Skip to main content

Continue !

တရုတ်ရဲ့ ပိုးလမ်းခေါ် ကမ္ဘာ့ခါးပတ်လမ်းကို ယှဥ်မယ့် အိန္ဒိယ-ဥရောပ စင်္ကြံ

 


အိန္ဒိယနိုင်ငံ ဒေလီ ဂျီ-၂၀ အစည်းအဝေးကနေ သီးခြား ကြေညာခဲ့တဲ့ ပို့ဆောင်ရေး ခရီးလမ်းကြောင်းသစ်ဟာ နှစ်ပေါင်းရာချီပြီး ကမ္ဘာ့ကုန်သွယ်ရေးရဲ့ အဓိကလမ်းဖြစ်လာလိမ့်မယ်လို့ အိန္ဒိယ ဝန်ကြီးချုပ် နာရင်ဒြာမိုဒီက လတ်တလော ထုတ်လွှင့်ခဲ့တဲ့ ရေဒီယိုမိန့်ခွန်းမှာ ပြောခဲ့ပါတယ်။ အဲဒါ တကယ်ဖြစ်လာနိုင်ပါသလား။

အိန္ဒိယ- အရှေ့အလယ်ပိုင်း-ဥရောပစီးပွားရေး စင်္ကြံ (IMEC) ကို ကြေညာခဲ့တာနဲ့အတူ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆာလ်မန်တို့က သူတို့ရဲ့ အေးစက်နေခဲ့တဲ့ ဆက်ဆံရေးကို မြှင့်တင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ ထိပ်တိုက်တွေ့ခဲ့တဲ့ မပြေမလည် ဆက်ဆံရေးကနေ လက်ဆွဲတင်းတင်းနှုတ်ဆက်တဲ့အထိ တိုးတက်လာတာပါ။ (တစ်ခါတုန်းက ဘိုင်ဒန်က ဆော်ဒီအာရေဗီးယားကို ကမ္ဘာ့အသိုင်းအဝိုင်းရဲ့ အပယ်ခံဖြစ်အောင် လုပ်ပစ်မယ်လို့ ကြိမ်းဝါးခဲ့ဖူးပါတယ်။ )

အဲဒီစီမံကိန်းက ဥရောပနဲ့ အာရှကို ရထားလမ်းနဲ့ ရေကြောင်း ကွန်ရက်လမ်းတွေကနေ တစ်ဆင့် ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေ ပိုကောင်းစေဖို့ လုပ်ဆောင်တာ ဖြစ်ပါတယ်။

ဒေသတွင်း အကျိုးစီးပွားတွေနဲ့အတူ ဒီစီမံကိန်းက အမေရိကန် နိုင်ငံခြားရေး မူဝါဒကိုလည်း ဖော်ပြနေပါတယ်။

"ရှင်းအောင် ပြောရရင် အဲဒါက အမေရိကန်ရဲ့ နောက်ထပ် တရုတ် ဆန့်ကျင်မှု မူဝါဒ တစ်ခု ဖြစ်နိုင်ပါတယ် " လို Foreign Policy မဂ္ဂဇင်းက အယ်ဒီတာချုပ် ရာဗီ အက်ဂါဝါက ဘီဘီစီကို ပြောပါတယ်။

အဲဒီစီမံကိန်းထဲမှာပါတဲ့အတွက် အမေရိကန်အနေနဲ့ ရုပ်ပိုင်းဆိုင်ရာ အကျိုးတော့ ရမှာ မဟုတ်ပါဘူး။

ဒါပေမဲ့ ဒါကို အမေရိကန် ဒေးဗစ်စခန်းမှာ ကျင်းပခဲ့တဲ့ ဂျပန်-တောင်ကိုရီးယား ဆွေးနွေးပွဲခေါင်းစဥ်အောက်မှာ ထည့်လိုက်နိုင်ပါတယ်လို့ Connectography စာအုပ်ရေးသူ ပါရက် ခန်နာက ပြောပါတယ်။

တရုတ်ရဲ့ သြဇာတိုးချဲ့မှုနဲ့ ရင်ဆိုင်နေရချိန်မှာ ပစိဖိတ်သမုဒ္ဒရာ အိမ်နီးချင်း နှစ်နိုင်ငံဖြစ်တဲ့ ဂျပန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ဆက်ဆံရေး နွေးထွေးလာအောင် အမေရိကန် သမ္မတ အပန်းဖြေစခန်းမှာ တွေ့ဆုံပွဲပြုလုပ်ပြီး အမေရိကန်က သံတမန်ရေး ကြားဝင်ပေးထားခဲ့တာပါ။

IMEC ကို အမေရိကန်က တရုတ်ရဲ့ ခါးပတ်လမ်းစီမံကိန်း BRI ကို တန်ပြန်တဲ့ လုပ်ရပ်လို့လည်း အများက ယူဆကြပါတယ်။

တရုတ်ရဲ့ ခါးပတ်လမ်းက တရုတ်ကို အရှေ့တောင်အာရှ၊ ဗဟိုအာရှ၊ ရုရှားနဲ့ ဥရောပတို့ကို ဆက်သွယ်ပေးတဲ့ ကမ္ဘာလုံးဆိုင်ရာ အခြေခံအဆောက်အဦ စီမံကိန်း ဖြစ်ပါတယ်။

ခါးပတ်လမ်းနဲ့ နှိုင်းယှဥ်ချက်

ဒီနှစ်က တရုတ်သမ္မတ ရှီကျင့်ဖျင် BRI စီမံကိန်း စတင်ခဲ့တာ ဆယ်စုနှစ် တစ်ခုပြည့်တဲ့ နှစ်ပတ်လည်ပါ။

တရုတ် စီးပွားရေး နှေးကွေးနေပြီး အဲဒီစီမံကိန်းလုပ်ငန်းတွေအတွက် ချေးငွေတွေ လျှော့ချနေတာနဲ့အတူ ဒီစီမံကိန်းရဲ့ အဓိက ရည်မှန်းချက်တွေ သိသိသာသာ ကျရှုံးခဲ့တယ်လို့ တချို့က ပြောပါတယ်။

အီတလီလို နိုင်ငံတွေက စီမံကိန်းက နုတ်ထွက်လိုတဲ့ သဘောထား ပြောလာကြပြီး သီရိလင်္ကာနဲ့ ဇမ်ဘီယာတို့လို နိုင်ငံတွေကတော့ ချေးငွေတွေ မဆပ်နိုင်လို့ သူတို့ကိုယ်တိုင် အကြွေးထောင်ချောက်ထဲ ပိတ်မိကုန်ကြပါတယ်။

BRI က တခြား အကြောင်းတွေနဲ့ ဝေဖန်ခံနေရတာတွေလည်း ရှိပါသေးတယ်။

ဖွံ့ဖြိုးတိုးတက်ရေးအကြောင်းပြချက်နဲ့ သြဇာလွှမ်းမိုးဖို့လုပ်တဲ့ နောက်ကွယ်က ရည်မှန်းချက် ရှိနေတာ၊ မတူတဲ့ ဒေသတွေကို တရုတ် စံနှုန်းတွေ ဗဟိုပြုပြီး အတင်း ချိတ်ဆက်နေတာ၊ ဒေသခံတွေရဲ့ လိုအပ်ချက်တွေကို သေချာ အလေးမထားတာ၊ ပွင့်လင်းမြင်သာမှု မရှိတာ၊ အချုပ်အခြာအာဏာတွေကို မလေးစားတာ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်တာ၊ အကျင့်ပျက်ခြစားတာ၊ ဘဏ္ဍာရေးကြီးကြပ်မှု လစ်ဟာတာတွေ ကြောင့် ဝေဖန်ခံနေရတယ်လို့ Observer Research Foundation သုတေသနအဖွဲ့က ဂစ်ရှစ် လူသူရာက လတ်တလော ထုတ်ပြန်တဲ့ စစ်တမ်းတစ်စောင်မှာ ရေးထားပါတယ်။

ချို့ယွင်းချက်တွေ ရှိပေမဲ့ တရုတ်တို့ အောင်မြင်မှုဟာ "အံသြစရာကောင်းတဲ့ ပမာဏ" ဖြစ်ပြီး IMEC ကတော့ "ပြိုင်ဘက်" လို့ ပြောရလောက်တဲ့အထိတောင် မရှိဘူးလို့ မစ္စတာ ခန်နာက ပြောပါတယ်။

အလွန်ဆုံးအနေနဲ့ အတော်အသင့် သုံးကြတဲ့ လမ်းကြောင်းလောက်ပဲ ဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။

"ဒါက BRI အဆင့်ကို ယှဥ်နိုင်တဲ့ အလှည့်အပြောင်းမျိုး မဟုတ်ပါဘူး။ ဒီကြေညာချက်က ကောင်းပါတယ်။ ဒါပေမဲ့ ဒီအဆိုပြုချက်ကို ကြည့်ပြီး အမလေး ကမ္ဘာကြီးကတော့ ဒီလမ်းကြီး မရှိရင် မဖြစ်တော့ပါဘူးလို့ ပြောလို့မရဘူး"လို့ မစ္စတာ ခန်နာက ဘီဘီစီကို ပြောပါတယ်။

                                 တရုတ်ရဲ့ ခါးပတ်လမ်းစီမံကိန်း BRI က ကမ္ဘာလုံးဆိုင်ရာ အခြေခံအဆောက်အဦ တည်ဆောက်ရေး စီမံကိန်းပါ။

တရုတ်ရဲ့ ခါးပတ်လမ်းစီမံကိန်း BRI က ကမ္ဘာလုံးဆိုင်ရာ အခြေခံအဆောက်အဦ တည်ဆောက်ရေး စီမံကိန်းပါ။

အဲဒါက ဘာလို့လဲဆိုတာ သိနိုင်ပါတယ်။

တရုတ်က BRI ကို ဆယ်နှစ် စောစထားတာ ဖြစ်ပြီး အခုနှစ် ဇူလိုင်လအထိဆိုရင် ဒီစီမံကိန်းအတွက် စုစုပေါင်း သုံးထားတာ ဒေါ်လာ တစ် ထွီလျံ ကျော်အထိ မျက်လုံးပြူးလောက်စရာ ရှိနေပါပြီ။

နိုင်ငံပေါင်း ၁၅၀ ကျော်ကလည်း အတူပါဝင်နေပြီး ဒီစီမံကိန်း "ပထဝီ အနေအထားကို ဒေသတွင်းကနေ တစ်ကမ္ဘာလုံးနီးပါးအထိ" သိသိသာသာ ချဲ့ထားပြီလို့ မစ္စတာ လူသာရာ က ရေးပါတယ်။

IMEC ဟာ တရုတ် ခြေလှမ်းချဲ့နေတာကို တန်ပြန် ထိန်းချုပ်ဖို့ အနောက်နိုင်ငံတွေက အခြေခံအဆောက်အဦနည်းနဲ့ ကြိုးစားတဲ့ ပထမဆုံး စီမံကိန်းတော့ မဟုတ်ပါဘူး။

စီးပွားရေး ထိပ်သီး ၇ နိုင်ငံ G7 နဲ့ အမေရိကန်တို့က ၂၀၂၂ ခုနှစ်မှာ ကမ္ဘာလုံးဆိုင်ရာ အခြေခံအဆောက်အဦနဲ့ ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းရေးကို စတင်ခဲ့ပါတယ်။ အဲဒါကနေ ၂၀၂၇ မှာ ကမ္ဘာ့ အခြေခံအဆောက်အဦ စီမံကိန်းတွေကို ဒေါ်လာ ဘီလျံ ၆၀၀ အထိ မြှင့်တင်ဖို့ ရည်ရွယ်ထားပါတယ်။

ဥရောပ သမဂ္ဂကတော့ Global Gateway အခြေခံအဆောက်အဦ စီမံကိန်းနဲ့ BRI ကို တန်ပြန်ထားပါတယ်။

BRI ကိုတော့ အဲဒီနှစ်ခုစလုံးက ပမာဏရော ရည်မှန်းချက်ချင်းရော မယှဥ်နိုင်ပါဘူး။

ဒါပေမဲ့ ပြီးခဲ့တဲ့ ငါးနှစ်အတွင်း ဒီလို စီမံကိန်းတွေနဲ့ တုံ့ပြန်မှု တိုးလာတာကို ကြည့်ခြင်းအားဖြင့် BRIက "ကမ္ဘာ့စီးပွားရေး ဆပွား" စေတယ်ဆိုတာ သက်သေပဲလို့ မစ္စတာ ခန်နာက ပြောပါတယ်။

လေ့လာသူတချို့ကတော့ IMEC ကို တရုတ်ခါးပတ်လမ်းရဲ့ အပြိုင်ဆိုတဲ့ အမြင်တစ်ခုတည်းနဲ့ ကြည့်တာမျိုးကို သတိပေးထားပါတယ်။ အဲဒီလို အဖြူမဟုတ်ရင် အမည်းဆိုတဲ့ နှစ်မျိုးတည်းကြည့်တဲ့ အမြင်မျိုးက အကျိုးဖြစ်စေနိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

IMEC ရဲ့ ရည်ရွယ်ချက်က လက်ရှိ လုပ်ဆောင်နေကြတဲ့ ပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းတွေကို နောက်ထပ် မြှင့်တင်ပေးပါတယ်။

တစ်ချိန်တည်း တစ်ပြိုင်တည်းမှာ မိတ်ဖက်နိုင်ငံတွေ အများကြီးနဲ့ ပူးတွဲ လုပ်ဆောင်တဲ့ စီမံကိန်းဝင် နိုင်ငံတွေ အနေနဲ့ အဲဒီလို လုပ်နိုင်ကြမှာ ဖြစ်ပါတယ်။

"ဒီနေ့ခေတ်မှာ နိုင်ငံအတော်များများက တစ်ခုထက်ကမတဲ့ ဆွေးနွေးပွဲတွေ၊ မဟာမိတ်တွေနဲ့ ပူးပေါင်းချင်ကြတာ"လို့ ကိုပေဟေဂင် တက္ကသိုလ်က ပါမောက္ခ ရာဗင်ဒါ ကအူရားက ပြောပါတယ်။

စင်္ကြံလမ်းသစ် အကြောင်း ဘယ်လောက်သိရပြီလဲ

IMEC သဘောတူ စာချုပ်ရဲ့ အသေးစိတ်တွေကို မသိရသေးပါဘူး။

ဒါပေမဲ့ လုပ်ငန်း စီမံချက်ကို လာမယ့် ရက်ပေါင်း ၆၀ မှာ သိရနိုင်ပါတယ်။ အခုတော့ ဒီ စင်္ကြံလမ်းရဲ့ ဖြစ်နိုင်တဲ့ ပထဝီဝင် အနေအထားကိုပဲ သိနိုင်ပါသေးတယ်။

အဲဒါကို အကောင်အထည်ဖော်ဖို့က အများကြီး ရှုပ်ထွေးခက်ခဲပါလိမ့်မယ်။

"ဘယ် အဓိက အစိုးရအဖွဲ့အစည်းတွေက ရင်းနှီးမြှုပ်နှံမှုတွေ ထုတ်ပေးမယ်၊ အစိုးရတွေက ဘယ်လောက် ရင်းနှီးမြှုပ်နှံကြမယ်ဆိုတာနဲ့ အချိန်ဘယ်လောက် သတ်မှတ်မယ်ဆိုတာတွေကို သိချင်ပါတယ်"လို့ မစ္စတာ ခန်နာက ပြောပါတယ်။

စာချုပ်ထဲကအတိုင်း အလုပ်ဖြစ်အောင်ဆိုရင် လုပ်ထုံးလုပ်နည်းတွေနဲ့ ကုန်သွယ်မှုပုံစံသစ်တွေ လိုအပ်တယ်လို့ နိုင်ငံ ၃၀ ကို ဖြတ်သန်းသွားတဲ့ Trans-Eurasian အာရှ-ဥရောပဖြတ် ရထားလမ်းကို နမူနာပြပြီး သူက ပြောပါတယ်။

“အဲဒီလမ်းက ဖြတ်သန်းသွားရတာ အတားအဆီး မရှိပါပဲ။ ခရီး အစနဲ့ အဆုံးမှာပဲ စစ်ဆေးဖို့ လိုမယ်။ IMEC မှာ ဒါမျိုး မရှိဘူးလို့” ပြောပါတယ်။

ဒါ့အပြင် စီမံကိန်းဝင်နိုင်ငံတွေထဲမှာ ဆက်ဆံရေး အဆင်မပြေတဲ့ အမေရိကန်၊ အစ္စရေး၊ ဆော်ဒီအာရေးဗီးယား စတဲ့ နိုင်ငံတွေရဲ့ ပထဝီနိုင်ငံရေး ရှုပ်ထွေးမှုတွေကလည်း အထင်အရှား ရှိနေပါတယ်။ ဒါကြောင့် ပူးပေါင်းမှု ပြဿနာ အနည်းအကျဥ်းကြောင့် လွယ်လွယ်နဲ့ လမ်းချော်သွားနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

                          စင်္ကြံလမ်းမှာ အစ္စရေးက ဟိုင်ဖာ ဆိပ်ကမ်းပါဝင်မှာ ဖြစ်ပါတယ်။ 

စင်္ကြံလမ်းမှာ အစ္စရေးက ဟိုင်ဖာ ဆိပ်ကမ်းပါဝင်မှာ ဖြစ်ပါတယ်။

ဒီ IMEC စင်္ကြံလမ်းဟာ ဆူးအက်တူးမြောင်းနဲ့လည်း အပြိုင် ဖြစ်လာပါမယ်။ ဆူးအက် တူးမြောင်းက အီဂျစ်မှာ ရှိပြီး အိန္ဒိယနဲ့ ဥရောပကြား ကုန်စည်ဖလှယ်တဲ့ ပင်လယ်ရေလမ်းကြောင်း ဖြစ်ပါတယ်။

"ဒီစင်္ကြံလမ်းက အိန္ဒိယကို ယူအေအီးနဲ့ ဆော်ဒီအာရေးဘီးယားတို့နဲ့ ဆက်ဆံရေးတိုးလာစေမှာနဲ့ဆိုရင် အီဂျစ်နဲ့ကြားက ဆက်ဆံရေးကိုတော့ ထိခိုက်စေလိမ့်မယ်"လို့ Times of India သတင်းစာမှာ စီးပွားရေးပညာရှင် ဆွာမိနေသန် အိုင်ယာက သုံးသပ်ချက် ရေးပါတယ်။

စူးအက်တူးမြောင်းကနေ ပင်လယ်ရေလမ်းက သယ်ယူပို့ဆောင်ရတာက စရိတ်သက်သာ၊ မြန်ဆန်ပြီး ကရိကထတွေလည်းနည်းပါတယ်။

" IMEC က နိုင်ငံရေးအရ တော်တော်ကောင်းပါလိမ့်မယ်။ ဒါပေမဲ့ စီးပွားပို့ဆောင်ရေး အယူအဆတွေနဲ့ ဆန့်ကျင်ဘက် ဖြစ်နေတယ်" လို့ မစ္စတာ အိုင်ယာက ပြောပါတယ်။

ဒါပေမဲ့ IMEC ရဲ့ ရည်မှန်းချက်တွေက ကုန်သွယ်ရေးနဲ့ စီးပွားရေးဆိုတာတွေထက် ကျော်လွန်ပြီး လျှပ်စစ် ဓာတ်အားလိုင်းကြီးတွေကနေ ဆိုင်ဘာလုံခြုံရေးတွေ အထိ ပါဝင်ပါတယ်။

"ဒေလီမှာ ပြောသွားတဲ့ အဲဒီ ရည်မှန်းချက် မြင့်မြင့်တွေသာ တကယ် ဖြစ်လာရင် ပိုလုံခြုံ၊ ပိုနေထိုင်ဖို့ကောင်းတဲ့ ကမ္ဘာဖြစ်လာအောင် သူတို့ ပြောင်ပြောင်မြောက်မြောက် လုပ်ပေးတာပဲ။ အခုတော့ အဲဒီလို မျှော်လင့်ထားကြပါစို့။"

 

Hi !

!

Popular posts from this blog

ဝေဝါးမှုတွေနဲ့အတူ မသေချာ မရေရာမှုများနဲ့ မြန်မာပြည်..။

  ဝါရင့်သတင်းစာဆရာကြီး လာရီယာဂန်က စစ်အာဏာသိမ်းမှု သုံးနှစ်ပြည့်တဲ့ ဖေဖော်ဝါရီ(၁)ရက်နေ့မှာ ဘန်ကောက်ပို့စ်သတင်းစာမှာ ဆောင်းပါးတစ်ပုဒ် ရေးသားလိုက်ပါတယ်။ ဆောင်းပါးခေါင်းစဉ်က Myanmar faces increasing uncertainty ပါ။ စစ်အာဏာသိမ်းပြီး သုံးနှစ်အကြာမှာ မြန်မာနိုင်ငံရဲ့အခြေအနေ ဘယ်လိုရှိသလဲ။ ရှေ့မှာ ဘာဖြစ်နိုင်သလဲ။ မှန်းဆထားတာပါ။ လက်ရှိ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်လို့ လာရီယာဂန်လည်း ဘာမှ မမှန်းဆနိုင်ပါဘူး။ သူပြောနိုင်တာ တစ်ခုက မြန်မာပြည်ဟာ မသေမချာ မရေမရာမှုတွေ အများကြီးနဲ့ ဆက်ပြီး ရင်ဆိုင်နေရဦးမယ်ဆိုတဲ့ ကောက်ချက်ပါ။ မြန်မာစစ်တပ်က ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရကို စစ်အာဏာသိမ်းခဲ့တာ ခု ဖေဖော်ဝါရီ(၁)ရက်မှာ သုံးနှစ်တိတိ ပြည့်ခဲ့ပြီဖြစ်ကြောင်း၊ သုံးနှစ်အတွင်း တိုင်းပြည်ဟာ အဖက်ဖက်က ယိုယွင်းပျက်စီးသွားပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေ တိုးပွါးနေကြောင်း၊ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ပီဒီအက်ဖ်တွေကြား တိုက်ပွဲတွေကြောင့် ပြည်သူသန်းပေါင်းများစွာ အိုးပစ်အိမ်ပစ် ထွက်ပြေးနေရကြောင်း လာရီယာဂန်က ရေးသားပါတယ်။ ...

ကရင်ပြည်နယ်ပုံရိပ်ကို ထိခိုက်စေသဖြင့် ရွှေကုက္ကိုလ်ကို တိုက်ခိုက်ရဟု KTLA ပြော

  ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ ရွှေကုက္ကိုလ်မြို့သစ်သည် ပြည်နယ်ဖွံဖြိုးမှု မဖြစ်စေဘဲ ပျက်ဆီးမှုကိုသာ ဖြစ်စေသဖြင့် တိုက်ခိုက်ရခြင်း ဖြစ်ကြောင်း ကော်သူးလေတပ် (KTLA) က ဧပြီ ၇ ရက်တွင် ကြေညာသည်။ Facebookတွင် ပျံ့နှံလာသော KTLA ဗဟိုဌာနချုပ် ရုံးထိုင်မှူး စောဝါးနေမူး လက်မှတ်ထိုးထားသည့် ကြေညာချက်အရ ရွှေကုက္ကိုလ်မြို့သည် မူးယစ်ဆေးဝါး ဖြန့်ဖြူးသုံးစွဲရောင်းချနေပြီး တိုင်းရင်းသူ အမျိုးသမီးများကို ပြည့်တန်ဆာအဖြစ် လိမ် လည်လှည့်ဖြားစေခိုင်းနေသည့် နေရာဖြစ်နေသလို စစ်ကောင်စီအတွက် တရားမဝင်ငွေကြေးများ ရှာဖွေပေးသည့် နေရာ ဖြစ်၍ ပြည်ပမှ အလုပ်သမားများကိုလည်း လိမ်လည်ခေါ်ဆို ခိုင်းစေမှုများ ရှိနေသဖြင့် KTLA အနေနှင့် ကရင်ပြည်နယ် အကျိုးအတွက် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း၊ ထို့အတွက် ရွှေကုက္ကိုလ်တွင် နေထိုင်သည့် ပြည်သူများအနေနှင့် တိုက်ပွဲ ဧရိယာမှ ရှောင်ပေးကြရန် ထုတ်ပြန်ထားသည်။ ထိုကြေညာချက်နှင့် ပတ်သက်၍ ပိုမိုသိရှိနိုင်ရန် KTLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောနယ်ဒါးမြကို ဧရာဝတီက ဖုန်းဖြင့်ဆက် သွယ်ခဲ့ရာ ၎င်း အလုပ်များနေသဖြင့် နောက်မှ ပြန်လည်ဆက်သွယ်ရန် ပြောဆိုသည်။ ကော်သူးလေတပ်နှင့် နီးစပ်သည်...

မြန်မာနိုင်ငံမှာရှိတဲ့ ဗမာလူမျိုး ပေါ်ပေါက်ပုံ အကြောင်း

  ဗမာလူမျိုး ပေါ်ပေါက်လာပုံ သမိုင်းကြောင်း – တိဘက်တို ဘားမန်းလူမျိုးနွယ်စုကြီး မှ အကြီးဆုံးသောလူမျိုးဖြစ်သည်။ ယနေ့ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းသို့ နာဂ၊ သက်၊ ကမ်းယံ၊ပျူ တို့နောက်မှ ဝင်ရောက်လာခြင်းဖြစ်သော်လည်းပျူတို့ ထူထောင်သည့် ပထမပြည်ထောင်စုကို အေဒီ ၈ ရာစုတွင် နန်ကျောက်တို့က ဖျက်စီးပြီးချိန် မတိုင်မှီက ပင် ရောက်ရှိနေထိုင်နေခဲ့ပြီးဖြစ်သည်ဟုခန့်မှန်း၍ရနိုင်သည်။အေဒီ ၁၀ ရာစုမတိုင်မှီ အချိန်ကပင် ကျောက်ဆည် ၁၁ ခရိုင်တွင် အခြေချခဲ့ပြီး နောက်များမကြာမှီ တွင်မြစ်သာ ၆ ခရိုင် ၊ ပုဂံ နေပြည်တော်တို့ကို ထူ ထောင်ကာဒုတိယမြန်မာပြည်ထောင်စုကို တည်ထောင်ခဲ့ကြသည်။ သို့သော် မြန်မာနိုင်ငံသားတို့က ထိုပြည်ထောင်စုကိုသာပထမပြည် ထောင် စုအဖြစ် လက်ခံကြသည်။သမိုင်းတစ်လျောက်တွင် မွန်ဂို၊ တရုတ်၊ ယိုးဒယား၊ မွန်၊ ရခိုင်၊ ရှမ်း၊ ကရင် အစရှိသည့် အတွင်း၊ အပြင်ရန်အမျိုးမျိုးနှင့်ကြုံတွ့ခဲ့ဖူးပြီးအကြိမ်တိုင်းတွင် ပြည်ထောင်စု၏ ဦးဆောင်သူနေရာကို ဗမာတို့ ပြန်လည်ကာ ရောက်ရှိနိုင်ခဲ့သည်။အနော်ရထာ၏ ပထမပြည်ထောင်စု(ပထမမြန်မာနိုင်ငံတော်ကြီး)၊ တပင်ရွှေထီး-ဘုရင့်နောင်တို့ ၏ ဒုတိယပြည်ထောင်စု (ဒုတိယ မြန်မာနိုင်ငံတော်ကြီး)၊အလောင်းဘုရား၏ တတိ...

မြန်မာပြည်မြေပုံကို အပြောင်းခံကြမှာလား

  ကမ္ဘာ့သမိုင်းကို ပြန်လေ့လာကြည့်မယ်ဆိုရင် အိမ်နီးချင်းနိုင်ငံတွေအဖြစ် နှစ်ပေါင်းများစွာ အတူတကွ ယှဉ်တွဲ ရပ်တည်နေကြပြီးမှ ဝေးကွာသွားကြတဲ့ နိုင်ငံတွေ ရှိခဲ့တယ်ဆိုတာ တွေ့နိုင်ပါတယ်။ ကျွန်တော်တို့အတွက် အထင်ရှားဆုံး ဥပမာတစ်ခုရှိပါတယ်။ အဲဒါကတော့ မြန်မာနဲ့ ပါကစ္စတန်တို့ဟာ ယခင်က နယ်မြေချင်း ထိစပ်နေကြတဲ့ အိမ်နီးချင်း နိုင်ငံတွေပါ။ သို့သော် ၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံအသစ် ပေါ်ပေါက်လာချိန်မှာတော့ အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားခဲ့ကြပါတယ်။ ယခင်က အိမ်နီးချင်းဖြစ်ခဲ့လို့ ထင်ပါတယ်၊ မြန်မာနဲ့ ပါကစ္စတန်တို့ရဲ့ ဆက်ဆံရေးဟာ ကောင်းမွန်နေကြဆဲဆိုတာ သက်သေ၊ သာဓကများစွာ ရှိပါတယ်။ အဲဒီလို အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားရခြင်းဟာ သူတို့ရဲ့ ပြည်တွင်းရေးသာ ဖြစ်တဲ့အတွက် အထူးအထွေ ဝေဖန်ရန် မရှိပါ။ သို့သော် လက်ရှိအခြေအနေမှာ မြန်မာရဲ့ အိမ်နီးချင်း (၅) နိုင်ငံရှိနေရာက မတူညီတဲ့ အိမ်နီးချင်းနိုင်ငံသစ်တွေ ထပ်မံ ပေါ်ပေါက်လာဖို့ လုပ်ဆောင်နေကြတာတွေ မြင်နေရပါပြီ။ ဒီတစ်ကြိမ်ကတော့ ကျွန်တော်တို့ရဲ့ ပြည်တွင်းရေးဖြစ်တဲ့အတွက် အလေးထားရပါတော့မယ်။ ရှိပြီးသား အိမ်နီးချင်း (၅) နိုင်ငံနဲ့ မြန်မာတို့အကြား ကျွန်တော်တိ...

မြန်မာ ဒုကာကွယ်ရေးဝန်ကြီး ထောင်ထဲရောက်ပြီ

  မြန်မာ ဒုကာကွယ်ရေးဝန်ကြီး ထောင်ထဲရောက်ပြီ မတ်လ ၂၈ ရက် ၂၀၂၄ ခုနှစ် နံနက် ၁၀ နာရီ ၂၀ သတင်း ================================= ကာကွယ်ရေး ဒု-ဝန်ကြီး ဖြစ်သူ ဗိုလ်ချုပ်အောင်လင်းထွန်းကို ကျားဖြန့်လုပ်ငန်းနဲ့ ပတ်သက်တယ်ဆိုပြီး မနေ့ည မတ်လ ၂၇ ရက်နေ့ည ၁၁ နာရီတွင် စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့မှ သွားရောက်ဖမ်းဆီးခဲ့ကြပါတယ်။ အဆိုပါ ဖမ်းဆီးချိန်တွင် ဒုကာကွယ်ရေးဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်အောင်လင်းထွန်းသည် အရက်မူးနေပြီး အသာတကြည် လိုက်လာခြင်းမရှိပဲ … ပုဆိုးလှန်ပြီး ဆဲဆိုနေခြင်းကြောင့် စစ်ဘက်လုံခြုံရေးအဖွဲ့မှ ရိုက်နှက်ခဲ့ရာ.. သွား အချို့ ကျွတ်သွားပြီး ပါးစပ်တခုလုံး သွေးများနီရဲနေသည်။ “အဲ့ကောင် ပါးစပ်က သွေးမတိတ်ခင် ရမဲသင်းထောင်ပို့လိုက်စမ်း” လို့ အထက် အမိန့်ပေးလိုက်တော့ အခု ရမဲသင်းထောင်ရောက်နေပြီဖြစ်ကြောင်း မြန်မာအမေရိကန် သတင်းဌာနမှ စုံစမ်းသိရှိရသည်။ ဂိုလ်ရှယ်လေး

စစ်တပ်မှ အာဏာသိမ်းထားသည့် ၃ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ထောင်သားဘဝ

                           ဖေဖော်ဝါရီလ ၁ ရက်နေ့သည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့အတွက် အနှောက်အယှက်ဖြစ်စေသူဟု ယူဆသည့် ရွေးကောက်ခံအစိုးရ ခေါင်းဆောင်နှင့် နိုင်ငံသမိုင်းတွင် အညီညွတ်ဆုံးဖြစ်စေခဲ့သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာမှဖယ်ရှားပြီး မအောင်မြင်သော အာဏာသိမ်းမှု ပြုလုပ်သည့် သုံးနှစ်မြောက်နေ့ ဖြစ်သည်။ ရက်ပေါင်း ၁၀၉၅ ရက်ကျော် ကြာသော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် မြို့တော်နှင့် စစ်တပ်ဗဟိုဌာနချုပ် နေပြည်တော် အနောက်တောင်ဘက်အစွန်းမှ ထောင်တခုတွင် တဦးတည်း ဆက်လက် ဖမ်းဆီးချုပ်နှောင်ခံနေရသည်။ သူ့အတွက် တခုတည်းသော ထောင်ပြင်ထွက်ရချိန်သည် လွန်ခဲ့သောနှစ်အတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စတာ ဒွန် ပရာမတ်ဝီနိုင်နှင့် တွေ့ရသည့် တိုတောင်းသော ကာလဖြစ်ပြီး သူ့ကို ချမှတ်ထားသည့် ထောင်သက်တမ်းကိုလည်း ၃၃ နှစ်မှ ၂၇ နှစ်သို့ လွန်ခဲ့သောနှစ်က လျှော့ချပေးသည်။ အာဏာသိမ်းမှု နှစ်ပတ်လည်သည် ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းနည်းစရာကောင်းသော လက်ရှိအခြေအနေနှင့် ဝေဝါးနေသည့် အနာဂတ်ကို မီးမောင်းထိုးပ...

ပဲခူးတိုင်း မင်းလှမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွား

  မင်းလှတွင် ၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲ ၆ ကြိမ် အတွင်း စစ်တပ်ဘက်မှ စစ်သား ၈၀ ဦးကျော်သေဆုံး ရန်ကုန်၊ မတ် ၁၁ ပဲခူးတိုင်း၊ မင်းလှမြို့နယ်အတွင်း ၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲ ၆ ကြိမ် အတွင်း စစ်တပ်ဘက်မှ ၈၀ ကျော်သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ မတ်လ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ ဧက ၁၀၀၀ ကျွန်း စိုက်ခင်း ကျုံးပေါက်အနီး၌ စစ်ကြောင်း ထိုးလာသော အင်အား ၁၂၀ ပါ စစ်ကောင်စီ တပ်သားများကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ နှင့် ဒဂုံစစ်ကြောင်းတို့က စောင့်ကြို တိုက်ခိုက်ခဲ့ရာ အပြန်အလှန် တိုက်ပွဲ ၂ နာရီကျော် ကြာမြင့်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်ဘက်မှ ၂၀ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။ ယင်းနေ့ ညနေ ၅ နာရီခန့်အချိန် မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်းပေါ်ရှိ ဟိုင်းယု လမ်းဆုံတွင် တပ်ဆွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ နှင့် တပ်ခွဲ ၃ တို့က လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ရှောင်တခင် သွားရောက် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၃ နာရီခန...

တပ်မလက်ရွေးစဉ် ဘီလူးစစ်ကြောင်းဆိုသည်မှာ .....

    “ဒီစစ်ကြောင်းက စစ်တိုက်ဖို့ဆိုတာထက် လူတွေကိုသတ်၊ မုဒိမ်းကျင့်ဖို့ အဲ့လိုမျိုးတွေလုပ်ဖို့ အဓိကလာတဲ့ စစ်ကြောင်းပါ။ လူမဆန်တဲ့ လုပ်ရပ်တွေကို အဓိကလုပ်တာ” မြောင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) က ကိုနွေဦးက စစ်ကိုင်းဒေသအတွင်း စစ်ရာဇဝတ်မှုများကို ကျူးလွန်ချိုးဖောက်နေသည့် ဘီလူးစစ်ကြောင်း၏ လုပ်ရပ်များကို ပြောဆိုသွားခြင်းဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြည်သူများကို ရက်ရက်စက်စက် ခေါင်းဖြတ်သတ်သည့် စစ်ကြောင်း၊ အစုလိုက် အပြုံလိုက် သတ်သည့်စစ်ကြောင်း၊ မုဒိမ်းမှုများကို ကျူးလွန်နေသည့် စစ်ကြောင်းဟု ဆိုလိုက်ပါက လူတိုင်းက ဆိုးဆိုးရွာရွား နာနာကျည်းကျည်း အမှတ်ရနေသည့် စစ်ကြောင်းမှာ ဘီလူးစစ်ကြောင်းပင် ဖြစ်သည်။ ရက်စက်မှုအပေါင်း သရဖူဆောင်းထားသည့် ဘီလူးစစ်ကြောင်းသည် ယခုနှစ် ဩဂုတ်လ တတိယပတ်မှ စက်တင်ဘာလ ဒုတိယပတ်ထိ စစ်ကိုင်း၊ ရွှေဘို၊ ဝက်လက်နယ်များသို့ စစ်ကြောင်းထိုး ဝင်ရောက်ပြီးနောက် ပြည်သူများကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်။ 'စစ်ကိုင်း၊ ရွှေဘို၊ ဝက်လက်နယ်ထဲ ဘီလူးစစ်ကြောင်း၏ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သည့် အခြေအနေများ' မန္တလေး-ရွှေဘို-မြစ်ကြီ...

ရှမ်းမြောက်က ကျားဖြန့် ဇာတ်သိမ်းခန်း

  ဇန်နဝါရီ ၃၀ ရက်တွင် မြန်မာနိုင်ငံ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက တရုတ် အစိုးရထံ မြန်မာနိုင်ငံမြောက်ပိုင်း ကျားဖျန့် လုပ်ငန်းများတွင် အဓိက ကြိုးကိုင်သူများဟု သတ်မှတ်ထားသည့် ပယ်စောက်ချိန်အပါအဝင် ခြောက်ဦးနှင့် အခြားအရေးကြီးသံသယရှိ သူ လေးဦးကို လွှဲပြောင်းပေးခဲ့သည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ဇန်နဝါရီ ၃၀ ရက်တွင် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးအဖွဲ့ အစည်းထံသို့မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့် ဒေသ အွန်လိုင်းလိမ်လည်မှုအဖွဲ့၏ အဓိက ခေါင်းဆောင် ခြောက်ဦးဖြစ်သည့် ပယ် စောက်ချိန်၊ ပယ်ရင်ချန်၊ဝေ့ဟွိုင်ရန်၊ လျိုကျန့် ရှန်၊ လျိုကျန့်မောက်၊ ရွှီလောက်ဖာနှင့် အခြား အရေးကြီး ပြစ်မှုကျူးလွန်ကြောင်းသံသယရှိ သူ လေးဦးအား တရားဥပဒေနှင့်အညီ လွှဲ ပြောင်းပေးအပ်ခဲ့ပြီး အဆိုပါ ၁၀ ဦးကို ယင်း နေ့ညတွင်ပင် တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့ သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ခဲ့သည်။ ယင်းသို့ မြန်မာနိုင်ငံမြောက်ပိုင်းရှိ ကျား ဖျန့်လုပ်ငန်းများတွင် အဓိကတာဝန်ရှိသူဟု တရုတ်အစိုးရက သတ်မှတ်ထားသည့် ပယ် စောက်ချိန် အပါအဝင် ခြောက်ဦးအား လွှဲ ပြောင်းပေးအပ်ခြင်းမှာ တရုတ်-မြန်မာ နှစ် နိုင်ငံ၏ န...

အာဆီယံ-သြစတြေးလျ ထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီ ကိုယ်စားလှယ်တက်မည်

 စစ်ဗိုလ်ချုပ်များခန့်ထားသည့် သံအမတ်က မဲလ်ဘုန်းမြို့တွင် ၃ ရက်ကြာ ကျင်းပမည့် ဒေသတွင်း အထူးထိပ်သီးအစည်းအဝေးကာလအတွင်း ဆွေးနွေးပွဲ ၂ ခုကို တက်မည်ဟု သိရှိရသည်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသည့် အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသည့် သြစတြေးလျ ဝန်ကြီးချုပ် Anthony Albanese ကို တွေ့ရစဉ်။ သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် မတ်လ ၄ ရက်မှ ၆ ရက်အထိ ကျင်းပမည့် အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီကိုယ်စားလှယ် တက်ရောက်မည်ဟု သိရသည်။ အစည်းအဝေးကာလတွင် ပြုလုပ်မည့် ရေကြောင်းပူးပေါင်းဆောင်ရွက်ရေးညီလာခံ၊ ရာသီဥတုနှင့် သန့်ရှင်းသောစွမ်းအင်ဆိုင်ရာ ဖိုရမ်တို့ကို ကင်ဘာရာမြို့ မြန်မာသံရုံးမှ စစ်ကောင်စီခန့် သံအမတ် ဦးသက်ထွန်း တက်ရောက်မည်ဖြစ်သည်။  အခြား ဆက်စပ်အစည်းထိပ်သီးအစည်းအဝေးများသို့ စစ်ကောင်စီကိုယ်စားပြုကိုယ်စားလှယ် တက်မည်၊ မတက်မည်ကိုမူ သြစတြေးလျ နိုင်ငံခြားရေးနှင့် ကုန်သွယ်မှုဌာနက ပြောဆိုခြင်းမရှိပေ။ ...

Click !