အနီရောင်စွေးစွေး သွပ်မိုး မိုးထားသည့် ထုထည်ကြီးမား သော တစ်ထပ်အိမ်ကြီးတစ်လုံးက လုံဝသိင်္ခကျေးရွာလေး၏ ကုန်း မြင့်ပေါ်တွင် အခံ့သားနေရာယူ ထားသည်။ အိမ်ကြီးကို ကျောက် တုံး၊ ကျောက်စိုင်များနှင့် အခိုင်အ မာဆောက်လုပ်ထားပြီး ပေ ၂၀× ပေ ၈၀ ခန့်အကျယ်ရှိသည်။ ခြံစည်း ရိုးမရှိ၊ အကာအရံမရှိ၊ အိမ်အ တွင်းသို့ ဝင်ပေါက်ကျယ်ကြီးတစ် ခုသာရှိသည်။ အိမ်ရှေ့တွင် မည်း နက်နေသော သစ်နက်ဖြင့် ပြုလုပ် ထားသည့် ကျားရုပ်ကြီးတစ်ရုပ် ထားရှိပြီး အိမ်ရှေ့နံရံ၌ အမျိုးမျိုး သော ရုပ်ပုံများ ထွင်းထုထားလေ သည်။
ထိုအိမ်ကြီးရခိုင်ကား လုံဝ သိင်္ခကျေးရွာတစ်ခုလုံး၏ အကြီး အကဲ နာဂစော်ဘွားကြီး တိုးညိုင်း ပိုင်ဆိုင်သော စော်ဘွားဟော်နန်း အိမ်ကြီးပင်ဖြစ်သည်။
သည်အိမ်ကြီးသည် ခမ်းနားကြီးကျယ်သော စော်ဘွားဟော် နန်းတစ်ခုသာမဟုတ်ပါ။ ကမ္ဘာ့အ ထူးခြားဆုံးအိမ်အဖြစ် ပြောနိုင် လောက်သည့် ထူးခြားချက် တစ် ခုလည်းရှိနေသည်။
ထိုထူးခြားချက်ကတော့ သည်အိမ်ကြီးတွင် မြန်မာ-အိန္ဒိယ နယ်စပ်စည်းပေါ်တည့်တည့် ရှိနေပြီး မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ စလုံးက အိမ်ကိုတစ်ဖက်တစ်ခြမ်း စီ ပိုင်ဆိုင်နေခြင်းဖြစ်သည်။
စော်ဘွားအိမ်အကြောင်း ပြောမည်ဆိုလျှင် အိမ်တည်ရှိရာ ထူးခြားသည့် လုံဝသိင်္ခရွာလေး ကိုလည်း မပြောမဖြစ်အဓိကကျ လှသည်။ ထိုရွာက စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့မှ မိုင် ၁၀၀ နီးပါး အကွာအဝေးတွင်ရှိသော နာဂ ကျေးရွာဖြစ်သည်။ သွားလာရေး ကြမ်းတမ်းလွန်းလှပြီး လဟယ်မြို့ မှ ဆိုင်ကယ်လမ်းသာရှိကာ တစ် နေ့ကုန်မောင်းနှင်ရသဖြင့် လူသူအရောက်အပေါက်နည်းလှသော ကွန်ညက်မျိုးနွယ်စုတို့၏ နာဂ ကျေးရွာလေးဖြစ်သည်။
မြန်မာ−အိန္ဒိယနှစ်နိုင်ငံသားခံယူခွင့်ရထားသော နာဂစော်ဘွား တိုးညိုင်း (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
ရွာတစ်ဖက်တွင်တော့ အိန္ဒိ ယနိုင်ငံ Naga Land ၏ မွန်းမြို့ရှိ သည်။ မြန်မာ-အိန္ဒိယနယ်စပ် စည်းမျဉ်းက ထိုကျေးရွာလေးအ ပေါ် ပိုင်းဖြတ်ထားပြီး ကျေးရွာ လေး၏ တစ်ဖက်ခြမ်းမှာ အိန္ဒိယ နိုင်ငံ မွန်းမြို့အပိုင်ဖြစ်ကာ တစ်ဖက်အခြမ်းမှာ မြန်မာနိုင်ငံ လဟယ်မြို့အပိုင်ဖြစ်နေ၏။ ထိုနယ်စပ်မျဉ်းက ပင် ထူးခြားစွာ စော်ဘွားအိမ်ကို ခေါင်မိုးထက်မှ ညီညီညာညာ နှစ်ပိုင်းခြမ်းထားသောကြောင့် အိမ်က နှစ်နိုင်ငံတစ်ဝက်စီပိုင်ဖြစ်နေ ရခြင်းပင်ဖြစ်သည်။
လောင်ဂျီတွဒ်၊ လီတ္တီတွဒ်များဖြင့် အတိအကျရေးဆွဲသော နယ်စပ်မျဉ်းများ ပိုင်ဖြတ်သော ကြောင့် မြို့များ၊ ရွာ၊ လမ်းများ နိုင်ငံချင်းခြား ကွဲပြားရသည်မှာ ကမ္ဘာ့နိုင်ငံများစွာထဲတွင်လည်းရှိ တတ်သည်။ သို့သော် ယခုကဲ့သို့ အိမ်တစ်လုံးကို နှစ်ခြမ်းတိတိကျ ကျပိုင်းဖြတ်သည်ကတော့ လုံဝ သိင်္ခမှ စော်ဘွားကြီး၏အိမ်သာရှိ မည်ထင်ပါသည်။
ထုထည်ကြီးကြီး ကျောက် သားများသွင်း၍ အခိုင်အခံ့ တည်ဆောက်ထားသော စော် ဘွားအိမ်က အပြင်ပိုင်းတည် ဆောက်ပုံမှာပင် ရိုးရှင်းပြီးအခိုင် အမာရှိပုံပေါ်လွင်လှသည်။ အဝင် အဝတွင် House Of Angh (စော် ဘွားအိမ်)ဟု ရေးသားထားသော စာတန်းကို ချိတ်ဆွဲထားသည်။ အိမ်ကြီး၏ မျက်နှာစာဘယ်ဘက် ခြမ်းနံရံတွင် Sagaing Myanmar ဟုရေးသားထားပြီး ညာဘက်ခြမ်း တွင် Naga Land India ဟုစာလုံး ခပ်သေးသေးဖြင့် ရေးဆွဲထား၏။ အိမ်ကို နိုင်ငံနှစ်ခုစလုံးက တစ်ခြမ်းဆီပိုင်သည့်သဘော။
အတွင်းပိုင်း ဝင်ရောက်ချိန် တွင်တော့ ရင်သပ်ရှုမောဖြစ်ရ သည်။ အိမ်အတွင်း ချိတ်ဆွဲထား သည့် ဧရာမဆင်စွယ်၊ ကြီးမား သည့် ကြေးမောင်းကြီးများနှင့် ကြီးမားလှသည့် ပြောင်ဦးချိုများ၊ နွား နောက်ဦးချိုများ၊ ကျွဲချိုကြီးများ ကြောင့်ဖြစ်သည်။ ထို့အပြင်ရာနှင့် ချီသည့် တိရစ္ဆာန်ဦးခေါင်းခွံများစွာ ကိုလည်း မျက်နှာကြက်တွင် ချိတ် ဆွဲထားသည်။
နာဂစော်ဘွား တိုးညိုင်းနှင့် အိန္ဒိယလုံခြုံရေးတပ်ဖွဲ့၀င်တစ်ဦးတို့ကို ဇန်နဝါရီလ ၁၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
အိမ်ထဲတွင် ဧည့်ခန်းအ ကျယ်ကြီးရှိပြီး ဓာတ်ပုံများနှင့် ရိုး ရာပစ္စည်းများ ချိတ်ဆွဲထားသည်။ အခန်းတည်ဆောက်ပုံသည် စော် ဘွားအိမ်ခန်းအပါအဝင် အခန်းကိုးခန်း တစ်တန်းတည်းရှိသည်။ အိမ်၏ ဘယ်ဘက်မြန်မာ အခြမ်းတွင် အခန်းငါးခန်းရှိပြီး အိန္ဒိယ ဘက်ခြမ်းတွင် အခန်းလေးခန်းရှိ သည်။ ထို့နောက် ကျယ်ဝန်းသော မီးဖိုချောင်လည်းရှိသည်။
ထိုစော်ဘွားအိမ်ကြီးကို ၁၈ ရာစုခန့်က လုံဝသိင်္ခရွာတည် ထောင်စဉ်ကတည်းက ထိုနေရာ မှာပင် တည်ဆောက်ထားခြင်းဖြစ် သည်။ ထိုစဉ်က First King ဟု နာဂလူမျိုးများ နတ်ဘုရားကဲ့သို့ အရိုအသေပြုသည့် နာဂစော်ဘွား ကြီးတိုက်ဝမ်က တည်ဆောက်ခဲ့ သည်။
၁၉၆၂ တိုက်ဝမ်၏ မြေး စော်ဘွားကြီးလုံးငန်းလက်ထက် တွင်တော့ အိန္ဒိယ-မြန်မာအကြီး အကဲများ ပူးပေါင်းကာ လောင် ဂျီတွဒ်၊ လတ္တီတွဒ်များ အတိအအကျဖြင့် နယ်စပ်မျဉ်းများ ရေးဆွဲ သည့်တွင် နယ်စပ်မျဉ်းက လုံဝ သိင်္ခကျေးရွာလေးကို နှစ်ခြမ်းပိုင်း လိုက်သည့်အပြင် စော်ဘွား၏ အိမ်ခေါင်မိုးကို တည့်တည့်ဖြတ်၍ တစ်ဝက်စီကျနေခဲ့သည်။ သို့သော် နှစ်နိုင်ငံအာဏာပိုင်များကလည်း စော်ဘွားကြီး၏ အရှိန်အာဏာ ကြောင့် အိမ်ကို နယ်စပ်မျဉ်းပေါ် မှ မဖယ်ရှားခိုင်းခဲ့၊ နဂိုတည်းက ကျေးရွာကိုလည်း စော်ဘွားများက အုပ်ချုပ်သည့်မို့ သည်အတိုင်းထား ရှိခဲ့သည်။ ထိုစဉ်က စော်ဘွား လုံးငန်းကလည်း လုံသိင်္ခရွာလေး ကို အိန္ဒိယအခြမ်း၊ မြန်မာအခြမ်းဟူ၍ မခွဲခြားဘဲ ရွာအတိုင်းအုပ်ချုပ်ခဲ့သည်။
စော်ဘွားလုံးငန်း၏ လက် ထက်တွင် အိမ်ကြီးကို ခရီးသွား ဧည့်သည်များနှင့် လေ့လာသူများ ကိုပါ လက်ခံလာခဲ့ပြီး တည်းခိုရန် စီစဉ်ပေးခဲ့သည်။ အိန္ဒိယမှ လာ သော ဧည့်သည်များကို အိန္ဒိယ ဘက်ခြမ်းတွင် ဧည့်ခံတည်းခိုစေ ပြီး ဗမာနာဂ ဧည့်သည်များကို တော့ ဗမာအခြမ်းတွင်ထားရှိသည်။
ဤသည်ကပင် အိမ်ကြီး၏ နှစ်လိုဖွယ်ထူးခြားချက်တစ်ခုဖြစ် ၍ နေလေသည်။
နာဂစော်ဘွား တိုးညိုင်း၏ စော်ဘွားဟော်နန်းနေအိမ်အတွင်းပိုင်းကို လာရောက်ကြည့်ရှုလေ့လာနေသူအချို့
လက်ရှိတွင်တော့ စော်ဘွား ကြီးလုံးငန်း၏အရိုက်အရာကို ဆက်ခံသည့်သားတော်စော်ဘွား တိုးညိုင်းက ထိုအိမ်ကြီးကိုပိုင်ဆိုင် လေသည်။ သူ၏လက်ထက်တွင် စော်ဘွားအိမ်ကြီးကို အခိုင်အမာ ပြန်လည်တည်ဆောက်ပြီး အခန်း များပြန်လည်ဖွဲ့စည်းခဲ့သည်။ ထို့ ကြောင့် ဧည့်သည်များနှင့်လေ့လာ သူများ ပိုမိုလာရောက်သည်။ သို့သော် တစ်နှစ်ကျော် ၂ နှစ်အ တွင်း အိန္ဒိယနိုင်ငံမှလေ့လာသူများ သာလာရောက်ပြီး ဗမာ၊ နာဂလူ မျိုးလာရောက်မှုမရှိသလောက်ပင်နည်းပါးလွန်းသည်။
လက်ရှိစော်ဘွားကြီး တိုး ညိုင်းက အရပ်ငါးပေ လေးလက် မသာရှိပြီးအသားညိုသည်။ လက် ဖဝါးနှင့် အသားအရေများ နူးညံ့ လှသည်။ မြန်မာစကားမတတ်ဘဲ နာဂစကားနှင့် အိန္ဒိယစကားသာ ပြောတတ်သည်။ သို့သော် တိုး ညိုင်းသည် ဖော်ရွေစွာပြောဆို တတ်ပြီး စကားပြောကောင်း သည်။
ဤနေရာတွင် တိုးညိုင်းတစ် ယောက်စော်ဘွားဖြစ်လာပုံနှင့် ပတ်သက်၍ နန်းစဉ်အမွေအရိုက် အရာဆက်ခံပုံသည် စိတ်၀င်စားဖို့ ကောင်းလှသည်။ တိုးညိုင်း၏ ဖခင်စော်ဘွားကြီးလုံးငန်းသည် ဇနီး ၁၀ ဦးရှိပြီး သားသမီး ၃၀ ရှိသည်။ စော်ဘွားရွေးချယ်ရာတွင်စည်းမျဉ်းမှာ သားကြီးကိုဦး စွာစဉ်းစားပြီးမှ စော်ဘွားအဖြစ် ရွေးချယ်ကြသည်။ တိုးညိုင်းက သားကြီးမဟုတ်။ သူ၏အထက် တွင် အခြားအဖေတူအမေကွဲ အစ်ကိုကြီးတစ်ယောက် ရှိသေး သည်။
သို့သော် စော်ဘွားအရိုက်အ ရာကို ဆက်ခံရန်နောက်ထပ်စည်း မျဉ်းတစ်ခုက စော်ဘွားမျိုးနွယ် ချင်းပေါင်းဖက်၍ ရသည့်သွေး သားကိုသာ စော်ဘွားအဖြစ်ရွေး ချယ်သည်။ ဤတွင် တိုးညိုင်း၏ မိခင်က စော်ဘွားမျိုးဖြစ်သဖြင့် သားကြီးကိုကျော်လွန်၍ တိုးညိုင်း က စော်ဘွားဖြစ်လာခဲ့သည်။
တိုးညိုင်း၏ အဘိုးအဘေး ဖြစ်သူ တိုက်၀မ်အပါအ၀င် ၎င်း မျိုးဆက်များက လုံ၀သိင်္ခရွာလေး အပါအ၀င် နာဂဒေသတစ်ခုလုံး တွင် ဩဇာအာဏာအတော်ကြီး မားသူစော်ဘွားများ ဖြစ်ကြပေ သည်။ ယခုလုံ၀သိင်္ခရွာထက်အဆ များစွာတိုးတက်နေသော လဟယ် မြို့၊ နန်းယွန်းမြို့ကဲ့သို့ မြို့ကြီးများ ရှိစော်ဘွားများပင် တိုက်၀မ်၏ လက်အောက်ခံစော်ဘွားငယ်များ ဖြစ်ကြ၏။ ထိုထုံးစံအတိုင်း ယခု လက်ရှိ လုံ၀သိင်္ခစော်ဘွားတိုး ညိုင်းသည် နာဂဒေသ၌ ဩဇာ ကြီးမားပြီး ရိုသေပူဇော်သူများပြား သည်။
တိုးညိုင်းအကြီးအကဲဖြစ်နေ သည့် လုံ၀သိင်္ခကျေးရွာလေးသည် မြန်မာအစိုးရလက်လှမ်းမမီသော နေရာလည်းဖြစ်သည်။ ထို့ကြောင့် မြန်မာရဲ၊ စစ်သား၊ အုပ်ချုပ်ရေး ဟူ၍ ဘာတစ်ခုမျှမရှိပေ။ မြန်မာ အစိုးရ၀န်ထမ်းဟူ၍ ပညာရေး ၀န်ထမ်း ကျောင်းဆရာသုံးဦးသာ ရှိသည်။ သို့သော် အိန္ဒိယနယ်ခြား စောင့်တပ်မှ စစ်သားများရှိလေ၏။ အမှုအခင်းများဖြစ်လျှင် တိုးညိုင်း နှင့်အိန္ဒိယရဲများပေါင်း၍ ဖြေရှင်း လေ့ရှိသည်။
ရွာ၏အိန္ဒိယဘက်ခြမ်းတွင် အိမ်ခြေ ၇၀၀ ကျော်ရှိပြီး မြန်မာ ဘက်ခြမ်း၌ ၃၀၀ ခန့်ရှိ၏။ ၎င်းတို့ အားလုံးက တိုးညိုင်းကိုလေးစား ကြသည်။ အိန္ဒိယစစ်သားများ ကိုယ်တိုင်ကပင် တိုးညိုင်းကိုလေး စားမှုပြကြသည်။ ‘‘စော်ဘွားကြီး လား။ သူက လူကောင်းတစ် ယောက်ပါ။ ကျွန်တော်တို့ကို အ များကြီးကူညီပါတယ်’’ ဟု အိန္ဒိယ စစ်သား Babul Ghosh ကပြော သည်။
ထို့ပြင် ရွာသူရွာသားများက တိုးညိုင်းအပေါ်ကို လွန်စွာအရိုအ သေပြုသည်။ သည်မျှသာမက တိုးညိုင်း၏ အဘိုးအဘေးများ လက်ထက်ကဆိုလျှင် စော်ဘွား များသည် နတ်ဘုရားကဲ့သို့ဩဇာ ရှိကြောင်း လုံ၀သိင်္ခရွာသားဦးညှပ် သိုးက ပြောသည်။
ထိုသို့ဩဇာညောင်းသည့် မျိုးရိုးတွင် စော်ဘွားဖြစ်ရခြင်းက တိုးညိုင်းအတွက် ကံထူးသည့်အ ပြင် သည်နယ်စပ်မျဉ်းပေါ်ရှိ အိမ် တော်ကြီးကို ပိုင်ဆိုင်ရသည်က လည်း ကံပေါ်ကံဆင့်ထူး၍ ကံ ကောင်းသည်ဟုဆိုနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် သည် အိမ်တော်ကြီးကို ပိုင်ဆိုင်သည့်တိုး ညိုင်းသည် အခြားသူမတူသည့်အ ခွင့်အရေးများ ရသောကြောင့် ပျော်ရွှင်နေသည်။ ပထမဆုံး အခွင့်အရေးအဖြစ် သည်အိမ်ကို ပိုင်ဆိုင်သူအိမ်ပိုင်ရှင်များသည် အိန္ဒိယနိုင်ငံသားအဖြစ်ရော မြန် မာနိုင်ငံသားအဖြစ်ပါ ခံယူနိုင် သည်။ ထို့ကြောင့် တိုးညိုင်းသည် နှစ်နိုင်ငံ နိုင်ငံသားဖြစ်၍နေသည်။ ထိုအခွင့်အရေးသည် သည်အိမ် ပိုင်ရှင် တိုးညိုင်းသာရပြီး အခြား မိသားစု၀င်များ မပါ၀င်ပေ။
မြန်မာ−အိန္ဒိယနယ်စပ်မျဉ်းပေါ်ရှိ စော်ဘွားဟော်နန်းနှင့် နှစ်နိုင်ငံဘက်ခြမ်းရှိ နေအိမ်အချို့ကို တွေ့ရစဉ် (ယာဘက်ခြမ်းမှာ မြန်မာ နိုင်ငံဖြစ်သည်။)
ထို့ကြောင့် ၂၀၁၅ ရွေး ကောက်ပွဲတွင် ဆန္ဒမဲထည့်ခဲ့ သည်။ ထို့ပြင် ၂၀၁၆ နှစ်လယ်ခန့် က ပြုလုပ်သည့်အိန္ဒိယနိုင်ငံ မွန်း မြို့၏ကိုယ်စားလှယ်ရွေးပွဲတွင် လည်း တိုးညိုင်းက မဲထည့်ခဲ့သေး သည်။
ထို့ပြင် ၎င်းကနှယ်နှယ်ရရ တော့မဟုတ်။ ၂၀၁၅ က လုံ၀သိင်္ခ ကျေးရွာလေး၏ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌအဖြစ်ပါဆောင် ရွက်ခဲ့သေးသည်။
ထို့ပြင် တိုးညိုင်းကို လူရွတ် တစ်ယောက်ဟုလည်း ဆိုချင်ဆို နိုင်သေးသည်။ အိမ်အတွင်းထဲ တွင် အိန္ဒိယနိုင်ငံကပေးသော လျှပ်စစ်မီးကို ထွန်းထားပြီးမြန်မာ အစိုးရက လာရောက်လှူဒါန်း သည့်ဆိုလာမီးကိုလည်း ထွန်း ထားသည်။ လုံ၀သိင်္ခရွာတွင်မြန် မာအစိုးရထံမှ လျှပ်စစ်မီးမရသေး ပေ။ ရလျှင်ထွန်းဦးမည်ဟု ၎င်းက ဆို၏။
စော်ဘွားကြီးအိမ်သာဘယ် ဘက်အခြမ်းမှာ တက်သလဲဟူ သည့် ခပ်နောက်နောက်မေးခွန်း ကိုတိုးညိုင်းကရယ်မော၍ ‘‘သည် မှာ အိမ်သာနှစ်လုံးရှိတယ်လေ’’ ဟူ၍ ပြန်လည်ဖြေဆိုပါသေး သည်။ အမှန်တကယ်လည်း စော ဘွားအိမ်တွင် အိမ်သာနှစ်လုံးထား ရှိသည်။ နှစ်လုံးကြားတွင် နံရံတစ် ခုပင်ခြားထားသေးသည်။ ‘‘အိပ် ရင်တော့ ဗမာဘက်ခြမ်းမှာ အိပ် တာပါ’’ ဟု တိုးညိုင်းက ရယ်ကျဲ ကျဲဖြင့်ဆိုသေးသည်။
စော်ဘွားကြီး တိုးညိုင်းက မိန်းမနှစ်ဦးရှိသည်ဟု ဆိုသည်။ တစ်ဦးသည် အိန္ဒိယ ဘက်ခြမ်းအာရာဂျနား ပြည်နယ်မှ အိန္ဒိယနာဂသူနှင့် ဗမာဘက်ခြမ်းမှ နာဂသူတစ်ဦးဖြစ်သည်။ ထို့ပြင် တိုးညိုင်းက မြန်မာပြည်ကိုရော အိန္ဒိယနိုင်ငံကိုပါချစ်သည်ဟု တဖွ ဖွပြော၏။
ထိုကဲ့သို့ ချစ်တတ်ရန် ဘိုးစဉ် ဘောင်ဆက် အရိုက်အရာဆက်ခံ မည့် စော်ဘွားဖြစ်သူကို ဖခင်က သင်ကြားပေးရသည်။ တိုးညိုင်းက လည်း ထိုစိတ်ဓာတ်ကို ၎င်း၏ ဖခင်စော်ဘွားကြီး လုပ်ငန်းဆီကရ သည်ဟု ဆိုသည်။
ထို့အပြင် တိုးညိုင်းက ‘‘အိန္ဒိယ ပြည်ကြီးတိုးတက်တာ ကျွန်တော်တို့ အမြင်ပါပဲ။ မြန်မာ ပြည်ကိုလည်း အဲဒီလိုတိုးတက်စေ ချင်တယ်’’ ဟု ၎င်းကဆိုသည်။ တိုးညိုင်းက ဒီအချက်ကိုတော့ လေး နက်စွာ ပြောသည်။
အဘယ်ကြောင့်ဆိုသော် တိုး ညိုင်းအုပ်ချုပ်သည့် လုံဝသိင်္ခကျေး ရွာ၏ အုပ်စုအတွင်းမှာပင် ဗမာ ဘက်ခြမ်းနှင့် အိန္ဒိယဘက်ခြမ်း သည် ကွာခြားလွန်းလှသည်။ အိန္ဒိ ယ ဘက်ခြမ်းကျေးရွာနှင့်ဆက်စပ် ရွာငယ်လေးများတွင် မီးအချိန် ပြည့်လင်းနိုင်ပြီး ဖုန်းလိုင်းလည်းရှိ သည်။
စီးပွားရေးလည်းအဆင်ပြေ သည်ဟု ဆိုနိုင်သည်။ လုံဝသိင်္ခ ဗမာဘက်ခြမ်းကို အိန္ဒိယကပင် လျှပ်စစ်နှင့်ထောက်ပံ့ ပေးထား ၏။ သို့သော် အိန္ဒိယအထောက်အပံ့ လက်လှမ်းမမီတော့သည့် လုံဝ သိင်္ခဗမာဘက်ခြမ်းနှင့် ဆက်စပ် ကျေးရွာငယ်များမှာတော့ အိမ် များနှင့်ရပ်ကွက်အချို့သည် ဆင်း ရဲပြီး မီးမရှိ၊ ရေမရှိနှင့် လူနေမှုအ ဆင့်အတန်းချို့တဲ့လွန်းလှသည်။ ထို့ကြောင့်တိုးညိုင်းက
‘‘မြန်မာ ဘက်ခြမ်းတိုးတက်ဖို့လည်း အများ ကြီးမျှော်လင့်တယ်။ ဘာလို့ဆို တော့ ကျွန်တော်က မြန်မာနိုင်ငံ သားလည်းဖြစ်၊ မြန်မာနိုင်ငံကို လည်းချစ်တယ်’’ ဟု ဆိုသည်။
တိုးညိုင်းတွင် သားသမီးငါး ဦးရှိသည့်အနက် သားအကြီးဆုံး အမ်းမှာ ၎င်း၏အရိုက်အရာကို ဆက်ခံပြီး စော်ဘွားဖြစ်လာ မည့်သူဖြစ်သည်။ အမ်းသည် နှစ်နိုင်ငံ နိုင်ငံသားအိမ်ကြီးရှင်ဖြစ် လာပြီး အုပ်ချုပ်သူဖြစ်လာမည့် နည်းတူ တိုးညိုင်းကဲ့သို့ နှစ်နိုင်ငံ စလုံးကို ချစ်တတ်ရန် တိုးညိုင်းတို့ ဆွေစဉ်မျိုးဆက် လက်ဆင့်ကမ်းခဲ့ ရသည့် စိတ်ဓာတ်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ထို့အပြင် တိုးညိုင်းအတွက် မေးခွန်းတစ်ခုမေးခဲ့သည်။ ‘‘စော် ဘွားလိုချင်သလောက် ငွေတွေပုံ ပေးမယ်ဆိုရင် ဒီအိမ်ကိုရောင်းမ လား’’ ဟူသည့် မေးခွန်းဖြစ်သည်။