Skip to main content

Continue !

ရုရှားသမ္မတပူတင်အဖြေ အမေရိကန်သတင်းထောက် တက်ကာကာလ်ဆန်၏ မေးမြန်းခန်းမှ ကောက်နုတ်ချက်

 


ကွန်ဆာဗေးတစ်ဝါဒီ အမေရိကန်သတင်းထောက် တက်ကာကာလ်ဆန်သည် ဖေဖော်ဝါရီလ (၆)ရက်တွင် ကရင်မလင်နန်းတော်၌ ရုရှားသမ္မတပူတင်နှင့် အင်တာဗျူးတစ်ခုလုပ်ဆောင်ခဲ့သည်။ အဆိုပါ အင်တာဗျူးသည် ရုရှားနှင့်ယူကရိန်းကြားပဋိပက္ခကို အဓိကရည်ရွယ်ကာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

အနောက်အုပ်စုနိုင်ငံများ၏ မီဒီယာများ သည် ရုရှားကိုနှိမ့်ချကာ ယူကရိန်း၏အနေအထားများကို မြှင့်တင်ခြင်းဖြင့် ၎င်းတို့၏စာဖတ်သူများနှင့် ကြည့်ရှုသူများကို လိမ်ညာခဲ့ကြောင်း တက်ကာကာလ်ဆန်က ပြောကြားခဲ့သည်။ တက်ကာကာလ်ဆန်နှင့် ပူတင်တို့၏ နှစ်နာရီကျော်ကြာအင်တာဗျူးသည် တက်ကာ ကာလ်ဆန်၏ X (တွစ်တာ)အကောင့် တွင် ကြည့်ရှုမှုပေါင်း သန်း ၂၀ဝ ကျော်ထိရှိခဲ့ပြီး YouTube တွင် ထုတ်လွှင့်ခဲ့ပြီးနောက် ပထမဆုံး နာရီပိုင်းအတွင်း ကြည့်ရှုမှု(၁)သန်း အောက်ရှိခဲ့သည်။တက်ကာကာလ်ဆန်နှင့် ပူတင်တို့၏ နှစ်နာရီ ကျော်ကြာ တွေ့ဆုံမေးမြန်းမှုအတွင်း အဓိကအချက်(၁၀)ချက်မှာ အောက်ပါ အတိုင်း ဖြစ်သည်။
- ယူကရိန်းက ၂၀၁၄ ခုနှစ်မှာ စစ်ပွဲကိုစတင်ခဲ့ တာပါ၊ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က ဒီစစ်ပွဲကို ရပ်တန့်ဖို့ ပဲဖြစ်ပါတယ်။
ရုရှားသည် ၂၀၂၂ ခုနှစ်တွင် စစ်ပွဲကို စတင်ခဲ့ခြင်းမျိုးမဟုတ်ဘဲ ၂၀၁၄ ခုနှစ်တွင် ယူကရိန်းက စတင်ခဲ့သော စစ်ပွဲကို ရပ်တန့်ရန် ကြိုးစားနေခြင်းသာ ဖြစ်ကြောင်း ရုရှားသမ္မတပူတင်ကပြောကြားခဲ့သည်။ယူကရိန်း အစိုးရသည် ဒွန်းဘက်စ်ဒေသတွင် စစ်ဆင် ရေးများကို (၈)နှစ်ကြာလုပ်ဆောင်ခဲ့ပြီးနောက် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ(၂၄)ရက်တွင် ယူကရိန်းအပေါ် ရုရှားဘက်ကလည်း စစ်ဘက်ဆိုင်ရာစစ်ဆင်ရေးများ စတင် လုပ်ဆောင်ခဲ့ကြောင်း ပူတင်က ထုတ်ပြန်ကြေညာခဲ့ သည်။ ထို့ပြင် ဒွန်းဘက်စ်ဒေသတွင်ဖြစ်ပွားနေသော ရန်လိုမှုများကို အဆုံးသတ်ရန်ကြိုးပမ်းမှုအဖြစ် လုပ်ဆောင်ခဲ့သော 2014-2015 Minsk သဘောတူညီ ချက်ကို ပူတင်က မှတ်ချက်ပြုပြောဆိုခဲ့သည်။ ပူတင် က “ဒေသခံပြည်သူလူထုဟာ ယူကရိန်းကို ပြန်သွား ဖို့ ယုံကြည်ချက်ရှိခဲ့မယ်ဆိုရင် ပြီးတော့ ယူကရိန်းက လူမှုဖူလုံရေးကတိကဝတ်တွေကို သဘောတူညီခဲ့မယ်ဆို ရင် ဒေသတွင်းအကျပ်အတည်းကို ဖြေရှင်းနိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်”ဟုပြောဆိုခဲ့သည်။သို့သော်လည်း ယူကရိန်းရှိ မူဝါဒချမှတ်သူများသည် ဆူပူအုံကြွမှုများကို အင်အားသုံးဖြေရှင်းရန် ဆန္ဒရှိနေ ကြောင်း ပူတင်ကပြောဆိုခဲ့သည်။ ရုရှားနှင့် ယူကရိန်း တို့သည် ပဋိပက္ခ၏ အစောပိုင်းကာလများတွင် ရန်လို မှုများကို အဆုံးသတ်ရန် နီးကပ်ခဲ့ကြောင်းလည်း ပူတင်က ပြောဆိုခဲ့သည်။ ၂၀၂၂ ခုနှစ် နွေဦးကာလ အစောပိုင်းတွင် ယူကရိန်းမြို့တော် ကိယက်ဗ်အနီးရှိ ရုရှားတပ်ဖွဲ့များကို ပြန်လည်ရုပ်သိမ်းခဲ့သော်လည်း ယူကရိန်းသည် ရုရှားကို အဆုံးထိအောင်တိုက်ခိုက်ရမည်ဆိုသည့် အနောက်အုပ်စုနိုင်ငံများ၏ ဖိအားများအောက်တွင် ကျရှုံးသွားခဲ့ကြောင်း ပူတင်က ပြော ဆိုခဲ့သည်။
- ရုရှားက နေတိုးအဖွဲ့ကို တိုက်ခိုက်ဖို့ ဆန္ဒရှိနေ တယ်ဆိုတဲ့ ပြောဆိုချက်တွေက ခြိမ်းခြောက်ပြော ဆိုနေတာမျိုးတွေပါပဲ။
ရုရှားနိုင်ငံက ပထမဆုံးတိုက်ခိုက်ခံရမည်ဆိုလျှင် ပိုလန်နှင့်လတ်ဗီးယားတို့ကဲ့သို့သော နေတိုး အဖွဲ့ဝင်နိုင်ငံများနှင့် စစ်ရေးပဋိပက္ခများတွင်သာ ပါဝင်ပတ်သက်မည်ဖြစ်ကြောင်း ပူတင်က ပြောဆိုခဲ့ သည်။ ပူတင်က “အနောက်အုပ်စုနိုင်ငံတွေရဲ့ ပြော ဆိုချက်တွေအားလုံးဟာ ခြိမ်းခြောက်ပြောဆိုနေတဲ့ စကားမျိုးတွေပဲဖြစ်ပါတယ်။ ပြီးတော့ ယူကရိန်းကို နျူကလီးယားလက်နက် အသုံးပြုတိုက်ခိုက်မယ်ဆိုတဲ့ ထင်မြင်ချက်တွေ ဒါမှမဟုတ် ပဋိပက္ခကို ပိုမိုမြင့်တက် လာစေမယ့် ထင်မြင်ချက်တွေဟာလည်း ရုရှားကို ထိပ်တိုက်ရင်ဆိုင်ရာမှာ အမေရိကန်အခွန်ထမ်းတွေနဲ့ ဥရောပအခွန်ထမ်းတွေဆီကနေ နောက်ထပ်ငွေ တွေ ကို ညှစ်ထုတ်နိုင်ဖို့အတွက် ပြောဆိုနေကြတဲ့ ထိတ်လန့်စရာဇာတ်လမ်းတွေပဲဖြစ်ပါတယ်”ဟု ပြောဆိုခဲ့ သည်။
-အမေရိကန်နဲ့မတူတာကတော့ ရုရှားက တရုတ်ကို မကြောက်ပါဘူး။
အမေရိကန်နိုင်ငံနှင့်မတူသည့်အချက်မှာ ရုရှားနိုင်ငံက တရုတ်နိုင်ငံ၏ ကြီးထွားလာမှုကို မကြောက်ရွံ့ကြောင်း ပူတင်ကပြောဆိုခဲ့သည်။ BRICS အဖွဲ့ဝင်နိုင်ငံများသည် တရုတ်နိုင်ငံ၏ စီးပွားရေးအရ လုံးဝလွှမ်းမိုး ခြင်းခံရနိုင်သည့် အန္တရာယ်များ နှင့်ကြုံတွေ့ရနိုင်သည်ဆိုသော တက်ကာကာလ်ဆန် ၏ အကြုံပြုချက်ကို ပူတင်ကယခုကဲ့သို့ တုံ့ပြန်ပြောဆို ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် တရုတ်နိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒသည် ရန်လိုခြင်းမျိုးမဟုတ်ဘဲ အပေးအယူ လုပ်ရန် ရည်ရွယ်ထားခြင်းမျိုးဖြစ်ပြီး ရုရှားနိုင်ငံသည် တရုတ်နိုင်ငံနှင့် မျှတသောကုန်သွယ်မှုကို ဖန်တီးနိုင် ခဲ့ကြောင်း ပူတင်ကပြောဆိုခဲ့သည်။
-လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခကို အဆုံးသတ်ချင် တယ်ဆိုရင် ယူကရိန်းကို စစ်လက်နက်ပစ္စည်းတွေ ပေးပို့တာရပ်လိုက်ပါ။
အမေရိကန်နိုင်ငံအနေဖြင့် လက်ရှိဖြစ်ပွား နေသောပဋိပက္ခကို အဆုံးသတ်လိုပါက ယူကရိန်းသို့ စစ်လက်နက်ပစ္စည်းပေးပို့နေခြင်းကို ရပ်တန့်သင့် ကြောင်း ပူတင်ကပြောဆိုခဲ့သည်။ စစ်လက်နက် ပစ္စည်းများ ပေးပို့နေခြင်းကို အမေရိကန်က ရပ်တန့် လိုက်မည်ဆိုပါက ယူကရိန်းပဋိပက္ခက သီတင်းပတ်များ အတွင်း အဆုံးသတ်သွားနိုင်ကြောင်း ပူတင်က ထပ်မံပြောဆိုခဲ့သည်။ ပူတင်က “ယူကရိန်းဟာ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင်ရဲ့ စကားကို နားထောင်ခဲ့ပြီး ၂၀၂၂ ခုနှစ်က လုပ်ဆောင် ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွင်းမှာ သဘောတူ ထားတဲ့ ရုရှားနဲ့အပစ်အခတ်ရပ်စဲရေး မူကြမ်းကို လက်မှတ်ရေးထိုးဖို့ငြင်းဆိုခဲ့တဲ့အတွက် တကယ်ကို ဝမ်းနည်းမိပါတယ်။ ဒါပေမဲ့လည်း လက်ရှိအချိန် မှာတော့ ဘောရစ်ဂျွန်ဆင်က ဝန်ကြီးချုပ်ရာထူးက နေထွက်သွားပေမယ့် စစ်ပွဲကတော့ ဆက်လက်ဖြစ် ပွားနေတုန်းပါပဲ”ဟုမှတ်ချက်ပြုပြောဆိုခဲ့သည်။
- အနောက်အုပ်စုနိုင်ငံတွေနဲ့ ဆက်ဆံရေး။
ရုရှားနိုင်ငံသည် ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲမှုကိုလက်ခံပြီး အယူဝါဒကွဲပြားမှုအားလုံးကို ဖယ်ရှားပြီးသည်နှင့်တစ်ပြိုင်နက် အနောက်အုပ်စု နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင် နိုင်လိမ့်မည်ဟု မျှော်လင့်မိကြောင်း ပူတင်က ပြောဆို ခဲ့သည်။ ပူတင်က “ဒါပေမဲ့ ဒါက ဘယ်တော့မှဖြစ်လာ မှာ မဟုတ်ပါဘူး။ ၁၉၉၀ ပြည့်နှစ်တုန်းက အမေရိကန်နဲ့ သူတို့ရဲ့ဂြိုဟ်တုတွေဟာ ကော့ကေးဆပ်ဒေသ မြောက်ပိုင်းမှာရှိတဲ့ ခွဲထွက်ရေးသမားတွေနဲ့ အကြမ်းဖက်သမားတွေကို နိုင်ငံရေး၊ သတင်းအချက် အလက်၊ ငွေကြေးနဲ့ စစ်ရေးပံ့ပိုးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ပြီးတော့ ၂၀၁၄ ခုနှစ်တုန်းက ယူကရိန်း နိုင်ငံမှာဖြစ်ပွားခဲ့တဲ့ အာဏာသိမ်းမှုမှာလည်း အနောက်အုပ်စုနိုင်ငံတွေက ပါဝင်ပတ်သက်ခဲ့ပါတယ်”ဟု ပြောဆိုခဲ့သည်။
-နေတိုးအဖွဲ့ရဲ့ နယ်မြေချဲ့ထွင်မှု
နေတိုးအဖွဲ့သည် ၎င်း၏အရှေ့ဘက်ခြမ်းသို့ နယ်မြေချဲ့ထွင်ခြင်းများ လုပ်ဆောင်မည်မဟုတ်ဟု ကတိပေးခဲ့ သော်လည်း နောက်ပိုင်းတွင် ဥရောပ အရှေ့ပိုင်းနဲ့ ဘော်လ်တစ်နိုင်ငံများဆီသို့ နယ်မြေ ချဲ့ထွင်ခြင်းဖြင့် ၎င်းတို့၏ကတိကဝတ်များကို ချိုးဖောက်ခဲ့ကြောင်း ပူတင်ကပြောကြားခဲ့သည်။ ထို့ပြင် အမေရိ ကန်နိုင်ငံ ဦးဆောင်သော နေတိုးအဖွဲ့သည် ယူကရိန်း နိုင်ငံကို ၎င်းတို့အဖွဲ့ထဲသို့ ဆွဲသွင်းရန် ရည်ရွယ်ချက်ရှိ နေကြောင်း ပူတင်ကပြောဆိုခဲ့သည်။ အနောက်အုပ်စု နိုင်ငံများ၏ ယူကရိန်းအပေါ်ချဉ်းကပ်မှုသည် ကြီးမားသော နိုင်ငံရေးအမှားတစ်ခုဖြစ်ကြောင်း ပူတင်က ပြောဆိုခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် ယူကရိန်းနိုင်ငံတွင်းဖြစ်ပွားခဲ့သော အနောက်အုပ်စုထောက်ခံသည့် အာဏာသိမ်းမှုအပြင် ယူကရိန်းကို အဖွဲ့ဝင်နိုင်ငံ အဖြစ် လက်ခံမည်ဆိုသည့် နေတိုးအဖွဲ့၏၂၀ဝ၈ ခုနှစ် ဆုံးဖြတ်ချက်တို့ကို ပူတင်ကထောက်ပြ ပြောဆိုခဲ့ကြောင်းလည်းသိရသည်။ အဆိုပါ အာဏာ သိမ်းမှုကို ဆန့်ကျင်သူများကို ညှဉ်းပန်းနှိပ်စက်ရန် ဆုံးဖြတ်ခဲ့သော ယူကရိန်းအစိုးရသစ်၏ လုပ်ရပ်သည် ခရိုင်းမီးယားကျွန်းဆွယ်အတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်လာခဲ့ကြောင်း ပူတင်ကပြောဆိုခဲ့သည်။ အဆိုပါ ခြိမ်းခြောက်မှုများက ခရိုင်းမီးယားကျွန်းဆွယ်ကို ၎င်း၏ကာကွယ်မှုအောက်တွင် ထားရှိရန်အတွက် သိမ်းယူခြင်းများလုပ်ဆောင်ရန် ရုရှားနိုင်ငံကို တွန်းအားပေးခဲ့ကြောင်း ပူတင်ကထပ်မံပြောဆိုခဲ့ သည်။ ထို့ပြင် ရုရှားနိုင်ငံအနေဖြင့် နေတိုးအဖွဲ့တွင်းသို့ ဝင်ရောက်ခွင့်ရနိုင်မလားဆိုသည့်အချက်ကို အမေရိ ကန် သမ္မတဟောင်း ဘီလ်ကလင်တန်အား မေးခဲ့ဖူးကြောင်းလည်း ပူတင်ကပြောဆိုခဲ့သည်။ ပူတင်က “နေတိုးအဖွဲ့ကို ရုရှားနိုင်ငံဝင်ရောက်ဖို့က မဖြစ်နိုင်ပါဘူးလို့ ဘီလ်ကလင်တန်က ကျွန်တော့်ကို ပြောကြားခဲ့ပါတယ်။ အကယ်၍ ဘီလ်ကလင်တန် ကသာ နေတိုးအဖွဲ့တွင်းကို ဝင်ရောက်နိုင်တယ်လို့ ပြောကြားခဲ့မယ်ဆိုရင် ရုရှားနဲ့ နေတိုးအဖွဲ့ဝင် နိုင်ငံတွေကြား အပြန်အလှန်ဆက်ဆံရေးကို ကာလ တစ်ခုအတွင်း အကောင်အထည်ဖော်နိုင်ပါလိမ့်မယ်”ဟုပြောဆိုခဲ့သည်။
-Nord Stream ဓာတ်ငွေ့ပိုက်လိုင်းကို ဘယ်သူ ဖောက်ခွဲခဲ့တာလဲ။
ဘောလ်တစ်ပင်လယ်ကို ဖြတ်ကာ ရုရှားနှင့် ဂျာမနီနိုင်ငံတို့ကို ဆက်သွယ်ထားသည့် Nord Stream သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းကို မည်သည့်နိုင်ငံက ဖောက်ခွဲခဲ့သည်ဟု ယုံကြည်သလဲဆိုသည့် တက် ကာကာလ်ဆန်၏ မေးခွန်းကို ပူတင်ကပြန်လည်တုံ့ ပြန်ဖြေကြားခဲ့သည်။ ပူတင်က “ အမေရိကန်နဲ့ သူ့ရဲ့ မိတ်ဖက်နိုင်ငံတွေက ဒီဖောက်ခွဲမှုကို လုပ်ဆောင်ခဲ့ တာပါ”ဟုပြောဆိုခဲ့သည်။ အဆိုပါဖောက်ခွဲမှုတွင် စီအိုင်အေ သို့မဟုတ် နေတိုးအဖွဲ့ ပါဝင်သည်ဆိုသည့် သက်သေများရှိသလားဆိုသော မေးခွန်းကို ပူတင်ကထပ်မံဖြေကြားခဲ့ကြောင်းလည်း သိရ သည်။ ပူတင်က”ဒီလိုတိုက်ခိုက်မှုကြောင့် ဘယ်သူကအကျိုးအမြတ်ရရှိမှာလဲဆိုတာကို ပထမဆုံးစဉ်းစား သင့်ပါတယ်။ပြီးတော့ ဒီလိုတိုက်ခိုက်မှုမျိုးကို ဘယ်သူကလုပ် ဆောင်နိုင်လဲဆိုတာကိုလည်း ထည့်သွင်းစဉ်းစား ရပါမယ်”ဟု ပြောဆိုခဲ့သည်။
-ကမ္ဘာကျော် ဘီလျံနာ အီလွန်မတ်က ရပ်တန့်လို့ မရတော့ပါဘူး။
လူသားဦးနှောက်ထဲသို့ ချပ်စ်ပြားထည့်သွင်းခြင်းအပါအဝင် နည်းပညာဆိုင်ရာတိုးတက်မှုများကို ရှေ့သို့ပိုမို ရောက်ရှိအောင် လုပ်ဆောင်နေသည့် ကမ္ဘာကျော် ဘီလျံနာအီလွန်မတ်က ရပ်တန့်၍ရတော့မည် မဟုတ်ကြောင်း ပူတင်ကပြောဆိုခဲ့သည်။ ထို့ပြင် နည်းပညာဆိုင်ရာ သဘောတူညီချက်များနှင့် စည်းမျဉ်း စည်းကမ်းများကို လိုက်နာဆောင်ရွက်သင့်ကြောင်း ပူတင်ကထပ်မံပြောဆိုခဲ့သည်။၂၀ ရာစုနှစ်အတွင်း နျူကလီးယားလက်နက်များ ဖွံ့ဖြိုး တိုးတက်လာမှုနှင့် မကြာသေးမီအချိန်အတွင်း AI နည်းပညာနှင့်မျိုးရိုးဗီဇ ဆိုင်ရာ အောင်မြင်မှုများကို ပူတင်က နှိုင်းယှဉ်ပြောဆိုခဲ့ကြောင်းလည်းသိရသည်။ပူတင်က “ကမ္ဘာတစ်ဝန်းမှာရှိတဲ့ နိုင်ငံတွေဟာ AI နည်းပညာက အန္တရာယ်ရှိနိုင်တာကို စတင်သိရှိလာ ချိန်မှာတော့ အဲ့ဒီနည်းပညာသစ်ကို ထိန်းညှိဖို့အတွက် သဘောတူညီချက် အတုတွေကို ပြုလုပ်ခဲ့ကြပါတယ်” ဟုပြောဆိုခဲ့သည်။
-အမေရိကန်သတင်းထောက် ဂါ့ရှ်ကိုဗစ်ရှ်ကို လွှတ်မပေးဖို့အတွက် အမိန့်ထုတ်ထားတာမျိုး မရှိပါဘူး။
ရုရှားနိုင်ငံတွင် သူလျှိူလုပ်မှု စွဲချက်ဖြင့် ပြီးခဲ့သည့်နှစ်က ဖမ်းဆီးခံခဲ့ရသော အမေရိကန်သတင်းထောက် အီဗန်ဂါ့ရှ်ကိုဗစ်ရှ်ကို ချစ်ကြည်ရေးအရ လွှတ်ပေးရန် ရုရှားအစိုးရက ပြင်ဆင်ထားခဲ့သလားဆိုသည့်မေးခွန်းကို ပူတင်က ပြန်လည်တုံ့ပြန်ဖြေဆိုခဲ့ သည်။ ပူတင်က “အနောက်အုပ်စုနိုင်ငံနဲ့ လက်တွဲ လုပ်ဆောင်ဖို့ ရုရှားနိုင်ငံက ပြင်ဆင်ထားပေမယ့်လည်း အပြန်အလှန် တုံ့ပြန်မှုတွေ မရှိသေးပါဘူး။ အမေရိကန်သတင်းထောက် ဂါ့ရှ်ကိုဗစ်ရှ် ကို လွှတ်မပေးဖို့ အတွက် အမိန့်ထုတ်ထားတာမျိုးမရှိပါဘူး။ ဒါပေမဲ့ လွှတ်ပေးမှုလုပ်ဆောင်ဖို့အတွက် အနောက် အုပ်စု နိုင်ငံတွေရဲ့ ထောက်လှမ်းရေးဝန်ဆောင်မှုတွေဆီ ကနေ အပေးအယူလုပ်တာမျိုးတွေတော့ လိုအပ်ပါ တယ်”ဟုပြောဆိုခဲ့သည်။
-ရုရှားကို ရန်လိုနေတဲ့နိုင်ငံတွေကို အမေရိကန် ဦးဆောင်တဲ့ အနောက်အုပ်စုနိုင်ငံတွေက အမြဲတမ်း ထောက်ခံနေပါလိမ့်မယ်။
ဇီလန်စကီးသည် ငြိမ်းချမ်းရေးစင်မြင့်ပေါ်တွင် သမ္မတအဖြစ်ရွေးချယ်ခံခဲ့ရသော်လည်း သမ္မတ အဖြစ်တာဝန် ယူခဲ့ပြီးနောက် နာဇီလက်သစ်များ၊ အမျိုးသားရေးဝါဒီများနှင့် မိတ်ဖွဲ့ခဲ့ကြောင်း ပူတင်က ပြောဆိုခဲ့သည်။ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ရုရှား သမ္မတပူတင်သည် အကြောင်းပြချက်နှစ်ခုကို ထုတ်ဖော်ပြောဆိုခဲ့သည်။ ပူတင်က “ ပထမတစ်ချက် ကတော့ ဒီလိုလူမျိုးတွေဟာ အမြဲရန်လိုနေတာဖြစ်ပြီး ဒုတိယအချက်ကတော့ ရုရှားကို ရန်လိုနေတဲ့ နိုင်ငံတွေကို အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုနိုင်ငံ တွေက အမြဲတမ်းထောက်ခံနေပါလိမ့်မယ်။ ဒါက ဇီလန်စကီးအတွက် ဘေးကင်းပြီးအကျိုးရှိပေမယ့် လည်း မဲဆန္ဒရှင်တွေအပေါ် သူပေးခဲ့တဲ့ကတိတွေကို သိသိသာသာ ချိုးဖောက်ခဲ့တာပါ။ ဆိုဗီယက်ပြည် ထောင်စုပြိုကွဲပြီးတော့ ယူကရိန်းနိုင်ငံဟာ သူတို့ရဲ့ အမျိုးသားရေးလက္ခဏာတွေကို ရှာဖွေခဲ့ပေမယ့် လည်း ဒုတိယကမ္ဘာစစ်အတွင်းက နာဇီတွေနဲ့ ပူးပေါင်းခဲ့တဲ့ အတုအယောင်သူရဲကောင်းတွေကိုပဲ ရရှိခဲ့ပြီး တခြားရွေးချယ်စရာတွေမရှိခဲ့ပါဘူး”ဟု ပြောဆိုခဲ့သည်။


 

Hi !

!

Popular posts from this blog

ဝေဝါးမှုတွေနဲ့အတူ မသေချာ မရေရာမှုများနဲ့ မြန်မာပြည်..။

  ဝါရင့်သတင်းစာဆရာကြီး လာရီယာဂန်က စစ်အာဏာသိမ်းမှု သုံးနှစ်ပြည့်တဲ့ ဖေဖော်ဝါရီ(၁)ရက်နေ့မှာ ဘန်ကောက်ပို့စ်သတင်းစာမှာ ဆောင်းပါးတစ်ပုဒ် ရေးသားလိုက်ပါတယ်။ ဆောင်းပါးခေါင်းစဉ်က Myanmar faces increasing uncertainty ပါ။ စစ်အာဏာသိမ်းပြီး သုံးနှစ်အကြာမှာ မြန်မာနိုင်ငံရဲ့အခြေအနေ ဘယ်လိုရှိသလဲ။ ရှေ့မှာ ဘာဖြစ်နိုင်သလဲ။ မှန်းဆထားတာပါ။ လက်ရှိ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်လို့ လာရီယာဂန်လည်း ဘာမှ မမှန်းဆနိုင်ပါဘူး။ သူပြောနိုင်တာ တစ်ခုက မြန်မာပြည်ဟာ မသေမချာ မရေမရာမှုတွေ အများကြီးနဲ့ ဆက်ပြီး ရင်ဆိုင်နေရဦးမယ်ဆိုတဲ့ ကောက်ချက်ပါ။ မြန်မာစစ်တပ်က ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရကို စစ်အာဏာသိမ်းခဲ့တာ ခု ဖေဖော်ဝါရီ(၁)ရက်မှာ သုံးနှစ်တိတိ ပြည့်ခဲ့ပြီဖြစ်ကြောင်း၊ သုံးနှစ်အတွင်း တိုင်းပြည်ဟာ အဖက်ဖက်က ယိုယွင်းပျက်စီးသွားပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေ တိုးပွါးနေကြောင်း၊ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ပီဒီအက်ဖ်တွေကြား တိုက်ပွဲတွေကြောင့် ပြည်သူသန်းပေါင်းများစွာ အိုးပစ်အိမ်ပစ် ထွက်ပြေးနေရကြောင်း လာရီယာဂန်က ရေးသားပါတယ်။ ...

ကရင်ပြည်နယ်ပုံရိပ်ကို ထိခိုက်စေသဖြင့် ရွှေကုက္ကိုလ်ကို တိုက်ခိုက်ရဟု KTLA ပြော

  ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ ရွှေကုက္ကိုလ်မြို့သစ်သည် ပြည်နယ်ဖွံဖြိုးမှု မဖြစ်စေဘဲ ပျက်ဆီးမှုကိုသာ ဖြစ်စေသဖြင့် တိုက်ခိုက်ရခြင်း ဖြစ်ကြောင်း ကော်သူးလေတပ် (KTLA) က ဧပြီ ၇ ရက်တွင် ကြေညာသည်။ Facebookတွင် ပျံ့နှံလာသော KTLA ဗဟိုဌာနချုပ် ရုံးထိုင်မှူး စောဝါးနေမူး လက်မှတ်ထိုးထားသည့် ကြေညာချက်အရ ရွှေကုက္ကိုလ်မြို့သည် မူးယစ်ဆေးဝါး ဖြန့်ဖြူးသုံးစွဲရောင်းချနေပြီး တိုင်းရင်းသူ အမျိုးသမီးများကို ပြည့်တန်ဆာအဖြစ် လိမ် လည်လှည့်ဖြားစေခိုင်းနေသည့် နေရာဖြစ်နေသလို စစ်ကောင်စီအတွက် တရားမဝင်ငွေကြေးများ ရှာဖွေပေးသည့် နေရာ ဖြစ်၍ ပြည်ပမှ အလုပ်သမားများကိုလည်း လိမ်လည်ခေါ်ဆို ခိုင်းစေမှုများ ရှိနေသဖြင့် KTLA အနေနှင့် ကရင်ပြည်နယ် အကျိုးအတွက် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း၊ ထို့အတွက် ရွှေကုက္ကိုလ်တွင် နေထိုင်သည့် ပြည်သူများအနေနှင့် တိုက်ပွဲ ဧရိယာမှ ရှောင်ပေးကြရန် ထုတ်ပြန်ထားသည်။ ထိုကြေညာချက်နှင့် ပတ်သက်၍ ပိုမိုသိရှိနိုင်ရန် KTLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောနယ်ဒါးမြကို ဧရာဝတီက ဖုန်းဖြင့်ဆက် သွယ်ခဲ့ရာ ၎င်း အလုပ်များနေသဖြင့် နောက်မှ ပြန်လည်ဆက်သွယ်ရန် ပြောဆိုသည်။ ကော်သူးလေတပ်နှင့် နီးစပ်သည်...

မြန်မာနိုင်ငံမှာရှိတဲ့ ဗမာလူမျိုး ပေါ်ပေါက်ပုံ အကြောင်း

  ဗမာလူမျိုး ပေါ်ပေါက်လာပုံ သမိုင်းကြောင်း – တိဘက်တို ဘားမန်းလူမျိုးနွယ်စုကြီး မှ အကြီးဆုံးသောလူမျိုးဖြစ်သည်။ ယနေ့ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းသို့ နာဂ၊ သက်၊ ကမ်းယံ၊ပျူ တို့နောက်မှ ဝင်ရောက်လာခြင်းဖြစ်သော်လည်းပျူတို့ ထူထောင်သည့် ပထမပြည်ထောင်စုကို အေဒီ ၈ ရာစုတွင် နန်ကျောက်တို့က ဖျက်စီးပြီးချိန် မတိုင်မှီက ပင် ရောက်ရှိနေထိုင်နေခဲ့ပြီးဖြစ်သည်ဟုခန့်မှန်း၍ရနိုင်သည်။အေဒီ ၁၀ ရာစုမတိုင်မှီ အချိန်ကပင် ကျောက်ဆည် ၁၁ ခရိုင်တွင် အခြေချခဲ့ပြီး နောက်များမကြာမှီ တွင်မြစ်သာ ၆ ခရိုင် ၊ ပုဂံ နေပြည်တော်တို့ကို ထူ ထောင်ကာဒုတိယမြန်မာပြည်ထောင်စုကို တည်ထောင်ခဲ့ကြသည်။ သို့သော် မြန်မာနိုင်ငံသားတို့က ထိုပြည်ထောင်စုကိုသာပထမပြည် ထောင် စုအဖြစ် လက်ခံကြသည်။သမိုင်းတစ်လျောက်တွင် မွန်ဂို၊ တရုတ်၊ ယိုးဒယား၊ မွန်၊ ရခိုင်၊ ရှမ်း၊ ကရင် အစရှိသည့် အတွင်း၊ အပြင်ရန်အမျိုးမျိုးနှင့်ကြုံတွ့ခဲ့ဖူးပြီးအကြိမ်တိုင်းတွင် ပြည်ထောင်စု၏ ဦးဆောင်သူနေရာကို ဗမာတို့ ပြန်လည်ကာ ရောက်ရှိနိုင်ခဲ့သည်။အနော်ရထာ၏ ပထမပြည်ထောင်စု(ပထမမြန်မာနိုင်ငံတော်ကြီး)၊ တပင်ရွှေထီး-ဘုရင့်နောင်တို့ ၏ ဒုတိယပြည်ထောင်စု (ဒုတိယ မြန်မာနိုင်ငံတော်ကြီး)၊အလောင်းဘုရား၏ တတိ...

မြန်မာပြည်မြေပုံကို အပြောင်းခံကြမှာလား

  ကမ္ဘာ့သမိုင်းကို ပြန်လေ့လာကြည့်မယ်ဆိုရင် အိမ်နီးချင်းနိုင်ငံတွေအဖြစ် နှစ်ပေါင်းများစွာ အတူတကွ ယှဉ်တွဲ ရပ်တည်နေကြပြီးမှ ဝေးကွာသွားကြတဲ့ နိုင်ငံတွေ ရှိခဲ့တယ်ဆိုတာ တွေ့နိုင်ပါတယ်။ ကျွန်တော်တို့အတွက် အထင်ရှားဆုံး ဥပမာတစ်ခုရှိပါတယ်။ အဲဒါကတော့ မြန်မာနဲ့ ပါကစ္စတန်တို့ဟာ ယခင်က နယ်မြေချင်း ထိစပ်နေကြတဲ့ အိမ်နီးချင်း နိုင်ငံတွေပါ။ သို့သော် ၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံအသစ် ပေါ်ပေါက်လာချိန်မှာတော့ အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားခဲ့ကြပါတယ်။ ယခင်က အိမ်နီးချင်းဖြစ်ခဲ့လို့ ထင်ပါတယ်၊ မြန်မာနဲ့ ပါကစ္စတန်တို့ရဲ့ ဆက်ဆံရေးဟာ ကောင်းမွန်နေကြဆဲဆိုတာ သက်သေ၊ သာဓကများစွာ ရှိပါတယ်။ အဲဒီလို အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားရခြင်းဟာ သူတို့ရဲ့ ပြည်တွင်းရေးသာ ဖြစ်တဲ့အတွက် အထူးအထွေ ဝေဖန်ရန် မရှိပါ။ သို့သော် လက်ရှိအခြေအနေမှာ မြန်မာရဲ့ အိမ်နီးချင်း (၅) နိုင်ငံရှိနေရာက မတူညီတဲ့ အိမ်နီးချင်းနိုင်ငံသစ်တွေ ထပ်မံ ပေါ်ပေါက်လာဖို့ လုပ်ဆောင်နေကြတာတွေ မြင်နေရပါပြီ။ ဒီတစ်ကြိမ်ကတော့ ကျွန်တော်တို့ရဲ့ ပြည်တွင်းရေးဖြစ်တဲ့အတွက် အလေးထားရပါတော့မယ်။ ရှိပြီးသား အိမ်နီးချင်း (၅) နိုင်ငံနဲ့ မြန်မာတို့အကြား ကျွန်တော်တိ...

မြန်မာ ဒုကာကွယ်ရေးဝန်ကြီး ထောင်ထဲရောက်ပြီ

  မြန်မာ ဒုကာကွယ်ရေးဝန်ကြီး ထောင်ထဲရောက်ပြီ မတ်လ ၂၈ ရက် ၂၀၂၄ ခုနှစ် နံနက် ၁၀ နာရီ ၂၀ သတင်း ================================= ကာကွယ်ရေး ဒု-ဝန်ကြီး ဖြစ်သူ ဗိုလ်ချုပ်အောင်လင်းထွန်းကို ကျားဖြန့်လုပ်ငန်းနဲ့ ပတ်သက်တယ်ဆိုပြီး မနေ့ည မတ်လ ၂၇ ရက်နေ့ည ၁၁ နာရီတွင် စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့မှ သွားရောက်ဖမ်းဆီးခဲ့ကြပါတယ်။ အဆိုပါ ဖမ်းဆီးချိန်တွင် ဒုကာကွယ်ရေးဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်အောင်လင်းထွန်းသည် အရက်မူးနေပြီး အသာတကြည် လိုက်လာခြင်းမရှိပဲ … ပုဆိုးလှန်ပြီး ဆဲဆိုနေခြင်းကြောင့် စစ်ဘက်လုံခြုံရေးအဖွဲ့မှ ရိုက်နှက်ခဲ့ရာ.. သွား အချို့ ကျွတ်သွားပြီး ပါးစပ်တခုလုံး သွေးများနီရဲနေသည်။ “အဲ့ကောင် ပါးစပ်က သွေးမတိတ်ခင် ရမဲသင်းထောင်ပို့လိုက်စမ်း” လို့ အထက် အမိန့်ပေးလိုက်တော့ အခု ရမဲသင်းထောင်ရောက်နေပြီဖြစ်ကြောင်း မြန်မာအမေရိကန် သတင်းဌာနမှ စုံစမ်းသိရှိရသည်။ ဂိုလ်ရှယ်လေး

စစ်တပ်မှ အာဏာသိမ်းထားသည့် ၃ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ထောင်သားဘဝ

                           ဖေဖော်ဝါရီလ ၁ ရက်နေ့သည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့အတွက် အနှောက်အယှက်ဖြစ်စေသူဟု ယူဆသည့် ရွေးကောက်ခံအစိုးရ ခေါင်းဆောင်နှင့် နိုင်ငံသမိုင်းတွင် အညီညွတ်ဆုံးဖြစ်စေခဲ့သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာမှဖယ်ရှားပြီး မအောင်မြင်သော အာဏာသိမ်းမှု ပြုလုပ်သည့် သုံးနှစ်မြောက်နေ့ ဖြစ်သည်။ ရက်ပေါင်း ၁၀၉၅ ရက်ကျော် ကြာသော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် မြို့တော်နှင့် စစ်တပ်ဗဟိုဌာနချုပ် နေပြည်တော် အနောက်တောင်ဘက်အစွန်းမှ ထောင်တခုတွင် တဦးတည်း ဆက်လက် ဖမ်းဆီးချုပ်နှောင်ခံနေရသည်။ သူ့အတွက် တခုတည်းသော ထောင်ပြင်ထွက်ရချိန်သည် လွန်ခဲ့သောနှစ်အတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စတာ ဒွန် ပရာမတ်ဝီနိုင်နှင့် တွေ့ရသည့် တိုတောင်းသော ကာလဖြစ်ပြီး သူ့ကို ချမှတ်ထားသည့် ထောင်သက်တမ်းကိုလည်း ၃၃ နှစ်မှ ၂၇ နှစ်သို့ လွန်ခဲ့သောနှစ်က လျှော့ချပေးသည်။ အာဏာသိမ်းမှု နှစ်ပတ်လည်သည် ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းနည်းစရာကောင်းသော လက်ရှိအခြေအနေနှင့် ဝေဝါးနေသည့် အနာဂတ်ကို မီးမောင်းထိုးပ...

ပဲခူးတိုင်း မင်းလှမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွား

  မင်းလှတွင် ၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲ ၆ ကြိမ် အတွင်း စစ်တပ်ဘက်မှ စစ်သား ၈၀ ဦးကျော်သေဆုံး ရန်ကုန်၊ မတ် ၁၁ ပဲခူးတိုင်း၊ မင်းလှမြို့နယ်အတွင်း ၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲ ၆ ကြိမ် အတွင်း စစ်တပ်ဘက်မှ ၈၀ ကျော်သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ မတ်လ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ ဧက ၁၀၀၀ ကျွန်း စိုက်ခင်း ကျုံးပေါက်အနီး၌ စစ်ကြောင်း ထိုးလာသော အင်အား ၁၂၀ ပါ စစ်ကောင်စီ တပ်သားများကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ နှင့် ဒဂုံစစ်ကြောင်းတို့က စောင့်ကြို တိုက်ခိုက်ခဲ့ရာ အပြန်အလှန် တိုက်ပွဲ ၂ နာရီကျော် ကြာမြင့်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်ဘက်မှ ၂၀ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။ ယင်းနေ့ ညနေ ၅ နာရီခန့်အချိန် မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်းပေါ်ရှိ ဟိုင်းယု လမ်းဆုံတွင် တပ်ဆွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ နှင့် တပ်ခွဲ ၃ တို့က လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ရှောင်တခင် သွားရောက် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၃ နာရီခန...

တပ်မလက်ရွေးစဉ် ဘီလူးစစ်ကြောင်းဆိုသည်မှာ .....

    “ဒီစစ်ကြောင်းက စစ်တိုက်ဖို့ဆိုတာထက် လူတွေကိုသတ်၊ မုဒိမ်းကျင့်ဖို့ အဲ့လိုမျိုးတွေလုပ်ဖို့ အဓိကလာတဲ့ စစ်ကြောင်းပါ။ လူမဆန်တဲ့ လုပ်ရပ်တွေကို အဓိကလုပ်တာ” မြောင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) က ကိုနွေဦးက စစ်ကိုင်းဒေသအတွင်း စစ်ရာဇဝတ်မှုများကို ကျူးလွန်ချိုးဖောက်နေသည့် ဘီလူးစစ်ကြောင်း၏ လုပ်ရပ်များကို ပြောဆိုသွားခြင်းဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြည်သူများကို ရက်ရက်စက်စက် ခေါင်းဖြတ်သတ်သည့် စစ်ကြောင်း၊ အစုလိုက် အပြုံလိုက် သတ်သည့်စစ်ကြောင်း၊ မုဒိမ်းမှုများကို ကျူးလွန်နေသည့် စစ်ကြောင်းဟု ဆိုလိုက်ပါက လူတိုင်းက ဆိုးဆိုးရွာရွား နာနာကျည်းကျည်း အမှတ်ရနေသည့် စစ်ကြောင်းမှာ ဘီလူးစစ်ကြောင်းပင် ဖြစ်သည်။ ရက်စက်မှုအပေါင်း သရဖူဆောင်းထားသည့် ဘီလူးစစ်ကြောင်းသည် ယခုနှစ် ဩဂုတ်လ တတိယပတ်မှ စက်တင်ဘာလ ဒုတိယပတ်ထိ စစ်ကိုင်း၊ ရွှေဘို၊ ဝက်လက်နယ်များသို့ စစ်ကြောင်းထိုး ဝင်ရောက်ပြီးနောက် ပြည်သူများကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်။ 'စစ်ကိုင်း၊ ရွှေဘို၊ ဝက်လက်နယ်ထဲ ဘီလူးစစ်ကြောင်း၏ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သည့် အခြေအနေများ' မန္တလေး-ရွှေဘို-မြစ်ကြီ...

ရှမ်းမြောက်က ကျားဖြန့် ဇာတ်သိမ်းခန်း

  ဇန်နဝါရီ ၃၀ ရက်တွင် မြန်မာနိုင်ငံ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက တရုတ် အစိုးရထံ မြန်မာနိုင်ငံမြောက်ပိုင်း ကျားဖျန့် လုပ်ငန်းများတွင် အဓိက ကြိုးကိုင်သူများဟု သတ်မှတ်ထားသည့် ပယ်စောက်ချိန်အပါအဝင် ခြောက်ဦးနှင့် အခြားအရေးကြီးသံသယရှိ သူ လေးဦးကို လွှဲပြောင်းပေးခဲ့သည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ဇန်နဝါရီ ၃၀ ရက်တွင် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးအဖွဲ့ အစည်းထံသို့မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့် ဒေသ အွန်လိုင်းလိမ်လည်မှုအဖွဲ့၏ အဓိက ခေါင်းဆောင် ခြောက်ဦးဖြစ်သည့် ပယ် စောက်ချိန်၊ ပယ်ရင်ချန်၊ဝေ့ဟွိုင်ရန်၊ လျိုကျန့် ရှန်၊ လျိုကျန့်မောက်၊ ရွှီလောက်ဖာနှင့် အခြား အရေးကြီး ပြစ်မှုကျူးလွန်ကြောင်းသံသယရှိ သူ လေးဦးအား တရားဥပဒေနှင့်အညီ လွှဲ ပြောင်းပေးအပ်ခဲ့ပြီး အဆိုပါ ၁၀ ဦးကို ယင်း နေ့ညတွင်ပင် တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့ သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ခဲ့သည်။ ယင်းသို့ မြန်မာနိုင်ငံမြောက်ပိုင်းရှိ ကျား ဖျန့်လုပ်ငန်းများတွင် အဓိကတာဝန်ရှိသူဟု တရုတ်အစိုးရက သတ်မှတ်ထားသည့် ပယ် စောက်ချိန် အပါအဝင် ခြောက်ဦးအား လွှဲ ပြောင်းပေးအပ်ခြင်းမှာ တရုတ်-မြန်မာ နှစ် နိုင်ငံ၏ န...

အာဆီယံ-သြစတြေးလျ ထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီ ကိုယ်စားလှယ်တက်မည်

 စစ်ဗိုလ်ချုပ်များခန့်ထားသည့် သံအမတ်က မဲလ်ဘုန်းမြို့တွင် ၃ ရက်ကြာ ကျင်းပမည့် ဒေသတွင်း အထူးထိပ်သီးအစည်းအဝေးကာလအတွင်း ဆွေးနွေးပွဲ ၂ ခုကို တက်မည်ဟု သိရှိရသည်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသည့် အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသည့် သြစတြေးလျ ဝန်ကြီးချုပ် Anthony Albanese ကို တွေ့ရစဉ်။ သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် မတ်လ ၄ ရက်မှ ၆ ရက်အထိ ကျင်းပမည့် အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီကိုယ်စားလှယ် တက်ရောက်မည်ဟု သိရသည်။ အစည်းအဝေးကာလတွင် ပြုလုပ်မည့် ရေကြောင်းပူးပေါင်းဆောင်ရွက်ရေးညီလာခံ၊ ရာသီဥတုနှင့် သန့်ရှင်းသောစွမ်းအင်ဆိုင်ရာ ဖိုရမ်တို့ကို ကင်ဘာရာမြို့ မြန်မာသံရုံးမှ စစ်ကောင်စီခန့် သံအမတ် ဦးသက်ထွန်း တက်ရောက်မည်ဖြစ်သည်။  အခြား ဆက်စပ်အစည်းထိပ်သီးအစည်းအဝေးများသို့ စစ်ကောင်စီကိုယ်စားပြုကိုယ်စားလှယ် တက်မည်၊ မတက်မည်ကိုမူ သြစတြေးလျ နိုင်ငံခြားရေးနှင့် ကုန်သွယ်မှုဌာနက ပြောဆိုခြင်းမရှိပေ။ ...

Click !