တောင်တရုတ်ပင်လယ်လုံခြုံရေးကို မြှင့်တင်ဖို့အတွက် ဂျပန်အပြည်ပြည်ဆိုင်ရာ
ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီက အာဆီယံနိုင်ငံလေးနိုင်ငံဖြစ်တဲ့
အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်တို့ကို ၁၀
နှစ်ကြာရေကြောင်းလုံခြုံမှု အကူအညီပေးရန် ပြင်ဆင်နေကြောင်း မီဒီယာများက
ဖော်ပြနေကြတယ်လို့ အာရ်အက်ဖ်အေက ဖေဖော်ဝါရီလ ၁၅ ရက်မှာ ရေးသားပါတယ်။
အဲဒီ ၄ နိုင်ငံတို့ဟာ လုံခြုံရေးအရ ဂျပန်အစိုးရရဲ့
ထိပ်တန်းဦးစားပေးများအဖြစ် သတ်မှတ်ခံထားရကြောင်း တိုကျို NHK
ရုပ်သံလွှင့်ဌာနက ပြောပါတယ်။ ဂျက်ကာ JICA လို့ လူသိများတဲ့
ဂျပန်အကူအညီပေးရေး အေဂျင်စီရဲ့ အသေးစိတ်အစဉ်များဟာ ၂၀၂၅ခုနှစ် မတ်လအရောက်
အကောင်အထည်ပေါ်လာနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ထောက်ပံ့ရေးအစီအစဉ်မှာ
ဂျပန်နိုင်ငံက ဒရုန်းများ၊ ရေဒါစနစ်များနဲ့ ကင်းလှည့်သင်္ဘောများအပြင်
လေးနိုင်ငံ တစ်ခုချင်းစီအတွက် အခြားစွမ်းရည်မြှင့်တင်ရေး အစီအမံများကို
ပံ့ပိုးပေးဖို့ ရှိနေကြောင်း NHK က ဆိုပါတယ်။
ပြီးခဲ့တဲ့လ ဂျပန်အရာရှိများနဲ့ အထူးကျွမ်းကျင်သူတွေဟာ ဖိလစ်ပိုင်နဲ့
အင်ဒိုနီးရှားတို့မှာ လေ့လာမှုများနဲ့ မျက်မြင်ကွင်းဆင်း စစ်ဆေးမှုများကို
ပြုလုပ်ခဲ့တယ်လို့ ယုံကြည်ရပြီး မလေးရှားနဲ့ ဗီယက်နမ်တို့မှာတော့ ဧပြီလမှာ
ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။ ဂျက်ကာ ကိုယ်စားလှယ်အဖွဲ့ကို
ညွှန်ကြားရေးမှူးချုပ် ဟီရိုးတာနာကာက ဦးဆောင်ပြီး နိုင်ငံတွင်း
ရေကြောင်းလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ပရောဂျက်များအခြေအနေကို
သိရှိနိုင်ဖို့အတွက် ဇန်နဝါရီလမှာ မနီလာကို သွားရောက်ခဲ့ပါတယ်။ ယမန်နှစ်
နိုဝင်ဘာလ ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှိဒါရဲ့ ဖိလစ်ပိုင်နိုင်ငံ
ခရီးစဉ်အတွင်း မနီလာအတွက် ယန်းသန်း ၆၀၀ (အမေရိကန်ဒေါ်လာ ၄ သန်း) တန်ဖိုးရှိ
ကမ်းရိုးတန်းစောင့်ကြည့်ရေဒါများ ထောက်ပံ့ရန် သဘောတူစာချုပ်ကို
နှစ်နိုင်ငံလက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ဂျပန်နိုင်ငံရဲ့ အမျိုးသားကာကွယ်ရေးကို ဦးတည်ပြီး မိမိကိုယ်မိမိ ကာကွယ်ရေး
ချဉ်းကပ်မှုနဲ့ အမေရိကန်-ဂျပန်မဟာမိတ်ဖြစ်တည်မှုကို
အာရုံစိုက်လျှက်ရှိကြောင်း၊ အနာဂတ် တောင်တရုတ်ပင်လယ်မှာ ပိုမိုခိုင်မာစွာ
ရပ် တည်နိုင်ရေးအတွက် အရှေ့တောင်အာရှ နိုင်ငံတိုင်းရဲ့ စွမ်းရည်တွေကို
မြှင့်တင်ခြင်းသည်သာ အကောင်းဆုံး ဖြစ်တယ်လို့ တိုကျိုက ယူဆထားကြောင်း
ယိုကိုဆူကာကောင်စီ အာရှပစိတ်ဆိုင်ရာ မူဝါဒလေ့လာရေး ဒါရိုက်တာဖြစ်သူ နာဂီက
သုံးသပ်ပါတယ်။ သင်္ဘောများ၊ ကာကွယ်စွမ်းရည်နဲ့ လေ့ကျင့်ရေးများကို
ပံ့ပိုးပေးခြင်းဖြင့် အရှေ့တောင်အာရှနိုင်ငံများအတွင်း စွမ်းရည်အရပ်ရပ်ကို
တည်ဆောက်ရာမှာ ဂျပန်နိုင်ငံက ဆက်လက်ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း
တိုကျိုမြို့ အင်တာနေရှင်နယ် ခရစ်ယာန်တက္ကသိုလ်(ICU) မှ
ပါမောက္ခလည်းဖြစ်သူက ပြောပြပါတယ်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာလ အာဆီယံနဲ့ ဂျပန်နိုင်ငံတို့အကြား
ချစ်ကြည်ရင်းနှီးမှုနဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်မှု နှစ် ၅၀ ပြည့်
အထိမ်းအမှတ် အထူးထိပ်သီးအစည်းအဝေးကို ကျင်းပခဲ့ပြီးပါပြီ။
အစည်းအဝေးပြုလုပ်ရခြင်းရဲ့ အဓိက အချက်တစ်ခုကတော့ ရေကြောင်းလုံခြုံရေး
ပူးပေါင်းဆောင်ရွက်မှုအတွက်ပဲ ဖြစ်ပါတယ်။ ထိပ်သီးစည်းဝေးကျင်းပစဉ် ပြင်ပမှာ
ဂျပန်နဲ့ မလေးရှားနိုင်ငံဝန်ကြီးချုပ် နှစ်ဦးတို့တွေ့ဆုံပြီး
ကွာလာလမ်ပူကို ယန်းသန်း ၄၀၀ (အမေရိကန်ဒေါ်လာ ၂ ဒသမ ၆ သန်း) တန်ဖိုးရှိ
လုံခြုံရေးအကူအညီပေးရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
မလေးရှား-ဂျပန် နှစ်နိုင်ငံ အကျိုးတူ ဆက်ဆံရေးကိုလည်း ဘက်စုံ မဟာဗျူဟာ
ပူးပေါင်းဆောင်ရွက်မှုအဖြစ် အဆင့်အမြင့်ဆုံး အဆင့်မြှင့်တင်ခဲ့ပါတယ်။
ဒါပြင် တိုကျိုနဲ့ ဂျာကာတာတို့ဟာ အင်ဒိုနီးရှား ကမ်းခြေစောင့်တပ်အတွက် ယန်း
၉.၀၅ ဘီလီယံ (ဒေါ်လာ ၆၀.၂ သန်း) အထိ တန်ဘိုးရှိတဲ့
ဂျပန်ကင်းလှည့်သင်္ဘောပေးအပ်ရေး သတ်မှတ်ချက်များအတွက် လက်မှတ်
ရေးထိုးခဲ့ကြပါတယ်။ အလားတူ ဂျပန်နဲ့ ဗီယက်နမ်တို့အကြား
နှစ်နိုင်ငံဆက်ဆံရေးကို ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင် ရွက်မှုအဖြစ်
ယမန်နှစ်မှာ မြှင့်တင်ခဲ့ပါတယ်။။ အဲဒီမတိုင်ခင် ၂၀၂၀ ပြည့်နှစ်တည်းက
တိုကျိုဟာ ဗီယက်နမ်ကို ရေကြောင်း ကင်းလှည့် သင်္ဘော ၆
စင်းတည်ဆောက်ဖို့အတွက် အမေရိကန်ဒေါ်လာ ၃၄၈ သန်း ချေးငှားရန်
သဘောတူညီခဲ့ပြီးဖြစ်ပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံအများအပြားရဲ့
ယုံကြည်စိတ်ချရဆုံး မိတ်ဖက်ဖြစ်သူ ဂျပန်နိုင်ငံဟာ
ဒေသတွင်းလုံခြုံရေးကဏ္ဍမှာ အရှိန်အဟုန်မြှင့်လုပ်ဆောင်နေတယ်လို့ နိုင်ငံတကာ
ပဋိပက္ခများဆိုင်ရာ လေ့လာရေး နာမည်ကျော် လူသိများတဲ့ ICG အုပ်စု အာရှရေးရာ
လက်ထောက်ညွှန်ကြားရေးမှူးက မှတ်ချက်ပေးပါတယ်။
တောင်တရုတ်ပင်လယ်ရဲ့ အစိတ်အပိုင်းများနဲ့ ပတ်သက်ပြီး ပိုင်ဆိုင်ကြောင်းကို
တရုတ်နဲ့ အာဆီယံ လေးနိုင်ငံဖြစ်တဲ့ ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့
ဗီယက်နမ်တို့က တောင်းဆိုနေကြပေမယ့် ပေကျင်းရဲ့ တစ်ဖက်သပ် ကြေညာချက်ဟာ
နယ်မြေ အကျယ်ပြန့်ဆုံး အကြီးမားဆုံး ဖြစ်နေပါတယ်။ တောင်တရုတ်ပင်လယ်အတွင်း
တရုတ်နိုင်ငံရဲ့ တောင်းဆိုချက်အများစုကို ၂၀၁၆-ခုနှစ်မှာ ကုလသမဂ္ဂ ICJ
တရားရုံးက ကြားနာဆုံးဖြတ်ခဲ့ပေမယ့် ပေကျင်းက အဲဒီ စီရင်ချက်ကို
လက်မခံနိုင်ဘူးလို့ ငြင်းဆိုနေပါတယ်။ တောင်တရုတ်ပင်လယ်အရေး ပေကျင်းကို
ဆန့်ကျင်ရင်းနဲ့ ဖိလစ်ပိုင်ဟာ အမေရိကန်နဲ့ ကိုယ်စားပြု ပရောက်ဆီ
ဖြစ်လာနေကြောင်း ယနေ့ ဆောက်သ်ချိုင်းနားမောနင်းပို့စ်က ရေးသားပါတယ်။
တရုတ်ရဲ့ ရေလမ်းကြောင်း လက်ဝါးကြီးဝါဒကို ဆန့်ကျင်ကန့်ကွက်ရာမှာ ယခင်
သမ္မတဟောင်း ဒူတာတေးရဲ့ အပျော့ဆွဲချဉ်းကပ်မှုဟာ ဘေးရောက်သွားပြီး
မနီလာနှင့် ဝါရှင်တန်တို့အကြား ပေါင်းစည်းချဉ်းကပ်မှု သဏ္ဍာန်သစ်အဖြစ်
ပြောင်းလဲလာတယ်လို့ လေ့လာသူများက သုံးသပ်ပါတယ်။ ဒါပေမယ့်
အငြင်းပွားရေပြင်ကိစ္စမှာ အမေရိကန်နဲ့ တရုတ်တို့ ထိပ်တိုက် တွေ့နိုင်ပြီး
ဖိလစ်ပိုင်အနေနဲ့ ကျွဲနှစ်ကောင်ကြား မြေစာပင်ဖြစ်ရမယ့် အလားအလာများကြောင့်
အချို့က စိုးရိမ်နေကြပါတယ်။ သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာလက်ထက်
၂၀၂၂-ခုနှစ်နောက်ပိုင်း ဖိလစ်ပိုင်ဟာ အမေရိကန်နဲ့
အကြီးစားစစ်ရေးလေ့ကျင့်မှုများ၊ ပူးတွဲရေကြောင်း ကင်းလှည့်မှုများ၊
စစ်ရေးလေ့ကျင့်မှုများ၊ စစ်လက်နက်ဝယ်ယူခြင်းများအပြင် နိုင်ငံတွင်း
စစ်အခြေစိုက်စခန်းများကို တိုးမြှင့်ဝင်ရောက်ခွင့်ပြုခဲ့ပါတယ်။
၂၀၁၄ ခုနှစ် ပထမဆုံး လက်မှတ်ရေးထိုးခဲ့တဲ့ တိုးချဲ့
ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် EDCA အပြင်
အမေရိကန်တပ်များဟာ ဖိလစ်ပိုင်အခြေစိုက်စခန်းများအတွင်း နောက်ထပ်နေရာ
၉-ခုအထိ အလှာ့်ကျ တပ်စွဲခွင့် ရရှိမှာ ဖြစ်ပါတယ်။ အဲ့ဒီအထဲမှာ
ထိုင်ဝမ်ကျွန်းမှ မိုင် ၂၅၀ ခန့်အကွာ လူဇုံကျွန်း အရှေ့ မြောက်ဖျားမှာ
တပ်စွဲခွင့်လည်း ပါဝင်ပါတယ်။ ဒီအချက်ဟာ အတိတ်ကာလ စစ်အေးခေတ်
အမေရိကန်တပ်များရဲ့ အကြီးဆုံး စစ်စခန်းကြီး ၂-ခုကို ပြန်လည်အမှတ်ရစေပါတယ်။
ပြီးခဲ့တဲ့လ ထုတ်ပြန်ခဲ့တဲ့ ပါ့စ်အေးရှား စစ်တမ်းအရ
တောင်တရုတ်ပင်လယ်အငြင်းပွားမှုကို ဖြေရှင်းရာမှာ အမေရိကန်၊ သြစတြေးလျ၊
ဂျပန်၊ ကနေဒါ ဗြိတိန်တို့နဲ့အတူ ပူးပေါင်းလုပ်ဆောင်လိုကြောင်း
ဖိလစ်ပိုင်နိုင်ငံသား ၁၀ ဦးမှာ ၈-ဦးတို့က အဖြေပေးခဲ့ကြပြီး တရုတ်နဲ့
လက်တွဲဆောင်ရွက်လိုကြောင်း အဖြေပေးသူ ၁-ဦးသာ ရှိပါတယ်။ အလားတူ စစ်တမ်းမှာ
ဖြေဆိုသူ ၆၇ ရာခိုင်နှုန်းက ဖိလစ်ပိုင်ရဲ့ ပြည်ပကာကွယ်ရေးစွမ်းရည်
အထူးသဖြင့် ရေတပ်၊ လေတပ်နဲ့ ကမ်းရိုးတန်းစောင့်တပ်တို့ ခိုင်မာအားကောင်းရန်
လိုအပ်ကြောင်း အဖြေပေးခဲ့ကြ ပါတယ်။
၂၀၁၇ ခုနှစ် ဇွန်လ မာရာဝီမြို့ကို အစ္စလာမ္မစ်စစ်သွေးကြွတို့ လက်မှ ပြန်လည်
သိမ်းယူမှုအတွင်း ဖိလစ်ပိုင်နဲ့ အမေရိကန်စစ်သားတို့အကြား
အနီးကပ်ပူးပေါင်းဆောင်ရွက်မှုကို သမ္မတ ဒူတာတေးကိုယ်တိုင် သိမြင်ခဲ့ပါတယ်။
ဖိလစ်ပိုင်စစ်တပ်ဟာ အမေရိကန်လိုလားသူတွေဖြစ်တာကို ငြင်းကွယ်လို့
မရနိုင်ကြောင်း အဲဒီအချိန် သမ္မတဒူတာတေးက သတင်းထောက်များရဲ့ မေးခွန်းကို
ပြန်လည်ဖြေဆိုခဲ့ပါတယ်။
ကမ္ဘာ့သမိုင်းကို ပြန်လေ့လာကြည့်မယ်ဆိုရင် အိမ်နီးချင်းနိုင်ငံတွေအဖြစ် နှစ်ပေါင်းများစွာ အတူတကွ ယှဉ်တွဲ ရပ်တည်နေကြပြီးမှ ဝေးကွာသွားကြတဲ့ နိုင်ငံတွေ ရှိခဲ့တယ်ဆိုတာ တွေ့နိုင်ပါတယ်။ ကျွန်တော်တို့အတွက် အထင်ရှားဆုံး ဥပမာတစ်ခုရှိပါတယ်။ အဲဒါကတော့ မြန်မာနဲ့ ပါကစ္စတန်တို့ဟာ ယခင်က နယ်မြေချင်း ထိစပ်နေကြတဲ့ အိမ်နီးချင်း နိုင်ငံတွေပါ။ သို့သော် ၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံအသစ် ပေါ်ပေါက်လာချိန်မှာတော့ အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားခဲ့ကြပါတယ်။ ယခင်က အိမ်နီးချင်းဖြစ်ခဲ့လို့ ထင်ပါတယ်၊ မြန်မာနဲ့ ပါကစ္စတန်တို့ရဲ့ ဆက်ဆံရေးဟာ ကောင်းမွန်နေကြဆဲဆိုတာ သက်သေ၊ သာဓကများစွာ ရှိပါတယ်။ အဲဒီလို အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားရခြင်းဟာ သူတို့ရဲ့ ပြည်တွင်းရေးသာ ဖြစ်တဲ့အတွက် အထူးအထွေ ဝေဖန်ရန် မရှိပါ။ သို့သော် လက်ရှိအခြေအနေမှာ မြန်မာရဲ့ အိမ်နီးချင်း (၅) နိုင်ငံရှိနေရာက မတူညီတဲ့ အိမ်နီးချင်းနိုင်ငံသစ်တွေ ထပ်မံ ပေါ်ပေါက်လာဖို့ လုပ်ဆောင်နေကြတာတွေ မြင်နေရပါပြီ။ ဒီတစ်ကြိမ်ကတော့ ကျွန်တော်တို့ရဲ့ ပြည်တွင်းရေးဖြစ်တဲ့အတွက် အလေးထားရပါတော့မယ်။ ရှိပြီးသား အိမ်နီးချင်း (၅) နိုင်ငံနဲ့ မြန်မာတို့အကြား ကျွန်တော်တိ...