တိုးတက်လာတဲ့ နည်းပညာနဲ့အတူ ကြောက်စရာကောင်းတဲ့ အွန်လိုင်း Deep Fake AI နဲ့ ဘဏ္ဍာရေးအရာရှိချုပ် ဟန်ဆောင်ပြီး ဖုန်းခေါ်တာကြောင့် ဒေါ်လာ 25 သန်းကို လွှဲလိုက်မိတဲ့ ဝန်ထမ်း
ဟောင်ကောင်အခြေစိုက် ကုမ္ပဏီ တခုရဲ့
ငွေစာရင်းကိုင်တဦးဟာ AI နဲ့တုပဖန်တီးထား
တဲ့ Deepfake Video Call နဲ့ လှည့်စားခံရပြီး
လူလိမ်တွေထံ US$ 25 သန်း လွှဲပြောင်းပေး
ခဲ့ပါတယ် ၊
ဖြစ်ပုံက
၎င်းငွေစာရင်းကိုင်ဝန်ထမ်းဆီကို လူလိမ်
တွေက ကုမ္ပဏီ ရဲ့ဘဏ္ဍာရေးအရာရှိချုပ်
ယောင်ဆောင်ပြီး Email ပေးပို့ကာ Email
ထဲမှာ ဗီဒီယိုအစည်းအဝေးတက်ရမှာဖြစ်
ကြောင်းပါရှိပါတယ် ၊
အနှီ လူလိမ်များက
AI Deepfake နည်းပညာနဲ့ ဘဏ္ဍာရေး
အရာရှိချုပ်ဟာ ဝန်ထမ်းတွေ နဲ့ အစည်း
အဝေး တက်ရောက် ပြောဆို ဆွေးနွေးနေ
တာတွေ ရုပ်ရော/အသံရောတပုံစံထဲဖန်တီး
ထားပါတယ် ၊
ဒါကြောင့်
ငွေစာရင်းကိုင်ဝန်ထမ်းဟာ
Deepfake Video ပါ ဘဏ္ဍာရေးအရာရှိ
ချုပ် (အတု) ညွှန်ကြားတဲ့ အတိုင်းဘဲ
US$ 25 milions ကို ချက်ခြင်း လူလိမ်
တွေဘက်ကို လွှဲပြောင်းပေးလိုက်ပါ
တယ် ၊
အပတ်စဥ်
ကုမ္ပဏီ အစည်းအဝေး လုပ်တော့
ငွေလွဲ ကိစ္စ တင်ပြလိုက်တာ ငွေလွှဲဖို့
ကုမ္ပဏီ လူကြီးတွေ အစည်းအဝေး
မလုပ်ကြောင်း အလိမ်ခံရတာဖြစ်
ကြောင်း အဖြစ်မှန်ပေါ်ပေါက်
သွားရပါတယ် ၊
အဲဒီလိုမျိုး
နိုင်ငံရေး/ စစ်ရေးတွေမှာ AI Deepfake
အစွမ်းနဲ့ပိပိရိရိလုပ်လာရင် ပြဿနာတွေ
တက်သွားနိုင်ပါတယ် ၊ Deepfake
အကြောင်း မသိသေးတဲ့ နိုင်ငံငယ်
တွေမှာ အမတန် အန္တရာယ်များလှ
ပါကြောင်း ။