Skip to main content

Continue !

ကရင်ပြည်နယ်မှာ အခြေစိုက်ထားပြီး ကမ္ဘာတဝန်းကို ဖြန့်ကျက်နေတဲ့ တရုတ်လူလိမ်ဈေးကွက်

 


မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား အဓိက ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာရှိတဲ့ မြဝတီမြို့ဟာ အကျင့်ပျက်ခြစားမှုတွေနဲ့ လျော့ရဲနေတဲ့ တရားဥပဒေစိုးမိုးရေးအောက်မှာ တရုတ်လူလိမ်တွေ အခြေစိုက်ရာ စားကျက်မြေတခုသဖွယ် ဖြစ်လာနေပါတယ်။

ကန့်ကွက် အငြင်းပွားမှုတွေ၊ ဥပဒေမဲ့ လုပ်ဆောင်မှုတွေကြောင့် လူထုကြားမှာ ဟိုးလေးတကြော်ဖြစ်ခဲ့တဲ့ စစ်တပ် လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF) ထိန်းချုပ်ရာဒေသက ရွှေကုက္ကိုလ် တရုတ်မြို့သစ်စီမံကိန်း အစပြုလို့ တရုတ်တွေဟာ နယ်စပ်မြို့တခုဖြစ်တဲ့ မြဝတီကို ထောင်နဲ့ချီ အလုံးအရင်းနဲ့ ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

               
                               မြဝတီမြို့ (ဓာတ်ပုံ – Google Earth)

လက်နက်ကိုင်လှုပ်ရှားမှုတွေ ရှိနေတဲ့ မြဝတီခရိုင်ဒေသကို အဓိကအနေနဲ့ စစ်တပ်နဲ့ စစ်တပ်လက်အောက်ခံ လက်အောက်ခံ BGF က ဗိုလ်မှူးကြီးစောချစ်သူနဲ့ ဗိုလ်မှူးမုတ်သုန်တို့ ဦးဆောင်တဲ့ တပ်ဖွဲ့တွေက ထိန်းချုပ်ထားပြီး တရုတ်ရင်းနှီးမြုပ်နှံသူတွေနဲ့ အကျိုးတူစီးပွားဖက်တွေအနေနဲ့ လုပ်ဆောင်နေကြတာတွေလည်း ရှိကြပါတယ်။

သူတို့ဟာ ကျဉ်းမြောင်းတဲ့ နယ်စပ်သောင်ရင်း မြစ်ကမ်းတလျှောက် လောင်းကစားရုံကြီးတွေဖွင့်ပြီး လိမ်လည် ငွေရှာကြ သလို လူကုန်ကူးတာ၊ အတင်းအဓမ္မစေခိုင်းတာ၊ လုပ်အား ခေါင်းပုံဖြတ်တာတွေကိုလည်း ကျူးလွန်နေကြတယ်လို့ ကိုယ် တိုင်ကြုံတွေ့ခဲ့ရသူတွေက ပြောပါတယ်။

ဟုန်အွမ်ဆိုတဲ့ လောင်းကစားရုံမှာ ၁ လကျော် လုပ်ကိုင်ခဲ့ပြီး လျော်ကြေးပေးပြန်ခဲ့ရသူ တဦးက “မင်း ရောက်သွားပြီ ဆိုတာနဲ့ မင်းငွေညှစ်ခံရမှာပဲ။ ဘာမှ ဥပဒေဆိုတာ မရှိဘူး။ သူတို့ ပါးစပ်ထဲမှာပဲ။ သူတို့ခိုင်းတာ အကုန် လုပ်ရမယ်။ မလုပ်ရင်လည်း ဘေးမှာက သူတို့ လုံခြုံရေးခန့်ထားတဲ့ သူတွေနဲ့” လို့ ပြောပါတယ်။

ဟုန်အွမ် လောင်းကစားရုံဟာ မြဝတီမြို့ အမှတ် (၁) ဂိတ်အနီးမှာ တည်ရှိပြီး အမှတ် (၄) ဂိတ်နဲ့ ၉၉၉ ဂိတ်ဟောင်း နေ ရာတွေမှာလည်း အလားတူ လောင်းကစားရုံကြီးတွေ ဖွင့်လှစ်လုပ်ကိုင်နေကြတယ်လို့ ဆိုပါတယ်။

လောင်းကစားရုံပိုင်ရှင် သူဌေးဆိုသူတွေကတော့ တရုတ်ပြည်မကလာတဲ့ တရုတ်လူမျိုးတွေ ဖြစ်တယ်လို့လည်း လုပ်ကိုင်ခဲ့ သူတွေက ပြောပါတယ်။

                    
                               မြဝတီမြို့ သောင်းရင်းမြစ်ကမ်းတွင်တွေ့ရသည့် ကာစီနိုရုံတခု

၉၉၉ ဂိတ်နားက ဟိန်းစိန် – ၂ လို့ခေါ်တဲ့ Elephant ကုမ္ပဏီမှာတော့ ရာဂဏန်းရှိတဲ့ တရုတ်တွေနဲ့အတူ ထိုင်းနိုင်ငံသားတွေလည်း လာရောက် လုပ်ကိုင်နေကြပြီး ကာစီနိုလောင်းကစားတွေ၊ KTV၊ အပျော်ခန်းတွေ၊ ဂိမ်းတွေနဲ့ အွန်လိုင်းကနေ လိမ်တဲ့ အလုပ်တွေ လုပ်ကိုင်ကြပါတယ်။

အဆိုပါ ဟိန်းစိန်လောင်းကစားရုံတခုထဲမှာပင် အလုပ်ဌာနအသီးသီးမှာ မြန်မာတိုင်းရင်းသားလူငယ်တွေ အပါအဝင် ဝန်ထမ်းတထောင်ခန့်နဲ့ လည်ပတ်လုပ်ကိုင်နေကြတာဖြစ်တယ်လို့ လုပ်ကိုင်ခဲ့သူတဦးက ခန့်မှန်းထားပြီး ဒီလိုလောင်းကစားရုံးတွေဟာလည်း မြဝတီမြို့မှာ ၁၀ ခု ထက်မနည်းရှိနိုင်တယ်လို့ ဆိုပါတယ်။

သူတို့ရဲ့ မြင့်မားတဲ့ လစာငွေနဲ့ မြူဆွယ်ထားတဲ့ အလုပ်တွေကို ငွေရှာဖို့ မျှော်လင့်ချက်နဲ့ လာရောက်လုပ်ကိုင်ကြတဲ့ တိုင်းရင်းသား လူငယ်အများစုဟာ ရောင်းစားခံရပြီးနောက် လူတွေကို လိမ်လည်ငွေရှာရတဲ့ အလုပ်တွေ အဓမ္မစေခိုင်းခံရပါတယ်။

ဒါ့ပြင် လစာ ခေါင်းပုံဖြတ်တာတွေကြောင့် နောက်ဆုံးမှာ သူတို့ပြောတဲ့ လျော်ကြေးပေးပြီး ပြန်ထွက်လာကြရတယ်လို့လည်း ကိုယ်တိုင်ကြုံခဲ့ရသူတွေက ပြောပြပါတယ်။

ဂိတ် (၁) လောင်းကစားရုံမှာ အလုပ်လုပ်ခဲ့ပြီး ဘတ်တသောင်းခွဲ လျော်ပေးခဲ့ရတဲ့ လူငယ်တဦးက “သူဌေးဆိုသူတွေက တ ရုတ်ပြည်က လာတဲ့သူတွေ။ မြဝတီမှာပဲ တရုတ်တွေ အချင်းချင်း ဟိုဘက်၊ ဒီဘက် ရောင်းစားတာလည်း ရှိတယ်။ သူငယ် ချင်း တယောက်ဆို ဘတ်ကိုးသောင်းနဲ့ ရောင်းစားခံလိုက်ရတယ်” လို့ ပြောပါတယ်။

ဒီလို ရောင်းစားခံနေရသူတွေထဲ တရုတ်တွေ၊ ထိုင်းတွေလည်းပါဝင်ပြီး မြန်မာပြည်ဖွား တရုတ်လူငယ်တွေနဲ့ ကချင်၊ ရှမ်း ပြည်နယ်ဘက်က တိုင်းရင်းသားလူငယ်တွေလည်း ပါဝင်ကြတယ်လို့ သိရပါတယ်။

                          
                                                                    မြဝတီမြို့

“ဝန်ထမ်းအားလုံးနီးပါးက ရောင်းစားခံထားရတာ။ တရုတ် တယောက်ဆို ယွမ် ၃/၄ သိန်းနဲ့ ရောင်းစားလိုက်တာ။ သူဆို ဘဝ ပျက်ပြီ။ ဒီမှာရှိတဲ့ တရုတ်ကုမ္ပဏီတွေမှာပဲ ဟိုဘက်ကူးလိုက်၊ ဒီဘက်ကူးလိုက်နဲ့ လည်နေတယ်” လို့ လူငယ်တဦး က ပြောပြပါတယ်။
သူတို့လို အဓမ္မစေခိုင်းခံရပြီး လျော်ကြေးပေးမှ ပြန်ခွင့်ရခဲ့တဲ့ လူငယ်အများကြီးထဲကမှ ဝူချင်းဟုန်ဆိုသူကတော့ ၉၉၉ ဂိတ် နားက လောင်းကစားရုံကနေ လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။

တရုတ်စာတတ်တဲ့ ဝူချင်းဟုန် အနေနဲ့ လစာတရုတ်ယွမ်ငွေ ၇ ထောင် (ကျပ် ၁၄ သိန်းခန့်) ပေးမယ့် အလုပ်ခေါ်စာ တခုကို အွန်လိုင်းမှာ တွေ့ရှိရာကနေ မြဝတီမှာ အလုပ်သွားလုပ်ဖို့ ဖြစ်လာခဲ့ပါတယ်။ သူ့အနေနဲ့ လူတွေကို လိမ်လည်ပြီးမှ ငွေ ရှာပေးရမယ်လို့တော့ တွေးထင်မထားမိဘူးလို့ဆိုပါတယ်။

ဝူချင်းဟုန်က “ဘာအလုပ်လဲ ရေရေရာရာ မပြောဘူး။ တရုတ်စာ၊ အင်္ဂလိပ်စာ နည်းနည်းပါးပါးရရင် ရတယ်။ လာခဲ့ဆိုတာ ပဲ။ အာဏာ သိမ်းထားချိန်ဆိုတော့ ရန်ကုန်မှာလည်း နေလို့ သိပ်အဆင်မပြေတာရယ်၊ စားဝတ်နေရေးနဲ့ ကိုယ်တတ်ထား တာလေး အသုံးချရမယ်ဆိုပြီး သွားဖြစ်တော့တာပဲ” လို့ ပြောပြပါတယ်။

အလုပ်ကို ရောက်တဲ့အခါမှာတော့ လိမ်လည်ငွေရှာပေးရတာတွေကို မလုပ်နိုင်ရင် သူတို့သတ်မှတ်တဲ့ လျော်ကြေးပေး ရတော့မှာဖြစ်ပြီး မပေးနိုင်ပါက တခြားတရုတ်ကုမ္ပဏီကို ရောင်းစားခံလိုက်ရမှာပဲ ဖြစ်ပါတယ်။

ဒီအခြေအနေကို ဝူချင်းဟုန်တယောက် အလုပ်ကိုရောက်ပြီး တလနီးပါးအကြာမှာ သိလာရတာပါ။

“မင်းတို့ကို လူတယောက်က ၁ ဦးကို ဘတ်နှစ်သောင်းခွဲနဲ့ ရောင်းစားသွားပြီ။ မင်းတို့ ၆ လလောက်တော့ အလုပ် လုပ်ပေး ရမယ်။ မလုပ်နိုင်ရင် အဲဒီ ငွေလျော်ပေးရမယ်။ မလျော်နိုင်ရင် ပိုက်ဆံပြန်ရအောင် တခြားကုမ္ပဏီကို ပြန်ရောင်းစားမယ်” လို့ သူဌေးဆိုသူတွေရဲ့ ခေါ်ယူပြောဆိုတာ ခံခဲ့ရပါတယ်။

                      
                                                     ထိုင်းဘက်မှ မြဝတီမြို့အဝင်

ဒါ့ပြင် “မင်းတို့ ဒီမှာက ဘတ် ၂၅၀၀၀ ပဲ။ ရွှေကုက္ကိုလ်ရောင်းလိုက်ရင် ဘတ် ၅ သောင်း ဖြစ်သွားလိမ့်မယ်” လို့လည်း ခြိမ်းခြောက်ပြောဆိုတာတွေ ရှိတာကြောင့် ရောက်လာတဲ့ လူငယ်အများစုဟာ ချက်ချင်းလျော်ကြေးပေး ပြန်ထွက်ဖို့ မဖြစ် နိုင်တဲ့အတွက် ၁ လနီးပါးကြာ အလုပ်လုပ်ခဲ့ရတယ်လို့ ဆိုကြပါတယ်။

ဝူချင်းဟုန်နဲ့ အလုပ်အတူတူ လုပ်ကိုင်ခဲ့တဲ့ လူငယ်တဦးကလည်း “မလိမ်နိုင်ရင် ဖိအားပေးတယ်။ အလုပ်ထုတ် မယ် ပြောတယ်။ ကျနော်ကြုံတာတော့ မက္ကစီကိုတွေကိုက လိမ်လို့ မရဘူး။ ထိုင်းတွေကျတော့ လိမ်ရလွယ်တာပေါ့။ Line application ကနေ ဆက်သွယ်ရတာ” လို့ ပြောပါတယ်။

တရုတ်တွေအနေနဲ့ နိုင်ငံအလိုက် ဘဏ်၊ ချေးငွေလုပ်ငန်းစတဲ့ ဝက်ဆိုဒ်အတုတွေကို ဖန်တီးကာ လူတွေဆီက အဆင့်ဆင့် လိမ်လည်ပြီး ငွေရှာကြတဲ့အထဲ ဝူချင်းဟုန်တို့လည်း ကုမ္ပဏီက ဖန်တီးထားတဲ့ Chang Thai Loan လို့ခေါ်တဲ့ ထိုင်းငွေချေးလုပ်ငန်း ဝက်ဆိုဒ်အတုကိုသုံးကာ ငွေလိမ်ခဲ့ကြရပါတယ်။

အဲဒီဝက်ဆိုဒ်မှာ ဘတ်သုံးသောင်းကနေ သုံးသိန်းအထိ ချေးငွေလျှောက်နိုင်တယ်လို့ ဖော်ပြထားပြီး သူတို့အနေနဲ့ လျှောက် ထားသူကို စာရွက်စာတမ်းကြေး သွင်းခိုင်းတာ၊ တနှစ်စာ အတိုးသွင်းခိုင်တာမျိုးတွေကို တဆင့်ချင်း အဆင့် ၆ ဆင့်လောက် နဲ့ ယုံကြည်အောင် ပြောဆိုပြီး လိမ်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

သူ ရောက်ရှိချိန်မှာတော့ ကုမ္ပဏီအနေနဲ့ လိမ်လည်တာတွေကို မက္ကစီကို၊ ဘရာဇီး၊ ထိုင်းနိုင်ငံတို့မှာ လုပ်ကိုင်ဖို့ ပရောဂျက် ရှိထားပြီး သူ့အနေနဲ့တော့ ထိုင်းနိုင်ငံက သူတွေကို အဓိက ပစ်မှတ်ထား လုပ်ကိုင်ခဲ့ရသလို တချို့သော တရုတ်တွေနဲ့ ထိုင်းတွေကတော့ လန်ဒန်၊ အိန္ဒိယတို့အထိ ဆက်သွယ်နေတာတွေ ရှိတယ်လို့ ဝူချင်းဟုန်က ပြောပြပါတယ်။

“တချို့ကျတော့ ပထမအဆင့်လောက်မှာပဲ လိမ်မှန်းသိလို့ နောက်ဆုတ်သွားကြတယ်။ တကယ်ငွေလိုနေတဲ့သူကျတော့ ဒီမှာ ပိုက်ဆံကလည်း ထုတ်လို့ရတော့မယ်လို့ ယုံကြည်နေတယ်။ တဖက်မှာကလည်း ဘတ် ၄ ထောင် လောက် က ပေးထားပြီးပြီ။ ထပ်မပေးရင်လည်း အဲဒါက ဆုံးတော့မှာဆိုတော့ ရှာကြံပြီး ထပ်ပေးရတော့တာပဲ” လို့ ကိုယ်တိုင်လုပ်ခဲ့ ရသူ တဦးက ပြောပါတယ်။

အဲဒီလို လိမ်လည်တဲ့အခါ ၇ ယောက်လောက်ပါတဲ့ အဖွဲ့လေးတွေနဲ့ လုပ်ကိုင်ကြပြီး ၁ လ ပြည့်ပါက တဖွဲ့ကို ဘတ်သိန်းနဲ့ချီ ရကြတယ်လို့လည်း လုပ်ကိုင်ခဲ့သူတွေက ပြောပါတယ်။

ဒီလို လိမ်လည်တာတွေအပြင် We Chat လို လူမှုကွန်ရက်စာမျက်နှာတွေမှာ အကောင့်တုတွေသုံးပြီး မြူဆွယ်လိမ်လည် တာ၊ Sex Chat ပြောပြီး ငွေချူခိုင်းတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

“တခြားသူတယောက်ရဲ့ ပုံနဲ့အကောင့်ဖွင့်ပြီး စကားလိုက်ပြောရတာ။ ကိုယ်သုံးထားတဲ့သူရဲ့ ပုံတွေ၊ ဗီဒီယိုဖိုင်တွေ အကုန် လုံး ကုမ္ပဏီက အကုန်ပေးထားတယ်။ အဲဒီလူရဲ့ လမ်းလျှောက်နေပုံ၊ စားနေပုံ အကုန် သူတို့မှာရှိတယ်။ တဖက်က ဆက် သွယ်ရမယ့်သူရဲ့ ဖုန်းနံပါတ်တွေလည်း သူတို့မှာရှိတယ်” လို့ မြဝတီ ၁ ဂိတ်အနီးက ကုမ္ပဏီမှာ လုပ်ကိုင်ခဲ့တဲ့ လူငယ်အမျိုး သားတဦးက ပြောပါတယ်။

တဖက်က ယုံကြည်ပြီး ရင်းနှီးလာချိန်၊ ချစ်သူဖြစ်လာချိန်မှာတော့ ကုမ္ပဏီကပဲ ဖန်တီးထားတဲ့ ဂိမ်းတွေ ဆော့ခိုင်းပြီး ငွေ သွင်းခိုင်းတာ၊ ငွေလွှဲခိုင်းတာတွေ လုပ်ကြရတယ်လို့ ဆိုပါတယ်။

ဒီလို အကောင့်တုနဲ့ ပြောဆိုရတာကို တိုင်းရင်းသား လူငယ်အမျိုးသမီး တယောက်ဖြစ်တဲ့ နော်အယ်စေး (အမည်လွှဲ) က လည်း လုပ်ကိုင်ခဲ့ရပြီး နောက်ပိုင်းမှာ ကိုယ့်ပုံအမှန်တွေသုံးကာ လုပ်ရမယ်ဆိုလာတာကြောင့် ဆက်မလုပ်ဖြစ်ခဲ့ဘူးလို့ ပြောပါတယ်။

သူက “သူတို့က အင်္ဂလိပ်စာ မတတ်ဘူး။ ကျမက အဲဒီ တရုတ်ဘေးကနေထိုင်ပြီး တဖက်က အင်္ဂလိပ်လို အသံမက်ဆေ့ ပို့တာကို စာနဲ့ပြန်စီပေးရတယ်။ သူတို့ကမှ စာကိုဘာသာပြန်ပြီး ပြန်ပြောကြတာပေါ့။ နောက်ပိုင်းတော့ ညီမတို့ကို ကိုယ့်ပုံ ကိုယ်သုံးပြီး Sex Chat ရမယ်ပြောလာရော။ ကျမ သူငယ်ချင်းတယောက်ကိုဆို Sex Chat လုပ်ရမယ်၊ ဓာတ်ပုံတွေ ရိုက်ရမယ် ဆိုတဲ့အထိပါ ပြောလာတာ” လို့ ပြောပြပါတယ်။

သူ့အနေနဲ့ သူငယ်ချင်းဖြစ်သူရဲ့ ဆက်သွယ်ပြောကြားမှုနဲ့ လာရောက် လုပ်ကိုင်ဖြစ်ခဲ့တာဖြစ်ပြီး ၁ လခန့် လုပ်ကိုင်အပြီး မှာ လျော်ကြေး ဘတ် ၅၀၀၀ ပေးပြီး ပြန်လာခဲ့တယ်လို့လည်း သူက ဆိုပါတယ်။

တရားမဝင် လောင်းကစားနဲ့ လိမ်လည်တာတွေ လုပ်နေရတဲ့ လူငယ်တွေ လစာအနေနဲ့ အလုပ်ခေါ်စဉ်ကလို ယွမ် ၆၀၀၀၊ ၇၀၀၀ မရရှိတော့ဘဲ ကုမဏီဘက်ကပေးတဲ့ ဘတ် ၁၀၀၀၀ ဆိုလည်းယူ၊ ၁၅၀၀၀ ဆိုလည်းယူရတဲ့ အနေအထား ဖြစ်ကုန်ပါတယ်။

ဝန်ထမ်း တယောက်အနေနဲ့ ပိုက်ဆံ မလိမ်နိုင်တာ၊ တစုံတရာ အမှားလုပ်မိတာဆိုရင်လည်း နေထိုင်ရတဲ့ အဆောင်ရှေ့ မှာ ဖားခုန်ခိုင်းတာ၊ ဒိုက်ထိုးခိုင်းတာ၊ ထိုင်ထလုပ်ခိုင်းတာတွေလို သိက္ခာကျအရှက်ရစေတဲ့ အပြစ်ပေးတာမျိုးတွေလည်း သူဌေး ဆိုသူတွေက လုပ်တတ်ကြတယ်လို့လည်း ကိုယ်တိုင်မြင်ခဲ့ရတဲ့ ဝူချင်းဟုန်က ဆိုပါတယ်။

ဒါ့ပြင် အတင်းအဓမ္မစေခိုင်းပြီး ပြင်းထန်တဲ့ ဒဏ်ပေးမှုတွေကြောင့် တရုတ်အချင်းချင်း လူသတ်မှုတွေဖြစ်တဲ့အထိ ကြုံတွေ့ခဲ့ ရတယ်လို့လည်း သူက ပြောပါတယ်။

သူက “အဲဒီထဲမှာ ရောင်းစားခံထားရတဲ့ တရုတ်တယောက်ကို သူဌေးလို့ ခေါ်တဲ့လူက ထမင်းလည်း မကျွေးဘူး။ အိပ်စရာ လည်းမပေးဘဲ ၄ ရက်လောက် ထားထားတယ်။ အဲဒီအချိန်မှာ သူက ဆိုင်ကနေ ဓားတချောင်းယူပြီးတော့မှ သူဌေးလို့ခေါ် တဲ့လူကို ဗိုက်ကိုထိုးတယ်၊ လည်ပင်းကိုထိုးပြီး ဓားကိုလှည့်လိုက်တော့ လည်ပင်းက ပြတ်မလိုဖြစ်သွားတာ။ ကျနော်တို့ ရှေ့ မှာတင် ဖြစ်သွားတာ။ ဒါမျိုးတွေ ကြုံရတော့ အရမ်းလန့်သွားတယ်” မြင်တွေ့ခဲ့ရတဲ့ အခြေအနေကို ပြန်ပြောပြပါတယ်။

ပြီးခဲ့တဲ့နှစ် မတ်အတွင်းမှာတုန်းကလည်း မြဝတီမြို့ ကမ်းနားလမ်း၊ သဲပုံဆိပ်အနီးမှာ ဓာတ်ပုံမှတ် တမ်းရိုက်နေတဲ့ မြန်မာသတင်းထောက်နှစ်ဦးကို ကာစီနိုတခုရဲ့ တရုတ်လုံးခြုံရေးအဖွဲ့တွေနဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေက ဖမ်း ဆီးကာ ထိုးကြိတ်ရိုက်နှက်တာတွေအပြင် တောထဲခေါ် လက်စဖျောက်ပစ်ဖို့အထိပါ လုပ်ဆောင်ခဲ့ပါ သေးတယ်။

သတင်းထောက်နှစ်ဦးကတော့ ဖမ်းဆီးခံရတဲ့အကြောင်း ဖုန်းမက်ဆေ့နဲ့ရုံးကို အချိန်မီ အကြောင်းကြားနိုင်ခဲ့တဲ့ အတွက်သာ နောက်ပိုင်မှာ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။

လတ်တလော အဆိုပါလောင်းကစားရုံတွေကနေ ပြန်လွတ်မြောက်လာတဲ့ လူငယ်တွေဟာ ဆိုးရွားတဲ့ အခြေအနေတွေ ကြုံတွေ့ခဲ့ရသလို သူတို့အပေါ် အန္တရာယ် ကျရောက်လာမှာ စိုးရိမ်တဲ့အတွက် ဒီအကြောင်းတွေကို ပြောဆိုရာမှာ နာမည်ထုတ်ပြောဖို့ တွန့်ဆုတ်ကြသလို ရဲစခန်းကို တိုင်ကြားတာမျိုးလည်း မရှိကြသေးပါဘူး။

“သူတို့က လက်နက်ကိုင်တွေကို ငွေပေးထားပြီး လက်နက်နဲ့ မောက်မာနေကြတာ။ ဂိတ်မှာ စစ်တပ်ကြီးစောင့်နေတာ ကျနော်တို့က ဘယ်ကို သွားတိုင်ရဲမှာလဲ။ ပစ်လိုက်ရင် ဘယ်လိုလုပ်မှာလဲ။ သူတို့က အားလုံးပိုင်တယ်။ ငွေပေးပြီးသားလို့ လုံခြုံရေး တယောက်က ပြောလိုက်တယ်” လို့ အလုပ်လုပ်ပြီး ပြန်လာသူ တယောက်က ပြောပါတယ်။

ကျဉ်စက်တပ်ထားတဲ့ တုတ်တွေကို ကိုင်ဆောင်တတ်ကြတဲ့ လုံခြုံရေးဆိုသူတွေကလည်း သူဌေးဆိုသူတွေ သတ် ဆိုသတ်၊ ရိုက်ဆိုရိုက်လုပ်မယ်ဆိုတဲ့သူမျိုးတွေသာ အများစုဖြစ်တယ်လို့လည်း လုပ်ကိုင်ခဲ့သူတွေက ဆိုပါတယ်။

ဒီလို သူတို့အနေနဲ့ အန္တရာယ်ကို စိုးရိမ်ကြပေမယ့် လောင်းကစားရုံတွေမှာ ကျန်ရှိနေသေးတဲ့ လူငယ်တွေနဲ့ ထပ်ပြီး လာရောက်လုပ်ကိုင်ဖို့ ပြင်နေကြတဲ့ လူငယ်တွေကို သတိပေးလိုတဲ့အတွက် လူအများသိအောင် ပြောဖို့လိုတယ်လို့တော့ သူတို့ ယုံကြည်ထားပါတယ်။
“သူတို့က မြန်မာစကားတောင် မတတ်တာ ဘယ်လို ကိုယ်ချင်းစာစိတ်ရှိမှာလဲ။ ၁၆၊ ၁၇ အရွယ် လူငယ်တွေဆို ဒါကြီးကို မရုန်းထွက်နိုင်ရင် ဒီအလုပ်တွေက သူတို့စွဲပါသွားမှာ။ သူများချွေးနည်းစာကို လုယူနေတာ ဘယ်လို အဆင်ပြေမှာလဲ။ ဝဋ် ဆိုတာ နောင်ဘဝ မကူးဘူး” လို့ လျော်ကြေးပေးပြန်လာရတဲ့ လူငယ်တဦးက ပြောပါတယ်။

ကိုယ်တိုင်ကြုံခဲ့ရတဲ့ နော်အယ်စေး ကလည်း “ဝမ်းနည်းတာပေါ့။ ကိုယ့်နိုင်ငံမှာ တခြားသူက လာလိမ်တာကို ခံနေရတာ။ ကိုယ်ညံ့ တာလည်း ပါပါတယ်။ ကိုယ့်မြန်မာ အချင်းချင်းကကို သိသိကြီးနဲ့ ဒီလိုနေရာကို ခေါ်လာတာ။ ဒီအလုပ်တွေက မယုံရဘူး ဆိုတာကို နောက်လူတွေကို သိစေချင်တယ်” လို့ ပြောပါတယ်။

လက်ရှိမှာ ထွက်ပြေးလွတ်မြောက်လာတဲ့ ဝူချင်းဟုန် အပါအဝင် သူငယ်ချင်းတစုဟာ အိမ်ပြန်ရောက်ကြပြီ ဆိုပေမယ့် မပြန်နိုင်သေးဘဲ လောင်းကစားရုံတွေမှာ လိမ်လည်ရတဲ့ အလုပ်တွေ လုပ်ပေးနေရပြီး ပိတ်မိနေကြဆဲ လူငယ်တွေ အများ အပြား ကျန်နေသေးတာဖြစ်လို့ ကူညီပေးကြဖို့လည်း သူတို့က တိုက်တွန်း ပြောဆိုလိုက်ပါတယ်။။

Hi !

!

Popular posts from this blog

ဝေဝါးမှုတွေနဲ့အတူ မသေချာ မရေရာမှုများနဲ့ မြန်မာပြည်..။

  ဝါရင့်သတင်းစာဆရာကြီး လာရီယာဂန်က စစ်အာဏာသိမ်းမှု သုံးနှစ်ပြည့်တဲ့ ဖေဖော်ဝါရီ(၁)ရက်နေ့မှာ ဘန်ကောက်ပို့စ်သတင်းစာမှာ ဆောင်းပါးတစ်ပုဒ် ရေးသားလိုက်ပါတယ်။ ဆောင်းပါးခေါင်းစဉ်က Myanmar faces increasing uncertainty ပါ။ စစ်အာဏာသိမ်းပြီး သုံးနှစ်အကြာမှာ မြန်မာနိုင်ငံရဲ့အခြေအနေ ဘယ်လိုရှိသလဲ။ ရှေ့မှာ ဘာဖြစ်နိုင်သလဲ။ မှန်းဆထားတာပါ။ လက်ရှိ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်လို့ လာရီယာဂန်လည်း ဘာမှ မမှန်းဆနိုင်ပါဘူး။ သူပြောနိုင်တာ တစ်ခုက မြန်မာပြည်ဟာ မသေမချာ မရေမရာမှုတွေ အများကြီးနဲ့ ဆက်ပြီး ရင်ဆိုင်နေရဦးမယ်ဆိုတဲ့ ကောက်ချက်ပါ။ မြန်မာစစ်တပ်က ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရကို စစ်အာဏာသိမ်းခဲ့တာ ခု ဖေဖော်ဝါရီ(၁)ရက်မှာ သုံးနှစ်တိတိ ပြည့်ခဲ့ပြီဖြစ်ကြောင်း၊ သုံးနှစ်အတွင်း တိုင်းပြည်ဟာ အဖက်ဖက်က ယိုယွင်းပျက်စီးသွားပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေ တိုးပွါးနေကြောင်း၊ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ပီဒီအက်ဖ်တွေကြား တိုက်ပွဲတွေကြောင့် ပြည်သူသန်းပေါင်းများစွာ အိုးပစ်အိမ်ပစ် ထွက်ပြေးနေရကြောင်း လာရီယာဂန်က ရေးသားပါတယ်။ ...

ကရင်ပြည်နယ်ပုံရိပ်ကို ထိခိုက်စေသဖြင့် ရွှေကုက္ကိုလ်ကို တိုက်ခိုက်ရဟု KTLA ပြော

  ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ ရွှေကုက္ကိုလ်မြို့သစ်သည် ပြည်နယ်ဖွံဖြိုးမှု မဖြစ်စေဘဲ ပျက်ဆီးမှုကိုသာ ဖြစ်စေသဖြင့် တိုက်ခိုက်ရခြင်း ဖြစ်ကြောင်း ကော်သူးလေတပ် (KTLA) က ဧပြီ ၇ ရက်တွင် ကြေညာသည်။ Facebookတွင် ပျံ့နှံလာသော KTLA ဗဟိုဌာနချုပ် ရုံးထိုင်မှူး စောဝါးနေမူး လက်မှတ်ထိုးထားသည့် ကြေညာချက်အရ ရွှေကုက္ကိုလ်မြို့သည် မူးယစ်ဆေးဝါး ဖြန့်ဖြူးသုံးစွဲရောင်းချနေပြီး တိုင်းရင်းသူ အမျိုးသမီးများကို ပြည့်တန်ဆာအဖြစ် လိမ် လည်လှည့်ဖြားစေခိုင်းနေသည့် နေရာဖြစ်နေသလို စစ်ကောင်စီအတွက် တရားမဝင်ငွေကြေးများ ရှာဖွေပေးသည့် နေရာ ဖြစ်၍ ပြည်ပမှ အလုပ်သမားများကိုလည်း လိမ်လည်ခေါ်ဆို ခိုင်းစေမှုများ ရှိနေသဖြင့် KTLA အနေနှင့် ကရင်ပြည်နယ် အကျိုးအတွက် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း၊ ထို့အတွက် ရွှေကုက္ကိုလ်တွင် နေထိုင်သည့် ပြည်သူများအနေနှင့် တိုက်ပွဲ ဧရိယာမှ ရှောင်ပေးကြရန် ထုတ်ပြန်ထားသည်။ ထိုကြေညာချက်နှင့် ပတ်သက်၍ ပိုမိုသိရှိနိုင်ရန် KTLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောနယ်ဒါးမြကို ဧရာဝတီက ဖုန်းဖြင့်ဆက် သွယ်ခဲ့ရာ ၎င်း အလုပ်များနေသဖြင့် နောက်မှ ပြန်လည်ဆက်သွယ်ရန် ပြောဆိုသည်။ ကော်သူးလေတပ်နှင့် နီးစပ်သည်...

မြန်မာနိုင်ငံမှာရှိတဲ့ ဗမာလူမျိုး ပေါ်ပေါက်ပုံ အကြောင်း

  ဗမာလူမျိုး ပေါ်ပေါက်လာပုံ သမိုင်းကြောင်း – တိဘက်တို ဘားမန်းလူမျိုးနွယ်စုကြီး မှ အကြီးဆုံးသောလူမျိုးဖြစ်သည်။ ယနေ့ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းသို့ နာဂ၊ သက်၊ ကမ်းယံ၊ပျူ တို့နောက်မှ ဝင်ရောက်လာခြင်းဖြစ်သော်လည်းပျူတို့ ထူထောင်သည့် ပထမပြည်ထောင်စုကို အေဒီ ၈ ရာစုတွင် နန်ကျောက်တို့က ဖျက်စီးပြီးချိန် မတိုင်မှီက ပင် ရောက်ရှိနေထိုင်နေခဲ့ပြီးဖြစ်သည်ဟုခန့်မှန်း၍ရနိုင်သည်။အေဒီ ၁၀ ရာစုမတိုင်မှီ အချိန်ကပင် ကျောက်ဆည် ၁၁ ခရိုင်တွင် အခြေချခဲ့ပြီး နောက်များမကြာမှီ တွင်မြစ်သာ ၆ ခရိုင် ၊ ပုဂံ နေပြည်တော်တို့ကို ထူ ထောင်ကာဒုတိယမြန်မာပြည်ထောင်စုကို တည်ထောင်ခဲ့ကြသည်။ သို့သော် မြန်မာနိုင်ငံသားတို့က ထိုပြည်ထောင်စုကိုသာပထမပြည် ထောင် စုအဖြစ် လက်ခံကြသည်။သမိုင်းတစ်လျောက်တွင် မွန်ဂို၊ တရုတ်၊ ယိုးဒယား၊ မွန်၊ ရခိုင်၊ ရှမ်း၊ ကရင် အစရှိသည့် အတွင်း၊ အပြင်ရန်အမျိုးမျိုးနှင့်ကြုံတွ့ခဲ့ဖူးပြီးအကြိမ်တိုင်းတွင် ပြည်ထောင်စု၏ ဦးဆောင်သူနေရာကို ဗမာတို့ ပြန်လည်ကာ ရောက်ရှိနိုင်ခဲ့သည်။အနော်ရထာ၏ ပထမပြည်ထောင်စု(ပထမမြန်မာနိုင်ငံတော်ကြီး)၊ တပင်ရွှေထီး-ဘုရင့်နောင်တို့ ၏ ဒုတိယပြည်ထောင်စု (ဒုတိယ မြန်မာနိုင်ငံတော်ကြီး)၊အလောင်းဘုရား၏ တတိ...

မြန်မာပြည်မြေပုံကို အပြောင်းခံကြမှာလား

  ကမ္ဘာ့သမိုင်းကို ပြန်လေ့လာကြည့်မယ်ဆိုရင် အိမ်နီးချင်းနိုင်ငံတွေအဖြစ် နှစ်ပေါင်းများစွာ အတူတကွ ယှဉ်တွဲ ရပ်တည်နေကြပြီးမှ ဝေးကွာသွားကြတဲ့ နိုင်ငံတွေ ရှိခဲ့တယ်ဆိုတာ တွေ့နိုင်ပါတယ်။ ကျွန်တော်တို့အတွက် အထင်ရှားဆုံး ဥပမာတစ်ခုရှိပါတယ်။ အဲဒါကတော့ မြန်မာနဲ့ ပါကစ္စတန်တို့ဟာ ယခင်က နယ်မြေချင်း ထိစပ်နေကြတဲ့ အိမ်နီးချင်း နိုင်ငံတွေပါ။ သို့သော် ၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံအသစ် ပေါ်ပေါက်လာချိန်မှာတော့ အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားခဲ့ကြပါတယ်။ ယခင်က အိမ်နီးချင်းဖြစ်ခဲ့လို့ ထင်ပါတယ်၊ မြန်မာနဲ့ ပါကစ္စတန်တို့ရဲ့ ဆက်ဆံရေးဟာ ကောင်းမွန်နေကြဆဲဆိုတာ သက်သေ၊ သာဓကများစွာ ရှိပါတယ်။ အဲဒီလို အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားရခြင်းဟာ သူတို့ရဲ့ ပြည်တွင်းရေးသာ ဖြစ်တဲ့အတွက် အထူးအထွေ ဝေဖန်ရန် မရှိပါ။ သို့သော် လက်ရှိအခြေအနေမှာ မြန်မာရဲ့ အိမ်နီးချင်း (၅) နိုင်ငံရှိနေရာက မတူညီတဲ့ အိမ်နီးချင်းနိုင်ငံသစ်တွေ ထပ်မံ ပေါ်ပေါက်လာဖို့ လုပ်ဆောင်နေကြတာတွေ မြင်နေရပါပြီ။ ဒီတစ်ကြိမ်ကတော့ ကျွန်တော်တို့ရဲ့ ပြည်တွင်းရေးဖြစ်တဲ့အတွက် အလေးထားရပါတော့မယ်။ ရှိပြီးသား အိမ်နီးချင်း (၅) နိုင်ငံနဲ့ မြန်မာတို့အကြား ကျွန်တော်တိ...

မြန်မာ ဒုကာကွယ်ရေးဝန်ကြီး ထောင်ထဲရောက်ပြီ

  မြန်မာ ဒုကာကွယ်ရေးဝန်ကြီး ထောင်ထဲရောက်ပြီ မတ်လ ၂၈ ရက် ၂၀၂၄ ခုနှစ် နံနက် ၁၀ နာရီ ၂၀ သတင်း ================================= ကာကွယ်ရေး ဒု-ဝန်ကြီး ဖြစ်သူ ဗိုလ်ချုပ်အောင်လင်းထွန်းကို ကျားဖြန့်လုပ်ငန်းနဲ့ ပတ်သက်တယ်ဆိုပြီး မနေ့ည မတ်လ ၂၇ ရက်နေ့ည ၁၁ နာရီတွင် စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့မှ သွားရောက်ဖမ်းဆီးခဲ့ကြပါတယ်။ အဆိုပါ ဖမ်းဆီးချိန်တွင် ဒုကာကွယ်ရေးဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်အောင်လင်းထွန်းသည် အရက်မူးနေပြီး အသာတကြည် လိုက်လာခြင်းမရှိပဲ … ပုဆိုးလှန်ပြီး ဆဲဆိုနေခြင်းကြောင့် စစ်ဘက်လုံခြုံရေးအဖွဲ့မှ ရိုက်နှက်ခဲ့ရာ.. သွား အချို့ ကျွတ်သွားပြီး ပါးစပ်တခုလုံး သွေးများနီရဲနေသည်။ “အဲ့ကောင် ပါးစပ်က သွေးမတိတ်ခင် ရမဲသင်းထောင်ပို့လိုက်စမ်း” လို့ အထက် အမိန့်ပေးလိုက်တော့ အခု ရမဲသင်းထောင်ရောက်နေပြီဖြစ်ကြောင်း မြန်မာအမေရိကန် သတင်းဌာနမှ စုံစမ်းသိရှိရသည်။ ဂိုလ်ရှယ်လေး

စစ်တပ်မှ အာဏာသိမ်းထားသည့် ၃ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ထောင်သားဘဝ

                           ဖေဖော်ဝါရီလ ၁ ရက်နေ့သည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့အတွက် အနှောက်အယှက်ဖြစ်စေသူဟု ယူဆသည့် ရွေးကောက်ခံအစိုးရ ခေါင်းဆောင်နှင့် နိုင်ငံသမိုင်းတွင် အညီညွတ်ဆုံးဖြစ်စေခဲ့သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာမှဖယ်ရှားပြီး မအောင်မြင်သော အာဏာသိမ်းမှု ပြုလုပ်သည့် သုံးနှစ်မြောက်နေ့ ဖြစ်သည်။ ရက်ပေါင်း ၁၀၉၅ ရက်ကျော် ကြာသော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် မြို့တော်နှင့် စစ်တပ်ဗဟိုဌာနချုပ် နေပြည်တော် အနောက်တောင်ဘက်အစွန်းမှ ထောင်တခုတွင် တဦးတည်း ဆက်လက် ဖမ်းဆီးချုပ်နှောင်ခံနေရသည်။ သူ့အတွက် တခုတည်းသော ထောင်ပြင်ထွက်ရချိန်သည် လွန်ခဲ့သောနှစ်အတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စတာ ဒွန် ပရာမတ်ဝီနိုင်နှင့် တွေ့ရသည့် တိုတောင်းသော ကာလဖြစ်ပြီး သူ့ကို ချမှတ်ထားသည့် ထောင်သက်တမ်းကိုလည်း ၃၃ နှစ်မှ ၂၇ နှစ်သို့ လွန်ခဲ့သောနှစ်က လျှော့ချပေးသည်။ အာဏာသိမ်းမှု နှစ်ပတ်လည်သည် ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းနည်းစရာကောင်းသော လက်ရှိအခြေအနေနှင့် ဝေဝါးနေသည့် အနာဂတ်ကို မီးမောင်းထိုးပ...

ပဲခူးတိုင်း မင်းလှမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွား

  မင်းလှတွင် ၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲ ၆ ကြိမ် အတွင်း စစ်တပ်ဘက်မှ စစ်သား ၈၀ ဦးကျော်သေဆုံး ရန်ကုန်၊ မတ် ၁၁ ပဲခူးတိုင်း၊ မင်းလှမြို့နယ်အတွင်း ၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲ ၆ ကြိမ် အတွင်း စစ်တပ်ဘက်မှ ၈၀ ကျော်သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ မတ်လ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ ဧက ၁၀၀၀ ကျွန်း စိုက်ခင်း ကျုံးပေါက်အနီး၌ စစ်ကြောင်း ထိုးလာသော အင်အား ၁၂၀ ပါ စစ်ကောင်စီ တပ်သားများကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ နှင့် ဒဂုံစစ်ကြောင်းတို့က စောင့်ကြို တိုက်ခိုက်ခဲ့ရာ အပြန်အလှန် တိုက်ပွဲ ၂ နာရီကျော် ကြာမြင့်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်ဘက်မှ ၂၀ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။ ယင်းနေ့ ညနေ ၅ နာရီခန့်အချိန် မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်းပေါ်ရှိ ဟိုင်းယု လမ်းဆုံတွင် တပ်ဆွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ နှင့် တပ်ခွဲ ၃ တို့က လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ရှောင်တခင် သွားရောက် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၃ နာရီခန...

တပ်မလက်ရွေးစဉ် ဘီလူးစစ်ကြောင်းဆိုသည်မှာ .....

    “ဒီစစ်ကြောင်းက စစ်တိုက်ဖို့ဆိုတာထက် လူတွေကိုသတ်၊ မုဒိမ်းကျင့်ဖို့ အဲ့လိုမျိုးတွေလုပ်ဖို့ အဓိကလာတဲ့ စစ်ကြောင်းပါ။ လူမဆန်တဲ့ လုပ်ရပ်တွေကို အဓိကလုပ်တာ” မြောင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) က ကိုနွေဦးက စစ်ကိုင်းဒေသအတွင်း စစ်ရာဇဝတ်မှုများကို ကျူးလွန်ချိုးဖောက်နေသည့် ဘီလူးစစ်ကြောင်း၏ လုပ်ရပ်များကို ပြောဆိုသွားခြင်းဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြည်သူများကို ရက်ရက်စက်စက် ခေါင်းဖြတ်သတ်သည့် စစ်ကြောင်း၊ အစုလိုက် အပြုံလိုက် သတ်သည့်စစ်ကြောင်း၊ မုဒိမ်းမှုများကို ကျူးလွန်နေသည့် စစ်ကြောင်းဟု ဆိုလိုက်ပါက လူတိုင်းက ဆိုးဆိုးရွာရွား နာနာကျည်းကျည်း အမှတ်ရနေသည့် စစ်ကြောင်းမှာ ဘီလူးစစ်ကြောင်းပင် ဖြစ်သည်။ ရက်စက်မှုအပေါင်း သရဖူဆောင်းထားသည့် ဘီလူးစစ်ကြောင်းသည် ယခုနှစ် ဩဂုတ်လ တတိယပတ်မှ စက်တင်ဘာလ ဒုတိယပတ်ထိ စစ်ကိုင်း၊ ရွှေဘို၊ ဝက်လက်နယ်များသို့ စစ်ကြောင်းထိုး ဝင်ရောက်ပြီးနောက် ပြည်သူများကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်။ 'စစ်ကိုင်း၊ ရွှေဘို၊ ဝက်လက်နယ်ထဲ ဘီလူးစစ်ကြောင်း၏ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သည့် အခြေအနေများ' မန္တလေး-ရွှေဘို-မြစ်ကြီ...

ရှမ်းမြောက်က ကျားဖြန့် ဇာတ်သိမ်းခန်း

  ဇန်နဝါရီ ၃၀ ရက်တွင် မြန်မာနိုင်ငံ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက တရုတ် အစိုးရထံ မြန်မာနိုင်ငံမြောက်ပိုင်း ကျားဖျန့် လုပ်ငန်းများတွင် အဓိက ကြိုးကိုင်သူများဟု သတ်မှတ်ထားသည့် ပယ်စောက်ချိန်အပါအဝင် ခြောက်ဦးနှင့် အခြားအရေးကြီးသံသယရှိ သူ လေးဦးကို လွှဲပြောင်းပေးခဲ့သည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ဇန်နဝါရီ ၃၀ ရက်တွင် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးအဖွဲ့ အစည်းထံသို့မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့် ဒေသ အွန်လိုင်းလိမ်လည်မှုအဖွဲ့၏ အဓိက ခေါင်းဆောင် ခြောက်ဦးဖြစ်သည့် ပယ် စောက်ချိန်၊ ပယ်ရင်ချန်၊ဝေ့ဟွိုင်ရန်၊ လျိုကျန့် ရှန်၊ လျိုကျန့်မောက်၊ ရွှီလောက်ဖာနှင့် အခြား အရေးကြီး ပြစ်မှုကျူးလွန်ကြောင်းသံသယရှိ သူ လေးဦးအား တရားဥပဒေနှင့်အညီ လွှဲ ပြောင်းပေးအပ်ခဲ့ပြီး အဆိုပါ ၁၀ ဦးကို ယင်း နေ့ညတွင်ပင် တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့ သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ခဲ့သည်။ ယင်းသို့ မြန်မာနိုင်ငံမြောက်ပိုင်းရှိ ကျား ဖျန့်လုပ်ငန်းများတွင် အဓိကတာဝန်ရှိသူဟု တရုတ်အစိုးရက သတ်မှတ်ထားသည့် ပယ် စောက်ချိန် အပါအဝင် ခြောက်ဦးအား လွှဲ ပြောင်းပေးအပ်ခြင်းမှာ တရုတ်-မြန်မာ နှစ် နိုင်ငံ၏ န...

အာဆီယံ-သြစတြေးလျ ထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီ ကိုယ်စားလှယ်တက်မည်

 စစ်ဗိုလ်ချုပ်များခန့်ထားသည့် သံအမတ်က မဲလ်ဘုန်းမြို့တွင် ၃ ရက်ကြာ ကျင်းပမည့် ဒေသတွင်း အထူးထိပ်သီးအစည်းအဝေးကာလအတွင်း ဆွေးနွေးပွဲ ၂ ခုကို တက်မည်ဟု သိရှိရသည်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသည့် အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသည့် သြစတြေးလျ ဝန်ကြီးချုပ် Anthony Albanese ကို တွေ့ရစဉ်။ သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် မတ်လ ၄ ရက်မှ ၆ ရက်အထိ ကျင်းပမည့် အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီကိုယ်စားလှယ် တက်ရောက်မည်ဟု သိရသည်။ အစည်းအဝေးကာလတွင် ပြုလုပ်မည့် ရေကြောင်းပူးပေါင်းဆောင်ရွက်ရေးညီလာခံ၊ ရာသီဥတုနှင့် သန့်ရှင်းသောစွမ်းအင်ဆိုင်ရာ ဖိုရမ်တို့ကို ကင်ဘာရာမြို့ မြန်မာသံရုံးမှ စစ်ကောင်စီခန့် သံအမတ် ဦးသက်ထွန်း တက်ရောက်မည်ဖြစ်သည်။  အခြား ဆက်စပ်အစည်းထိပ်သီးအစည်းအဝေးများသို့ စစ်ကောင်စီကိုယ်စားပြုကိုယ်စားလှယ် တက်မည်၊ မတက်မည်ကိုမူ သြစတြေးလျ နိုင်ငံခြားရေးနှင့် ကုန်သွယ်မှုဌာနက ပြောဆိုခြင်းမရှိပေ။ ...

Click !