Skip to main content

Continue !

ရမ်းဗြဲ (သို့မဟုတ်) ရာဇဝင်ထဲကမြို့


 

 ရခိုင်ပြည်က ရမ်းဗြဲမြို့ဟာ ရခိုင်သမိုင်းထဲက အရေးပါတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ ရခိုင်တို့ရဲ့ အထင်ကရ ရှေးဟောင်းမြို့တွေအထဲမှာ ရမ်းဗြဲမြို့လည်း တစ်မြို့ အပါအဝင်ဖြစ်ပါတယ်။ ရခိုင်နောက်ဆုံးဘုရင် မဟာသမ္မတရာဇာဟာ ရမ်းဗြဲမြို့စားဘ၀ကနေ ရခိုင်ပြည်ရှင်မင်း ဖြစ်လာခဲ့တာပါ။ သမိုင်းရာဇဝင်ထဲမှာ ရမ်းဗြဲနယ်က ထင်ရှားကျော်ကြားတဲ့ အမျိုးသမီးနှစ်ဦးလည်း ရှိပါသေးတယ်။ တစ်ဦးကတော့ မဟာသမ္မတရာဇာရဲ့ မိဖုရား မြသန္တာဖြစ်ပြီး နောက်တစ်ဦးက မင်းဗာ ဘုရင်ရဲ့ မိဖုရားစောမဲကျီ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ရမ်းဗြဲမြို့ပေါ်မှာရော ရမ်းဗြဲနယ်တကြောမှာပါ  ရှေးခေတ်ဘိုးဘွားတွေ တည်ထားခဲ့တဲ့  စေတီပုထိုး ကျောင်းကန် ဇရပ် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် လက်ရာတွေကို အခုအချိန်ထိ အစီအရီ တွေ့မြင်နိုင်ပါသေးတယ်။ ရမ်းဗြဲ မြို့ပေါ်မှာ ဆိုရင်လည်း ကိုယ်ရံတောင်စေတီအပါအဝင် ရှေးဟောင်း စေတီပုထိုးတွေ၊ မိဖုရားမြသန္တာရဲ့  အရိုးအုတ်ဂူတွေက ရခိုင့် နန်းငွေ့ နန်းရိပ် အငွေ့အသက်တွေနဲ့ လွင့်ပျံ့နေဆဲဖြစ်ပါတယ်။ ဗမာဘုရင်ကျူးကျော်သူတွေဆီမှာ စစ်ရှုံးခဲ့ရတဲ့ ရခိုင်ဘုရင် မဟာသမ္မတရာဇာရဲ့ မိဖုရား မြသန္တာရဲ့ ထုံးဖြူဖြူအုတ်ဂူလေးကတော့ သူမရဲ့  နိဂုံးမလှဖြစ်ခဲ့ရတဲ့ ရင်နှင့်ကြေကွဲဖွယ်ရာ အတိတ်သမိုင်းကို ဖော်ကျူးပြသနေသလို သူမရဲ့  ဘ၀နဲ့ ရင်းပြီး ပေးဆပ်ခဲ့ရတဲ့ ဖြစ်ရပ်ဆိုးကလည်း ရခိုင်လူမျိုးတို့ရဲ့  နှလုံးသားထဲမှာ နာကျည်းခံပြင်းစရာ အစိုင်အခဲအဖြစ် အခုအချိန်ထိ တည်ရှိနေဆဲဖြစ်ပါတယ်။

ကောဇာသက္ကရာဇ် ၁၁၄၆ ခုနှစ် ပြာသိုလဆုတ် ၇ ရက် (အေဒီ ၁၇၈၅ ခုနှစ်) မှာ ရခိုင်မင်းနေမြို့တော်မြောက်ဦး ဗမာဘုရင်လက်အောက် ကျရောက်သွားခဲ့ပြီးနောက် ရခိုင်ဘုရင် မဟာ သမ္မတရာဇာနဲ့ မိဖုရား မြသန္တာတို့ဟာ အမရပူမြို့ကို ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရပါတယ်။ စစ်ရှုံးနိမ့်ခဲ့ရတဲ့ ရခိုင်ဘုရင့် မဟာသမ္မတရာဇာရဲ့ နောက်ဆုံးနိဂုံးရဲ့ ဖြစ်ရပ်ကလည်း ထပ်တူရင်နှင့်စရာပါ။ သူရဲ့ ချစ်ဇနီး မိဖုရားမြသန္တာကို ဗမာဘုရင်ရဲ့ ဖိအားနဲ့ ငွေအသပြာ ၁၀၀၀ နဲ့ ကွာရှင်းပေးခဲ့ရတဲ့ ဖြစ်စဉ်တွေကလည်း သမိုင်းမှာ အထင်အရှားရှိနေဆဲဖြစ်ပြီး ရင်နှင့်ကြေကွဲဖွယ်ရာ ချစ်သူနှစ်ဦးရဲ့ တစ်ဦးကို တစ်ဦး ချစ်လျက်နဲ့ ကျောခိုင်းခဲ့ရတဲ့ ဖြစ်ရပ်ကလည်း  စစ်ရှုံးဘုရင်တစ်ပါးရဲ့ လွမ်းမောဖွယ်ရာဇာတ်လမ်း တစ်ပုဒ်ပါပဲ။



ရခိုင်ဘုရင့်နိုင်ငံတော်ကျဆုံးခဲ့ပြီးနောက် ဗမာဘုရင်တွေက ရခိုင်ကို မြို့ဝန်စနစ်နဲ့ အုပ်ချုပ်ခဲ့ရာမှာ ရမ်းဗြဲမှာလည်း မြို့ဝန်တစ်ဦးထားပြီး အုပ်ချုပ်ခဲ့ပါတယ်။ ကြီးလေးတဲ့ လူခွန်၊ မြေခွန်တွေကအစ ယိုးဒယားကို စစ်ချီတက်ဖို့ လူတွေစုဆောင်းပို့ဆောင်ခံရတာတွေ ကြောင့် ဗမာမင်းတွေလက်အောက်  မြို့ဝန်စနစ်ဟာ ရခိုင်ပြည်သူတွေအတွက် ငရဲတမျှ ခံစားခဲ့ကြတယ်လို့ ဆိုပါတယ်။

ဗမာဘုရင် ရခိုင်ပြည်ကို အုပ်ချုပ်ပြီး (၄၁) နှစ်အကြာ ၁၈၂၆ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့  အင်္ဂလိပ် -မြန်မာ ပထမစစ်ပွဲမှာ ဗမာတို့ စစ်ရှုံးခဲ့တဲ့အတွက် ရခိုင်ပြည်ဟာ တနင်္သာရီတိုင်းနဲ့ အတူ အင်္ဂလိပ်တို့ လက်အောက်ကို ကျရောက်သွားခဲ့ပါတယ်။  အင်္ဂလိပ်တို့က ရမ်းဗြဲမြို့  ခရိုင်မြို့အဖြစ်နဲ့ အရေးပိုင်မင်းကြီး တစ်ဦးထားပြီး အုပ်ချုပ်ပါတယ်။ အဲဒီတုန်းက လက်ရှိ ခရိုင်မြို့ ကျောက်ဖြူဟာ ရွာသာသာလေး ရှိသေးပြီး ခရိုင်မြို့မဟုတ်သေးပါဘူး။ နောက်ပိုင်း ၁၈၅၂ ခုနှစ်မှာမှ  ရမ်းဗြဲနဲ့ အမ်းခရိုင်ကို ပေါင်းပြီး ကျောက်ဖြူခရိုင်လို့ ဖွဲ့စည်းတဲ့ အခါမှ ခရိုင်ဌာနချုပ်ရုံးကို ရမ်းဗြဲကနေ ကျောက်ဖြူမြို့သို့ ပြောင်းရွှေ့ခဲ့တာပါ။ ခုလို ပြောင်းရွှေ့လိုက်တဲ့အတွက် ရမ်းဗြဲမြို့ဟာ  မြို့နယ်ရုံးစိုက်ရာ မြို့အဖြစ်နဲ့သာ ကျန်ရစ်ခဲ့တာပါ။ ရမ်းဗြဲနဲ့ လက်ရှိခရိုင်မြို့ ကျောက်ဖြူဟာ မိုင် (၅၀) ခန့် ကွာဝေးပါတယ်။ အင်္ဂလိပ်တွေ ရခိုင်ကို သိမ်းပိုက်ပြီးတဲ့နောက် ရမ်းဗြဲမြို့ကို စတင်အုပ်ချုပ်စဉ်က  လူဦးရေဟာ ၃၈၉၂ ယောက်သာ ရှိတယ်လို့ ဆိုပါတယ်။

ရမ်းဗြဲမြို့ တည်ရှိရာ ရမ်းဗြဲကျွန်းကိုတော့ ဝမ်းဘဲ သဏ္ဍန်ရှိတဲ့ အတွက် ဝမ်းဘဲကျွန်းလို့ ရှေးက ခေါ်ဆိုတယ်လို့လည်း ဆိုပါတယ်။ ရမ်းပြည့်၊ ရမ္မာ၀တီလို့လည်း အမည်တွင်ပါသေးတယ်။  ရမ်းဗြဲမြို့ ခေါ် ရမ္မာ၀တီမြို့ဟာ  ရှေးရခိုင်ဘုရင်များလက်ထက်ကတည်းက တည်ထားခဲ့တဲ့ မြို့ဖြစ်တာကြောင့် ရန်သူတွေ အလွယ်တကူ မဝင်ရောက်နိုင်အောင် တောင်တန်းတွေ ကာရန်ထားတဲ့ အလယ်က မြေပြန့်လွှင်ပြင်ပေါ်မှာ  ရွေးချယ် တည်ထားခဲ့တာပါ။


 ယင်းကျွန်းမှာနေထိုင်ကြတဲ့ ဒေသခံတွေဟာ တံငါလုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းပြုကြပြီး ရွာငယ်လေးတွေလည်း အများအပြားရှိခဲ့ကြပါတယ်။ ရမ်းဗြဲကျွန်းလို့ သမိုင်းဝင်လူသိများလာတဲ့ အကြောင်းမှာတော့ ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၅ ခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတွင်  ရမ်းဗြဲကျွန်းမှာ အင်္ဂလိပ်တပ်တွေနဲ့ ဂျပန်တပ်တွေအကြား ပြင်းထန်တဲ့ တိုက်ပွဲများဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲအပြီးမှာတော့ အင်္ဂလိပ်စစ်သား နှင့် အရပ်သားများ မည်မျှသေဆုံးခဲ့တယ်ဆိုတာ မှတ်တမ်းမရှိဘဲ ဂျပန်စစ်သား ၁၀၀၀ခန့်ဟာ ကျွန်းပေါ်ကနေ ထွက်ပြေးသွားကြတယ်လို့လည်း ဖော်ပြခဲ့ပါတယ်။


ဂျပန်စစ်သားများပြေးသွားခဲ့တဲ့ ရမ်းဗြဲကျွန်းဟာ
 လမုရွှံနွံတောကြီးဖြစ်ပြီး ရေငံနေမိကျောင်းကြီးများကြီးစိုးရာ နေရာလည်းဖြစ်ပါတယ်။ ထိုမိကျောင်းကြီးများဟာ ပေါင် ၂၀၀၀ ခန့်အလေးချိန်စီးရှိကြပြီး အရှည် ပေ ၂၀ ကျော်အထိရှည်လျားတယ်လို့ ဆိုပါတယ်။ ဂျပန်တပ်သားများဟာ မိကျောင်းကြီးတွေရဲ့  ရက်ရက်စက်စက်သတ်ဖြတ်ခြင်းကို ခံသွားကြရတာကြောင့် အယောက် ၁၀၀၀ ကျော်ပါသွားတဲ့ ဂျပန်တပ်ဟာ ထက်ဝက်ကျော်သေဆုံးခဲ့ရပြီး ၅၂၀ ခန့်သာလွတ်မြောက်နိုင်ခဲ့ပါတယ်။လွတ်မြောက်လာသူ တော်တော်များများမှာလည်း ပြင်းထန်တဲ့ဒဏ်ရာဒဏ်ချက်များဖြင့် ဗြိတိသျှတပ်များရဲ့ ဖမ်းဆီးခြင်းကိုခံကြရတယ်လို့လည်း သိရပါတယ်။

ဒါပေမယ့် ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး သမိုင်းပညာရှင်တွေကြားမှာ အငြင်းပွားဖွယ်ရှိခဲ့ပါတယ်။ ဖော်ပြချက်တွေမှာ ဂျပန်စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ ဆိုပေမယ့် အတည်ပြုထားတဲ့ ဖော်ပြချက်မှာတော့ ရမ်းဗြဲမြို့အနီး "မင်းချောင်း" ချောင်းကို ဖြတ်ကူးစဉ်မှာ လူဦးရေ ၁၀ ဝန်းကျင်လောက်သာ မိကျောင်းတို့ရဲ့ သတ်ခြင်းခံရပြီး အများုဟာ ရေဓာတ်ခန်းခြောက်ခြင်း၊ ရေနစ်ခြင်း၊ ဗြိတိန်‌တွေရဲ့ သေနတ်ပစ်ခံရခြင်း၊ သွေးဝမ်းသွားခြင်း အပါအဝင် အခြား အကြောင်းအမျိုးမျိုးကြောင့် သေဆုံးနိုင်ခြေရှိတယ်လို့ ဆိုပါတယ်။

 ရမ်းဗြဲကျွန်းဒေသမှာ ၁၉၆၀ ပြည့်လွန်နှစ်များအထိ မိချောင်းအကောင်ရေများစွာ ရှိခဲ့ကြပေမယ့် နောက်ပိုင်းမှာ ဒေသခံတွေရဲ့ အမဲလိုက်ခဲ့ကြခြင်းကြောင့် အခုချိန်မှာ တစ်ကောင်တလေမျှတောင် မရှိတော့ပါဘူး။  လူတော်တော်များများဟာ ယခုအချိန်အထိ ဒီကျွန်းမှာ မိကျောင်းတွေ များစွာရှိနေသေးတယ်လို့ဆိုကာ ကမ္ဘာ့အန္တရာယ်အရှိဆုံး ကျွန်း‌‌တွေထဲက တစ်ခုအဖြစ်လည်း မှားယွင်းစွာ သိရှိနေကြတုန်းပဲဖြစ်ပါတယ်။ ၂၀၂၁ခုနှစ်တုန်းကလည်း Saltwater : The Battle For Ramree Island ဆိုတဲ့နာမည်နဲ့ ရုပ်ရှင်တစ်ကားထွက်ခဲ့ပါတယ်။ ဒီကားကြောင့်လည်း ရမ်းဗြဲကျွန်းဟာ ပြန်လည် နာမည်ကြီးခဲ့ဖူး‌ပါတယ်။


 'အင်း၊ ဗန်း၊ မျက်၊ ညောင်၊ ကိုရံတောင်၊ တောင်ရံငါးလုံး၊ ပိတ်ဖုံးကွယ်ကာ၊ မြို့ရမ္မာ' ဆိုတဲ့  စာဖွဲ့ထားတာနဲ့ အညီ ရမ္မာဝတီ ခေါ်တွင်တဲ့ ရမ်းဗြဲမြို့ကို အင်းတောင်၊ ဗဟန်းတောင်၊ ရေမျက်တောင်၊ ညောင်တောင်နှင့် ကိုရံတောင်တို့ က တံတိုင်းကြီးသဖွယ် ကာရန် ထားပါတယ်။  ပြင်ပကနေ ရန်သူတွေ မမြင်ရအောင် ပတ်ပတ်လည် တောင်တွေနဲ့ ဝိုင်းရံထားတဲ့ မြို့တစ်မြို့ ဖြစ်တာနဲ့ အညီ ကြည့်မြင်လေရာ နေရာတိုင်းမှာ မြူခိုဝေဆိုင်း တောင်တံတိုင်းတွေနဲ့ ရှုမငြိမ်းဖွယ်ရာ အလှပတွေ တည်ရှိနေတဲ့ မြို့တစ်မြို့လည်း ဖြစ်ပါတယ်။

ရမ်းဗြဲမြို့ဟာ ယခင်က လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် ဖွံဖြိုးတိုးတက်မှု နှေးကွေးခဲ့ရာကနေ လက်ရှိအချိန်မှာတော့ ကုန်းလမ်း၊ ရေလမ်းပါသွားလာလို့ လွယ်ကူလာတာကြောင့် ဖွံ့ဖြိုးတိုးတက်ဖို့ လူးလွန့်စပြုလာတဲ့ မြို့တစ်မြို့လည်းဖြစ်ပါတယ်။

လက်ရှိ ရမ်းဗြဲမြို့ပေါ်မှာတော့ ရပ်ကွက် ၆ ရပ်ကွက်ရှိပြီး မြို့နယ် တစ်ခုလုံးမှာ ကျေးရွာအုပ်စုပေါင်း ၅၁ အုပ်စုနဲ့ ကျေးရွာပေါင်း ၂၁၇ ရွာတည်ရှိပါတယ်။ လူဦးရေကတော့ ၂၀၁၈-၂၀၁၉ ခုနှစ် စာရင်းအရ ၉၈၃၇၀ ဦးရှိတယ်လို့ သိရပါတယ်။

 



ရမ်းဗြဲမြို့ပေါ်မှာ စတိုးဆိုင် (၂) ဆိုင်၊ ရွှေဆိုင် (၁၈) ဆိုင်၊ လျှပ်စစ်ပစ္စည်းဆိုင် (၉) ဆိုင်၊ ဖုန်း/ဖုန်းပစ္စည်း အရောင်းဆိုင် (၉) ဆိုင်၊ စာအုပ်ဆိုင် (၁) ဆိုင်၊ ဆေးဆိုင် (၁၂)ဆိုင်၊ စားသောက်ဆိုင် (၇) ဆိုင်၊ လဖက်ရည်ဆိုင် (၆)ဆိုင်၊ ကုန်မာဆိုင် (၂၀) ဆိုင်၊ စိုက်ပျိုးရေးပစ္စည်းဆိုင် (၂) ဆိုင်၊ ဆောက်လုပ်ရေး ပစ္စည်းဆိုင် (၈) ဆိုင်၊ ဆန်ဆိုင် (၁၀) ဆိုင်၊ အဝတ်အထည်ဆိုင် (၁၁၀) ဆိုင်၊ နိဗ္ဗာန်ကုန်ဆိုင် (၂) ဆိုင်တို့ တည်ရှိပါတယ်။

ရမ်းဗြဲမြို့နယ် တစ်ခုလုံးမှာ အထက်တန်းကျောင်း ၁၂ကျောင်း၊  အထက (ခွဲ) ကျောင်းပေါင်း (၂၃) ကျောင်း၊ အလက ကျောင်းပေါင်း (၁၄) ကျောင်း၊ အလက(ခွဲ)ကျောင်းပေါင်း (၁၄) ကျောင်း၊ မူလတန်းလွန် ကျောင်းပေါင်း (၁၉) ကျောင်း၊ မူလတန်းကျောင်းပေါင်း (၉၁) ကျောင်း မူလတန်း(ခွဲ) ကျောင်းပေါင်း (၁၁)ကျောင်းနဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၆) ကျောင်းရှိပါတယ်။

ကျန်းမာရေးကဏ္ဍ ဆေးရုံများ ရမ်းဗြဲမြို့ ပြည်သူ့ဆေးရုံ၊ လေးတောင်တိုက်နယ်ဆေးရုံ၊ ကျောက်နီမော် တိုက်နယ်ဆေးရုံ၊ စကုတိုက်နယ်ဆေးရုံ၊ ကုန်ဘောင်တိုက်နယ်ဆေးရုံ၊ မြေပုံတိုက်နယ် ဆေးရုံနဲ့  ကျေးလက် ကျန်းမာရေးဌာန / ဌာနခွဲတွေ အများအပြားတည်ရှိပါတယ်။

ရမ်းဗြဲမြို့နယ်ရဲ့ အသားတင်စိုက်ပျိုးဧရိယာပေါင်း ( ၅၁၃၇၃ )၊ လယ်မြေဧရိယာ ( ၄၀၀၉၅)၊  ကိုင်း/ကျွန်းမြေ (၁၃၇၈) ၊ ဥယျာဉ်မြေ ( ၅၆၂၂ )၊ ဓနိ (၁၈၆၃) ၊ တောင်ယာမြေ (၂၄၁၅)၊ ပလပ်ထားမြေ ဧရိယာပေါင်း (၈၁၇၀) ရှိတယ်လို့ဆိုပါတယ်။

ရမ်းဗြဲမြို့နယ်ဟာ တစ်ခြားဒေသတွေနဲ့ ယှဉ်ရင် ရခိုင်ဒေသအတွင်း စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးတဲ့ မြို့နယ်တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ မြို့နယ်အတွင်းက ဒေသခံ ပြည်သူ လူထုတွေကတော့  စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ဆောင်ရွက်ကြပါတယ်။  ဒါ့အအပြင် ငါး ပုစွန် မွေးမြူရေးလုပ်ငန်းတွေကို လည်း စီးပွားဖြစ်လုပ်ကိုင် ကြပါတယ်။  ရမ်းဗြဲမြို့နယ်ကို ကုန်လမ်း ရေလမ်းနဲ့ သွားလာနိုင်ပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်တဲ့ မြို့နယ်တစ်ခုလည်းဖြစ်ပါတယ်။  မြို့နယ်ရဲ့  အဓိကထွက်ကုန်တွေကတော့  ဆန်စပါး၊ ငပိ၊ ငါးခြောက် ဖြစ်ပြီ ဆန်စပါးထုတ်လုပ်မှုက မြို့နယ်တွင်း ပိုလျှံပြီး အခြားဒေသတွေကို  အများဆုံးတင်ပို့ရောင်းချပါတယ်။  ရမ်းဗြဲမြို့နယ်ဟာ လိုအပ်တဲ့ လူသုံးကုန်ပစ္စည်းတွေကိုတော့  ပြည်မကနေ အဓိက တင်သွင်းရပါတယ်။

ရမ်းဗြဲမြို့နယ်မှ ယခင်ကာလတုန်းကတော့ ဆန်စပါး အပါအဝင် မဲနယ်၊ သကြား၊ ထုံး နဲ့ ရေနံတွေ ထွက်တယ်လို့လည်း သိရပါတယ်။

အခုတော့ ရမ်းဗြဲမြို့လေးဟာ စစ်မက်ဇုန်ထဲမှာ ပါဝင်နေပြီး စစ်ကောင်စီရဲ့  အကြီးအကျယ် ဗုံးကြဲတိုက်ခိုက်မှုကို ခံနေပါတယ်။ ရမ်းဗြဲမြို့သူ မြို့သားတွေက စစ်ရိပ်စစ်ငွေ့သမ်းလာကတည်းက  မြို့ပေါ် ကနေ အိုးအိမ်တွေကို စွန့်ခွာထွက်ပြေးပြီး ဘေးလွတ်ရာမှာခိုလှုံနေကြရပါတယ်။

ဒီမြို့လေးရဲ့ အဓိက အထင်ကရနေရာတွေဖြစ်တဲ့  ကိုယ်ရံတောင်နဲ့ သိမ်တောင်တို့မှာ စစ်တပ်က ဝင်ရောက်နေရာယူ တပ်စွဲရာကနေ အဲဒီနေရာတွေကို ဇန်နဝါရီ ၂၄ ရက်နေ့က ရက္ခိုင့်တပ်တော်က ဝင်ရောက်တိုက်ခိုက်ရာကနေ တိုက်ပွဲတွေ စတင်ဖြစ်ပွားလာခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲဖြစ်တာဟာ ရက္ခိုင့်တပ်တော် (AA)နဲ့  မြန်မာစစ်ကောင်စီတပ်တို့အကြား ဖြစ်ပေမယ့် စစ်ကောင်စီလေတပ်ကတော့ လူမျိုးရေးမုန်းတီးမှု အငြိုးအတေးတွေနဲ့ အတူ စစ်ပွဲနဲ့ မဆိုင်တဲ့ လူနေရပ်ကွက်တွေကို နေ့တိုင်းလိုလို ပေါင် ၅၀၀ ဗုံးတွေနဲ့  ကြဲချနေတဲ့အတွက် သစ်ကောင်းဝါးကောင်းတွေနဲ့ တည်ဆောက်ထားတဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ နေအိမ်တွေဟာ တစ်လုံးပြီး တစ်လုံး မီးဟုန်းဟုန်းတောက်လောင်လျက် ရှိနေပါတယ်။

လက်ရှိနောက်ဆုံးရရှိတဲ့ သတင်းတွေအရ စစ်ကောင်စီဟာ ဓာတုအဆိပ်ငွေ့ပါတဲ့ ဗုံးတွေကို ကြဲချ တိုက်ခိုက်နေတဲ့အတွက် ဒေသခံတချို့ အသက်ရှုမ၀ဖြစ်ပြီး မွန်းကျပ်မှုတွေကို ခံစားနေကြရတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

အခုတော့ ရာဇဝင်ထဲကမြို့၊ ရှေးရိုးရာဓလေ့တွေနဲ့ မွေ့ပျော်နေတဲ့မြို့၊ ရခိုင်တွေရဲ့ နှလုံးသားထဲကမြို့၊ အိမ်ကြီးရခိုင်တွေနဲ့ လှပတင့်တယ် နေတဲ့မြို့၊ ပကတိ ရိုးသားဖြူစင်တဲ့ ဖေါ်ရွေသူတွေနေတဲ့မြို့၊ တောင်တံတိုင်းနဲ့ ရှုမငြိမ်းဖွယ်ရာ တည်ငြိမ်အေးချမ်းနေတဲ့မြို့၊ ရက္ခိတတရားတွေနဲ့ စည်ပင် ဝေစည်နေတဲ့ ရမ်းဗြဲမြို့လေးကတော့ အာဃာတတရားကြီးမားသူတွေရဲ့ ဂလဲ့စားချေမှုအောက်မှာ ဒဏ်ရာဒဏ်ချက် တွေနဲ့ မရှုမလှ ပျက်စီးယိုယွင်းသွားခဲ့ရပါပြီ။

ကိုးကား- ရခိုင်ရာဇဝင်သစ်ကျမ်း၊ ရခိုင်ပြည်ရှိမြို့များဖြစ်ပေါ်လာပုံသမိုင်း (ဦးအောင်လှသိန်း)၊  စာပေ ပြုစုသူ ကလောင်ရှင်- သျှင်မင်းခိုင်နှင့် ဝီကီပီးဒီးယား


 

Hi !

!

Popular posts from this blog

ဝေဝါးမှုတွေနဲ့အတူ မသေချာ မရေရာမှုများနဲ့ မြန်မာပြည်..။

  ဝါရင့်သတင်းစာဆရာကြီး လာရီယာဂန်က စစ်အာဏာသိမ်းမှု သုံးနှစ်ပြည့်တဲ့ ဖေဖော်ဝါရီ(၁)ရက်နေ့မှာ ဘန်ကောက်ပို့စ်သတင်းစာမှာ ဆောင်းပါးတစ်ပုဒ် ရေးသားလိုက်ပါတယ်။ ဆောင်းပါးခေါင်းစဉ်က Myanmar faces increasing uncertainty ပါ။ စစ်အာဏာသိမ်းပြီး သုံးနှစ်အကြာမှာ မြန်မာနိုင်ငံရဲ့အခြေအနေ ဘယ်လိုရှိသလဲ။ ရှေ့မှာ ဘာဖြစ်နိုင်သလဲ။ မှန်းဆထားတာပါ။ လက်ရှိ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်လို့ လာရီယာဂန်လည်း ဘာမှ မမှန်းဆနိုင်ပါဘူး။ သူပြောနိုင်တာ တစ်ခုက မြန်မာပြည်ဟာ မသေမချာ မရေမရာမှုတွေ အများကြီးနဲ့ ဆက်ပြီး ရင်ဆိုင်နေရဦးမယ်ဆိုတဲ့ ကောက်ချက်ပါ။ မြန်မာစစ်တပ်က ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရကို စစ်အာဏာသိမ်းခဲ့တာ ခု ဖေဖော်ဝါရီ(၁)ရက်မှာ သုံးနှစ်တိတိ ပြည့်ခဲ့ပြီဖြစ်ကြောင်း၊ သုံးနှစ်အတွင်း တိုင်းပြည်ဟာ အဖက်ဖက်က ယိုယွင်းပျက်စီးသွားပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေ တိုးပွါးနေကြောင်း၊ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ပီဒီအက်ဖ်တွေကြား တိုက်ပွဲတွေကြောင့် ပြည်သူသန်းပေါင်းများစွာ အိုးပစ်အိမ်ပစ် ထွက်ပြေးနေရကြောင်း လာရီယာဂန်က ရေးသားပါတယ်။ ...

ကရင်ပြည်နယ်ပုံရိပ်ကို ထိခိုက်စေသဖြင့် ရွှေကုက္ကိုလ်ကို တိုက်ခိုက်ရဟု KTLA ပြော

  ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ ရွှေကုက္ကိုလ်မြို့သစ်သည် ပြည်နယ်ဖွံဖြိုးမှု မဖြစ်စေဘဲ ပျက်ဆီးမှုကိုသာ ဖြစ်စေသဖြင့် တိုက်ခိုက်ရခြင်း ဖြစ်ကြောင်း ကော်သူးလေတပ် (KTLA) က ဧပြီ ၇ ရက်တွင် ကြေညာသည်။ Facebookတွင် ပျံ့နှံလာသော KTLA ဗဟိုဌာနချုပ် ရုံးထိုင်မှူး စောဝါးနေမူး လက်မှတ်ထိုးထားသည့် ကြေညာချက်အရ ရွှေကုက္ကိုလ်မြို့သည် မူးယစ်ဆေးဝါး ဖြန့်ဖြူးသုံးစွဲရောင်းချနေပြီး တိုင်းရင်းသူ အမျိုးသမီးများကို ပြည့်တန်ဆာအဖြစ် လိမ် လည်လှည့်ဖြားစေခိုင်းနေသည့် နေရာဖြစ်နေသလို စစ်ကောင်စီအတွက် တရားမဝင်ငွေကြေးများ ရှာဖွေပေးသည့် နေရာ ဖြစ်၍ ပြည်ပမှ အလုပ်သမားများကိုလည်း လိမ်လည်ခေါ်ဆို ခိုင်းစေမှုများ ရှိနေသဖြင့် KTLA အနေနှင့် ကရင်ပြည်နယ် အကျိုးအတွက် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း၊ ထို့အတွက် ရွှေကုက္ကိုလ်တွင် နေထိုင်သည့် ပြည်သူများအနေနှင့် တိုက်ပွဲ ဧရိယာမှ ရှောင်ပေးကြရန် ထုတ်ပြန်ထားသည်။ ထိုကြေညာချက်နှင့် ပတ်သက်၍ ပိုမိုသိရှိနိုင်ရန် KTLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောနယ်ဒါးမြကို ဧရာဝတီက ဖုန်းဖြင့်ဆက် သွယ်ခဲ့ရာ ၎င်း အလုပ်များနေသဖြင့် နောက်မှ ပြန်လည်ဆက်သွယ်ရန် ပြောဆိုသည်။ ကော်သူးလေတပ်နှင့် နီးစပ်သည်...

မြန်မာနိုင်ငံမှာရှိတဲ့ ဗမာလူမျိုး ပေါ်ပေါက်ပုံ အကြောင်း

  ဗမာလူမျိုး ပေါ်ပေါက်လာပုံ သမိုင်းကြောင်း – တိဘက်တို ဘားမန်းလူမျိုးနွယ်စုကြီး မှ အကြီးဆုံးသောလူမျိုးဖြစ်သည်။ ယနေ့ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းသို့ နာဂ၊ သက်၊ ကမ်းယံ၊ပျူ တို့နောက်မှ ဝင်ရောက်လာခြင်းဖြစ်သော်လည်းပျူတို့ ထူထောင်သည့် ပထမပြည်ထောင်စုကို အေဒီ ၈ ရာစုတွင် နန်ကျောက်တို့က ဖျက်စီးပြီးချိန် မတိုင်မှီက ပင် ရောက်ရှိနေထိုင်နေခဲ့ပြီးဖြစ်သည်ဟုခန့်မှန်း၍ရနိုင်သည်။အေဒီ ၁၀ ရာစုမတိုင်မှီ အချိန်ကပင် ကျောက်ဆည် ၁၁ ခရိုင်တွင် အခြေချခဲ့ပြီး နောက်များမကြာမှီ တွင်မြစ်သာ ၆ ခရိုင် ၊ ပုဂံ နေပြည်တော်တို့ကို ထူ ထောင်ကာဒုတိယမြန်မာပြည်ထောင်စုကို တည်ထောင်ခဲ့ကြသည်။ သို့သော် မြန်မာနိုင်ငံသားတို့က ထိုပြည်ထောင်စုကိုသာပထမပြည် ထောင် စုအဖြစ် လက်ခံကြသည်။သမိုင်းတစ်လျောက်တွင် မွန်ဂို၊ တရုတ်၊ ယိုးဒယား၊ မွန်၊ ရခိုင်၊ ရှမ်း၊ ကရင် အစရှိသည့် အတွင်း၊ အပြင်ရန်အမျိုးမျိုးနှင့်ကြုံတွ့ခဲ့ဖူးပြီးအကြိမ်တိုင်းတွင် ပြည်ထောင်စု၏ ဦးဆောင်သူနေရာကို ဗမာတို့ ပြန်လည်ကာ ရောက်ရှိနိုင်ခဲ့သည်။အနော်ရထာ၏ ပထမပြည်ထောင်စု(ပထမမြန်မာနိုင်ငံတော်ကြီး)၊ တပင်ရွှေထီး-ဘုရင့်နောင်တို့ ၏ ဒုတိယပြည်ထောင်စု (ဒုတိယ မြန်မာနိုင်ငံတော်ကြီး)၊အလောင်းဘုရား၏ တတိ...

မြန်မာပြည်မြေပုံကို အပြောင်းခံကြမှာလား

  ကမ္ဘာ့သမိုင်းကို ပြန်လေ့လာကြည့်မယ်ဆိုရင် အိမ်နီးချင်းနိုင်ငံတွေအဖြစ် နှစ်ပေါင်းများစွာ အတူတကွ ယှဉ်တွဲ ရပ်တည်နေကြပြီးမှ ဝေးကွာသွားကြတဲ့ နိုင်ငံတွေ ရှိခဲ့တယ်ဆိုတာ တွေ့နိုင်ပါတယ်။ ကျွန်တော်တို့အတွက် အထင်ရှားဆုံး ဥပမာတစ်ခုရှိပါတယ်။ အဲဒါကတော့ မြန်မာနဲ့ ပါကစ္စတန်တို့ဟာ ယခင်က နယ်မြေချင်း ထိစပ်နေကြတဲ့ အိမ်နီးချင်း နိုင်ငံတွေပါ။ သို့သော် ၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံအသစ် ပေါ်ပေါက်လာချိန်မှာတော့ အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားခဲ့ကြပါတယ်။ ယခင်က အိမ်နီးချင်းဖြစ်ခဲ့လို့ ထင်ပါတယ်၊ မြန်မာနဲ့ ပါကစ္စတန်တို့ရဲ့ ဆက်ဆံရေးဟာ ကောင်းမွန်နေကြဆဲဆိုတာ သက်သေ၊ သာဓကများစွာ ရှိပါတယ်။ အဲဒီလို အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားရခြင်းဟာ သူတို့ရဲ့ ပြည်တွင်းရေးသာ ဖြစ်တဲ့အတွက် အထူးအထွေ ဝေဖန်ရန် မရှိပါ။ သို့သော် လက်ရှိအခြေအနေမှာ မြန်မာရဲ့ အိမ်နီးချင်း (၅) နိုင်ငံရှိနေရာက မတူညီတဲ့ အိမ်နီးချင်းနိုင်ငံသစ်တွေ ထပ်မံ ပေါ်ပေါက်လာဖို့ လုပ်ဆောင်နေကြတာတွေ မြင်နေရပါပြီ။ ဒီတစ်ကြိမ်ကတော့ ကျွန်တော်တို့ရဲ့ ပြည်တွင်းရေးဖြစ်တဲ့အတွက် အလေးထားရပါတော့မယ်။ ရှိပြီးသား အိမ်နီးချင်း (၅) နိုင်ငံနဲ့ မြန်မာတို့အကြား ကျွန်တော်တိ...

မြန်မာ ဒုကာကွယ်ရေးဝန်ကြီး ထောင်ထဲရောက်ပြီ

  မြန်မာ ဒုကာကွယ်ရေးဝန်ကြီး ထောင်ထဲရောက်ပြီ မတ်လ ၂၈ ရက် ၂၀၂၄ ခုနှစ် နံနက် ၁၀ နာရီ ၂၀ သတင်း ================================= ကာကွယ်ရေး ဒု-ဝန်ကြီး ဖြစ်သူ ဗိုလ်ချုပ်အောင်လင်းထွန်းကို ကျားဖြန့်လုပ်ငန်းနဲ့ ပတ်သက်တယ်ဆိုပြီး မနေ့ည မတ်လ ၂၇ ရက်နေ့ည ၁၁ နာရီတွင် စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့မှ သွားရောက်ဖမ်းဆီးခဲ့ကြပါတယ်။ အဆိုပါ ဖမ်းဆီးချိန်တွင် ဒုကာကွယ်ရေးဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်အောင်လင်းထွန်းသည် အရက်မူးနေပြီး အသာတကြည် လိုက်လာခြင်းမရှိပဲ … ပုဆိုးလှန်ပြီး ဆဲဆိုနေခြင်းကြောင့် စစ်ဘက်လုံခြုံရေးအဖွဲ့မှ ရိုက်နှက်ခဲ့ရာ.. သွား အချို့ ကျွတ်သွားပြီး ပါးစပ်တခုလုံး သွေးများနီရဲနေသည်။ “အဲ့ကောင် ပါးစပ်က သွေးမတိတ်ခင် ရမဲသင်းထောင်ပို့လိုက်စမ်း” လို့ အထက် အမိန့်ပေးလိုက်တော့ အခု ရမဲသင်းထောင်ရောက်နေပြီဖြစ်ကြောင်း မြန်မာအမေရိကန် သတင်းဌာနမှ စုံစမ်းသိရှိရသည်။ ဂိုလ်ရှယ်လေး

စစ်တပ်မှ အာဏာသိမ်းထားသည့် ၃ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ထောင်သားဘဝ

                           ဖေဖော်ဝါရီလ ၁ ရက်နေ့သည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့အတွက် အနှောက်အယှက်ဖြစ်စေသူဟု ယူဆသည့် ရွေးကောက်ခံအစိုးရ ခေါင်းဆောင်နှင့် နိုင်ငံသမိုင်းတွင် အညီညွတ်ဆုံးဖြစ်စေခဲ့သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာမှဖယ်ရှားပြီး မအောင်မြင်သော အာဏာသိမ်းမှု ပြုလုပ်သည့် သုံးနှစ်မြောက်နေ့ ဖြစ်သည်။ ရက်ပေါင်း ၁၀၉၅ ရက်ကျော် ကြာသော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် မြို့တော်နှင့် စစ်တပ်ဗဟိုဌာနချုပ် နေပြည်တော် အနောက်တောင်ဘက်အစွန်းမှ ထောင်တခုတွင် တဦးတည်း ဆက်လက် ဖမ်းဆီးချုပ်နှောင်ခံနေရသည်။ သူ့အတွက် တခုတည်းသော ထောင်ပြင်ထွက်ရချိန်သည် လွန်ခဲ့သောနှစ်အတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စတာ ဒွန် ပရာမတ်ဝီနိုင်နှင့် တွေ့ရသည့် တိုတောင်းသော ကာလဖြစ်ပြီး သူ့ကို ချမှတ်ထားသည့် ထောင်သက်တမ်းကိုလည်း ၃၃ နှစ်မှ ၂၇ နှစ်သို့ လွန်ခဲ့သောနှစ်က လျှော့ချပေးသည်။ အာဏာသိမ်းမှု နှစ်ပတ်လည်သည် ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းနည်းစရာကောင်းသော လက်ရှိအခြေအနေနှင့် ဝေဝါးနေသည့် အနာဂတ်ကို မီးမောင်းထိုးပ...

ပဲခူးတိုင်း မင်းလှမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွား

  မင်းလှတွင် ၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲ ၆ ကြိမ် အတွင်း စစ်တပ်ဘက်မှ စစ်သား ၈၀ ဦးကျော်သေဆုံး ရန်ကုန်၊ မတ် ၁၁ ပဲခူးတိုင်း၊ မင်းလှမြို့နယ်အတွင်း ၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲ ၆ ကြိမ် အတွင်း စစ်တပ်ဘက်မှ ၈၀ ကျော်သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ မတ်လ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ ဧက ၁၀၀၀ ကျွန်း စိုက်ခင်း ကျုံးပေါက်အနီး၌ စစ်ကြောင်း ထိုးလာသော အင်အား ၁၂၀ ပါ စစ်ကောင်စီ တပ်သားများကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ နှင့် ဒဂုံစစ်ကြောင်းတို့က စောင့်ကြို တိုက်ခိုက်ခဲ့ရာ အပြန်အလှန် တိုက်ပွဲ ၂ နာရီကျော် ကြာမြင့်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်ဘက်မှ ၂၀ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။ ယင်းနေ့ ညနေ ၅ နာရီခန့်အချိန် မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်းပေါ်ရှိ ဟိုင်းယု လမ်းဆုံတွင် တပ်ဆွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ နှင့် တပ်ခွဲ ၃ တို့က လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ရှောင်တခင် သွားရောက် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၃ နာရီခန...

တပ်မလက်ရွေးစဉ် ဘီလူးစစ်ကြောင်းဆိုသည်မှာ .....

    “ဒီစစ်ကြောင်းက စစ်တိုက်ဖို့ဆိုတာထက် လူတွေကိုသတ်၊ မုဒိမ်းကျင့်ဖို့ အဲ့လိုမျိုးတွေလုပ်ဖို့ အဓိကလာတဲ့ စစ်ကြောင်းပါ။ လူမဆန်တဲ့ လုပ်ရပ်တွေကို အဓိကလုပ်တာ” မြောင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) က ကိုနွေဦးက စစ်ကိုင်းဒေသအတွင်း စစ်ရာဇဝတ်မှုများကို ကျူးလွန်ချိုးဖောက်နေသည့် ဘီလူးစစ်ကြောင်း၏ လုပ်ရပ်များကို ပြောဆိုသွားခြင်းဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြည်သူများကို ရက်ရက်စက်စက် ခေါင်းဖြတ်သတ်သည့် စစ်ကြောင်း၊ အစုလိုက် အပြုံလိုက် သတ်သည့်စစ်ကြောင်း၊ မုဒိမ်းမှုများကို ကျူးလွန်နေသည့် စစ်ကြောင်းဟု ဆိုလိုက်ပါက လူတိုင်းက ဆိုးဆိုးရွာရွား နာနာကျည်းကျည်း အမှတ်ရနေသည့် စစ်ကြောင်းမှာ ဘီလူးစစ်ကြောင်းပင် ဖြစ်သည်။ ရက်စက်မှုအပေါင်း သရဖူဆောင်းထားသည့် ဘီလူးစစ်ကြောင်းသည် ယခုနှစ် ဩဂုတ်လ တတိယပတ်မှ စက်တင်ဘာလ ဒုတိယပတ်ထိ စစ်ကိုင်း၊ ရွှေဘို၊ ဝက်လက်နယ်များသို့ စစ်ကြောင်းထိုး ဝင်ရောက်ပြီးနောက် ပြည်သူများကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်။ 'စစ်ကိုင်း၊ ရွှေဘို၊ ဝက်လက်နယ်ထဲ ဘီလူးစစ်ကြောင်း၏ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သည့် အခြေအနေများ' မန္တလေး-ရွှေဘို-မြစ်ကြီ...

ရှမ်းမြောက်က ကျားဖြန့် ဇာတ်သိမ်းခန်း

  ဇန်နဝါရီ ၃၀ ရက်တွင် မြန်မာနိုင်ငံ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက တရုတ် အစိုးရထံ မြန်မာနိုင်ငံမြောက်ပိုင်း ကျားဖျန့် လုပ်ငန်းများတွင် အဓိက ကြိုးကိုင်သူများဟု သတ်မှတ်ထားသည့် ပယ်စောက်ချိန်အပါအဝင် ခြောက်ဦးနှင့် အခြားအရေးကြီးသံသယရှိ သူ လေးဦးကို လွှဲပြောင်းပေးခဲ့သည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ဇန်နဝါရီ ၃၀ ရက်တွင် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးအဖွဲ့ အစည်းထံသို့မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့် ဒေသ အွန်လိုင်းလိမ်လည်မှုအဖွဲ့၏ အဓိက ခေါင်းဆောင် ခြောက်ဦးဖြစ်သည့် ပယ် စောက်ချိန်၊ ပယ်ရင်ချန်၊ဝေ့ဟွိုင်ရန်၊ လျိုကျန့် ရှန်၊ လျိုကျန့်မောက်၊ ရွှီလောက်ဖာနှင့် အခြား အရေးကြီး ပြစ်မှုကျူးလွန်ကြောင်းသံသယရှိ သူ လေးဦးအား တရားဥပဒေနှင့်အညီ လွှဲ ပြောင်းပေးအပ်ခဲ့ပြီး အဆိုပါ ၁၀ ဦးကို ယင်း နေ့ညတွင်ပင် တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့ သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ခဲ့သည်။ ယင်းသို့ မြန်မာနိုင်ငံမြောက်ပိုင်းရှိ ကျား ဖျန့်လုပ်ငန်းများတွင် အဓိကတာဝန်ရှိသူဟု တရုတ်အစိုးရက သတ်မှတ်ထားသည့် ပယ် စောက်ချိန် အပါအဝင် ခြောက်ဦးအား လွှဲ ပြောင်းပေးအပ်ခြင်းမှာ တရုတ်-မြန်မာ နှစ် နိုင်ငံ၏ န...

အာဆီယံ-သြစတြေးလျ ထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီ ကိုယ်စားလှယ်တက်မည်

 စစ်ဗိုလ်ချုပ်များခန့်ထားသည့် သံအမတ်က မဲလ်ဘုန်းမြို့တွင် ၃ ရက်ကြာ ကျင်းပမည့် ဒေသတွင်း အထူးထိပ်သီးအစည်းအဝေးကာလအတွင်း ဆွေးနွေးပွဲ ၂ ခုကို တက်မည်ဟု သိရှိရသည်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသည့် အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသည့် သြစတြေးလျ ဝန်ကြီးချုပ် Anthony Albanese ကို တွေ့ရစဉ်။ သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် မတ်လ ၄ ရက်မှ ၆ ရက်အထိ ကျင်းပမည့် အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီကိုယ်စားလှယ် တက်ရောက်မည်ဟု သိရသည်။ အစည်းအဝေးကာလတွင် ပြုလုပ်မည့် ရေကြောင်းပူးပေါင်းဆောင်ရွက်ရေးညီလာခံ၊ ရာသီဥတုနှင့် သန့်ရှင်းသောစွမ်းအင်ဆိုင်ရာ ဖိုရမ်တို့ကို ကင်ဘာရာမြို့ မြန်မာသံရုံးမှ စစ်ကောင်စီခန့် သံအမတ် ဦးသက်ထွန်း တက်ရောက်မည်ဖြစ်သည်။  အခြား ဆက်စပ်အစည်းထိပ်သီးအစည်းအဝေးများသို့ စစ်ကောင်စီကိုယ်စားပြုကိုယ်စားလှယ် တက်မည်၊ မတက်မည်ကိုမူ သြစတြေးလျ နိုင်ငံခြားရေးနှင့် ကုန်သွယ်မှုဌာနက ပြောဆိုခြင်းမရှိပေ။ ...

Click !