Skip to main content

Continue !

ဗိုလ်စံဖဲ

 


"သံမဏိအသဲဗိုလ်စံဖဲ"
===============

ဗိုလ်စံဖဲ သည် မြန်မာနိုင်ငံတွင် နယ်ချဲ့အင်္ဂလိပ်အစိုးရလက်ထက်တွင် ပထမဆုံး ဆုတော်ငွေ အထုတ်ခံရသူ တစ်ဦး ဖြစ်သည်။
ငယ်ဘဝ
---------------
ဗိုလ်စံဖဲကို မြန်မာသက္ကရာဇ် ၁၂၆၇ ခုနှစ် တန်ခူးလပြည့်ကျော် ၁၀ ရက်နေ့ (၁၉၀၆ ခုနှစ် ဧပြီလ ၁၇ ရက်) အင်္ဂါနေ့တွင် သာစည်မြို့နယ် ဂုံညင်းနွယ်ဘွဲ့ခြားရွာ၌ အဘဦးဖိုးသိန်း၊ အမိဒေါ်စံမယ်တို့မှ ဖွားမြင်ခဲ့သည်။ ဦးဖိုးသိန်း ဒေါ်စံမယ်တို့တွင် သားသမီး ခုနစ်ယောက် (မသင်း၊ မအေးချမ်း၊ ကိုသူတော်၊ မစောခင်၊ ကိုစံဖဲနှင့် မစောရှင်) ရှိရာ ကိုစံဖဲမှာ နို့ညှာဖြစ်သည်။
ထို့နောက် မိဘများသည် ဂုံညင်းနွယ်ဘွဲ့ခြားရွာမှာ အရှေ့ဘက် မဲတောရွာသို့ ပြောင်းရွှေ့ခဲ့သည်။ စံဖဲ၏ ယောက်ဖ ကိုလုံးသည် သာစည်မြို့ သားရေကုမ္ပဏီပိုင်ရှင် ဂျာမန်အမျိုးသား မစ္စတာတရစ်ထံတွင် အလုပ်ဝင်လုပ်ခဲ့သည်။ နောက်ပိုင်းတွင် မစ္စတာတရစ်က စံဖဲကို မွေးစား၍ ကျောင်းထားပေးသည်။ ၄ တန်းသာ နေခဲ့သည်။ စံဖဲကို မစ္စတာ တရစ်က အမဲလိုက်ရာသို့ ခေါ်၍ သေနတ်ပစ်သင်ပေးခဲ့ရာ များမကြာမီ စံဖဲသည် လက်ဖြောင့်သေနတ်သမားပမာ သေနတ်ပစ်ကျွမ်းကျင်သွားသည်။ ယင်းနောက် စံဖဲသည် မဲတောရွာမှ ဦးစံလှ ဒေါ်မယ်လှတို့၏ သမီး မသိန်းရင်နှင့် အိမ်ထောင်ကျခဲ့သည်။
စံဖဲဆုငွေထုတ်ခံရခြင်း
မသိန်းရင်သည် ရုပ်ရည်ချောမောလှပသဖြင့် ရွာ၏ ကွမ်းတောင်ကိုင်ဖြစ်သည်။ မသိန်းရင်ကို မဲတောရွာသူကြီး ဦးရာပိုင်၏ သား ငပုဆိုသူက တဖက်သတ်ချစ်ကြိုက်နေရာ မသိန်းရင်ကို စံဖဲလက်ထပ်ယူခဲ့သဖြင့် စံဖဲအပေါ် မကျေမနပ်ဖြစ်နေသူဖြစ်သည်။ ထိုစဉ်အတွင်း သာစည်မြို့တွင် ဓားပြမှုတစ်ခုတွင် ဓားပြများထံမှ တူမီးသေနတ်တစ်လက် သိမ်းဆည်းရမိသည်။ ထိုသေနတ်မှာ သားရေကုမ္ပဏီပိုင်ရှင် မစ္စတာတရစ် အိမ်မှ ပျောက်သွားသော သေနတ်ဖြစ်နေသည်။ ဤတွင် ငပုက နယ်ချဲ့ပုလိပ်နှင့်ပေါင်းကာ စံဖဲအား မသင်္ကာမှုဖြင့် ချောက်တွန်း၍ ထောင် ၆ လ ချလိုက်သည်။
စံဖဲထောင်ကျနေခိုက် ငပုက မသိန်းရင်အား အရယူလို၍ မသိန်းရင်၏ မိဘများကို အမျိုးမျိုးဒုက္ခပေး၍ နှိပ်စက်ခဲ့သည်။ နောက်ဆုံးတွင် မသိန်းရင်အား စံဖဲထံ ကွာရှင်းစာတောင်းခိုင်းပြီး မသိန်းရင်အား သိမ်းပိုက်လိုက်သည်။ မဲတောသူကြီးသား ငပုသည် စံဖဲထောင်ကျနေစဉ်အတွင်း အင်္ဂလိပ်အလိုတော်ရိ အရာရှိအချို့နှင့် ပူးပေါင်းကာ စံဖဲထောင်မှ ပြန်လွတ်ချိန်တွင် ပြန်လည်ဒုက္ခပေးမည့်ရန်မှ ကြောက်ရွံ့သည့်အတွက် ကြိုတင်ကာကွယ်သည့်အနေဖြင့် အက်တူးလူဆိုးစာရင်းဝင်ဖြစ်ရန် လာဘ်ပေးဖန်တီးထားသည်။ တဖန် စံဖဲအား မဲတောရွာ၌ ပြန်လည်နေထိုင်ခွင့်မပေးဘဲ သဲတောမြို့နယ် ဆူးပန်းကျေးရွာသို့ အက်တူးစာရင်းဝင်လူဆိုးအဖြစ် ပြောင်းရွှေ့ထားရန် စီမံထားခဲ့သည်။
ဤသို့ မတရားပြုခံရသဖြင့် စိတ်နာကျည်းနေသော စံဖဲသည် ထောင်မှလွတ်၍ သာဂရရွာရောက်နေသော စံဖဲအား ရာဇဝတ်အုပ် ဦးညီမောင်သည် ၁၉၂၆ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့တွင် ဖမ်းဆီး၍ စစ်ဆေးရန် သာဂရသူကြီး ဦးလာဘအိမ်သို့ ခေါ်ဆောင်လာသည်။ သူကြီးကတော် ဒေါ်နန်းနွယ်က ရာဇဝတ်အုပ်စားရန် မြေပဲလှော်နှင့် လက်ဖက်ရည်ကြမ်းချထားရာ စံဖဲက ကောက်ယူစားလိုက်ရာ ရာဇဝတ်အုပ် ဦးညီမောင်က တရားခံစားရန်မဟုတ်ဟု ငေါက်သဖြင့် စံဖဲသည် စိတ်မထိန်းနိုင်တော့ဘဲ သူနှင့် နှစ်တောင်ကွာလောက်တွင်ရှိသော ဓားကိုယူ၍ လက်ထိပ်ခတ်ထားသော လက်နှစ်ဖက်ဖြင့်စုံကိုင်၍ ဦးညီမောင်ကို ခုတ်သတ်လိုက်သည်။ အစောင့်အဖြစ် လိုက်ပါလာသော ပုလိပ်ငကြွယ်မှာလည်း စံဖဲ၏ဓားချက်မိ၍ ထွက်ပြေးသွားသည်။
ထိုနေ့မှစ၍ စံဖဲသည် ဝရမ်းပြေးတောပုန်းဖြစ်သွားလေ၏။ ထိုအခါ ဗန္ဓုလသတင်းစာတိုက်က အထူးသတင်းထောက်များလွှတ်၍ စံဖဲသတင်းကို ဗန္ဓုလတွင် အပတ်စဉ် တခမ်းတနား ထည့်သွင်းရာ စံဖဲသတင်းသည် ဟိုးလေးတကျော် ဖြစ်သွားတော့သည်။ အစိုးရက စစ်ပုလိပ်များလွှတ်ကာ စံဖဲကို ဖမ်းခိုင်းသည်။ မမိ။ ဖမ်းလေ၊ မမိလေဖြစ်၍ တဖြည်းဖြည်း ကြာလာသောအခါ စံဖဲသည် ဆုငွေ ၅၀၀၀ ထုတ်ထား ရသော ဝရမ်းပြေးတောပုန်းဖြစ်လာသည်။
သူရဲကောင်းစံဖဲ
ထိုသို့ စံဖဲသတင်းကြီးနေစဉ် ဗန္ဓုလသတင်းစာ၊ ဂျာနယ်တို့က "စံဖဲဒိုင်ယာရီ" ဟူ၍ လည်းကောင်း၊ "စံဖဲဇာတာဗေဒင်ဟောစတမ်း" ဟူ၍ တဖုံ စံဖဲသတင်းကို တခမ်းတနား ရေးကြလေသည်။ စံဖဲဓာတ်ပုံ၊ စံဖဲမိခင်ဓာတ်ပုံ၊ စံဖဲနေရစ်ခဲ့သော ကျောင်းပုံ စသဖြင့် စုံလှသည်။ ပုသိမ်ဦးဘသော် ဆိုသူကလည်း အင်္ဂလိပ်ဒဏ္ဍာရီပါ "တောပုန်းကြီးရော်ဘင်ဟု" အကြောင်းကို ဘာသာပြန်၍ ဗန္ဓုလသတင်းစာတွင် အပတ်စဉ်ထည့်ကာ စံဖဲကို ချီးမြှောက်ခဲ့ကြသည်။ ထိုမျှမကသေး ဗန္ဓုလသတင်းစာနှင့် ဂျာနယ်တိုက်ပိုင်ရှင် ဗန္ဓုလဦးစိန်က "သတိုးစိန်" ကလောင်ခွဲဖြင့် စံဖဲအကြောင်းကို ဝတ္ထုရေး၍ ချီးမြှောက်ခဲ့ပြန်သည်။ ဆရာကျင်ခဲ(ရွှေတိုင်ညွှန့်ဖခင်)နှင့် နန်းတော်ရှေ့ ဆရာတင်တို့ကလည်း စံဖဲသီချင်း ကိုရေး၍ တိုင်းပြည်ကို ဖြန့်လိုက်သေးသည်။ ဩ
ဆရာကြီး သခင်ကိုယ်တော်မှိုင်းသည် စံဖဲနှင့် ပတ်သက်သော "ပုံတော်နိုင်မော်ကွန်းဋီကာ" တွင်လည်းကောင်း၊ "တရုတ်ဒီပနီ ဆောင်ပါးများ" တွင်လည်းကောင်း စံဖဲအကြောင်း ဆောင်းပါးကို ရေးလေသည်။ ဆရာကြီးသည် ဓူဝံမဂ္ဂဇင်းတွင် "စုံတော်မူမှာတမ်း" အမည်ဖြင့် စံဖဲ၏ မျိုးရိုးနှင့် ပတ်သက်သော အကြောင်းကို ရေးသားခဲ့သည်။
ထိုအချိန်မှစ၍ စံဖဲသတင်းသည် မြန်မာတစ်နိုင်ငံလုံးတွင် ဟိုးလေးတကျော်ဖြစ်သွားသည်။ စံဖဲသည် သာဂရရွာမှ ထွက်ပြေးပြီး တောပုန်းဘဝဖြင့် တစ်ရွာတည်းသား ငနီ၊ ချစ်ကောင်း၊ ကံကြီးမောင်တို့နှင့်အတူ တောပုန်းဘဝဖြင့် အင်္ဂလိပ်အလိုတော်ရိလက်ပါးစေများအား ဒုက္ခအမျိုးမျိုးပေးတော့သည်။ ပုလိပ်စိန်ရိုး၏ မြင်းနှင့်သေနတ်အား အိမ်ပေါ်တက်သိမ်းခြင်း၊ နှမ်းကန်သူကြီး ဦးပန်းရည်၏ သေနတ်အား လုယူခြင်း စသည်များ ကို ဆက်တိုက်ပြုလုပ်ခဲ့သည်။
စံဖဲသည် မယားခိုးငပုအား သတ်ရန်အတွက် အတင့်ရဲစွာ သာစည်မြို့ပေါ်ထိ တက်ရောက်လာသည်။ စံဖဲသည် သာစည်နယ်ပိုင်ဝန် ထောက် ဦးအောင်ကျော် အိမ်ရှေ့အနီးမှ သေနတ်ပစ်ဖောက် ထွက်သွားလေ့ရှိသည်။ သတ္တိရှိပြီး လက်ဖြောင့်တပ်သားစံဖဲကို ပုလိပ်တို့က ထွက်၍ မတိုက်ဝံ့ဘဲဖြစ်နေသည်။ စံဖဲသည် မယားခိုးငပုအား မသတ်ရသောအခါ မဲတောရွာနေ ငပု၏ အစ်မတော်သူ မပုအား ၁၉၂၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့ ညက သေနတ်ဖြင့် ပစ်သတ်သွားရာ ပုလိပ်တို့လည်း မျက်လုံးပြူးကြရသည်။ စံဖဲအား အမိဖမ်းနိုင်သူအား ဆုတော်ငွေ ၅၀၀၀ ကျပ် ထုတ်ထားသော်လည်း မည်သူမျှ မဖမ်းဝံ့ဘဲ ဖြစ်နေသည်။ ဤကဲ့သို့ ဆုတော်ငွေ ထုတ်ပြန်သည်ကို တန်ပြန်သည့်အနေဖြင့် စံဖဲကလည်း မယားခိုးငပုနှင့် သာစည်နယ်ပိုင်ဝန်ထောက်တို့၏ ဦးခေါင်းကို ရရှိအောင် မိမိအားကူညီလျှင် ဆုတော်ငွေ ၁၀၀၀ ကျပ်ပေးမည်ဟု (၁၀)တန်ငွေစက္ကူတွင်ရေး၍ သာစည်မြို့ပိုင်ရုံးတွင် ရဲရဲဝံ့ဝံ့ ကပ်ထားလေသည်။ ထိုအချိန်မှစ၍ စံဖဲက အင်္ဂလိပ်အစိုးရအား စိန်ခေါ်ရာမှ ဗိုလ်စံဖဲအမည်တွင်ခဲ့သည်။
တောပုန်းကြီးစံဖဲသည် တောပုန်းဘဝတွင် မဲတောရွာမှ ချစ်သူ မငွေနုအိမ်သို့ ညအခါ လာလေ့ရှိကြောင်း သတင်းရရှိထားသော မိတ္ထီလာအပိုင်မှ ရာဇဝတ်အုပ်ဝန်ထောက်ကလေး အောင်ကျော်မိုး၊ ရာဇဝတ်အုပ် ဦးရွှေခဲ၊ ရာဇဝတ်အုပ် ဦးရွှေအောင်နှင့် ပုလိပ်တပ်ဖွဲ့ဝင်များ သည် ၁၉၂၇ ခုနှစ် မတ်လ ၁၃ ရက်နေ့ ညတွင် မဲတောရွာသို့ စံဖဲအား ဖမ်းဆီးရန်ရောက်ရှိလာကြသည်။ မဲတောရွာရှိ ၎င်း၏ချစ်သူနေအိမ်သို့အလာ ပုလိပ်အဖွဲ့နှင့် ဗိုလ်စံဖဲတို့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားရာ၊ ရာဇဝတ်ဝန်ထောက် အောင်ကျော်မိုးမှာ လက်တွင် သေနတ်ဒဏ်ရာ ရရှိပြီး ပုလိပ်တပ်သားချစ်မိုးမှာ ဗိုလ်စံဖဲလက်ချက်ဖြင့် သေဆုံးသွားလေသည်။ ဗိုလ်စံဖဲသည် မည်သည့်ဒဏ်ရာမှမရရှိဘဲ လွတ်မြောက်သွားသည်။ ဤသို့ဖြင့် ဗိုလ်စံဖဲသည် တောပုန်းဘဝဖြင့် ကျောက်ဆည်ခရိုင်၊ ရမည်းသင်းခရိုင်၊ မိတ္ထီလာခရိုင်အတွင်း သွားလာလှုပ်ရှားပြီး အင်္ဂလိပ်တို့၏ လက်နက်တုတ်ပုလိပ်တပ်ဖွဲ့အား နည်းမျိုးစုံဖြင့် ဒုက္ခပေးလေသည်။
ဗိုလ်စံဖဲသည် ဤကဲ့သို့ စစ်ပုလိပ်များ၊ စုံထောက်များ ဝန်းရံချထားသည့်ကြားမှ ရုပ်အမျိုးမျိုးပြောင်း၍ သာစည်မြို့ပေါ်တက်၍ ဆံပင်ညှပ်ခြင်း၊ လက်ဖက်ရည်သောက်ခြင်း၊ ညောင်ရမ်းဈေးသွားခြင်း၊ ရွှေဂူကြီးဘုရားပွဲလာခြင်း စသည်ဖြင့် ဝင်ရောက်သွားလာကာ ပုလိပ်များအား လက်တစ်လုံးခြားလှည့်စားသွားလေ့ရှိသည်။
ဗိုလ်စံဖဲသည် ၁၉၂၇ ခုနှစ် မတ်လ ၁၅ ရက်နေ့ညတွင် ရွှေရင်မျှော်ဘုရားပွဲသို့လာမည်ဖြစ်ကြောင်း ကြိုတင်သတင်းလွှင့်ထားသည်။ အစိုးရဘက်မှ ရွှေရင်မျှော်ဘုရားပွဲအတွင်း ပုလိပ်များထူထပ်စွာ လုံခြုံရေးချထားလိုက်သည်။ ဗိုလ်စံဖဲသည် ရုပ်ဖျက်၍ ရွှေရင်မျှော်ဘုရားအား အေးအေးဆေးဆေး ဖူးမြော်ကာ ပန်းဆီမီးကပ်လှူပူဇော်၍ ဘုရားရွှေချကာ ပြန်လည်ထွက်ခွာသွားရာ မည်သူမျှ မသိလိုက်ချေ။ ဗိုလ်စံဖဲသည် အဝေးရောက်မှ သေနတ်ဖောက်၍ အသံပေးမှ စံဖဲ ပွဲတော်တွင်းသို့ လာသွားကြောင်း ပုလိပ်တို့ သိရှိကြရသည်။
ဗိုလ်စံဖဲအား ထုတ်ပြန်ထားသော ဆုတော်ငွေကို မက်၍ လိုင်စင်သေနတ်ကိုင်ထားသူ ဝမ်းတွင်းမြို့မှ နယ်ချဲ့အစိုးရအလိုတော်ရိ ရှေ့နေ ဦးရွှေဗျိုင်းနှင့် စာရေးကြီး ဦးသက်ထွန်းတို့သည် စံဖဲအား ဖမ်းရန် သာဂရရွာမှ ဦးသက်ထွန်း၏ ညီတဝမ်းကွဲ ကိုကံစ၏အိမ်သို့ လာရောက် စုဝေးကြသည်။ ထိုနေ့ကား ၁၉၂၇ ခုနှစ် မေလ ၅ ရက်နေ့ဖြစ်သည်။ ထိုသတင်းကို ဗိုလ်စံဖဲကြားထားသည့်အတွက် ကိုကံစ၏ အိမ်ကို ဝင်ရောက်တိုက်ခိုက်ရာ ရှေ့နေကြီး ဦးရွှေဗျိုင်းမှာ ဆုငွေမရလိုက်ဘဲ စံဖဲလက်ချက်ဖြင့် အသက်ပါသွားခဲ့သည်။ စာရေးကြီး ကိုသက်ထွန်း၊ ကိုကံစတို့မှာ ဒဏ်ရာရပြီး ကိုသက်ထွန်း၏ ဇနီး မပုမှာ အချောင်သေဆုံးသွားခဲ့လေသည်။
တောပုန်းကြီးဗိုလ်စံဖဲ၏ ရဲစွမ်းသတ္တိကြောင့် နယ်ချဲ့အစိုးရမှာလည်း သိက္ခာကျဆင်းပြီးရင်း ကျလာကာ လုံခြုံရေးပါ ထိခိုက်လာသဖြင့် သာစည်တွင် ပုလိပ်တပ်ဖွဲ့များစုပေါင်း၍ စီမံချက်ချကာ အမိအရ ဖမ်းဆီးရေးအတါက် မြင်းစီးပုလိပ်တပ်ဖွဲ့များဖြင့် တောနင်းပိုက်စိပ်တိုက် ရှာဖွေကြတော့သည်။
ဗိုလ်စံဖဲလွတ်မြောက်နေကာ အစိုးရအား အမျိုးမျိုးနှောင့်ယှက်နေသဖြင့် ကြွက်မနိုင်ကျီမီးနှင့်ရှို့ဆိုသလို စံဖဲဝင်ထွက်သွားလာရာ ကျေးရွာများကိုလည်း အစိုးရက အမျိုးမျိုးနှိပ်ကွပ်တော့သည်။ ဗိုလ်စံဖဲအား ဖမ်းဆီးနိုင်ရေးအတွက် ကျေးရွာများတွင် လာရောက်တပ်စခန်းချ နေသော စစ်ဗာရီစစ်ပုလိပ်များအတွက် ထင်း၊ ရေ၊ ကြက် ဟင်းချက်စရာ နေ့စဉ်ပေးပို့နေရရုံမျှမက လှည်းကူလီ၊ လူကူလီလိုက်ရလွန်းသဖြင့် ကျေးရွာသားတို့သည် မိမိအလုပ်ကိုမိမိ မလုပ်နိုင်တော့ချေ။ ထို့အပြင် ဗိုလ်စံဖဲထွက်ပြေးလွတ်မြောက်သွားခြင်းသည် သာဂရရွာသားများ သူကြီးကို အကူအညီမပေးခြင်းကြောင့်ဟု ဆိုကာ ကျေးရွာအက်ဥပဒေပုဒ်မ (၁၃)အရ တရွာလုံးကို ဒဏ်ငွေ ၆၆၅ ကျပ် ဒဏ်ရိုက်တော့သည်။
ဗိုလ်စံဖဲ၏ဘဝနိဂုံး
၁၉၂၇ ခုနှစ် ဩဂုတ်လ ၂၅ ရက် ကြာသပတေးနေ့ကျပ် သာစည်မြို့နယ် မောင်းမဆည်ရွာအနီး တောထဲတွင် သေနတ်ခေါင်းအုံး၍ ငှက်ဖျားရောဂါဖြင့် လဲနေသော ဗိုလ်စံဖဲကို အစိုးရတပ်များက တောနင်းရှာဖွေရာ ရှာမတွေ့ဘဲဖြစ်နေရာ ဗိုလ်စံဖဲက ပုလိပ်ကို လက်ယပ်ခေါ်ပြီး 'ငါစံဖဲဖြစ်တယ်' ဟု သူကိုယ်တိုင် အဖမ်းခံရမှ ဖမ်းမိတော့သည်။ အစိုးရအစွမ်းကြောင့် ဖမ်းမိခြင်းမဟုတ်ဘဲ ငှက်ဖျားရောဂါကြောင့်သာ ဖမ်းမိခဲ့ခြင်းဖြစ်သည်။
တောပုန်းကြီးဗိုလ်စံဖဲ၏ အမှုကို မိတ္ထီလာမြို့တရားရုံးတွင် တရားသူကြီး မစ္စတာမက်ကနော ဦးဆောင်၍ တစ်နှစ်ကြာ စစ်ဆေးခဲ့သည်။ တောပုန်းကြီးဗိုလ်စံဖဲအမှုတွင် ပါဝင်ခဲ့သော ကံကြီးမောင်နှင့်ငနီတို့ကို အားပေးကူညီပူးပေါင်းမှုဖြင့် ထောင်ဒဏ် (၄၁) နှစ်စီ ကျခံရန် စီရင်ချက်ချခဲ့သည်။ နောက်ပိုင်း အယူခံဝင်၍ ကံကြီးမောင်အား ထောင်ဒဏ်တသက်တကျွန်း (နှစ် ၂၀) ပြောင်းလဲသတ်မှတ်ပေး ခဲ့သည်။
ဗိုလ်စံဖဲအား ပြစ်မှုထင်ရှားသည်ဟုဆိုကာ ၁၉၂၈ ခုနှစ် ဧပြီလ ၁၁ ရက်နေ့တွင် အသက် ၂၂ နှစ်အရွယ် ဗိုလ်စံဖဲအား နံနက် ၆ နာရီခွဲအချိန်တွင် မြင်းခြံထောင်ကျပ် ကြိုးပေးကွပ်မျက်လိုက်လေသည်။
ဇွဲသန်းသျှင် (သုံးဆယ်) ရေးသားသော "ဆရာကြီးသခင်ကိုယ်တော်မှိုင်းနှင့်တောပုန်းကြီစံဖဲ" ဆောင်းပါး (မော်နီတာဂျာနယ် ၁၉-၆-၂၀၁၁) ၌ ၁၉၂၈ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့ ဟူ၍လည်းကောင်း၊ သမိုင်းသုတေသနဦးစီးဌာနမှ ထုတ်ဝေသော "မြန်မာ့ရက်စဉ်သမိုင်း" ပထမတွဲ စာမျက်နှာ ၂၅၂ ၌ ၁၉၂၈ ခုနှစ် ဧပြီလ ၁ရက်နေ့ဟူ၍လည်းကောင်း ဖော်ပြထားသည်။

 

Hi !

!

Popular posts from this blog

ဘိန်းဘုရင်ခွန်ဆာ

  *** တချိန်ကနာမည်ကျော်ကြားခဲ့တဲ့ ဘိန်းဘုရင်ခွန်ဆာ စခန်းဆီသို့ *** တချိန်က နာမည်ကျော်ခဲ့တဲ့ ဘိန်းဘုရင်ခွန်ဆာရဲ့ စခန်းဟာ ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် မယ်ဖါ့လုံမြို့နယ် ဘန်ထော့ထိုင်းရွာမှာ တည်ရှိတယ်။ တာချီလိတ်ရဲ့ တဖက်ကမ်း မယ်ဆိုင်ကနေ ၆၆ ကီလိုမီတာ ဝေးကွာပြီး၊ ချင်းရိုင်းကနေ သွားမယ်ဆိုရင်လည်း ၆၆ ကီလိုမီတာ ဝေးပါတယ်။ မယ်ဆိုင်-ချင်းရိုင်းသွား လမ်းပေါ်က မယ်ကျန်းရွာကနေမယ့်စလောင်းကို သွားတဲ့ လမ်းအတိုင်း လာရတာပါ။ ခွန်ဆာစခန်းမှာ စောင့်နေတဲ့ ရှမ်းအမျိုးသမီးကြီးကိုမေးကြည့်တော့ ကျိုင်းတုံဇာတိလို့ ဆိုပါတယ်။ စခန်းရဲ့ရှေ့ မြေကွက်လပ်နားမှာတော့ ခွန်ဆာရဲ့ မြင်းစီးရုပ်တုကြီးကို အသက်၀င်စွာနဲ့ ထုလုပ်ထားတာကိုလည်း မြင်နိုင်ပါ့မယ်။ လာပြီးလည်သူတွေ အမှတ်တရအဖြစ် ဓါတ်ပုံမရိုက်ပဲ မနေနိုင်အောင်ကို ခွန်ဆာရဲ့ရုပ်တုကြီးက ဆွဲဆောင်နေတာပါ။ ရုပ်တုရဲ့ရှေ့နားမှာတော့ တန်းစီတဲ့ နေရာလေလား၊ စစ်ရေးပြကွင်းလေးလားတော့ မသိ၊ ညီညာတဲ့ မြေကွက်လပ်လေးတခု။ တချိန်တုန်းက ဒီနေရာမှာ သူ့ရဲဘော်တွေကို ခွန်ဆာတစ်ယောက် ကြိမ်ဖန်များစွာ မိန့်ခွန်းတွေ ချွေခဲ့ပါလိမ့်မယ်။    စဉ်းစားနေခိုက် ကျနော့်မိတ်ဆွေ ထိုင်းလူမျိုးက ပြောလာတယ်၊ အပေါ်ဘက်ကက...

စစ်ဦးစီးအရာရှိချုပ်(ကြည်း)နှင့် စစ်ထောက်ချုပ် တာဝန်ယူထားသော ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း၏ သားဖြစ်သူက နေပြည်တော်စစ်ရုံးအတွင်းသို့ သုံးစွဲရန် မူးယစ်ဆေးဝါး သယ်ယူလာမှု စစ်ဆေးတွေ့ရှိသော်လည်း အရေးယူမှုမရှိ

   အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၏ လူယုံတစ်ဦးဖြစ်သူ စစ်ဦးစီးအရာရှိချုပ်(ကြည်း)နှင့် စစ်ထောက်ချုပ် တာဝန်ယူထားသော ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း၏ သားဖြစ်သူက နေပြည်တော်စစ်ရုံးအတွင်းသို့ သုံးစွဲရန် မူးယစ်ဆေးဝါး သယ်ယူလာမှု စစ်ဆေးတွေ့ရှိသော်လည်း အရေးယူမှုမရှိကြောင်း စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ ဇန်နဝါရီလ ၁၈ ရက်နေ့ ညပိုင်းအချိန် ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်း၏ သားဖြစ်သူ အုပ်စိုးခန့်သည် နေပြည်တော်စစ်ရုံး၊ ဂိတ်အမှတ် ၁ သို့ ဖြတ်သန်းစဉ် ကားဒက်ရှ်ဘုတ်အတွင်းမှ သုံးစွဲနေသည့် မူးယစ်ဆေးဝါးအထုပ်တစ်ထုပ် တွေ့ရှိခဲ့ရကြောင်း၊ အဆိုပါ မူးယစ်ဆေးဝါးသည် ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်း၏ သားဖြစ်သူ အုပ်စိုးခန့် သုံးစွဲသည့် မူးယစ်ဆေးဝါးဖြစ်သော်လည်း ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ စခန်းရုံး၏ စခန်းမှူး ဗိုလ်ချုပ် သိန်းဇော်က တစ်စုံတစ်ရာ အရေးယူမှု မလုပ်ဆောင်တော့ဘဲ ဖုံးကွယ်ပေးထားကြောင်း သိရှိရသည်။ "ကားသမားက ဒုဗိုလ်ချုပ်ကြီးကျော်စွာလင်း မန္တလေးတိုင်းဘ၀ကတည်းက ခေါ်ထားတဲ့ ငယ်တပည့်ရင်းက ကားမောင်းတာ။ ကားက VIP CAR PASS ပါတယ်။ အဲဒီအမှုကို ဒုဗိုလ်ချုပ်ကြီးကျော်စွာလင်းဆီကို သတင်းပို့တော့ သတင်းမပ...

မြန်မာပြည်မြေပုံကို အပြောင်းခံကြမှာလား

  ကမ္ဘာ့သမိုင်းကို ပြန်လေ့လာကြည့်မယ်ဆိုရင် အိမ်နီးချင်းနိုင်ငံတွေအဖြစ် နှစ်ပေါင်းများစွာ အတူတကွ ယှဉ်တွဲ ရပ်တည်နေကြပြီးမှ ဝေးကွာသွားကြတဲ့ နိုင်ငံတွေ ရှိခဲ့တယ်ဆိုတာ တွေ့နိုင်ပါတယ်။ ကျွန်တော်တို့အတွက် အထင်ရှားဆုံး ဥပမာတစ်ခုရှိပါတယ်။ အဲဒါကတော့ မြန်မာနဲ့ ပါကစ္စတန်တို့ဟာ ယခင်က နယ်မြေချင်း ထိစပ်နေကြတဲ့ အိမ်နီးချင်း နိုင်ငံတွေပါ။ သို့သော် ၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံအသစ် ပေါ်ပေါက်လာချိန်မှာတော့ အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားခဲ့ကြပါတယ်။ ယခင်က အိမ်နီးချင်းဖြစ်ခဲ့လို့ ထင်ပါတယ်၊ မြန်မာနဲ့ ပါကစ္စတန်တို့ရဲ့ ဆက်ဆံရေးဟာ ကောင်းမွန်နေကြဆဲဆိုတာ သက်သေ၊ သာဓကများစွာ ရှိပါတယ်။ အဲဒီလို အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားရခြင်းဟာ သူတို့ရဲ့ ပြည်တွင်းရေးသာ ဖြစ်တဲ့အတွက် အထူးအထွေ ဝေဖန်ရန် မရှိပါ။ သို့သော် လက်ရှိအခြေအနေမှာ မြန်မာရဲ့ အိမ်နီးချင်း (၅) နိုင်ငံရှိနေရာက မတူညီတဲ့ အိမ်နီးချင်းနိုင်ငံသစ်တွေ ထပ်မံ ပေါ်ပေါက်လာဖို့ လုပ်ဆောင်နေကြတာတွေ မြင်နေရပါပြီ။ ဒီတစ်ကြိမ်ကတော့ ကျွန်တော်တို့ရဲ့ ပြည်တွင်းရေးဖြစ်တဲ့အတွက် အလေးထားရပါတော့မယ်။ ရှိပြီးသား အိမ်နီးချင်း (၅) နိုင်ငံနဲ့ မြန်မာတို့အကြား ကျွန်တော်တိ...

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

  စစ်ဗိုလ်များထဲတွင် မင်းသားနှစ်ဦး၏ နာမည်ပေးခံရသော စစ်ဗိုလ်ချုပ်တဦး ရှိသည်။ ဒုဗိုလ်ဘဝမှ ဗိုလ်ချုပ် ဖြစ်သည်အထိ စစ်တပ်ထဲတွင် ရုပ်ရှင်မင်းသားလို နေထိုင်ခဲ့ရသည့်အတွက် ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအား “နေတိုး” သို့မဟုတ် “ပြေတီဦး” ဟု စစ်ဗိုလ်ချုပ်အချို့က နာမည်ပြောင် ပေးထားကြခြင်း ဖြစ်သည်။ ထို့အပြင် ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို လက်ရှိ စစ်ခေါင်းဆောင်များ အလွန်တွင် စစ်တပ်ကို ဦးဆောင်မည့်သူဟုလည်း ထင်ကြေးပေးခံရသူလည်း ဖြစ်သည်။ လက်ရှိအချိန်တွင် ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်းသည် စစ်ဦးစီးအရာရှိချုပ် (ကြည်း) နှင့် စစ်ထောက်ချုပ်တာဝန်တို့ကို ပူးတွဲတာဝန်ယူထားရသည်။ စစ်တက္ကသိုလ်အပတ်စဉ်- ၃၅ (DSA-35) ကျောင်းဆင်း ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်းသည် အရာရှိ ငယ်ဘဝက မကြာသေးခင်က လာဘ်စားမူဖြင့် ဖမ်းဆီးထောင်ချခံရသူ ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း လက်အောက်တွင် တာဝန်ထမ်း ဆောင်ခဲ့သူ ဖြစ်သည်။ ထို့အပြင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) ခေတ် ဒု စစ်ခေါင်းဆောင် ဗိုလ်ချုပ် မောင်အေး၏ ကိုယ်ရေးအရာရှိ လုပ်ခဲ့သူလည်း ဖြစ်သည်။ “မိုးမြင့်ထွန်းက ဗိုလ်ကြီးကနေ ဗိုလ်မှူးအပွင့်တင်ဖိ...

မောင်တောရှိ စစ်တပ်နယ်ခြားစောင့်တပ်စခန်း ၂ ခုကို AA က သိမ်းပိုက်၊ နယ် ခြားစောင့်တပ်များ မထွက်ပြေးမီ လက်နက်များကို ARA နှင့် RSO အဖွဲ့များထံ ဘင်္ဂလားဒေ့ရှ်ငွေ ၁၀ သန်းဖြင့် ရောင်းစားခဲ့မှု စိစစ်တွေ့ရှိရ

  ■ စစ်ကောင်စီတပ်စခန်းအတွင်းမှ ရဲအလောင်းများနှင့် ARA ၊ RSO အဖွဲ့ဝင်အလောင်းများပါ တွေ့ရှိရဟုဆို ရန်ကုန်၊ ဖေဖော်ဝါရီ ၈ ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ နယ်ခြားစောင့်တပ်စခန်း ၂ ခုကို AA က သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက မထွက် ပြေးမီ စခန်းနှစ်ခုလုံးမှ လက်နက်များကို ARA နှင့် RSO အဖွဲ့များထံ ရောင်းစားခဲ့မှုကို စိစစ်တွေ့ရှိရကြောင်း AA က ယမန်နေ့ ပိုင်း သတင်းထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၄ ရက်နေ့မှစတင်၍ ဘင်္ဂလာ-ရက္ခိုင်နယ်စပ်၊ မောင်တောမြို့မြောက်ပိုင်းရှိ နယ်ခြားစောင့်တပ်စခန်း (တစ်နည်း) ဗျူဟာစခန်းနှစ်ခုဖြစ်သော တောင်ပြို (လက်ဝဲ- လက်ယာ) ဗျူဟာစခန်းတို့ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၄ ရက်နေ့ ညနေ ၆ နာရီခန့်အချိန် တောင်ပြို (လက်ယာ) ဗျူဟာစခန်း တစ်ခုလုံးကို သိမ်းယူနိုင်ခဲ့ကြောင်း ၊ နယ်ခြားစောင့်တပ်စခန်း တောင်ပြို (လက်ယာ) တွင် ရဲမှူး အောင်စည်သူအေး (နခခ-၂) နှင့် တောင်ပြို (လက်ဝဲ)စခန်း တွင် ဒု-ရဲမှူးကြီး ကျော်နိုင်စိုးတို့ ဦးစီးခဲ့ကြောင်း သိရှိရသည်။ AA က တောင်ပြို (လက်ယာ) ကို အပြီးသတ်သိမ်းပိုက်ခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၆ ရက်နေ့၊ ညနေပိုင်းတွင် တောင်ပြို (လက်ဝဲ) စခန်းကိုလည်...

ရှုပ်ထွေးပွေလီ_ရှမ်းတို့ပြည်_အပိုင်း၂

  #ရှုပ်ထွေးပွေလီ_ရှမ်းတို့ပြည်_အပိုင်း၂ ဘုရင့်နောင်မင်း မိုးမိတ်သျှမ်းပြည်မှ မိုးကောင်း၊ မိုးညှင်း သျှမ်းပြည်သို့ သားတော် ညီတော်တို့နှင့်အတူ ကိုယ်တိုင်ချီတက်သည်။ ဘုရင့်နောင်ချီတက်လာကြောင်း မိုးကောင်းစော်ဘွား စဝ်ဟွမ်မိုင်း(ၸဝ်ႈႁွၼ်မိူင်း)နှင့် မိုးညှင်းစော်ဘွား စဝ်လုံနွိုင့်(ၸဝ်ႈလူင်ၼွႆႉ)တို့သိရလျှင် နွယ်ပတ်ပုတော(်မှူးပတြှှပူှ၊်မှူး=Mountain,ပတျွှ=Amber,ပူှ=Grandfather) တွင် ခံတပ်တည်၍ ခံတပ်တည်၍ ခုခံရန် ပြင်ဆင်သည်။ ပြည်ဘုရင်ခံ၊ အင်းဝဘုရင်ခံနှင့် အိမ်ရှေ့မင်း(နန္ဒဘုရင်) တို့ ဦးဆောင်သည့် ဟံသာဝတီတပ်၏ တိုက်ခိုက်မှုကြောင့် မိုးကောင်းစော်ဘွား စဝ်ဟွမ်မိုင်း(ၸဝ်ႈႁွၼ်မိူင်း)နှင့် မိုးညှင်းစော်ဘွား စဝ်လုံနွိုင့် (ၸဝ်ႈလူင်ၼွႆႉ)တို့ တပ်ပျက်၍ ဆုတ်ခွာကြရသည်။ ဘုရင့်နောင်မင်း မိုးညှင်းသျှမ်းပြည်အတွင်းရှိ မိုင်းနောင်မြို့(မိူင်းၼွင်)တွင် တပ်ချနားနေပြီးနောက် မိုးညှင်းမြို့ကို ဝင်ရောက်သိမ်းပိုက်ရာ မိုးညှင်းစော်ဘွား စဝ်လုံနွိုင့်(ၸဝ်ႈလူင်ၼွႆႉ)မှာ မိုးကောင်းမြို့သို့ ခိုဝင်နေထိုင်သည်။ မိုးကောင်းစော်ဘွား စဝ်ဟွမ်မိုင်း(ၸဝ်ႈႁွၼ်မိူင်း) သည် အမတ်တို့၏ လျှောက်တင်ချက်အရ မိုးညှင်းစော်ဘွား စဝ်လုံနွိုင့်(ၸဝ်ႈလူင်...

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အကြောင်း တစေ့တစောင်း

  ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (၂၃ ဧပြီ ၁၉၉၂- ၃၀ မတ် ၂၀၁၁) အထိ ၁၉နှစ်တာကလ တိုင်းပြည်ကိုအုပ်ချုပ်ခဲ့တယ် ။ တိုင်းပြည်ကို တိုက်ရိုက်မိန့်ခွန်းတစ်ခါမှ ပြောမသွားခဲ့ဘူး ၊ အာဏာသိမ်းအစိုးရမို့ မပြောတာလဲမဟုတ်ဘူး ၊ အလုပ်ပဲ လုပ်သွားတယ် လေပြောလဲမကြီးဘူး ... Road map ၇ ချက်ဆိုပြီး ဆွဲပြီးတော့ ၊ ဗိုလ်ချုပ်ကြီးခင်ညွန့်က တိုင်းပြည်ကို မိန့်ခွန်းပြောဖို့ ဘရွှေဆီခွင့်ပြုမိန့်သွားတောင်းတယ် ၊ ဘရွှေက သတင်းစာကနေချပြလိုက်ရင်ရပြီ မလိုအပ်ဘူးဆိုလို့ ဦးခင်ညွန့်လဲ မပြောလိုက်ရဘူး ... ဘရွှေက အဂ္ဂမဟာဗျူဟာသမား စကားပြောနည်းပြီး အလုပ်များများလုပ်တယ် ၊ မြန်မာစကားပုံအရဆို လူသန်မပြောပေါ့ ... သူ့ရဲ့ တစ်နာရီကျော်ကြာတဲ့ အင်္ဂလိပ်လိုပြောတဲ့ မိန့်ခွန်းနားထောင်ဖူးတယ် အေးအေးဆေးဆေးပဲ ပြောနေတာ ဌာန်တွေမာန်တွေမပါဘူး ၊ အေးဆေးတဲ့ ဥာဏ်သမားစစ်စစ်ပဲ ... သူက အလုပ်လုပ်ဖို့ ရှင်းစရာရှိတာအရင်ရှင်းတယ် ၊ ကစားကွက်ဖော်တယ် တိုက်စစ်ဆင်တယ် ၊ နဝတ ၊ နယက ရဲ့ ကွင်းလည်ဗိုလ်ချုပ်က ဗိုလ်ချုပ်ကြီးခင်ညွန့်(Key Player) ၊ အထောင်တိုက်စစ်မှူး နောက်ချန်တိုက်စစ်မှူး ၊ နောက်တန်းဗဟိုခံစစ်မှူးနဲ့ ကွင်းလည်အဖျက်သမားတွေ အစရှိသဖြင့် မြိုင်မြိုင်ဆိုင်ဆိုင်ကြီး အထို...

ကျယ်ပြန့်လာသော ပြည်တွင်းစစ်၊ ကမ္ဘာ့ဘိန်းစိုက်ပျိုးထုတ်လုပ်မှု နံပါတ်တစ်ဖြစ်လာသည့် မြန်မာနိုင်ငံနှင့် မူးယစ်ဆေးပြဿနာ

    မြန်မာအပေါ် တရုတ်နှင့် အနောက်နိုင်ငံများက ဘယ်လိုမူဝါဒနှင့် ချဉ်းကပ်သင့်သလဲ လက်ရှိအချိန်တွင် မြန်မာအနေဖြင့် ယူကရိန်းကဲ့သို့  အမေရိကန်နှင့် အနောက်ဥရောပ ကျောထောက် နောက်ခံပေးထားသည့် နိုင်ငံမျိုးမဟုတ်ဘဲ ဘက်ပေါင်းစုံမှ ပိတ်ဆို့မှုဟန့်တားမှုနှင့် ဖိအားများကြောင့် အင်အားနည်းပါးနေသည်မှာ အမှန်ပင်ဖြစ်သည်။ ထိုအချိန်တွင် စူပါပါဝင်နိုင်ငံတစ်ခု၏ Proxy War ဆင်နွှဲခြင်းခံရမည်ဆိုပါက နိုင်ငံအနေဖြင့် ပြိုကွဲသွားနိုင်သည့် အန္တရာယ်နှင့် ကြုံတွေ့ရမည်ဖြစ်ပေသည်။ တစ်ဖက်တွင်လည်း အင်အားကြီးနိုင်ငံများအနေဖြင့် မြန်မာနိုင်ငံ၌ Proxy War ဖော်ဆောင်မည်ဆိုပါက မြန်မာနိုင်ငံမှ မည်သည့်အကျိုးအမြတ်မျှ ရရှိလိမ့်မည်မဟုတ်ပေ။ ဒီမိုကရေစီ လိုလားသော အနောက်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံကို အထီးကျန်စေပြီး ပိတ်ဆို့မှု အထပ်ထပ်ချမှတ်နေခြင်းထက် အမေရိကန်သမ္မတ အိုဘားမားလက်ထက်က မြန်မာနိုင်ငံအပေါ် ချဉ်းကပ်ခဲ့သည့် Carrot and Stick ပုံစံမျိုးဖြင့် အနာနှင့်ဆေး မှန်ကန်မှုရှိသည့်မူဝါဒမျိုးကို ကိုင်စွဲ၍ မြန်မာ့အရေးကို ချဉ်းကပ်လုပ်ဆောင်သင့်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများကလည်း ထောက်ပြကြသည်။ မ...

တရုတ်နိုင်ငံရဲ့ လွှမ်းမိုးလာမှုတွေကို တုန့်ပြန်နိုင်ဖို့ အာဆီယံနိုင်ငံတွေကို ဂျပန်ကူညီမည်

  တောင်တရုတ်ပင်လယ်လုံခြုံရေးကို မြှင့်တင်ဖို့အတွက် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီက အာဆီယံနိုင်ငံလေးနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်တို့ကို ၁၀ နှစ်ကြာရေကြောင်းလုံခြုံမှု အကူအညီပေးရန် ပြင်ဆင်နေကြောင်း မီဒီယာများက ဖော်ပြနေကြတယ်လို့ အာရ်အက်ဖ်အေက ဖေဖော်ဝါရီလ ၁၅ ရက်မှာ ရေးသားပါတယ်။ အဲဒီ ၄ နိုင်ငံတို့ဟာ လုံခြုံရေးအရ ဂျပန်အစိုးရရဲ့ ထိပ်တန်းဦးစားပေးများအဖြစ် သတ်မှတ်ခံထားရကြောင်း တိုကျို NHK ရုပ်သံလွှင့်ဌာနက ပြောပါတယ်။ ဂျက်ကာ JICA လို့ လူသိများတဲ့ ဂျပန်အကူအညီပေးရေး အေဂျင်စီရဲ့ အသေးစိတ်အစဉ်များဟာ ၂၀၂၅ခုနှစ် မတ်လအရောက် အကောင်အထည်ပေါ်လာနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ထောက်ပံ့ရေးအစီအစဉ်မှာ ဂျပန်နိုင်ငံက ဒရုန်းများ၊ ရေဒါစနစ်များနဲ့ ကင်းလှည့်သင်္ဘောများအပြင် လေးနိုင်ငံ တစ်ခုချင်းစီအတွက် အခြားစွမ်းရည်မြှင့်တင်ရေး အစီအမံများကို ပံ့ပိုးပေးဖို့ ရှိနေကြောင်း NHK က ဆိုပါတယ်။ ပြီးခဲ့တဲ့လ ဂျပန်အရာရှိများနဲ့ အထူးကျွမ်းကျင်သူတွေဟာ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားတို့မှာ လေ့လာမှုများနဲ့ မျက်မြင်ကွင်းဆင်း စစ်ဆေးမှုများကို ပြုလုပ်ခဲ့တယ်လို့ ယုံကြည်ရပ...

ဒေသကိုအခြေခံသည့် ဖက်ဒရယ် စနစ်ကိုသွားမည်ဟု မြန်မာစစ်ခေါင်းဆောင်ပြော

    မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံမည့် ပြည်ထောင်စုတည်ဆောက်ရာ၌ လူမျိုးကို အခြေမခံဘဲ ဒေသကိုအခြေခံသည့် စနစ်မျိုးဖြင့် အဓိကဆောင်ရွက်သွားမည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ပြောထားသည်။ ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရာတွင် ဦးဆောင်သူ၊ အကောင်အထည်ဖော်သူ၊ လိုက်နာကျင့်သုံးသူများအားလုံး တတ်သိပညာ၊ ပင်ကိုအရည်အသွေး၊ စဉ်းစားတွေးခေါ်မှုများ ပြည့်စုံရန်လိုအပ်ကြောင်း စစ်ခေါင်းဆောင်က ဆိုသည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်အာဏာသိမ်းလိုက်ချိန်မှစ၍ စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများကြား တိုက်ပွဲပြင်းထန်နေသည်မှာ ၃ နှစ်နီးပါး ကြာမြင့်လာပြီဖြစ်သည်။ အာဏာသိမ်းချိန်မှစပြီး စစ်ခေါင်းဆောင်သည် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ပေးမည်ဟု ထပ်ကာတလဲလဲ ပြောဆိုနေသော်လည်း မူဝါဒနှင့် လမ်းစဉ်များ မရှိသဖြင့် ပြည်သူများက အယုံအကြည် မရှိကြပေ။ “ဖက်ဒရယ်ဆိုတဲ့စကားလုံးကို စစ်ခေါင်းဆောင်က အမြဲတမ်းပြောသလို တော်လှန်ရေးအင်အားစုတွေ၊ NUG ကလ...

Click !