Skip to main content

Continue !

အားလုံးကို အပြစ်တင်လိုက်တဲ့ စစ်ခေါင်းဆောင်

 


စစ်ရေးနှင့် စီးပွားရေး အခက်အခဲမျိုးစုံ ရင်ဆိုင်နေရချိန်တွင် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် သူလုပ်နေကျအတိုင်း မလုပ်နိုင်တော့ဘဲ အခြားသူများကို အပြစ်လွှဲချသည်။ ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

ပြည်ပမှ ဒရုန်းကျွမ်းကျင်သူများ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဘက်က ရပ်တည်သည့် ဘဏ်ဝန်ထမ်းများနှင့် သာမန် မြန်မာနိုင်ငံသားများကို ယခုအပတ် အစောပိုင်းတွင် ထိုစာရင်းသို့ ထည့်သွင်းလိုက်သည်။ မြန်မာနိုင်ငံသားများသည် အလုပ်ကို စိတ်မပါသည့်သဘော မင်းအောင်လှိုင်က ပြောသည်။ မြန်မာတွင် သယံဇာတ ပေါကြွယ်ဝပြီး မြေသြဇာကောင်းကာ ရာသီဥတု မျှတသော်လည်း ပြည်သူများသည် အလုပ်မကြိုးစားဘဲ နိုင်ငံကို တန်ဖိုးမထားကြောင်းလည်း ၎င်းကပြောသည်။

သူ အပြစ်လွှဲချသည့် စာရင်းတွင် အသစ်ပါဝင်လာသူမှာ ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ အရပ်သားအစိုးရအသွင်ယူ အာဏာရသူ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ဖြစ်သည်။ သမ္မတဟောင်း ဦးသိန်းစိန်သည် မြန်မာ့စီးပွားရေး ကျဆင်းမှုအတွက် တာဝန်ရှိသည်ဟု စစ်ကောင်စီအစည်းအဝေးတွင် ၎င်းကပြောသည်။

နိုဝင်ဘာလ ၈ ရက်နေ့တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး ကျင်းပပြီးနောက် ယခု အစည်းအဝေးသည် မင်းအောင်လှိုင် ပြုလုပ်သည့် ပထမဆုံး အဆင့်မြင့်အစည်းအဝေး ဖြစ်သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရွေးကောက်ခံ အရပ်သားအစိုးရကို အာဏာသိမ်း ဖြုတ်ချခဲ့သော်လည်း မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) သည် လက်နက်ဖြင့် အာဏာသိမ်းယူရန် ကြိုးစားနေသည်ဟု ယခု စွပ်စွဲနေသည်။ ထိုအဖွဲ့အစည်းများအနေဖြင့် စဉ်းစားတွေးခေါ်ပုံ ပြောင်းလဲရန်လိုကြောင်း နိုဝင်ဘာလ ၂၉ ရက်နေ့က ကျင်းပသည့် စစ်ကောင်စီ အစည်းအဝေးတွင် ပြောသည်။


လွန်ခဲ့သောလက ရှမ်းပြည်နယ်မြောက်ပိုင်းမှ စစ်ကောင်စီစခန်းများနှင့် အခြေစိုက်စခန်းများကို တိုက်ခိုက်ရာတွင် ပြည်ပမှ ဒရုန်းကျွမ်းကျင်သူများ ပါဝင်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဆက်လက်စွပ်စွဲသည်။ EAOs များသည် တိုက်ခိုက်မှုများအတွင်း အဆင့်မြင့် နည်းပညာဒရုန်းများဖြင့် ဗုံးထောင်ပေါင်းများစွာ ကြဲချသည်ဟု ပြောသည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းမှု နောက်ပိုင်းတွင် စစ်ကောင်စီသည် မြန်မာနိုင်ငံတဝန်းကို ထိန်းချုပ်ရန် ကြိုးစားနေသော်လည်း မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့က အောက်တိုဘာလ ၂၇ ရက်နေ့တွင် ၁၀၂၇ စစ်ဆင်ရေး ထိုးစစ်စတင်ပြီးနောက် ကျယ်ပြန့်လှသည့် ပိုင်နက်နယ်မြေများကို အုပ်ချုပ်နိုင်စွမ်း မရှိတော့ပေ။

၁၀၂၇ စစ်ဆင်ရေး မတိုင်မီက စစ်ကောင်စီသည် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ပြည်သူ့ကာကွယ်ရေးတပ်များ (PDFs) ကို လေ့ကျင့်သင်တန်းပေးခြင်းနှင့် စစ်ကောင်စီ စခန်းများကို တိုက်ခိုက်ခြင်းအတွက် ပြစ်တင်ဝေဖန်သည်။

တိုင်းရင်းသားအဖွဲ့အစည်းများကို အပြစ်တင်

နိုဝင်ဘာလ ၂၉ ရက်နေ့က အစည်းအဝေးတွင် မင်းအောင်လှိုင်က KIA သည် မူးယစ်မှောင်ခိုလုပ်ငန်းတွင် ပတ်သက်နေသည်၊ နိုင်ငံ၏ သယံဇာတများကို အိမ်နီးချင်းနိုင်ငံတခုသို့ တရားမဝင်ရောင်းချပြီး အင်အားချဲ့ထွင်နေသည်ဟု စွပ်စွဲသည်။ အိမ်နီးချင်းနိုင်ငံတခု ဆိုသည်မှာ တရုတ်ကို သွယ်ဝိုက် ရည်ညွှန်းခြင်း ဖြစ်သည်။

KIA သည် စစ်ကိုင်းနှင့်မကွေးတိုင်းမှ အစွန်းရောက်လူငယ်များကို လေ့ကျင့်၊ လက်နက် တပ်ဆင်ပေးနေကြောင်းလည်း ၎င်းက စွပ်စွဲသည်။ စစ်ကောင်စီသည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အခြား EAOs များကို တိုက်ခိုက်နေရချိန်တွင် KIA သည် ထိုဒေသ နှစ်ခုလုံးမှ အကြမ်းဖက် တိုက်ခိုက်မှုများတွင် ပါဝင်ပတ်သက်နေပြီး ကချင်ပြည်နယ်မှ စစ်တပ်စခန်းများကို တိုက်ခိုက်နေသည်ဟုလည်း ဆက်လက် ပြောကြားသည်။

မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ KIA, ရက္ခိုင့်တပ်တော် (AA) နှင့် အခြား ကိုးကန့်လက်နက်ကိုင်အုပ်စုများနှင့် “ပြည်ပကျွမ်းကျင်သူများ” စုစုပေါင်း ၆,၅၀၀ ကျော်သည် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တိုက်ခိုက်မှုများတွင် ပူးပေါင်းဆောင်ရွက်နေကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။

ထို “ပြည်ပကျွမ်းကျင်သူများ” သည် မည်သည့် နိုင်ငံမှလာသည်ကို စစ်ကောင်စီ အစည်းအဝေးတွင် ပြောကြားခြင်း မရှိသော်လည်း နိုဝင်ဘာလ ၈ ရက်နေ့က ပြုလုပ်သည့် အစည်းအဝေးတခုတွင်မူ ရှမ်းပြည်မြောက်ပိုင်းမှ စစ်ကောင်စီစခန်းများကို မြန်မာတွင် အလွယ်တကူ ဝယ်ယူနိုင်သည့် တရုတ်လုပ် ဒရုန်းများဖြင့် ဗုံးကြဲနေကြောင်း ၎င်းကပြောသည်။

စစ်ကောင်စီကို ညီနောင်မဟာမိတ်များက ထိုးစစ်ဆင်ရာတွင် မည်သည့် ပြည်ပ ကျွမ်းကျင်သူမှ မပါကြောင်း MNDAA က ပြောသော်လည်း ၁၀၂၇ စစ်ဆင်ရေး နောက်ကွယ်တွင် တရုတ်နိုင်ငံ ရှိနေသည်ဟု စစ်တပ်လိုလားသူများက ပြောသည်။ MNDAA သည် ညီနောင်မဟာမိတ် သုံးဖွဲ့အနက် တဖွဲ့ဖြစ်သည်။

ရက္ခိုင့်တပ်တော်သည် အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ခြင်းနှင့် ရှမ်းပြည်မြောက်ပိုင်းမှ ထိုးစစ်တွင် ပါဝင်ခြင်းဖြင့် သူ့ကို သစ္စာဖောက်သည်ဟု မင်းအောင်လှိုင်က မကျေမနပ် ပြောသည်။ မေလက မိုခါဆိုင်ကလုန်း အပြီးတွင် ရခိုင်ပြည်နယ်သို့ သူကိုယ်တိုင် သွားရောက်ခဲ့ပြီး စစ်ကောင်စီသည် ရခိုင်ပြည်နယ်တွင် အကူအညီပေးရေးနှင့် ပြန်လည် နာလန်ထရေးအတွက် နိုင်ငံတော် ရန်ပုံငွေမှ သန်းပေါင်းများစွာ သုံးစွဲခဲ့သည်ဟုလည်း ပြောကြားနေခြင်းဖြစ်သည်။

နိုဝင်ဘာလ ၁၃ ရက်နေ့က ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားပြီးနောက် စစ်ကောင်စီသည် ရခိုင်ပြည်နယ်မှ လမ်းများနှင့် ရေကြောင်းလမ်းများ အားလုံးကို ပိတ်ဆို့လိုက်သည်။

ပြောရလျှင် ငြိမ်းချမ်းနေသည့် ဆယ်စုနှစ်များ ကြာပြီးနောက် စစ်တပ်ကို ထတိုက်သည့်အတွက် ကရင်အမျိုးသားအစည်းအရုံး (KNU) ကိုလည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အပြစ်တင်သည်။ KNU ၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) သည် မြဝတီနှင့် ကော့ကရိတ်မှ စစ်ကောင်စီစခန်းများကို တိုက်ခိုက်ပြီး တံတားများကို ဖောက်ခွဲသည်ဟုလည်း သူပြောသည်။

EAOs များသည် ငြိမ်းချမ်းသောနှစ်များတွင် လက်နက်စုဆောင်းပြီး PDF များကို လေ့ကျင့်ပေးခြင်းနှင့် လက်နက်ရောင်းချခြင်းများဖြင့် ငြိမ်းချမ်းရေးကို အမြတ်ထုတ်သည်ဟုလည်း မင်းအောင်လှိုင်က စွပ်စွဲသည်။

 

ဦးသိန်းစိန်ကိုလည်း အပြစ်တင်

သူအာဏာသိမ်းထားစဉ် စီးပွားရေးနှေးကွေးခြင်းအတွက် မင်းအောင်လှိုင်သည် ဖြုတ်ချခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို မကြာခဏ အပြစ်တင်လေ့ရှိသော်လည်း နိုဝင်ဘာလ ၂၉ ရက်နေ့က ပြုလုပ်သည့် အစည်းအဝေးတွင်မူ ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ နိုင်ငံကို အုပ်ချုပ်ခဲ့သည့် သမ္မတဟောင်း ဦးသိန်းစိန် အစိုးရကိုပါအပြစ်တင်သည်။

ပြီးခဲ့သည့် မတ်လတွင် မင်းအောင်လှိုင်သည် ဦးသိန်းစိန်နှင့် အခြား ဗိုလ်ချုပ်ဟောင်းများကို ဂါရဝပြုကာ အကြံဉာဏ်တောင်းခံသည်။ ယခု နိုင်ငံကို သူ မထိန်းချုပ်နိုင်တော့သောအခါ ထိုသူများကို ပြန်လည် အပြစ်တင်နေသည်။

၂၀၁၁ ခုနှစ်တွင် အာဏာရလာသည့် ဦးသိန်းစိန်အစိုးရသည် နိုင်ငံပိုင်လုပ်ငန်းများကို အားမပေးခဲ့ဘဲ အဆိုပါလုပ်ငန်းများကို ပုဂ္ဂလိကပိုင်လုပ်ခြင်း၊ ပိတ်ပစ်ခဲ့ခြင်းကြောင့် အမျိုးသားစီးပွားရေး၏ အဓိက မဏ္ဍိုင်ဖြစ်သည့် ကုန်ထုတ်လုပ်ငန်းများ ထိခိုက်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။

မြန်မာတွင် ပို့ကုန်ထက် သွင်းကုန်များနေသောကြောင့် လိုငွေပြနေကြောင်းလည်း ၎င်းကပြောသည်။

ထိုအချက်သည် အထူးသတိပြုစရာ အပြောင်းအလဲဖြစ်သည်။ ပြီးခဲ့သည့် မတ်လတွင် မင်းအောင်လှိုင်သည် ဦးသိန်းစိန်နှင့် အခြား ဗိုလ်ချုပ်ဟောင်းများကို ဂါရဝပြုကာ အကြံဉာဏ်တောင်းခံသည်။ ယခု နိုင်ငံကို သူ မထိန်းချုပ်နိုင်တော့သောအခါ ထိုသူများကို ပြန်လည် အပြစ်တင်နေသည်။

မြန်မာနိုင်ငံအတွက် ပြဿနာမှာ ပြည်သူများ အလုပ် မကြိုးစားခြင်းဖြစ်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပြီး သယံဇာတ ပေါများခြင်း၊ မြေသြဇာကောင်းခြင်းနှင့် ရာသီဥတု ကောင်းမွန်ခြင်းတို့ကြောင့် နိုင်ငံတွင် ကြွယ်ဝချမ်းသာမည့် အလားအလာ အကြီးအကျယ်ရှိကြောင်း ပြောသည်။

ဘဏ်ဝန်ထမ်းများကို အပြစ်တင်

ယခုအခါ ခုခံတော်လှန်ရေး အင်အားစုများ ထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့မှ ဘဏ်ဝန်ထမ်းများကိုလည်း အပြစ်တင်ပြီး ထိုဘဏ်ဝန်ထမ်းများ၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် ကောလင်းမှ နိုင်ငံပိုင် မြန်မာ့စီးပွားရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ်များမှ ငွေများ NUG အစိုးရလက်သို့ အလွယ်တကူ ကျရောက်သွားကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။

PDF များက ပုဂ္ဂလိက ဘဏ်ဝန်ထမ်းများကို ခြိမ်းခြောက်ပြီး လုယူလိုက်သောအခါ ကျပ်ငွေ ဘီလီယံ ၄၀ ကျော် ဆုံးရှုံးကြောင်း မင်းအောင်လှိုင်က ပြောသည်။

မင်းအောင်လှိုင်၏ နောက်ထပ် စွမ်းရည်တခုမှာ သူ မည်သို့ စဉ်းစားတွက်ချက်နေကြောင်း ခန့်မှန်းရန် ခက်ခဲခြင်း ဖြစ်ပြီး အထူးသဖြင့် သူ့အနေဖြင့် သူတပါးကို လက်ညှိုးထိုး အပြစ်တင်ရန်မှတပါး အခြားမည်သို့မှ မလုပ်နိုင်တော့သည့် အချိန်တွင် ခန့်မှန်းရန် ပိုမိုခက်ခဲသည်။

မြန်မာ့စီးပွားရေးဘဏ်မှ ကျပ်ငွေ ၉၅ သန်းကို သိမ်းဆည်းလိုက်သော်လည်း ပြည်သူများ စုဆောင်းငွေ မဆုံးရှုံးစေရန် တာဝန်ယူကြောင်း NUG က နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ကြေညာသည်။ ကမ္ဘောဇဘဏ်နှင့် ဧရာဝတီဘဏ် အပါအဝင် ပုဂ္ဂလိက ဘဏ် ငါးခုမှ ကျပ်ငွေ ၄ ဒသမ ၄ ဘီလီယံ သိမ်းဆည်းလိုက်ကြောင်းလည်း နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ကြေညာသည်။

မင်းအောင်လှိုင်၏ နောက်ထပ် စွမ်းရည်တခုမှာ သူ မည်သို့ စဉ်းစားတွက်ချက်နေကြောင်း ခန့်မှန်းရန် ခက်ခဲခြင်း ဖြစ်ပြီး အထူးသဖြင့် သူ့အနေဖြင့် သူတပါးကို လက်ညှိုးထိုး အပြစ်တင်ရန်မှတပါး အခြားမည်သို့မှ မလုပ်နိုင်တော့သည့် အချိန်တွင် ခန့်မှန်းရန် ပိုမိုခက်ခဲသည်။

 

Hi !

!

Popular posts from this blog

ဝေဝါးမှုတွေနဲ့အတူ မသေချာ မရေရာမှုများနဲ့ မြန်မာပြည်..။

  ဝါရင့်သတင်းစာဆရာကြီး လာရီယာဂန်က စစ်အာဏာသိမ်းမှု သုံးနှစ်ပြည့်တဲ့ ဖေဖော်ဝါရီ(၁)ရက်နေ့မှာ ဘန်ကောက်ပို့စ်သတင်းစာမှာ ဆောင်းပါးတစ်ပုဒ် ရေးသားလိုက်ပါတယ်။ ဆောင်းပါးခေါင်းစဉ်က Myanmar faces increasing uncertainty ပါ။ စစ်အာဏာသိမ်းပြီး သုံးနှစ်အကြာမှာ မြန်မာနိုင်ငံရဲ့အခြေအနေ ဘယ်လိုရှိသလဲ။ ရှေ့မှာ ဘာဖြစ်နိုင်သလဲ။ မှန်းဆထားတာပါ။ လက်ရှိ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်လို့ လာရီယာဂန်လည်း ဘာမှ မမှန်းဆနိုင်ပါဘူး။ သူပြောနိုင်တာ တစ်ခုက မြန်မာပြည်ဟာ မသေမချာ မရေမရာမှုတွေ အများကြီးနဲ့ ဆက်ပြီး ရင်ဆိုင်နေရဦးမယ်ဆိုတဲ့ ကောက်ချက်ပါ။ မြန်မာစစ်တပ်က ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရကို စစ်အာဏာသိမ်းခဲ့တာ ခု ဖေဖော်ဝါရီ(၁)ရက်မှာ သုံးနှစ်တိတိ ပြည့်ခဲ့ပြီဖြစ်ကြောင်း၊ သုံးနှစ်အတွင်း တိုင်းပြည်ဟာ အဖက်ဖက်က ယိုယွင်းပျက်စီးသွားပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေ တိုးပွါးနေကြောင်း၊ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ပီဒီအက်ဖ်တွေကြား တိုက်ပွဲတွေကြောင့် ပြည်သူသန်းပေါင်းများစွာ အိုးပစ်အိမ်ပစ် ထွက်ပြေးနေရကြောင်း လာရီယာဂန်က ရေးသားပါတယ်။ ...

ကရင်ပြည်နယ်ပုံရိပ်ကို ထိခိုက်စေသဖြင့် ရွှေကုက္ကိုလ်ကို တိုက်ခိုက်ရဟု KTLA ပြော

  ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ ရွှေကုက္ကိုလ်မြို့သစ်သည် ပြည်နယ်ဖွံဖြိုးမှု မဖြစ်စေဘဲ ပျက်ဆီးမှုကိုသာ ဖြစ်စေသဖြင့် တိုက်ခိုက်ရခြင်း ဖြစ်ကြောင်း ကော်သူးလေတပ် (KTLA) က ဧပြီ ၇ ရက်တွင် ကြေညာသည်။ Facebookတွင် ပျံ့နှံလာသော KTLA ဗဟိုဌာနချုပ် ရုံးထိုင်မှူး စောဝါးနေမူး လက်မှတ်ထိုးထားသည့် ကြေညာချက်အရ ရွှေကုက္ကိုလ်မြို့သည် မူးယစ်ဆေးဝါး ဖြန့်ဖြူးသုံးစွဲရောင်းချနေပြီး တိုင်းရင်းသူ အမျိုးသမီးများကို ပြည့်တန်ဆာအဖြစ် လိမ် လည်လှည့်ဖြားစေခိုင်းနေသည့် နေရာဖြစ်နေသလို စစ်ကောင်စီအတွက် တရားမဝင်ငွေကြေးများ ရှာဖွေပေးသည့် နေရာ ဖြစ်၍ ပြည်ပမှ အလုပ်သမားများကိုလည်း လိမ်လည်ခေါ်ဆို ခိုင်းစေမှုများ ရှိနေသဖြင့် KTLA အနေနှင့် ကရင်ပြည်နယ် အကျိုးအတွက် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း၊ ထို့အတွက် ရွှေကုက္ကိုလ်တွင် နေထိုင်သည့် ပြည်သူများအနေနှင့် တိုက်ပွဲ ဧရိယာမှ ရှောင်ပေးကြရန် ထုတ်ပြန်ထားသည်။ ထိုကြေညာချက်နှင့် ပတ်သက်၍ ပိုမိုသိရှိနိုင်ရန် KTLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောနယ်ဒါးမြကို ဧရာဝတီက ဖုန်းဖြင့်ဆက် သွယ်ခဲ့ရာ ၎င်း အလုပ်များနေသဖြင့် နောက်မှ ပြန်လည်ဆက်သွယ်ရန် ပြောဆိုသည်။ ကော်သူးလေတပ်နှင့် နီးစပ်သည်...

မြန်မာနိုင်ငံမှာရှိတဲ့ ဗမာလူမျိုး ပေါ်ပေါက်ပုံ အကြောင်း

  ဗမာလူမျိုး ပေါ်ပေါက်လာပုံ သမိုင်းကြောင်း – တိဘက်တို ဘားမန်းလူမျိုးနွယ်စုကြီး မှ အကြီးဆုံးသောလူမျိုးဖြစ်သည်။ ယနေ့ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းသို့ နာဂ၊ သက်၊ ကမ်းယံ၊ပျူ တို့နောက်မှ ဝင်ရောက်လာခြင်းဖြစ်သော်လည်းပျူတို့ ထူထောင်သည့် ပထမပြည်ထောင်စုကို အေဒီ ၈ ရာစုတွင် နန်ကျောက်တို့က ဖျက်စီးပြီးချိန် မတိုင်မှီက ပင် ရောက်ရှိနေထိုင်နေခဲ့ပြီးဖြစ်သည်ဟုခန့်မှန်း၍ရနိုင်သည်။အေဒီ ၁၀ ရာစုမတိုင်မှီ အချိန်ကပင် ကျောက်ဆည် ၁၁ ခရိုင်တွင် အခြေချခဲ့ပြီး နောက်များမကြာမှီ တွင်မြစ်သာ ၆ ခရိုင် ၊ ပုဂံ နေပြည်တော်တို့ကို ထူ ထောင်ကာဒုတိယမြန်မာပြည်ထောင်စုကို တည်ထောင်ခဲ့ကြသည်။ သို့သော် မြန်မာနိုင်ငံသားတို့က ထိုပြည်ထောင်စုကိုသာပထမပြည် ထောင် စုအဖြစ် လက်ခံကြသည်။သမိုင်းတစ်လျောက်တွင် မွန်ဂို၊ တရုတ်၊ ယိုးဒယား၊ မွန်၊ ရခိုင်၊ ရှမ်း၊ ကရင် အစရှိသည့် အတွင်း၊ အပြင်ရန်အမျိုးမျိုးနှင့်ကြုံတွ့ခဲ့ဖူးပြီးအကြိမ်တိုင်းတွင် ပြည်ထောင်စု၏ ဦးဆောင်သူနေရာကို ဗမာတို့ ပြန်လည်ကာ ရောက်ရှိနိုင်ခဲ့သည်။အနော်ရထာ၏ ပထမပြည်ထောင်စု(ပထမမြန်မာနိုင်ငံတော်ကြီး)၊ တပင်ရွှေထီး-ဘုရင့်နောင်တို့ ၏ ဒုတိယပြည်ထောင်စု (ဒုတိယ မြန်မာနိုင်ငံတော်ကြီး)၊အလောင်းဘုရား၏ တတိ...

မြန်မာပြည်မြေပုံကို အပြောင်းခံကြမှာလား

  ကမ္ဘာ့သမိုင်းကို ပြန်လေ့လာကြည့်မယ်ဆိုရင် အိမ်နီးချင်းနိုင်ငံတွေအဖြစ် နှစ်ပေါင်းများစွာ အတူတကွ ယှဉ်တွဲ ရပ်တည်နေကြပြီးမှ ဝေးကွာသွားကြတဲ့ နိုင်ငံတွေ ရှိခဲ့တယ်ဆိုတာ တွေ့နိုင်ပါတယ်။ ကျွန်တော်တို့အတွက် အထင်ရှားဆုံး ဥပမာတစ်ခုရှိပါတယ်။ အဲဒါကတော့ မြန်မာနဲ့ ပါကစ္စတန်တို့ဟာ ယခင်က နယ်မြေချင်း ထိစပ်နေကြတဲ့ အိမ်နီးချင်း နိုင်ငံတွေပါ။ သို့သော် ၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံအသစ် ပေါ်ပေါက်လာချိန်မှာတော့ အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားခဲ့ကြပါတယ်။ ယခင်က အိမ်နီးချင်းဖြစ်ခဲ့လို့ ထင်ပါတယ်၊ မြန်မာနဲ့ ပါကစ္စတန်တို့ရဲ့ ဆက်ဆံရေးဟာ ကောင်းမွန်နေကြဆဲဆိုတာ သက်သေ၊ သာဓကများစွာ ရှိပါတယ်။ အဲဒီလို အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားရခြင်းဟာ သူတို့ရဲ့ ပြည်တွင်းရေးသာ ဖြစ်တဲ့အတွက် အထူးအထွေ ဝေဖန်ရန် မရှိပါ။ သို့သော် လက်ရှိအခြေအနေမှာ မြန်မာရဲ့ အိမ်နီးချင်း (၅) နိုင်ငံရှိနေရာက မတူညီတဲ့ အိမ်နီးချင်းနိုင်ငံသစ်တွေ ထပ်မံ ပေါ်ပေါက်လာဖို့ လုပ်ဆောင်နေကြတာတွေ မြင်နေရပါပြီ။ ဒီတစ်ကြိမ်ကတော့ ကျွန်တော်တို့ရဲ့ ပြည်တွင်းရေးဖြစ်တဲ့အတွက် အလေးထားရပါတော့မယ်။ ရှိပြီးသား အိမ်နီးချင်း (၅) နိုင်ငံနဲ့ မြန်မာတို့အကြား ကျွန်တော်တိ...

မြန်မာ ဒုကာကွယ်ရေးဝန်ကြီး ထောင်ထဲရောက်ပြီ

  မြန်မာ ဒုကာကွယ်ရေးဝန်ကြီး ထောင်ထဲရောက်ပြီ မတ်လ ၂၈ ရက် ၂၀၂၄ ခုနှစ် နံနက် ၁၀ နာရီ ၂၀ သတင်း ================================= ကာကွယ်ရေး ဒု-ဝန်ကြီး ဖြစ်သူ ဗိုလ်ချုပ်အောင်လင်းထွန်းကို ကျားဖြန့်လုပ်ငန်းနဲ့ ပတ်သက်တယ်ဆိုပြီး မနေ့ည မတ်လ ၂၇ ရက်နေ့ည ၁၁ နာရီတွင် စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့မှ သွားရောက်ဖမ်းဆီးခဲ့ကြပါတယ်။ အဆိုပါ ဖမ်းဆီးချိန်တွင် ဒုကာကွယ်ရေးဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်အောင်လင်းထွန်းသည် အရက်မူးနေပြီး အသာတကြည် လိုက်လာခြင်းမရှိပဲ … ပုဆိုးလှန်ပြီး ဆဲဆိုနေခြင်းကြောင့် စစ်ဘက်လုံခြုံရေးအဖွဲ့မှ ရိုက်နှက်ခဲ့ရာ.. သွား အချို့ ကျွတ်သွားပြီး ပါးစပ်တခုလုံး သွေးများနီရဲနေသည်။ “အဲ့ကောင် ပါးစပ်က သွေးမတိတ်ခင် ရမဲသင်းထောင်ပို့လိုက်စမ်း” လို့ အထက် အမိန့်ပေးလိုက်တော့ အခု ရမဲသင်းထောင်ရောက်နေပြီဖြစ်ကြောင်း မြန်မာအမေရိကန် သတင်းဌာနမှ စုံစမ်းသိရှိရသည်။ ဂိုလ်ရှယ်လေး

စစ်တပ်မှ အာဏာသိမ်းထားသည့် ၃ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ထောင်သားဘဝ

                           ဖေဖော်ဝါရီလ ၁ ရက်နေ့သည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့အတွက် အနှောက်အယှက်ဖြစ်စေသူဟု ယူဆသည့် ရွေးကောက်ခံအစိုးရ ခေါင်းဆောင်နှင့် နိုင်ငံသမိုင်းတွင် အညီညွတ်ဆုံးဖြစ်စေခဲ့သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာမှဖယ်ရှားပြီး မအောင်မြင်သော အာဏာသိမ်းမှု ပြုလုပ်သည့် သုံးနှစ်မြောက်နေ့ ဖြစ်သည်။ ရက်ပေါင်း ၁၀၉၅ ရက်ကျော် ကြာသော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် မြို့တော်နှင့် စစ်တပ်ဗဟိုဌာနချုပ် နေပြည်တော် အနောက်တောင်ဘက်အစွန်းမှ ထောင်တခုတွင် တဦးတည်း ဆက်လက် ဖမ်းဆီးချုပ်နှောင်ခံနေရသည်။ သူ့အတွက် တခုတည်းသော ထောင်ပြင်ထွက်ရချိန်သည် လွန်ခဲ့သောနှစ်အတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စတာ ဒွန် ပရာမတ်ဝီနိုင်နှင့် တွေ့ရသည့် တိုတောင်းသော ကာလဖြစ်ပြီး သူ့ကို ချမှတ်ထားသည့် ထောင်သက်တမ်းကိုလည်း ၃၃ နှစ်မှ ၂၇ နှစ်သို့ လွန်ခဲ့သောနှစ်က လျှော့ချပေးသည်။ အာဏာသိမ်းမှု နှစ်ပတ်လည်သည် ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းနည်းစရာကောင်းသော လက်ရှိအခြေအနေနှင့် ဝေဝါးနေသည့် အနာဂတ်ကို မီးမောင်းထိုးပ...

ပဲခူးတိုင်း မင်းလှမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွား

  မင်းလှတွင် ၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲ ၆ ကြိမ် အတွင်း စစ်တပ်ဘက်မှ စစ်သား ၈၀ ဦးကျော်သေဆုံး ရန်ကုန်၊ မတ် ၁၁ ပဲခူးတိုင်း၊ မင်းလှမြို့နယ်အတွင်း ၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲ ၆ ကြိမ် အတွင်း စစ်တပ်ဘက်မှ ၈၀ ကျော်သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ မတ်လ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ ဧက ၁၀၀၀ ကျွန်း စိုက်ခင်း ကျုံးပေါက်အနီး၌ စစ်ကြောင်း ထိုးလာသော အင်အား ၁၂၀ ပါ စစ်ကောင်စီ တပ်သားများကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ နှင့် ဒဂုံစစ်ကြောင်းတို့က စောင့်ကြို တိုက်ခိုက်ခဲ့ရာ အပြန်အလှန် တိုက်ပွဲ ၂ နာရီကျော် ကြာမြင့်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်ဘက်မှ ၂၀ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။ ယင်းနေ့ ညနေ ၅ နာရီခန့်အချိန် မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်းပေါ်ရှိ ဟိုင်းယု လမ်းဆုံတွင် တပ်ဆွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ နှင့် တပ်ခွဲ ၃ တို့က လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ရှောင်တခင် သွားရောက် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၃ နာရီခန...

တပ်မလက်ရွေးစဉ် ဘီလူးစစ်ကြောင်းဆိုသည်မှာ .....

    “ဒီစစ်ကြောင်းက စစ်တိုက်ဖို့ဆိုတာထက် လူတွေကိုသတ်၊ မုဒိမ်းကျင့်ဖို့ အဲ့လိုမျိုးတွေလုပ်ဖို့ အဓိကလာတဲ့ စစ်ကြောင်းပါ။ လူမဆန်တဲ့ လုပ်ရပ်တွေကို အဓိကလုပ်တာ” မြောင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) က ကိုနွေဦးက စစ်ကိုင်းဒေသအတွင်း စစ်ရာဇဝတ်မှုများကို ကျူးလွန်ချိုးဖောက်နေသည့် ဘီလူးစစ်ကြောင်း၏ လုပ်ရပ်များကို ပြောဆိုသွားခြင်းဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြည်သူများကို ရက်ရက်စက်စက် ခေါင်းဖြတ်သတ်သည့် စစ်ကြောင်း၊ အစုလိုက် အပြုံလိုက် သတ်သည့်စစ်ကြောင်း၊ မုဒိမ်းမှုများကို ကျူးလွန်နေသည့် စစ်ကြောင်းဟု ဆိုလိုက်ပါက လူတိုင်းက ဆိုးဆိုးရွာရွား နာနာကျည်းကျည်း အမှတ်ရနေသည့် စစ်ကြောင်းမှာ ဘီလူးစစ်ကြောင်းပင် ဖြစ်သည်။ ရက်စက်မှုအပေါင်း သရဖူဆောင်းထားသည့် ဘီလူးစစ်ကြောင်းသည် ယခုနှစ် ဩဂုတ်လ တတိယပတ်မှ စက်တင်ဘာလ ဒုတိယပတ်ထိ စစ်ကိုင်း၊ ရွှေဘို၊ ဝက်လက်နယ်များသို့ စစ်ကြောင်းထိုး ဝင်ရောက်ပြီးနောက် ပြည်သူများကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်။ 'စစ်ကိုင်း၊ ရွှေဘို၊ ဝက်လက်နယ်ထဲ ဘီလူးစစ်ကြောင်း၏ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သည့် အခြေအနေများ' မန္တလေး-ရွှေဘို-မြစ်ကြီ...

ရှမ်းမြောက်က ကျားဖြန့် ဇာတ်သိမ်းခန်း

  ဇန်နဝါရီ ၃၀ ရက်တွင် မြန်မာနိုင်ငံ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက တရုတ် အစိုးရထံ မြန်မာနိုင်ငံမြောက်ပိုင်း ကျားဖျန့် လုပ်ငန်းများတွင် အဓိက ကြိုးကိုင်သူများဟု သတ်မှတ်ထားသည့် ပယ်စောက်ချိန်အပါအဝင် ခြောက်ဦးနှင့် အခြားအရေးကြီးသံသယရှိ သူ လေးဦးကို လွှဲပြောင်းပေးခဲ့သည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ဇန်နဝါရီ ၃၀ ရက်တွင် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးအဖွဲ့ အစည်းထံသို့မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့် ဒေသ အွန်လိုင်းလိမ်လည်မှုအဖွဲ့၏ အဓိက ခေါင်းဆောင် ခြောက်ဦးဖြစ်သည့် ပယ် စောက်ချိန်၊ ပယ်ရင်ချန်၊ဝေ့ဟွိုင်ရန်၊ လျိုကျန့် ရှန်၊ လျိုကျန့်မောက်၊ ရွှီလောက်ဖာနှင့် အခြား အရေးကြီး ပြစ်မှုကျူးလွန်ကြောင်းသံသယရှိ သူ လေးဦးအား တရားဥပဒေနှင့်အညီ လွှဲ ပြောင်းပေးအပ်ခဲ့ပြီး အဆိုပါ ၁၀ ဦးကို ယင်း နေ့ညတွင်ပင် တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့ သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ခဲ့သည်။ ယင်းသို့ မြန်မာနိုင်ငံမြောက်ပိုင်းရှိ ကျား ဖျန့်လုပ်ငန်းများတွင် အဓိကတာဝန်ရှိသူဟု တရုတ်အစိုးရက သတ်မှတ်ထားသည့် ပယ် စောက်ချိန် အပါအဝင် ခြောက်ဦးအား လွှဲ ပြောင်းပေးအပ်ခြင်းမှာ တရုတ်-မြန်မာ နှစ် နိုင်ငံ၏ န...

အာဆီယံ-သြစတြေးလျ ထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီ ကိုယ်စားလှယ်တက်မည်

 စစ်ဗိုလ်ချုပ်များခန့်ထားသည့် သံအမတ်က မဲလ်ဘုန်းမြို့တွင် ၃ ရက်ကြာ ကျင်းပမည့် ဒေသတွင်း အထူးထိပ်သီးအစည်းအဝေးကာလအတွင်း ဆွေးနွေးပွဲ ၂ ခုကို တက်မည်ဟု သိရှိရသည်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသည့် အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသည့် သြစတြေးလျ ဝန်ကြီးချုပ် Anthony Albanese ကို တွေ့ရစဉ်။ သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် မတ်လ ၄ ရက်မှ ၆ ရက်အထိ ကျင်းပမည့် အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီကိုယ်စားလှယ် တက်ရောက်မည်ဟု သိရသည်။ အစည်းအဝေးကာလတွင် ပြုလုပ်မည့် ရေကြောင်းပူးပေါင်းဆောင်ရွက်ရေးညီလာခံ၊ ရာသီဥတုနှင့် သန့်ရှင်းသောစွမ်းအင်ဆိုင်ရာ ဖိုရမ်တို့ကို ကင်ဘာရာမြို့ မြန်မာသံရုံးမှ စစ်ကောင်စီခန့် သံအမတ် ဦးသက်ထွန်း တက်ရောက်မည်ဖြစ်သည်။  အခြား ဆက်စပ်အစည်းထိပ်သီးအစည်းအဝေးများသို့ စစ်ကောင်စီကိုယ်စားပြုကိုယ်စားလှယ် တက်မည်၊ မတက်မည်ကိုမူ သြစတြေးလျ နိုင်ငံခြားရေးနှင့် ကုန်သွယ်မှုဌာနက ပြောဆိုခြင်းမရှိပေ။ ...

Click !