အီရန် - အီရတ် စစ်ပွဲတွင် လူ ၅၀၀,၀၀၀ ခန့်စီ သျေကြခဲ့ကြသည်ဟုဆိုသော်လည်း အချို့သတင်းများအရ သန်းဂဏန်းအထိ သေကြေခဲ့ကြသည်ဟုဆိုသည် ။
အီရတ်က တားမြစ်ထားသော လက်နက်များကို အသုံးပြုမှုကြောင့် အီရန်တွင် ခလေးငယ်များအပါအဝင် အရပ်သားသေကြေမှုများ များပြားခဲ့ရသည် ။
ယင်းကိစ္စတွင် အမေရိကန်တို့စနက် ပါဝင်သည်ဟု အီရန်တို့က မှတ်ယူထားပုံရသည် ။
ပို၍ထင်စရာမှာ ထိုလက်နက်များ အီရတ်ထံတွင် ရှိနေနိုင်သေးသည်ဟု အမေရိကန်တို့က တွက်ချက်ပြီး အကြောင်းပြချက်ဖြင့် အီရတ်ကို အမေရိကန် ဦးဆောင်သောအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့သည် ။
သို့သော် အီရတ်ထံတွင် မည်သည့်တားမြစ်လက်နက်မှ ရှိမနေခဲ့သဖြင့် အမေရိကန်တပ်များသည် ဒီမိုကရေစီ နှင် လူ့အခွင်အရေးကို အကြောင်းပြကာ အီရတ်တွင် တပ်စွဲထားခဲ့ပြန်သည် ။
အီရန် နှင့် အမေရိကန် တို့၏ တင်းမာနေသော အခြေအနေကြောင့် အီရတ်နိုင်ငံသည် သူနိုင်ငံအတွင်း အမေရိကန်တပ်များ တည်ရှိနေမှုကို ဘဝင်မကျနိုင်တော့ချေ ။
အချိန်မရွေး ပေါက်ကွဲသွားနိုင်သော စစ်ရေးအနေအထားကြောင့် အီရတ်နိုင်ငံသည် Proxy War အတွက် စစ်မြေပြင် ဖြစ်သွားနိုင်ချေ ရှိနေသည် ။
ဖေဖော်ဝါရီလ ၇ ရက်နေ့ကပင် အီရတ်နိုင်ငံ၏ ဘဂ္ဂဒတ်မြို့တော်တွင် အမေရိကန်တို့က ဆီးရီယားမှ ဟစ်ဇဘိုလာ တပ်မှူးတစ်ဦးအား လုပ်ကြံသည့် စစ်ရေးဆောင်ရွက်မှု တစ်ခုကို ကျူးကျော်ပြုလုပ်ခဲ့ခြင်းအပေါ် အီရတ်နိုင်ငံအနေဖြင့် မပြောနိုင်မဆိုနိုင် ဖြစ်ခဲ့ရသည် ။
အီရန်နှင့် အမေရိကန်တို့ ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပေါ်လာပါက အီရတ်နိုင်ငံသည် စစ်တလင်းဖြစ်သွားနိုင်ချေ ရှိနေသည် ။
ပြန်လည်သင့်မြတ်ကာစ အီရန်နိုင်ငံအား အမေရ်ိကန်တို့က အီရတ်မြေကို အသုံးချ၍ စစ်မက်ပြုမည်ကို အီရတ်နိုင်ငံအဘို့ လက်ခံနိုင်မည် မဟုတ်ပေ ။
ထိုကြောင့်လည်း အမေရိကန်တပ်များ အီရတ်နိုင်ငံအတွင်း တည်ရှိနေမှုကို အီရတ်နှင့် အမေရိကန်တို့ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေရခြင်းဖြစ်သည် ။
အီရတ်နိုင်ငံသည် အီရန်နိုင်ငံနှင့် နှစ်ရှည်လများ ကြာမြင့်သည့် စစ်ပွဲကြီးကို ဆင်နွှဲခဲ့ပြီး အသာစီးနှင့် စတင်တိုက်ခိုက်ရပါလျက်နှင့် အထိနာခဲ့ဘူးသည်ကို မေ့ဖျောက်ပစ်၍ ရမည်မဟုတ်ပါ ။
ထို့ကြောင့်လည်း အမေရိကန်စနက်ကြောင့် အီရန်နှင့် စစ် ထဖြစ်ရမည်ကို ရှောင်ရှားရန် ကြိုးစားနေခြင်းဖြစ်သည် ။
အီရန်နိုင်ငံ၏ အထောက်အပံ့ကို ရယူနေသော လက်နက်ကိုင်အဖွဲ့များ ( အနောက်တိုင်း မီဒီယာမျာက စစ်သွေးကြွများ ဟုဖော်ပြ ) သည် အမေရိကန်နှင့် အပေါင်းပါတို့၏ အကျိုးစီးပွား ( ကုန်သွယ်စီးပွားရေး ) ကို ကောင်းစွာထိပါး နှောက်ယှက်နိုင်စွမ်းရှိလာခြင်းသည် အမေရိကန်အတွက် ခံရခက်ဆိုးနေခဲ့သည် ။
အကယ်၍ ပင်လယ်ရေကြောင်းကုန်သွယ်မှုကိုသာ အီရန်အထောက်အပံ့ခံ ၊ အမေရိကန်ဆန့်ကျင်ရေးလက်နက်ကိုင် အဖွဲ့များက အပြည့်အဝနီးပါး ထိမ်းချုပ်နှောက်ယှက်နိုင်စွမ်း ရှိသွားခဲ့လျင် အမေရိကန်နှင့်အီရန်တို့၏ ရန်ကြွေးဆပ်ပွဲသည် ( ၁ ) မှနေ၍ ပြန် စ,လာမည့်အခြေအနေသို့ ရောက်ရှိသွားနိုင်ပါတော့သည် ။
မောင်မြင့်ဆွေ
၁၁. ၂. ၂၀၂၄