Skip to main content

Continue !

တရုတ်နိုင်ငံရဲ့ လွှမ်းမိုးလာမှုတွေကို တုန့်ပြန်နိုင်ဖို့ အာဆီယံနိုင်ငံတွေကို ဂျပန်ကူညီမည်

 

တောင်တရုတ်ပင်လယ်လုံခြုံရေးကို မြှင့်တင်ဖို့အတွက် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီက အာဆီယံနိုင်ငံလေးနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်တို့ကို ၁၀ နှစ်ကြာရေကြောင်းလုံခြုံမှု အကူအညီပေးရန် ပြင်ဆင်နေကြောင်း မီဒီယာများက ဖော်ပြနေကြတယ်လို့ အာရ်အက်ဖ်အေက ဖေဖော်ဝါရီလ ၁၅ ရက်မှာ ရေးသားပါတယ်။

အဲဒီ ၄ နိုင်ငံတို့ဟာ လုံခြုံရေးအရ ဂျပန်အစိုးရရဲ့ ထိပ်တန်းဦးစားပေးများအဖြစ် သတ်မှတ်ခံထားရကြောင်း တိုကျို NHK ရုပ်သံလွှင့်ဌာနက ပြောပါတယ်။ ဂျက်ကာ JICA လို့ လူသိများတဲ့ ဂျပန်အကူအညီပေးရေး အေဂျင်စီရဲ့ အသေးစိတ်အစဉ်များဟာ ၂၀၂၅ခုနှစ် မတ်လအရောက် အကောင်အထည်ပေါ်လာနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ထောက်ပံ့ရေးအစီအစဉ်မှာ ဂျပန်နိုင်ငံက ဒရုန်းများ၊ ရေဒါစနစ်များနဲ့ ကင်းလှည့်သင်္ဘောများအပြင် လေးနိုင်ငံ တစ်ခုချင်းစီအတွက် အခြားစွမ်းရည်မြှင့်တင်ရေး အစီအမံများကို ပံ့ပိုးပေးဖို့ ရှိနေကြောင်း NHK က ဆိုပါတယ်။

ပြီးခဲ့တဲ့လ ဂျပန်အရာရှိများနဲ့ အထူးကျွမ်းကျင်သူတွေဟာ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားတို့မှာ လေ့လာမှုများနဲ့ မျက်မြင်ကွင်းဆင်း စစ်ဆေးမှုများကို ပြုလုပ်ခဲ့တယ်လို့ ယုံကြည်ရပြီး မလေးရှားနဲ့ ဗီယက်နမ်တို့မှာတော့ ဧပြီလမှာ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။ ဂျက်ကာ ကိုယ်စားလှယ်အဖွဲ့ကို ညွှန်ကြားရေးမှူးချုပ် ဟီရိုးတာနာကာက ဦးဆောင်ပြီး နိုင်ငံတွင်း ရေကြောင်းလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ပရောဂျက်များအခြေအနေကို သိရှိနိုင်ဖို့အတွက် ဇန်နဝါရီလမှာ မနီလာကို သွားရောက်ခဲ့ပါတယ်။ ယမန်နှစ် နိုဝင်ဘာလ ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှိဒါရဲ့ ဖိလစ်ပိုင်နိုင်ငံ ခရီးစဉ်အတွင်း မနီလာအတွက် ယန်းသန်း ၆၀၀ (အမေရိကန်ဒေါ်လာ ၄ သန်း) တန်ဖိုးရှိ ကမ်းရိုးတန်းစောင့်ကြည့်ရေဒါများ ထောက်ပံ့ရန် သဘောတူစာချုပ်ကို နှစ်နိုင်ငံလက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဂျပန်နိုင်ငံရဲ့ အမျိုးသားကာကွယ်ရေးကို ဦးတည်ပြီး မိမိကိုယ်မိမိ ကာကွယ်ရေး ချဉ်းကပ်မှုနဲ့ အမေရိကန်-ဂျပန်မဟာမိတ်ဖြစ်တည်မှုကို အာရုံစိုက်လျှက်ရှိကြောင်း၊ အနာဂတ် တောင်တရုတ်ပင်လယ်မှာ ပိုမိုခိုင်မာစွာ ရပ် တည်နိုင်ရေးအတွက် အရှေ့တောင်အာရှ နိုင်ငံတိုင်းရဲ့ စွမ်းရည်တွေကို မြှင့်တင်ခြင်းသည်သာ အကောင်းဆုံး ဖြစ်တယ်လို့ တိုကျိုက ယူဆထားကြောင်း ယိုကိုဆူကာကောင်စီ အာရှပစိတ်ဆိုင်ရာ မူဝါဒလေ့လာရေး ဒါရိုက်တာဖြစ်သူ နာဂီက သုံးသပ်ပါတယ်။ သင်္ဘောများ၊ ကာကွယ်စွမ်းရည်နဲ့ လေ့ကျင့်ရေးများကို ပံ့ပိုးပေးခြင်းဖြင့် အရှေ့တောင်အာရှနိုင်ငံများအတွင်း စွမ်းရည်အရပ်ရပ်ကို တည်ဆောက်ရာမှာ ဂျပန်နိုင်ငံက ဆက်လက်ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း တိုကျိုမြို့ အင်တာနေရှင်နယ် ခရစ်ယာန်တက္ကသိုလ်(ICU) မှ ပါမောက္ခလည်းဖြစ်သူက ပြောပြပါတယ်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ အာဆီယံနဲ့ ဂျပန်နိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုနဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်မှု နှစ် ၅၀ ပြည့် အထိမ်းအမှတ် အထူးထိပ်သီးအစည်းအဝေးကို ကျင်းပခဲ့ပြီးပါပြီ။ အစည်းအဝေးပြုလုပ်ရခြင်းရဲ့ အဓိက အချက်တစ်ခုကတော့ ရေကြောင်းလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုအတွက်ပဲ ဖြစ်ပါတယ်။ ထိပ်သီးစည်းဝေးကျင်းပစဉ် ပြင်ပမှာ ဂျပန်နဲ့ မလေးရှားနိုင်ငံဝန်ကြီးချုပ် နှစ်ဦးတို့တွေ့ဆုံပြီး ကွာလာလမ်ပူကို ယန်းသန်း ၄၀၀ (အမေရိကန်ဒေါ်လာ ၂ ဒသမ ၆ သန်း) တန်ဖိုးရှိ လုံခြုံရေးအကူအညီပေးရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ မလေးရှား-ဂျပန် နှစ်နိုင်ငံ အကျိုးတူ ဆက်ဆံရေးကိုလည်း ဘက်စုံ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှုအဖြစ် အဆင့်အမြင့်ဆုံး အဆင့်မြှင့်တင်ခဲ့ပါတယ်။

ဒါပြင် တိုကျိုနဲ့ ဂျာကာတာတို့ဟာ အင်ဒိုနီးရှား ကမ်းခြေစောင့်တပ်အတွက် ယန်း ၉.၀၅ ဘီလီယံ (ဒေါ်လာ ၆၀.၂ သန်း) အထိ တန်ဘိုးရှိတဲ့ ဂျပန်ကင်းလှည့်သင်္ဘောပေးအပ်ရေး သတ်မှတ်ချက်များအတွက် လက်မှတ် ရေးထိုးခဲ့ကြပါတယ်။ အလားတူ ဂျပန်နဲ့ ဗီယက်နမ်တို့အကြား နှစ်နိုင်ငံဆက်ဆံရေးကို ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင် ရွက်မှုအဖြစ် ယမန်နှစ်မှာ မြှင့်တင်ခဲ့ပါတယ်။။ အဲဒီမတိုင်ခင် ၂၀၂၀ ပြည့်နှစ်တည်းက တိုကျိုဟာ ဗီယက်နမ်ကို ရေကြောင်း ကင်းလှည့် သင်္ဘော ၆ စင်းတည်ဆောက်ဖို့အတွက် အမေရိကန်ဒေါ်လာ ၃၄၈ သန်း ချေးငှားရန် သဘောတူညီခဲ့ပြီးဖြစ်ပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံအများအပြားရဲ့ ယုံကြည်စိတ်ချရဆုံး မိတ်ဖက်ဖြစ်သူ ဂျပန်နိုင်ငံဟာ ဒေသတွင်းလုံခြုံရေးကဏ္ဍမှာ အရှိန်အဟုန်မြှင့်လုပ်ဆောင်နေတယ်လို့ နိုင်ငံတကာ ပဋိပက္ခများဆိုင်ရာ လေ့လာရေး နာမည်ကျော် လူသိများတဲ့ ICG အုပ်စု အာရှရေးရာ လက်ထောက်ညွှန်ကြားရေးမှူးက မှတ်ချက်ပေးပါတယ်။
တောင်တရုတ်ပင်လယ်ရဲ့ အစိတ်အပိုင်းများနဲ့ ပတ်သက်ပြီး ပိုင်ဆိုင်ကြောင်းကို တရုတ်နဲ့ အာဆီယံ လေးနိုင်ငံဖြစ်တဲ့ ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်တို့က တောင်းဆိုနေကြပေမယ့် ပေကျင်းရဲ့ တစ်ဖက်သပ် ကြေညာချက်ဟာ နယ်မြေ အကျယ်ပြန့်ဆုံး အကြီးမားဆုံး ဖြစ်နေပါတယ်။ တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံရဲ့ တောင်းဆိုချက်အများစုကို ၂၀၁၆-ခုနှစ်မှာ ကုလသမဂ္ဂ ICJ တရားရုံးက ကြားနာဆုံးဖြတ်ခဲ့ပေမယ့် ပေကျင်းက အဲဒီ စီရင်ချက်ကို လက်မခံနိုင်ဘူးလို့ ငြင်းဆိုနေပါတယ်။ တောင်တရုတ်ပင်လယ်အရေး ပေကျင်းကို ဆန့်ကျင်ရင်းနဲ့ ဖိလစ်ပိုင်ဟာ အမေရိကန်နဲ့ ကိုယ်စားပြု ပရောက်ဆီ ဖြစ်လာနေကြောင်း ယနေ့ ဆောက်သ်ချိုင်းနားမောနင်းပို့စ်က ရေးသားပါတယ်။

တရုတ်ရဲ့ ရေလမ်းကြောင်း လက်ဝါးကြီးဝါဒကို ဆန့်ကျင်ကန့်ကွက်ရာမှာ ယခင် သမ္မတဟောင်း ဒူတာတေးရဲ့ အပျော့ဆွဲချဉ်းကပ်မှုဟာ ဘေးရောက်သွားပြီး မနီလာနှင့် ဝါရှင်တန်တို့အကြား ပေါင်းစည်းချဉ်းကပ်မှု သဏ္ဍာန်သစ်အဖြစ် ပြောင်းလဲလာတယ်လို့ လေ့လာသူများက သုံးသပ်ပါတယ်။ ဒါပေမယ့် အငြင်းပွားရေပြင်ကိစ္စမှာ အမေရိကန်နဲ့ တရုတ်တို့ ထိပ်တိုက် တွေ့နိုင်ပြီး ဖိလစ်ပိုင်အနေနဲ့ ကျွဲနှစ်ကောင်ကြား မြေစာပင်ဖြစ်ရမယ့် အလားအလာများကြောင့် အချို့က စိုးရိမ်နေကြပါတယ်။ သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာလက်ထက် ၂၀၂၂-ခုနှစ်နောက်ပိုင်း ဖိလစ်ပိုင်ဟာ အမေရိကန်နဲ့ အကြီးစားစစ်ရေးလေ့ကျင့်မှုများ၊ ပူးတွဲရေကြောင်း ကင်းလှည့်မှုများ၊ စစ်ရေးလေ့ကျင့်မှုများ၊ စစ်လက်နက်ဝယ်ယူခြင်းများအပြင် နိုင်ငံတွင်း စစ်အခြေစိုက်စခန်းများကို တိုးမြှင့်ဝင်ရောက်ခွင့်ပြုခဲ့ပါတယ်။

၂၀၁၄ ခုနှစ် ပထမဆုံး လက်မှတ်ရေးထိုးခဲ့တဲ့ တိုးချဲ့ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် EDCA အပြင် အမေရိကန်တပ်များဟာ ဖိလစ်ပိုင်အခြေစိုက်စခန်းများအတွင်း နောက်ထပ်နေရာ ၉-ခုအထိ အလှာ့်ကျ တပ်စွဲခွင့် ရရှိမှာ ဖြစ်ပါတယ်။ အဲ့ဒီအထဲမှာ ထိုင်ဝမ်ကျွန်းမှ မိုင် ၂၅၀ ခန့်အကွာ လူဇုံကျွန်း အရှေ့ မြောက်ဖျားမှာ တပ်စွဲခွင့်လည်း ပါဝင်ပါတယ်။ ဒီအချက်ဟာ အတိတ်ကာလ စစ်အေးခေတ် အမေရိကန်တပ်များရဲ့ အကြီးဆုံး စစ်စခန်းကြီး ၂-ခုကို ပြန်လည်အမှတ်ရစေပါတယ်။ ပြီးခဲ့တဲ့လ ထုတ်ပြန်ခဲ့တဲ့ ပါ့စ်အေးရှား စစ်တမ်းအရ တောင်တရုတ်ပင်လယ်အငြင်းပွားမှုကို ဖြေရှင်းရာမှာ အမေရိကန်၊ သြစတြေးလျ၊ ဂျပန်၊ ကနေဒါ ဗြိတိန်တို့နဲ့အတူ ပူးပေါင်းလုပ်ဆောင်လိုကြောင်း ဖိလစ်ပိုင်နိုင်ငံသား ၁၀ ဦးမှာ ၈-ဦးတို့က အဖြေပေးခဲ့ကြပြီး တရုတ်နဲ့ လက်တွဲဆောင်ရွက်လိုကြောင်း အဖြေပေးသူ ၁-ဦးသာ ရှိပါတယ်။ အလားတူ စစ်တမ်းမှာ ဖြေဆိုသူ ၆၇ ရာခိုင်နှုန်းက ဖိလစ်ပိုင်ရဲ့ ပြည်ပကာကွယ်ရေးစွမ်းရည် အထူးသဖြင့် ရေတပ်၊ လေတပ်နဲ့ ကမ်းရိုးတန်းစောင့်တပ်တို့ ခိုင်မာအားကောင်းရန် လိုအပ်ကြောင်း အဖြေပေးခဲ့ကြ ပါတယ်။

၂၀၁၇ ခုနှစ် ဇွန်လ မာရာဝီမြို့ကို အစ္စလာမ္မစ်စစ်သွေးကြွတို့ လက်မှ ပြန်လည် သိမ်းယူမှုအတွင်း ဖိလစ်ပိုင်နဲ့ အမေရိကန်စစ်သားတို့အကြား အနီးကပ်ပူးပေါင်းဆောင်ရွက်မှုကို သမ္မတ ဒူတာတေးကိုယ်တိုင် သိမြင်ခဲ့ပါတယ်။ ဖိလစ်ပိုင်စစ်တပ်ဟာ အမေရိကန်လိုလားသူတွေဖြစ်တာကို ငြင်းကွယ်လို့ မရနိုင်ကြောင်း အဲဒီအချိန် သမ္မတဒူတာတေးက သတင်းထောက်များရဲ့ မေးခွန်းကို ပြန်လည်ဖြေဆိုခဲ့ပါတယ်။


Hi !

!

Popular posts from this blog

ဝေဝါးမှုတွေနဲ့အတူ မသေချာ မရေရာမှုများနဲ့ မြန်မာပြည်..။

  ဝါရင့်သတင်းစာဆရာကြီး လာရီယာဂန်က စစ်အာဏာသိမ်းမှု သုံးနှစ်ပြည့်တဲ့ ဖေဖော်ဝါရီ(၁)ရက်နေ့မှာ ဘန်ကောက်ပို့စ်သတင်းစာမှာ ဆောင်းပါးတစ်ပုဒ် ရေးသားလိုက်ပါတယ်။ ဆောင်းပါးခေါင်းစဉ်က Myanmar faces increasing uncertainty ပါ။ စစ်အာဏာသိမ်းပြီး သုံးနှစ်အကြာမှာ မြန်မာနိုင်ငံရဲ့အခြေအနေ ဘယ်လိုရှိသလဲ။ ရှေ့မှာ ဘာဖြစ်နိုင်သလဲ။ မှန်းဆထားတာပါ။ လက်ရှိ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်လို့ လာရီယာဂန်လည်း ဘာမှ မမှန်းဆနိုင်ပါဘူး။ သူပြောနိုင်တာ တစ်ခုက မြန်မာပြည်ဟာ မသေမချာ မရေမရာမှုတွေ အများကြီးနဲ့ ဆက်ပြီး ရင်ဆိုင်နေရဦးမယ်ဆိုတဲ့ ကောက်ချက်ပါ။ မြန်မာစစ်တပ်က ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရကို စစ်အာဏာသိမ်းခဲ့တာ ခု ဖေဖော်ဝါရီ(၁)ရက်မှာ သုံးနှစ်တိတိ ပြည့်ခဲ့ပြီဖြစ်ကြောင်း၊ သုံးနှစ်အတွင်း တိုင်းပြည်ဟာ အဖက်ဖက်က ယိုယွင်းပျက်စီးသွားပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေ တိုးပွါးနေကြောင်း၊ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ပီဒီအက်ဖ်တွေကြား တိုက်ပွဲတွေကြောင့် ပြည်သူသန်းပေါင်းများစွာ အိုးပစ်အိမ်ပစ် ထွက်ပြေးနေရကြောင်း လာရီယာဂန်က ရေးသားပါတယ်။ ...

ကရင်ပြည်နယ်ပုံရိပ်ကို ထိခိုက်စေသဖြင့် ရွှေကုက္ကိုလ်ကို တိုက်ခိုက်ရဟု KTLA ပြော

  ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ ရွှေကုက္ကိုလ်မြို့သစ်သည် ပြည်နယ်ဖွံဖြိုးမှု မဖြစ်စေဘဲ ပျက်ဆီးမှုကိုသာ ဖြစ်စေသဖြင့် တိုက်ခိုက်ရခြင်း ဖြစ်ကြောင်း ကော်သူးလေတပ် (KTLA) က ဧပြီ ၇ ရက်တွင် ကြေညာသည်။ Facebookတွင် ပျံ့နှံလာသော KTLA ဗဟိုဌာနချုပ် ရုံးထိုင်မှူး စောဝါးနေမူး လက်မှတ်ထိုးထားသည့် ကြေညာချက်အရ ရွှေကုက္ကိုလ်မြို့သည် မူးယစ်ဆေးဝါး ဖြန့်ဖြူးသုံးစွဲရောင်းချနေပြီး တိုင်းရင်းသူ အမျိုးသမီးများကို ပြည့်တန်ဆာအဖြစ် လိမ် လည်လှည့်ဖြားစေခိုင်းနေသည့် နေရာဖြစ်နေသလို စစ်ကောင်စီအတွက် တရားမဝင်ငွေကြေးများ ရှာဖွေပေးသည့် နေရာ ဖြစ်၍ ပြည်ပမှ အလုပ်သမားများကိုလည်း လိမ်လည်ခေါ်ဆို ခိုင်းစေမှုများ ရှိနေသဖြင့် KTLA အနေနှင့် ကရင်ပြည်နယ် အကျိုးအတွက် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း၊ ထို့အတွက် ရွှေကုက္ကိုလ်တွင် နေထိုင်သည့် ပြည်သူများအနေနှင့် တိုက်ပွဲ ဧရိယာမှ ရှောင်ပေးကြရန် ထုတ်ပြန်ထားသည်။ ထိုကြေညာချက်နှင့် ပတ်သက်၍ ပိုမိုသိရှိနိုင်ရန် KTLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောနယ်ဒါးမြကို ဧရာဝတီက ဖုန်းဖြင့်ဆက် သွယ်ခဲ့ရာ ၎င်း အလုပ်များနေသဖြင့် နောက်မှ ပြန်လည်ဆက်သွယ်ရန် ပြောဆိုသည်။ ကော်သူးလေတပ်နှင့် နီးစပ်သည်...

မြန်မာနိုင်ငံမှာရှိတဲ့ ဗမာလူမျိုး ပေါ်ပေါက်ပုံ အကြောင်း

  ဗမာလူမျိုး ပေါ်ပေါက်လာပုံ သမိုင်းကြောင်း – တိဘက်တို ဘားမန်းလူမျိုးနွယ်စုကြီး မှ အကြီးဆုံးသောလူမျိုးဖြစ်သည်။ ယနေ့ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းသို့ နာဂ၊ သက်၊ ကမ်းယံ၊ပျူ တို့နောက်မှ ဝင်ရောက်လာခြင်းဖြစ်သော်လည်းပျူတို့ ထူထောင်သည့် ပထမပြည်ထောင်စုကို အေဒီ ၈ ရာစုတွင် နန်ကျောက်တို့က ဖျက်စီးပြီးချိန် မတိုင်မှီက ပင် ရောက်ရှိနေထိုင်နေခဲ့ပြီးဖြစ်သည်ဟုခန့်မှန်း၍ရနိုင်သည်။အေဒီ ၁၀ ရာစုမတိုင်မှီ အချိန်ကပင် ကျောက်ဆည် ၁၁ ခရိုင်တွင် အခြေချခဲ့ပြီး နောက်များမကြာမှီ တွင်မြစ်သာ ၆ ခရိုင် ၊ ပုဂံ နေပြည်တော်တို့ကို ထူ ထောင်ကာဒုတိယမြန်မာပြည်ထောင်စုကို တည်ထောင်ခဲ့ကြသည်။ သို့သော် မြန်မာနိုင်ငံသားတို့က ထိုပြည်ထောင်စုကိုသာပထမပြည် ထောင် စုအဖြစ် လက်ခံကြသည်။သမိုင်းတစ်လျောက်တွင် မွန်ဂို၊ တရုတ်၊ ယိုးဒယား၊ မွန်၊ ရခိုင်၊ ရှမ်း၊ ကရင် အစရှိသည့် အတွင်း၊ အပြင်ရန်အမျိုးမျိုးနှင့်ကြုံတွ့ခဲ့ဖူးပြီးအကြိမ်တိုင်းတွင် ပြည်ထောင်စု၏ ဦးဆောင်သူနေရာကို ဗမာတို့ ပြန်လည်ကာ ရောက်ရှိနိုင်ခဲ့သည်။အနော်ရထာ၏ ပထမပြည်ထောင်စု(ပထမမြန်မာနိုင်ငံတော်ကြီး)၊ တပင်ရွှေထီး-ဘုရင့်နောင်တို့ ၏ ဒုတိယပြည်ထောင်စု (ဒုတိယ မြန်မာနိုင်ငံတော်ကြီး)၊အလောင်းဘုရား၏ တတိ...

မြန်မာပြည်မြေပုံကို အပြောင်းခံကြမှာလား

  ကမ္ဘာ့သမိုင်းကို ပြန်လေ့လာကြည့်မယ်ဆိုရင် အိမ်နီးချင်းနိုင်ငံတွေအဖြစ် နှစ်ပေါင်းများစွာ အတူတကွ ယှဉ်တွဲ ရပ်တည်နေကြပြီးမှ ဝေးကွာသွားကြတဲ့ နိုင်ငံတွေ ရှိခဲ့တယ်ဆိုတာ တွေ့နိုင်ပါတယ်။ ကျွန်တော်တို့အတွက် အထင်ရှားဆုံး ဥပမာတစ်ခုရှိပါတယ်။ အဲဒါကတော့ မြန်မာနဲ့ ပါကစ္စတန်တို့ဟာ ယခင်က နယ်မြေချင်း ထိစပ်နေကြတဲ့ အိမ်နီးချင်း နိုင်ငံတွေပါ။ သို့သော် ၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံအသစ် ပေါ်ပေါက်လာချိန်မှာတော့ အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားခဲ့ကြပါတယ်။ ယခင်က အိမ်နီးချင်းဖြစ်ခဲ့လို့ ထင်ပါတယ်၊ မြန်မာနဲ့ ပါကစ္စတန်တို့ရဲ့ ဆက်ဆံရေးဟာ ကောင်းမွန်နေကြဆဲဆိုတာ သက်သေ၊ သာဓကများစွာ ရှိပါတယ်။ အဲဒီလို အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားရခြင်းဟာ သူတို့ရဲ့ ပြည်တွင်းရေးသာ ဖြစ်တဲ့အတွက် အထူးအထွေ ဝေဖန်ရန် မရှိပါ။ သို့သော် လက်ရှိအခြေအနေမှာ မြန်မာရဲ့ အိမ်နီးချင်း (၅) နိုင်ငံရှိနေရာက မတူညီတဲ့ အိမ်နီးချင်းနိုင်ငံသစ်တွေ ထပ်မံ ပေါ်ပေါက်လာဖို့ လုပ်ဆောင်နေကြတာတွေ မြင်နေရပါပြီ။ ဒီတစ်ကြိမ်ကတော့ ကျွန်တော်တို့ရဲ့ ပြည်တွင်းရေးဖြစ်တဲ့အတွက် အလေးထားရပါတော့မယ်။ ရှိပြီးသား အိမ်နီးချင်း (၅) နိုင်ငံနဲ့ မြန်မာတို့အကြား ကျွန်တော်တိ...

မြန်မာ ဒုကာကွယ်ရေးဝန်ကြီး ထောင်ထဲရောက်ပြီ

  မြန်မာ ဒုကာကွယ်ရေးဝန်ကြီး ထောင်ထဲရောက်ပြီ မတ်လ ၂၈ ရက် ၂၀၂၄ ခုနှစ် နံနက် ၁၀ နာရီ ၂၀ သတင်း ================================= ကာကွယ်ရေး ဒု-ဝန်ကြီး ဖြစ်သူ ဗိုလ်ချုပ်အောင်လင်းထွန်းကို ကျားဖြန့်လုပ်ငန်းနဲ့ ပတ်သက်တယ်ဆိုပြီး မနေ့ည မတ်လ ၂၇ ရက်နေ့ည ၁၁ နာရီတွင် စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့မှ သွားရောက်ဖမ်းဆီးခဲ့ကြပါတယ်။ အဆိုပါ ဖမ်းဆီးချိန်တွင် ဒုကာကွယ်ရေးဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်အောင်လင်းထွန်းသည် အရက်မူးနေပြီး အသာတကြည် လိုက်လာခြင်းမရှိပဲ … ပုဆိုးလှန်ပြီး ဆဲဆိုနေခြင်းကြောင့် စစ်ဘက်လုံခြုံရေးအဖွဲ့မှ ရိုက်နှက်ခဲ့ရာ.. သွား အချို့ ကျွတ်သွားပြီး ပါးစပ်တခုလုံး သွေးများနီရဲနေသည်။ “အဲ့ကောင် ပါးစပ်က သွေးမတိတ်ခင် ရမဲသင်းထောင်ပို့လိုက်စမ်း” လို့ အထက် အမိန့်ပေးလိုက်တော့ အခု ရမဲသင်းထောင်ရောက်နေပြီဖြစ်ကြောင်း မြန်မာအမေရိကန် သတင်းဌာနမှ စုံစမ်းသိရှိရသည်။ ဂိုလ်ရှယ်လေး

စစ်တပ်မှ အာဏာသိမ်းထားသည့် ၃ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ထောင်သားဘဝ

                           ဖေဖော်ဝါရီလ ၁ ရက်နေ့သည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့အတွက် အနှောက်အယှက်ဖြစ်စေသူဟု ယူဆသည့် ရွေးကောက်ခံအစိုးရ ခေါင်းဆောင်နှင့် နိုင်ငံသမိုင်းတွင် အညီညွတ်ဆုံးဖြစ်စေခဲ့သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာမှဖယ်ရှားပြီး မအောင်မြင်သော အာဏာသိမ်းမှု ပြုလုပ်သည့် သုံးနှစ်မြောက်နေ့ ဖြစ်သည်။ ရက်ပေါင်း ၁၀၉၅ ရက်ကျော် ကြာသော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် မြို့တော်နှင့် စစ်တပ်ဗဟိုဌာနချုပ် နေပြည်တော် အနောက်တောင်ဘက်အစွန်းမှ ထောင်တခုတွင် တဦးတည်း ဆက်လက် ဖမ်းဆီးချုပ်နှောင်ခံနေရသည်။ သူ့အတွက် တခုတည်းသော ထောင်ပြင်ထွက်ရချိန်သည် လွန်ခဲ့သောနှစ်အတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စတာ ဒွန် ပရာမတ်ဝီနိုင်နှင့် တွေ့ရသည့် တိုတောင်းသော ကာလဖြစ်ပြီး သူ့ကို ချမှတ်ထားသည့် ထောင်သက်တမ်းကိုလည်း ၃၃ နှစ်မှ ၂၇ နှစ်သို့ လွန်ခဲ့သောနှစ်က လျှော့ချပေးသည်။ အာဏာသိမ်းမှု နှစ်ပတ်လည်သည် ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းနည်းစရာကောင်းသော လက်ရှိအခြေအနေနှင့် ဝေဝါးနေသည့် အနာဂတ်ကို မီးမောင်းထိုးပ...

ပဲခူးတိုင်း မင်းလှမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွား

  မင်းလှတွင် ၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲ ၆ ကြိမ် အတွင်း စစ်တပ်ဘက်မှ စစ်သား ၈၀ ဦးကျော်သေဆုံး ရန်ကုန်၊ မတ် ၁၁ ပဲခူးတိုင်း၊ မင်းလှမြို့နယ်အတွင်း ၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲ ၆ ကြိမ် အတွင်း စစ်တပ်ဘက်မှ ၈၀ ကျော်သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ မတ်လ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ ဧက ၁၀၀၀ ကျွန်း စိုက်ခင်း ကျုံးပေါက်အနီး၌ စစ်ကြောင်း ထိုးလာသော အင်အား ၁၂၀ ပါ စစ်ကောင်စီ တပ်သားများကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ နှင့် ဒဂုံစစ်ကြောင်းတို့က စောင့်ကြို တိုက်ခိုက်ခဲ့ရာ အပြန်အလှန် တိုက်ပွဲ ၂ နာရီကျော် ကြာမြင့်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်ဘက်မှ ၂၀ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။ ယင်းနေ့ ညနေ ၅ နာရီခန့်အချိန် မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်းပေါ်ရှိ ဟိုင်းယု လမ်းဆုံတွင် တပ်ဆွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ နှင့် တပ်ခွဲ ၃ တို့က လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ရှောင်တခင် သွားရောက် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၃ နာရီခန...

တပ်မလက်ရွေးစဉ် ဘီလူးစစ်ကြောင်းဆိုသည်မှာ .....

    “ဒီစစ်ကြောင်းက စစ်တိုက်ဖို့ဆိုတာထက် လူတွေကိုသတ်၊ မုဒိမ်းကျင့်ဖို့ အဲ့လိုမျိုးတွေလုပ်ဖို့ အဓိကလာတဲ့ စစ်ကြောင်းပါ။ လူမဆန်တဲ့ လုပ်ရပ်တွေကို အဓိကလုပ်တာ” မြောင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) က ကိုနွေဦးက စစ်ကိုင်းဒေသအတွင်း စစ်ရာဇဝတ်မှုများကို ကျူးလွန်ချိုးဖောက်နေသည့် ဘီလူးစစ်ကြောင်း၏ လုပ်ရပ်များကို ပြောဆိုသွားခြင်းဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြည်သူများကို ရက်ရက်စက်စက် ခေါင်းဖြတ်သတ်သည့် စစ်ကြောင်း၊ အစုလိုက် အပြုံလိုက် သတ်သည့်စစ်ကြောင်း၊ မုဒိမ်းမှုများကို ကျူးလွန်နေသည့် စစ်ကြောင်းဟု ဆိုလိုက်ပါက လူတိုင်းက ဆိုးဆိုးရွာရွား နာနာကျည်းကျည်း အမှတ်ရနေသည့် စစ်ကြောင်းမှာ ဘီလူးစစ်ကြောင်းပင် ဖြစ်သည်။ ရက်စက်မှုအပေါင်း သရဖူဆောင်းထားသည့် ဘီလူးစစ်ကြောင်းသည် ယခုနှစ် ဩဂုတ်လ တတိယပတ်မှ စက်တင်ဘာလ ဒုတိယပတ်ထိ စစ်ကိုင်း၊ ရွှေဘို၊ ဝက်လက်နယ်များသို့ စစ်ကြောင်းထိုး ဝင်ရောက်ပြီးနောက် ပြည်သူများကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်။ 'စစ်ကိုင်း၊ ရွှေဘို၊ ဝက်လက်နယ်ထဲ ဘီလူးစစ်ကြောင်း၏ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သည့် အခြေအနေများ' မန္တလေး-ရွှေဘို-မြစ်ကြီ...

ရှမ်းမြောက်က ကျားဖြန့် ဇာတ်သိမ်းခန်း

  ဇန်နဝါရီ ၃၀ ရက်တွင် မြန်မာနိုင်ငံ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက တရုတ် အစိုးရထံ မြန်မာနိုင်ငံမြောက်ပိုင်း ကျားဖျန့် လုပ်ငန်းများတွင် အဓိက ကြိုးကိုင်သူများဟု သတ်မှတ်ထားသည့် ပယ်စောက်ချိန်အပါအဝင် ခြောက်ဦးနှင့် အခြားအရေးကြီးသံသယရှိ သူ လေးဦးကို လွှဲပြောင်းပေးခဲ့သည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ဇန်နဝါရီ ၃၀ ရက်တွင် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးအဖွဲ့ အစည်းထံသို့မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့် ဒေသ အွန်လိုင်းလိမ်လည်မှုအဖွဲ့၏ အဓိက ခေါင်းဆောင် ခြောက်ဦးဖြစ်သည့် ပယ် စောက်ချိန်၊ ပယ်ရင်ချန်၊ဝေ့ဟွိုင်ရန်၊ လျိုကျန့် ရှန်၊ လျိုကျန့်မောက်၊ ရွှီလောက်ဖာနှင့် အခြား အရေးကြီး ပြစ်မှုကျူးလွန်ကြောင်းသံသယရှိ သူ လေးဦးအား တရားဥပဒေနှင့်အညီ လွှဲ ပြောင်းပေးအပ်ခဲ့ပြီး အဆိုပါ ၁၀ ဦးကို ယင်း နေ့ညတွင်ပင် တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့ သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ခဲ့သည်။ ယင်းသို့ မြန်မာနိုင်ငံမြောက်ပိုင်းရှိ ကျား ဖျန့်လုပ်ငန်းများတွင် အဓိကတာဝန်ရှိသူဟု တရုတ်အစိုးရက သတ်မှတ်ထားသည့် ပယ် စောက်ချိန် အပါအဝင် ခြောက်ဦးအား လွှဲ ပြောင်းပေးအပ်ခြင်းမှာ တရုတ်-မြန်မာ နှစ် နိုင်ငံ၏ န...

အာဆီယံ-သြစတြေးလျ ထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီ ကိုယ်စားလှယ်တက်မည်

 စစ်ဗိုလ်ချုပ်များခန့်ထားသည့် သံအမတ်က မဲလ်ဘုန်းမြို့တွင် ၃ ရက်ကြာ ကျင်းပမည့် ဒေသတွင်း အထူးထိပ်သီးအစည်းအဝေးကာလအတွင်း ဆွေးနွေးပွဲ ၂ ခုကို တက်မည်ဟု သိရှိရသည်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသည့် အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသည့် သြစတြေးလျ ဝန်ကြီးချုပ် Anthony Albanese ကို တွေ့ရစဉ်။ သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် မတ်လ ၄ ရက်မှ ၆ ရက်အထိ ကျင်းပမည့် အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီကိုယ်စားလှယ် တက်ရောက်မည်ဟု သိရသည်။ အစည်းအဝေးကာလတွင် ပြုလုပ်မည့် ရေကြောင်းပူးပေါင်းဆောင်ရွက်ရေးညီလာခံ၊ ရာသီဥတုနှင့် သန့်ရှင်းသောစွမ်းအင်ဆိုင်ရာ ဖိုရမ်တို့ကို ကင်ဘာရာမြို့ မြန်မာသံရုံးမှ စစ်ကောင်စီခန့် သံအမတ် ဦးသက်ထွန်း တက်ရောက်မည်ဖြစ်သည်။  အခြား ဆက်စပ်အစည်းထိပ်သီးအစည်းအဝေးများသို့ စစ်ကောင်စီကိုယ်စားပြုကိုယ်စားလှယ် တက်မည်၊ မတက်မည်ကိုမူ သြစတြေးလျ နိုင်ငံခြားရေးနှင့် ကုန်သွယ်မှုဌာနက ပြောဆိုခြင်းမရှိပေ။ ...

Click !