Skip to main content

Continue !

ဆရာကြီး သိပ္ပံမောင်ဝ ရေးသားသော "လူမိုက်"

 


“လူမိုက်” ဆိုသောစကားမှာ လူကောင်းလူလိမ်မာတို၏နားတွင် အလွန်ပင်ခါး၏။ လူမိုက်အချင်းချင်းတွင်ကား ထိုစကားမှာ ဂုဏ်ပုဒ်တခု ဖြစ်လေသည်။ ထို့ကြောင့် “ငါမိုက်တယ်ကွ၊ ငါ့ထက်မိုက်တဲ့လူရှိယင် ထွက်ခဲ့ကြ။ ဗိုလ်မထားဘူး” ဟူ၍ ဂုဏ်လုပ်ကာ ကြိမ်းပသောအသံများကို မကြာမကြာ ကြားရဘူးလေသည်။ လူမိုက်တို့၏အကြားတွင် ထူးထူးချွန်ချွန်မိုက်သောသူမှသာလျှင် ထင်ပေါ်၏။ ဂုဏ်ရှိ၏။ ကြီးပွါး၏။ လူလိမ်မာတယောက်သည် လူမိုက်တို့၏ အလယ်တွင် အဘယ်မှာလျှင် တင့်တယ်နိုင်ပါအံ့နည်း။
ထို “လူမိုက်” ဆိုသော ဂုဏ်ထူးကြီး ဘွဲ့ထူးကြီးကို ရရန်မှာလည်း လွယ်ကူသောအရာ မဟုတ်ပေ။ “ငါမိုက်တယ်” ဟူ၍ လူတကာရှေ့တွင် ကြွားရုံမျှနှင့် လူမိုက်ဘွဲ့ထူးကို မရနိုင်။ ဝေးလှသေး၏။ လူမိုက်ဘွဲ့ထူးကို ရရန်ကား သူတကာကို အကြောင်းမဲ့သက်သက် ဆဲရေးဝံ့ရမည်။ ရိုက်ပုတ်ဝံ့ရမည်။ ဓားဖြင့် ထိုးဝံ့ရမည်။ ဆဲရေး၊ ရိုက်ပုတ်၊ ဓားဖြင့် ထိုးခြင်းတို့ကိုလည်း ပြုလုပ်ဘူးရမည်။ မိမိလည်း သူတကာ၏အဆဲ၊ အရိုက်၊ အထိုး၊ အခုတ်တို့ကို ခံရမည်။ ခံလည်း ခံဘူးရမည်။ အချုပ်ခံဝံ့၊ ထောင်အကျခံဝံ့၊ တကျွန်းအပို့ခံဝံ့ရမည်။ ခံလည်း ခံဘူးရမည်။ လူတယောက်၏အသက်ကို ပုရွက်ဆိတ်၏အသက်လောက်မျှ မထင်မမှတ်ရ။ ဆိုခဲ့ပြီးသော ဂုဏ်ထူးများနှင့် ပြည့်စုံသောသူမှသာလျှင်
လူမိုက်ဘွဲ့ထူးကို ခံယူအသုံးပြုနိုင်လေသည်။
အစိုးရကပေးသော ဘွဲ့ထူးများကား အစိုးရမင်း၏အမှုတော်ကို သက်စွန့်ကြိုးပမ်းကာ ထမ်းဆောင်သောကြောင့် ရသောဘွဲ့ထူးများ ဖြစ်ပေ၏။ လူမိုက်ဘွဲ့ထူးကား မိမိတို့လူမိုက်အချင်းချင်းက တစိမ့်စိမ့် တွေးကြောက်သောကြောင့် မပေးချင့် ပေးချင်နှင့် ပေးလိုက်ရသော ဘွဲ့ထူးကြီး ဖြစ်လေသည်။ ထိုဘွဲ့ထူးကို ရသောသူမှာ စားရချောင်ပေပြီ။ သောက်ရ ချောင်ပေပြီ။ နေထိုင်ရချောင်ပေပြီ။ အဘယ့်ကြောင့်ပါနည်း။
“မိုက်ကြေး”ကိုတောင်း၍ ရသောကြောင့်ပေတည်း။ ထိုမိုက်ကြေးမှာ အစိုးရကို ပေးရသော ပြာတာကြေး၊ အမြတ်တော်ကြေး၊ အညွှန့်တော်ကြေးတို့ထက်ပင် အကောက်ခံရ လွယ်ကူပေသေး၏။ အမြတ်တော်ကြီးတို့ကို မပေးသေးဘဲ ဆိုင်းထားမည်ဆိုက ဆိုင်းထားနိုင်လေသည်။ မိုက်ကြေးကိုမူကား အကြွေးထား၍ မရပေ။ ချက်ခြင်းပေးရမည်။
လူမိုက်ဘွဲ့ထူးကို ရထားသူတယောက် လက်ဖက်ရည်ဆိုင်ထဲသို့ သူ ဝင်သွားမည်ဆိုလျှင် ဟိုလူက လက်ဖက်ရည်သောက်ပါဦး၊ သည်လူက လက်ဖက်ရည်သောက်ပါဦးနှင့် ဆူညံ၍နေလေပြီ။ ထိုလူမိုက် လက်ဖက်ရည်သောက်ပြီးလျှင် ဆိုင်ထဲတွင် သုံးလေးခွန်း ဆဲလိုက်သေး၏။ လက်ဖက်ရည်ဆိုင်ရှင်ထံမှ တမူး၊ တမတ်စသဖြင့် မိုက်ကြေးတောင်းလိုက်သေး၏။ ပြီးတော့မှ ထွက်၍သွားလေသည်။ ထမင်းစားချိန်ကျပြန်လျှင် ကျွေးမည့်သူတွေ မရှား၊ ပုလိပ်များကပင် မိတ်ဖွဲ့၍ ထားကြရပေသည်။ ဤကား လူမိုက်ဘွဲ့ထူးကို ရထားသူတို့၏ တန်ခိုးပေတည်း။
ဝါးရုံတန်းရွာ ဦးထွားသည် လူမိုက်ဘွဲ့ကို ရထားသူ ဖြစ်ပေသည်။ သူ၏နေရာကို မည်သူမျှ မယူဝံ့သေး။ ယူရန် ကြံပင်မကြံဝံ့ကြချေ။ ဝါးရုံတန်းရွာတဝိုက်တွင် ဦးထွားဆိုလျှင် သိမ့်သိမ့်တုန်အောင် ကြောက်ကုန်ကြ၏။ သူနှင့်တုပ၍ မည်သူမျှ မမိုက်ဝံ့ကြချေ။ အသက်ကား ၆၀ ကျော်ပြီ။ အသားမဲမဲ၊ မျက်နှာပြဲပြဲ၊ နှာတံပေါ်ပေါ်၊ အရပ်ခပ်ပုပု၊ မျက်လုံးစူးစူး၊ နဖူးမောက်မောက်၊ ဆံပင်တိုတို။ ဤမျှနှင့် သူ၏ပုံပန်း ပေါ်လောက်ပေပြီ။
အဘယ်သို့သော သတ္တိထူးကြောင့် ယင်းလူမိုက်ဘွဲ့ကို ဦးထွား ရပါသနည်း။ ဦးထွားငယ်ငယ် အသက် ၃၀ အရွယ်တုန်းက နေ့လယ်ကြောင်တောင်တွင် မောင်ဆောင်တို့ညီအစ်ကို နှစ်ယောက်အား ဆောင်ဓားဖြင့် ခုတ်သတ်ခဲ့ဘူးလေသည်။ ထိုလူသတ်မှုအတွက် တကျွန်းသို့ ရောက်ခဲ့ဘူး၏။ တကျွန်းမှ လွတ်သည်မှာလည်း လေးငါးနှစ်ခန့် ကြာလေပြီ။ ယခုတိုင် မိုက်တုန်းပင်။
တကျွန်းမှ ပြန်ရောက်သည့်နေ့မှ အစပြု၍ ရွာထဲတွင် ရှိသမျှသောသူတို့အား လူဟူ၍ပင် မထင်။ ထက်လွှအောင် သွေးထားသောဆောင်ဓါးတလက်ကို ကိုင်ပြီးလျှင် “ငါတကျွန်းပြန်ကွ၊ လူတယောက်ကို ခုတ်သတ်ဝံ့တဲ့အကောင်။ တကျွန်းမှာ ငါ့သူငယ်ချင်းတွေ အများကြီးရှိတယ်။ အခုပြန်သွားရပေမဲ့ ကိစ္စမရှိဘူး”ဟု ဆိုကာ တအိမ်တက် တအိမ်ဆင်း ဂုဏ်ယူလျက်နေပေ၏။
တရွာလုံး မည်သူမှ ဦးထွားအား မကြောက်ဘဲ မနေဝံ့တော့ပြီ။ ယခင် လူသတ်မှုတွင် သက်သေခံခဲ့ကြသော သူတို့သည်လည်းကောင်၊ သူတို့၏ဆွေမျိုးများသည်လည်းကောင်း အဘယ်သို့ရောက်ကုန်ကြသည်မသိ။ ကြက်
ပျောက်၊ ငှက်ပျောက်၊ ပျောက်ကုန်ကြလေပြီ။ ဦးထွားကား တန်ခိုးကြီးမားပါပေ၏။
ထိုတကျွန်းပြန်ဘွဲ့ထူး၊ လူမိုက်ဘွဲ့ထူးကြီးတို့သည် ဦးထွားအား ထမင်းကျွေး၍ထားကြပေသည်။ ထမင်းချက်ချိန်ကျ၍ ဆန်မရှိလျှင် အိမ်နီးချင်းတို့ထံတွင် ဆန်သွားချေး၏။ မပေးဘဲမနေဝံ့ကြ။ ပေးလိုက်ပြန်လည်း ပြန်၍ ရသည်မရှိ။ ဤကား “မိုက်ကြေး” ပင် ဖြစ်လေသည်။ ဟင်းချက်စရာမရှိလျှင် အင်းသားကြီး ဦးရွှေသောင်တို့ထံမှာ ငါးသွားတောင်းပြန်၏။ မပေးဘဲမနေဝံ့ကြ။ ပေးကြရသည်သာတည်း။ ဟင်းချိုချက်စရာ မရှိပြန်လျှင် ဆယ်အိမ်
ခေါင်း ဦးလူမောင်၏ သမီးကလေး မယ်ထွေးက ဗူးသီးကို လာ၍ပို့ရရှာ၏။
မိုက်ကြေးမပေးဘဲ နေမိသူတို့ကား ဒုက္ခတမျိုးမျိုးနှင့် မုချတိုးပေလိမ့်မည်။ အိမ်ရှေ့တွင် စိုက်ထားသော ဗူးပင်များသော်လည်း အခုတ်ခံရမည်။ လူသော်လည်း ပါးများ အရိုက်ခံရမည်။ နွားသော်လည်း ပြန်ပေးအလုပ်ခံရမည်။ မည်သူသည် ဦးထွားအား မကြောက်ဘဲ နေဝံ့ပါအံ့နည်း။
ရွာ၌ ပွဲခံသောအခါ၌လည်း ဦးထွား မပါလျှင်မပြီး၊ ဦးထွားထံလာ၍ တိုင်ပင်ကြရ၏။ ဦးထွားက အငှါးခိုင်းသောပွဲကိုသာ ငှားကြရလေသည်။ ရုပ်သေးဆိုလျှင် ရုပ်သေး၊ ဇာတ်ဆိုလျှင်ဇာတ်၊ အငြိမ့်ဆိုလျှင် အငြိမ့်။ ဦးထွား၏အလိုကို မလွန်ဆန်ဝံ့ကြပေ။ တခါတုန်းက ဦးထွား အငှါးခိုင်းသောပွဲကို မငှါးမိသောကြောင့် ပွဲထွက်၍ မကြာသေးမီ ဦးထွား ပွဲထဲဝင်ကာ ဆိုင်းတွေကို ဓားဖြင့်ထိုးဖောက်သောကြောင့် ပွဲပျက်ခဲ့၏။ မည်သူမျှ မလှုပ်ဝံ့ချေ။ ဤရွာတွင် ဦးထွားမှတပါး အခြား လူမိုက် မရှိ။ သူသာလျှင် လူမိုက်။ သူသာလျှင် တကျွန်းပြန် ဖြစ်လေသည်။
ရွာ၏ နယ်နိမိတ်အတွင်း၌ ကျွန်းနုပေါ်လာလျှင် သူကြီးမင်းနှင့်သမာဓိတို့က ရွာသားတို့အား မြေကို ခွဲဝေပေးလေ့ ရှိကြကုန်၏။ မကျေနပ်သူတို့က ဦးထွားထံ အယူခံဝင်ကြလေပြီ။ ဦးထွားလည်း မိမိ၏ဆောင်ဓါးကို ကိုင်ကာ ယင်းမြေနုရှိရာသို့ အယူခံဝင်သူတို့နှင့် အတူထွက်ခဲ့၏။ ရောက်လျှင် ထိုသူတို့အား မိမိတို့ ကြိုက်ရာမြေကို ယူကြဟု ပေးခဲ့လေသည်။ လူမိုက်၊ တကျွန်းပြန်တည်းဟူသော ဘွဲ့ နှစ်ဘွဲ့ပိုင်ရှင် ဦးထွား၏စီမံချက်ကို မည်သူ လွန်ဆန်ဝံ့ပါအံ့နည်း။ မည်သည့်ရုံးသို့သွား၍ အယူခံဝင့်ပါအံ့နည်း။ တချက်လွှတ်အမိန့်ကို ရထားသော ဦးထွားပေတည်း။
သူကြီးမင်းလည်း ဦးထွားအား ခပ်ကြောက်ကြောက်ပင်။ ဦးထွားနှင့် အလိုက်သင့်သာလျှင် ပေါင်းသင်းကာနေလေသည်။ ယနေ့ မိမိ၏အာဏာကို ပြလျှင် မနက်ဖြန် မိမိ၏ကိုယ်နှင့်ဦးခေါင်းတို့မှာ အိုးစားကွဲတော့မည်။ ထို့ကြောင့်လည်း ဦးထွားအား အလိုက်အထိုက် ပေါင်းသင်းဆက်ဆံခြင်းကို ပြုနေပေသည်။ ရွာသူရွာသားတို့မှာ ဦးထွားအား သူကြီးမင်းထက်ပင် ပိုမို၍ရိုသေကြ၏။ ကြောက်ရွံ့ကြ၏။ အားကိုးကြ၏။
သူခိုးပေါက်စ၊ လူမိုက်ပေါက်စ၊ ဓားပြပေါက်စကလေးတို့အား အခါပေးလုပ်နေသည်မှာ ဦးထွားပင် ဖြစ်လေသည်။ ခိုးရာပါပစ္စည်း၊ တိုက်ရာပါပစ္စည်းများကို ထုခွဲပေးနေသည်မှာလည်း ဦးထွားပင် မဟုတ်ပါလော။ လုပ်သေနတ်များကိုလည်း ထိုသူခိုးပေါက်စ၊ လူမိုက်ပေါက်စ၊ ဓားပြပေါက်စတို့အား ရှာကြံပေးသေး၏။ ခိုးရာပါပစ္စည်း၊ တိုက်ရာပါပစ္စည်းများ ဦးထွား၏လက်ထဲသို့ ရောက်သွားလျှင် အမှုများ မပေါ်တော့ပြီ။ အဘယ်သို့ ထုခွဲလိုက်သည် မသိ။ ပုလိပ်များ လာရောက်စုံစမ်းသောအခါ သူကပင် သူလျှိုလုပ်ကာ သတင်းပေးလိုက်သေး၏။ မကြာမီ ဦးထွား အမြင်ကပ်သောသူများ လက်ထိပ်များနှင့် ပါသွားကြရလေသည်။ နာမည်ကြီးလည်း ကြီးလောက်ပေသည်။
ဦးထွားနှင့် ဆွေမျိုးတော်စပ်သောသူတို့မှာလည်း ဦးထွား၏အရှိန်ကြောင့် အစားရချောင်၊ အနေရချောင်ရုံမျှမက မျက်နှာကြီးလျက်နေကြကုန်၏။ မည်သူမျှ သူတို့အား ရန်မစဝံ့။ ဟိုလူက ခေါ် ချင်၊ သည်လူက ခေါ်ချင်၊ ဟိုအိမ်က ကျွေးချင်၊ သည်အိမ်က ကျွေးချင်နှင့်ပင်။ ဦးထွား၏ “လူမိုက်” အရောင်ကြောင့် တဆွေလုံး၊ တမျိုးလုံး ပါးပြောင်နေကြလေပြီ။
ဦးထွား၏မယားကြီး မရွှေစာမှာ ဦးထွား တကျွန်းမှ မပြန်ရခင်ကပင် သေခဲ့၏။ သမီးရွှေပုံ၊ ရွှေစုံတို့သာ ကျန်ရစ်ခဲ့ကြလေသည်။ သူတို့မှာလည်း အိုးတွေ၊ အိမ်တွေနှင့် ဖြစ်နေကြကုန်ပြီ။ ညှိုးညှိုးငယ်ငယ်နှင့် နေထိုင်ကြရရှာကုန်၏။ ဦးထွား တကျွန်းမှ ပြန်ရောက်သည့်နေ့မှ အစပြု၍ သူတို့တတွေမှာလည်း စီးပွါးလမ်းဖြောင့်ကြပြီးလျှင် ရွှေတွေ ငွေတွေနှင့် ဖြစ်နေကြကုန်၏။ (ဪ မတရားသောအလုပ်များ တယ်စီးပွါးလမ်းဖြောင့်ပါကလားကရို့)။
ဦးထွား တကျွန်းမှ ပြန်ရောက်၍ မကြာမီပင် မယားတယောက်ကို ယူပြန်၏။ အသက်ကား ၄ဝ နီးပါး။ အမည်ကား ဒေါ်ဆင့်။ သမီးကလေး မြစိန် ဆိုသူလည်း ပါလာလေသည်။ မြစိန်မှာ သနားကမား၊ အသက် ၁၆ နှစ်သာ ရှိသေး၏။ ဦးထွားမှာ သည်ယုန်မြင်၍ သည်ချုံထွင်ခြင်းဖြစ်လေသည်။ ဒေါ်ဆင့်နှင့်ညား၍ လေးလမျှ မကြာမီပင် မြစိန်ကလေးကို သိမ်းပိုက်လိုက်ပြန်၏။ ဒေါ်ဆင့်ကလည်း ကျေကျေနပ်နပ်၊ မြစိန်ကလည်း ကျေကျေနပ်နပ်၊ ဦးထွားကလည်း ကျေကျေနပ်နပ်၊ သူတို့သုံးဦးသားမှာ အင်မတန် ပျော်ရွှင်နေကြလေသည်။ မကြာမီအတွင်းမှာပင် မြစိန်၏လက်တွင် ရွှေလက်ကောက်တွေ အပြည့်ရောက်နေပေ၏။ “မြစိန် ကုသိုလ်ကောင်းတာဘဲ” ဟု အိမ်နားနီးချင်းတွေက တီးတိုးစကား ပြောကြားကြသေးသည်။ (လောကကြီး ပျက်စီးလေပြီတကား)။
ယခုအခါတွင်ကား ဒေါ်ဆင့်တွင် နှစ်နှစ်ခွဲခန့် သားကလေးတယောက်၊ မြစိန်တွင် နှစ်နှစ်ရွယ် သမီးကလေးတယောက် တွဲလောင်း တွဲလောင်းနှင့် ဖြစ်နေကြလေပြီ။ ပျော်လည်းပျော်ကြ၏။ ကျေလည်းကျေနပ်ကြ၏။ သမီးနှင့် မအေ တလင်တည်း ယူထားကြသောကြောင့် စကားများရန် အကြောင်းမမြင်။ မိမိတို့၏လင်မှာလည်း နှယ်နှယ် မဟုတ်။ ဘွဲ့ထူး၊ ဂုဏ်ထူးကြီးတွေနှင့် လင်ပေ။ ရွာနီးပတ်ဝန်းကျင်တွင် နာမည်ဟိုးဟိုးကျော်နေသောလင်ပေ။ ဒေါ်ဆင့်တို့ သားအမိစိတ်တွင် ပျော်ရွှင်၍မဆုံးပြီ။ (တော်လဲ တော်ကြပါပေရဲ့)။
တရံခါသော် မြစိန်သည် မောင်ဘိုးဝ စိုက်၍ထားသော ပဲခင်းမှ ပဲလွမ်းများကို ဆွတ်ကာ ရောင်းစား၏။ မောင်ဘိုးဝ အဘယ်မှာလျှင် ခံနိုင်ပါအံ့နည်း။ မိမိ၏ပဲများကို မတရားဆွတ်ခူးခြင်းကို မပြုရန် ပြောဆိုဘိ၏။ လူမိုက်ကြီးကတော် အမျက်တော်ရှလေပြီ။ ချက်ခြင်းပင် မောင်ဘိုးဝ၏စကားမှာ ဦးထွား၏နားသို့ ပေါက်၍သွား၏။ ဦးထွား၏မျက်စောင်းကား အကြောင်းသုံးပါးကို ရွေးလေ့မရှိ။ ချက်ခြင်းပင် မိမိ၏မယားနှစ်ယောက်၊ သမီးရွှေစုံ၊ ရွှေပုံတို့ကိုပါ ခေါ် ကာ မောင်ဘိုးဝ၏မြေပေါ်သို့ ရောက်လာကြကုန်၏။ လက်ထဲတွင်လည်း ဆောင်ဓါးကြီးမှာ တပြောင်ပြောင်၊ တလက်လက်နှင့် နေလေသည်။
မောင်ဘိုးဝတို့ကား အဘယ်မှာလျှင် ဦးထွားနှင့် တုဖက်ဝံ့ကြပါအံ့နည်း။ မောင်ဘိုးဝ စိုက်၍ထားသော ပဲပင်များကို ဖျက်ဆီးလိုက်ကြလေသည်။ မောင်ဘိုးဝတို့မှာ ကြည့်၍သာ နေကြရရှာပေ၏။ ဤမျှနှင့် ဦးထွား မကျေနပ်သေး။ မောင်ဘိုးဝအား ဆောင်ဓားကြီးဖြင့် ခုတ်ရန် လိုက်သေး၏။ မောင်ဘိုးဝ သေပြေး ရှင်ပြေး ပြေးရလေသည်။
နောက်တနေ့တွင် လျှောက်လွှာတစောင်ကို ကိုင်ကာ မောင်လူအေး၏ရုံးသို့ မောင်ဘိုးဝ ရောက်လာ၏။ များမကြာမီ ထိုအမှုကို မောင်လူအေး ဝါးရုံတန်းရွာ၌ သွား၍စစ်ဆေးလေသည်။ သက်သေအများ မောင်ဘိုးဝဖက်မှ ထွက်ကြကုန်၏။ ထိုသူတို့ကား ဦးထွားကို ချုပ်ထားတော့မှ အဟုတ်အမှန်ကို ထွက်ဝံ့ကြလေသည်။ အကယ်၍သာ ဦးထွားအား မချုပ်ထားမူကား အဘယ်သူသည် မောင်ဘိုးဝဖက်မှ သက်သေလိုက်ဝံ့ပါအံ့နည်း။ သူ့အား ချုပ်ထားသောကြောင့် မည်သို့မျှ မလုပ်နိုင်သော်လည်း ဦးထွားမှာ မာန်စောင် တတင်းတင်း၊ မျက်စောင်းတခဲခဲနှင့် နေ၏။
ဦးထွား ကံခေသောကြောင့်လား မသိ။ မည်သူမျှ ဦးထွားဖက်မှ သက်သေ မထွက်ကြချေ။ ဦးထွားမှာ လူမိုက်တို့၏စံပျော်ရာ နန်းတော်သို့ မြန်းရလေတော့မည်။ မသွားမီကလေးမှာပင် “ထောင်ကို ငါမကြောက်ဘူး။ ထောင်ကို မကြောက်လို့ လူမိုက်လုပ်နေတာပေါ့။ တကျွန်းကတောင် ပြန်လာတဲ့လူဘဲ” ဟူ၍ မိမိ၏ဂုဏ်ထူးများကို ချီးကျူးလျက်နေတော့သတည်း။
ဤလူမျိုးကို ဆုံးမနိုင်သောသူ၊ ဆုံးမနိုင်သော ဥပဒေ၊ ဆုံးမနိုင်သော တရားတို့သည် အဘယ်မှာ ရှိကြပါသနည်း။ သိလိုလှ၏။
------------------------
 

 

Hi !

!

Popular posts from this blog

ဝေဝါးမှုတွေနဲ့အတူ မသေချာ မရေရာမှုများနဲ့ မြန်မာပြည်..။

  ဝါရင့်သတင်းစာဆရာကြီး လာရီယာဂန်က စစ်အာဏာသိမ်းမှု သုံးနှစ်ပြည့်တဲ့ ဖေဖော်ဝါရီ(၁)ရက်နေ့မှာ ဘန်ကောက်ပို့စ်သတင်းစာမှာ ဆောင်းပါးတစ်ပုဒ် ရေးသားလိုက်ပါတယ်။ ဆောင်းပါးခေါင်းစဉ်က Myanmar faces increasing uncertainty ပါ။ စစ်အာဏာသိမ်းပြီး သုံးနှစ်အကြာမှာ မြန်မာနိုင်ငံရဲ့အခြေအနေ ဘယ်လိုရှိသလဲ။ ရှေ့မှာ ဘာဖြစ်နိုင်သလဲ။ မှန်းဆထားတာပါ။ လက်ရှိ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်လို့ လာရီယာဂန်လည်း ဘာမှ မမှန်းဆနိုင်ပါဘူး။ သူပြောနိုင်တာ တစ်ခုက မြန်မာပြည်ဟာ မသေမချာ မရေမရာမှုတွေ အများကြီးနဲ့ ဆက်ပြီး ရင်ဆိုင်နေရဦးမယ်ဆိုတဲ့ ကောက်ချက်ပါ။ မြန်မာစစ်တပ်က ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရကို စစ်အာဏာသိမ်းခဲ့တာ ခု ဖေဖော်ဝါရီ(၁)ရက်မှာ သုံးနှစ်တိတိ ပြည့်ခဲ့ပြီဖြစ်ကြောင်း၊ သုံးနှစ်အတွင်း တိုင်းပြည်ဟာ အဖက်ဖက်က ယိုယွင်းပျက်စီးသွားပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေ တိုးပွါးနေကြောင်း၊ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ပီဒီအက်ဖ်တွေကြား တိုက်ပွဲတွေကြောင့် ပြည်သူသန်းပေါင်းများစွာ အိုးပစ်အိမ်ပစ် ထွက်ပြေးနေရကြောင်း လာရီယာဂန်က ရေးသားပါတယ်။ ...

ကရင်ပြည်နယ်ပုံရိပ်ကို ထိခိုက်စေသဖြင့် ရွှေကုက္ကိုလ်ကို တိုက်ခိုက်ရဟု KTLA ပြော

  ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ ရွှေကုက္ကိုလ်မြို့သစ်သည် ပြည်နယ်ဖွံဖြိုးမှု မဖြစ်စေဘဲ ပျက်ဆီးမှုကိုသာ ဖြစ်စေသဖြင့် တိုက်ခိုက်ရခြင်း ဖြစ်ကြောင်း ကော်သူးလေတပ် (KTLA) က ဧပြီ ၇ ရက်တွင် ကြေညာသည်။ Facebookတွင် ပျံ့နှံလာသော KTLA ဗဟိုဌာနချုပ် ရုံးထိုင်မှူး စောဝါးနေမူး လက်မှတ်ထိုးထားသည့် ကြေညာချက်အရ ရွှေကုက္ကိုလ်မြို့သည် မူးယစ်ဆေးဝါး ဖြန့်ဖြူးသုံးစွဲရောင်းချနေပြီး တိုင်းရင်းသူ အမျိုးသမီးများကို ပြည့်တန်ဆာအဖြစ် လိမ် လည်လှည့်ဖြားစေခိုင်းနေသည့် နေရာဖြစ်နေသလို စစ်ကောင်စီအတွက် တရားမဝင်ငွေကြေးများ ရှာဖွေပေးသည့် နေရာ ဖြစ်၍ ပြည်ပမှ အလုပ်သမားများကိုလည်း လိမ်လည်ခေါ်ဆို ခိုင်းစေမှုများ ရှိနေသဖြင့် KTLA အနေနှင့် ကရင်ပြည်နယ် အကျိုးအတွက် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း၊ ထို့အတွက် ရွှေကုက္ကိုလ်တွင် နေထိုင်သည့် ပြည်သူများအနေနှင့် တိုက်ပွဲ ဧရိယာမှ ရှောင်ပေးကြရန် ထုတ်ပြန်ထားသည်။ ထိုကြေညာချက်နှင့် ပတ်သက်၍ ပိုမိုသိရှိနိုင်ရန် KTLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောနယ်ဒါးမြကို ဧရာဝတီက ဖုန်းဖြင့်ဆက် သွယ်ခဲ့ရာ ၎င်း အလုပ်များနေသဖြင့် နောက်မှ ပြန်လည်ဆက်သွယ်ရန် ပြောဆိုသည်။ ကော်သူးလေတပ်နှင့် နီးစပ်သည်...

မြန်မာနိုင်ငံမှာရှိတဲ့ ဗမာလူမျိုး ပေါ်ပေါက်ပုံ အကြောင်း

  ဗမာလူမျိုး ပေါ်ပေါက်လာပုံ သမိုင်းကြောင်း – တိဘက်တို ဘားမန်းလူမျိုးနွယ်စုကြီး မှ အကြီးဆုံးသောလူမျိုးဖြစ်သည်။ ယနေ့ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းသို့ နာဂ၊ သက်၊ ကမ်းယံ၊ပျူ တို့နောက်မှ ဝင်ရောက်လာခြင်းဖြစ်သော်လည်းပျူတို့ ထူထောင်သည့် ပထမပြည်ထောင်စုကို အေဒီ ၈ ရာစုတွင် နန်ကျောက်တို့က ဖျက်စီးပြီးချိန် မတိုင်မှီက ပင် ရောက်ရှိနေထိုင်နေခဲ့ပြီးဖြစ်သည်ဟုခန့်မှန်း၍ရနိုင်သည်။အေဒီ ၁၀ ရာစုမတိုင်မှီ အချိန်ကပင် ကျောက်ဆည် ၁၁ ခရိုင်တွင် အခြေချခဲ့ပြီး နောက်များမကြာမှီ တွင်မြစ်သာ ၆ ခရိုင် ၊ ပုဂံ နေပြည်တော်တို့ကို ထူ ထောင်ကာဒုတိယမြန်မာပြည်ထောင်စုကို တည်ထောင်ခဲ့ကြသည်။ သို့သော် မြန်မာနိုင်ငံသားတို့က ထိုပြည်ထောင်စုကိုသာပထမပြည် ထောင် စုအဖြစ် လက်ခံကြသည်။သမိုင်းတစ်လျောက်တွင် မွန်ဂို၊ တရုတ်၊ ယိုးဒယား၊ မွန်၊ ရခိုင်၊ ရှမ်း၊ ကရင် အစရှိသည့် အတွင်း၊ အပြင်ရန်အမျိုးမျိုးနှင့်ကြုံတွ့ခဲ့ဖူးပြီးအကြိမ်တိုင်းတွင် ပြည်ထောင်စု၏ ဦးဆောင်သူနေရာကို ဗမာတို့ ပြန်လည်ကာ ရောက်ရှိနိုင်ခဲ့သည်။အနော်ရထာ၏ ပထမပြည်ထောင်စု(ပထမမြန်မာနိုင်ငံတော်ကြီး)၊ တပင်ရွှေထီး-ဘုရင့်နောင်တို့ ၏ ဒုတိယပြည်ထောင်စု (ဒုတိယ မြန်မာနိုင်ငံတော်ကြီး)၊အလောင်းဘုရား၏ တတိ...

မြန်မာပြည်မြေပုံကို အပြောင်းခံကြမှာလား

  ကမ္ဘာ့သမိုင်းကို ပြန်လေ့လာကြည့်မယ်ဆိုရင် အိမ်နီးချင်းနိုင်ငံတွေအဖြစ် နှစ်ပေါင်းများစွာ အတူတကွ ယှဉ်တွဲ ရပ်တည်နေကြပြီးမှ ဝေးကွာသွားကြတဲ့ နိုင်ငံတွေ ရှိခဲ့တယ်ဆိုတာ တွေ့နိုင်ပါတယ်။ ကျွန်တော်တို့အတွက် အထင်ရှားဆုံး ဥပမာတစ်ခုရှိပါတယ်။ အဲဒါကတော့ မြန်မာနဲ့ ပါကစ္စတန်တို့ဟာ ယခင်က နယ်မြေချင်း ထိစပ်နေကြတဲ့ အိမ်နီးချင်း နိုင်ငံတွေပါ။ သို့သော် ၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံအသစ် ပေါ်ပေါက်လာချိန်မှာတော့ အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားခဲ့ကြပါတယ်။ ယခင်က အိမ်နီးချင်းဖြစ်ခဲ့လို့ ထင်ပါတယ်၊ မြန်မာနဲ့ ပါကစ္စတန်တို့ရဲ့ ဆက်ဆံရေးဟာ ကောင်းမွန်နေကြဆဲဆိုတာ သက်သေ၊ သာဓကများစွာ ရှိပါတယ်။ အဲဒီလို အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားရခြင်းဟာ သူတို့ရဲ့ ပြည်တွင်းရေးသာ ဖြစ်တဲ့အတွက် အထူးအထွေ ဝေဖန်ရန် မရှိပါ။ သို့သော် လက်ရှိအခြေအနေမှာ မြန်မာရဲ့ အိမ်နီးချင်း (၅) နိုင်ငံရှိနေရာက မတူညီတဲ့ အိမ်နီးချင်းနိုင်ငံသစ်တွေ ထပ်မံ ပေါ်ပေါက်လာဖို့ လုပ်ဆောင်နေကြတာတွေ မြင်နေရပါပြီ။ ဒီတစ်ကြိမ်ကတော့ ကျွန်တော်တို့ရဲ့ ပြည်တွင်းရေးဖြစ်တဲ့အတွက် အလေးထားရပါတော့မယ်။ ရှိပြီးသား အိမ်နီးချင်း (၅) နိုင်ငံနဲ့ မြန်မာတို့အကြား ကျွန်တော်တိ...

မြန်မာ ဒုကာကွယ်ရေးဝန်ကြီး ထောင်ထဲရောက်ပြီ

  မြန်မာ ဒုကာကွယ်ရေးဝန်ကြီး ထောင်ထဲရောက်ပြီ မတ်လ ၂၈ ရက် ၂၀၂၄ ခုနှစ် နံနက် ၁၀ နာရီ ၂၀ သတင်း ================================= ကာကွယ်ရေး ဒု-ဝန်ကြီး ဖြစ်သူ ဗိုလ်ချုပ်အောင်လင်းထွန်းကို ကျားဖြန့်လုပ်ငန်းနဲ့ ပတ်သက်တယ်ဆိုပြီး မနေ့ည မတ်လ ၂၇ ရက်နေ့ည ၁၁ နာရီတွင် စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့မှ သွားရောက်ဖမ်းဆီးခဲ့ကြပါတယ်။ အဆိုပါ ဖမ်းဆီးချိန်တွင် ဒုကာကွယ်ရေးဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်အောင်လင်းထွန်းသည် အရက်မူးနေပြီး အသာတကြည် လိုက်လာခြင်းမရှိပဲ … ပုဆိုးလှန်ပြီး ဆဲဆိုနေခြင်းကြောင့် စစ်ဘက်လုံခြုံရေးအဖွဲ့မှ ရိုက်နှက်ခဲ့ရာ.. သွား အချို့ ကျွတ်သွားပြီး ပါးစပ်တခုလုံး သွေးများနီရဲနေသည်။ “အဲ့ကောင် ပါးစပ်က သွေးမတိတ်ခင် ရမဲသင်းထောင်ပို့လိုက်စမ်း” လို့ အထက် အမိန့်ပေးလိုက်တော့ အခု ရမဲသင်းထောင်ရောက်နေပြီဖြစ်ကြောင်း မြန်မာအမေရိကန် သတင်းဌာနမှ စုံစမ်းသိရှိရသည်။ ဂိုလ်ရှယ်လေး

စစ်တပ်မှ အာဏာသိမ်းထားသည့် ၃ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ထောင်သားဘဝ

                           ဖေဖော်ဝါရီလ ၁ ရက်နေ့သည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့အတွက် အနှောက်အယှက်ဖြစ်စေသူဟု ယူဆသည့် ရွေးကောက်ခံအစိုးရ ခေါင်းဆောင်နှင့် နိုင်ငံသမိုင်းတွင် အညီညွတ်ဆုံးဖြစ်စေခဲ့သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာမှဖယ်ရှားပြီး မအောင်မြင်သော အာဏာသိမ်းမှု ပြုလုပ်သည့် သုံးနှစ်မြောက်နေ့ ဖြစ်သည်။ ရက်ပေါင်း ၁၀၉၅ ရက်ကျော် ကြာသော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် မြို့တော်နှင့် စစ်တပ်ဗဟိုဌာနချုပ် နေပြည်တော် အနောက်တောင်ဘက်အစွန်းမှ ထောင်တခုတွင် တဦးတည်း ဆက်လက် ဖမ်းဆီးချုပ်နှောင်ခံနေရသည်။ သူ့အတွက် တခုတည်းသော ထောင်ပြင်ထွက်ရချိန်သည် လွန်ခဲ့သောနှစ်အတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စတာ ဒွန် ပရာမတ်ဝီနိုင်နှင့် တွေ့ရသည့် တိုတောင်းသော ကာလဖြစ်ပြီး သူ့ကို ချမှတ်ထားသည့် ထောင်သက်တမ်းကိုလည်း ၃၃ နှစ်မှ ၂၇ နှစ်သို့ လွန်ခဲ့သောနှစ်က လျှော့ချပေးသည်။ အာဏာသိမ်းမှု နှစ်ပတ်လည်သည် ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းနည်းစရာကောင်းသော လက်ရှိအခြေအနေနှင့် ဝေဝါးနေသည့် အနာဂတ်ကို မီးမောင်းထိုးပ...

ပဲခူးတိုင်း မင်းလှမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွား

  မင်းလှတွင် ၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲ ၆ ကြိမ် အတွင်း စစ်တပ်ဘက်မှ စစ်သား ၈၀ ဦးကျော်သေဆုံး ရန်ကုန်၊ မတ် ၁၁ ပဲခူးတိုင်း၊ မင်းလှမြို့နယ်အတွင်း ၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲ ၆ ကြိမ် အတွင်း စစ်တပ်ဘက်မှ ၈၀ ကျော်သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ မတ်လ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ ဧက ၁၀၀၀ ကျွန်း စိုက်ခင်း ကျုံးပေါက်အနီး၌ စစ်ကြောင်း ထိုးလာသော အင်အား ၁၂၀ ပါ စစ်ကောင်စီ တပ်သားများကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ နှင့် ဒဂုံစစ်ကြောင်းတို့က စောင့်ကြို တိုက်ခိုက်ခဲ့ရာ အပြန်အလှန် တိုက်ပွဲ ၂ နာရီကျော် ကြာမြင့်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်ဘက်မှ ၂၀ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။ ယင်းနေ့ ညနေ ၅ နာရီခန့်အချိန် မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်းပေါ်ရှိ ဟိုင်းယု လမ်းဆုံတွင် တပ်ဆွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ နှင့် တပ်ခွဲ ၃ တို့က လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ရှောင်တခင် သွားရောက် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၃ နာရီခန...

တပ်မလက်ရွေးစဉ် ဘီလူးစစ်ကြောင်းဆိုသည်မှာ .....

    “ဒီစစ်ကြောင်းက စစ်တိုက်ဖို့ဆိုတာထက် လူတွေကိုသတ်၊ မုဒိမ်းကျင့်ဖို့ အဲ့လိုမျိုးတွေလုပ်ဖို့ အဓိကလာတဲ့ စစ်ကြောင်းပါ။ လူမဆန်တဲ့ လုပ်ရပ်တွေကို အဓိကလုပ်တာ” မြောင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) က ကိုနွေဦးက စစ်ကိုင်းဒေသအတွင်း စစ်ရာဇဝတ်မှုများကို ကျူးလွန်ချိုးဖောက်နေသည့် ဘီလူးစစ်ကြောင်း၏ လုပ်ရပ်များကို ပြောဆိုသွားခြင်းဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြည်သူများကို ရက်ရက်စက်စက် ခေါင်းဖြတ်သတ်သည့် စစ်ကြောင်း၊ အစုလိုက် အပြုံလိုက် သတ်သည့်စစ်ကြောင်း၊ မုဒိမ်းမှုများကို ကျူးလွန်နေသည့် စစ်ကြောင်းဟု ဆိုလိုက်ပါက လူတိုင်းက ဆိုးဆိုးရွာရွား နာနာကျည်းကျည်း အမှတ်ရနေသည့် စစ်ကြောင်းမှာ ဘီလူးစစ်ကြောင်းပင် ဖြစ်သည်။ ရက်စက်မှုအပေါင်း သရဖူဆောင်းထားသည့် ဘီလူးစစ်ကြောင်းသည် ယခုနှစ် ဩဂုတ်လ တတိယပတ်မှ စက်တင်ဘာလ ဒုတိယပတ်ထိ စစ်ကိုင်း၊ ရွှေဘို၊ ဝက်လက်နယ်များသို့ စစ်ကြောင်းထိုး ဝင်ရောက်ပြီးနောက် ပြည်သူများကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်။ 'စစ်ကိုင်း၊ ရွှေဘို၊ ဝက်လက်နယ်ထဲ ဘီလူးစစ်ကြောင်း၏ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သည့် အခြေအနေများ' မန္တလေး-ရွှေဘို-မြစ်ကြီ...

ရှမ်းမြောက်က ကျားဖြန့် ဇာတ်သိမ်းခန်း

  ဇန်နဝါရီ ၃၀ ရက်တွင် မြန်မာနိုင်ငံ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက တရုတ် အစိုးရထံ မြန်မာနိုင်ငံမြောက်ပိုင်း ကျားဖျန့် လုပ်ငန်းများတွင် အဓိက ကြိုးကိုင်သူများဟု သတ်မှတ်ထားသည့် ပယ်စောက်ချိန်အပါအဝင် ခြောက်ဦးနှင့် အခြားအရေးကြီးသံသယရှိ သူ လေးဦးကို လွှဲပြောင်းပေးခဲ့သည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ဇန်နဝါရီ ၃၀ ရက်တွင် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးအဖွဲ့ အစည်းထံသို့မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့် ဒေသ အွန်လိုင်းလိမ်လည်မှုအဖွဲ့၏ အဓိက ခေါင်းဆောင် ခြောက်ဦးဖြစ်သည့် ပယ် စောက်ချိန်၊ ပယ်ရင်ချန်၊ဝေ့ဟွိုင်ရန်၊ လျိုကျန့် ရှန်၊ လျိုကျန့်မောက်၊ ရွှီလောက်ဖာနှင့် အခြား အရေးကြီး ပြစ်မှုကျူးလွန်ကြောင်းသံသယရှိ သူ လေးဦးအား တရားဥပဒေနှင့်အညီ လွှဲ ပြောင်းပေးအပ်ခဲ့ပြီး အဆိုပါ ၁၀ ဦးကို ယင်း နေ့ညတွင်ပင် တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့ သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ခဲ့သည်။ ယင်းသို့ မြန်မာနိုင်ငံမြောက်ပိုင်းရှိ ကျား ဖျန့်လုပ်ငန်းများတွင် အဓိကတာဝန်ရှိသူဟု တရုတ်အစိုးရက သတ်မှတ်ထားသည့် ပယ် စောက်ချိန် အပါအဝင် ခြောက်ဦးအား လွှဲ ပြောင်းပေးအပ်ခြင်းမှာ တရုတ်-မြန်မာ နှစ် နိုင်ငံ၏ န...

အာဆီယံ-သြစတြေးလျ ထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီ ကိုယ်စားလှယ်တက်မည်

 စစ်ဗိုလ်ချုပ်များခန့်ထားသည့် သံအမတ်က မဲလ်ဘုန်းမြို့တွင် ၃ ရက်ကြာ ကျင်းပမည့် ဒေသတွင်း အထူးထိပ်သီးအစည်းအဝေးကာလအတွင်း ဆွေးနွေးပွဲ ၂ ခုကို တက်မည်ဟု သိရှိရသည်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသည့် အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသည့် သြစတြေးလျ ဝန်ကြီးချုပ် Anthony Albanese ကို တွေ့ရစဉ်။ သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် မတ်လ ၄ ရက်မှ ၆ ရက်အထိ ကျင်းပမည့် အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီကိုယ်စားလှယ် တက်ရောက်မည်ဟု သိရသည်။ အစည်းအဝေးကာလတွင် ပြုလုပ်မည့် ရေကြောင်းပူးပေါင်းဆောင်ရွက်ရေးညီလာခံ၊ ရာသီဥတုနှင့် သန့်ရှင်းသောစွမ်းအင်ဆိုင်ရာ ဖိုရမ်တို့ကို ကင်ဘာရာမြို့ မြန်မာသံရုံးမှ စစ်ကောင်စီခန့် သံအမတ် ဦးသက်ထွန်း တက်ရောက်မည်ဖြစ်သည်။  အခြား ဆက်စပ်အစည်းထိပ်သီးအစည်းအဝေးများသို့ စစ်ကောင်စီကိုယ်စားပြုကိုယ်စားလှယ် တက်မည်၊ မတက်မည်ကိုမူ သြစတြေးလျ နိုင်ငံခြားရေးနှင့် ကုန်သွယ်မှုဌာနက ပြောဆိုခြင်းမရှိပေ။ ...

Click !