Skip to main content

Continue !

ရှမ်းမြောက်က ကျားဖြန့် ဇာတ်သိမ်းခန်း

 




ဇန်နဝါရီ ၃၀ ရက်တွင် မြန်မာနိုင်ငံ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက တရုတ် အစိုးရထံ မြန်မာနိုင်ငံမြောက်ပိုင်း ကျားဖျန့် လုပ်ငန်းများတွင် အဓိက ကြိုးကိုင်သူများဟု သတ်မှတ်ထားသည့် ပယ်စောက်ချိန်အပါအဝင် ခြောက်ဦးနှင့် အခြားအရေးကြီးသံသယရှိ သူ လေးဦးကို လွှဲပြောင်းပေးခဲ့သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ဇန်နဝါရီ ၃၀ ရက်တွင် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးအဖွဲ့ အစည်းထံသို့မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့် ဒေသ အွန်လိုင်းလိမ်လည်မှုအဖွဲ့၏ အဓိက ခေါင်းဆောင် ခြောက်ဦးဖြစ်သည့် ပယ် စောက်ချိန်၊ ပယ်ရင်ချန်၊ဝေ့ဟွိုင်ရန်၊ လျိုကျန့် ရှန်၊ လျိုကျန့်မောက်၊ ရွှီလောက်ဖာနှင့် အခြား အရေးကြီး ပြစ်မှုကျူးလွန်ကြောင်းသံသယရှိ သူ လေးဦးအား တရားဥပဒေနှင့်အညီ လွှဲ ပြောင်းပေးအပ်ခဲ့ပြီး အဆိုပါ ၁၀ ဦးကို ယင်း နေ့ညတွင်ပင် တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့ သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ခဲ့သည်။

ယင်းသို့ မြန်မာနိုင်ငံမြောက်ပိုင်းရှိ ကျား ဖျန့်လုပ်ငန်းများတွင် အဓိကတာဝန်ရှိသူဟု တရုတ်အစိုးရက သတ်မှတ်ထားသည့် ပယ် စောက်ချိန် အပါအဝင် ခြောက်ဦးအား လွှဲ ပြောင်းပေးအပ်ခြင်းမှာ တရုတ်-မြန်မာ နှစ် နိုင်ငံ၏ နိုင်ငံတကာရဲရေးရာ တရားဥပဒေစိုး မိုးမှု ပူးပေါင်းဆောင်ရွက်ရာ၌ အထင်ကရ အောင်မြင်မှုရလဒ်ပင်ဖြစ်သည်ဟု တရုတ် သံရုံးက သုံးသပ်ခဲ့သည်။

■ တရုတ်အစိုးရအတွက် မျက်နှာပျက်စရာ ဖြစ်နေတဲ့ ကျားဖျန့်

မြန်မာ့အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ် နိုင်ငံကို နှစ်ပေါင်းများစွာကြာအောင် အဓိက ဒုက္ခပေးနေသည့် ကိစ္စမှာ ကျားဖျန့်ကိစ္စဖြစ် သည်။

တရုတ်ဘာသာစကားအရ ကျားဖျန့် ဆိုသည်မှာ ‘ကျား’ ဆိုသည်မှာ အကွက်ချစီစဉ် ပြီး ‘ဖျန့်’ ဆိုသည်မှာ လိမ်လည်ခြင်းဟု အဓိ ပ္ပာယ်ရသည့် ယင်းလုပ်ငန်းများကို တရုတ် နိုင်ငံမှ အင်တိုက်အားတိုက် တိုက်ဖျက်ရေး လုပ်ငန်းများလုပ်ကိုင်လာသည်မှာ ၂၀၂၃ ခုနှစ် အစပိုင်းကတည်းက ဖြစ်သည်။

တရုတ်- မြန်မာနယ်စပ်များတွင် အခြေ စိုက်ပြီး လှုပ်ရှားနေသည့် အဆိုပါအွန်လိုင်း ငွေလိမ်ဂိုဏ်းများတွင် တရုတ်နိုင်ငံသားများ ခိုင်းစေခံရခြင်း၊ တရုတ်နိုင်ငံသားများပါဝင် ပတ်သက်နေခြင်းကြောင့် တရုတ်အစိုးရဘက် မှ ယင်းဖြစ်စဉ်များကို အထူးအာရုံစိုက်ကာ လုပ်ဆောင်လာခြင်းလည်းဖြစ်သည်။

၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် တရုတ်နိုင် ငံမှ အစိုးရကိုယ်စားလှယ်များ လာရောက်ခဲ့ သည့် ခရီးစဉ်များနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက မြန်မာအစိုးရအဖွဲ့မှ တာဝန်ရှိသူများကို တွေ့ဆုံရာတွင် အွန်လိုင်း ငွေလိမ်ဂိုဏ်းများနှင့် ဆက်သွယ်ရေးလိမ် လည်မှုကိစ္စများမှာ မပါမဖြစ်ဆွေးနွေးခဲ့သည့် ဖြစ်စဉ်များလည်းဖြစ်သည်။

မြန်မာနိုင်ငံသို့ မေ ၂ ရက်က လာရောက် ခဲ့သည့် တရုတ်နိုင်ငံ၏ အဆင့်မြင့်အရာရှိ တစ်ဦးဖြစ်သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဟောင်း ချင်ဂန်း၏ ခရီးစဉ်မှာပင် ကျားဖျန့် (ခ) အွန်လိုင်း ငွေလိမ်ဂိုဏ်းများကိစ္စမှာလည်း 

ထည့်သွင်းဆွေးနွေးခဲ့ရသည့်အကြောင်းအရာ တစ်ခုလည်းဖြစ်သည်။

ကျားဖျန့်ဆိုတာဘာလဲ

တရုတ်အခေါ်အရ ကျားဖျန့်ဟု နယ်စပ် ဒေသများတွင် နေထိုင်သူများသိရှိထားသည့် ကိစ္စမှာ အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ် လည်ခြင်းဖြစ်သည်။

ဆက်သွယ်ရေးနှင့် အွန်လိုင်းလိမ်လည် မှုများပြုလုပ်သူများသည် တရုတ်နိုင်ငံသား ဖြစ်ပြီး မြန်မာနိုင်ငံအတွင်း တရားမဝင် လာ ရောက်ကာ လုပ်ကိုင်နေသူများဖြစ်ကာ ၎င်းင်း တရုတ်နိုင်ငံသားများသည် အမေရိကန်၊ အင်္ဂ လန်၊ နော်ဝေး၊ ဒိန်းမတ်၊ သြစတြေးလျ၊ ဗီယက် နမ်၊ ဂျပန်၊ တရုတ်၊ ရုရှားနှင့် တောင်ကိုရီးယား နိုင်ငံသားများအား ၎င်းင်းတို့၏ ပစ်မှတ်အဖြစ် ရွေးချယ်ကြကြောင်း  ‘၀’ ဒေသ ပန်ဆန်းမြို့ တွင်  ဆက်သွယ်ရေးနှင့် အွန်လိုင်းလိမ်လည်မှု တွင် အလုပ်ရခဲ့သူတစ်ဦး၏ ပြောကြားချက် အရသိရသည်။

‘‘သူတို့က နိုင်ငံတကာက အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြားတွေကို ပစ်မှတ်ထားတဲ့ အပြင် အသက် ၆၀ အရွယ်တွေကို ရင်းနှီးမြှုပ် နှံမှုအခွင့်အလမ်းတွေနဲ့ အစပိုင်းမက်လုံးပေး တယ်။ ငွေကြေးအမြတ် အနည်းငယ်လွှဲပေးပြီး အချီကြီးဝင်လာမှ အားလုံးသိမ်းကြုံးယူကြ တာ’’ဟု အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွင် အလုပ်ရပြီး ပြန်လျော်ငွေဖြင့်ထွက်လာသူ တစ်ဦးက ဆိုသည်။

ယင်းလုပ်ငန်းများတွင်လုပ်ကိုင်သူများ မှာ အွန်လိုင်းမှ အလုပ်ခေါ်စာများကို တွေ့ရှိ ဆက်သွယ်ကာ သွားရောက်လုပ်ကိုင်ခြင်းဖြစ် ကြောင်း၊ လုပ်ကိုင်ရသည့်နေရာသို့ ရောက်ရှိ မှသာ အွန်လိုင်းမှတစ်ဆင့် လိမ်လည်ရခြင်း ဖြစ်သည်ကို သိရှိရကြောင်း ၎င်းင်းကဆက်ပြော သည်။

‘‘ကျွန်မတို့ကို ခေါ်တာက ကာစီနိုမှာ လုပ်ရမယ်ဆိုပြီးခေါ်တာ။ ဒါပေမဲ့ တကယ် လုပ်ရတော့ အဲဒါမဟုတ်ဘူး။ ဒါကြောင့် ပြန် လျော်ပြီးထွက်ခဲ့တာ’’ ဟု အွန်လိုင်းလိမ်လည် မှုလုပ်ငန်းတွင် အလုပ်ရပြီး ပြန်လျော်ငွေဖြင့် ထွက်လာသူတစ်ဦးက ဆိုသည်။

ကျားဖျန့်လုပ်ငန်းများတွင် လက်ရှိအချိန် အထိ အဓမ္မခိုင်းစေခံရခြင်းမှာ မြန်မာနိုင်ငံ သားများသာမကဘဲ တရုတ်၊ ထိုင်း၊ ဗီယက်နမ် အစရှိသည့် နိုင်ငံသားများလည်း ပါဝင်နေ သည်ဟု နိုင်ငံတကာသတင်းများတွင် ဖော်ပြ ထားသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်ကတည်းက လောက်ကိုင်မြို့တွင် ပိတ်မိနေသည့် ထိုင်းနိုင် ငံသားများကို ပြန်လည်ခေါ်ယူနိုင်ရန် ထိုင်း အာဏာပိုင်များက မြန်မာအစိုးရထံ တောင်း ဆိုခဲ့သည်ဟု ထိုင်းမီဒီယာတစ်ခုဖြစ်သည့် thai PBS က သတင်းဖော်ပြခဲ့သည်။

တရုတ်နိုင်ငံက ဝရမ်းထုတ်ထားခဲ့တဲ့ ကျားဖျန့်လုပ်ငန်းရှင်တွေ

တရုတ်နိုင်ငံဘက်မှ စတင်ဝရမ်းထုတ်ခဲ့ သူနှစ်ဦးမှာ ‘ ၀’ အဖွဲ့မှ ခေါင်းဆောင်ဟောင်း နှစ်ဦးဖြစ်သည်။

ဆက်သွယ်ရေးနှင့် အွန်လိုင်းလိမ်လည်မှု များတွင် တရုတ်နိုင်ငံသားများကို ပစ်မှတ် ထားတိုက်ခိုက်နေသည့် ရာဇဝတ်ဂိုဏ်းတစ် ခု၏ အဓိကခေါင်းဆောင်နှစ်ဦးဟု တရုတ်အ စိုးရဘက်က သတ်မှတ်ကာ ဖမ်းဝရမ်းထုတ် ထားသူနှစ်ဦးမှာ လက်ရှိ ‘၀’ ပြည်နယ်အစိုးရ ဆောက်လုပ်ရေးဌာနမှူး ပေါက်အိုက်ပန်း (ခေါ်) ပေါက်ယန်ပန် (ခေါ်) ချန်ယန်ပန် ပါဝင်ပြီး ၎င်းင်းသည် ယခင်က ၄၆၈ တပ်မဟာ မှူးလည်းဖြစ်ကာ ‘၀’ ခေါင်းဆောင် ပေါက်ယူ ချန်း၏တူတော်စပ်သူဖြစ်ကြောင်းနှင့်  နောက် တစ်ဦးမှာ UWSA ၏ မိုင်းလင်းခရိုင်မှူး ရှောက်ဟော် (ခေါ်) အိုက်ဟော့ (ခေါ်) ဟော် ချွင်ထင်ဖြစ်ပြီး  ‘၀’ ခေါင်းဆောင် ပေါက်ယူ ချန်း၏ သမက်ဟောင်းဖြစ်သည်ဟုလည်း သိရသည်။

ကူမင်းမြို့နှင့် ဟန်ကျိုးမြို့က အများပြည် သူလြုံခုံရေးဌာနများက UWSA အရာရှိနှစ် ဦးကို ကျားဖျန့်ဟုခေါ်သည့် အွန်လိုင်းက ငွေ လိမ်သောလုပ်ငန်းများတွင် ပါဝင်ပတ်သက်မှု ရှိသည်ဟုကာ ဖမ်းဝရမ်းထုတ်ခဲ့ခြင်းဖြစ်ပြီး ၎င်းင်းတို့ကို ဖမ်းမိအောင် သတင်းပေးသူအား တရုတ်ယွမ်တစ်သိန်းမှ ငါးသိန်းအထိပေးမည် ဖြစ်ကြောင်း ကြေညာထားသည်။

ထိုသို့ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန် ကြီးဌာနက ကြေညာပြီးနောက် ၎င်းတို့နှစ်ဦး အား ရာထူးမှ ထုတ်ပယ်ကြောင်း UWSA က အောက်တိုဘာ ၁၆ ရက်တွင် ကြေညာခဲ့သည်။ ယင်းထုတ်ပြန်ချက်တွင် ၎င်းင်းတို့နှစ်ဦးအနေ ဖြင့် ‘‘၀’’ ဒေသနှင့် အိမ်နီးချင်းနိုင်ငံများအပြင် နိုင်ငံတကာနှင့်ပါ ဆက်ဆံရေးကို ထိခိုက် အောင် လုပ်ခဲ့ကြောင်း ဖော်ပြထားသည်။

တရုတ်နိုင်ငံမှ ဖမ်းဝရမ်းထုတ်ထားသည့် ၎င်းင်းတို့နှစ်ဦးအား ဟိုပန်ခရိုင်တရားရုံးက လည်း ဖမ်းဝရမ်းထုတ်ထားသည်။ ယင်း နောက် နိုဝင်ဘာလဆန်းပိုင်းတွင် လောက် ကိုင်မြို့ရှိ ‘ မြီ’ မိသားစုဝင်များကို တရုတ်နိုင်ငံ ဘက်မှ ဖမ်းဆီးရန် ဝရမ်းထုတ်ခဲ့သည်။

ယခုနှစ် အောက်တိုဘာ ၁ ရက်က တရုတ်နိုင်ငံတွင် ပြုလုပ်သည့် ကုန်စည်ပြပွဲ သို့ သွားရောက်စဉ် ကိုးကန့်လုပ်ငန်းရှင် ၁၁ ဦး ဖမ်းဆီးခံလိုက်ရသည့်ဖြစ်စဉ်မှ အစပြုကာ နောက်ပိုင်းတွင် လောက်ကိုင်မြို့ရှိ ‘မြီ’ မိသား စုဝင်များအား ဖမ်းဆီးရန် တရုတ်အစိုးရက ဖမ်းဝရမ်းထုတ်ခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံဘက်မှ ဖမ်းဆီးလိုက်သည့် ကိုးကန့်လုပ်ငန်းရှင် ၁၁ ဦးတွင် ကိုးကန့်၏ အချမ်းသာဆုံးမိသားစုများဟုအများက သတ် မှတ်ထားသည့် ‘ မြီ’၊ ‘ ဝေ’ နှင့် ‘လျို’ မိသားစုဝင် များ ပါဝင်ကြောင်း ဘီဘီစီသတင်းတွင် ဖော် ပြထားသည်။

ယင်းတို့အနက် နိုဝင်ဘာ ၁၂ ရက်တွင် တရုတ်နိုင်ငံ ကျီကျန်းပြည်နယ် ဝမ်ကျိုးမြို့၏ ပြည်သူ့လုံခြုံရေးဗျူရိုက မြန်မာနိုင်ငံမြောက် ပိုင်း ကိုးကန့်ဒေသ၏ စီးပွားရေးလုပ်ငန်းရှင် လေးဦးကို ဖမ်းဝရမ်းထုတ်ခဲ့သည်ဟု china daily  သတင်းက ဖော်ပြခဲ့သည်။

အဆိုပါလေးဦးမှာ ကိုးကန့်ဒေသ၏ စီး ပွားရေးလုပ်ငန်းရှင်များဖြစ်သကဲ့သို့ ဝရမ်း ထုတ်ခံရသူများအနက် ‘မြီရှောက်ချန်း’ မှာ ရှမ်းပြည်နယ် လွှတ်တော်အမတ်ဟောင်း ဖြစ်ပြီး ကိုးကန့်ခေါင်းဆောင်မှု ကော်မတီအဖွဲ့ ဝင်ဟောင်းလည်းဖြစ်ကာ နောက်တစ်ဦးမှာ သူ၏သားဖြစ်သူ ကိုးကန့်ဒေသ ပြည်သူ့စစ် ခေါင်းဆောင်’ မြီကော်ဖျင်’ ဖြစ်ကြောင်း၊ ကျန် နှစ်ဦးမှာ တရုတ်နိုင်ငံ ကျန်ကန်းကောင်တီ လင်ကန်မြို့ဇာတိဖြစ်သည့်  မြီကျူလန် (၄၂ နှစ်) နှင့်  လင်ကန်မြို့၏ ကွမ်မာတိုင်နှင့် ‘‘၀’’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကောင်တီ ဇာတိဖြစ် သည့် မြီကျန်းကျန်း (၂၇ နှစ်) တို့ဖြစ်သည်ဟု အဆိုပါသတင်းတွင် ဖော်ပြထားသည်။

ဝရမ်းထုတ်ခံရသည့် မြီရှောက်ချန်းမှာ တရုတ်နိုင်ငံသားများကို  ပစ်မှတ်ထားသည့် အွန်လိုင်းမှ တစ်ဆင့်ငွေကြေးလိမ်လည်မှုများ နှင့် ပတ်သက်နေပြီး လက်နက်ကိုင်များ၏ အကာအကွယ်ကို ရရှိထားသူဖြစ်ကြောင်းနှင့် လိမ်ညာမှုများ လုပ်ဆောင်နေသည့် ရာဇဝတ် အဖွဲ့ကို ဦးဆောင်နေသည်ဟု သံသယရှိ ကြောင်း တရုတ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ခဲ့သည်။

တရားဥပဒေစိုးမိုးရေးအဖွဲ့၏ ပြင်းထန် သည့် နှိမ်နင်းမှုများ ရှိခဲ့သည့်တိုင် ထိုအဖွဲ့ သည် ၎င်းင်းတို့၏ ရာဇဝမှုဆိုင်ရာ လှုပ်ရှားမှု များကို ရပ်နားခြင်းမရှိခဲ့ဘဲ တရားမဝင် လှုပ် ရှားမှုများကို စနစ်တကျနှင့် ကြီးကြီးမားမား ဆက်လက်လုပ်ဆောင်နေသည်ဟု တရုတ် နိုင်ငံအစိုးရဘက်က ဆိုခဲ့သည်။

၎င်းတို့သည် ရည်ရွယ်ချက်ရှိရှိ  လူသတ် မှု၊ ရည်ရွယ်ချက်ရှိရှိ ထိခိုက်ဒဏ်ရာ ဖြစ်စေမှု၊ တရားမဝင် ဖမ်းဆီးထိန်းသိမ်းမှုတို့ အပါအ ဝင် ဆိုးရွားသည့် ပြစ်မှုအများအပြားကို ကျူး လွန်ခဲ့ကြောင်း သံသယရှိခံထားရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ယင်းသို့ တရုတ်နိုင်ငံဘက်မှ ဖမ်းဝရမ်း ထုတ်ပြီး မကြာမီမှာပင် မြန်မာအစိုးရဘက် ကလည်း အဆိုပါ ‘မြီ’ မိသားစုဝင် လေးဦးကို ဖမ်းဝရမ်းထုတ်ခဲ့သည်။

ယင်းသို့ဖမ်းဝရမ်းထုတ်အပြီး ငါးရက်အ ကြာတွင် အဆိုပါ လေးဦးအနက် တစ်ဦးကို အသေဖမ်းဆီးရမိခဲ့ပြီး နှစ်ဦးကို အရှင်ဖမ်းဆီး ရမိခဲ့ကြောင်း၊ တစ်ဦးမှာ ထွက်ပြေးလွတ် မြောက်သွားခဲ့ကြောင်း နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီက ထုတ်ပြန်ခဲ့သည်။

မြီရှောင်ချန်၊ မြီကော်ဖျင်း (ခ) မြီရှောက် ဖျင်းနှင့် မြီကျိန်းကျိန်းတို့ကို လောက်ကိုင်မြို့၌ နိုဝင်ဘာ ၁၆ ရက် နံနက်တွင် ဖမ်းဆီးရမိခဲ့ ကြောင်း၊         ‘မြီ’ မိသားစုဝင်များအား ဖမ်းဆီး စဉ် မြီရှောက်ချန်းသည် တရားမဝင် ကိုင် ဆောင်ထားသည့် ပစ္စတိုသေနတ်ဖြင့် မိမိ ကိုယ်ကိုယ်ပစ်ခတ်ရာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူစဉ် သေဆုံးသွားခဲ့ကြောင်း၊ ဖမ်းဆီးရမိထားသူများအား တရားဥပဒေအ ရ အရေးယူနိုင်ရေးအတွက် နိုဝင်ဘာ ၁၆ ရက် မွန်းလွဲ ၁ နာရီ ၅၀ မိနစ်ခန့်တွင် မြန်မာ-တရုတ် နယ်စပ်ရှိ ရန်လုံကျိုင်းနယ်စပ်ဂိတ်၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက တရုတ်နိုင်ငံ၊  ယူနန်ပြည်နယ် ရဲတပ်ဖွဲ့သို့ လွှဲ ပြောင်းပေးအပ်ခဲ့ပြီး မြီရှောက်ချန်း၏ အ လောင်းကို တရုတ်နိုင်ငံဘက်သို့ ယူဆောင် သွားခြင်းမရှိဘဲ လိုအပ်သည်များ စစ်ဆေး အတည်ပြုမှုများ ဆောင်ရွက်ခဲ့ကြောင်း နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ခဲ့ သည်။

သေနတ်ဖြင့် မိမိကိုယ်ကို အဆုံးစီရင် ခဲ့သည့် မြီရှောက်ချန်းမှာ ရှမ်းပြည်နယ် လွှတ် တော်အမတ်ဟောင်းဖြစ်ပြီး လွတ်မြောက်နေ သူတစ်ဦးမှာ ၎င်းင်း၏ သမီးဖြစ်သူ မြီကျုလန် ဖြစ်သည်။ မြီကျူလန်၏ ယောကျ်ားဖြစ်သူမှာ ရန်လောက်ဟွာဖြစ်ပြီး တရုတ်နိုင်ငံတွင်ပြု လုပ်သည့် ကုန်စည်ပြပွဲသို့ သွားရောက်စဉ် တရုတ်အာဏာပိုင်များက ဖမ်းဆီးခဲ့သည့် ကိုးကန့်လုပ်ငန်းရှင် ၁၁ ဦးအနက် တစ်ဦးအ ပါအဝင်လည်းဖြစ်သည်။

ဇန်နဝါရီ ၃၀ ရက်က တရုတ်အစိုးရထံ သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တရုတ်အစိုးရထံ လွှဲပြောင်းပေးခဲ့သည့် ပယ် စောက်ချိန်အပါအဝင် ခြောက်ဦးမှာ တရုတ် အစိုးရက ဖမ်းဝရမ်းထုတ်ထားသည့် ကျားဖျန့် လုပ်ငန်းကြိုးကိုင်သူ ၁၀ ဦးတွင် ပါဝင်သူများ ဖြစ်သည်။ ပယ်စောက်ချိန်နှင့်အတူ ၁၀ ဦး အား တရုတ်အစိုးရဘက်မှ ပြီးခဲ့သည့် နှစ်ကုန် ပိုင်းတွင် ဖမ်းဝရမ်း ထုတ်ခံထားရသူများဖြစ် သည် ဟု တရုတ်နိုင်ငံဘက်မှလာသောသတင်း များ အရ သိရသည်။

ရှမ်းမြောက်မှာ ကျားဖျန့်လုပ်ငန်းတွေ ချုပ်ငြိမ်းသွားပြီလား

ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင် မြို့တွင် အခြေချသည်ဟုဆိုသည့် ကျားဖျန့် လုပ်ငန်းများကို ကြိုးကိုင်သူများဟု တရုတ်အ စိုးရက သတ်မှတ်ထားသည့် အဆိုပါ ပုဂ္ဂိုလ် များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က လွှဲပြောင်းပေးလိုက်ပြီးနောက် ကျားဖျန့် လုပ်ငန်းများ ချုပ်ငြိမ်းသွားမည်ဟု ဆိုရမည် ဖြစ်သည်။

တရုတ်- မြန်မာ အစိုးရနှစ်ရပ် ကျားဖျန့် တိုက်ဖျက်ရေးပူးပေါင်းမှုလုပ်ငန်းစဉ်များအ တွင်း တရုတ်-မြန်မာရဲတပ်ဖွဲ့၏ တရားဥပဒေ စိုးမိုးမှု လုံခြုံရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက် မှုများ အဆက်မပြတ်လုပ်ဆောင်ခဲ့ရာ လက်ရှိ အထိ မြန်မာနိုင်ငံမြောက်ပိုင်း အွန်လိုင်းလိမ် လည်မှု ပြစ်မှုကျူးလွန်ကြောင်း သံသယရှိသူ ပေါင်း ၄၄၀၀၀ ကို တရုတ်နိုင်ငံဘက်သို့ လွှဲ ပြောင်း ပေးအပ်ခဲ့ပြီးဖြစ်သည်။

ယင်းသို့လွှဲပြောင်းပေးအပ်သူများအ နက် နောက်ကွယ်မှ ငွေကြေးထောက်ပံ့သူ၊ အဖွဲ့ခေါင်းဆောင်နှင့် အမာခံများ ၁၇၁ ဦး၊ တရားခံပြေး ၂၉၀၈ ဦး ပါဝင်သည်ဟု မြန်မာ နိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ် ပြန်ခဲ့သည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ ရက်တွင် ရှမ်း ပြည်တောင်ပိုင်း နမ့်စန်မြို့အနီးအနားရှိ နေ ရာများတွင် တရားမဝင် ဝင်ရောက်နေထိုင် လျက်ရှိသည့် တရုတ်နိုင်ငံသား တစ်ထောင် ကျော်ကို ဖမ်းဆီးရမိခဲ့သည်ဟု နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက သတင်းထုတ်ပြန်ခဲ့ သည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့ ပတ်ဝန်းကျင်တွင် တရားမဝင် တရုတ်နိုင်ငံ သားများ ရောက်ရှိနေကြောင်း သတင်းများ အရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူး ပေါင်းအဖွဲ့က ဇန်နဝါရီ ၂၃ ရက်တွင် စစ်ဆေး ရှာဖွေဖမ်းဆီးခြင်းများ ဆောင်ရွက်ခဲ့ရာ နမ့်စန်မြို့ပတ်ဝန်းကျင်ရှိ နေရာ သုံးနေရာမှ တရားမဝင် ဝင်ရောက်နေထိုင်သည့် တရုတ် နိုင်ငံသား အမျိုးသား ၁၀၀၂ ဦး၊ အမျိုးသမီး ၃၆ ဦး၊ စုစုပေါင်း ၁၀၃၈ ဦးကို ထပ်မံဖမ်းဆီး ရမိခဲ့သဖြင့် လိုအပ်သည့် စစ်ဆေးမှုများ ပြု လုပ်လျက်ရှိပြီး ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်း၊ နိုင်ငံတစ်ဝန်း အွန်လိုင်းလိမ်လည် မှုများနှင့် အခြားတရားမဝင်လုပ်ငန်း လုပ် ဆောင်သူများ၊ တရားမဝင် ဝင်ရောက်နေ ထိုင်မှုများ မရှိစေရေးအတွက် သက်ဆိုင်ရာ တရားဥပဒေစိုးမိုးရေးအဖွဲ့များက စိစစ်ဖော် ထုတ် အရေးယူဆောင်ရွက်မှုများ ပြုလုပ် လျက်ရှိကြောင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် လည်း စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်းနိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ထုတ်ပြန်ခဲ့သည်။

ကျားဖျန့်လုပ်ငန်းများမှာ တရုတ်နိုင်ငံ သားများအပြင် အခြားနိုင်ငံများမှ နိုင်ငံသား များကိုလည်း ပစ်မှတ်ထားလိမ်လည်သည့် လုပ်ငန်းတစ်ခုလည်းဖြစ်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ယင်းလုပ်ငန်း၏ အဓိကကြိုး ကိုင်သူများဟု တရုတ်နိုင်ငံအစိုးရက ယူဆ ထားသူများကို ဖမ်းဆီးရမိပြီး လွှဲပြောင်းပေးခဲ့ သဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျားဖျန့် လုပ်ငန်းများ ချုပ်ငြိမ်းသွားခဲ့ပြီဟု ဆိုရမည် လည်းဖြစ်သည်။    

Hi !

!

Popular posts from this blog

ဝေဝါးမှုတွေနဲ့အတူ မသေချာ မရေရာမှုများနဲ့ မြန်မာပြည်..။

  ဝါရင့်သတင်းစာဆရာကြီး လာရီယာဂန်က စစ်အာဏာသိမ်းမှု သုံးနှစ်ပြည့်တဲ့ ဖေဖော်ဝါရီ(၁)ရက်နေ့မှာ ဘန်ကောက်ပို့စ်သတင်းစာမှာ ဆောင်းပါးတစ်ပုဒ် ရေးသားလိုက်ပါတယ်။ ဆောင်းပါးခေါင်းစဉ်က Myanmar faces increasing uncertainty ပါ။ စစ်အာဏာသိမ်းပြီး သုံးနှစ်အကြာမှာ မြန်မာနိုင်ငံရဲ့အခြေအနေ ဘယ်လိုရှိသလဲ။ ရှေ့မှာ ဘာဖြစ်နိုင်သလဲ။ မှန်းဆထားတာပါ။ လက်ရှိ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်လို့ လာရီယာဂန်လည်း ဘာမှ မမှန်းဆနိုင်ပါဘူး။ သူပြောနိုင်တာ တစ်ခုက မြန်မာပြည်ဟာ မသေမချာ မရေမရာမှုတွေ အများကြီးနဲ့ ဆက်ပြီး ရင်ဆိုင်နေရဦးမယ်ဆိုတဲ့ ကောက်ချက်ပါ။ မြန်မာစစ်တပ်က ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရကို စစ်အာဏာသိမ်းခဲ့တာ ခု ဖေဖော်ဝါရီ(၁)ရက်မှာ သုံးနှစ်တိတိ ပြည့်ခဲ့ပြီဖြစ်ကြောင်း၊ သုံးနှစ်အတွင်း တိုင်းပြည်ဟာ အဖက်ဖက်က ယိုယွင်းပျက်စီးသွားပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေ တိုးပွါးနေကြောင်း၊ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ပီဒီအက်ဖ်တွေကြား တိုက်ပွဲတွေကြောင့် ပြည်သူသန်းပေါင်းများစွာ အိုးပစ်အိမ်ပစ် ထွက်ပြေးနေရကြောင်း လာရီယာဂန်က ရေးသားပါတယ်။ ...

ကရင်ပြည်နယ်ပုံရိပ်ကို ထိခိုက်စေသဖြင့် ရွှေကုက္ကိုလ်ကို တိုက်ခိုက်ရဟု KTLA ပြော

  ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ ရွှေကုက္ကိုလ်မြို့သစ်သည် ပြည်နယ်ဖွံဖြိုးမှု မဖြစ်စေဘဲ ပျက်ဆီးမှုကိုသာ ဖြစ်စေသဖြင့် တိုက်ခိုက်ရခြင်း ဖြစ်ကြောင်း ကော်သူးလေတပ် (KTLA) က ဧပြီ ၇ ရက်တွင် ကြေညာသည်။ Facebookတွင် ပျံ့နှံလာသော KTLA ဗဟိုဌာနချုပ် ရုံးထိုင်မှူး စောဝါးနေမူး လက်မှတ်ထိုးထားသည့် ကြေညာချက်အရ ရွှေကုက္ကိုလ်မြို့သည် မူးယစ်ဆေးဝါး ဖြန့်ဖြူးသုံးစွဲရောင်းချနေပြီး တိုင်းရင်းသူ အမျိုးသမီးများကို ပြည့်တန်ဆာအဖြစ် လိမ် လည်လှည့်ဖြားစေခိုင်းနေသည့် နေရာဖြစ်နေသလို စစ်ကောင်စီအတွက် တရားမဝင်ငွေကြေးများ ရှာဖွေပေးသည့် နေရာ ဖြစ်၍ ပြည်ပမှ အလုပ်သမားများကိုလည်း လိမ်လည်ခေါ်ဆို ခိုင်းစေမှုများ ရှိနေသဖြင့် KTLA အနေနှင့် ကရင်ပြည်နယ် အကျိုးအတွက် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း၊ ထို့အတွက် ရွှေကုက္ကိုလ်တွင် နေထိုင်သည့် ပြည်သူများအနေနှင့် တိုက်ပွဲ ဧရိယာမှ ရှောင်ပေးကြရန် ထုတ်ပြန်ထားသည်။ ထိုကြေညာချက်နှင့် ပတ်သက်၍ ပိုမိုသိရှိနိုင်ရန် KTLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောနယ်ဒါးမြကို ဧရာဝတီက ဖုန်းဖြင့်ဆက် သွယ်ခဲ့ရာ ၎င်း အလုပ်များနေသဖြင့် နောက်မှ ပြန်လည်ဆက်သွယ်ရန် ပြောဆိုသည်။ ကော်သူးလေတပ်နှင့် နီးစပ်သည်...

မြန်မာနိုင်ငံမှာရှိတဲ့ ဗမာလူမျိုး ပေါ်ပေါက်ပုံ အကြောင်း

  ဗမာလူမျိုး ပေါ်ပေါက်လာပုံ သမိုင်းကြောင်း – တိဘက်တို ဘားမန်းလူမျိုးနွယ်စုကြီး မှ အကြီးဆုံးသောလူမျိုးဖြစ်သည်။ ယနေ့ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းသို့ နာဂ၊ သက်၊ ကမ်းယံ၊ပျူ တို့နောက်မှ ဝင်ရောက်လာခြင်းဖြစ်သော်လည်းပျူတို့ ထူထောင်သည့် ပထမပြည်ထောင်စုကို အေဒီ ၈ ရာစုတွင် နန်ကျောက်တို့က ဖျက်စီးပြီးချိန် မတိုင်မှီက ပင် ရောက်ရှိနေထိုင်နေခဲ့ပြီးဖြစ်သည်ဟုခန့်မှန်း၍ရနိုင်သည်။အေဒီ ၁၀ ရာစုမတိုင်မှီ အချိန်ကပင် ကျောက်ဆည် ၁၁ ခရိုင်တွင် အခြေချခဲ့ပြီး နောက်များမကြာမှီ တွင်မြစ်သာ ၆ ခရိုင် ၊ ပုဂံ နေပြည်တော်တို့ကို ထူ ထောင်ကာဒုတိယမြန်မာပြည်ထောင်စုကို တည်ထောင်ခဲ့ကြသည်။ သို့သော် မြန်မာနိုင်ငံသားတို့က ထိုပြည်ထောင်စုကိုသာပထမပြည် ထောင် စုအဖြစ် လက်ခံကြသည်။သမိုင်းတစ်လျောက်တွင် မွန်ဂို၊ တရုတ်၊ ယိုးဒယား၊ မွန်၊ ရခိုင်၊ ရှမ်း၊ ကရင် အစရှိသည့် အတွင်း၊ အပြင်ရန်အမျိုးမျိုးနှင့်ကြုံတွ့ခဲ့ဖူးပြီးအကြိမ်တိုင်းတွင် ပြည်ထောင်စု၏ ဦးဆောင်သူနေရာကို ဗမာတို့ ပြန်လည်ကာ ရောက်ရှိနိုင်ခဲ့သည်။အနော်ရထာ၏ ပထမပြည်ထောင်စု(ပထမမြန်မာနိုင်ငံတော်ကြီး)၊ တပင်ရွှေထီး-ဘုရင့်နောင်တို့ ၏ ဒုတိယပြည်ထောင်စု (ဒုတိယ မြန်မာနိုင်ငံတော်ကြီး)၊အလောင်းဘုရား၏ တတိ...

မြန်မာပြည်မြေပုံကို အပြောင်းခံကြမှာလား

  ကမ္ဘာ့သမိုင်းကို ပြန်လေ့လာကြည့်မယ်ဆိုရင် အိမ်နီးချင်းနိုင်ငံတွေအဖြစ် နှစ်ပေါင်းများစွာ အတူတကွ ယှဉ်တွဲ ရပ်တည်နေကြပြီးမှ ဝေးကွာသွားကြတဲ့ နိုင်ငံတွေ ရှိခဲ့တယ်ဆိုတာ တွေ့နိုင်ပါတယ်။ ကျွန်တော်တို့အတွက် အထင်ရှားဆုံး ဥပမာတစ်ခုရှိပါတယ်။ အဲဒါကတော့ မြန်မာနဲ့ ပါကစ္စတန်တို့ဟာ ယခင်က နယ်မြေချင်း ထိစပ်နေကြတဲ့ အိမ်နီးချင်း နိုင်ငံတွေပါ။ သို့သော် ၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံအသစ် ပေါ်ပေါက်လာချိန်မှာတော့ အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားခဲ့ကြပါတယ်။ ယခင်က အိမ်နီးချင်းဖြစ်ခဲ့လို့ ထင်ပါတယ်၊ မြန်မာနဲ့ ပါကစ္စတန်တို့ရဲ့ ဆက်ဆံရေးဟာ ကောင်းမွန်နေကြဆဲဆိုတာ သက်သေ၊ သာဓကများစွာ ရှိပါတယ်။ အဲဒီလို အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားရခြင်းဟာ သူတို့ရဲ့ ပြည်တွင်းရေးသာ ဖြစ်တဲ့အတွက် အထူးအထွေ ဝေဖန်ရန် မရှိပါ။ သို့သော် လက်ရှိအခြေအနေမှာ မြန်မာရဲ့ အိမ်နီးချင်း (၅) နိုင်ငံရှိနေရာက မတူညီတဲ့ အိမ်နီးချင်းနိုင်ငံသစ်တွေ ထပ်မံ ပေါ်ပေါက်လာဖို့ လုပ်ဆောင်နေကြတာတွေ မြင်နေရပါပြီ။ ဒီတစ်ကြိမ်ကတော့ ကျွန်တော်တို့ရဲ့ ပြည်တွင်းရေးဖြစ်တဲ့အတွက် အလေးထားရပါတော့မယ်။ ရှိပြီးသား အိမ်နီးချင်း (၅) နိုင်ငံနဲ့ မြန်မာတို့အကြား ကျွန်တော်တိ...

မြန်မာ ဒုကာကွယ်ရေးဝန်ကြီး ထောင်ထဲရောက်ပြီ

  မြန်မာ ဒုကာကွယ်ရေးဝန်ကြီး ထောင်ထဲရောက်ပြီ မတ်လ ၂၈ ရက် ၂၀၂၄ ခုနှစ် နံနက် ၁၀ နာရီ ၂၀ သတင်း ================================= ကာကွယ်ရေး ဒု-ဝန်ကြီး ဖြစ်သူ ဗိုလ်ချုပ်အောင်လင်းထွန်းကို ကျားဖြန့်လုပ်ငန်းနဲ့ ပတ်သက်တယ်ဆိုပြီး မနေ့ည မတ်လ ၂၇ ရက်နေ့ည ၁၁ နာရီတွင် စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့မှ သွားရောက်ဖမ်းဆီးခဲ့ကြပါတယ်။ အဆိုပါ ဖမ်းဆီးချိန်တွင် ဒုကာကွယ်ရေးဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်အောင်လင်းထွန်းသည် အရက်မူးနေပြီး အသာတကြည် လိုက်လာခြင်းမရှိပဲ … ပုဆိုးလှန်ပြီး ဆဲဆိုနေခြင်းကြောင့် စစ်ဘက်လုံခြုံရေးအဖွဲ့မှ ရိုက်နှက်ခဲ့ရာ.. သွား အချို့ ကျွတ်သွားပြီး ပါးစပ်တခုလုံး သွေးများနီရဲနေသည်။ “အဲ့ကောင် ပါးစပ်က သွေးမတိတ်ခင် ရမဲသင်းထောင်ပို့လိုက်စမ်း” လို့ အထက် အမိန့်ပေးလိုက်တော့ အခု ရမဲသင်းထောင်ရောက်နေပြီဖြစ်ကြောင်း မြန်မာအမေရိကန် သတင်းဌာနမှ စုံစမ်းသိရှိရသည်။ ဂိုလ်ရှယ်လေး

စစ်တပ်မှ အာဏာသိမ်းထားသည့် ၃ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ထောင်သားဘဝ

                           ဖေဖော်ဝါရီလ ၁ ရက်နေ့သည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့အတွက် အနှောက်အယှက်ဖြစ်စေသူဟု ယူဆသည့် ရွေးကောက်ခံအစိုးရ ခေါင်းဆောင်နှင့် နိုင်ငံသမိုင်းတွင် အညီညွတ်ဆုံးဖြစ်စေခဲ့သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာမှဖယ်ရှားပြီး မအောင်မြင်သော အာဏာသိမ်းမှု ပြုလုပ်သည့် သုံးနှစ်မြောက်နေ့ ဖြစ်သည်။ ရက်ပေါင်း ၁၀၉၅ ရက်ကျော် ကြာသော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် မြို့တော်နှင့် စစ်တပ်ဗဟိုဌာနချုပ် နေပြည်တော် အနောက်တောင်ဘက်အစွန်းမှ ထောင်တခုတွင် တဦးတည်း ဆက်လက် ဖမ်းဆီးချုပ်နှောင်ခံနေရသည်။ သူ့အတွက် တခုတည်းသော ထောင်ပြင်ထွက်ရချိန်သည် လွန်ခဲ့သောနှစ်အတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စတာ ဒွန် ပရာမတ်ဝီနိုင်နှင့် တွေ့ရသည့် တိုတောင်းသော ကာလဖြစ်ပြီး သူ့ကို ချမှတ်ထားသည့် ထောင်သက်တမ်းကိုလည်း ၃၃ နှစ်မှ ၂၇ နှစ်သို့ လွန်ခဲ့သောနှစ်က လျှော့ချပေးသည်။ အာဏာသိမ်းမှု နှစ်ပတ်လည်သည် ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းနည်းစရာကောင်းသော လက်ရှိအခြေအနေနှင့် ဝေဝါးနေသည့် အနာဂတ်ကို မီးမောင်းထိုးပ...

ပဲခူးတိုင်း မင်းလှမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွား

  မင်းလှတွင် ၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲ ၆ ကြိမ် အတွင်း စစ်တပ်ဘက်မှ စစ်သား ၈၀ ဦးကျော်သေဆုံး ရန်ကုန်၊ မတ် ၁၁ ပဲခူးတိုင်း၊ မင်းလှမြို့နယ်အတွင်း ၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲ ၆ ကြိမ် အတွင်း စစ်တပ်ဘက်မှ ၈၀ ကျော်သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ မတ်လ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ ဧက ၁၀၀၀ ကျွန်း စိုက်ခင်း ကျုံးပေါက်အနီး၌ စစ်ကြောင်း ထိုးလာသော အင်အား ၁၂၀ ပါ စစ်ကောင်စီ တပ်သားများကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ နှင့် ဒဂုံစစ်ကြောင်းတို့က စောင့်ကြို တိုက်ခိုက်ခဲ့ရာ အပြန်အလှန် တိုက်ပွဲ ၂ နာရီကျော် ကြာမြင့်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်ဘက်မှ ၂၀ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။ ယင်းနေ့ ညနေ ၅ နာရီခန့်အချိန် မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်းပေါ်ရှိ ဟိုင်းယု လမ်းဆုံတွင် တပ်ဆွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ နှင့် တပ်ခွဲ ၃ တို့က လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ရှောင်တခင် သွားရောက် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၃ နာရီခန...

တပ်မလက်ရွေးစဉ် ဘီလူးစစ်ကြောင်းဆိုသည်မှာ .....

    “ဒီစစ်ကြောင်းက စစ်တိုက်ဖို့ဆိုတာထက် လူတွေကိုသတ်၊ မုဒိမ်းကျင့်ဖို့ အဲ့လိုမျိုးတွေလုပ်ဖို့ အဓိကလာတဲ့ စစ်ကြောင်းပါ။ လူမဆန်တဲ့ လုပ်ရပ်တွေကို အဓိကလုပ်တာ” မြောင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) က ကိုနွေဦးက စစ်ကိုင်းဒေသအတွင်း စစ်ရာဇဝတ်မှုများကို ကျူးလွန်ချိုးဖောက်နေသည့် ဘီလူးစစ်ကြောင်း၏ လုပ်ရပ်များကို ပြောဆိုသွားခြင်းဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြည်သူများကို ရက်ရက်စက်စက် ခေါင်းဖြတ်သတ်သည့် စစ်ကြောင်း၊ အစုလိုက် အပြုံလိုက် သတ်သည့်စစ်ကြောင်း၊ မုဒိမ်းမှုများကို ကျူးလွန်နေသည့် စစ်ကြောင်းဟု ဆိုလိုက်ပါက လူတိုင်းက ဆိုးဆိုးရွာရွား နာနာကျည်းကျည်း အမှတ်ရနေသည့် စစ်ကြောင်းမှာ ဘီလူးစစ်ကြောင်းပင် ဖြစ်သည်။ ရက်စက်မှုအပေါင်း သရဖူဆောင်းထားသည့် ဘီလူးစစ်ကြောင်းသည် ယခုနှစ် ဩဂုတ်လ တတိယပတ်မှ စက်တင်ဘာလ ဒုတိယပတ်ထိ စစ်ကိုင်း၊ ရွှေဘို၊ ဝက်လက်နယ်များသို့ စစ်ကြောင်းထိုး ဝင်ရောက်ပြီးနောက် ပြည်သူများကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်။ 'စစ်ကိုင်း၊ ရွှေဘို၊ ဝက်လက်နယ်ထဲ ဘီလူးစစ်ကြောင်း၏ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သည့် အခြေအနေများ' မန္တလေး-ရွှေဘို-မြစ်ကြီ...

အာဆီယံ-သြစတြေးလျ ထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီ ကိုယ်စားလှယ်တက်မည်

 စစ်ဗိုလ်ချုပ်များခန့်ထားသည့် သံအမတ်က မဲလ်ဘုန်းမြို့တွင် ၃ ရက်ကြာ ကျင်းပမည့် ဒေသတွင်း အထူးထိပ်သီးအစည်းအဝေးကာလအတွင်း ဆွေးနွေးပွဲ ၂ ခုကို တက်မည်ဟု သိရှိရသည်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသည့် အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသည့် သြစတြေးလျ ဝန်ကြီးချုပ် Anthony Albanese ကို တွေ့ရစဉ်။ သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် မတ်လ ၄ ရက်မှ ၆ ရက်အထိ ကျင်းပမည့် အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီကိုယ်စားလှယ် တက်ရောက်မည်ဟု သိရသည်။ အစည်းအဝေးကာလတွင် ပြုလုပ်မည့် ရေကြောင်းပူးပေါင်းဆောင်ရွက်ရေးညီလာခံ၊ ရာသီဥတုနှင့် သန့်ရှင်းသောစွမ်းအင်ဆိုင်ရာ ဖိုရမ်တို့ကို ကင်ဘာရာမြို့ မြန်မာသံရုံးမှ စစ်ကောင်စီခန့် သံအမတ် ဦးသက်ထွန်း တက်ရောက်မည်ဖြစ်သည်။  အခြား ဆက်စပ်အစည်းထိပ်သီးအစည်းအဝေးများသို့ စစ်ကောင်စီကိုယ်စားပြုကိုယ်စားလှယ် တက်မည်၊ မတက်မည်ကိုမူ သြစတြေးလျ နိုင်ငံခြားရေးနှင့် ကုန်သွယ်မှုဌာနက ပြောဆိုခြင်းမရှိပေ။ ...

Click !