ရှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ်မှာ မြို့ထဲစားနပ်ရိက္ခာပြန်ယူတဲ့ စစ်ဘေးရှောင်တွေကို စစ်ကောင်စီတပ်က သေနတ်နဲ့ပစ်ခတ်တာ၊ ဖမ်းဆီးတာတွေ လုပ်ဆောင်နေသလို နေအိမ်တွေထဲက အဖိုးတန်ပစ္စည်းတွေကို ယူဆောင်တာတွေလုပ်နေပါတယ်။
- စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ကို ဝင်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းက ဒေသခံပြည်သူသုံးယောက်ကို သတ်သွားတဲ့အပြင် ရွာနှစ်ရွာကိုပါ မီးရှို့သွားပါတယ်။
- စစ်ကောင်စီလက်အောက်ကနေ အမြန်ဆုံးထွက်ပြီး ပြည်သူလူထုနဲ့ လာရောက်ပူးပေါင်းကြဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဆီကို လက်နက်ချ အလင်းဝင်ခဲ့တဲ့ ဗိုလ်ကြီး ကောင်းမြတ်ကို က သူရဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်ခဲ့ဖူးတဲ့တပ်မတော်သားတွေကို တိုက်တွန်းထားပါတယ်။