Skip to main content

Continue !

ရမ်းဗြဲ (သို့မဟုတ်) ရာဇဝင်ထဲကမြို့


 

 ရခိုင်ပြည်က ရမ်းဗြဲမြို့ဟာ ရခိုင်သမိုင်းထဲက အရေးပါတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ ရခိုင်တို့ရဲ့ အထင်ကရ ရှေးဟောင်းမြို့တွေအထဲမှာ ရမ်းဗြဲမြို့လည်း တစ်မြို့ အပါအဝင်ဖြစ်ပါတယ်။ ရခိုင်နောက်ဆုံးဘုရင် မဟာသမ္မတရာဇာဟာ ရမ်းဗြဲမြို့စားဘ၀ကနေ ရခိုင်ပြည်ရှင်မင်း ဖြစ်လာခဲ့တာပါ။ သမိုင်းရာဇဝင်ထဲမှာ ရမ်းဗြဲနယ်က ထင်ရှားကျော်ကြားတဲ့ အမျိုးသမီးနှစ်ဦးလည်း ရှိပါသေးတယ်။ တစ်ဦးကတော့ မဟာသမ္မတရာဇာရဲ့ မိဖုရား မြသန္တာဖြစ်ပြီး နောက်တစ်ဦးက မင်းဗာ ဘုရင်ရဲ့ မိဖုရားစောမဲကျီ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ရမ်းဗြဲမြို့ပေါ်မှာရော ရမ်းဗြဲနယ်တကြောမှာပါ  ရှေးခေတ်ဘိုးဘွားတွေ တည်ထားခဲ့တဲ့  စေတီပုထိုး ကျောင်းကန် ဇရပ် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် လက်ရာတွေကို အခုအချိန်ထိ အစီအရီ တွေ့မြင်နိုင်ပါသေးတယ်။ ရမ်းဗြဲ မြို့ပေါ်မှာ ဆိုရင်လည်း ကိုယ်ရံတောင်စေတီအပါအဝင် ရှေးဟောင်း စေတီပုထိုးတွေ၊ မိဖုရားမြသန္တာရဲ့  အရိုးအုတ်ဂူတွေက ရခိုင့် နန်းငွေ့ နန်းရိပ် အငွေ့အသက်တွေနဲ့ လွင့်ပျံ့နေဆဲဖြစ်ပါတယ်။ ဗမာဘုရင်ကျူးကျော်သူတွေဆီမှာ စစ်ရှုံးခဲ့ရတဲ့ ရခိုင်ဘုရင် မဟာသမ္မတရာဇာရဲ့ မိဖုရား မြသန္တာရဲ့ ထုံးဖြူဖြူအုတ်ဂူလေးကတော့ သူမရဲ့  နိဂုံးမလှဖြစ်ခဲ့ရတဲ့ ရင်နှင့်ကြေကွဲဖွယ်ရာ အတိတ်သမိုင်းကို ဖော်ကျူးပြသနေသလို သူမရဲ့  ဘ၀နဲ့ ရင်းပြီး ပေးဆပ်ခဲ့ရတဲ့ ဖြစ်ရပ်ဆိုးကလည်း ရခိုင်လူမျိုးတို့ရဲ့  နှလုံးသားထဲမှာ နာကျည်းခံပြင်းစရာ အစိုင်အခဲအဖြစ် အခုအချိန်ထိ တည်ရှိနေဆဲဖြစ်ပါတယ်။

ကောဇာသက္ကရာဇ် ၁၁၄၆ ခုနှစ် ပြာသိုလဆုတ် ၇ ရက် (အေဒီ ၁၇၈၅ ခုနှစ်) မှာ ရခိုင်မင်းနေမြို့တော်မြောက်ဦး ဗမာဘုရင်လက်အောက် ကျရောက်သွားခဲ့ပြီးနောက် ရခိုင်ဘုရင် မဟာ သမ္မတရာဇာနဲ့ မိဖုရား မြသန္တာတို့ဟာ အမရပူမြို့ကို ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရပါတယ်။ စစ်ရှုံးနိမ့်ခဲ့ရတဲ့ ရခိုင်ဘုရင့် မဟာသမ္မတရာဇာရဲ့ နောက်ဆုံးနိဂုံးရဲ့ ဖြစ်ရပ်ကလည်း ထပ်တူရင်နှင့်စရာပါ။ သူရဲ့ ချစ်ဇနီး မိဖုရားမြသန္တာကို ဗမာဘုရင်ရဲ့ ဖိအားနဲ့ ငွေအသပြာ ၁၀၀၀ နဲ့ ကွာရှင်းပေးခဲ့ရတဲ့ ဖြစ်စဉ်တွေကလည်း သမိုင်းမှာ အထင်အရှားရှိနေဆဲဖြစ်ပြီး ရင်နှင့်ကြေကွဲဖွယ်ရာ ချစ်သူနှစ်ဦးရဲ့ တစ်ဦးကို တစ်ဦး ချစ်လျက်နဲ့ ကျောခိုင်းခဲ့ရတဲ့ ဖြစ်ရပ်ကလည်း  စစ်ရှုံးဘုရင်တစ်ပါးရဲ့ လွမ်းမောဖွယ်ရာဇာတ်လမ်း တစ်ပုဒ်ပါပဲ။



ရခိုင်ဘုရင့်နိုင်ငံတော်ကျဆုံးခဲ့ပြီးနောက် ဗမာဘုရင်တွေက ရခိုင်ကို မြို့ဝန်စနစ်နဲ့ အုပ်ချုပ်ခဲ့ရာမှာ ရမ်းဗြဲမှာလည်း မြို့ဝန်တစ်ဦးထားပြီး အုပ်ချုပ်ခဲ့ပါတယ်။ ကြီးလေးတဲ့ လူခွန်၊ မြေခွန်တွေကအစ ယိုးဒယားကို စစ်ချီတက်ဖို့ လူတွေစုဆောင်းပို့ဆောင်ခံရတာတွေ ကြောင့် ဗမာမင်းတွေလက်အောက်  မြို့ဝန်စနစ်ဟာ ရခိုင်ပြည်သူတွေအတွက် ငရဲတမျှ ခံစားခဲ့ကြတယ်လို့ ဆိုပါတယ်။

ဗမာဘုရင် ရခိုင်ပြည်ကို အုပ်ချုပ်ပြီး (၄၁) နှစ်အကြာ ၁၈၂၆ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့  အင်္ဂလိပ် -မြန်မာ ပထမစစ်ပွဲမှာ ဗမာတို့ စစ်ရှုံးခဲ့တဲ့အတွက် ရခိုင်ပြည်ဟာ တနင်္သာရီတိုင်းနဲ့ အတူ အင်္ဂလိပ်တို့ လက်အောက်ကို ကျရောက်သွားခဲ့ပါတယ်။  အင်္ဂလိပ်တို့က ရမ်းဗြဲမြို့  ခရိုင်မြို့အဖြစ်နဲ့ အရေးပိုင်မင်းကြီး တစ်ဦးထားပြီး အုပ်ချုပ်ပါတယ်။ အဲဒီတုန်းက လက်ရှိ ခရိုင်မြို့ ကျောက်ဖြူဟာ ရွာသာသာလေး ရှိသေးပြီး ခရိုင်မြို့မဟုတ်သေးပါဘူး။ နောက်ပိုင်း ၁၈၅၂ ခုနှစ်မှာမှ  ရမ်းဗြဲနဲ့ အမ်းခရိုင်ကို ပေါင်းပြီး ကျောက်ဖြူခရိုင်လို့ ဖွဲ့စည်းတဲ့ အခါမှ ခရိုင်ဌာနချုပ်ရုံးကို ရမ်းဗြဲကနေ ကျောက်ဖြူမြို့သို့ ပြောင်းရွှေ့ခဲ့တာပါ။ ခုလို ပြောင်းရွှေ့လိုက်တဲ့အတွက် ရမ်းဗြဲမြို့ဟာ  မြို့နယ်ရုံးစိုက်ရာ မြို့အဖြစ်နဲ့သာ ကျန်ရစ်ခဲ့တာပါ။ ရမ်းဗြဲနဲ့ လက်ရှိခရိုင်မြို့ ကျောက်ဖြူဟာ မိုင် (၅၀) ခန့် ကွာဝေးပါတယ်။ အင်္ဂလိပ်တွေ ရခိုင်ကို သိမ်းပိုက်ပြီးတဲ့နောက် ရမ်းဗြဲမြို့ကို စတင်အုပ်ချုပ်စဉ်က  လူဦးရေဟာ ၃၈၉၂ ယောက်သာ ရှိတယ်လို့ ဆိုပါတယ်။

ရမ်းဗြဲမြို့ တည်ရှိရာ ရမ်းဗြဲကျွန်းကိုတော့ ဝမ်းဘဲ သဏ္ဍန်ရှိတဲ့ အတွက် ဝမ်းဘဲကျွန်းလို့ ရှေးက ခေါ်ဆိုတယ်လို့လည်း ဆိုပါတယ်။ ရမ်းပြည့်၊ ရမ္မာ၀တီလို့လည်း အမည်တွင်ပါသေးတယ်။  ရမ်းဗြဲမြို့ ခေါ် ရမ္မာ၀တီမြို့ဟာ  ရှေးရခိုင်ဘုရင်များလက်ထက်ကတည်းက တည်ထားခဲ့တဲ့ မြို့ဖြစ်တာကြောင့် ရန်သူတွေ အလွယ်တကူ မဝင်ရောက်နိုင်အောင် တောင်တန်းတွေ ကာရန်ထားတဲ့ အလယ်က မြေပြန့်လွှင်ပြင်ပေါ်မှာ  ရွေးချယ် တည်ထားခဲ့တာပါ။


 ယင်းကျွန်းမှာနေထိုင်ကြတဲ့ ဒေသခံတွေဟာ တံငါလုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းပြုကြပြီး ရွာငယ်လေးတွေလည်း အများအပြားရှိခဲ့ကြပါတယ်။ ရမ်းဗြဲကျွန်းလို့ သမိုင်းဝင်လူသိများလာတဲ့ အကြောင်းမှာတော့ ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၅ ခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတွင်  ရမ်းဗြဲကျွန်းမှာ အင်္ဂလိပ်တပ်တွေနဲ့ ဂျပန်တပ်တွေအကြား ပြင်းထန်တဲ့ တိုက်ပွဲများဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲအပြီးမှာတော့ အင်္ဂလိပ်စစ်သား နှင့် အရပ်သားများ မည်မျှသေဆုံးခဲ့တယ်ဆိုတာ မှတ်တမ်းမရှိဘဲ ဂျပန်စစ်သား ၁၀၀၀ခန့်ဟာ ကျွန်းပေါ်ကနေ ထွက်ပြေးသွားကြတယ်လို့လည်း ဖော်ပြခဲ့ပါတယ်။


ဂျပန်စစ်သားများပြေးသွားခဲ့တဲ့ ရမ်းဗြဲကျွန်းဟာ
 လမုရွှံနွံတောကြီးဖြစ်ပြီး ရေငံနေမိကျောင်းကြီးများကြီးစိုးရာ နေရာလည်းဖြစ်ပါတယ်။ ထိုမိကျောင်းကြီးများဟာ ပေါင် ၂၀၀၀ ခန့်အလေးချိန်စီးရှိကြပြီး အရှည် ပေ ၂၀ ကျော်အထိရှည်လျားတယ်လို့ ဆိုပါတယ်။ ဂျပန်တပ်သားများဟာ မိကျောင်းကြီးတွေရဲ့  ရက်ရက်စက်စက်သတ်ဖြတ်ခြင်းကို ခံသွားကြရတာကြောင့် အယောက် ၁၀၀၀ ကျော်ပါသွားတဲ့ ဂျပန်တပ်ဟာ ထက်ဝက်ကျော်သေဆုံးခဲ့ရပြီး ၅၂၀ ခန့်သာလွတ်မြောက်နိုင်ခဲ့ပါတယ်။လွတ်မြောက်လာသူ တော်တော်များများမှာလည်း ပြင်းထန်တဲ့ဒဏ်ရာဒဏ်ချက်များဖြင့် ဗြိတိသျှတပ်များရဲ့ ဖမ်းဆီးခြင်းကိုခံကြရတယ်လို့လည်း သိရပါတယ်။

ဒါပေမယ့် ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး သမိုင်းပညာရှင်တွေကြားမှာ အငြင်းပွားဖွယ်ရှိခဲ့ပါတယ်။ ဖော်ပြချက်တွေမှာ ဂျပန်စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ ဆိုပေမယ့် အတည်ပြုထားတဲ့ ဖော်ပြချက်မှာတော့ ရမ်းဗြဲမြို့အနီး "မင်းချောင်း" ချောင်းကို ဖြတ်ကူးစဉ်မှာ လူဦးရေ ၁၀ ဝန်းကျင်လောက်သာ မိကျောင်းတို့ရဲ့ သတ်ခြင်းခံရပြီး အများုဟာ ရေဓာတ်ခန်းခြောက်ခြင်း၊ ရေနစ်ခြင်း၊ ဗြိတိန်‌တွေရဲ့ သေနတ်ပစ်ခံရခြင်း၊ သွေးဝမ်းသွားခြင်း အပါအဝင် အခြား အကြောင်းအမျိုးမျိုးကြောင့် သေဆုံးနိုင်ခြေရှိတယ်လို့ ဆိုပါတယ်။

 ရမ်းဗြဲကျွန်းဒေသမှာ ၁၉၆၀ ပြည့်လွန်နှစ်များအထိ မိချောင်းအကောင်ရေများစွာ ရှိခဲ့ကြပေမယ့် နောက်ပိုင်းမှာ ဒေသခံတွေရဲ့ အမဲလိုက်ခဲ့ကြခြင်းကြောင့် အခုချိန်မှာ တစ်ကောင်တလေမျှတောင် မရှိတော့ပါဘူး။  လူတော်တော်များများဟာ ယခုအချိန်အထိ ဒီကျွန်းမှာ မိကျောင်းတွေ များစွာရှိနေသေးတယ်လို့ဆိုကာ ကမ္ဘာ့အန္တရာယ်အရှိဆုံး ကျွန်း‌‌တွေထဲက တစ်ခုအဖြစ်လည်း မှားယွင်းစွာ သိရှိနေကြတုန်းပဲဖြစ်ပါတယ်။ ၂၀၂၁ခုနှစ်တုန်းကလည်း Saltwater : The Battle For Ramree Island ဆိုတဲ့နာမည်နဲ့ ရုပ်ရှင်တစ်ကားထွက်ခဲ့ပါတယ်။ ဒီကားကြောင့်လည်း ရမ်းဗြဲကျွန်းဟာ ပြန်လည် နာမည်ကြီးခဲ့ဖူး‌ပါတယ်။


 'အင်း၊ ဗန်း၊ မျက်၊ ညောင်၊ ကိုရံတောင်၊ တောင်ရံငါးလုံး၊ ပိတ်ဖုံးကွယ်ကာ၊ မြို့ရမ္မာ' ဆိုတဲ့  စာဖွဲ့ထားတာနဲ့ အညီ ရမ္မာဝတီ ခေါ်တွင်တဲ့ ရမ်းဗြဲမြို့ကို အင်းတောင်၊ ဗဟန်းတောင်၊ ရေမျက်တောင်၊ ညောင်တောင်နှင့် ကိုရံတောင်တို့ က တံတိုင်းကြီးသဖွယ် ကာရန် ထားပါတယ်။  ပြင်ပကနေ ရန်သူတွေ မမြင်ရအောင် ပတ်ပတ်လည် တောင်တွေနဲ့ ဝိုင်းရံထားတဲ့ မြို့တစ်မြို့ ဖြစ်တာနဲ့ အညီ ကြည့်မြင်လေရာ နေရာတိုင်းမှာ မြူခိုဝေဆိုင်း တောင်တံတိုင်းတွေနဲ့ ရှုမငြိမ်းဖွယ်ရာ အလှပတွေ တည်ရှိနေတဲ့ မြို့တစ်မြို့လည်း ဖြစ်ပါတယ်။

ရမ်းဗြဲမြို့ဟာ ယခင်က လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် ဖွံဖြိုးတိုးတက်မှု နှေးကွေးခဲ့ရာကနေ လက်ရှိအချိန်မှာတော့ ကုန်းလမ်း၊ ရေလမ်းပါသွားလာလို့ လွယ်ကူလာတာကြောင့် ဖွံ့ဖြိုးတိုးတက်ဖို့ လူးလွန့်စပြုလာတဲ့ မြို့တစ်မြို့လည်းဖြစ်ပါတယ်။

လက်ရှိ ရမ်းဗြဲမြို့ပေါ်မှာတော့ ရပ်ကွက် ၆ ရပ်ကွက်ရှိပြီး မြို့နယ် တစ်ခုလုံးမှာ ကျေးရွာအုပ်စုပေါင်း ၅၁ အုပ်စုနဲ့ ကျေးရွာပေါင်း ၂၁၇ ရွာတည်ရှိပါတယ်။ လူဦးရေကတော့ ၂၀၁၈-၂၀၁၉ ခုနှစ် စာရင်းအရ ၉၈၃၇၀ ဦးရှိတယ်လို့ သိရပါတယ်။

 



ရမ်းဗြဲမြို့ပေါ်မှာ စတိုးဆိုင် (၂) ဆိုင်၊ ရွှေဆိုင် (၁၈) ဆိုင်၊ လျှပ်စစ်ပစ္စည်းဆိုင် (၉) ဆိုင်၊ ဖုန်း/ဖုန်းပစ္စည်း အရောင်းဆိုင် (၉) ဆိုင်၊ စာအုပ်ဆိုင် (၁) ဆိုင်၊ ဆေးဆိုင် (၁၂)ဆိုင်၊ စားသောက်ဆိုင် (၇) ဆိုင်၊ လဖက်ရည်ဆိုင် (၆)ဆိုင်၊ ကုန်မာဆိုင် (၂၀) ဆိုင်၊ စိုက်ပျိုးရေးပစ္စည်းဆိုင် (၂) ဆိုင်၊ ဆောက်လုပ်ရေး ပစ္စည်းဆိုင် (၈) ဆိုင်၊ ဆန်ဆိုင် (၁၀) ဆိုင်၊ အဝတ်အထည်ဆိုင် (၁၁၀) ဆိုင်၊ နိဗ္ဗာန်ကုန်ဆိုင် (၂) ဆိုင်တို့ တည်ရှိပါတယ်။

ရမ်းဗြဲမြို့နယ် တစ်ခုလုံးမှာ အထက်တန်းကျောင်း ၁၂ကျောင်း၊  အထက (ခွဲ) ကျောင်းပေါင်း (၂၃) ကျောင်း၊ အလက ကျောင်းပေါင်း (၁၄) ကျောင်း၊ အလက(ခွဲ)ကျောင်းပေါင်း (၁၄) ကျောင်း၊ မူလတန်းလွန် ကျောင်းပေါင်း (၁၉) ကျောင်း၊ မူလတန်းကျောင်းပေါင်း (၉၁) ကျောင်း မူလတန်း(ခွဲ) ကျောင်းပေါင်း (၁၁)ကျောင်းနဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၆) ကျောင်းရှိပါတယ်။

ကျန်းမာရေးကဏ္ဍ ဆေးရုံများ ရမ်းဗြဲမြို့ ပြည်သူ့ဆေးရုံ၊ လေးတောင်တိုက်နယ်ဆေးရုံ၊ ကျောက်နီမော် တိုက်နယ်ဆေးရုံ၊ စကုတိုက်နယ်ဆေးရုံ၊ ကုန်ဘောင်တိုက်နယ်ဆေးရုံ၊ မြေပုံတိုက်နယ် ဆေးရုံနဲ့  ကျေးလက် ကျန်းမာရေးဌာန / ဌာနခွဲတွေ အများအပြားတည်ရှိပါတယ်။

ရမ်းဗြဲမြို့နယ်ရဲ့ အသားတင်စိုက်ပျိုးဧရိယာပေါင်း ( ၅၁၃၇၃ )၊ လယ်မြေဧရိယာ ( ၄၀၀၉၅)၊  ကိုင်း/ကျွန်းမြေ (၁၃၇၈) ၊ ဥယျာဉ်မြေ ( ၅၆၂၂ )၊ ဓနိ (၁၈၆၃) ၊ တောင်ယာမြေ (၂၄၁၅)၊ ပလပ်ထားမြေ ဧရိယာပေါင်း (၈၁၇၀) ရှိတယ်လို့ဆိုပါတယ်။

ရမ်းဗြဲမြို့နယ်ဟာ တစ်ခြားဒေသတွေနဲ့ ယှဉ်ရင် ရခိုင်ဒေသအတွင်း စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးတဲ့ မြို့နယ်တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ မြို့နယ်အတွင်းက ဒေသခံ ပြည်သူ လူထုတွေကတော့  စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ဆောင်ရွက်ကြပါတယ်။  ဒါ့အအပြင် ငါး ပုစွန် မွေးမြူရေးလုပ်ငန်းတွေကို လည်း စီးပွားဖြစ်လုပ်ကိုင် ကြပါတယ်။  ရမ်းဗြဲမြို့နယ်ကို ကုန်လမ်း ရေလမ်းနဲ့ သွားလာနိုင်ပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်တဲ့ မြို့နယ်တစ်ခုလည်းဖြစ်ပါတယ်။  မြို့နယ်ရဲ့  အဓိကထွက်ကုန်တွေကတော့  ဆန်စပါး၊ ငပိ၊ ငါးခြောက် ဖြစ်ပြီ ဆန်စပါးထုတ်လုပ်မှုက မြို့နယ်တွင်း ပိုလျှံပြီး အခြားဒေသတွေကို  အများဆုံးတင်ပို့ရောင်းချပါတယ်။  ရမ်းဗြဲမြို့နယ်ဟာ လိုအပ်တဲ့ လူသုံးကုန်ပစ္စည်းတွေကိုတော့  ပြည်မကနေ အဓိက တင်သွင်းရပါတယ်။

ရမ်းဗြဲမြို့နယ်မှ ယခင်ကာလတုန်းကတော့ ဆန်စပါး အပါအဝင် မဲနယ်၊ သကြား၊ ထုံး နဲ့ ရေနံတွေ ထွက်တယ်လို့လည်း သိရပါတယ်။

အခုတော့ ရမ်းဗြဲမြို့လေးဟာ စစ်မက်ဇုန်ထဲမှာ ပါဝင်နေပြီး စစ်ကောင်စီရဲ့  အကြီးအကျယ် ဗုံးကြဲတိုက်ခိုက်မှုကို ခံနေပါတယ်။ ရမ်းဗြဲမြို့သူ မြို့သားတွေက စစ်ရိပ်စစ်ငွေ့သမ်းလာကတည်းက  မြို့ပေါ် ကနေ အိုးအိမ်တွေကို စွန့်ခွာထွက်ပြေးပြီး ဘေးလွတ်ရာမှာခိုလှုံနေကြရပါတယ်။

ဒီမြို့လေးရဲ့ အဓိက အထင်ကရနေရာတွေဖြစ်တဲ့  ကိုယ်ရံတောင်နဲ့ သိမ်တောင်တို့မှာ စစ်တပ်က ဝင်ရောက်နေရာယူ တပ်စွဲရာကနေ အဲဒီနေရာတွေကို ဇန်နဝါရီ ၂၄ ရက်နေ့က ရက္ခိုင့်တပ်တော်က ဝင်ရောက်တိုက်ခိုက်ရာကနေ တိုက်ပွဲတွေ စတင်ဖြစ်ပွားလာခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲဖြစ်တာဟာ ရက္ခိုင့်တပ်တော် (AA)နဲ့  မြန်မာစစ်ကောင်စီတပ်တို့အကြား ဖြစ်ပေမယ့် စစ်ကောင်စီလေတပ်ကတော့ လူမျိုးရေးမုန်းတီးမှု အငြိုးအတေးတွေနဲ့ အတူ စစ်ပွဲနဲ့ မဆိုင်တဲ့ လူနေရပ်ကွက်တွေကို နေ့တိုင်းလိုလို ပေါင် ၅၀၀ ဗုံးတွေနဲ့  ကြဲချနေတဲ့အတွက် သစ်ကောင်းဝါးကောင်းတွေနဲ့ တည်ဆောက်ထားတဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ နေအိမ်တွေဟာ တစ်လုံးပြီး တစ်လုံး မီးဟုန်းဟုန်းတောက်လောင်လျက် ရှိနေပါတယ်။

လက်ရှိနောက်ဆုံးရရှိတဲ့ သတင်းတွေအရ စစ်ကောင်စီဟာ ဓာတုအဆိပ်ငွေ့ပါတဲ့ ဗုံးတွေကို ကြဲချ တိုက်ခိုက်နေတဲ့အတွက် ဒေသခံတချို့ အသက်ရှုမ၀ဖြစ်ပြီး မွန်းကျပ်မှုတွေကို ခံစားနေကြရတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

အခုတော့ ရာဇဝင်ထဲကမြို့၊ ရှေးရိုးရာဓလေ့တွေနဲ့ မွေ့ပျော်နေတဲ့မြို့၊ ရခိုင်တွေရဲ့ နှလုံးသားထဲကမြို့၊ အိမ်ကြီးရခိုင်တွေနဲ့ လှပတင့်တယ် နေတဲ့မြို့၊ ပကတိ ရိုးသားဖြူစင်တဲ့ ဖေါ်ရွေသူတွေနေတဲ့မြို့၊ တောင်တံတိုင်းနဲ့ ရှုမငြိမ်းဖွယ်ရာ တည်ငြိမ်အေးချမ်းနေတဲ့မြို့၊ ရက္ခိတတရားတွေနဲ့ စည်ပင် ဝေစည်နေတဲ့ ရမ်းဗြဲမြို့လေးကတော့ အာဃာတတရားကြီးမားသူတွေရဲ့ ဂလဲ့စားချေမှုအောက်မှာ ဒဏ်ရာဒဏ်ချက် တွေနဲ့ မရှုမလှ ပျက်စီးယိုယွင်းသွားခဲ့ရပါပြီ။

ကိုးကား- ရခိုင်ရာဇဝင်သစ်ကျမ်း၊ ရခိုင်ပြည်ရှိမြို့များဖြစ်ပေါ်လာပုံသမိုင်း (ဦးအောင်လှသိန်း)၊  စာပေ ပြုစုသူ ကလောင်ရှင်- သျှင်မင်းခိုင်နှင့် ဝီကီပီးဒီးယား


 

Hi !

!

Popular posts from this blog

ဘိန်းဘုရင်ခွန်ဆာ

  *** တချိန်ကနာမည်ကျော်ကြားခဲ့တဲ့ ဘိန်းဘုရင်ခွန်ဆာ စခန်းဆီသို့ *** တချိန်က နာမည်ကျော်ခဲ့တဲ့ ဘိန်းဘုရင်ခွန်ဆာရဲ့ စခန်းဟာ ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် မယ်ဖါ့လုံမြို့နယ် ဘန်ထော့ထိုင်းရွာမှာ တည်ရှိတယ်။ တာချီလိတ်ရဲ့ တဖက်ကမ်း မယ်ဆိုင်ကနေ ၆၆ ကီလိုမီတာ ဝေးကွာပြီး၊ ချင်းရိုင်းကနေ သွားမယ်ဆိုရင်လည်း ၆၆ ကီလိုမီတာ ဝေးပါတယ်။ မယ်ဆိုင်-ချင်းရိုင်းသွား လမ်းပေါ်က မယ်ကျန်းရွာကနေမယ့်စလောင်းကို သွားတဲ့ လမ်းအတိုင်း လာရတာပါ။ ခွန်ဆာစခန်းမှာ စောင့်နေတဲ့ ရှမ်းအမျိုးသမီးကြီးကိုမေးကြည့်တော့ ကျိုင်းတုံဇာတိလို့ ဆိုပါတယ်။ စခန်းရဲ့ရှေ့ မြေကွက်လပ်နားမှာတော့ ခွန်ဆာရဲ့ မြင်းစီးရုပ်တုကြီးကို အသက်၀င်စွာနဲ့ ထုလုပ်ထားတာကိုလည်း မြင်နိုင်ပါ့မယ်။ လာပြီးလည်သူတွေ အမှတ်တရအဖြစ် ဓါတ်ပုံမရိုက်ပဲ မနေနိုင်အောင်ကို ခွန်ဆာရဲ့ရုပ်တုကြီးက ဆွဲဆောင်နေတာပါ။ ရုပ်တုရဲ့ရှေ့နားမှာတော့ တန်းစီတဲ့ နေရာလေလား၊ စစ်ရေးပြကွင်းလေးလားတော့ မသိ၊ ညီညာတဲ့ မြေကွက်လပ်လေးတခု။ တချိန်တုန်းက ဒီနေရာမှာ သူ့ရဲဘော်တွေကို ခွန်ဆာတစ်ယောက် ကြိမ်ဖန်များစွာ မိန့်ခွန်းတွေ ချွေခဲ့ပါလိမ့်မယ်။    စဉ်းစားနေခိုက် ကျနော့်မိတ်ဆွေ ထိုင်းလူမျိုးက ပြောလာတယ်၊ အပေါ်ဘက်ကက...

စစ်ဦးစီးအရာရှိချုပ်(ကြည်း)နှင့် စစ်ထောက်ချုပ် တာဝန်ယူထားသော ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း၏ သားဖြစ်သူက နေပြည်တော်စစ်ရုံးအတွင်းသို့ သုံးစွဲရန် မူးယစ်ဆေးဝါး သယ်ယူလာမှု စစ်ဆေးတွေ့ရှိသော်လည်း အရေးယူမှုမရှိ

   အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၏ လူယုံတစ်ဦးဖြစ်သူ စစ်ဦးစီးအရာရှိချုပ်(ကြည်း)နှင့် စစ်ထောက်ချုပ် တာဝန်ယူထားသော ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း၏ သားဖြစ်သူက နေပြည်တော်စစ်ရုံးအတွင်းသို့ သုံးစွဲရန် မူးယစ်ဆေးဝါး သယ်ယူလာမှု စစ်ဆေးတွေ့ရှိသော်လည်း အရေးယူမှုမရှိကြောင်း စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ ဇန်နဝါရီလ ၁၈ ရက်နေ့ ညပိုင်းအချိန် ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်း၏ သားဖြစ်သူ အုပ်စိုးခန့်သည် နေပြည်တော်စစ်ရုံး၊ ဂိတ်အမှတ် ၁ သို့ ဖြတ်သန်းစဉ် ကားဒက်ရှ်ဘုတ်အတွင်းမှ သုံးစွဲနေသည့် မူးယစ်ဆေးဝါးအထုပ်တစ်ထုပ် တွေ့ရှိခဲ့ရကြောင်း၊ အဆိုပါ မူးယစ်ဆေးဝါးသည် ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်း၏ သားဖြစ်သူ အုပ်စိုးခန့် သုံးစွဲသည့် မူးယစ်ဆေးဝါးဖြစ်သော်လည်း ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ စခန်းရုံး၏ စခန်းမှူး ဗိုလ်ချုပ် သိန်းဇော်က တစ်စုံတစ်ရာ အရေးယူမှု မလုပ်ဆောင်တော့ဘဲ ဖုံးကွယ်ပေးထားကြောင်း သိရှိရသည်။ "ကားသမားက ဒုဗိုလ်ချုပ်ကြီးကျော်စွာလင်း မန္တလေးတိုင်းဘ၀ကတည်းက ခေါ်ထားတဲ့ ငယ်တပည့်ရင်းက ကားမောင်းတာ။ ကားက VIP CAR PASS ပါတယ်။ အဲဒီအမှုကို ဒုဗိုလ်ချုပ်ကြီးကျော်စွာလင်းဆီကို သတင်းပို့တော့ သတင်းမပ...

မြန်မာပြည်မြေပုံကို အပြောင်းခံကြမှာလား

  ကမ္ဘာ့သမိုင်းကို ပြန်လေ့လာကြည့်မယ်ဆိုရင် အိမ်နီးချင်းနိုင်ငံတွေအဖြစ် နှစ်ပေါင်းများစွာ အတူတကွ ယှဉ်တွဲ ရပ်တည်နေကြပြီးမှ ဝေးကွာသွားကြတဲ့ နိုင်ငံတွေ ရှိခဲ့တယ်ဆိုတာ တွေ့နိုင်ပါတယ်။ ကျွန်တော်တို့အတွက် အထင်ရှားဆုံး ဥပမာတစ်ခုရှိပါတယ်။ အဲဒါကတော့ မြန်မာနဲ့ ပါကစ္စတန်တို့ဟာ ယခင်က နယ်မြေချင်း ထိစပ်နေကြတဲ့ အိမ်နီးချင်း နိုင်ငံတွေပါ။ သို့သော် ၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံအသစ် ပေါ်ပေါက်လာချိန်မှာတော့ အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားခဲ့ကြပါတယ်။ ယခင်က အိမ်နီးချင်းဖြစ်ခဲ့လို့ ထင်ပါတယ်၊ မြန်မာနဲ့ ပါကစ္စတန်တို့ရဲ့ ဆက်ဆံရေးဟာ ကောင်းမွန်နေကြဆဲဆိုတာ သက်သေ၊ သာဓကများစွာ ရှိပါတယ်။ အဲဒီလို အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားရခြင်းဟာ သူတို့ရဲ့ ပြည်တွင်းရေးသာ ဖြစ်တဲ့အတွက် အထူးအထွေ ဝေဖန်ရန် မရှိပါ။ သို့သော် လက်ရှိအခြေအနေမှာ မြန်မာရဲ့ အိမ်နီးချင်း (၅) နိုင်ငံရှိနေရာက မတူညီတဲ့ အိမ်နီးချင်းနိုင်ငံသစ်တွေ ထပ်မံ ပေါ်ပေါက်လာဖို့ လုပ်ဆောင်နေကြတာတွေ မြင်နေရပါပြီ။ ဒီတစ်ကြိမ်ကတော့ ကျွန်တော်တို့ရဲ့ ပြည်တွင်းရေးဖြစ်တဲ့အတွက် အလေးထားရပါတော့မယ်။ ရှိပြီးသား အိမ်နီးချင်း (၅) နိုင်ငံနဲ့ မြန်မာတို့အကြား ကျွန်တော်တိ...

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

  စစ်ဗိုလ်များထဲတွင် မင်းသားနှစ်ဦး၏ နာမည်ပေးခံရသော စစ်ဗိုလ်ချုပ်တဦး ရှိသည်။ ဒုဗိုလ်ဘဝမှ ဗိုလ်ချုပ် ဖြစ်သည်အထိ စစ်တပ်ထဲတွင် ရုပ်ရှင်မင်းသားလို နေထိုင်ခဲ့ရသည့်အတွက် ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအား “နေတိုး” သို့မဟုတ် “ပြေတီဦး” ဟု စစ်ဗိုလ်ချုပ်အချို့က နာမည်ပြောင် ပေးထားကြခြင်း ဖြစ်သည်။ ထို့အပြင် ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို လက်ရှိ စစ်ခေါင်းဆောင်များ အလွန်တွင် စစ်တပ်ကို ဦးဆောင်မည့်သူဟုလည်း ထင်ကြေးပေးခံရသူလည်း ဖြစ်သည်။ လက်ရှိအချိန်တွင် ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်းသည် စစ်ဦးစီးအရာရှိချုပ် (ကြည်း) နှင့် စစ်ထောက်ချုပ်တာဝန်တို့ကို ပူးတွဲတာဝန်ယူထားရသည်။ စစ်တက္ကသိုလ်အပတ်စဉ်- ၃၅ (DSA-35) ကျောင်းဆင်း ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်းသည် အရာရှိ ငယ်ဘဝက မကြာသေးခင်က လာဘ်စားမူဖြင့် ဖမ်းဆီးထောင်ချခံရသူ ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း လက်အောက်တွင် တာဝန်ထမ်း ဆောင်ခဲ့သူ ဖြစ်သည်။ ထို့အပြင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) ခေတ် ဒု စစ်ခေါင်းဆောင် ဗိုလ်ချုပ် မောင်အေး၏ ကိုယ်ရေးအရာရှိ လုပ်ခဲ့သူလည်း ဖြစ်သည်။ “မိုးမြင့်ထွန်းက ဗိုလ်ကြီးကနေ ဗိုလ်မှူးအပွင့်တင်ဖိ...

မောင်တောရှိ စစ်တပ်နယ်ခြားစောင့်တပ်စခန်း ၂ ခုကို AA က သိမ်းပိုက်၊ နယ် ခြားစောင့်တပ်များ မထွက်ပြေးမီ လက်နက်များကို ARA နှင့် RSO အဖွဲ့များထံ ဘင်္ဂလားဒေ့ရှ်ငွေ ၁၀ သန်းဖြင့် ရောင်းစားခဲ့မှု စိစစ်တွေ့ရှိရ

  ■ စစ်ကောင်စီတပ်စခန်းအတွင်းမှ ရဲအလောင်းများနှင့် ARA ၊ RSO အဖွဲ့ဝင်အလောင်းများပါ တွေ့ရှိရဟုဆို ရန်ကုန်၊ ဖေဖော်ဝါရီ ၈ ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ နယ်ခြားစောင့်တပ်စခန်း ၂ ခုကို AA က သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက မထွက် ပြေးမီ စခန်းနှစ်ခုလုံးမှ လက်နက်များကို ARA နှင့် RSO အဖွဲ့များထံ ရောင်းစားခဲ့မှုကို စိစစ်တွေ့ရှိရကြောင်း AA က ယမန်နေ့ ပိုင်း သတင်းထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၄ ရက်နေ့မှစတင်၍ ဘင်္ဂလာ-ရက္ခိုင်နယ်စပ်၊ မောင်တောမြို့မြောက်ပိုင်းရှိ နယ်ခြားစောင့်တပ်စခန်း (တစ်နည်း) ဗျူဟာစခန်းနှစ်ခုဖြစ်သော တောင်ပြို (လက်ဝဲ- လက်ယာ) ဗျူဟာစခန်းတို့ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၄ ရက်နေ့ ညနေ ၆ နာရီခန့်အချိန် တောင်ပြို (လက်ယာ) ဗျူဟာစခန်း တစ်ခုလုံးကို သိမ်းယူနိုင်ခဲ့ကြောင်း ၊ နယ်ခြားစောင့်တပ်စခန်း တောင်ပြို (လက်ယာ) တွင် ရဲမှူး အောင်စည်သူအေး (နခခ-၂) နှင့် တောင်ပြို (လက်ဝဲ)စခန်း တွင် ဒု-ရဲမှူးကြီး ကျော်နိုင်စိုးတို့ ဦးစီးခဲ့ကြောင်း သိရှိရသည်။ AA က တောင်ပြို (လက်ယာ) ကို အပြီးသတ်သိမ်းပိုက်ခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၆ ရက်နေ့၊ ညနေပိုင်းတွင် တောင်ပြို (လက်ဝဲ) စခန်းကိုလည်...

ရှုပ်ထွေးပွေလီ_ရှမ်းတို့ပြည်_အပိုင်း၂

  #ရှုပ်ထွေးပွေလီ_ရှမ်းတို့ပြည်_အပိုင်း၂ ဘုရင့်နောင်မင်း မိုးမိတ်သျှမ်းပြည်မှ မိုးကောင်း၊ မိုးညှင်း သျှမ်းပြည်သို့ သားတော် ညီတော်တို့နှင့်အတူ ကိုယ်တိုင်ချီတက်သည်။ ဘုရင့်နောင်ချီတက်လာကြောင်း မိုးကောင်းစော်ဘွား စဝ်ဟွမ်မိုင်း(ၸဝ်ႈႁွၼ်မိူင်း)နှင့် မိုးညှင်းစော်ဘွား စဝ်လုံနွိုင့်(ၸဝ်ႈလူင်ၼွႆႉ)တို့သိရလျှင် နွယ်ပတ်ပုတော(်မှူးပတြှှပူှ၊်မှူး=Mountain,ပတျွှ=Amber,ပူှ=Grandfather) တွင် ခံတပ်တည်၍ ခံတပ်တည်၍ ခုခံရန် ပြင်ဆင်သည်။ ပြည်ဘုရင်ခံ၊ အင်းဝဘုရင်ခံနှင့် အိမ်ရှေ့မင်း(နန္ဒဘုရင်) တို့ ဦးဆောင်သည့် ဟံသာဝတီတပ်၏ တိုက်ခိုက်မှုကြောင့် မိုးကောင်းစော်ဘွား စဝ်ဟွမ်မိုင်း(ၸဝ်ႈႁွၼ်မိူင်း)နှင့် မိုးညှင်းစော်ဘွား စဝ်လုံနွိုင့် (ၸဝ်ႈလူင်ၼွႆႉ)တို့ တပ်ပျက်၍ ဆုတ်ခွာကြရသည်။ ဘုရင့်နောင်မင်း မိုးညှင်းသျှမ်းပြည်အတွင်းရှိ မိုင်းနောင်မြို့(မိူင်းၼွင်)တွင် တပ်ချနားနေပြီးနောက် မိုးညှင်းမြို့ကို ဝင်ရောက်သိမ်းပိုက်ရာ မိုးညှင်းစော်ဘွား စဝ်လုံနွိုင့်(ၸဝ်ႈလူင်ၼွႆႉ)မှာ မိုးကောင်းမြို့သို့ ခိုဝင်နေထိုင်သည်။ မိုးကောင်းစော်ဘွား စဝ်ဟွမ်မိုင်း(ၸဝ်ႈႁွၼ်မိူင်း) သည် အမတ်တို့၏ လျှောက်တင်ချက်အရ မိုးညှင်းစော်ဘွား စဝ်လုံနွိုင့်(ၸဝ်ႈလူင်...

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အကြောင်း တစေ့တစောင်း

  ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (၂၃ ဧပြီ ၁၉၉၂- ၃၀ မတ် ၂၀၁၁) အထိ ၁၉နှစ်တာကလ တိုင်းပြည်ကိုအုပ်ချုပ်ခဲ့တယ် ။ တိုင်းပြည်ကို တိုက်ရိုက်မိန့်ခွန်းတစ်ခါမှ ပြောမသွားခဲ့ဘူး ၊ အာဏာသိမ်းအစိုးရမို့ မပြောတာလဲမဟုတ်ဘူး ၊ အလုပ်ပဲ လုပ်သွားတယ် လေပြောလဲမကြီးဘူး ... Road map ၇ ချက်ဆိုပြီး ဆွဲပြီးတော့ ၊ ဗိုလ်ချုပ်ကြီးခင်ညွန့်က တိုင်းပြည်ကို မိန့်ခွန်းပြောဖို့ ဘရွှေဆီခွင့်ပြုမိန့်သွားတောင်းတယ် ၊ ဘရွှေက သတင်းစာကနေချပြလိုက်ရင်ရပြီ မလိုအပ်ဘူးဆိုလို့ ဦးခင်ညွန့်လဲ မပြောလိုက်ရဘူး ... ဘရွှေက အဂ္ဂမဟာဗျူဟာသမား စကားပြောနည်းပြီး အလုပ်များများလုပ်တယ် ၊ မြန်မာစကားပုံအရဆို လူသန်မပြောပေါ့ ... သူ့ရဲ့ တစ်နာရီကျော်ကြာတဲ့ အင်္ဂလိပ်လိုပြောတဲ့ မိန့်ခွန်းနားထောင်ဖူးတယ် အေးအေးဆေးဆေးပဲ ပြောနေတာ ဌာန်တွေမာန်တွေမပါဘူး ၊ အေးဆေးတဲ့ ဥာဏ်သမားစစ်စစ်ပဲ ... သူက အလုပ်လုပ်ဖို့ ရှင်းစရာရှိတာအရင်ရှင်းတယ် ၊ ကစားကွက်ဖော်တယ် တိုက်စစ်ဆင်တယ် ၊ နဝတ ၊ နယက ရဲ့ ကွင်းလည်ဗိုလ်ချုပ်က ဗိုလ်ချုပ်ကြီးခင်ညွန့်(Key Player) ၊ အထောင်တိုက်စစ်မှူး နောက်ချန်တိုက်စစ်မှူး ၊ နောက်တန်းဗဟိုခံစစ်မှူးနဲ့ ကွင်းလည်အဖျက်သမားတွေ အစရှိသဖြင့် မြိုင်မြိုင်ဆိုင်ဆိုင်ကြီး အထို...

ကျယ်ပြန့်လာသော ပြည်တွင်းစစ်၊ ကမ္ဘာ့ဘိန်းစိုက်ပျိုးထုတ်လုပ်မှု နံပါတ်တစ်ဖြစ်လာသည့် မြန်မာနိုင်ငံနှင့် မူးယစ်ဆေးပြဿနာ

    မြန်မာအပေါ် တရုတ်နှင့် အနောက်နိုင်ငံများက ဘယ်လိုမူဝါဒနှင့် ချဉ်းကပ်သင့်သလဲ လက်ရှိအချိန်တွင် မြန်မာအနေဖြင့် ယူကရိန်းကဲ့သို့  အမေရိကန်နှင့် အနောက်ဥရောပ ကျောထောက် နောက်ခံပေးထားသည့် နိုင်ငံမျိုးမဟုတ်ဘဲ ဘက်ပေါင်းစုံမှ ပိတ်ဆို့မှုဟန့်တားမှုနှင့် ဖိအားများကြောင့် အင်အားနည်းပါးနေသည်မှာ အမှန်ပင်ဖြစ်သည်။ ထိုအချိန်တွင် စူပါပါဝင်နိုင်ငံတစ်ခု၏ Proxy War ဆင်နွှဲခြင်းခံရမည်ဆိုပါက နိုင်ငံအနေဖြင့် ပြိုကွဲသွားနိုင်သည့် အန္တရာယ်နှင့် ကြုံတွေ့ရမည်ဖြစ်ပေသည်။ တစ်ဖက်တွင်လည်း အင်အားကြီးနိုင်ငံများအနေဖြင့် မြန်မာနိုင်ငံ၌ Proxy War ဖော်ဆောင်မည်ဆိုပါက မြန်မာနိုင်ငံမှ မည်သည့်အကျိုးအမြတ်မျှ ရရှိလိမ့်မည်မဟုတ်ပေ။ ဒီမိုကရေစီ လိုလားသော အနောက်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံကို အထီးကျန်စေပြီး ပိတ်ဆို့မှု အထပ်ထပ်ချမှတ်နေခြင်းထက် အမေရိကန်သမ္မတ အိုဘားမားလက်ထက်က မြန်မာနိုင်ငံအပေါ် ချဉ်းကပ်ခဲ့သည့် Carrot and Stick ပုံစံမျိုးဖြင့် အနာနှင့်ဆေး မှန်ကန်မှုရှိသည့်မူဝါဒမျိုးကို ကိုင်စွဲ၍ မြန်မာ့အရေးကို ချဉ်းကပ်လုပ်ဆောင်သင့်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများကလည်း ထောက်ပြကြသည်။ မ...

တရုတ်နိုင်ငံရဲ့ လွှမ်းမိုးလာမှုတွေကို တုန့်ပြန်နိုင်ဖို့ အာဆီယံနိုင်ငံတွေကို ဂျပန်ကူညီမည်

  တောင်တရုတ်ပင်လယ်လုံခြုံရေးကို မြှင့်တင်ဖို့အတွက် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီက အာဆီယံနိုင်ငံလေးနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်တို့ကို ၁၀ နှစ်ကြာရေကြောင်းလုံခြုံမှု အကူအညီပေးရန် ပြင်ဆင်နေကြောင်း မီဒီယာများက ဖော်ပြနေကြတယ်လို့ အာရ်အက်ဖ်အေက ဖေဖော်ဝါရီလ ၁၅ ရက်မှာ ရေးသားပါတယ်။ အဲဒီ ၄ နိုင်ငံတို့ဟာ လုံခြုံရေးအရ ဂျပန်အစိုးရရဲ့ ထိပ်တန်းဦးစားပေးများအဖြစ် သတ်မှတ်ခံထားရကြောင်း တိုကျို NHK ရုပ်သံလွှင့်ဌာနက ပြောပါတယ်။ ဂျက်ကာ JICA လို့ လူသိများတဲ့ ဂျပန်အကူအညီပေးရေး အေဂျင်စီရဲ့ အသေးစိတ်အစဉ်များဟာ ၂၀၂၅ခုနှစ် မတ်လအရောက် အကောင်အထည်ပေါ်လာနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ထောက်ပံ့ရေးအစီအစဉ်မှာ ဂျပန်နိုင်ငံက ဒရုန်းများ၊ ရေဒါစနစ်များနဲ့ ကင်းလှည့်သင်္ဘောများအပြင် လေးနိုင်ငံ တစ်ခုချင်းစီအတွက် အခြားစွမ်းရည်မြှင့်တင်ရေး အစီအမံများကို ပံ့ပိုးပေးဖို့ ရှိနေကြောင်း NHK က ဆိုပါတယ်။ ပြီးခဲ့တဲ့လ ဂျပန်အရာရှိများနဲ့ အထူးကျွမ်းကျင်သူတွေဟာ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားတို့မှာ လေ့လာမှုများနဲ့ မျက်မြင်ကွင်းဆင်း စစ်ဆေးမှုများကို ပြုလုပ်ခဲ့တယ်လို့ ယုံကြည်ရပ...

ဒေသကိုအခြေခံသည့် ဖက်ဒရယ် စနစ်ကိုသွားမည်ဟု မြန်မာစစ်ခေါင်းဆောင်ပြော

    မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံမည့် ပြည်ထောင်စုတည်ဆောက်ရာ၌ လူမျိုးကို အခြေမခံဘဲ ဒေသကိုအခြေခံသည့် စနစ်မျိုးဖြင့် အဓိကဆောင်ရွက်သွားမည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ပြောထားသည်။ ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရာတွင် ဦးဆောင်သူ၊ အကောင်အထည်ဖော်သူ၊ လိုက်နာကျင့်သုံးသူများအားလုံး တတ်သိပညာ၊ ပင်ကိုအရည်အသွေး၊ စဉ်းစားတွေးခေါ်မှုများ ပြည့်စုံရန်လိုအပ်ကြောင်း စစ်ခေါင်းဆောင်က ဆိုသည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်အာဏာသိမ်းလိုက်ချိန်မှစ၍ စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများကြား တိုက်ပွဲပြင်းထန်နေသည်မှာ ၃ နှစ်နီးပါး ကြာမြင့်လာပြီဖြစ်သည်။ အာဏာသိမ်းချိန်မှစပြီး စစ်ခေါင်းဆောင်သည် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ပေးမည်ဟု ထပ်ကာတလဲလဲ ပြောဆိုနေသော်လည်း မူဝါဒနှင့် လမ်းစဉ်များ မရှိသဖြင့် ပြည်သူများက အယုံအကြည် မရှိကြပေ။ “ဖက်ဒရယ်ဆိုတဲ့စကားလုံးကို စစ်ခေါင်းဆောင်က အမြဲတမ်းပြောသလို တော်လှန်ရေးအင်အားစုတွေ၊ NUG ကလ...

Click !