Skip to main content

Continue !

ယူကရိန်းစစ်ကြောင့် ယိုင်နဲ့သွားမယ်ထင်ခဲ့ရတဲ့ ခိုင်မာဆဲ ရုရှားနိုင်ငံရဲ့ စီးပွားရေး

 


ရုရှားနိုင်ငံရေးလောကတွင် သမ္မတ ဗလာဒီမာပူတင် တာဝန်ယူခဲ့သည့် ၂၄ နှစ်တာကာလ အတွင်း ရုရှားနိုင်ငံ သားများ၏ လူနေမှုအဆင့်အတန်း မှာ သိသိသာသာ တိုးတက်လာခဲ့သည်။ နိုင်ငံ၏ အဓိက ပို့ကုန်ဖြစ်သည့် ရေနံ ဈေးနှုန်းကြီးမြင့်မှုသည် ၁၉၉၀ ပြည့်နှစ် ဖရိုဖရဲအခြေအနေမျိုးမှ ထွက်ပေါ်လာ သည့်ရုရှားနိုင်ငံတွင် သမ္မတ ဗ လာဒီမာပူတင်၏ ရပ် တည်မှုကိုခိုင်မာစေခဲ့သည်။ နိုင်ငံသား သန်းပေါင်းများ စွာ၏ ဝယ်နိုင်စွမ်းအားနှင့် ဝင်ငွေမှာ လည်း မြင့်မား လာခဲ့သည်။
၂၀ဝ၈ ခုနှစ်တွင် ဘဏ္ဍာရေးအကျပ်အတည်း ကြုံတွေ့ခဲ့ရခြင်း၊ ၂၀၁၄ ခုနှစ်တွင် ရုရှားတို့က ခရိုင်းမီးယား ကျွန်းဆွယ်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းကြောင့် အနောက်နိုင်ငံများ၏ ဒဏ်ခတ် ပိတ်ဆို့မှု ခံခဲ့ရခြင်းနှင့် ၂၀၂၂ ခုနှစ်တွင် ယူကရိန်း နိုင်ငံကို တိုက်ခိုက်ခဲ့ခြင်းကြောင့် အနောက်နိုင်ငံ များ၏ ဒဏ်ခတ်ပိတ်ဆို့မှုများ ထပ်မံကြုံ တွေ့ရခြင်းတို့ကြောင့် ရုရှားစီးပွားရေးမှာ ပိန်လှီချည့်နဲ့သွားလိမ့်မည်ဟု စီးပွားရေးကျွမ်းကျင်သူများ၊ ကမ္ဘာ့ ငွေကြေး အဖွဲ့အစည်းများက ယူဆခဲ့ကြသည်။ ယခုအခါ ၎င်းတို့၏ အထင်နှင့်အမြင်မှာတက်တက်စင်လွဲခဲ့သည်။
သမ္မတဗလာဒီမာပူတင် ဘာပြောလဲ
ရုရှားစီးပွားရေးမှာ ၂၀၂၃ ခုနှစ်အတွင်း ၃ ဒသမ ၆ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့သည်။ အနောက်နိုင်ငံများ၏ များပြားလှသော ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် ကြီးမားသော ကမ္ဘာလုံးဆိုင်ရာ ဈေးကွက် များနှင့် ဖြတ်တောက် ခံ ထားရသည့်ကြားထဲမှ တိုးထွက်ပြီး ယခုကဲ့သို့ တိုးတက်လာခဲ့ခြင်း ဖြစ်သည်။ ရုရှားစီးပွားရေးမှာ အနောက် နိုင်ငံဈေးကွက်များနှင့် အောင်အောင်မြင်မြင် ဖယ်ခွာနိုင်ခဲ့ကြောင်း၊ ပြည်တွင်း ဖူလုံမှုရှိအောင် ဆောင်ရွက်ကာ တစ်ချိန်တည်းမှာပင် ကုန်သွယ်မှုအသစ်များကိုလည်း စတင်နိုင်ခဲ့ကြောင်း သမ္မတဗလာဒီမာပူတင်က ထုတ် ဖော်ပြော ဆိုခဲ့သည်။
ရုရှားစီးပွားရေးမှာ ၂၀၂၄ ခုနှစ်တွင်လည်း ဆက်လက်တိုးတက်နေလိမ့်မည်ဟု ကျွမ်းကျင်သူများ က မျှော်မှန်းထားကြသည်။ ရုရှားစီးပွားရေး တိုးတက် လာရသည့် အကြောင်းအရင်းတစ်ချက်မှာ ရေနံနှင့် ဓာတ်ငွေ့အခွန် အပေါ်တွင် ဘတ်ဂျက်မှီခိုမှု လျှော့ချ နိုင်ခဲ့ခြင်းကြောင့်လည်း ဖြစ်သည်။ ထို့ပြင် နိုင်ငံခြားငွေ ကြေး၌ ရုရှားတို့၏ လမ်းဖွင့်ပေးမှုနေရာတွင် တရုတ် လုပ်ငန်းရှင်များ ဝင်ရောက်လာခဲ့ခြင်းနှင့် ဒဏ်ခတ် ပိတ်ဆို့မှုများကြောင့် အနောက်နိုင်ငံကုမ္ပဏီများ ထွက်ခွာသွားကြသော်လည်း ဘဏ်လုပ်ငန်းကို ပြန် လည်ရှင်သန်နိုးထအောင် ဆောင်ရွက်နိုင်ခဲ့ခြင်း ကြောင့် ဖြစ်သည်။ ရုရှားစီးပွားရေး တိုးတက်လာမှု တွင် အကောင်းမြင်စရာများ ရှိသော်လည်း ရေရှည် တွင် ဖြေရှင်းရမည့် စိန်ခေါ်မှုများရှိနေဆဲ ဖြစ်သည်။

ရုရှားစီးပွားရေးတိုးတက်လာရခြင်း၏ အခြားအ ကြောင်းတစ်ခုမှာ ပြည်တွင်းလိုအပ်ချက် မြင့်မားလာခြင်းကြောင့်လည်းပါဝင်ပြီး ယင်းမှာ အခြားစီးပွားရေး ကဏ္ဍများထက် စစ်ဘက်ဆိုင်ရာ ပစ္စည်းအမှာများ ပိုမိုမြင့်တက်လာခြင်းလည်း ဖြစ်သည်။ ရုရှားနိုင်ငံသား ငါးသိန်းကျော်သည် ၂၀၂၂ ခုနှစ်ကတည်းက ကာကွယ်ရေးလုပ်ငန်းများတွင် ဝင်ရောက်လာခဲ့ကြကြောင်း သမ္မတဗလာဒီမာ ပူတင်က ပြောဆိုထား သည်။
စစ်ဘက်ဆိုင်ရာအပေါ် ရင်းနှီးမြှုပ်နှံမှုမှာ ၂၀၂၄ ခုနှစ်တွင် ပို၍ပင် မြင့်တက်လာမည်ဟုလည်း ဆိုသည်။ ထိုသို့ဆိုရခြင်းမှာ ရုရှားအစိုးရအနေဖြင့် ကာကွယ်ရေး အသုံးစရိတ်တွင် ၇၀ ရာခိုင်နှုန်း တိုးမြှင့်သုံးစွဲရန် လျားထားခြင်းကြောင့် ဖြစ်သည်။ နိုင်ငံ၏ စီးပွားရေးသည် ချမှတ်ထားသည့် အနောက် နိုင်ငံများ၏ ဒဏ်ခတ်ပိတ်ဆို့မှုကို ထိုးနှက်နိုင်ခဲ့ ကြောင်း သမ္မတဗလာဒီမာပူတင်က ရုရှားလက်နက် မြို့တော်ဟု ခေါ်ဆိုကြသည့် Tula မြို့ လူထုအခမ်း အနားတစ်ခုတွင်ပြောကြားခဲ့သည်။ “သူတို့က ကျွန် တော်တို့ကို ကျရှုံးစေချင်တယ်၊ ပြိုကွဲစေချင်တယ်၊ ဒါပေမဲ့ ကျွန်တော်တို့က သူတို့ ဖြစ်စေချင်သလို မဖြစ်အောင် လုပ်နိုင်ခဲ့တယ်၊ သူတို့အောင်မြင်အောင် မလုပ်နိုင်ကြဘူး၊ ကျွန်တော်တို့ရဲ့ စီးပွားရေးဟာ သူတို့စီးပွားရေးနဲ့မတူဘဲ တိုးတက်ပြီးရင်း တိုးတက်နေပါတယ်” ဟု သမ္မတဗလာဒီမာပူတင်က ဂုဏ်ယူ ဝင့်ကြွားစွာ ပြောဆိုခဲ့သည်။ နိုင်ငံခြား ကြွေးမြီတင် ရှိမှုမှာလည်း ကျဆင်းလာကြောင်း၊ ယင်းမှာ မေခရို စီးပွားရေး တည်ငြိမ်မှုနှင့် ဘဏ္ဍာရေး တည်ငြိမ်မှုကို ပြသနေခြင်းပင် ဖြစ်ကြောင်းလည်း သမ္မတဗလာဒီမာ ပူတင်က ထည့်သွင်းပြောဆိုခဲ့သည်။
အစိုးရကြွေးမြီမှာ အမေရိကန်ဒေါ်လာ ၄၆ ဘီလျံမှ ၃၂ ဘီလျံအထိ လျှော့ချနိုင်ခဲ့ကြောင်း၊ ပုဂ္ဂလိက ကဏ္ဍ နိုင်ငံခြားကြွေးမြီမှာလည်း အမေရိ ကန်ဒေါ်လာ ၃၃၇ ဘီလျံမှ ၂၉၇ ဘီလျံအထိ လျှော့ချ နိုင်ခဲ့ကြောင်း ရုရှားဗဟိုဘဏ်ကလည်း ထုတ်ပြန်ထား သည်။ နိုင်ငံ၏ စက်မှုလုပ်ငန်းနှင့် ကုန်ထုတ်လုပ်မှုမှာ လည်း ၃ ဒသမ ၆ ရာခိုင်နှုန်းနှင့် ၇ ဒသမ ၅ ရာခိုင် နှုန်းဖြင့် အသီးသီးတိုးတက်နေသည်။ ၂၀၂၃ ခုနှစ် အတွင်း စက်ရုံ၊ ယာဉ်၊ ယန္တရား စသည့် ပုံသေငွေရင်း Fixed capital တို့တွင် ရင်းနှီးမြှုပ်နှံမှုမှာ ၁၀ ရာခိုင် နှုန်းအထိ တိုးတက်လာခဲ့သည်။ ယင်းမှာ ကာလလတ် တွင် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ရှိမည်ဆိုသည်ကို ညွှန်ပြနေခြင်း ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် ဆက်လက်ပြီး ငွေကြေးထည့်ဝင်မည်ဆိုပါက ကုန်ထုတ်လုပ်မှုမှာလည်း ကျယ်ပြန့် လာကာ အလုပ် အကိုင်သစ်များလည်း ဖန်တီးနိုင်မည်ဖြစ်ကြောင်း လည်း သမ္မတဗလာဒီမာပူတင်က ထည့်သွင်း ပြောဆို ခဲ့သည်။ အကျိုးအမြတ်ရရှိမှုမှာ ၂၄ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပြီး ဘဏ်များအနေဖြင့် လည်း အမေရိ ကန်ဒေါ်လာ ၃၃ ဒသမ ၉ ဘီလျံကျော် ရရှိပြီး လုပ်ခ လစာများတိုးမြင့်ကာ အလုပ်လက်မဲ့နှုန်းမှာလည်း လက်ရှိတွင် ၃ ရာခိုင်နှုန်းအောက်တွင်သာ ရှိသည်။

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF ၏ ရုရှားနိုင်ငံအတွက် ပြည်တွင်းအသားတင် ထုတ် လုပ်မှု ခန့်မှန်းချက်အရလည်း ယခုနှစ်အတွင်း ၂ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်လာနိုင်ကြောင်း ဖော်ပြ ထားသည်။ ယူကရိန်းကို တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ဒဏ်ခတ်ပိတ်ဆို့မှု အများအပြားခံခဲ့ရသည့် ရုရှား စီးပွားရေး၏ ခံနိုင်ရည်ရှိမှုမှာ စီးပွားရေးပညာရှင်များကိုပင် အံအားသင့်စေခဲ့သည်။ ရုရှားနိုင်ငံ အနေဖြင့် ကာကွယ်ရေး အသုံးစရိတ်များ တိုးမြှင့်သုံးစွဲရခြင်းနှင့် စွမ်းအင်ကဏ္ဍမှ ဝင်ငွေရရှိမှု အကန့်အသတ်ရှိလာခြင်း တို့ကြောင့် စီးပွားရေးအပေါ်ရိုက်ခတ်မှုများရှိလာ လိမ့်မည်ဟု မျှော်မှန်းထားခဲ့ကြသည်။ သို့သော် ရုရှားနိုင်ငံသည် အဆိုပါအခြေအနေမျိုးမှ ရှောင်ထွက် နိုင်ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။
ရုရှားစီးပွားရေး ဘာကြောင့် ခံနိုင်ရည်ရှိတာလဲ
နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF အပါအဝင် နိုင်ငံတကာငွေကြေးအဖွဲ့အစည်းများ သည် ဒဏ်ခတ် ပိတ်ဆို့မှုများကြားမှ ရုရှားစီးပွားရေး တိုးတက်လာခြင်းအပေါ် အံ့အားသင့်ခဲ့ကြရသည်။ အလားတူ ကမ္ဘာ့ စီးပွားရေး ပညာရှင်များအတွက်လည်း မယုံကြည်နိုင်စရာ ဖြစ်ခဲ့ပြီး လူသားသမိုင်းတွင် အလှည့် အပြောင်း တစ်ခုပင် ဖြစ်ခဲ့သည်။ ရုရှားအစိုးရ သည်ပင် ယခုစီးပွားရေး အလှည့်အပြောင်းမျိုးကို မျှော်လင့်မထားခဲ့ကြောင်း ယခင် သမ္မတပူတင်၏ အကြံပေးဟောင်းတစ်ဦး ဖြစ်ခဲ့သူ မော်စကိုအခြေစိုက် သုတေသနအဖွဲ့တစ်ခု ဖြစ်သည့် Institute of Political Studies ၏ ညွှန်ကြားရေးမှူးတစ်ဦးဖြစ်သူ Sergey Markov က Anadolu သတင်း ဌာနကို ပြောဆိုခဲ့သည်။ ယခုကဲ့သို့ ရုရှားစီးပွားရေး ခံနိုင်ရည် ရှိခြင်းမှာ ပြည်တွင်း၊ ပြည်ပ အကြောင်းအချက်များ ကြောင့် ဖြစ်သည်ဟု ၎င်းက ဆိုသည်။ ပြည်တွင်းအ ကြောင်း အချက်များမှာ ရုရှား၏ ဓနဥစ္စာမှာ သဘာဝ အရင်း အမြစ်များပင် ဖြစ်သည်။ ရုရှားနိုင်ငံသည် နိုင်ငံ နယ်နိမိတ်အတွင်းမှာ အရင်းအမြစ်အားလုံးနီးပါး ရှိသည်။ အလားတူ ရုရှားနိုင်ငံသည် စီးပွားရေးကဏ္ဍအားလုံးတွင် ကောင်းစွာဖွံ့ဖြိုးသည့် စက်မှုလုပ်ငန်းများ ရှိပြီးဖြစ်သည်။ ယေဘုယျအားဖြင့် ထုတ်ကုန်အမျိုး အစားအချို့ ဈေးကြီးကောင်း ကြီးနိုင်သော်လည်း နိုင်ငံအတွင်းမှာပင် အားလုံးကိုထုတ်လုပ်နိုင်စွမ်းရှိ ကြောင်း Sergey Markov က ဆိုသည်။
ရုရှားနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍမှာလည်း ပြည်တွင်းစားသုံးမှု ဖူလုံရုံသာမကဘဲ ပြည်ပ ပို့ကုန် အတွက်ပါ လုံလောက်အောင် ထုတ်လုပ်နိုင်သည်ဟု လည်း ၎င်းကဆိုသည်။ ထို့ပြင် ရုရှားနိုင်ငံသည် နည်းပညာပိုင်းတွင် လည်း ကောင်းစွာဖွံ့ဖြိုးတိုးတက်ပြီး Yandex ကဲ့သို့သော ကိုယ်ပိုင် search engine များ VK , OK , mail agents စသည့် ကိုယ်ပိုင် လူမှုကွန်ရက်များရှိသော နိုင်ငံအနည်းစုထဲတွင် ပါဝင်သည့် နိုင်ငံလည်း ဖြစ်နေ ကြောင်း ၎င်းကထောက်ပြ သည်။ ရုရှား၏ များပြားလှသည့် လူဦးရေကလည်း နိုင်ငံကို ပိုမိုဆွဲဆောင်မှုရှိသော ဈေးကွက်ဖြစ်စေပြီး ပြည်တွင်းလုပ်ငန်းများသည် ၁၄၆ ဒသမ ၅ သန်း ရှိသော လူဦးရေအား ဝမ်းဝအောင် ကျွေးနိုင်ပြီး ခါးလှအောင် ဆင်ပေးနိုင်စွမ်းရှိကြောင်း၊ ထို့ပြင် ရုရှားတွင် ကိုယ်ပိုင်ကောင်းစွာ လည်ပတ်နိုင်သည့် ဘဏ္ဍာရေး စနစ်ရှိပြီး နိုင်ငံအား ကမ္ဘာ့ငွေပေးချေမှု စနစ်နှင့် ဖြတ် တောက်လိုက်ချိန်တွင် ငွေကြေးလည် ပတ်စီးဆင်းမှုကို ဆက်လက်ထိန်းထားနိုင်ခဲ့ကြောင်း၊ ဒဏ်ခတ်ပိတ်ဆို့ မှု၏ အကျိုးဆက်ကို နည်းနိုင်သမျှ နည်းအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်းလည်း ၎င်းကဆိုသည်။
ရုရှားစီးပွားရေး ခံနိုင်ရည်ရှိရခြင်း၏ ပြည်ပ အကြောင်းအချက်များမှာ ယနေ့ကမ္ဘာသည် လူအများ ထင်ထားသည့်ထက် ပြောင်းလဲစေခဲ့သည့် အဓိက အကြောင်းတစ်ခု ဖြစ်ကြောင်း၊ အနောက် နိုင်ငံများ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးသည့် နေရာတွင် မရှိတော့ကြောင်း၊ ရုရှားနိုင်ငံသည် နိုင်ငံအများအပြား နှင့် ကောင်းမွန်သည့် ဆက်ဆံရေးရှိကြောင်း၊ ယင်း သည် ရုရှားနိုင်ငံအား စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုမှ သက်သာစေခဲ့ကြောင်း၊ အခြားအကြောင်းတစ်ခုမှာ ရုရှားနိုင်ငံသည် ကမ္ဘာတွင် နိုင်ငံအနည်းစုသာ ပိုင် ဆိုင်သည့်ကုန်ပစ္စည်းများ ရောင်းချနိုင်သည့်နိုင်ငံဖြစ် ကြောင်း၊ ယင်းမှာ ပြည်တွင်း၌ မထုတ်လုပ်နိုင်သည့် ကုန်ပစ္စည်းများနှင့် နည်းပညာများဝယ်ယူရန်မရှိမဖြစ် လိုအပ်သော နိုင်ငံခြားငွေကြေးဖြင့် ဝင်ငွေရစေသည့် စွမ်းအင်အရင်းအမြစ်ပင် ဖြစ်ကြောင်း Sergey Markov က ထောက်ပြသည်။

စိန်ခေါ်မှုများ
ရုရှားအစိုးရ ရင်ဆိုင်ရမည့် ကြီးမားသည့် စိန်ခေါ်မှုမှာ အနောက်နိုင်ငံများ၏ ဖိအားပေးမှုများ ဆက်ရှိနိုင်သည့်အတွက် အနာဂတ်တွင် ဒဏ်ခတ် ပိတ်ဆို့မှုများကို ကျော်လွှားနိုင်ရန်နှင့် စီးပွားရေး ပိုမို ခိုင်မာအောင် တည်ဆောက်ရန်ပင်ဖြစ်သည်။ ထို့ပြင် အနောက်နိုင်ငံနည်းပညာကုမ္ပဏီများ ထွက်ခွာသွား သည့်အတွက် ကွက်လပ်ဖြစ်သွားသည့်နေရာတွင် တဖြည်းဖြည်း ပြန်ဖြည့်နိုင်ရန် ဖြစ်သည်။ လက်ရှိတွင် ရုရှားစီးပွားရေးကို ကာကွယ်ရေးလုပ်ငန်းက ကျားကန် ပေးထားခြင်းဖြစ်သည်။ ရုရှားတာဝန်ရှိသူများ အနေ ဖြင့် နိုင်ငံတော်ကာကွယ်ရေးပစ္စည်းအမှာစာများ မရှိတော့သည့် ငြိမ်းချမ်းသည့်အချိန်တွင် အသွင်ကူး ပြောင်းရေး အစီအမံတစ်ခုကို မဖြစ်မနေရေးဆွဲရန် လိုအပ်သည်။ ရုရှားနိုင်ငံအနေဖြင့် လုပ်သားပြတ် လပ်မှုကို ခံစားရနိုင်သည်။ ယင်းပြဿနာသည် တပ်သားသစ်စုဆောင်းရေးကိစ္စ အပြီးတွင် ပိုမိုဆိုးရွားလာ ခဲ့သည်။ အဓိကအလုပ်လုပ်နိုင်သော အသက်အုပ်စု ဖြစ်သည့် အမျိုးသားများသည် ရှေ့တန်းသို့ သွားခဲ့ကြ ရသည်။ ရွှေ့ပြောင်းလုပ်သားများမှာလည်း တပ်သား သစ် စုဆောင်းမှုကို ကြောက်ရွံ့မှုကြောင့် နိုင်ငံကို ပြန်မလာလိုကြကြောင်း Sergey Markov က ဆိုသည်။ လုပ်သား ပြတ်လပ်မှုသည် လုပ်ငန်းများကို လစာတိုးပေးရန် ဖိအားဖြစ်စေခဲ့သည်။ လစာတိုး ပေးခြင်းသည် အသုံးစရိတ်မြင့်မားခြင်းနှင့် ငွေကြေး ဖောင်းပွမှုကို ဦးတည်စေနိုင်ကြောင်းလည်း ၎င်းက ဆိုသည်။ မည်သို့ပင်ဖြစ်စေ စီးပွားရေးရှုထောင့်မှ ကြည့်ပါက ရုရှားအစိုးရအနေဖြင့် အကောင်းမြင်ထားပြီး စီးပွားရေးတိုးတက်မှုမှာလည်း ဥရောပနိုင်ငံ အားလုံးထက် သိသိသာသာ မြင့်မားလိမ့်မည်ဟု မျှော်လင့်ထားကြောင်း ၎င်းကဆိုသည်။
သို့သော် စစ်ပွဲကာလ ပိုကြာလာသည်နှင့် အမျှ စီးပွားရေးမှာလည်း စစ်ရေးအသုံးစရိတ် အပေါ် တွင် ပိုမိုကျရောက်လာနိုင်သည်ဟု စီးပွားရေးကျွမ်း ကျင်သူများက ဆိုသည်။ ရုရှားစီးပွားရေးမှာ တိုးတက် လာသည့်တိုင် တစ်ဖက်တွင် ဟန်ချက်မညီမှုများလည်း ဖြစ်စေနိုင်သည်။ သိသာသည့် အချက်မှာ အလုပ် သမားဈေးကွက်ပင် ဖြစ်သည်။ ရုရှားကြည်းတပ်နှင့် ၎င်းတို့၏ လက်နက်စက်ရုံများသည် လုပ်အားခတိုးမြှင့် ပေးထားသည့် လုပ်သားအများအပြားကို အသုံးပြု နေကြသည်။ ရုရှားနိုင်ငံအနေဖြင့် စစ်ဘက်ဆိုင်ရာ လုပ်ငန်းများတွင် အလုပ်အကိုင်သစ် ၅၂၀ယဝဝဝ ဖန် တီးပေးခဲ့ပြီးဖြစ်ကြောင်း ပြောဆိုထားပြီးဖြစ်သည်။ ယင်းမှာ အရပ်ဘက်လုပ်ငန်းများတွင် လုပ်သားပြတ်လပ်မှု ဖြစ်စေနိုင်သည်။ ရုရှားနိုင်ငံအနေဖြင့် ၂၀၂၂ ခုနှစ်အတွင်း ရုရှားတပ်မတော်အတွက် တပ်သားသစ် ၃၀ဝ,ဝဝဝ စုဆောင်းနိုင်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ၄၉၀,ဝဝဝ ထပ်မံစုဆောင်းနိုင်ခဲ့သည်။


ရုရှားနိုင်ငံက ယူကရိန်းကို တိုက်ခိုက်ခဲ့ ခြင်းကို အကြောင်းပြု၍ အနောက်နိုင်ငံများသည် ရုရှားနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုပေါင်းများစွာ ချမှတ်ခဲ့သည်။ ရုရှားနိုင်ငံကို ကမ္ဘာ့ငွေပေးချေမှု စနစ်မှ ဖယ်ထုတ်ခဲ့သည်။ ရုရှားရေနံဈေးနှုန်းကို ကြိုတင်သတ်မှတ်ခြင်း (Price-Cap) ပြုလုပ်ခဲ့သည်။ ရုရှားရေနံဝယ်ယူသည့် နိုင်ငံများကိုလည်း ဝယ်ယူ ခြင်းမပြုရန် တိုက်တွန်းခြင်း၊ တားမြစ်ခြင်းတို့ ပြုလုပ် ခဲ့သည်။ ရုရှားနိုင်ငံကို စစ်ရေး၊ စီးပွားရေးအရ အဘက်ဘက်မှထိုးနှက်ပြီး ပြိုလဲအောင် ကြိုးပမ်းခဲ့ သည်။ သို့သော် ရုရှားနိုင်ငံမှာ ၎င်းတို့လိုသလို ဖြစ်မလာခဲ့ဘဲ ဒဏ်ခတ်ပိတ်ဆို့မှုများကြားမှပင် စီးပွားရေး မှာ တိုးတက်လာခဲ့ရာ စီးပွားရေးကျွမ်းကျင်သူများပင် အံ့အားသင့်ခဲ့ကြရသည်။ ရုရှားဖြစ်နေ၍သာ ဤမျှ အထိ ခံနိုင်ရည်ရှိနေခြင်း ဖြစ်သည်။ လိုတိုရှင်း ပြောရ မည်ဆိုပါက ရုရှားစီးပွားရေးမှာ ယနေ့အထိ ပိတောက် ပွင့်ဆဲ၊ လသာဆဲဟုဆိုချင်သည်။


 


 

Hi !

!

Popular posts from this blog

ဝေဝါးမှုတွေနဲ့အတူ မသေချာ မရေရာမှုများနဲ့ မြန်မာပြည်..။

  ဝါရင့်သတင်းစာဆရာကြီး လာရီယာဂန်က စစ်အာဏာသိမ်းမှု သုံးနှစ်ပြည့်တဲ့ ဖေဖော်ဝါရီ(၁)ရက်နေ့မှာ ဘန်ကောက်ပို့စ်သတင်းစာမှာ ဆောင်းပါးတစ်ပုဒ် ရေးသားလိုက်ပါတယ်။ ဆောင်းပါးခေါင်းစဉ်က Myanmar faces increasing uncertainty ပါ။ စစ်အာဏာသိမ်းပြီး သုံးနှစ်အကြာမှာ မြန်မာနိုင်ငံရဲ့အခြေအနေ ဘယ်လိုရှိသလဲ။ ရှေ့မှာ ဘာဖြစ်နိုင်သလဲ။ မှန်းဆထားတာပါ။ လက်ရှိ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်လို့ လာရီယာဂန်လည်း ဘာမှ မမှန်းဆနိုင်ပါဘူး။ သူပြောနိုင်တာ တစ်ခုက မြန်မာပြည်ဟာ မသေမချာ မရေမရာမှုတွေ အများကြီးနဲ့ ဆက်ပြီး ရင်ဆိုင်နေရဦးမယ်ဆိုတဲ့ ကောက်ချက်ပါ။ မြန်မာစစ်တပ်က ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရကို စစ်အာဏာသိမ်းခဲ့တာ ခု ဖေဖော်ဝါရီ(၁)ရက်မှာ သုံးနှစ်တိတိ ပြည့်ခဲ့ပြီဖြစ်ကြောင်း၊ သုံးနှစ်အတွင်း တိုင်းပြည်ဟာ အဖက်ဖက်က ယိုယွင်းပျက်စီးသွားပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေ တိုးပွါးနေကြောင်း၊ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ပီဒီအက်ဖ်တွေကြား တိုက်ပွဲတွေကြောင့် ပြည်သူသန်းပေါင်းများစွာ အိုးပစ်အိမ်ပစ် ထွက်ပြေးနေရကြောင်း လာရီယာဂန်က ရေးသားပါတယ်။ ...

ကရင်ပြည်နယ်ပုံရိပ်ကို ထိခိုက်စေသဖြင့် ရွှေကုက္ကိုလ်ကို တိုက်ခိုက်ရဟု KTLA ပြော

  ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ ရွှေကုက္ကိုလ်မြို့သစ်သည် ပြည်နယ်ဖွံဖြိုးမှု မဖြစ်စေဘဲ ပျက်ဆီးမှုကိုသာ ဖြစ်စေသဖြင့် တိုက်ခိုက်ရခြင်း ဖြစ်ကြောင်း ကော်သူးလေတပ် (KTLA) က ဧပြီ ၇ ရက်တွင် ကြေညာသည်။ Facebookတွင် ပျံ့နှံလာသော KTLA ဗဟိုဌာနချုပ် ရုံးထိုင်မှူး စောဝါးနေမူး လက်မှတ်ထိုးထားသည့် ကြေညာချက်အရ ရွှေကုက္ကိုလ်မြို့သည် မူးယစ်ဆေးဝါး ဖြန့်ဖြူးသုံးစွဲရောင်းချနေပြီး တိုင်းရင်းသူ အမျိုးသမီးများကို ပြည့်တန်ဆာအဖြစ် လိမ် လည်လှည့်ဖြားစေခိုင်းနေသည့် နေရာဖြစ်နေသလို စစ်ကောင်စီအတွက် တရားမဝင်ငွေကြေးများ ရှာဖွေပေးသည့် နေရာ ဖြစ်၍ ပြည်ပမှ အလုပ်သမားများကိုလည်း လိမ်လည်ခေါ်ဆို ခိုင်းစေမှုများ ရှိနေသဖြင့် KTLA အနေနှင့် ကရင်ပြည်နယ် အကျိုးအတွက် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း၊ ထို့အတွက် ရွှေကုက္ကိုလ်တွင် နေထိုင်သည့် ပြည်သူများအနေနှင့် တိုက်ပွဲ ဧရိယာမှ ရှောင်ပေးကြရန် ထုတ်ပြန်ထားသည်။ ထိုကြေညာချက်နှင့် ပတ်သက်၍ ပိုမိုသိရှိနိုင်ရန် KTLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောနယ်ဒါးမြကို ဧရာဝတီက ဖုန်းဖြင့်ဆက် သွယ်ခဲ့ရာ ၎င်း အလုပ်များနေသဖြင့် နောက်မှ ပြန်လည်ဆက်သွယ်ရန် ပြောဆိုသည်။ ကော်သူးလေတပ်နှင့် နီးစပ်သည်...

မြန်မာနိုင်ငံမှာရှိတဲ့ ဗမာလူမျိုး ပေါ်ပေါက်ပုံ အကြောင်း

  ဗမာလူမျိုး ပေါ်ပေါက်လာပုံ သမိုင်းကြောင်း – တိဘက်တို ဘားမန်းလူမျိုးနွယ်စုကြီး မှ အကြီးဆုံးသောလူမျိုးဖြစ်သည်။ ယနေ့ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းသို့ နာဂ၊ သက်၊ ကမ်းယံ၊ပျူ တို့နောက်မှ ဝင်ရောက်လာခြင်းဖြစ်သော်လည်းပျူတို့ ထူထောင်သည့် ပထမပြည်ထောင်စုကို အေဒီ ၈ ရာစုတွင် နန်ကျောက်တို့က ဖျက်စီးပြီးချိန် မတိုင်မှီက ပင် ရောက်ရှိနေထိုင်နေခဲ့ပြီးဖြစ်သည်ဟုခန့်မှန်း၍ရနိုင်သည်။အေဒီ ၁၀ ရာစုမတိုင်မှီ အချိန်ကပင် ကျောက်ဆည် ၁၁ ခရိုင်တွင် အခြေချခဲ့ပြီး နောက်များမကြာမှီ တွင်မြစ်သာ ၆ ခရိုင် ၊ ပုဂံ နေပြည်တော်တို့ကို ထူ ထောင်ကာဒုတိယမြန်မာပြည်ထောင်စုကို တည်ထောင်ခဲ့ကြသည်။ သို့သော် မြန်မာနိုင်ငံသားတို့က ထိုပြည်ထောင်စုကိုသာပထမပြည် ထောင် စုအဖြစ် လက်ခံကြသည်။သမိုင်းတစ်လျောက်တွင် မွန်ဂို၊ တရုတ်၊ ယိုးဒယား၊ မွန်၊ ရခိုင်၊ ရှမ်း၊ ကရင် အစရှိသည့် အတွင်း၊ အပြင်ရန်အမျိုးမျိုးနှင့်ကြုံတွ့ခဲ့ဖူးပြီးအကြိမ်တိုင်းတွင် ပြည်ထောင်စု၏ ဦးဆောင်သူနေရာကို ဗမာတို့ ပြန်လည်ကာ ရောက်ရှိနိုင်ခဲ့သည်။အနော်ရထာ၏ ပထမပြည်ထောင်စု(ပထမမြန်မာနိုင်ငံတော်ကြီး)၊ တပင်ရွှေထီး-ဘုရင့်နောင်တို့ ၏ ဒုတိယပြည်ထောင်စု (ဒုတိယ မြန်မာနိုင်ငံတော်ကြီး)၊အလောင်းဘုရား၏ တတိ...

မြန်မာပြည်မြေပုံကို အပြောင်းခံကြမှာလား

  ကမ္ဘာ့သမိုင်းကို ပြန်လေ့လာကြည့်မယ်ဆိုရင် အိမ်နီးချင်းနိုင်ငံတွေအဖြစ် နှစ်ပေါင်းများစွာ အတူတကွ ယှဉ်တွဲ ရပ်တည်နေကြပြီးမှ ဝေးကွာသွားကြတဲ့ နိုင်ငံတွေ ရှိခဲ့တယ်ဆိုတာ တွေ့နိုင်ပါတယ်။ ကျွန်တော်တို့အတွက် အထင်ရှားဆုံး ဥပမာတစ်ခုရှိပါတယ်။ အဲဒါကတော့ မြန်မာနဲ့ ပါကစ္စတန်တို့ဟာ ယခင်က နယ်မြေချင်း ထိစပ်နေကြတဲ့ အိမ်နီးချင်း နိုင်ငံတွေပါ။ သို့သော် ၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံအသစ် ပေါ်ပေါက်လာချိန်မှာတော့ အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားခဲ့ကြပါတယ်။ ယခင်က အိမ်နီးချင်းဖြစ်ခဲ့လို့ ထင်ပါတယ်၊ မြန်မာနဲ့ ပါကစ္စတန်တို့ရဲ့ ဆက်ဆံရေးဟာ ကောင်းမွန်နေကြဆဲဆိုတာ သက်သေ၊ သာဓကများစွာ ရှိပါတယ်။ အဲဒီလို အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားရခြင်းဟာ သူတို့ရဲ့ ပြည်တွင်းရေးသာ ဖြစ်တဲ့အတွက် အထူးအထွေ ဝေဖန်ရန် မရှိပါ။ သို့သော် လက်ရှိအခြေအနေမှာ မြန်မာရဲ့ အိမ်နီးချင်း (၅) နိုင်ငံရှိနေရာက မတူညီတဲ့ အိမ်နီးချင်းနိုင်ငံသစ်တွေ ထပ်မံ ပေါ်ပေါက်လာဖို့ လုပ်ဆောင်နေကြတာတွေ မြင်နေရပါပြီ။ ဒီတစ်ကြိမ်ကတော့ ကျွန်တော်တို့ရဲ့ ပြည်တွင်းရေးဖြစ်တဲ့အတွက် အလေးထားရပါတော့မယ်။ ရှိပြီးသား အိမ်နီးချင်း (၅) နိုင်ငံနဲ့ မြန်မာတို့အကြား ကျွန်တော်တိ...

မြန်မာ ဒုကာကွယ်ရေးဝန်ကြီး ထောင်ထဲရောက်ပြီ

  မြန်မာ ဒုကာကွယ်ရေးဝန်ကြီး ထောင်ထဲရောက်ပြီ မတ်လ ၂၈ ရက် ၂၀၂၄ ခုနှစ် နံနက် ၁၀ နာရီ ၂၀ သတင်း ================================= ကာကွယ်ရေး ဒု-ဝန်ကြီး ဖြစ်သူ ဗိုလ်ချုပ်အောင်လင်းထွန်းကို ကျားဖြန့်လုပ်ငန်းနဲ့ ပတ်သက်တယ်ဆိုပြီး မနေ့ည မတ်လ ၂၇ ရက်နေ့ည ၁၁ နာရီတွင် စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့မှ သွားရောက်ဖမ်းဆီးခဲ့ကြပါတယ်။ အဆိုပါ ဖမ်းဆီးချိန်တွင် ဒုကာကွယ်ရေးဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်အောင်လင်းထွန်းသည် အရက်မူးနေပြီး အသာတကြည် လိုက်လာခြင်းမရှိပဲ … ပုဆိုးလှန်ပြီး ဆဲဆိုနေခြင်းကြောင့် စစ်ဘက်လုံခြုံရေးအဖွဲ့မှ ရိုက်နှက်ခဲ့ရာ.. သွား အချို့ ကျွတ်သွားပြီး ပါးစပ်တခုလုံး သွေးများနီရဲနေသည်။ “အဲ့ကောင် ပါးစပ်က သွေးမတိတ်ခင် ရမဲသင်းထောင်ပို့လိုက်စမ်း” လို့ အထက် အမိန့်ပေးလိုက်တော့ အခု ရမဲသင်းထောင်ရောက်နေပြီဖြစ်ကြောင်း မြန်မာအမေရိကန် သတင်းဌာနမှ စုံစမ်းသိရှိရသည်။ ဂိုလ်ရှယ်လေး

စစ်တပ်မှ အာဏာသိမ်းထားသည့် ၃ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ထောင်သားဘဝ

                           ဖေဖော်ဝါရီလ ၁ ရက်နေ့သည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့အတွက် အနှောက်အယှက်ဖြစ်စေသူဟု ယူဆသည့် ရွေးကောက်ခံအစိုးရ ခေါင်းဆောင်နှင့် နိုင်ငံသမိုင်းတွင် အညီညွတ်ဆုံးဖြစ်စေခဲ့သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာမှဖယ်ရှားပြီး မအောင်မြင်သော အာဏာသိမ်းမှု ပြုလုပ်သည့် သုံးနှစ်မြောက်နေ့ ဖြစ်သည်။ ရက်ပေါင်း ၁၀၉၅ ရက်ကျော် ကြာသော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် မြို့တော်နှင့် စစ်တပ်ဗဟိုဌာနချုပ် နေပြည်တော် အနောက်တောင်ဘက်အစွန်းမှ ထောင်တခုတွင် တဦးတည်း ဆက်လက် ဖမ်းဆီးချုပ်နှောင်ခံနေရသည်။ သူ့အတွက် တခုတည်းသော ထောင်ပြင်ထွက်ရချိန်သည် လွန်ခဲ့သောနှစ်အတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စတာ ဒွန် ပရာမတ်ဝီနိုင်နှင့် တွေ့ရသည့် တိုတောင်းသော ကာလဖြစ်ပြီး သူ့ကို ချမှတ်ထားသည့် ထောင်သက်တမ်းကိုလည်း ၃၃ နှစ်မှ ၂၇ နှစ်သို့ လွန်ခဲ့သောနှစ်က လျှော့ချပေးသည်။ အာဏာသိမ်းမှု နှစ်ပတ်လည်သည် ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းနည်းစရာကောင်းသော လက်ရှိအခြေအနေနှင့် ဝေဝါးနေသည့် အနာဂတ်ကို မီးမောင်းထိုးပ...

ပဲခူးတိုင်း မင်းလှမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွား

  မင်းလှတွင် ၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲ ၆ ကြိမ် အတွင်း စစ်တပ်ဘက်မှ စစ်သား ၈၀ ဦးကျော်သေဆုံး ရန်ကုန်၊ မတ် ၁၁ ပဲခူးတိုင်း၊ မင်းလှမြို့နယ်အတွင်း ၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲ ၆ ကြိမ် အတွင်း စစ်တပ်ဘက်မှ ၈၀ ကျော်သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ မတ်လ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ ဧက ၁၀၀၀ ကျွန်း စိုက်ခင်း ကျုံးပေါက်အနီး၌ စစ်ကြောင်း ထိုးလာသော အင်အား ၁၂၀ ပါ စစ်ကောင်စီ တပ်သားများကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ နှင့် ဒဂုံစစ်ကြောင်းတို့က စောင့်ကြို တိုက်ခိုက်ခဲ့ရာ အပြန်အလှန် တိုက်ပွဲ ၂ နာရီကျော် ကြာမြင့်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်ဘက်မှ ၂၀ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။ ယင်းနေ့ ညနေ ၅ နာရီခန့်အချိန် မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်းပေါ်ရှိ ဟိုင်းယု လမ်းဆုံတွင် တပ်ဆွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ နှင့် တပ်ခွဲ ၃ တို့က လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ရှောင်တခင် သွားရောက် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၃ နာရီခန...

တပ်မလက်ရွေးစဉ် ဘီလူးစစ်ကြောင်းဆိုသည်မှာ .....

    “ဒီစစ်ကြောင်းက စစ်တိုက်ဖို့ဆိုတာထက် လူတွေကိုသတ်၊ မုဒိမ်းကျင့်ဖို့ အဲ့လိုမျိုးတွေလုပ်ဖို့ အဓိကလာတဲ့ စစ်ကြောင်းပါ။ လူမဆန်တဲ့ လုပ်ရပ်တွေကို အဓိကလုပ်တာ” မြောင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) က ကိုနွေဦးက စစ်ကိုင်းဒေသအတွင်း စစ်ရာဇဝတ်မှုများကို ကျူးလွန်ချိုးဖောက်နေသည့် ဘီလူးစစ်ကြောင်း၏ လုပ်ရပ်များကို ပြောဆိုသွားခြင်းဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြည်သူများကို ရက်ရက်စက်စက် ခေါင်းဖြတ်သတ်သည့် စစ်ကြောင်း၊ အစုလိုက် အပြုံလိုက် သတ်သည့်စစ်ကြောင်း၊ မုဒိမ်းမှုများကို ကျူးလွန်နေသည့် စစ်ကြောင်းဟု ဆိုလိုက်ပါက လူတိုင်းက ဆိုးဆိုးရွာရွား နာနာကျည်းကျည်း အမှတ်ရနေသည့် စစ်ကြောင်းမှာ ဘီလူးစစ်ကြောင်းပင် ဖြစ်သည်။ ရက်စက်မှုအပေါင်း သရဖူဆောင်းထားသည့် ဘီလူးစစ်ကြောင်းသည် ယခုနှစ် ဩဂုတ်လ တတိယပတ်မှ စက်တင်ဘာလ ဒုတိယပတ်ထိ စစ်ကိုင်း၊ ရွှေဘို၊ ဝက်လက်နယ်များသို့ စစ်ကြောင်းထိုး ဝင်ရောက်ပြီးနောက် ပြည်သူများကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်။ 'စစ်ကိုင်း၊ ရွှေဘို၊ ဝက်လက်နယ်ထဲ ဘီလူးစစ်ကြောင်း၏ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သည့် အခြေအနေများ' မန္တလေး-ရွှေဘို-မြစ်ကြီ...

ရှမ်းမြောက်က ကျားဖြန့် ဇာတ်သိမ်းခန်း

  ဇန်နဝါရီ ၃၀ ရက်တွင် မြန်မာနိုင်ငံ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက တရုတ် အစိုးရထံ မြန်မာနိုင်ငံမြောက်ပိုင်း ကျားဖျန့် လုပ်ငန်းများတွင် အဓိက ကြိုးကိုင်သူများဟု သတ်မှတ်ထားသည့် ပယ်စောက်ချိန်အပါအဝင် ခြောက်ဦးနှင့် အခြားအရေးကြီးသံသယရှိ သူ လေးဦးကို လွှဲပြောင်းပေးခဲ့သည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ဇန်နဝါရီ ၃၀ ရက်တွင် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးအဖွဲ့ အစည်းထံသို့မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့် ဒေသ အွန်လိုင်းလိမ်လည်မှုအဖွဲ့၏ အဓိက ခေါင်းဆောင် ခြောက်ဦးဖြစ်သည့် ပယ် စောက်ချိန်၊ ပယ်ရင်ချန်၊ဝေ့ဟွိုင်ရန်၊ လျိုကျန့် ရှန်၊ လျိုကျန့်မောက်၊ ရွှီလောက်ဖာနှင့် အခြား အရေးကြီး ပြစ်မှုကျူးလွန်ကြောင်းသံသယရှိ သူ လေးဦးအား တရားဥပဒေနှင့်အညီ လွှဲ ပြောင်းပေးအပ်ခဲ့ပြီး အဆိုပါ ၁၀ ဦးကို ယင်း နေ့ညတွင်ပင် တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့ သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ခဲ့သည်။ ယင်းသို့ မြန်မာနိုင်ငံမြောက်ပိုင်းရှိ ကျား ဖျန့်လုပ်ငန်းများတွင် အဓိကတာဝန်ရှိသူဟု တရုတ်အစိုးရက သတ်မှတ်ထားသည့် ပယ် စောက်ချိန် အပါအဝင် ခြောက်ဦးအား လွှဲ ပြောင်းပေးအပ်ခြင်းမှာ တရုတ်-မြန်မာ နှစ် နိုင်ငံ၏ န...

အာဆီယံ-သြစတြေးလျ ထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီ ကိုယ်စားလှယ်တက်မည်

 စစ်ဗိုလ်ချုပ်များခန့်ထားသည့် သံအမတ်က မဲလ်ဘုန်းမြို့တွင် ၃ ရက်ကြာ ကျင်းပမည့် ဒေသတွင်း အထူးထိပ်သီးအစည်းအဝေးကာလအတွင်း ဆွေးနွေးပွဲ ၂ ခုကို တက်မည်ဟု သိရှိရသည်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသည့် အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသည့် သြစတြေးလျ ဝန်ကြီးချုပ် Anthony Albanese ကို တွေ့ရစဉ်။ သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် မတ်လ ၄ ရက်မှ ၆ ရက်အထိ ကျင်းပမည့် အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီကိုယ်စားလှယ် တက်ရောက်မည်ဟု သိရသည်။ အစည်းအဝေးကာလတွင် ပြုလုပ်မည့် ရေကြောင်းပူးပေါင်းဆောင်ရွက်ရေးညီလာခံ၊ ရာသီဥတုနှင့် သန့်ရှင်းသောစွမ်းအင်ဆိုင်ရာ ဖိုရမ်တို့ကို ကင်ဘာရာမြို့ မြန်မာသံရုံးမှ စစ်ကောင်စီခန့် သံအမတ် ဦးသက်ထွန်း တက်ရောက်မည်ဖြစ်သည်။  အခြား ဆက်စပ်အစည်းထိပ်သီးအစည်းအဝေးများသို့ စစ်ကောင်စီကိုယ်စားပြုကိုယ်စားလှယ် တက်မည်၊ မတက်မည်ကိုမူ သြစတြေးလျ နိုင်ငံခြားရေးနှင့် ကုန်သွယ်မှုဌာနက ပြောဆိုခြင်းမရှိပေ။ ...

Click !