊ ဩဂုတ်လ တတိယပတ် အတွင်း ဝက်လက်မြို့နယ်တွင် အရပ်သားပြည်သူ ၆ ဦး လည်လှီးအသတ်ခံရသည့်ကိစ္စများကို စစ်ကောင်စီက သတင်းအမှောင်ချထားသည်။

စစ်ကောင်စီက ၎င်းတို့သည် ပြည်သူလူထုကို အကာအကွယ်ပေးနေသည်ဟု ဆက်တိုက် ပြောဆိုထားသည်။

ဘီလူးစစ်ကြောင်းကိစ္စကိုလည်း အရေးယူမှုအသီးသီးမှ လွတ်ကင်းအောင် ရည်ရွယ်ချက်ရှိရှိ ကြိုတင်ပြင်ထား သည့် အခြေအနေမျိုးဖြစ်နိုင်သည်ဟု ကိုနွေဦးက ထောက်ပြသည်။

“သူတို့ကကျတော့ ရှောင်လွှဲစရာကိစ္စတစ်ခုကို ဖန်တီးတာပေါ့နော်။ စစ်ကောင်စီမှာ ဆိုလို့ရှိရင်လည်း နိုင်ငံတ ကာရဲ့ ဂျနီဗာကွန်ဗားရှင်း ဆိုတာရှိတာကိုလေနော။ ဒါပေမယ့် သူတို့က စစ်တပ်ဆိုတဲ့နာမည်ကို သိပ်မသုံးဘဲနဲ့ သူက စစ်ကြောင်းတစ်ခုပုံစံမျိုးနဲ့ သုံးတာပေါ့။ သုံးပြီး အဲလိုမျိုးတွေ လုပ်တယ်။ အဲဒါကြောင့်မို့ ရှင်းရတဲ့ အခါ ဆိုရင်တောင်မှ ဒီဟာက စစ်ကြောင်းတစ်ခုအနေနဲ့ ဆိုတဲ့ပုံစံကို တစ်ခြားနည်းကနေထောက်ပြီးတော့ စစ်တပ် မဟုတ်တဲ့ ပုံစံမျိုးနဲ့ ပြန်ပြီးတော့ ပုံသွင်းလို့ရတာပေါ့ဗျာနော်။”

စစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုးဖောက်နေမှုများ၊ အရပ်သားပြည်သူများ၏ အိုးအိမ်များကို မီးရှို့ဖျက်ဆီး မှုများ၊ ရက်စက်စွာသတ်ဖြတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများကို ပြောင် ပြောင်ကျကျ ကျူးလွန်နေပြီး အပြစ်ပေး အရေးယူခံရခြင်းကနေ ကင်းလွတ်နေသည့်အတွက် အပြစ်ပေး အရေး ယူနိုင်ရန် နိုင်ငံတကာအနေဖြင့် ကူညီလုပ်ဆောင်ပေးဖို့ လိုအပ်သည်ဟု NUG က ပြောသည်။

နိုင်ငံတကာအနေဖြင့် အကြမ်းဖက် စစ်အုပ်စုကို ဆက်လက်ဖယ်ကျဉ်ထားပြီး ပိတ်ဆို့အရေးယူမှုများကို ပြင်း ပြင်းထန်ထန် လုပ်ဆောင်ခြင်း၊ စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ခံနေရသော မြန်မာပြည်သူများကို ကူညီခြင်းအားဖြင့် ကမ္ဘာကြီးတွင် စစ်အာဏာရှင်များအတွက် နေရာမရှိကြောင်း သက်သေပြကြရန် ပြည်သူ့ ခုခံ တွန်းလှန်စစ် ကြေညာခြင်း ၂ နှစ်ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းထဲတွင် NUG ယာယီသမ္မတ ဒူဝါ လရှီးလက တိုက်တွန်းထားသည်။

စစ်အာဏာသိမ်းပြီးချိန်မှစ၍ ယခုနှစ် ဩဂုတ်လအထိ ရရှိထားသော အချက်အလက်များအရ စစ်ကောင်စီတပ် က စစ်ရေးပစ်မှတ် အရပ်သားပစ်မှတ် မခွဲခြားဘဲ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် အရပ်သား ပြည်သူ ၄,၀၂၃ ဦး သေဆုံးခဲ့ရသည့်အပြင် လူနေအိမ်၊ ဘာသာရေး အဆောက်အအုံများကိုလည်း လေကြောင်းတိုက်ခိုက် မှု အကြိမ်ရေ ၁,၄၀၀ ကျော် ပြုလုပ်ခဲ့သည်ဟု NUG က ဆိုသည်။

ဘီလူးစစ်ကြောင်း၏ ရည်ရွယ်ချက်ကား ရှုတ်ရှုတ်ထွေးထွေး မရှိ၊ ပြည်သူများကို အကြောက်တရားအတွင်း နေထိုင်စေရန် ရည်ရွယ်သည်ဟု ဒေသအတွင်း လှုပ်ရှားနေသူများက ဆိုသည်။

မြောင်မြို့နယ်အတွင်း စစ်ရှောင်များကို ကူညီပေးနေသူတစ်ဦးက “သူတို့ကို လူထုက ရွံကြောက်ဖြစ်သွားတာ ပေါ့ လေနော်။ သူတို့ကို ရွံသွားတယ်။ သူတို့ကို ပိုပြီးတော့ ကြောက်သွားတယ်။ သူတို့ရဲ့လုပ်ရပ်က ဒီ စစ်တပ်ဆို လို့ ရှိရင် စစ်တပ်နဲ့တွေ့လို့ရှိရင် ဒါမျိုး အကုန်လုံး ခံရမယ်ဆိုတဲ့ ပြည်သူတွေကို ပိုပြီးတော့ အဲလိုမျိုးစိတ်ပဲ ပိုဝင် သွားစေတယ်ဗျ” ဟု ပြောသည်။



Hi !

!

Popular posts from this blog

ဝေဝါးမှုတွေနဲ့အတူ မသေချာ မရေရာမှုများနဲ့ မြန်မာပြည်..။

  ဝါရင့်သတင်းစာဆရာကြီး လာရီယာဂန်က စစ်အာဏာသိမ်းမှု သုံးနှစ်ပြည့်တဲ့ ဖေဖော်ဝါရီ(၁)ရက်နေ့မှာ ဘန်ကောက်ပို့စ်သတင်းစာမှာ ဆောင်းပါးတစ်ပုဒ် ရေးသားလိုက်ပါတယ်။ ဆောင်းပါးခေါင်းစဉ်က Myanmar faces increasing uncertainty ပါ။ စစ်အာဏာသိမ်းပြီး သုံးနှစ်အကြာမှာ မြန်မာနိုင်ငံရဲ့အခြေအနေ ဘယ်လိုရှိသလဲ။ ရှေ့မှာ ဘာဖြစ်နိုင်သလဲ။ မှန်းဆထားတာပါ။ လက်ရှိ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်လို့ လာရီယာဂန်လည်း ဘာမှ မမှန်းဆနိုင်ပါဘူး။ သူပြောနိုင်တာ တစ်ခုက မြန်မာပြည်ဟာ မသေမချာ မရေမရာမှုတွေ အများကြီးနဲ့ ဆက်ပြီး ရင်ဆိုင်နေရဦးမယ်ဆိုတဲ့ ကောက်ချက်ပါ။ မြန်မာစစ်တပ်က ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရကို စစ်အာဏာသိမ်းခဲ့တာ ခု ဖေဖော်ဝါရီ(၁)ရက်မှာ သုံးနှစ်တိတိ ပြည့်ခဲ့ပြီဖြစ်ကြောင်း၊ သုံးနှစ်အတွင်း တိုင်းပြည်ဟာ အဖက်ဖက်က ယိုယွင်းပျက်စီးသွားပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေ တိုးပွါးနေကြောင်း၊ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ပီဒီအက်ဖ်တွေကြား တိုက်ပွဲတွေကြောင့် ပြည်သူသန်းပေါင်းများစွာ အိုးပစ်အိမ်ပစ် ထွက်ပြေးနေရကြောင်း လာရီယာဂန်က ရေးသားပါတယ်။ ...

ကရင်ပြည်နယ်ပုံရိပ်ကို ထိခိုက်စေသဖြင့် ရွှေကုက္ကိုလ်ကို တိုက်ခိုက်ရဟု KTLA ပြော

  ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ ရွှေကုက္ကိုလ်မြို့သစ်သည် ပြည်နယ်ဖွံဖြိုးမှု မဖြစ်စေဘဲ ပျက်ဆီးမှုကိုသာ ဖြစ်စေသဖြင့် တိုက်ခိုက်ရခြင်း ဖြစ်ကြောင်း ကော်သူးလေတပ် (KTLA) က ဧပြီ ၇ ရက်တွင် ကြေညာသည်။ Facebookတွင် ပျံ့နှံလာသော KTLA ဗဟိုဌာနချုပ် ရုံးထိုင်မှူး စောဝါးနေမူး လက်မှတ်ထိုးထားသည့် ကြေညာချက်အရ ရွှေကုက္ကိုလ်မြို့သည် မူးယစ်ဆေးဝါး ဖြန့်ဖြူးသုံးစွဲရောင်းချနေပြီး တိုင်းရင်းသူ အမျိုးသမီးများကို ပြည့်တန်ဆာအဖြစ် လိမ် လည်လှည့်ဖြားစေခိုင်းနေသည့် နေရာဖြစ်နေသလို စစ်ကောင်စီအတွက် တရားမဝင်ငွေကြေးများ ရှာဖွေပေးသည့် နေရာ ဖြစ်၍ ပြည်ပမှ အလုပ်သမားများကိုလည်း လိမ်လည်ခေါ်ဆို ခိုင်းစေမှုများ ရှိနေသဖြင့် KTLA အနေနှင့် ကရင်ပြည်နယ် အကျိုးအတွက် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း၊ ထို့အတွက် ရွှေကုက္ကိုလ်တွင် နေထိုင်သည့် ပြည်သူများအနေနှင့် တိုက်ပွဲ ဧရိယာမှ ရှောင်ပေးကြရန် ထုတ်ပြန်ထားသည်။ ထိုကြေညာချက်နှင့် ပတ်သက်၍ ပိုမိုသိရှိနိုင်ရန် KTLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောနယ်ဒါးမြကို ဧရာဝတီက ဖုန်းဖြင့်ဆက် သွယ်ခဲ့ရာ ၎င်း အလုပ်များနေသဖြင့် နောက်မှ ပြန်လည်ဆက်သွယ်ရန် ပြောဆိုသည်။ ကော်သူးလေတပ်နှင့် နီးစပ်သည်...

မြန်မာနိုင်ငံမှာရှိတဲ့ ဗမာလူမျိုး ပေါ်ပေါက်ပုံ အကြောင်း

  ဗမာလူမျိုး ပေါ်ပေါက်လာပုံ သမိုင်းကြောင်း – တိဘက်တို ဘားမန်းလူမျိုးနွယ်စုကြီး မှ အကြီးဆုံးသောလူမျိုးဖြစ်သည်။ ယနေ့ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းသို့ နာဂ၊ သက်၊ ကမ်းယံ၊ပျူ တို့နောက်မှ ဝင်ရောက်လာခြင်းဖြစ်သော်လည်းပျူတို့ ထူထောင်သည့် ပထမပြည်ထောင်စုကို အေဒီ ၈ ရာစုတွင် နန်ကျောက်တို့က ဖျက်စီးပြီးချိန် မတိုင်မှီက ပင် ရောက်ရှိနေထိုင်နေခဲ့ပြီးဖြစ်သည်ဟုခန့်မှန်း၍ရနိုင်သည်။အေဒီ ၁၀ ရာစုမတိုင်မှီ အချိန်ကပင် ကျောက်ဆည် ၁၁ ခရိုင်တွင် အခြေချခဲ့ပြီး နောက်များမကြာမှီ တွင်မြစ်သာ ၆ ခရိုင် ၊ ပုဂံ နေပြည်တော်တို့ကို ထူ ထောင်ကာဒုတိယမြန်မာပြည်ထောင်စုကို တည်ထောင်ခဲ့ကြသည်။ သို့သော် မြန်မာနိုင်ငံသားတို့က ထိုပြည်ထောင်စုကိုသာပထမပြည် ထောင် စုအဖြစ် လက်ခံကြသည်။သမိုင်းတစ်လျောက်တွင် မွန်ဂို၊ တရုတ်၊ ယိုးဒယား၊ မွန်၊ ရခိုင်၊ ရှမ်း၊ ကရင် အစရှိသည့် အတွင်း၊ အပြင်ရန်အမျိုးမျိုးနှင့်ကြုံတွ့ခဲ့ဖူးပြီးအကြိမ်တိုင်းတွင် ပြည်ထောင်စု၏ ဦးဆောင်သူနေရာကို ဗမာတို့ ပြန်လည်ကာ ရောက်ရှိနိုင်ခဲ့သည်။အနော်ရထာ၏ ပထမပြည်ထောင်စု(ပထမမြန်မာနိုင်ငံတော်ကြီး)၊ တပင်ရွှေထီး-ဘုရင့်နောင်တို့ ၏ ဒုတိယပြည်ထောင်စု (ဒုတိယ မြန်မာနိုင်ငံတော်ကြီး)၊အလောင်းဘုရား၏ တတိ...

မြန်မာပြည်မြေပုံကို အပြောင်းခံကြမှာလား

  ကမ္ဘာ့သမိုင်းကို ပြန်လေ့လာကြည့်မယ်ဆိုရင် အိမ်နီးချင်းနိုင်ငံတွေအဖြစ် နှစ်ပေါင်းများစွာ အတူတကွ ယှဉ်တွဲ ရပ်တည်နေကြပြီးမှ ဝေးကွာသွားကြတဲ့ နိုင်ငံတွေ ရှိခဲ့တယ်ဆိုတာ တွေ့နိုင်ပါတယ်။ ကျွန်တော်တို့အတွက် အထင်ရှားဆုံး ဥပမာတစ်ခုရှိပါတယ်။ အဲဒါကတော့ မြန်မာနဲ့ ပါကစ္စတန်တို့ဟာ ယခင်က နယ်မြေချင်း ထိစပ်နေကြတဲ့ အိမ်နီးချင်း နိုင်ငံတွေပါ။ သို့သော် ၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံအသစ် ပေါ်ပေါက်လာချိန်မှာတော့ အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားခဲ့ကြပါတယ်။ ယခင်က အိမ်နီးချင်းဖြစ်ခဲ့လို့ ထင်ပါတယ်၊ မြန်မာနဲ့ ပါကစ္စတန်တို့ရဲ့ ဆက်ဆံရေးဟာ ကောင်းမွန်နေကြဆဲဆိုတာ သက်သေ၊ သာဓကများစွာ ရှိပါတယ်။ အဲဒီလို အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားရခြင်းဟာ သူတို့ရဲ့ ပြည်တွင်းရေးသာ ဖြစ်တဲ့အတွက် အထူးအထွေ ဝေဖန်ရန် မရှိပါ။ သို့သော် လက်ရှိအခြေအနေမှာ မြန်မာရဲ့ အိမ်နီးချင်း (၅) နိုင်ငံရှိနေရာက မတူညီတဲ့ အိမ်နီးချင်းနိုင်ငံသစ်တွေ ထပ်မံ ပေါ်ပေါက်လာဖို့ လုပ်ဆောင်နေကြတာတွေ မြင်နေရပါပြီ။ ဒီတစ်ကြိမ်ကတော့ ကျွန်တော်တို့ရဲ့ ပြည်တွင်းရေးဖြစ်တဲ့အတွက် အလေးထားရပါတော့မယ်။ ရှိပြီးသား အိမ်နီးချင်း (၅) နိုင်ငံနဲ့ မြန်မာတို့အကြား ကျွန်တော်တိ...

မြန်မာ ဒုကာကွယ်ရေးဝန်ကြီး ထောင်ထဲရောက်ပြီ

  မြန်မာ ဒုကာကွယ်ရေးဝန်ကြီး ထောင်ထဲရောက်ပြီ မတ်လ ၂၈ ရက် ၂၀၂၄ ခုနှစ် နံနက် ၁၀ နာရီ ၂၀ သတင်း ================================= ကာကွယ်ရေး ဒု-ဝန်ကြီး ဖြစ်သူ ဗိုလ်ချုပ်အောင်လင်းထွန်းကို ကျားဖြန့်လုပ်ငန်းနဲ့ ပတ်သက်တယ်ဆိုပြီး မနေ့ည မတ်လ ၂၇ ရက်နေ့ည ၁၁ နာရီတွင် စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့မှ သွားရောက်ဖမ်းဆီးခဲ့ကြပါတယ်။ အဆိုပါ ဖမ်းဆီးချိန်တွင် ဒုကာကွယ်ရေးဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်အောင်လင်းထွန်းသည် အရက်မူးနေပြီး အသာတကြည် လိုက်လာခြင်းမရှိပဲ … ပုဆိုးလှန်ပြီး ဆဲဆိုနေခြင်းကြောင့် စစ်ဘက်လုံခြုံရေးအဖွဲ့မှ ရိုက်နှက်ခဲ့ရာ.. သွား အချို့ ကျွတ်သွားပြီး ပါးစပ်တခုလုံး သွေးများနီရဲနေသည်။ “အဲ့ကောင် ပါးစပ်က သွေးမတိတ်ခင် ရမဲသင်းထောင်ပို့လိုက်စမ်း” လို့ အထက် အမိန့်ပေးလိုက်တော့ အခု ရမဲသင်းထောင်ရောက်နေပြီဖြစ်ကြောင်း မြန်မာအမေရိကန် သတင်းဌာနမှ စုံစမ်းသိရှိရသည်။ ဂိုလ်ရှယ်လေး

စစ်တပ်မှ အာဏာသိမ်းထားသည့် ၃ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ထောင်သားဘဝ

                           ဖေဖော်ဝါရီလ ၁ ရက်နေ့သည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့အတွက် အနှောက်အယှက်ဖြစ်စေသူဟု ယူဆသည့် ရွေးကောက်ခံအစိုးရ ခေါင်းဆောင်နှင့် နိုင်ငံသမိုင်းတွင် အညီညွတ်ဆုံးဖြစ်စေခဲ့သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာမှဖယ်ရှားပြီး မအောင်မြင်သော အာဏာသိမ်းမှု ပြုလုပ်သည့် သုံးနှစ်မြောက်နေ့ ဖြစ်သည်။ ရက်ပေါင်း ၁၀၉၅ ရက်ကျော် ကြာသော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် မြို့တော်နှင့် စစ်တပ်ဗဟိုဌာနချုပ် နေပြည်တော် အနောက်တောင်ဘက်အစွန်းမှ ထောင်တခုတွင် တဦးတည်း ဆက်လက် ဖမ်းဆီးချုပ်နှောင်ခံနေရသည်။ သူ့အတွက် တခုတည်းသော ထောင်ပြင်ထွက်ရချိန်သည် လွန်ခဲ့သောနှစ်အတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စတာ ဒွန် ပရာမတ်ဝီနိုင်နှင့် တွေ့ရသည့် တိုတောင်းသော ကာလဖြစ်ပြီး သူ့ကို ချမှတ်ထားသည့် ထောင်သက်တမ်းကိုလည်း ၃၃ နှစ်မှ ၂၇ နှစ်သို့ လွန်ခဲ့သောနှစ်က လျှော့ချပေးသည်။ အာဏာသိမ်းမှု နှစ်ပတ်လည်သည် ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းနည်းစရာကောင်းသော လက်ရှိအခြေအနေနှင့် ဝေဝါးနေသည့် အနာဂတ်ကို မီးမောင်းထိုးပ...

ပဲခူးတိုင်း မင်းလှမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွား

  မင်းလှတွင် ၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲ ၆ ကြိမ် အတွင်း စစ်တပ်ဘက်မှ စစ်သား ၈၀ ဦးကျော်သေဆုံး ရန်ကုန်၊ မတ် ၁၁ ပဲခူးတိုင်း၊ မင်းလှမြို့နယ်အတွင်း ၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲ ၆ ကြိမ် အတွင်း စစ်တပ်ဘက်မှ ၈၀ ကျော်သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ မတ်လ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ ဧက ၁၀၀၀ ကျွန်း စိုက်ခင်း ကျုံးပေါက်အနီး၌ စစ်ကြောင်း ထိုးလာသော အင်အား ၁၂၀ ပါ စစ်ကောင်စီ တပ်သားများကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ နှင့် ဒဂုံစစ်ကြောင်းတို့က စောင့်ကြို တိုက်ခိုက်ခဲ့ရာ အပြန်အလှန် တိုက်ပွဲ ၂ နာရီကျော် ကြာမြင့်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်ဘက်မှ ၂၀ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။ ယင်းနေ့ ညနေ ၅ နာရီခန့်အချိန် မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်းပေါ်ရှိ ဟိုင်းယု လမ်းဆုံတွင် တပ်ဆွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ နှင့် တပ်ခွဲ ၃ တို့က လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ရှောင်တခင် သွားရောက် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၃ နာရီခန...

ရှမ်းမြောက်က ကျားဖြန့် ဇာတ်သိမ်းခန်း

  ဇန်နဝါရီ ၃၀ ရက်တွင် မြန်မာနိုင်ငံ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက တရုတ် အစိုးရထံ မြန်မာနိုင်ငံမြောက်ပိုင်း ကျားဖျန့် လုပ်ငန်းများတွင် အဓိက ကြိုးကိုင်သူများဟု သတ်မှတ်ထားသည့် ပယ်စောက်ချိန်အပါအဝင် ခြောက်ဦးနှင့် အခြားအရေးကြီးသံသယရှိ သူ လေးဦးကို လွှဲပြောင်းပေးခဲ့သည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ဇန်နဝါရီ ၃၀ ရက်တွင် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးအဖွဲ့ အစည်းထံသို့မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့် ဒေသ အွန်လိုင်းလိမ်လည်မှုအဖွဲ့၏ အဓိက ခေါင်းဆောင် ခြောက်ဦးဖြစ်သည့် ပယ် စောက်ချိန်၊ ပယ်ရင်ချန်၊ဝေ့ဟွိုင်ရန်၊ လျိုကျန့် ရှန်၊ လျိုကျန့်မောက်၊ ရွှီလောက်ဖာနှင့် အခြား အရေးကြီး ပြစ်မှုကျူးလွန်ကြောင်းသံသယရှိ သူ လေးဦးအား တရားဥပဒေနှင့်အညီ လွှဲ ပြောင်းပေးအပ်ခဲ့ပြီး အဆိုပါ ၁၀ ဦးကို ယင်း နေ့ညတွင်ပင် တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့ သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ခဲ့သည်။ ယင်းသို့ မြန်မာနိုင်ငံမြောက်ပိုင်းရှိ ကျား ဖျန့်လုပ်ငန်းများတွင် အဓိကတာဝန်ရှိသူဟု တရုတ်အစိုးရက သတ်မှတ်ထားသည့် ပယ် စောက်ချိန် အပါအဝင် ခြောက်ဦးအား လွှဲ ပြောင်းပေးအပ်ခြင်းမှာ တရုတ်-မြန်မာ နှစ် နိုင်ငံ၏ န...

အာဆီယံ-သြစတြေးလျ ထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီ ကိုယ်စားလှယ်တက်မည်

 စစ်ဗိုလ်ချုပ်များခန့်ထားသည့် သံအမတ်က မဲလ်ဘုန်းမြို့တွင် ၃ ရက်ကြာ ကျင်းပမည့် ဒေသတွင်း အထူးထိပ်သီးအစည်းအဝေးကာလအတွင်း ဆွေးနွေးပွဲ ၂ ခုကို တက်မည်ဟု သိရှိရသည်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသည့် အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသည့် သြစတြေးလျ ဝန်ကြီးချုပ် Anthony Albanese ကို တွေ့ရစဉ်။ သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် မတ်လ ၄ ရက်မှ ၆ ရက်အထိ ကျင်းပမည့် အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီကိုယ်စားလှယ် တက်ရောက်မည်ဟု သိရသည်။ အစည်းအဝေးကာလတွင် ပြုလုပ်မည့် ရေကြောင်းပူးပေါင်းဆောင်ရွက်ရေးညီလာခံ၊ ရာသီဥတုနှင့် သန့်ရှင်းသောစွမ်းအင်ဆိုင်ရာ ဖိုရမ်တို့ကို ကင်ဘာရာမြို့ မြန်မာသံရုံးမှ စစ်ကောင်စီခန့် သံအမတ် ဦးသက်ထွန်း တက်ရောက်မည်ဖြစ်သည်။  အခြား ဆက်စပ်အစည်းထိပ်သီးအစည်းအဝေးများသို့ စစ်ကောင်စီကိုယ်စားပြုကိုယ်စားလှယ် တက်မည်၊ မတက်မည်ကိုမူ သြစတြေးလျ နိုင်ငံခြားရေးနှင့် ကုန်သွယ်မှုဌာနက ပြောဆိုခြင်းမရှိပေ။ ...

Click !