ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၏ (အခြေချ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဟိန်းထက်အောင်သည် နှလုံးရောဂါဖြင့် သေဆုံးသွားကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (Chin Human Rights Organization) က ယနေ့ နေ့လယ်တွင် သတင်းထုတ်ပြန်သည်။
၎င်း မည်သည့်နေ့တွင် သေဆုံးသည်ကိုမူ ချင်းလူ့အခွင့်အရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်းမရှိသလို
၎င်းသည် ယခင် ဟားခါး (အခြေချ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးစောထွန်းနေရာကို ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် အစားထိုးတာဝန်ထမ်းဆောင်သူဖြစ်သည်ဟု ဆိုသည်။
ဗိုလ်မှူးကြီးစောထွန်းသည် ထန်တလန်မြို့စစ်ဆင်ရေးတွင် ပါဝင်မှုဖြင့် ဖိလစ်ပိုင်တရားရုံးတွင် တရားစွဲခံထားရသူဖြစ်သည်။
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် ထန်တလန်မြို့စစ်ဆင်ရေးတွင် ပါဝင်ခဲ့ကြသူများကို လူ့အခွင့်အရေးချိုးဖောက်မှု၊ စစ်ရာဇဝတ်မှု စွပ်စွဲချက်တို့ဖြင့် ချင်းတိုင်းရင်းသား ၅ ဦးက ၂၀၂၃ အောက်တိုဘာတွင် ဖိလစ်ပိုင်တရားရုံး၌ တရားစွဲထားခြင်းဖြစ်သည်။
ဗိုလ်မှူးကြီးစောထွန်း လက်ရှိ မည်သည့်နေရာတွင် မည်သည့်ရာထူးဖြင့် ပြောင်းရွှေ့တာဝန်ထမ်းဆောင်နေသည်
မသိရှိရသေးပါ။
ပုံစာ - ၂၀၂၃ စက်တင်ဘာလ ၂၉ ရက်နေ့တွင် ဟားခါးမြို့ အမှတ် (၁) နယ်လှည့်စစ်မြေပြင် ဆေးတပ်စုတွင် ဆေးကုနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကို စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဟိန်းထက်အောင်က လက်ဆောင်ပစ္စည်းပေးနေစဉ်။