Skip to main content

Continue !

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ မီးပွားများ

 


ကိုးကန့်ဒေသသည် မူးယစ်ဆေးဝါး၊ လောင်းကစားဝိုင်းများနှင့် ဆက်နွယ်ပြီး စည်းကားသည့် အရပ်ဒေသဖြစ်သကဲ့သို့ တရုတ်နှင့် နယ်စပ်ကုန်သွယ်ရေး အရှိန်ရနေသည့် ဒေသလည်းဖြစ်၏။ ထိုသို့သော အရပ်ဒေသတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲများသည်လည်း အလုပ်များ၊ လှုပ်ရှားကြ၏။ သို့သော် စစ်ကောင်စီ လက်အောက်ခံ မူးယစ်ရဲများ လှုပ်ရှား၊ အလုပ်များကြသည်မှာ မူးယစ်ဆေးဝါး ဖမ်းဆီးနှိမ်နင်းဖို့ထက် မူးယစ်ဆေးဝါးလောကမှ သူငယ်နှပ်စားများအား “ဂွင်” ရှာ၊ “ဂွင်” ဖန်ဖို့ ဆိုသည်ကို လူတိုင်းသိကြ၏။ မူးယစ်ဆေးဝါး ဆရာကြီးများကို မူးယစ်ရဲများ မထိတို့ရဲသည်ကိုတော့ အများအသိဖြစ်သည်။

၂၀၂၃ ခုနှစ် စက်တင်ဘာလလယ် (၁၈ နေ့ရက်ဝန်းကျင်) ခန့် တွင် ကိုးကန့်ဒေသမှ မူးယစ်ရဲအချို့သည် မူးယစ်ဆေးဝါး သယ်ဆောင်သည်ဟု သူတို့ယူဆသည့် လူအချို့အား နောက်ယောင်ခံလိုက်ရင်း ထိုလူများ ဝင်ရောက်သွားသည့် အိမ်ကို ဝင်ရောက် စီးနင်းရှာဖွေကြသည်။ ထိုအိမ်၏ မြေအောက်ခန်းမှ မူးယစ်ဆေးဝါး မတွေ့ဘဲ မထင်မှတ်ထားသည့် လက်နက်များ သိုလှောင်ထားသည့် လက်နက်တိုက်ကို တွေ့ခဲ့ကြတော့သည်။ ဤသို့တွေ့ရှိမှုကြောင့် ပြဿနာသည် မူးယစ်ရဲနှင့် မပြီးတော့ဘဲ စစ်တပ်နှင့် ပတ်သက်ရတော့သည်။ လောက်ကိုင် ဒေသကွပ်ကွဲမှု စစ်ဌာနချုပ် (ဒကစ) သည်လည်း အမှုတွဲထဲ ပါလာရတော့သည်။


ယုန်ထောင် ကျားမိ

မူးယစ်ရဲများ ရှာတွေ့ခဲ့သည့် လက်နက်တိုက်သည် ခေတ်မီလက်နက် အများအပြားပါသည့် လက်နက်တိုက်ဟု သိရ၏။ ကိုးကန့်ဒေသတွင် ထိုလက်နက်များသည် မည်သူ့လက်နက်များ ဖြစ်သနည်းဆိုသည့် မေးခွန်းပေါ်လာ၏။ ထိုလက်နက်များသည် စစ်ကောင်စီတပ်ကို အံတုနေသည့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ၏ လက်နက်များလော။ သို့မဟုတ် ထိုလက်နက်တိုက်သည် လက်ရှိ စစ်တပ်နှင့် ပူးပေါင်းထားသည့် နယ်ခြားစောင့်တပ် (BGF) နှင့် ပြည်သူ့စစ် (ပသစ) များကို ချုပ်ကိုင်ထားသည့် အင်အားစုများ၏ လျှို့ဝှက်လက်နက်တိုက်လော။

မူးယစ်ရဲများ ရှာတွေ့ခဲ့သည့် လက်နက်တိုက်သည် ခေတ်မီလက်နက် အများအပြားပါသည့် လက်နက်တိုက်ဟု သိရ၏။ ကိုးကန့်ဒေသတွင် ထိုလက်နက်များသည် မည်သူ့လက်နက်များ ဖြစ်သနည်းဆိုသည့် မေးခွန်းပေါ်လာ၏။

ထိုသူတို့၏ လျှို့ဝှက် လက်နက်တိုက် ဆိုပါက မည်သည့်ရည်ရွယ်ချက်နှင့် သိုလှောင်ထားပါသနည်း။ သို့မဟုတ်ပါက MNDAA မှ ကိုးကန့် BGF နှင့် ပသစ များအတွင်း အတွင်းလူမွေး၍ သိုလှောင်ထားသည်လော စသည်ဖြင့် မေးခွန်းများစွာ ပေါ်လာသည်။ ရှုပ်ထွေး‌သော ကိုးကန့်ဒေသတွင် အဖြေမှန် အလွယ်တကူ ဖော်ထုတ်ရန် ခက်ခဲသကဲ့သို့ ထိုအင်အားစုများကို ကိုင်တွယ်ရန် စစ်ကောင်စီတပ်အတွက် မလွယ်ကူလှပေ။

                     
MNDAA တပ်သားစစ်များ စစ်သင်တန်းဆင်းပွဲကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်းက ကျင်းပစဉ် / ကိုးကန့် မီဒီယာ

“ဂွင်” ရှာကောင်းသည့် မူးယစ်ရဲများ နောက်တနေ့တွင် ကိုးကန့်ဒေသမှ မိသားစုလိုက် ချက်ချင်းပြောင်းပြေးရ၏။ မြက်မြက်ကလေး ရမလားလို့ ဇာတ်ထဲလိုက်တာ နှဲကြီးတက်နင်းလို့ လျော်လိုက်ရသည်ထက် အဖြစ်ဆိုးသည်။ မူးယစ်ရဲများသည် အသတ်ခံရမည်စိုး၍ အသက်လု၍ ပြေးကြရခြင်း ဖြစ်၏။ ယုံထောင်၍ ကြောင်မိပါက ပြဿနာ မရှိသော်လည်း ကျားမိနေ၍ မူးယစ်ရဲများ နောက်ကျသည့် ခြေထောက် သစ္စာဖောက်ဟု သဘောထားကာ ကိုးကန့်မှ မိသားစုလိုက် အသက်လုပြေးရတော့၏။

ကိုးကန့် ကောင်းဘွိုင်ဒေသ

၂၀၀၉ ခုနှစ် ကိုးကန့် ဖုန်ကြားရှင် အင်အားစုအား မြန်မာစစ်တပ်က ကိုးကန့်မှ တိုက်ထုတ်ပြီးနောက် ကိုးကန့်ဒေသကို မြန်မာစစ်တပ်က ထိန်းချုပ်နိုင်ခဲ့၏။ သူ့ချည်းသက်သက် ထိန်းချုပ်နိုင်သည်တော့ မဟုတ်။ မြန်မာစစ်တပ်နှင့် ပူးပေါင်းလာသည့် ကိုးကန့်အဖွဲ့မှ အင်အားများကို အသုံးပြု၊ အခြေပြု၍ အုပ်ချုပ်ခြင်းဖြစ်၏။ ထိုဖုန်ကြားရှင်အဖွဲ့မှ ခွဲထွက်ပူးပေါင်းလာသော ကိုးကန့်အင်အားစုများကို နယ်ခြားစောင့်တပ်ရင်း BGF ရင်း ၁၀၀၆ အဖြစ် ဖွဲ့စည်းပေးခဲ့၏။ ဖုန်ကြားရှင်အဖွဲ့မှ ခွဲထွက်၍ စစ်တပ်နှင့် ပူးပေါင်းသည့် ကိုးကန့် အုပ်ချုပ်ရေးပိုင်းတွင် ပယ်ဆောက်ချိန်သည် အရေးပါပြီး BGF တွင် ဝေဆန်းက အရေးပါသည်။

၂၀၁၅ ခုနှစ် နှစ်ဆန်းတွင် ကိုးကန့်ဒေသသို့ MNDAA က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ကိုးကန့်ဒေသတွင်း၌ ခြောက်လခန့် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့၏။ BGF တချို့လည်း MNDAA နှင့် ပူးပေါင်းမှု ရှိခဲ့၏။

၂၀၁၅ ခုနှစ် နှစ်ဆန်းတွင် ကိုးကန့်ဒေသသို့ MNDAA က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ကိုးကန့်ဒေသတွင်း၌ ခြောက်လခန့် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့၏။ BGF တချို့လည်း MNDAA နှင့် ပူးပေါင်းမှု ရှိခဲ့၏။ ထိုသို့သော အခြေအနေတွင် စစ်တပ်နှင့်ပူးပေါင်းသည့် ကိုးကန့်တို့ လုံခြုံရေးအတွက် BGF နှင့် မလုံလောက်တော့ဘဲ ပြည်သူ့စစ်များပါ ထပ်မံဖွဲ့စည်းလာခဲ့ပြီး မြန်မာစစ်တပ်ကလည်း ထိုကိုးကန့်များ၏ အကူအညီ လိုအပ်သည်ဖြစ်ရာ ခွင့်ပြုခဲ့ရ၏။ ကိုးကန့်ဒေသသည် အာဏာရှိအုပ်စုတိုင်း သေနတ်ကိုင်ကြသည့် ကောင်းဘွိုင်ဒေသတခု ဖြစ်လာတော့၏။ စစ်တပ်နှင့်ပေါင်းခဲ့ကြသည့် ကိုးကန့်များသည် ပသစ လက်နက်ကိုင်များ စုဆောင်းသကဲ့သို့ လက်နက်ခဲယမ်းလည်း စုဆောင်းလာကြတော့သည်။

                          
                          ရှမ်းပြည်အရှေ့မြောက်ပိုင်းက ကိုးကန့်ဒေသပြ မြေပုံ/SCMP

ထိုအချိန်ထိ မြန်မာစစ်တပ်နှင့် စစ်တပ်နှင့် ပူးပေါင်းသည့် ကိုးကန့်များကြား ပြဿနာကြီး မရှိကြပေ။ လောင်းကစား၊ မူးယစ်ဆေးဝါးအပါဝင် စီးပွားရေးလုပ်ငန်းများကို ပူးပေါင်းလုပ်ကိုင် ခွဲဝေစားသောက်နိုင်ခဲ့ကြသည်။

၂၀၂၁ အပြောင်းအလဲနှင့် တွဲရေးခွဲရေးပြဿနာ

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီး အပြောင်းအလဲများ ဖြစ်ပေါ်လာရာ ထိုအပြောင်းအလဲသည် ကိုးကန့်နှင့် တိုက်ရိုက် သက်ဆိုင်သည့် သက်ရောက်မှုများ ဖြစ်ပေါ်လာသည်။ ပထမအချက်မှာ ထိုအပြောင်းအလဲတွင် စစ်တပ်အား တိုက်ခိုက်နေသည့် ကိုးကန့် MNDAA သည် ပိုမိုအားကောင်းလာပြီး ကိုးကန့်ကို ပိုမိုခြိမ်းခြောက်လာသည်။ ဒုတိယအချက်မှာ အိမ်နီးချင်း တရုတ်ပြည်က ကိုးကန့်နှစ်ဖွဲ့အား ပြန်လည်ပေါင်းစည်းရန် တိုက်တွန်းလာ၏။ လူချင်းတွေ့ဆုံ တိုက်တွန်းသကဲ့သို့ တရုတ်သတင်းမီဒီယာများတွင်လည်း ရေးသားဖော်ပြ တိုက်တွန်းလာ၏။

သို့ဖြစ်ရာ မြန်မာစစ်တပ်နှင့် ပေါင်းနေသည့် ကိုးကန့်များအတွက် စဉ်းစားစရာဖြစ်လာ၏။ မြန်မာပြည် နေရာအနှံ့ စစ်တိုက်နေရပြီး မယ်မယ်ရရ အောင်ပွဲမပြနိုင်သည့် စစ်ကောင်စီတပ်နှင့် ဆက်ပေါင်းလျှင် သူတို့အတွက် အကျိုးရှိ မရှိ ပြန်လည် ဆန်းစစ်လာကြ၏။ တဖက်ကလည်း ကိုးကန့်နှစ်ဖွဲ့ ပြန်လည် ပေါင်းစည်းရေးအတွက် တရုတ်၏ တိုက်တွန်းချက်ဖြစ်သည့် တရုတ်၏ဖိအားကို စဉ်းစားလာရ၏။ ကိုးကန့်များအတွက် တွဲရေး ခွဲရေး ပြဿနာအသစ်ဟု ဆိုရမည်။

၂၀၂၃ ခုနှစ်၊ မတ်လနှင့် ဧပြီလထဲတွင် MNDAA နှင့် ဆွေးနွေးရန် ပယ်ဆောက်ချိန်၏ ကမ်းလှမ်းချက် ထွက်ပေါ်လာခဲ့သည်ကို တွေ့ရသည်။ ပြီးခဲ့သည့် လပိုင်းများအတွင်း ကိုးကန့်ဒေသရှိ ဝေဆန်းခေါင်းဆောင်သည့် BGF နှင့် ပသစ များ MNDAA နှင့် ပေါင်းမည်လောဟူသည့် မေးခွန်းများ၊ အသံများ ကိုးကန့်ဒေသတွင်း၌ ကောလာဟလများစွာ ထွက်ပေါ်လာ၏။ အမှန်တကယ်လော၊ ဝါဒဖြန့်ကြသည်လော ဝေခွဲရန် ခက်ခဲ၏။

ပယ်ဆောက်ချိန်နှင့် ဝေဆန်းသည် လက်ရှိ စစ်တပ်ထိန်းချုပ်မှုအောက်ရှိ ကိုးကန့်ဒေသ အုပ်ချုပ်ရေးနှင့် BGF တွင် တရားဝင် မပါဝင်တော့သော်လည်း ဩဇာရှိ ခေါင်းဆောင်များအဖြစ် ရှိနေဆဲဖြစ်၏။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလဆန်း၌ ရှမ်းမြောက်ရှိ ပြည်သူ့စစ်ခေါင်းဆောင်များအား လားရှိုးမြို့၌ စစ်ကောင်စီဥက္ကဋ္ဌက တွေ့ဆုံရာတွင် ဝေဆန်းလည်း ပါဝင်ခဲ့၏။

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် လက်နက်တိုက်သွားတွေ့လိုက်ခြင်း ဖြစ်သည်။ ကိုးကန့်အဖွဲ့များ၏ တွဲရေး ခွဲရေး အသံထွက်နေချိန်တွင် ဤပြဿနာ ပေါ်လာခြင်းဖြစ်သည်။

သံသယအက်‌ကြောင်းများ

                       
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက်နေ့က တိုက်ပွဲတွင် ကိုးကန့်အဖွဲ့က သိမ်းနိုင်ခဲ့သည့် လက်နက်ခဲယမ်းများ / The Koekang

စစ်ကောင်စီတပ်၊ ကိုးကန့် BGF များ၊ ပသစ များ ထိန်းချုပ်ရာဒေသ၌ တွေ့ရှိခဲ့သည့် လက်နက်စုဆောင်းမှုသည် မည်သူအတွက်နည်း၊ သူ့ဘက်က ကူတိုက်ဖို့လော၊ သို့မဟုတ် သူ့ဘက် သေနတ်ပြောင်းလှည့်ဖို့လောဆိုသည်က စစ်ကောင်စီတပ်အတွက် ခေါင်းခဲစရာဖြစ်၏။ ထိုလက်နက်များသည် ကိုးကန့် BGF၊ ပြည်သူ့စစ်များနှင့် မည်မျှ ဆက်စပ်နေသနည်းဆိုသည့် မေးခွန်းလည်းပေါ်လာ၏။

စစ်ကောင်စီတပ်၊ ကိုးကန့် BGF များ၊ ပသစ များ ထိန်းချုပ်ရာဒေသ၌ တွေ့ရှိခဲ့သည့် လက်နက်စုဆောင်းမှုသည် မည်သူအတွက်နည်း၊ သူ့ဘက်က ကူတိုက်ဖို့လော၊ သို့မဟုတ် သူ့ဘက် သေနတ်ပြောင်းလှည့်ဖို့လောဆိုသည်က စစ်ကောင်စီတပ်အတွက် ခေါင်းခဲစရာဖြစ်၏။

ကရင်နီပြည်ရှိ BGF များ ပြန်လည် ဘက်ပြောင်းသွားသည့် အခြေအနေ အချိန်အခါမျိုးတွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းက စစ်ကောင်စီတပ်အတွက် သတိပြုရမည့် အခြေအနေဖြစ်၏။ ကရင်နီ BGF များကဲ့သို့ ကိုးကန့် BGF နှင့် ပသစ များ ဘက်ပြောင်းသွားနိုင်မည်လောဟု မစဉ်းစား၍ မဖြစ်။

သို့သော်လည်း ရမ်း၍ ကြမ်း၍လည်း မရ။ ထို့ကြောင့်လည်း လက်နက်တိုက်နှင့် ပတ်သက်၍ တစုံတဦးတယောက်ကို ဖမ်းဆီးသည်ဟူသည့် သတင်းမကြားရသေးဘဲ လောက်ကိုင် ဒကစ ဌာနချုပ်အတွင်းသို့ ကိုးကန့် ပသစများ ဝင်ခွင့်အား တင်းကျပ်လိုက်သည်ကိုသာ ကြားရ၏။

ကိုးကန့်ဒေသရှိ စစ်ကောင်စီတပ်တွင် ဒကစ လောက်ကိုင်လက်အောက်ခံ တပ်များသာမက တပ်မဟာ ၁၆ နှင့် စကခ ၁၂ လက်အောက်ခံ တပ်အချို့ပါရှိရာ တိုက်ခိုက်ရန် အင်အားလုံလောက်သည်ဟု ယူဆကြသူများရှိသကဲ့သို့ MNDAA နှင့် မြန်ဆန်စွာ ပူးပေါင်းသွားမည့် အခြေအနေကိုလည်း တွက်ဆနေသူများ ရှိ၏။

သေချာသည်က ကိုးကန့်ရှိ စစ်ကောင်စီတပ်နှင့် ကိုးကန့် BGF, ပသစများကြား သံသယနှင့် မယုံကြည်မှုများ ဖြစ်ပေါ်လာနေ၏။ တင်းမာမှုများ စတင် ဖြစ်ပွားနေ၏။ စစ်ကောင်စီတပ်အနေဖြင့် ကိုးကန့် BGF, ပသစ များအား ပြတ်ပြတ်သားသား ကိုင်တွယ်ရန် အခက်တွေ့နေသကဲ့သို့ ကိုးကန့် BGF နှင့် ပသစ များအနေဖြင့်လည်း မည်သူနှင့် ဆက်ပေါင်းမလဲဆိုသည်နှင့် ပတ်သက်၍ စဉ်စားရကြပ်နေကြသည်။ နိုင်မြင်း အလောင်းမမှားဖို့ လိုသည့်အချိန် ဖြစ်နေ၏။ ကိုးကန့်နှစ်ဖွဲ့ ပြန်ပေါင်းစေချင်သော တရုတ်အတွက်လည်း သူ့နယ်စပ်တွင် တိုက်ပွဲဖြစ်မှာ စိုးရိမ်သောက တွေ့နေသည်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုအပြီး အပြောင်းအလဲများသည် ကိုးကန့်အား တိုက်ရိုက် သက်ရောက်မှုရှိပေရာ ကိုးကန့်ဒေသမှ တွဲရေး ခွဲရေး အဆုံးအဖြတ် လှုပ်ရှားမှုများကို မြင်တွေ့ရဖွယ်ရှိ၏။ လောလောဆယ်တွင် စစ်ကောင်စီတပ်နှင့် ကိုးကန့် BGF နှင့်ပသစများကြား သံသယအက်‌ကြောင်းများကတော့ တိုးပွားလာနေသည်။

Hi !

!

Popular posts from this blog

ဝေဝါးမှုတွေနဲ့အတူ မသေချာ မရေရာမှုများနဲ့ မြန်မာပြည်..။

  ဝါရင့်သတင်းစာဆရာကြီး လာရီယာဂန်က စစ်အာဏာသိမ်းမှု သုံးနှစ်ပြည့်တဲ့ ဖေဖော်ဝါရီ(၁)ရက်နေ့မှာ ဘန်ကောက်ပို့စ်သတင်းစာမှာ ဆောင်းပါးတစ်ပုဒ် ရေးသားလိုက်ပါတယ်။ ဆောင်းပါးခေါင်းစဉ်က Myanmar faces increasing uncertainty ပါ။ စစ်အာဏာသိမ်းပြီး သုံးနှစ်အကြာမှာ မြန်မာနိုင်ငံရဲ့အခြေအနေ ဘယ်လိုရှိသလဲ။ ရှေ့မှာ ဘာဖြစ်နိုင်သလဲ။ မှန်းဆထားတာပါ။ လက်ရှိ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်လို့ လာရီယာဂန်လည်း ဘာမှ မမှန်းဆနိုင်ပါဘူး။ သူပြောနိုင်တာ တစ်ခုက မြန်မာပြည်ဟာ မသေမချာ မရေမရာမှုတွေ အများကြီးနဲ့ ဆက်ပြီး ရင်ဆိုင်နေရဦးမယ်ဆိုတဲ့ ကောက်ချက်ပါ။ မြန်မာစစ်တပ်က ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရကို စစ်အာဏာသိမ်းခဲ့တာ ခု ဖေဖော်ဝါရီ(၁)ရက်မှာ သုံးနှစ်တိတိ ပြည့်ခဲ့ပြီဖြစ်ကြောင်း၊ သုံးနှစ်အတွင်း တိုင်းပြည်ဟာ အဖက်ဖက်က ယိုယွင်းပျက်စီးသွားပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေ တိုးပွါးနေကြောင်း၊ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ပီဒီအက်ဖ်တွေကြား တိုက်ပွဲတွေကြောင့် ပြည်သူသန်းပေါင်းများစွာ အိုးပစ်အိမ်ပစ် ထွက်ပြေးနေရကြောင်း လာရီယာဂန်က ရေးသားပါတယ်။ ...

ကရင်ပြည်နယ်ပုံရိပ်ကို ထိခိုက်စေသဖြင့် ရွှေကုက္ကိုလ်ကို တိုက်ခိုက်ရဟု KTLA ပြော

  ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ ရွှေကုက္ကိုလ်မြို့သစ်သည် ပြည်နယ်ဖွံဖြိုးမှု မဖြစ်စေဘဲ ပျက်ဆီးမှုကိုသာ ဖြစ်စေသဖြင့် တိုက်ခိုက်ရခြင်း ဖြစ်ကြောင်း ကော်သူးလေတပ် (KTLA) က ဧပြီ ၇ ရက်တွင် ကြေညာသည်။ Facebookတွင် ပျံ့နှံလာသော KTLA ဗဟိုဌာနချုပ် ရုံးထိုင်မှူး စောဝါးနေမူး လက်မှတ်ထိုးထားသည့် ကြေညာချက်အရ ရွှေကုက္ကိုလ်မြို့သည် မူးယစ်ဆေးဝါး ဖြန့်ဖြူးသုံးစွဲရောင်းချနေပြီး တိုင်းရင်းသူ အမျိုးသမီးများကို ပြည့်တန်ဆာအဖြစ် လိမ် လည်လှည့်ဖြားစေခိုင်းနေသည့် နေရာဖြစ်နေသလို စစ်ကောင်စီအတွက် တရားမဝင်ငွေကြေးများ ရှာဖွေပေးသည့် နေရာ ဖြစ်၍ ပြည်ပမှ အလုပ်သမားများကိုလည်း လိမ်လည်ခေါ်ဆို ခိုင်းစေမှုများ ရှိနေသဖြင့် KTLA အနေနှင့် ကရင်ပြည်နယ် အကျိုးအတွက် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း၊ ထို့အတွက် ရွှေကုက္ကိုလ်တွင် နေထိုင်သည့် ပြည်သူများအနေနှင့် တိုက်ပွဲ ဧရိယာမှ ရှောင်ပေးကြရန် ထုတ်ပြန်ထားသည်။ ထိုကြေညာချက်နှင့် ပတ်သက်၍ ပိုမိုသိရှိနိုင်ရန် KTLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောနယ်ဒါးမြကို ဧရာဝတီက ဖုန်းဖြင့်ဆက် သွယ်ခဲ့ရာ ၎င်း အလုပ်များနေသဖြင့် နောက်မှ ပြန်လည်ဆက်သွယ်ရန် ပြောဆိုသည်။ ကော်သူးလေတပ်နှင့် နီးစပ်သည်...

မြန်မာနိုင်ငံမှာရှိတဲ့ ဗမာလူမျိုး ပေါ်ပေါက်ပုံ အကြောင်း

  ဗမာလူမျိုး ပေါ်ပေါက်လာပုံ သမိုင်းကြောင်း – တိဘက်တို ဘားမန်းလူမျိုးနွယ်စုကြီး မှ အကြီးဆုံးသောလူမျိုးဖြစ်သည်။ ယနေ့ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းသို့ နာဂ၊ သက်၊ ကမ်းယံ၊ပျူ တို့နောက်မှ ဝင်ရောက်လာခြင်းဖြစ်သော်လည်းပျူတို့ ထူထောင်သည့် ပထမပြည်ထောင်စုကို အေဒီ ၈ ရာစုတွင် နန်ကျောက်တို့က ဖျက်စီးပြီးချိန် မတိုင်မှီက ပင် ရောက်ရှိနေထိုင်နေခဲ့ပြီးဖြစ်သည်ဟုခန့်မှန်း၍ရနိုင်သည်။အေဒီ ၁၀ ရာစုမတိုင်မှီ အချိန်ကပင် ကျောက်ဆည် ၁၁ ခရိုင်တွင် အခြေချခဲ့ပြီး နောက်များမကြာမှီ တွင်မြစ်သာ ၆ ခရိုင် ၊ ပုဂံ နေပြည်တော်တို့ကို ထူ ထောင်ကာဒုတိယမြန်မာပြည်ထောင်စုကို တည်ထောင်ခဲ့ကြသည်။ သို့သော် မြန်မာနိုင်ငံသားတို့က ထိုပြည်ထောင်စုကိုသာပထမပြည် ထောင် စုအဖြစ် လက်ခံကြသည်။သမိုင်းတစ်လျောက်တွင် မွန်ဂို၊ တရုတ်၊ ယိုးဒယား၊ မွန်၊ ရခိုင်၊ ရှမ်း၊ ကရင် အစရှိသည့် အတွင်း၊ အပြင်ရန်အမျိုးမျိုးနှင့်ကြုံတွ့ခဲ့ဖူးပြီးအကြိမ်တိုင်းတွင် ပြည်ထောင်စု၏ ဦးဆောင်သူနေရာကို ဗမာတို့ ပြန်လည်ကာ ရောက်ရှိနိုင်ခဲ့သည်။အနော်ရထာ၏ ပထမပြည်ထောင်စု(ပထမမြန်မာနိုင်ငံတော်ကြီး)၊ တပင်ရွှေထီး-ဘုရင့်နောင်တို့ ၏ ဒုတိယပြည်ထောင်စု (ဒုတိယ မြန်မာနိုင်ငံတော်ကြီး)၊အလောင်းဘုရား၏ တတိ...

မြန်မာပြည်မြေပုံကို အပြောင်းခံကြမှာလား

  ကမ္ဘာ့သမိုင်းကို ပြန်လေ့လာကြည့်မယ်ဆိုရင် အိမ်နီးချင်းနိုင်ငံတွေအဖြစ် နှစ်ပေါင်းများစွာ အတူတကွ ယှဉ်တွဲ ရပ်တည်နေကြပြီးမှ ဝေးကွာသွားကြတဲ့ နိုင်ငံတွေ ရှိခဲ့တယ်ဆိုတာ တွေ့နိုင်ပါတယ်။ ကျွန်တော်တို့အတွက် အထင်ရှားဆုံး ဥပမာတစ်ခုရှိပါတယ်။ အဲဒါကတော့ မြန်မာနဲ့ ပါကစ္စတန်တို့ဟာ ယခင်က နယ်မြေချင်း ထိစပ်နေကြတဲ့ အိမ်နီးချင်း နိုင်ငံတွေပါ။ သို့သော် ၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံအသစ် ပေါ်ပေါက်လာချိန်မှာတော့ အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားခဲ့ကြပါတယ်။ ယခင်က အိမ်နီးချင်းဖြစ်ခဲ့လို့ ထင်ပါတယ်၊ မြန်မာနဲ့ ပါကစ္စတန်တို့ရဲ့ ဆက်ဆံရေးဟာ ကောင်းမွန်နေကြဆဲဆိုတာ သက်သေ၊ သာဓကများစွာ ရှိပါတယ်။ အဲဒီလို အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားရခြင်းဟာ သူတို့ရဲ့ ပြည်တွင်းရေးသာ ဖြစ်တဲ့အတွက် အထူးအထွေ ဝေဖန်ရန် မရှိပါ။ သို့သော် လက်ရှိအခြေအနေမှာ မြန်မာရဲ့ အိမ်နီးချင်း (၅) နိုင်ငံရှိနေရာက မတူညီတဲ့ အိမ်နီးချင်းနိုင်ငံသစ်တွေ ထပ်မံ ပေါ်ပေါက်လာဖို့ လုပ်ဆောင်နေကြတာတွေ မြင်နေရပါပြီ။ ဒီတစ်ကြိမ်ကတော့ ကျွန်တော်တို့ရဲ့ ပြည်တွင်းရေးဖြစ်တဲ့အတွက် အလေးထားရပါတော့မယ်။ ရှိပြီးသား အိမ်နီးချင်း (၅) နိုင်ငံနဲ့ မြန်မာတို့အကြား ကျွန်တော်တိ...

မြန်မာ ဒုကာကွယ်ရေးဝန်ကြီး ထောင်ထဲရောက်ပြီ

  မြန်မာ ဒုကာကွယ်ရေးဝန်ကြီး ထောင်ထဲရောက်ပြီ မတ်လ ၂၈ ရက် ၂၀၂၄ ခုနှစ် နံနက် ၁၀ နာရီ ၂၀ သတင်း ================================= ကာကွယ်ရေး ဒု-ဝန်ကြီး ဖြစ်သူ ဗိုလ်ချုပ်အောင်လင်းထွန်းကို ကျားဖြန့်လုပ်ငန်းနဲ့ ပတ်သက်တယ်ဆိုပြီး မနေ့ည မတ်လ ၂၇ ရက်နေ့ည ၁၁ နာရီတွင် စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့မှ သွားရောက်ဖမ်းဆီးခဲ့ကြပါတယ်။ အဆိုပါ ဖမ်းဆီးချိန်တွင် ဒုကာကွယ်ရေးဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်အောင်လင်းထွန်းသည် အရက်မူးနေပြီး အသာတကြည် လိုက်လာခြင်းမရှိပဲ … ပုဆိုးလှန်ပြီး ဆဲဆိုနေခြင်းကြောင့် စစ်ဘက်လုံခြုံရေးအဖွဲ့မှ ရိုက်နှက်ခဲ့ရာ.. သွား အချို့ ကျွတ်သွားပြီး ပါးစပ်တခုလုံး သွေးများနီရဲနေသည်။ “အဲ့ကောင် ပါးစပ်က သွေးမတိတ်ခင် ရမဲသင်းထောင်ပို့လိုက်စမ်း” လို့ အထက် အမိန့်ပေးလိုက်တော့ အခု ရမဲသင်းထောင်ရောက်နေပြီဖြစ်ကြောင်း မြန်မာအမေရိကန် သတင်းဌာနမှ စုံစမ်းသိရှိရသည်။ ဂိုလ်ရှယ်လေး

စစ်တပ်မှ အာဏာသိမ်းထားသည့် ၃ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ထောင်သားဘဝ

                           ဖေဖော်ဝါရီလ ၁ ရက်နေ့သည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့အတွက် အနှောက်အယှက်ဖြစ်စေသူဟု ယူဆသည့် ရွေးကောက်ခံအစိုးရ ခေါင်းဆောင်နှင့် နိုင်ငံသမိုင်းတွင် အညီညွတ်ဆုံးဖြစ်စေခဲ့သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာမှဖယ်ရှားပြီး မအောင်မြင်သော အာဏာသိမ်းမှု ပြုလုပ်သည့် သုံးနှစ်မြောက်နေ့ ဖြစ်သည်။ ရက်ပေါင်း ၁၀၉၅ ရက်ကျော် ကြာသော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် မြို့တော်နှင့် စစ်တပ်ဗဟိုဌာနချုပ် နေပြည်တော် အနောက်တောင်ဘက်အစွန်းမှ ထောင်တခုတွင် တဦးတည်း ဆက်လက် ဖမ်းဆီးချုပ်နှောင်ခံနေရသည်။ သူ့အတွက် တခုတည်းသော ထောင်ပြင်ထွက်ရချိန်သည် လွန်ခဲ့သောနှစ်အတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စတာ ဒွန် ပရာမတ်ဝီနိုင်နှင့် တွေ့ရသည့် တိုတောင်းသော ကာလဖြစ်ပြီး သူ့ကို ချမှတ်ထားသည့် ထောင်သက်တမ်းကိုလည်း ၃၃ နှစ်မှ ၂၇ နှစ်သို့ လွန်ခဲ့သောနှစ်က လျှော့ချပေးသည်။ အာဏာသိမ်းမှု နှစ်ပတ်လည်သည် ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းနည်းစရာကောင်းသော လက်ရှိအခြေအနေနှင့် ဝေဝါးနေသည့် အနာဂတ်ကို မီးမောင်းထိုးပ...

ပဲခူးတိုင်း မင်းလှမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွား

  မင်းလှတွင် ၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲ ၆ ကြိမ် အတွင်း စစ်တပ်ဘက်မှ စစ်သား ၈၀ ဦးကျော်သေဆုံး ရန်ကုန်၊ မတ် ၁၁ ပဲခူးတိုင်း၊ မင်းလှမြို့နယ်အတွင်း ၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲ ၆ ကြိမ် အတွင်း စစ်တပ်ဘက်မှ ၈၀ ကျော်သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ မတ်လ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ ဧက ၁၀၀၀ ကျွန်း စိုက်ခင်း ကျုံးပေါက်အနီး၌ စစ်ကြောင်း ထိုးလာသော အင်အား ၁၂၀ ပါ စစ်ကောင်စီ တပ်သားများကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ နှင့် ဒဂုံစစ်ကြောင်းတို့က စောင့်ကြို တိုက်ခိုက်ခဲ့ရာ အပြန်အလှန် တိုက်ပွဲ ၂ နာရီကျော် ကြာမြင့်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်ဘက်မှ ၂၀ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။ ယင်းနေ့ ညနေ ၅ နာရီခန့်အချိန် မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်းပေါ်ရှိ ဟိုင်းယု လမ်းဆုံတွင် တပ်ဆွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ နှင့် တပ်ခွဲ ၃ တို့က လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ရှောင်တခင် သွားရောက် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၃ နာရီခန...

တပ်မလက်ရွေးစဉ် ဘီလူးစစ်ကြောင်းဆိုသည်မှာ .....

    “ဒီစစ်ကြောင်းက စစ်တိုက်ဖို့ဆိုတာထက် လူတွေကိုသတ်၊ မုဒိမ်းကျင့်ဖို့ အဲ့လိုမျိုးတွေလုပ်ဖို့ အဓိကလာတဲ့ စစ်ကြောင်းပါ။ လူမဆန်တဲ့ လုပ်ရပ်တွေကို အဓိကလုပ်တာ” မြောင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) က ကိုနွေဦးက စစ်ကိုင်းဒေသအတွင်း စစ်ရာဇဝတ်မှုများကို ကျူးလွန်ချိုးဖောက်နေသည့် ဘီလူးစစ်ကြောင်း၏ လုပ်ရပ်များကို ပြောဆိုသွားခြင်းဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြည်သူများကို ရက်ရက်စက်စက် ခေါင်းဖြတ်သတ်သည့် စစ်ကြောင်း၊ အစုလိုက် အပြုံလိုက် သတ်သည့်စစ်ကြောင်း၊ မုဒိမ်းမှုများကို ကျူးလွန်နေသည့် စစ်ကြောင်းဟု ဆိုလိုက်ပါက လူတိုင်းက ဆိုးဆိုးရွာရွား နာနာကျည်းကျည်း အမှတ်ရနေသည့် စစ်ကြောင်းမှာ ဘီလူးစစ်ကြောင်းပင် ဖြစ်သည်။ ရက်စက်မှုအပေါင်း သရဖူဆောင်းထားသည့် ဘီလူးစစ်ကြောင်းသည် ယခုနှစ် ဩဂုတ်လ တတိယပတ်မှ စက်တင်ဘာလ ဒုတိယပတ်ထိ စစ်ကိုင်း၊ ရွှေဘို၊ ဝက်လက်နယ်များသို့ စစ်ကြောင်းထိုး ဝင်ရောက်ပြီးနောက် ပြည်သူများကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်။ 'စစ်ကိုင်း၊ ရွှေဘို၊ ဝက်လက်နယ်ထဲ ဘီလူးစစ်ကြောင်း၏ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သည့် အခြေအနေများ' မန္တလေး-ရွှေဘို-မြစ်ကြီ...

ရှမ်းမြောက်က ကျားဖြန့် ဇာတ်သိမ်းခန်း

  ဇန်နဝါရီ ၃၀ ရက်တွင် မြန်မာနိုင်ငံ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက တရုတ် အစိုးရထံ မြန်မာနိုင်ငံမြောက်ပိုင်း ကျားဖျန့် လုပ်ငန်းများတွင် အဓိက ကြိုးကိုင်သူများဟု သတ်မှတ်ထားသည့် ပယ်စောက်ချိန်အပါအဝင် ခြောက်ဦးနှင့် အခြားအရေးကြီးသံသယရှိ သူ လေးဦးကို လွှဲပြောင်းပေးခဲ့သည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ဇန်နဝါရီ ၃၀ ရက်တွင် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးအဖွဲ့ အစည်းထံသို့မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့် ဒေသ အွန်လိုင်းလိမ်လည်မှုအဖွဲ့၏ အဓိက ခေါင်းဆောင် ခြောက်ဦးဖြစ်သည့် ပယ် စောက်ချိန်၊ ပယ်ရင်ချန်၊ဝေ့ဟွိုင်ရန်၊ လျိုကျန့် ရှန်၊ လျိုကျန့်မောက်၊ ရွှီလောက်ဖာနှင့် အခြား အရေးကြီး ပြစ်မှုကျူးလွန်ကြောင်းသံသယရှိ သူ လေးဦးအား တရားဥပဒေနှင့်အညီ လွှဲ ပြောင်းပေးအပ်ခဲ့ပြီး အဆိုပါ ၁၀ ဦးကို ယင်း နေ့ညတွင်ပင် တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့ သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ခဲ့သည်။ ယင်းသို့ မြန်မာနိုင်ငံမြောက်ပိုင်းရှိ ကျား ဖျန့်လုပ်ငန်းများတွင် အဓိကတာဝန်ရှိသူဟု တရုတ်အစိုးရက သတ်မှတ်ထားသည့် ပယ် စောက်ချိန် အပါအဝင် ခြောက်ဦးအား လွှဲ ပြောင်းပေးအပ်ခြင်းမှာ တရုတ်-မြန်မာ နှစ် နိုင်ငံ၏ န...

အာဆီယံ-သြစတြေးလျ ထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီ ကိုယ်စားလှယ်တက်မည်

 စစ်ဗိုလ်ချုပ်များခန့်ထားသည့် သံအမတ်က မဲလ်ဘုန်းမြို့တွင် ၃ ရက်ကြာ ကျင်းပမည့် ဒေသတွင်း အထူးထိပ်သီးအစည်းအဝေးကာလအတွင်း ဆွေးနွေးပွဲ ၂ ခုကို တက်မည်ဟု သိရှိရသည်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသည့် အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသည့် သြစတြေးလျ ဝန်ကြီးချုပ် Anthony Albanese ကို တွေ့ရစဉ်။ သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် မတ်လ ၄ ရက်မှ ၆ ရက်အထိ ကျင်းပမည့် အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီကိုယ်စားလှယ် တက်ရောက်မည်ဟု သိရသည်။ အစည်းအဝေးကာလတွင် ပြုလုပ်မည့် ရေကြောင်းပူးပေါင်းဆောင်ရွက်ရေးညီလာခံ၊ ရာသီဥတုနှင့် သန့်ရှင်းသောစွမ်းအင်ဆိုင်ရာ ဖိုရမ်တို့ကို ကင်ဘာရာမြို့ မြန်မာသံရုံးမှ စစ်ကောင်စီခန့် သံအမတ် ဦးသက်ထွန်း တက်ရောက်မည်ဖြစ်သည်။  အခြား ဆက်စပ်အစည်းထိပ်သီးအစည်းအဝေးများသို့ စစ်ကောင်စီကိုယ်စားပြုကိုယ်စားလှယ် တက်မည်၊ မတက်မည်ကိုမူ သြစတြေးလျ နိုင်ငံခြားရေးနှင့် ကုန်သွယ်မှုဌာနက ပြောဆိုခြင်းမရှိပေ။ ...

Click !