ပါကစ္စတန်နိုင်ငံ၏အကြီးမားဆုံးနိုင်ငံရေးပါတီ နှစ်ခုသည် ညွန့်ပေါင်းအစိုးရအဖွဲ့ဖွဲ့စည်းရန် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။
ပါကစ္စတန်နိုင်ငံတွင် ပြီးခဲ့သောရက်ပိုင်းက ရွေးကောက်ပွဲကျင်းပခဲ့ပြီးနောက်
အစိုးရအဖွဲ့ဖွဲ့စည်းနိုင်သော ပါတီမျိုး
ထွက်ပေါ်လာခဲ့ခြင်းမျိုးမရှိခဲ့ကြောင်း သိရသည်။
ထိုအတွက်ကြောင့် ရွေးကောက်ပွဲအနိုင်ရပါတီများသည်
အစိုးရအသစ်ဖွဲ့စည်းနိုင်ရန်အတွက် ညွန့်ပေါင်းဖွဲ့စည်းနိုင် ရန်
ဆွေးနွေးခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်တွင်
ပါကစ္စတန်၏အင်အားအကြီးဆုံးပါတီဖြစ်သလို အနိုင်ရ ပါတီ များတွင် ပါဝင်ခဲ့သော
PPP ပါတီ နှင့် (PML-N)ပါတီတို့သည် ညွန့်ပေါင်းအစိုးရဖွဲ့စည်းနိုင်ရန်
လက်ရှိအချိန်တွင် သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။
သို့သော်လည်း ဖေဖော်ဝါရီလ ၈ ရက်နေ့က ကျင်းပခဲ့သော
ရွေးကောက်ပွဲတွင်မဲအများဆုံးအနိုင်ရခဲ့သော ဝန်ကြီးချုပ်ဟောင်း
အီမရန်ခန်း၏ပါတီက ညွန့်ပေါင်းအဖွဲ့တွင် ပါဝင်ခြင်းမျိုးမရှိကြောင်း သိရသည်။
PML-N ပါတီ နှင့် PPP ပါတီတို့သည် အစိုးရအသစ်ဖွဲ့စည်းရာတွင် PML-N
ပါတီခေါင်းဆောင်ဖြစ်သလို ဝန်ကြီးချုပ်ဟောင်း သုံးကြိမ်တာဝန်ယူခဲ့ဖူးသော
နာဝက်ရှာရစ်ကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရန် သဘောတူညီခဲ့ကြောင်း သိရသည်။
PML-N ပါတီသည် ရွေးကောက်ပွဲတွင် လွှတ်တော်နေရာပေါင်း ၇၉ နေရာအနိုင်ရခဲ့ပြီး
PPP ပါတီက လွှတ်တော် နေရာပေါင်း ၅၄ နေရာတွင် အနိုင်ရခဲ့ကြောင်း သိရသည်။
အစိုးရအသစ် ဖွဲ့စည်းနိုင်ရန်အတွက် လွှတ်တော်နေရာ ပေါင်း ၂၆၄ နေရာရရှိရန်
လိုအပ်နေရာ PPP ပါတီ နှင့် (PML-N) ပါတီတို့သည်
ညွန့်ပေါင်းအစိုးရဖွဲ့စည်းနိုင်ရန် အတွက် အခြားပါတီငယ်များနှင့်
ထပ်မံဆွေးနွေးကာ အစိုးရအသစ်တစ်ရပ်ဖွဲ့စည်းနိုင်ရန်ကြိုးပမ်းရဖွယ်ရှိနေသည်။
လူဦးရေ ၂၄၁ သန်းကျော်ရှိနေသည့် ပါကစ္စတန်နိုင်ငံတွင်
စီးပွားရေးတိုးတက်မှုနှေးကွေးခြင်း၊ ငွေကြေးဖောင်းပွမှု မြင့်တက်ခြင်း၊
အကြမ်းဖက်မှုမြင့်တက်ခြင်းများကြောင့်
စီးပွားရေးကျဆင်းမှုများရင်ဆိုင်နေရပြီး နိုင်ငံတည်ငြိမ်ရေး အတွက်
အခက်အခဲများဖြစ်နေကြောင်း သိရသည်။
ပြီးခဲ့သောသီတင်းပတ်အတွင်းကျင်းပခဲ့သော ရွေးကောက်ပွဲတွင်
ဝန်ကြီးချုပ်ဟောင်း အင်မရမ်ခန်း ဦးဆောင်သော PTI-Ind ပါတီက
ရွေးကောက်ပွဲတွင်လွှတ်တော်နေရာပေါင်း ၁၁၆ နေရာရရှိခဲ့ပြီး
ညွန့်ပေါင်းအစိုးရအဖွဲ့ ဖွဲ့စည်းရေး တွင် ပူးပေါင်းပါဝင်မည်မဟုတ်ကြောင်း
သိရသည်။