တချိန်က တရုတ်တွေ နိုင်ငံရပ်ခြားမှာ အောင်မြင်အောင် ဘယ်လိုပြောင်းရွှေ့အခြေချခဲ့ကြသလဲ
လတ်တလောဖြစ်ရပ်တွေကိုကြည့်ပြီး ငယ်စဉ်က အမေပြောဖူးတဲ့ ပြည်မကြီးကိုစွန့်ခွာထွက်ပြေးခဲ့ရတဲ့ တရုတ်တွေအကြောင်းကို ပြန်တွေးမိပါတယ်။
၁၉ ရာစုနဲ့ ၂၀ ရာစုအစပိုင်းမှာ ဖူးကျန့်၊ ကွမ်တုံးစတဲ့ဒေသတွေက နိုင်ငံခြားထွက်လို့ရတဲ့တရုတ်တွေဟာ အမိမြေကိုစွန့်ခွာပြီး ပြည်ပမှာအခြေချကြရတယ်။
တရုတ်အမျိုးသားတွေရဲ့ဘုံကျောင်းစနစ် အသိုင်းအဝိုင်းနဲ့စည်းလုံးစွာနေတတ်တဲ့စိတ်နဲ့ တစ်ဦးချင်းစီရဲ့အလုပ်ကြိုးစားချင်တဲ့စိတ်ကြောင့် အောင်မြင်ခဲ့တာဖြစ်တယ်။
(၁) ရှေ့ရောက်တဲ့လူက နောက်ရောက်တဲ့လူကို ကူညီတယ်။
ပြည်ပမှာတစ်ယောက် အခြေချလို့အဆင်ပြေတာနဲ့ တရုတ်ပြည်ရှိရွာက နောက်လူတွေကိုဆက်ခေါ်ကြတယ်။
နောက်ရောက်လာတဲ့လူကို အရင်ရောက်နှင့်သူက နေရာ၊ အစားအစာ၊ အလုပ်အကိုင် စတဲ့ အကူအညီပေးတယ်။
ကျနော်တို့အမေဖက်ကအဖိုးဟာ သူတို့ရွာကတစ်ယောက်ခေါ်လို့ မြန်မာပြည်ကိုရောက်လာတာဖြစ်တယ်။
(၂) ဘုံကျောင်းစနစ်ထူထောင်ပြီး တစ်ဦးနဲ့တစ်ဦးကူညီကြတယ်။ ဘုံကျောင်းအတွက်ပိုက်ဆံထည့်ကြတယ်။ သာရေးနာရေးမှာဝိုင်းဝန်းကူညီကြတယ်။
ပြောရရင် ... လူညီကြတယ်ပေါ့ဗျာ။ အဲ့ဒါအဓိကပဲ။ Oversea - ပြည်ပမှာလူညီဖို့ တစ်ဦးနဲ့တစ်ဦးကူညီဖေးမဖို့က အဓိကကိုး။
တရုတ်တွေဟာ ဘုံကျောင်းစနစ်အတိုင်း ကုန်သည်ကြီးများအသင်း၊ Oversea-Chinese Banking Corporation (OCBC) လိုမျိုးကို ထူထောင်ကြတယ်။
ပြည်ပမှာဒုက္ခရောက်နေသူကို ငွေ ၁၀၀ ကို ၁၀ တိုးနဲ့ရိုက်စားမလုပ်ကြဘူး။
ကိုယ့်လူမျိုးအချင်းချင်း ချောက်မချပဲ စီးပွားရေးကို အတူပူးပေါင်းလုပ်ကိုင်ကြတယ်။
ကျနော့်အသိ ဦးလေးကြီးနှစ်ယောက်ဆိုရင် ကျနော်မွေးကာစကတည်းက ဆွေမျိုးအရင်းမဟုတ်ဘဲ ဆိုင်တစ်ဆိုင်ကိုနှစ်ဦးစပ်တူဖွင့်တာ သားသမီးတွေကြီးလာတဲ့အထိပဲ။
ကျနော်တို့အဖိုးခေတ်က လေးငါးယောက်ပေါင်းပြီး အထည်ဆိုင်ထူထောင်ကြတယ်။
ကျနော်တို့ခေတ်မှာ လုပ်ငန်းတစ်ခုကို စပ်တူလုပ်ဖို့ဆိုတာ အတော့်ကိုမလွယ်တဲ့ကိစ္စပဲ။
ကဲ ... လူတစ်ဦးချင်းစီရဲ့စိတ်ဓာတ်ကိုကြည့်ရအောင် ...
(၃) Quit or Grit? အရာရာကိုသည်းခံပြီး ကိုယ်လိုချင်တဲ့ပန်းတိုင်ရောက်ဖို့ ကြိုးစားလိုစိတ်ရှိရမယ်။
မြန်မာပြည်ကို ကျနော်တို့အဖွားလိုက်လာတော့ အမျိုးတစ်ယောက်ရဲ့မိန်းမ ကရင်မကြီးတစ်ယောက်ရဲ့အိမ်မှာနေရတယ်။ ကရင်မကြီးက ကျနော်တို့အဖွားကို မီးတစ်ခါမွှေးရင် မီးခြစ်ဆံ (၃) ချောင်းပဲပေးတယ်။ မရရင် ထမင်းမချက်နဲ့။
ကျနော်တို့အဖိုးက သိတယ်။ ဘာတစ်ခွန်းမှ ကွန်ပလိန်းမတက်ဘူး။ ဘာပဲပြောပြောကပ်နေဖို့အိမ်ရှိတာပဲ ကျေးဇူးတင်ဆိုပြီး မပြစ်မှားတဲ့အပြင် သေတဲ့အထိကျေးဇူးမမေ့ခဲ့ဘူး။
ဒါပေမဲ့ တစ်နေ့မှာ ကိုယ့်အိမ်ကိုယ့်ယာနဲ့နေနိုင်ရမယ်။ အဲ့လိုနေနိုင်မှ ဒီလိုဒုက္ခကလွတ်မှာဆိုပြီး အလုပ်ကိုဖိကြိုးစားတယ်။
ကျနော်တို့အဖိုးမှာ လက်မလေးပြတ်နေတယ်။ တောမှာဝက်သွားဖမ်းရင် အကိုက်ခံရတာ။ အဖိုးကအလုပ်မရွေးဘူး။ ရရာအလုပ်လုပ်တယ်။ ရိုးသားပြီးအလုပ်ကြိုးစားသူအဖြစ် လူအတော်များများကပြောကြတယ်။
ပြောချင်တာက စိတ်ဓာတ်ကြံ့ခိုင်ရမယ်။ အံကြိတ်ပြီးကြိုးစားနိုင်တဲ့စိတ်ဓာတ်မျိုးရှိရမယ်။
(၄) Commit ကိုယ့်ခံစားချက်ကိုကျော်လွန်ပြီး ယတိပြတ်ခိုင်ခိုင်မာမာလုပ်ချင်စိတ်ရှိရမယ်။
Commit to healing, commit to a career, commit to better life for next generations, commit to freedom, commit to learning, etc.
နိုင်ငံခြားမှာ စိတ်ဓာတ်ကျစရာတွေ၊ စိတ်ညစ်စရာတွေတွေ့ကြုံခံစားရမယ်။ Commit to healing - ရင်ထဲကဒဏ်ရာတွေကို ကျက်အောင်လုပ်နိုင်ရမယ်။
ဘဝသစ်အတွက်၊ ကိုယ့်မျိုးဆက်သစ်တွေရဲ့အနာဂတ်အတွက်၊ Career သစ်အတွက်၊ ပညာသင်ယူဖို့အတွက် နောက်မဆုတ်တမ်း commit လုပ်ချင်စိတ်ရှိရမယ်။
Sacrifice ပေးဆပ်မှုရှိရမယ်။ ဘဝမှာ ပေးဆပ်မှုတစ်ခုခုမရှိဘဲ အလကားရမလာဘူး။
အချောင်လိုချင်စိတ်မရှိရင် တုံးတိုက်တိုက်ကျားကိုက်ကိုက် လုပ်ချင်စိတ်ပေါ်လာလိမ့်မယ်။
ဒီကောင်းသောပေးဆပ်မှုတွေဟာ "Building the character" ကိုယ့်ကိုယ်ကိုပုံသွင်းတည်ဆောက်နေတာပဲ။
ကျနော်တို့အဖိုးအဖွားတွေက ကျနော်တို့ထက်ခံနိုင်ရည်အများကြီးရှိတယ်။
ကျနော်တို့အဖိုးဆိုရင် ဟင်းမကောင်းဘူးလို့ တစ်ခါမှမညည်းဖူးဘူး။ ရှိတာနဲ့စားတယ်။ ကွန်ပလိန်းလုပ်ခဲတယ်။
နောက်ဆုံးတော့ ပြည်ပရောက်တရုတ်တွေဟာ အလွန်ဆုံးဆယ်နှစ်၊ အနှစ်နှစ်ဆယ်မှာ လူလူသူသူဖြစ်သွားကြတာပဲ။
အခုလည်း ဆယ်နှစ်/အနှစ်နှစ်မှာ ကိုယ်တွေဟာ ဘဝတစ်ခုထူထောင်ပြီး လူလူသူသူဖြစ်နေလိမ့်မယ်ဆိုတာ #မြင်ယောင်ကြည့်ပြီးကြိုးစားကြပေါ့။
အထက်မှာပြောခဲ့တဲ့အတိုင်း ကျနော်တို့ မြန်မာကွန်မြူနတီမှာ - ရှေ့လူကနောက်လူကိုကူညီမှုတွေရှိတဲ့အခါမှာ၊ ဘုံကျောင်း/အသင်းအဖွဲ့စိတ်ဓာတ်နဲ့ ရိုင်းပင်းတဲ့စိတ်နဲ့အလုပ်လုပ်တတ်လာတဲ့အခါမှာ၊ တစ်ဦးချင်းစီမှာ Grit ခါးစည်းပြီးအလုပ်ကြိုးစားချင်စိတ်ရင်၊ Commit ဘာဖြစ်ဖြစ် ရည်မှန်းချက်ကိုအပျက်မခံပဲ ပေးဆပ်ရဲတဲ့သတ္တိ (true courage) ရှိရင် ကျနော်တို့နိုင်ငံသားတွေ ပြည်ပမှာအောင်မြင်တဲ့မျိုးဆက်ကို ထူထောင်နိုင်လိမ့်မယ်။
အေး ... အဲ့ဒီလိုထူထောင်ပြီးလို့ တအချိန်မှာ ဗီယက်နမ်လိုအခြေအနေပြန်ကောင်းခဲ့ရင် ယနေ့ခေတ်ဗီယက်နမ်တွေလို ပြည်တော်ပြန်ပြီး တရှိန်ထိုးစီးပွားရေးကိုထူထောင်နိုင်လိမ့်မယ်။
မြင်တတ်ကြပါစေ။ ပြင်တတ်ကြပါစေ။ အဆင်ပြေကြပါစေ။