Skip to main content

Continue !

ကရင်ပြည်နယ် နယ်ခြားစောင့်တပ် ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ သူ့ဒေသမှာ လွှတ်ထားပေးခဲ့တဲ့ ခြေလွန်လက်လွန် ဖြစ်သွားတဲ့ တရုတ်မြို့သစ် စီမံကိန်း ဘာဆက်ဖြစ်မလဲ

 



တရုတ်လုပ်ငန်းစုရဲ့ ငွေကြေးစိုက်ထုတ်မှုနဲ့ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) ထိန်းချုပ်နယ်မြေ၊ ရွှေကုက္ကိုမြိုင်မှာ တည် ဆောက်နေတဲ့ မြို့သစ်စီမံကိန်းဟာ အစိုးရခွင့်ပြုချက်ထက် ကျော်လွန်ဆောက်လုပ်မှုတွေရှိနေတဲ့အတွက် ရပ်ဆိုင်းခံထား ရပါတယ်။

တရုတ်မြို့သစ်အဖြစ် လူသိများတဲ့ စီမံကိန်းစကတည်းက သင်္ကာမကင်းမှုတွေ၊ မေးခွန်းထုတ်မှုတွေ ရှိခဲ့ပေမယ့် နှစ်နှစ် အတွင်း အထပ်မြင့်တွေနဲ့ ပေါ်လာနေပါပြီ။


တရုတ်တွေ နေကြတဲ့ တိုက်တန်းလျားတွေ၊ အွန်လိုင်းဂိမ်းကစားတဲ့ အခန်းနဲ့နေရာတွေ၊ သပ်ရပ်ခေတ်မီတဲ့ လုံး ချင်းအိမ်ရာ (Villa) တွေ၊ KTV၊ Spa၊ Club နဲ့ ဖျော်ဖြေရေးခန်းမတွေ၊ ကာစီနိုပါဝင်မယ့် ဟိုတယ်တွေနဲ့ ဆောက်လက်စ အဆောက်အအုံတွေရှိပါတယ်။

အခုဆိုရင် တနာရီလျှင် ဘတ် ၇၀၀၀ (ကျပ်သုံးသိန်းခွဲ) ခန့်ပေးရတဲ့ KTV နဲ့ ခေတ်မီ ခမ်းနားတဲ့ အရှေ့တောင် အာရှမှာ ဒုတိယ အဆင့်ရှိတယ်လို့ လူပြောများနေတဲ့ နိုက်ကလပ်ကြီးတခုလည်း ရှိနေပြီဖြစ်ပါတယ်။ အဲဒီနေရာတွေ မှာ အလုပ်လုပ်ကိုင်နေကြသူတွေဟာ တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်နိုင်ငံသူ တွေသာ ခန့်ထားတယ်လို့ ဆိုပါတယ်။

စီမံကိန်း ပူးတွဲလုပ်ဆောင်နေတဲ့ ချစ်လင်းမြိုင်ကုမ္ပဏီကတော့ ဒီလိုဖျော်ဖြေရေး လုပ်ငန်းတွေမှာ ဒေသတွင်းနဲ့ နိုင်ငံသား မိန်းကလေးများ လုပ်ကိုင်ခွင့်ပိတ်ပင်ထားကြောင်း ပြောသော်လည်း ခိုးလုပ်ကြသူတွေ ရှိတယ်လို့ ဆိုပါတယ်။


                        

   BGF ၉ နှစ်ပြည့် နှစ်ပတ်လည်ပွဲတွင် မိန့်ခွန်းပြောကြားနေသည့် ဗိုလ်မှူးကြီး စောချစ်သူ

အခုတော့ ခမ်းနားခေတ်မီတဲ့ ခန်းမတွေနဲ့ ဆောက်လက်စ အဆောက်အအုံတချို့ဟာ ဥပဒေအရ ခွင့်ပြုထားတာနဲ့ ကျော်လွန်နေတာဖြစ်လို့ တရားဝင်မှုမရှိသေးပါဘူး။

ဒီအဆောက်အအုံတွေမှာ ကာစီနိုပါဝင်မယ့် ၉ ထပ်ဟိုတယ် တလုံးအပါအဝင် အဆောက်အအုံ ၈ လုံးခန့်နဲ့ မြေနေရာတွေလဲ ပါဝင်နေပါတယ်။

ကုမ္ပဏီဘက်က အဆောက်အအုံ တခုချင်းအလိုက် တရားဝင်ဖြစ်ဖို့ ပြန်လည်ကြိုးပမ်းနေပေမယ့် ပြည်နယ် အစိုးရက တစုံတရာ ဆုံးဖြတ်မှုမရှိသေးဘဲ ပြည်ထောင်စုအစိုးရထံ စိစစ်ပေးဖို့ တင်ပြထားပါတယ်။

မြို့သစ်စီမံကိန်းကို တရုတ်လုပ်ငန်းစု Jilin Yatai Group နဲ့ BGF ရဲ့ ချစ်လင်းမြိုင်ကုမ္ပဏီတို့ ပူးပေါင်းပြီး      Myanmar Yatai International Co., ltd  အမည်နဲ့ တရားဝင်မှတ်ပုံတင်ကာ ၂၀၁၇ ခုနှစ်မှာ စတင်ခဲ့တာပါ။

စီမံကိန်းအတွက် မြေဧက ၂၀၀ ကျော်ကို ပြည်နယ်အစိုးရထံမှာ လျှောက်ထားခဲ့ပေမယ့် တရုတ်ရဲ့ ရင်းနှီးမြုပ်နှံမှု အပေါ် ဝေဖန်မှုတွေ၊ စိုးရိမ်မှုတွေ ရှိနေတဲ့အတွက် မြေ ၆၂ ဧကသာ ချပေးခဲ့ပါတယ်။

“တရုတ်ဆိုတော့ သူ (ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်) ပူတာပေါ့။ နင်တို့တပိုင်းစီပဲလုပ် ငါကြည့် ဦးမယ်။ နောက်မအောင်မြင်ရင် နင်တို့ဒုက္ခရောက်မယ်ဆိုပြီး ပထမပိုင်းပဲ ခွင့်ပြုတာ” လို့ ချစ်လင်းမြိုင်ကုမ္ပဏီရဲ့ ဒါရိုက်တာ စောမင်းမင်းဦးက ပြောပါတယ်။

စောမင်းမင်းဦးဟာ တရုတ်လုပ်ငန်းစုနဲ့ ပူးပေါင်းပြီး တရားဝင်မှတ်ပုံတင်ထားတဲ့ Myan mar Yatai International Co.,ltd မှာလဲ ဒါရိုက်တာ အဖွဲ့ဝင်တဦးဖြစ်ပါတယ်။

မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ကော်မရှင် (MIC) ကလည်း ပြည်နယ်အစိုးရ ခွင့်ပြုချက် ၆၂ ဧကထဲက မြေ ၂၅.၅ ဧကပေါ်မှာ ရင်းနှီးမြုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၂၂.၅ သန်းနဲ့ အဆင့်မြင့် အိမ်ရာ(Villa) ၅၉ လုံး တည် ဆောက်ဖို့သာ ခွင့်ပြုခဲ့တာပါ။

ကန့်သတ်ခွင့်ပြုမှုကို လစ်လျူရှုပြီး ထောင်နဲ့ချီတဲ့ တရုတ်အလုပ်သမားတွေ၊ အင်းနဲ့အားနဲ့ ဆောက်လုပ်မှု တွေဟာ အထိန်းအကွပ်မဲ့ လုပ်ကိုင်ခဲ့တာလို့ ဒေသခံတချို့က ဝေဖန်ပါတယ်။ ဒေသခံတွေ အနေနဲ့လဲ လုံခြုံရေး ဂိတ်တွေချထားတဲ့ စီမံကိန်း ဧရိယာ အတွင်း ဝင်ရောက်ဖို့ ခက်ခဲပါတယ်။

မြို့သစ်တည်ဆောက်မှုဟာ BGF ရဲ့ ထိန်းချုပ်ရာ နယ်စပ်ဒေသ ဖြစ်လို့လည်း အစိုးရက ထိန်း ချုပ်ရ ခက်နေတယ်လို့ သုံးသပ်သူတွေလဲ ရှိနေပြီး အစိုးရ တာဝန်ရှိသူတွေ အနေနဲ့ အချိန်မလွန်ခင် ထိန်းထိန်း သိမ်းသိမ်း ဆောင်ရွက်ပေးကြဖို့ တောင်းဆိုကြပါတယ်။

              

                                                          BGF ၉ နှစ်ပြည့် နှစ်ပတ်လည်ပွဲ

ဒါပေမယ့်လည်း စီမံကိန်းမှာ ကာစီနိုတွေ၊ KTV၊ Club လိုဇိမ်ခံဖျော်ဖြေရေးတွေ၊ ဟိုတယ်တွေ၊ လူနေအိမ်တွေနဲ့ ဈေးဝယ်စင်တာ ကြီးတွေ၊ ဂေါက်ကွင်း၊ ပန်းခြံနဲ့ လေဆိပ်တွေတိုင်အောင် မြေဧက ထောင်ချီပေါ်မှာ ဒေါ်လာ ဘီလီယံချီ ရင်းနှီး လုပ်ကိုင်ဖို့ တရုတ်လုပ်ငန်းစုဘက်က မျှော်မှန်းမှုရှိတယ်လို့ သိထားရပါတယ်။

စီမံကိန်းတိုးချဲ့ထားနဲ့ပတ်သက်လို့ မြေနဲ့အဆောက်အအုံတွေ တရားဖြစ်ရေးအတွက် အစိုးရထံ လျှောက်ထား တင်ပြထားပေမယ့် စိစစ်ရေးလုပ်ငန်းနှောင့်နှေးမှုတွေကြောင့် အခက်အခဲဖြစ်ရတယ်လို့ ချစ်လင်းမြိုင်ကုမ္ပဏီ ကဆိုပါတယ်။

“ကျနော်တို့တရားဝင်ပဲ လုပ်ချင်ပါတယ်၊ စီမံကိန်းကို ရှင်းပြတဲ့အခါ အားလုံးအဆင်ပြေတယ်။ ဒုတိယပိုင်း ၇၂ ဧကကို မြေပေးမိန့်အတွက် ထပ်တင်တော့ စိစစ်ဆဲဆိုပြီးတော့ ကြာနေတာ။ မြေနဲ့ပတ်သက်ပြီး အထောက်အ ထား မရသေးတော့ MIC လဲ တင်ပြလို့မရဖြစ်နေတာ” လို့ စောမင်းမင်းဦးက ပြောပါတယ်။

အကောင်အထည်ဖော်နေတဲ့ မြို့သစ်စီမံကိန်ဟာ မြန်မာနဲ့ ထိုင်းနိုင်ငံအကြား အရေးပါတဲ့ နယ်စပ်ကုန်သွယ်ရေး မြို့ဖြစ်တဲ့ မြဝတီကနေ ၁၂မိုင် ခန့် အကွာမှာရှိတာပါ။

အာရှကုန်သွယ်ရေး လမ်းကြောင်းပေါ်မှာ ရှိနေသလို တရုတ်အစိုးရ အကောင်းအထည် ဖော်နေတဲ့ စီးပွားရေး ရပ်ဝန်း (BRI) စီမံကိန်းရဲ့ လမ်းကြောင်းနဲ့ပါ ချိတ်ဆက်နိုင်မယ့် လမ်းကြောင်းပေါ်မှာလဲ ရှိနေတာပါ။

“BRI လမ်းဖွင့်သွားရင် မြဝတီဖြတ်မှာဆိုတော့ တရုတ်နဲ့ဆက်သွယ်ဖို့ မြဝတီက အဓိက ကျနေတယ်။ ဒီနေရာက  မြဝတီနဲ့သိပ်မဝေးတော့ တရုတ်တွေ လာလေ့လာကြတယ်။ ရှယ်ယာဝင်ဖို့တွေရောပေါ့။ လူတွေလာကြတော့ တရုတ်တွေ တည်းဖို့ခိုဖို့ ဟိုတယ်ဆောက်လိုက်ရတယ်။ ရန်ကုန်ကနေ လာကြသလို ထိုင်းဘက်ကနေ လာကြ တာတွေလဲရှိတယ်” လို စီမံကိန်းကုမ္ပဏီဘက်က ဆိုပါတယ်။

နယ်စပ်ဖြစ်နေခြင်း၊ တရုတ်နိုင်ငံသားတွေ နေ့စဉ် ဝင်ထွက်သွားလာခြင်းတွေကြောင့် လုံးခြုံရေးအရ စိုးရိမ်ချက်တွေလဲ ရှိနေပါတယ်။

စီမံကိန်းလုပ်ငန်းရှင် တရုတ်သူဌေးတွေရဲ့ အနီးဝန်ကျင်မှာ အနောက်တိုင်း ဝတ်စုံကို စမတ်ကျကျ ဝတ် ဆင်းထားတဲ့ တရုတ်လူငယ်တွေကိုလည်း လုံခြုံရေးအဖြစ် တွေ့မြင်ရပါတယ်။

“သူတို့ခေါ်ထားတာကလဲ show ပြတဲ့သဘောပဲ ပိုက်ဆံပေးထားတာ၊ တံခါးဖွင့်ပေးယုံ လက်ဖက်ရည်ငှဲ့ပေးယုံ လောက်ပါပဲ။ အဲ့ဒါတော့ စိတ်ချပါ ဘာစစ်သားမှမဟုတ်ပါပဲ။ လက်နက်ခဲယမ်းလဲ လုံးဝခွင့်မပြုပါဘူး။ သေနတ် တောင် မကိုင်တတ်ကြပါဘူး။ ကိုင်ခွင့်လဲမပေးပါဘူး”လို့ ကုမ္ပဏီဒါရိုက်တာဖြစ်တဲ့ စောမင်းမင်းဦးက ပြောပါ တယ်။
                                                                              

BGF ၉ နှစ်ပြည့် နှစ်ပတ်လည်ပွဲတွင်တွေ့ရသည့် ဗိုလ်မှူးကြီး စောချစ်သူနှင့် ကရင်ပြည်နယ် ဝန်ကြီးချုပ်

စီမံကိန်လုပ်ဆောင်နေတဲ့ Jilin Yatai Group ဟာ တရုတ်အစိုးရ ကျောထောက်နောက်ခံ ပေးထားတဲ့ ကုမ္ပဏီ အဖြစ် ရှုမြင်မှုတွေရှိနေတဲ့အတွက်လည်း ထိုင်းနိုင်ငံဘက်ကပါ စောင့်ကြည့်တာတွေရှိတယ်လို့ သိရပါတယ်။

“နယ်စပ်ဖြစ်တဲ့အတွက် စီးပွားရေးကြီးပဲ မဟုတ်ဘဲ လောင်းကစားတွေ၊ မူးယစ်ဆေးတွေ ပါလာမယ်၊ အဓိကက စစ်ရေးအရလဲ ဝေဖန်သုံးသပ်မှုတွေရှိနေတော့ တော်တော်စိုးရိမ်စရာ ကောင်းပါတယ်”လို့ ကရင်အမျိုးသား ဒီမို ကရက်တစ်ပါတီရဲ့ မြဝတီခရိုင်ဥက္ကဋ္ဌ ဦးနကေးက ပြောပါတယ်။

သူဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ အမျိုးသားလွှတ်တော် အမတ်ဟောင်း တဦးလည်းဖြစ်ပါတယ်။

မြို့သစ်တည်ဆောက်ရေးမှာ ပါဝင်တဲ့ တရုတ်လုပ်ငန်းရှင်တချို့ဟာ ယခင်ကလည်း ဖိလစ်ပိုင်နိုင်ငံမှာ အွန်လိုင်း လောင်းကစားဂိမ်းလုပ်ကိုင်ခဲ့သူတွေလို့ သိထားရပြီး လက်ရှိမှာလဲ လုပ်ကိုင်ခွင့်ပေးဖို့ကို BGF ထံခွင့်ပြုချက် တောင်ခဲ့တယ်လို့ ဆိုပါတယ်။

အွန်လိုင်းလောင်းကစားဂိမ်းရဲ့ အကျိုးအမြတ်ပိုင်းမှာတော့ BGF ဘက်က ပတ်သက်ခြင်းမရှိဘဲ မြေနေရာ အတွက်သာ ငှားရမ်းခ ယူတယ်လို့ သိရပါတယ်။

“တခုပဲ ထောက်စရာရှိတာက မိုဘိုင်းအဆောက် အဦးတွေ အများကြီးဆောက်ပြီးတော့ အွန်လိုင်းဂိမ်းဆော့ကြ တာ။ အဲ့ဒါက အန်ကယ်တို့အတွက်ပြဿနာ။ အစကတော့ လူတွေနေဖို့ပေါ့၊ နောက်တော့ တချို့ဟာတွေမှာ ဆော့ကြတာ။ အဲ့ဒါက တရုတ်ကလဲ ခွင့်မပြုဘူး၊ ထိုင်းကလဲ ခွင့်မပြုဘူး။ လိမ်လည်မှုတွေရှိလာမလား အန် ကယ်တို့လေ့လာကြည့်တော့ သူတို့က တရုတ်နိုင်ငံနဲ့ပဲလုပ်တာ တွေ့ရတယ်။ ထိုင်းဘက်ကလဲ အန်ကယ်တို့ကို သတိပေးတာရှိတယ်” လို့ စောမင်းမင်းဦးက ပြောပါတယ်။

တည်ဆဲလောင်းကစား ဥပဒေအရတော့ အွန်လိုင်းလောင်းကစားဂိမ်းတွေဟာ တရားဝင်မှုမရှိပါဘူး။ ကာစီနိုတွေ ကတော့ ပြဌာန်းချက်တွေနဲ့ ကိုက်ညီရင် တရားဝင်လုပ်ကိုင်ဖို့ ဖြစ်လာနိုင်ပါတယ်။

“ကာစီနိုတွေကို တရားဝင် ဘောင်နဲ့အညီ လုပ်နိုင်ဖို့ အဖွဲ့အစည်းတွေဘက်က လာပြောတာတွေရှိတယ်၊ အစိုးရလဲ အခွန်ရမယ်၊ သူတို့လဲ တရားဝင်လုပ်ချင်တဲ့ သဘောပေါ့” လို့ မြဝတီမြို့နယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအိုက်ကျန်းခမ်းက ပြောပါတယ်။

ကာစီနိုနဲ့ အွန်လိုင်းဂိမ်းတွေက နယ်စပ်မြဝတီဒေသမှာ အထူးအဆန်းမဟုတ်ပေမယ့် ဒီဘက်နှစ်ပိုင်း တွေမှာ ပိုများလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြို့သစ်အပေါ် စိတ်ဝင်စားတဲ့ တရုတ်နဲ့ဆက်သွယ်သူ ပြည်တွင်းလုပ်ငန်းရှင်တချို့ကလည်း KTV၊ Club တို့လို၊ အွန်လိုင်း လောင်းကစားဂိမ်းနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေမှာ လာရောက်ကမ်းလှမ်သူတွေရှိတယ်လို့ သိရပါ တယ်။

ချစ်သူမြိုင် ကုမ္ပဏီဘက်ကတော့ ဒေသခံတွေနဲ့ ပြည်တွင်းလုပ်ငန်းရှင်တွေကို ဖျော်ဖြေရေးနဲ့ ကာစီနို၊ အွန်လိုင်း လောင်းကစားဂိမ်း လုပ်ငန်းတွေမှာ ဝင်ရောက် လုပ်ကိုင်ခွင့် ပိတ်ပင်ထားတယ်လို့ ဆိုပါတယ်။

                                                                           

                                BGF ၉ နှစ်ပြည့် နှစ်ပတ်လည်ပွဲတွင်တွေ့ရသည့် တရုတ်နိုင်ငံသားတချို့

စီမံကိန်းမှာ အလုပ်လုပ်သူတွေနဲ့ လူနေတန်းလျားတွေမှာ နေထိုင်သူ တရုတ်ဦးရေဟာ သုံးထောင်ဝန်းကျင်ရှိပြီး အများစုဟာ မြန်မာမှတ်ပုံတင်ကိုင်ထားတဲ့ တရုတ်တွေဖြစ်ပြီး ဗီဇာနဲ့လာသူတွေရှိသလို ထိုင်းနိုင်ငံဘက်က လာ ရောက်သူတွေလဲရှိပါတယ်။

မြန်မာမှတ်ပုံတင်နဲ့ဖြစ်စေ၊ မြန်မာဗီဇာနဲ့ဖြစ်စေ လာရောက်ကြတဲ့ တရုတ်ဦးရေစာရင်းကိုတော့ မြန်မာ လ.ဝ.က ထံ ပေးပို့ထားပေမယ့် ထိုင်းနိုင်ငံဗီဇာနဲ့ လာရောက်သူစာရင်ကတော့ အတိအကျ မသိရပါဘူး။

နယ်စပ်တလျှောက် သောင်ရင်းမြစ်လေးသာ ခြားထားတဲ့အတွက်လည်း တဖက်နဲ့တဖက်ကူးဖို့ ဂိတ်များစွားရှိနေ လို့ စိစစ်ဖို့ ခက်ခဲတယ်လို့ ထောက်ပြသူတွေလည်း ရှိပါတယ်။

“လျှောက်မသွားဖို့ စည်းကမ်းထုတ်ပေမယ့်လည်း ခိုးသွားတာတွေရှိတယ်၊ ပြဿနာဖြစ်ရင် လိုက်ရှင်းရတယ်၊ အဲ့တော့ ဒီအထဲမှာပဲ သူတို့ကို KTV၊ Spa စတာတွေ ဖွင့်ခွင့်ပြုထားတယ်၊ တခါလည်း မိန်းကလေး တယောက်ကို တရုတ်က ပခုံးကိုင်လိုက်တာ တိုင်ကြတော့ ရှင်းကြရတယ်၊ အဲ့မှာ ဘတ် ၂ သိန်းလျော်ဖို့ ဆုံးဖြတ်လိုက်တယ်၊ BGF ကအရေးယူတာတွေလဲ  ရှိပါတယ်” လို့ စောမင်းမင်းဦးက ရှင်းပြပါတယ်။

ယခုလို ထောင်နဲ့ချီတဲ့ တရုတ်အလုပ်သမားတွေကိုသာ အသုံးပြုတာအပြင် စီမံကိန်းအတွက် လိုအပ်တဲ့ အုတ်၊ သဲ၊ ကျောက်၊ ပရိဘောဂ တွေကိုလဲ ဒေသအတွင်း ကိုယ်ပိုင်စက်ရုံတည်ကာ တရုတ်တွေက ထုတ်ယူသုံး စွဲ တာကြောင့်လဲ ဒေသခံတွေရဲ့ အလုပ်အကိုင်ရရှိမှုအပိုင်းမှာ ဝေဖန်စရာ၊ မေးခွန်ထုတ်စရာ ဖြစ်နေပါတယ်။

“ဒေသခံတွေအလုပ်ရဖို့ MOU ထိုးထဲက သဘောတူထားတယ်။ ကန်ထရိုက်အရည်အသွေး မမီတာ တွေဖြစ် လာတယ်။ အဲ့တော့ အလုပ်သမားနဲ့လိုတာတွေ ပစ္စည်းတွေကို သူတို့ပဲ တာဝန်ယူပါရစေဆိုပြီး အန်ကယ်တို့ကို တောင်းဆိုလာတယ်။ ဒီဘက်က လုပ်တာတွေကလဲ မမီတော့ ခွင့်ပြုလိုက်ရတယ်။ အလုပ်အကိုင် က အန်ကယ် တို့မှန်းသလောက်တော့ မရဘူးပေါ့” လို့ စောမင်းမင်းဦးက ဆိုပါတယ်။

ပြီးစီတဲ့ စီမံကိန်းအတိုင်းအတာနဲ့ ပတ်သက်လို့လဲ MIC တင်ပြနိုင်ရေးအတွက် ရင်းနှီးမြုပ်နှံမှုပိုင်းဆိုင်ရာ ဘဏ္ဍာ ရေးစာရင်းဇယား ရှုပ်ထွေးမှုတွေလဲ ကုမ္ပဏီဘက်မှာ ရှိနေပါသေးတယ်။

ခွင့်ပြုထားတဲ့ အိမ်ရာတွေ ပြီးစီးနေတဲ့အပြင် ခွင့်ပြုချက်ကျော်တဲ့ အဆောက်အအုံတွေ တည်ဆောက်ထားတဲ့ တိုင်အောင် သုံးစွဲမှုကုန်ကျစာရိတ်မှာ ဒေါ်လာ ၂ သန်းခန့်သာ စာရင်းပေါ်နေသေးတယ်လို့ သိရပါတယ်။

“အခုပြီးစီးမှုကို အန်ကယ်တို့ MIC မအပ်ရဲသေးဘူး။ မူလခွင့်ပြုငွေထဲက စက်ယန္တရားကပဲ ၆ သန်းလောက်ပါ တယ်။ ဒါတွေကို အန်ကယ် တို့ဆီကပဲ ငှားသုံးနေတော့ စာရင်းက မပါသလိုလဲဖြစ်နေတာတွေရှိတယ်။ ပစ္စည်း ဝယ်တာတွေက နယ်စပ်ကုန်သွယ်ရေး ဂျူတီဆောင်ပြီးတော့ လွယ်လွယ်လုပ်နေသလိုဖြစ်နေတယ်၊ စာရင်တွေ သေချာ ပြန်စစ်နေရတယ်” လို့ စောမင်းမင်းဦးက ရှင်းပြပါတယ်။

ဒေသတွင်း ဖွံ့ဖြိုးရေးပိုင်းမှာလဲ စိုက်ပျိုးရေးထွက်ကုန်တွေကို ကုန်ကြမ်းအဆင့်ကနေ တဆင့်မြှင့်တဲ့ ထုတ်ကုန် အဖြစ် ပြောင်လဲထုတ်လုပ်နိုင်ဖို့ စက်ရုံးစီမံကိန်းပါ ဆွေးနွေးမှုရှိထားတယ်လို့ သိရပါတယ်။

တရုတ်ကုမ္ပဏီတချို့က စိတ်ဝင်စားမှုရှိတယ်လို့ သိရပေမယ့် တရားဝင်တော့ ဖြစ်မလာသေးပါဘူး။ မြေနေရာ ရရှိဖို့က အခက်အခဲရှိလာနိုင်မယ်လို့လဲ စောမင်းမင်းဦးက ဆိုပါတယ်။

ရေအားလျှပ်စစ်နဲ့ ဆိုလာစီမံကိန်းကဲ့သို့ လျှပ်စစ်ရရှိရေး ဆွေးနွေးမှုတွေတောင် ရှိထားတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ စီမံကိန်းလိုအပ်ချက်အတွက် လျှပ်စစ်ကို ထိုင်းကဝယ်သုံးနေတာလို့ သိရပါတယ်။

“ထိုင်းဘက်က အန်ကယ်တို့နဲ့ အလုပ်လုပ်ဖို့ စည်းဝေးတာတွေလုပ်နေကြပြီ။ သူတို့ဘက်က ပြင်ဆင်နေကြပီ။ ကိုယ့်ဘက်ကသာ ဘာဖြစ်တယ် ညာဖြစ်တယ်ပြောနေကြတာ။ ရွှေကုက္ကို က မြို့အဖြစ်စည်ကားလာရင် တံတားဖောက်ဖို့တောင် ညှိနှိုင်းတဲ့သဘောတွေရှိနေကြပြီ” လို့ စောမင်းမင်းဦးက ပြောပါတယ်။

မြန်မာ-ထိုင်းနယ်စပ် သောင်းရင်းမြစ်ကမ်းဘေးမှာ ရှိတဲ့ ရွှေကုက္ကိုဒေသဟာ ယခင်ကတည်းက ထိုင်းဘက်ကူးဖို့ လှေဆိပ်ရှိသလို စီမံကိန်းပြီးတဲ့အခါမှာလဲ လှေဆိပ်တည်ဆောက်ရေး၊ ရေ၊ မီး၊ အမှိုက် စီမံခန့်ခွဲမှုတွေအတွက် အစိုးရထံ ဆွေးနွေးတင်ပြမှု ပြုလုပ်ထားတယ်လို့လဲ သိရပါတယ်။

“ကုက္ကိုဒေသကို မြို့အဖြစ်သတ်မှတ်ဖို့ စည်းကမ်း အချက် ၂၀ ကျော်ရှိတယ်၊ ဒါတွေကို အကုန်လာစစ်ပြီးပြီ၊ အစိုးရကို တင်လိုက်တယ်၊ အခုထိ ဘာမှမလာသေးဘူး။ ကျလဲမကျသေးဘူး။ နှောင်နှေးနေတော့ နဲနဲခက် တယ်” လို့ BGF တာဝန်ရှိသူတဦးက ညည်းတွားပါတယ်။

ဝေဖန်မှုတွေ၊ ခက်ခဲမှုတွေ ရှိနေပေမယ့် BGF ဘက်ကတော့ တချိန်က လက်နက်ကိုင်တိုက်ပွဲတွေနဲ့ တောတွင်းစခန်း အဖြစ်ရှိခဲ့တဲ့ ရွှေကုက္ကိုဒေသကို ခရီးသွားကဏ္ဍ ဖွံ့ဖြိုးမှုနဲ့အတူ ခေတ်မီဖွံ့ဖြိုးတဲ့ မြို့ပြတခုဖြစ်လာဖို့ မျှော်လင့် နေတာပါ။

တရုတ်အလုပ်သမားတွေ၊ လုပ်ငန်းရှင်တွေ၊ တရုတ်ဆိုင်းဘုတ်တပ်ထားတဲ့ စားသောက်ဆိုင်တွေ ပေါလာတာနဲ့အမျှ တရုတ်နိုင်ငံသားတွေ ဝင်ရောက်လွှမ်းမိုးလာနိုင်မှုအပေါ်မှာ ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

ဗိုလ်မှူးကြီး စောချစ်သူ ကတော့ တရုတ်နိုင်ငံသားများ လွှမ်းမိုးလာမည်ကို ၎င်းကိုယ်တိုင်က လက်မခံကြောင်း ပြည်သူများ အနေဖြင့်လည်း မစိုးရိမ်ကြရန် ရွှေကုက္ကိုမှာ ပြုလုပ်ခဲ့တဲ့ BGF နှစ်ပတ်လည်ပွဲမှာ ပြောဆိုပါတယ်။
ရွှေကုက္ကိုက တရုတ်မြို့သစ်စီမံကိန်း

စောမင်းမင်းဦး ကလည်း “စီမံကိန်းနဲ့ ပတ်သက်တာ အားလုံး အန်ကယ်တို့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိပါတယ်၊ နိုင်ငံတော် ဥပဒေနဲ့ ဒီဘက် က လက်မခံနိုင်တာတွေ ဖြစ်လာရင် သူ့ကိုအချိန်မရွေး မောင်းထုတ်လိုက်ပါလို့ သူတို့က ကတိပေးထားတယ်”လို့ ပြောပါတယ်။

တနေ့တခြား စည်ကားလာတဲ့ ရွှေကုက္ကိုမြိုင်ကို တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) အဖြစ်ကနေ ၂၀၁၀ ခုနှစ်မှာ BGF အဖြစ်ပြောင်းလဲခဲ့တဲ့ ဗိုလ်မှူးကြီး စောချစ်သူ က တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။
                    
DKBA ဟာလည်း ကရင်အမျိုးသားအစည်းအရုံး (KNU) ကနေ ၁၉၉၄ ခုနှစ်မှာ ခွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။

တချိန်မှာ ရွှေကုက္ကိုမြိုင်ဟာ မြန်မာ- တရုတ်နယ်စပ်ဒေသက “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ ပန်ဆန်းလို၊ အထူးဒေသ မိုင်းလားမြို့လို ဖြစ်လာမလားဆိုပြီး ပြောဆိုသံများလည်း ကြားလာရပါတယ်။

“သူများတွေ ဖွံ့ဖြိုးတာကို ကျနော်တို့လဲ စိတ်ဝင်စားတယ်၊ ကိုယ်လည်းဖွံ့ဖြိုးချင်တယ်၊ ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်ချင်တယ်” လို့ ဗိုလ်မှူးကြီး စောချစ်သူက ပြောပါတယ်။

လက်ရှိတည်ဆောက်နေပြီဖြစ်တဲ့ မြို့သစ်စီမံကိန်းနဲ့ ပတ်သက်လို့တော့ ချစ်လင်းမြိုင်ကုမ္ပဏီနဲ့ တရုတ်လုပ် ငန်းစုအကြား အဓိကကျတဲ့ အပြီးသတ်စာချုပ်တော့ မချုပ်ရသေးဘူးလို့ ချစ်လင်းမြိုင်ကုမ္ပဏီ ဘက်က ပြော ပါတယ်။

လတ်တလော ချုပ်ဆိုထားတဲ့ သဘောတူညီချက်အရတော့ စီမံကိန်းရင်းနှီးမြုပ်နှံမှုကို တရုတ်လုပ်ငန်းစုဘက်က စိုက်ထုတ်မည်ဖြစ်ပြီး အကျိုးအမြတ်ကို  ချစ်လင်းမြိုင်ကုမ္ပဏီက ၃၀ ရာခိုင်နှုန်းနဲ့ တရုတ်လုပ်ငန်းစုဘက်က ၇၀ ရာခိုင်နှုန်း ခွဲဝေမယ်လို့ သဘောတူထား ပါတယ်။

စောမင်းမင်းဦးက “အန်ကယ်တို့က တရားဝင်ပဲ လုပ်ချင်တယ်။ ဒါမှလဲ ခိုင်မြဲမှာကိုး။ တခြားအဖွဲ့အစည်းတွေလို အထူးဒေသ ဘာ ညာ အဲ့လိုလဲ မလုပ်ချင်ဘူး။ အမြီးကျက် အမြီးစား၊ ခေါင်းကျက်ခေါင်းစား မလုပ်ချင်ဘူး” လို့ ဆိုပါတယ်။

လူများစိတ်ဝင်စားမှုရှိတဲ့ တရုတ်မြို့သစ် တည်ဆောက်မှုနဲ့ပတ်သက်ပြီး ဒေသတွင်း စိုးရိမ်မှုရှိကြသလို ခွင့်ပြု ချက်ကျော်လွန်ကာ တည်ဆောက်တာတွေ ရှိလို့လဲ စီမံကိန်း တရားဝင်ခွင့်ပြုချက်ရမှသာ ဆက်လုပ်ဖို့ BGF အ ပေါ် တပ်မတော်ကပါ သတိပေးခဲ့ပါတယ်။

                                                                               

                                                    ရွှေကုက္ကိုက တရုတ်မြို့သစ်စီမံကိန်း
BGF တွေအနေနဲ့ တရားမဝင် စီးပွားရေးလုပ်ငန်း တွေမှာ ဝင်မပါဖို့နဲ့ တပ်မတော်နဲ့ BGF ရဲ့ ဂုဏ်သိက္ခာကို စောင့်ထိန်းကြဖို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ BGF ဒုတိယညွန်ကြားရေးမှူး ဗိုလ်မှူးကြီး မျိုးထွဋ်က BGF ကိုးနှစ်ပြည့်ပွဲမှာ ပြောခဲ့ပါတယ်။

“ကမ္ဘာလည့် စီးပွားရေးသမားတွေရဲ့ အသုံးချခံတွေ မဖြစ်ရေး သတိထားဆောင်ရွက်ကြဖို့ မှာကြားလိုပါတယ်” လို့ ဗိုလ်မှူးကြီး မျိုးထွဋ်က ဆိုပါတယ်။

ချစ်လင်းမြိုင်ကုမ္ပဏီဘက်ကတော့ “တပ်ကလဲ သူ့ကို (ဗိုလ်မှူးကြီးစောချစ်သူ) ဖိအားတွေပေးတယ်။ စီးပွား ရေးလုပ်မယ်ဆိုရင် တပ်ကနေထွက်ပါ ဆိုတာမျိုးပေါ့။ အစိုးရကလဲ အန်ကယ်တို့ အလုပ်လုပ်ရင် တပ်ကဖြစ်လို ကြည့်နေရတယ် ပြောကြပြန်ရော၊ တပ်ကျတော့လဲ စည်းကမ်း အရ စီးပွားရေး လုပ်လို့မရဘူးဖြစ်ပြန်ရော။ ကြား ညှပ်နေသလိုဖြစ်နေတယ်” လို့ ပြောပါတယ်။

နယ်ခြားစောင့်တပ်ဖွဲ့ဟာ လက်နက်ကိုင် ဘဝမှ မွေးဖွားလာသူတွေဖြစ်လို့ အချိန်တိုတွင်း တပ်မတော်သား တ ယောက်လို ကိုင်တွယ်လို့ မရတဲ့ အခြေအနေအပေါ်မှာ တပ်မတော်နဲ့ နိုင်ငံတော် အကြီးအကဲတွေ နားလည် သဘောပေါက်ပေးကြဖို့ ဗိုလ်မှူးကြီးစောချစ်သူက BGF ကိုးနှစ်ပြည့်ပွဲမှာပဲ ပြောပါတယ်။

“ကျနော်တို့ရဲ့ ရဲဘော်တွေဟာ တပ်မတော်ရဲ့ အစိတ်အပိုင်းတခုဆိုပေမယ့် တပ်မတော်သားတယောက်လို  ကိုင်တွယ်လို့ ရမှာမဟုတ်ပါဘူး၊ အခုထိ ကိုင်တွယ်လို့လဲ မရသေးပါဘူး၊ အချိန်တိုအတွင်း နှစ်နဲနဲလေးနဲ့ တပ်မ တော် သားတယောက်လို စည်းကမ်းနဲ့ အပြည့်အဝနေထိုင်ဖို့ဟာ အခက်အခဲတွေအများကြီးရှိပါတယ်” လို့ ဗိုလ်မှူးကြီးစောချစ်သူက ပြောပါတယ်။

တရုတ်ရဲ့ ရင်းနှီးမြုပ်နှံမှု စီမံကိန်းတွေနဲ့ ပတ်သက်ရင် မြန်မာအစိုးရ အတွက်ကလည်း သတိထား ကိုင်တွယ်နေရတဲ့ အနေအထားပါ။

အဆင့်မြင့်အိမ်ရာတွေ၊ ဟိုတယ်တွေ၊ ဖျော်ဖြေရေးရုံတွေ၊ လောင်းကစားဂိမ်းတွေနဲ့ ရုပ်လုံးပေါ်နေသလို တရုတ် တွေ ရာချီ ဝင်ထွက်နေတဲ့ ရွှေကုက္ကိုမြို့သစ်ဟာလည်း ဒေသခံတွေကြားမှာတော့ စိုးရိမ်မှုတွေ၊ ဝေဖန်မှုတွေက ရှိနေဆဲပါ။

“ကရင်လက်နက်ကိုင်လောက် မပြောနဲ့ တိုင်ပြည်ရဲ့ လက်နက်ကိုင်အဖွဲ့ကိုတောင် သူတို့လုပ်ရင် ကျနော်တို့ခံ နေရတာတွေ တွေ့နေရတယ်။ တိုင်းရင်းသားတွေနဲ့ လှည့်ပြီးဖြစ်နေရတဲ့ တိုက်ပွဲတွေမှာ တရုတ်တွေလဲ ပါတယ် လို့ ကြားသိနေရတယ်။ BGF လောက်ကို သူတို့ ဦးနှောက်ထဲ မထည့်ထားမှာ သေချာတယ်” လို့ ဦးနကေး က သူ့ရဲ့အမြင်ကိုပြောပါတယ်။

                                                                                





Hi !

!

Popular posts from this blog

ဝေဝါးမှုတွေနဲ့အတူ မသေချာ မရေရာမှုများနဲ့ မြန်မာပြည်..။

  ဝါရင့်သတင်းစာဆရာကြီး လာရီယာဂန်က စစ်အာဏာသိမ်းမှု သုံးနှစ်ပြည့်တဲ့ ဖေဖော်ဝါရီ(၁)ရက်နေ့မှာ ဘန်ကောက်ပို့စ်သတင်းစာမှာ ဆောင်းပါးတစ်ပုဒ် ရေးသားလိုက်ပါတယ်။ ဆောင်းပါးခေါင်းစဉ်က Myanmar faces increasing uncertainty ပါ။ စစ်အာဏာသိမ်းပြီး သုံးနှစ်အကြာမှာ မြန်မာနိုင်ငံရဲ့အခြေအနေ ဘယ်လိုရှိသလဲ။ ရှေ့မှာ ဘာဖြစ်နိုင်သလဲ။ မှန်းဆထားတာပါ။ လက်ရှိ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်လို့ လာရီယာဂန်လည်း ဘာမှ မမှန်းဆနိုင်ပါဘူး။ သူပြောနိုင်တာ တစ်ခုက မြန်မာပြည်ဟာ မသေမချာ မရေမရာမှုတွေ အများကြီးနဲ့ ဆက်ပြီး ရင်ဆိုင်နေရဦးမယ်ဆိုတဲ့ ကောက်ချက်ပါ။ မြန်မာစစ်တပ်က ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရကို စစ်အာဏာသိမ်းခဲ့တာ ခု ဖေဖော်ဝါရီ(၁)ရက်မှာ သုံးနှစ်တိတိ ပြည့်ခဲ့ပြီဖြစ်ကြောင်း၊ သုံးနှစ်အတွင်း တိုင်းပြည်ဟာ အဖက်ဖက်က ယိုယွင်းပျက်စီးသွားပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေ တိုးပွါးနေကြောင်း၊ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ပီဒီအက်ဖ်တွေကြား တိုက်ပွဲတွေကြောင့် ပြည်သူသန်းပေါင်းများစွာ အိုးပစ်အိမ်ပစ် ထွက်ပြေးနေရကြောင်း လာရီယာဂန်က ရေးသားပါတယ်။ ...

ကရင်ပြည်နယ်ပုံရိပ်ကို ထိခိုက်စေသဖြင့် ရွှေကုက္ကိုလ်ကို တိုက်ခိုက်ရဟု KTLA ပြော

  ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ ရွှေကုက္ကိုလ်မြို့သစ်သည် ပြည်နယ်ဖွံဖြိုးမှု မဖြစ်စေဘဲ ပျက်ဆီးမှုကိုသာ ဖြစ်စေသဖြင့် တိုက်ခိုက်ရခြင်း ဖြစ်ကြောင်း ကော်သူးလေတပ် (KTLA) က ဧပြီ ၇ ရက်တွင် ကြေညာသည်။ Facebookတွင် ပျံ့နှံလာသော KTLA ဗဟိုဌာနချုပ် ရုံးထိုင်မှူး စောဝါးနေမူး လက်မှတ်ထိုးထားသည့် ကြေညာချက်အရ ရွှေကုက္ကိုလ်မြို့သည် မူးယစ်ဆေးဝါး ဖြန့်ဖြူးသုံးစွဲရောင်းချနေပြီး တိုင်းရင်းသူ အမျိုးသမီးများကို ပြည့်တန်ဆာအဖြစ် လိမ် လည်လှည့်ဖြားစေခိုင်းနေသည့် နေရာဖြစ်နေသလို စစ်ကောင်စီအတွက် တရားမဝင်ငွေကြေးများ ရှာဖွေပေးသည့် နေရာ ဖြစ်၍ ပြည်ပမှ အလုပ်သမားများကိုလည်း လိမ်လည်ခေါ်ဆို ခိုင်းစေမှုများ ရှိနေသဖြင့် KTLA အနေနှင့် ကရင်ပြည်နယ် အကျိုးအတွက် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း၊ ထို့အတွက် ရွှေကုက္ကိုလ်တွင် နေထိုင်သည့် ပြည်သူများအနေနှင့် တိုက်ပွဲ ဧရိယာမှ ရှောင်ပေးကြရန် ထုတ်ပြန်ထားသည်။ ထိုကြေညာချက်နှင့် ပတ်သက်၍ ပိုမိုသိရှိနိုင်ရန် KTLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောနယ်ဒါးမြကို ဧရာဝတီက ဖုန်းဖြင့်ဆက် သွယ်ခဲ့ရာ ၎င်း အလုပ်များနေသဖြင့် နောက်မှ ပြန်လည်ဆက်သွယ်ရန် ပြောဆိုသည်။ ကော်သူးလေတပ်နှင့် နီးစပ်သည်...

မြန်မာနိုင်ငံမှာရှိတဲ့ ဗမာလူမျိုး ပေါ်ပေါက်ပုံ အကြောင်း

  ဗမာလူမျိုး ပေါ်ပေါက်လာပုံ သမိုင်းကြောင်း – တိဘက်တို ဘားမန်းလူမျိုးနွယ်စုကြီး မှ အကြီးဆုံးသောလူမျိုးဖြစ်သည်။ ယနေ့ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းသို့ နာဂ၊ သက်၊ ကမ်းယံ၊ပျူ တို့နောက်မှ ဝင်ရောက်လာခြင်းဖြစ်သော်လည်းပျူတို့ ထူထောင်သည့် ပထမပြည်ထောင်စုကို အေဒီ ၈ ရာစုတွင် နန်ကျောက်တို့က ဖျက်စီးပြီးချိန် မတိုင်မှီက ပင် ရောက်ရှိနေထိုင်နေခဲ့ပြီးဖြစ်သည်ဟုခန့်မှန်း၍ရနိုင်သည်။အေဒီ ၁၀ ရာစုမတိုင်မှီ အချိန်ကပင် ကျောက်ဆည် ၁၁ ခရိုင်တွင် အခြေချခဲ့ပြီး နောက်များမကြာမှီ တွင်မြစ်သာ ၆ ခရိုင် ၊ ပုဂံ နေပြည်တော်တို့ကို ထူ ထောင်ကာဒုတိယမြန်မာပြည်ထောင်စုကို တည်ထောင်ခဲ့ကြသည်။ သို့သော် မြန်မာနိုင်ငံသားတို့က ထိုပြည်ထောင်စုကိုသာပထမပြည် ထောင် စုအဖြစ် လက်ခံကြသည်။သမိုင်းတစ်လျောက်တွင် မွန်ဂို၊ တရုတ်၊ ယိုးဒယား၊ မွန်၊ ရခိုင်၊ ရှမ်း၊ ကရင် အစရှိသည့် အတွင်း၊ အပြင်ရန်အမျိုးမျိုးနှင့်ကြုံတွ့ခဲ့ဖူးပြီးအကြိမ်တိုင်းတွင် ပြည်ထောင်စု၏ ဦးဆောင်သူနေရာကို ဗမာတို့ ပြန်လည်ကာ ရောက်ရှိနိုင်ခဲ့သည်။အနော်ရထာ၏ ပထမပြည်ထောင်စု(ပထမမြန်မာနိုင်ငံတော်ကြီး)၊ တပင်ရွှေထီး-ဘုရင့်နောင်တို့ ၏ ဒုတိယပြည်ထောင်စု (ဒုတိယ မြန်မာနိုင်ငံတော်ကြီး)၊အလောင်းဘုရား၏ တတိ...

မြန်မာပြည်မြေပုံကို အပြောင်းခံကြမှာလား

  ကမ္ဘာ့သမိုင်းကို ပြန်လေ့လာကြည့်မယ်ဆိုရင် အိမ်နီးချင်းနိုင်ငံတွေအဖြစ် နှစ်ပေါင်းများစွာ အတူတကွ ယှဉ်တွဲ ရပ်တည်နေကြပြီးမှ ဝေးကွာသွားကြတဲ့ နိုင်ငံတွေ ရှိခဲ့တယ်ဆိုတာ တွေ့နိုင်ပါတယ်။ ကျွန်တော်တို့အတွက် အထင်ရှားဆုံး ဥပမာတစ်ခုရှိပါတယ်။ အဲဒါကတော့ မြန်မာနဲ့ ပါကစ္စတန်တို့ဟာ ယခင်က နယ်မြေချင်း ထိစပ်နေကြတဲ့ အိမ်နီးချင်း နိုင်ငံတွေပါ။ သို့သော် ၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံအသစ် ပေါ်ပေါက်လာချိန်မှာတော့ အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားခဲ့ကြပါတယ်။ ယခင်က အိမ်နီးချင်းဖြစ်ခဲ့လို့ ထင်ပါတယ်၊ မြန်မာနဲ့ ပါကစ္စတန်တို့ရဲ့ ဆက်ဆံရေးဟာ ကောင်းမွန်နေကြဆဲဆိုတာ သက်သေ၊ သာဓကများစွာ ရှိပါတယ်။ အဲဒီလို အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားရခြင်းဟာ သူတို့ရဲ့ ပြည်တွင်းရေးသာ ဖြစ်တဲ့အတွက် အထူးအထွေ ဝေဖန်ရန် မရှိပါ။ သို့သော် လက်ရှိအခြေအနေမှာ မြန်မာရဲ့ အိမ်နီးချင်း (၅) နိုင်ငံရှိနေရာက မတူညီတဲ့ အိမ်နီးချင်းနိုင်ငံသစ်တွေ ထပ်မံ ပေါ်ပေါက်လာဖို့ လုပ်ဆောင်နေကြတာတွေ မြင်နေရပါပြီ။ ဒီတစ်ကြိမ်ကတော့ ကျွန်တော်တို့ရဲ့ ပြည်တွင်းရေးဖြစ်တဲ့အတွက် အလေးထားရပါတော့မယ်။ ရှိပြီးသား အိမ်နီးချင်း (၅) နိုင်ငံနဲ့ မြန်မာတို့အကြား ကျွန်တော်တိ...

မြန်မာ ဒုကာကွယ်ရေးဝန်ကြီး ထောင်ထဲရောက်ပြီ

  မြန်မာ ဒုကာကွယ်ရေးဝန်ကြီး ထောင်ထဲရောက်ပြီ မတ်လ ၂၈ ရက် ၂၀၂၄ ခုနှစ် နံနက် ၁၀ နာရီ ၂၀ သတင်း ================================= ကာကွယ်ရေး ဒု-ဝန်ကြီး ဖြစ်သူ ဗိုလ်ချုပ်အောင်လင်းထွန်းကို ကျားဖြန့်လုပ်ငန်းနဲ့ ပတ်သက်တယ်ဆိုပြီး မနေ့ည မတ်လ ၂၇ ရက်နေ့ည ၁၁ နာရီတွင် စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့မှ သွားရောက်ဖမ်းဆီးခဲ့ကြပါတယ်။ အဆိုပါ ဖမ်းဆီးချိန်တွင် ဒုကာကွယ်ရေးဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်အောင်လင်းထွန်းသည် အရက်မူးနေပြီး အသာတကြည် လိုက်လာခြင်းမရှိပဲ … ပုဆိုးလှန်ပြီး ဆဲဆိုနေခြင်းကြောင့် စစ်ဘက်လုံခြုံရေးအဖွဲ့မှ ရိုက်နှက်ခဲ့ရာ.. သွား အချို့ ကျွတ်သွားပြီး ပါးစပ်တခုလုံး သွေးများနီရဲနေသည်။ “အဲ့ကောင် ပါးစပ်က သွေးမတိတ်ခင် ရမဲသင်းထောင်ပို့လိုက်စမ်း” လို့ အထက် အမိန့်ပေးလိုက်တော့ အခု ရမဲသင်းထောင်ရောက်နေပြီဖြစ်ကြောင်း မြန်မာအမေရိကန် သတင်းဌာနမှ စုံစမ်းသိရှိရသည်။ ဂိုလ်ရှယ်လေး

စစ်တပ်မှ အာဏာသိမ်းထားသည့် ၃ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ထောင်သားဘဝ

                           ဖေဖော်ဝါရီလ ၁ ရက်နေ့သည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့အတွက် အနှောက်အယှက်ဖြစ်စေသူဟု ယူဆသည့် ရွေးကောက်ခံအစိုးရ ခေါင်းဆောင်နှင့် နိုင်ငံသမိုင်းတွင် အညီညွတ်ဆုံးဖြစ်စေခဲ့သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာမှဖယ်ရှားပြီး မအောင်မြင်သော အာဏာသိမ်းမှု ပြုလုပ်သည့် သုံးနှစ်မြောက်နေ့ ဖြစ်သည်။ ရက်ပေါင်း ၁၀၉၅ ရက်ကျော် ကြာသော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် မြို့တော်နှင့် စစ်တပ်ဗဟိုဌာနချုပ် နေပြည်တော် အနောက်တောင်ဘက်အစွန်းမှ ထောင်တခုတွင် တဦးတည်း ဆက်လက် ဖမ်းဆီးချုပ်နှောင်ခံနေရသည်။ သူ့အတွက် တခုတည်းသော ထောင်ပြင်ထွက်ရချိန်သည် လွန်ခဲ့သောနှစ်အတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စတာ ဒွန် ပရာမတ်ဝီနိုင်နှင့် တွေ့ရသည့် တိုတောင်းသော ကာလဖြစ်ပြီး သူ့ကို ချမှတ်ထားသည့် ထောင်သက်တမ်းကိုလည်း ၃၃ နှစ်မှ ၂၇ နှစ်သို့ လွန်ခဲ့သောနှစ်က လျှော့ချပေးသည်။ အာဏာသိမ်းမှု နှစ်ပတ်လည်သည် ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းနည်းစရာကောင်းသော လက်ရှိအခြေအနေနှင့် ဝေဝါးနေသည့် အနာဂတ်ကို မီးမောင်းထိုးပ...

ပဲခူးတိုင်း မင်းလှမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွား

  မင်းလှတွင် ၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲ ၆ ကြိမ် အတွင်း စစ်တပ်ဘက်မှ စစ်သား ၈၀ ဦးကျော်သေဆုံး ရန်ကုန်၊ မတ် ၁၁ ပဲခူးတိုင်း၊ မင်းလှမြို့နယ်အတွင်း ၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲ ၆ ကြိမ် အတွင်း စစ်တပ်ဘက်မှ ၈၀ ကျော်သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ မတ်လ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ ဧက ၁၀၀၀ ကျွန်း စိုက်ခင်း ကျုံးပေါက်အနီး၌ စစ်ကြောင်း ထိုးလာသော အင်အား ၁၂၀ ပါ စစ်ကောင်စီ တပ်သားများကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ နှင့် ဒဂုံစစ်ကြောင်းတို့က စောင့်ကြို တိုက်ခိုက်ခဲ့ရာ အပြန်အလှန် တိုက်ပွဲ ၂ နာရီကျော် ကြာမြင့်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်ဘက်မှ ၂၀ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။ ယင်းနေ့ ညနေ ၅ နာရီခန့်အချိန် မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်းပေါ်ရှိ ဟိုင်းယု လမ်းဆုံတွင် တပ်ဆွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ နှင့် တပ်ခွဲ ၃ တို့က လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ရှောင်တခင် သွားရောက် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၃ နာရီခန...

တပ်မလက်ရွေးစဉ် ဘီလူးစစ်ကြောင်းဆိုသည်မှာ .....

    “ဒီစစ်ကြောင်းက စစ်တိုက်ဖို့ဆိုတာထက် လူတွေကိုသတ်၊ မုဒိမ်းကျင့်ဖို့ အဲ့လိုမျိုးတွေလုပ်ဖို့ အဓိကလာတဲ့ စစ်ကြောင်းပါ။ လူမဆန်တဲ့ လုပ်ရပ်တွေကို အဓိကလုပ်တာ” မြောင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) က ကိုနွေဦးက စစ်ကိုင်းဒေသအတွင်း စစ်ရာဇဝတ်မှုများကို ကျူးလွန်ချိုးဖောက်နေသည့် ဘီလူးစစ်ကြောင်း၏ လုပ်ရပ်များကို ပြောဆိုသွားခြင်းဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြည်သူများကို ရက်ရက်စက်စက် ခေါင်းဖြတ်သတ်သည့် စစ်ကြောင်း၊ အစုလိုက် အပြုံလိုက် သတ်သည့်စစ်ကြောင်း၊ မုဒိမ်းမှုများကို ကျူးလွန်နေသည့် စစ်ကြောင်းဟု ဆိုလိုက်ပါက လူတိုင်းက ဆိုးဆိုးရွာရွား နာနာကျည်းကျည်း အမှတ်ရနေသည့် စစ်ကြောင်းမှာ ဘီလူးစစ်ကြောင်းပင် ဖြစ်သည်။ ရက်စက်မှုအပေါင်း သရဖူဆောင်းထားသည့် ဘီလူးစစ်ကြောင်းသည် ယခုနှစ် ဩဂုတ်လ တတိယပတ်မှ စက်တင်ဘာလ ဒုတိယပတ်ထိ စစ်ကိုင်း၊ ရွှေဘို၊ ဝက်လက်နယ်များသို့ စစ်ကြောင်းထိုး ဝင်ရောက်ပြီးနောက် ပြည်သူများကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်။ 'စစ်ကိုင်း၊ ရွှေဘို၊ ဝက်လက်နယ်ထဲ ဘီလူးစစ်ကြောင်း၏ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သည့် အခြေအနေများ' မန္တလေး-ရွှေဘို-မြစ်ကြီ...

ရှမ်းမြောက်က ကျားဖြန့် ဇာတ်သိမ်းခန်း

  ဇန်နဝါရီ ၃၀ ရက်တွင် မြန်မာနိုင်ငံ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက တရုတ် အစိုးရထံ မြန်မာနိုင်ငံမြောက်ပိုင်း ကျားဖျန့် လုပ်ငန်းများတွင် အဓိက ကြိုးကိုင်သူများဟု သတ်မှတ်ထားသည့် ပယ်စောက်ချိန်အပါအဝင် ခြောက်ဦးနှင့် အခြားအရေးကြီးသံသယရှိ သူ လေးဦးကို လွှဲပြောင်းပေးခဲ့သည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ဇန်နဝါရီ ၃၀ ရက်တွင် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးအဖွဲ့ အစည်းထံသို့မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့် ဒေသ အွန်လိုင်းလိမ်လည်မှုအဖွဲ့၏ အဓိက ခေါင်းဆောင် ခြောက်ဦးဖြစ်သည့် ပယ် စောက်ချိန်၊ ပယ်ရင်ချန်၊ဝေ့ဟွိုင်ရန်၊ လျိုကျန့် ရှန်၊ လျိုကျန့်မောက်၊ ရွှီလောက်ဖာနှင့် အခြား အရေးကြီး ပြစ်မှုကျူးလွန်ကြောင်းသံသယရှိ သူ လေးဦးအား တရားဥပဒေနှင့်အညီ လွှဲ ပြောင်းပေးအပ်ခဲ့ပြီး အဆိုပါ ၁၀ ဦးကို ယင်း နေ့ညတွင်ပင် တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့ သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ခဲ့သည်။ ယင်းသို့ မြန်မာနိုင်ငံမြောက်ပိုင်းရှိ ကျား ဖျန့်လုပ်ငန်းများတွင် အဓိကတာဝန်ရှိသူဟု တရုတ်အစိုးရက သတ်မှတ်ထားသည့် ပယ် စောက်ချိန် အပါအဝင် ခြောက်ဦးအား လွှဲ ပြောင်းပေးအပ်ခြင်းမှာ တရုတ်-မြန်မာ နှစ် နိုင်ငံ၏ န...

အာဆီယံ-သြစတြေးလျ ထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီ ကိုယ်စားလှယ်တက်မည်

 စစ်ဗိုလ်ချုပ်များခန့်ထားသည့် သံအမတ်က မဲလ်ဘုန်းမြို့တွင် ၃ ရက်ကြာ ကျင်းပမည့် ဒေသတွင်း အထူးထိပ်သီးအစည်းအဝေးကာလအတွင်း ဆွေးနွေးပွဲ ၂ ခုကို တက်မည်ဟု သိရှိရသည်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသည့် အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသည့် သြစတြေးလျ ဝန်ကြီးချုပ် Anthony Albanese ကို တွေ့ရစဉ်။ သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် မတ်လ ၄ ရက်မှ ၆ ရက်အထိ ကျင်းပမည့် အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီကိုယ်စားလှယ် တက်ရောက်မည်ဟု သိရသည်။ အစည်းအဝေးကာလတွင် ပြုလုပ်မည့် ရေကြောင်းပူးပေါင်းဆောင်ရွက်ရေးညီလာခံ၊ ရာသီဥတုနှင့် သန့်ရှင်းသောစွမ်းအင်ဆိုင်ရာ ဖိုရမ်တို့ကို ကင်ဘာရာမြို့ မြန်မာသံရုံးမှ စစ်ကောင်စီခန့် သံအမတ် ဦးသက်ထွန်း တက်ရောက်မည်ဖြစ်သည်။  အခြား ဆက်စပ်အစည်းထိပ်သီးအစည်းအဝေးများသို့ စစ်ကောင်စီကိုယ်စားပြုကိုယ်စားလှယ် တက်မည်၊ မတက်မည်ကိုမူ သြစတြေးလျ နိုင်ငံခြားရေးနှင့် ကုန်သွယ်မှုဌာနက ပြောဆိုခြင်းမရှိပေ။ ...

Click !