Skip to main content

Continue !

မြန်မာနိုင်ငံမှာရှိတဲ့ ဗမာလူမျိုး ပေါ်ပေါက်ပုံ အကြောင်း

 


ဗမာလူမျိုး ပေါ်ပေါက်လာပုံ သမိုင်းကြောင်း – တိဘက်တို ဘားမန်းလူမျိုးနွယ်စုကြီး မှ အကြီးဆုံးသောလူမျိုးဖြစ်သည်။ ယနေ့ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းသို့ နာဂ၊ သက်၊ ကမ်းယံ၊ပျူ တို့နောက်မှ ဝင်ရောက်လာခြင်းဖြစ်သော်လည်းပျူတို့ ထူထောင်သည့် ပထမပြည်ထောင်စုကို အေဒီ ၈ ရာစုတွင် နန်ကျောက်တို့က ဖျက်စီးပြီးချိန် မတိုင်မှီက ပင် ရောက်ရှိနေထိုင်နေခဲ့ပြီးဖြစ်သည်ဟုခန့်မှန်း၍ရနိုင်သည်။အေဒီ ၁၀ ရာစုမတိုင်မှီ အချိန်ကပင် ကျောက်ဆည် ၁၁ ခရိုင်တွင် အခြေချခဲ့ပြီး နောက်များမကြာမှီ တွင်မြစ်သာ ၆ ခရိုင် ၊ ပုဂံ နေပြည်တော်တို့ကို ထူ ထောင်ကာဒုတိယမြန်မာပြည်ထောင်စုကို တည်ထောင်ခဲ့ကြသည်။ သို့သော် မြန်မာနိုင်ငံသားတို့က ထိုပြည်ထောင်စုကိုသာပထမပြည် ထောင် စုအဖြစ် လက်ခံကြသည်။သမိုင်းတစ်လျောက်တွင် မွန်ဂို၊ တရုတ်၊ ယိုးဒယား၊ မွန်၊ ရခိုင်၊ ရှမ်း၊ ကရင် အစရှိသည့် အတွင်း၊ အပြင်ရန်အမျိုးမျိုးနှင့်ကြုံတွ့ခဲ့ဖူးပြီးအကြိမ်တိုင်းတွင် ပြည်ထောင်စု၏ ဦးဆောင်သူနေရာကို ဗမာတို့ ပြန်လည်ကာ ရောက်ရှိနိုင်ခဲ့သည်။အနော်ရထာ၏ ပထမပြည်ထောင်စု(ပထမမြန်မာနိုင်ငံတော်ကြီး)၊ တပင်ရွှေထီး-ဘုရင့်နောင်တို့ ၏ ဒုတိယပြည်ထောင်စု (ဒုတိယ မြန်မာနိုင်ငံတော်ကြီး)၊အလောင်းဘုရား၏ တတိယပြည်ထောင်စု (တတိယမြန်မာနိုင်ငံတော်ကြီး) တို့ကို တည်ထောင်ကာ သမိုင်း တစ်လျောက်တွင် အောင်နိုင်သူများအဖြစ်ရပ်တည်နိုင်ခဲ့သည်။တတိယပြည်ထောင်စုခေတ်(ကုန်း ဘောင်ခေတ်)ပထမ အင်္ဂလိပ် – မြန်မာ စစ်ပွဲ (အင်္ဂလိပ်တို့၏ မြန် မာနိုင်ငံအပေါ် ပထမ ကျူး ကျော်စစ်ပွဲ) အပြီးတွင် မဏိပူရ ၊ တနင်္သာရီနှင့် ရခိုင် ဒေသ များကို အင်္ဂလိပ်တို့ထံ ပေးအပ်ခဲ့ရပြီး၁၈၈၆ တွင် မြန်မာနိုင်ငံသည် ဗြိတိသျှ အင်ပါယာအတွင်းသို့ကျရောက်ခဲ့သည်။၁၉၃၇ ခုနှစ်အထိ မြန်မာနိုင်ငံသည် အိန္ဒိယ၏ ပြည်နယ်တစ်ခုအဖြစ် တည် ရှိခဲ့ပြီးနောက် ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင်ကြိုးပမ်းမှုကြောင့် ၁၉၄၈ ခုနှစ်ဇန်နဝါရီလ (၄) ရက်နေ့တွင်ဗြိတိသျှ အုပ်ချုပ်မှု အောက် မှ လွတ်လပ်ရေး ရရှိခဲ့ပြီး မြန်မာပြည် အဖြစ်ပြန်လည်ထူထောင်ခဲ့သည်။နောက် ၁၉၆၂ ခုနှစ်တွင် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် အဖြစ် ကူးပြောင်းကာ တစ်ပါတီဗဟိုဦးစီးစနစ်ဖြင့် အုပ်ချုပ်ခဲ့သည်။၂၆ နှစ်အကြာတွင် တစ်ပါတီစနစ်ပျက်သုဉ်းပြီး တပ် မတော်မှ နိုင်ငံ့အာဏာကို ထိန်းသိမ်းခဲ့သည်။၂၀၁ဝ ခုနှစ်တွင် ပါတီစုံ ဒီမိုကရေစီစနစ်သို့ ကူး ပြောင်း ရန် စီမံလျက်ရှိပြီး ကုလသမဂ္ဂ ၊အာဆီယံ ၊ WTO စသည့် အဖွဲ့အစည်းများတွင် ပါဝင်ခဲ့သည်။ဗမာလူမျိုး တို့ဆင်းသက်လာပုံ – မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်မလာမီ နှစ်ပေါင်း ၄ဝဝဝကျော်ခန့်အချိန်က ဗမာလူမျိုး တို့သည်တရုတ်နိုင်ငံ အနောက်မြောက်ဖက်ရှိ ကန်စုဒေသ၊ ထောင်မြစ်ဝှမ်းတွင် နေထိုင်ခဲ့ကြသည်ဟု ခန့်မှန်းရသည်။သက်သေအထောက်အထားအားဖြင့် ဗမာတို့၏ ဘိုးဘွားများဖြစ်သည်ဟု ဆိုရန်ခက်သကဲ့သို့ ငြင်းပယ်နိုင်ခြင်းလည်းမရှိပေ။တွေ့ရှိရသည့် ထိုလူမျိုးစုတို့၏ ကျန်ရစ်သောအသုံး အဆောင်များမှာ အတော်အတန် အဆင့်မြင့်သည့် ကျောက်ခေတ်နှောင်းလက်ရာမျိုးရှိပြီးခေတ်ပြိုင်တရုတ်လက်ရာများနှင့် ရေချိန် ညီသော ယဉ်ကျေးမှုမျိုးရှိသည်ဟု ဆိုနိုင်သည်။တရုတ်တို့၏အင်အားကြီးမားစွာ နယ်ပယ်ချဲ့ထွင်လာမှုများ၊ လူမျိုးစုအချင်းအချင်း တိုက်ခိုက်မှုများကြောင့်အဆိုပါ လူမျိုးစုသည် တောင်ဖက်ဒေသများသို့ ရွေ့ပြောင်းလာကြသည်။ထိုသို့ လွတ်လပ်မှုအတွက် ရွေ့ပြောင်းရာတွင် ပေးဆပ်ရသော တန်ဖိုးမှာ အနှစ် ၃ဝဝဝနီးပါးမျှတိမ်ကောခဲ့ရသည်ယဉ်ကျေးမှုပင်ဖြစ်တော့ သည်။ဆိုလိုသည်မှာ မိမိတို့လူမျိုးစုလွတ်မြောက်ရေးအတွက် ယဉ်ကျေးမှုကို ပစ်ပယ်ကာ ရောက်ရာအရပ်မှ ယဉ် ကျေးမှုများရောနှောလာသည်ကို လက်ခံခဲ့ရခြင်းပင်ဖြစ်သည်။တနည်းအား ဖြင့် ပုဂံတွင် အခြေချ သည့် အေဒီ ၁၁ရာစုက ဗမာတို့ယဉ်ကျေးမှုသည် အေဒီ ၁၁ရာစု တရုတ်တို့၏ ယဉ် ကျေးမှု နှင့် ယဉ်လျှင် အဆင့်အတန်းချင်းများစွာ ကွာခြားခဲ့ပေပြီ။သို့ဖြင့် ခရစ်ရ ရာစုများအရောက်တွင် ထိုလူမျိုးစုသည် တရုတ်-မြန်မာနယ်စပ်သို့ရောက်လာပြီဖြစ်ပြီး တရုတ်မှတ်တမ်းများတွင် မန်းမန် ဟုခေါ်သည့် လူမျိုးအုပ်စုကြီး အဖြစ် တည်ရှိခဲ့သည်။ထိုအုပ်စုကြီးအတွင်းမှ မန်ဟုခေါ်သည့် လူမျိုးစုမှ မိမိတို့အကြီးအကဲဖြစ်သူကို မင်း၊မင်းစော ဟုခေါ်ကြပြီး စစ်မက်ရေးရာကျွမ်းကျင် သူများဖြစ်လာသည်။သို့သော် မွှေးမြူရေးနှင့်စိုက်ပျိုးရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်ကြကြောင်းသိရှိရသည်။ထိုစဉ်ကပင် အိမ်ကြက်ကို မွှေးမြူနေပြီဖြစ်သည်ဟု သိရှိ ရသည်။ ထိုလူမျိုးသည် ထကြွလုံ့လရှိပြီး စစ်ရေးတွင်အလွန် အားသန်သူများဖြစ်သည် ဟုဆို သည်။စစ်ပွဲများတွင် လှံနှင့် မြင်းစီးကျွမ်းကျင်မှုကို အသုံးချကာ တိုက်ခိုက်သည်။ အမျိုးသားများသာမကအမျိုးသမီးများပါ မြင်းကို ကျွမ်းကျင်စွာ စီးနှင်းနိုင်သည်။လေးမြားအတတ်တွင် ကျင် လည်ကာ အဆိပ်လူးမြားဖြင့်လည်းရန်သူကိုတိုက်ခိုက်လေ့ရှိသည်။ ခြေတံရှည်အိမ်များတည် ဆောက်နေထိုင်သည်။ဘောင်းဘီဝတ်ဆင်လေ့ရှိပြီးခေါင်းပေါင်းအနီကို ပေါင်းလေ့ရှိကြောင်း သိရသည်။ ၈ရာစုအစောပိုင်းကာလများတွင် နန်ကျောက်တို့၏ အုပ်စီးမှုကိုခံလာရပြီး ခရစ်နှစ် ၇၉၄ ခန့်တွင် နန်ကျောက်လက်အောက်ခံဖြစ်ရသည်။စစ်ရေးကျွမ်းကျင်မှုကြောင့် နန်ကျောက်တို့၏ အရှေ့တောင်အာရှ ကုန်းမြေအား ကျူးကျော်စစ်ပွဲများတွင် တပ်ဦးမှ အများဆုံး ပါဝင်ရလေ့ရှိသည်။မန်းမန်စစ်သည်များ သည် အလွန်တရာ သတ္တိရှိပြီး သစ္စာလည်းမြဲသည်ဟုဆိုလေ့ရှိသည်။ စစ်ပွဲတွင် မန်းမန်စစ်သည်တစ်ဦးအား ဖမ်း ဆီးရမိ၍ မည်သို့ပင်ရိုက် နှက်စစ်ဆေးစေကာမူမည်သည့်လျှို့ဝှက်ချက်ကိုမှ ပြော ပြမည်မဟုတ်ဟု ဆိုသည်။ မြန်မာနိုင်ငံသို့ ဝင်ရောက် လာခြင်း -စစ်တိုက်သန်သူများဖြစ်သော်လည်း မိမိတို့ကို အုပ်စီး ထားသည့် နန်ကျောက်များခိုင်းသကဲ့သို့ အချိန်ကြာမြင့်စွာ လှည့် လည်တိုက်ခိုက်ခြင်းမှာ မဖြစ်နိုင်သည်ကြောင့်တစ်ကြောင်း၊နဂိုကပင်လွတ်လပ်မှုကိုအလေးထားသည့်လူမျိုးဖြစ်သည်ကြောင့် တစ်ကြောင်း ခရစ် နှစ် ၉ ရာစုမတိုင်မီကပင် နန်ကျောက်အုပ်ချုပ်သည့် ပြည်နယ်အတွင်းမှ အုပ်စုလိုက်စတင်ထွက်ခွာလာကြသည်။အရှေ့တောင်အာရှတခွင်နေရာ ဒေသ အတော်များများကို ရောက်ဖူးပြီးဖြစ်သဖြင့် မိမိတို့နှင့် အသင့်တော်ဆုံးဖြစ်မည့် ဒေသကို ရွေးချယ်နိုင်ပြီဖြစ်သည်။သို့ဖြင့် ပူပြင်း စိုစွတ်ပြီး ငှက် ဖျား ရောဂါကဲ့သို့ ရောဂါဆိုးမျိုးရှိရာ ဒေသများကို ရှောင် ရှားကာ မြန်မာနိုင်ငံ၏ဗဟိုဒေသ၊ပူအိုက်ခြောက်သွေ့ကာ ရောဂါဘယဘေးကင်းရှင်းသည့် ဒေသကို ရွေးချယ်အခြေ ချလေတော့ သည်။မြန်မာ့မြေပထဝီအနေအထားကို သိရှိပြီးဖြစ်သကဲ့သို့ မိမိတို့အားခုခံသူမရှိမည့်လမ်း ကြောင်းဖြစ်သည့်သံလွင် မြစ်ကိုစုန်ဆင်းကာ မြောက်ပိုင်းရှမ်းပြည်နယ်ကိုဖြတ်သန်း ကာ ဗဟိုမြန်မာဒေသကို အရှေ့တောင်ထောင့်မှ ဝင်ရောက် သည်။ထို့နောက်စိုက်ပျိုးမြေကောင်း မွန်သည့်ကျောက်ဆည် နှင့် မင်းဘူးဒေသများကို အရင်ရောက်နှင့်သော မွန်၊သက် ၊ပလောင် နှင့် ပျူတို့ထံမှ လုယူသည်။(လုယူသည်ဟု ဆိုရာတွင် တစ်ပြိုင်နက် စစ်ပြု၍ ယူသည်မျိုးရှိနိုင်သကဲ့သို့၊ လူဦး ရေအတိုးအပွားပေါ်တွင် အခြေပြုကာဝါးမြိုခြင်းလည်း ရှိနိုင်ပါသည်။)ထို့နောက် ဆက်သွယ်ရေး၊ရိက္ခာရရှိနိုင်မှုနှင့်အခြေအနေ အရပ်ရပ်ကို သုံးသပ်ကာ မြို့တော်အဖြစ်အလယ်ဗဟိုတွင်ရှိသည့် ပုဂံကိုထူထောင်သည်။ထိုနောက်မိမိအရင်လူမျိုးများဖြစ်သည့် ပျူ နင့် မွန်တို့ထံမှ ဘာသာ စကား၊ဘာသာရေးနှင့် ယဉ်ကျေးမှုများကို လက်ခံသုံးစွဲ လာကြသည်။
ထို့ကြောင့် အောင်နိုင်သူများသည် ယဉ်ကျေးမှုဖြင့် ကျဆုံးပြီဟု ဆိုရလောက်အောင်ပင်ဖြစ်တော့ သည်။ပလောင်နှင့် မွန်လူမျိုးများထံမှ ဆည်ရေသောက်လယ် ယာမြေစိုက်ပျိုးနည်းစနစ်ကို ရယူကာစိုက်ပျိုးရေးကိုအကြီး အကျယ်တိုးချဲ့သည်။ တောများကိုခုတ်ထွင်ရှင်းလင်းကာ စိုက်ပျိုးမြေအဖြစ် ဖေါ်ထုတ်သည်။သို့ဖြင့် ရွှေဘို၊မုံရွာ၊ ပခုက္ကူ၊စစ်ကိုင်း နှင့် မန္တလးအစရှိသည့် ဒေသများတွင် လယ်စိုက်ပျိုးကြပြီး အခြားမြေဩဇာညံ့ဖျင်းသည့်အရပ် များတွင် ကွမ်း၊ထန်း အစရှိသည့်ဥယျာဉ်ခြံများကိုလုပ်ကိုင် ကြသည်။အလွန်မှ ညံ့ဖျင်းသည့် မြေများတွင် ပြောင်း၊နှမ်း အစရှိသည်တို့ကို စိုက်ပျိုးသည်။ဤသို့ဖြင့် မြန်မာနိုင်ငံရဲ့ အလယ်ပိုင်း ခြောက်သွေ့ဒေသကြီးတစ်ခုလုံးအားစိုက်ပျိုးမြေ အဖြစ် ပြောင်းလဲနိုင်ခဲ့ခြင်းမှာဗမာတို့အတွက်အလွန်ပင် ဂုဏ်ယူဖွယ်ဖြစ်သည့် ကြီးမားသောအောင်မြင်မှုပင်ဖြစ်သည်။စိုက်ပျိုးရေးဖြစ်ထွန်းကာ အခြေတကျနေထိုင်ခွင့်ရရှိလာပြီ ဖြစ်သဖြင့် လူဦးရေမှာလည်း အလျင်အမြန်ပင်တိုးပွားလာပြီး နယ်ပယ်မှာလည်း ကျယ်ပြန့်လာသည်။ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံ ၊ ဝတ်စားဆင်ယင်မှု – မြန်မာနိုင်ငံ အထက်ပိုင်းနှင့် အလယ်ပိုင်းလွင်ပြင်ဒေသ များတွင် အစဉ် အဆက် နေထိုင်ကြသည်။ AD ၁၀ ရာစု ခန့်စ၍ ဧရာဝတီ မြစ်ရိုးတစ်လျှောက်တွင် မြို့ပြများ ထူထောင်နေထိုင်ကြသည်။ပုဂံ၊ အင်းဝ၊ အမရပူရ၊ စစ်ကိုင်း၊ မန္တလေးတို့မှာ ထင်ရှားသည်။ ယနေ့အချိန်များတွင် ဗမာလူမျိုးမှာ မြန်မာနိုင်ငံစုစုပေါင်းလူဦးရေ ၆၀ ရာခိုင်နှုန်းကျော်ရှိသည်။ဗမာအမျိုးသမီး များသည် ရင်စေ့ ရှပ်အင်္ကျီကို ဝတ် ဆင်ပြီး ပိုးချည်ဖောက်ထားသော ကွင်းလုံချည်ကို ဝတ်ဆင်၍ပခုံးတွင်ပုဝါလွှား ရင်တစ်ဘက်တစ်ချက် တွင်ချထားသည်။ဗမာအမျိုးသမီးများသည်ဆံပင် ကိုအထူးဆင်ယင်ထုံးဖွဲ့လေ့ရှိသည်။ အမျိုးသားများ မှာ ဦးခေါင်းတွင် ခေါင်းပေါင်းပေါင်း၍ တိုက်ပုံ ရင်စေ့ နှင့် ပုဆိုးကို ဝတ်ဆင်ကြသည်။ဘာသာ – ဘာသာအယူဝါဒအားဖြင့်အစပထမတွင်မဟာယာနဂိုဏ်း၊ ရိုးရာနတ်နှင့်ဟိန္ဒူနတ်တို့ကို ကိုးကွယ်သည်ဟု လေ့လာသိရှိရပါသည်။အနော်ရထာမင်း လက်ထက်တွင်ထိုအယူကွဲဂိုဏ်းများကို နှိပ်ကွပ်ပြီး စစ်မှန်သည့် ထေရဝါဒ(မဟာယာနဂိုဏ်း က ဟိနယာနဟုခေါ်သည်။) ဗုဒ္ဓဘာသာကို ကိုးကွယ်ရန် ပျိုးထောင်ပေးခဲ့သည်။သို့သော်သမိုင်းတစ်လျောက်တွင်မဟာယာန နွယ်သော ပွဲကျောင်းအလေ့အထများ၊ရိုးရာနတ်နှင့်ဟိန္ဒူဆိုင်ရာ အလေ့အထများကိုညောင်ရမ်းခေတ်အထိ တွေ့ရှိခဲ့ ရသည်။သက်သေအားဖြင့် ကျန်စစ်သားမင်း နန်းသစ် တည်ပြီး နန်းသိမ်းပွဲခံရာတွင် ဟိန္ဒူနတ်ဖြစ်သည့် ဗိဿနိုး နတ်များကိုပသခြင်း တောင်ငူနန်းဆက်တွင်လည်းတောင်တွင်းရှင်မုန်ယိုဆရာတော်၊ ညောင်ရမ်းမင်းဆက်၏ နောက်ဆုံး မင်းဆက်များတွင် ဗားမဲ့၊ ဗားမော့ အစရှိသည့် မွန်ဆရာတော်များကို ပင့်ဖိတ်ကာ နတ်မေးစေခြင်းအစရှိ သည်တို့ကိုတွေ့ရသည်။စာပေ – ယနေ့ မြန်မာစာပေအရေးအသားမှာ ဗမာစာကိုစံထားပြီး ရုံးသုံးစာအဖြစ်၊ မြန်မာစာအဖြစ် သတ်မှတ်သည် ဟုဆိုနိုင်သည်။ စာပေအရေးအသား တွင် ဗမာတို့သည် အနွယ်တူသော ပျူတို့ထံမှ မသင်ယူခဲ့ပဲ ၊မွန်တို့ကို ဆရာတင်ခဲ့ပြီး အက္ခရာ အရေးအသားမှာလည်း မွန်တို့ထံမှရယူသည်။ထို့ကြောင့် မျက် မှောက်ခေတ်တွင် ပျူကျောက်စာ အကြွင်းအကျန်များကို ဖတ်ရှုအဓိပ္ပာယ် ဖော်နိုင်ရန်ခက်ခဲနေရသည်။ဗမာတို့သည် ခရစ်နှစ် ၁၁၁၃ မှ ၁၁၇၄ အတွင်း၌ မွန်ယဉ်ကျေးမှုကိုမှီငြမ်းပြု၍ သီးခြား ယဉ်ကျေးမှု တည်ထောင်ရန်အားထုတ်နေဆဲ ဖြစ်ကြောင်း ဒေါက်တာသန်းထွန်း၏ ခေတ်ဟောင်းမြန်မာ့ရာဇဝင်စာ-၂၅၌ တွေ့ရသည်။ ဗမာ့သမိုင်းဆရာတို့ကမူ ဗမာစာသည် ပျူစာမှဆင်းသက်လာသည်ဟု ယူဆကြသည်။ပျူစာမှ ဆင်းသက်ရိုးမှန်လျှင်ပျူ စာမှသည် ဗမာစာဖြစ်လာ စေရန် ခေတ်အဆက်ဆက် ဆင့်ကဲဆင့်ကဲပြောင်းလဲလာခဲ့သော ကြားခံစာပေမျိုး ရှိရမည်။ယင်းကဲ့သို့မရှိခဲ့ကြောင်းကို ရာဇကုမာရ် ကျောက်စာက သက်သေခံလျှက်ရှိသည်။ ရာဇကုမာရ်ကျောက်စာ၌ ပါဠိ၊ ဗမာ၊ ပျူ၊ မွန် ဟူ၍ စာပေလေးမျိုးဖြင့် တပြိုင်တည်း ရေးထိုးထားသည်ကို တွေ့ရှိနိုင်ပါသည်။ယင်းကျောက်စာမှာအကြောင်းအရာ တစ်ခုတည်းကို စာပေလေးမျိုးဖြင့် တစ်ခေတ်တည်းတွင် ရေးထိုးခဲ့ခြင်းဖြစ် သည်။ထို့ကြောင့်ဗမာစာသည် ပျူ စာမှ ဆင်းသက်လာသည်ဟူသော အဆိုမှာ ခိုင်လုံသောအထောက် အထားမဟုတ်ချေ။အလားတူစွာ မွန်စာမှဆင်းသက်လာ သည်ဟု ဆိုပြန်ရန်လည်း ယင်းကျောက်စာမှာပင် မွန်စာလည်း ပါရှိနေပြီးဖြစ်သောကြောင်းတည်း။ယနေ့ထိ ပျူကျောက် စာ ကိုကောင်းစွာ ရေရေလည်လည်ဖတ်တတ်သူ ဟူ၍မရှိသေးချေ။အ ဘယ်ကြောင့်ဆိုသော် ပျူတို့သည် ရခိုင်နှင့် မွန်တို့ကဲ့သို့ သီးခြားစာပေဖြင့် ရပ်တည်နေထိုင်လာခဲ့သော လူမျိုးများဖြစ်နေသောကြောင့်တည်း။ဒေါက်တာသန်းထွန်းက သူ၏ခေတ်ဟောင်း မြန်မာ့ရာဇဝင် စာ-၁၂၂ တွင် ထိုလေးရာစုတွင် စာရေးနည်းပညာကို ပျူတို့ ရကြလျှက် မွန်နှင့် ရခိုင်တို့က ၆ ရာစုတွင်ရနေပြီးဖြစ်လျှက် နောင်အခါဗမာတို့က ပျူ၊ မွန် နှစ်ဦးစလုံး ထံမှ နည်းကို မှီလျှက် ၁၁ ရာစုတွင် ထိုပညာကို ရကြသည်ဟု မှတ်ယူနိုင် သည်ဟူ၍ ကောက်ချက်ချ ရေးသားခဲ့ပါသည်။တဖန်ပုဂံခေတ်၊ပင်းယ ခေတ်၊အင်းဝခေတ် ကျောက်စာများကို သေသေချာချာ လေ့လာကြည့်ပါက“ရခိုင်သံဖြင့်ရေး သား ထား သောရခိုင် စာပေအသုံးအနူန်းများကိုသာ ” တွေ့ရှိကြရပြန်သည်။ထို့ ကြောင့် ဗမာတို့သည် ဗမာစာကို ပျူနှင့် မွန်တို့ထံမှ ရသည်ဟူသောအဆိုကို စဉ်းစားစရာ ဖြစ်လာသည် ။ရခိုင့်အသံ နှင့် ပုဂံခေတ်ဗမာကျောက်စာ ကို နှိင်းယှဉ်ခြင်း – ရဟန်းသင်္ဃာ = ရဟန်းသံဃာ။ မင်းဆြာ = မင်းဆရာ။ ပင့်သကူ = ပံသကူ။ လှိယ် = လှေ။ အရှေ့လားသော် = အရှေ့သွားသော်။ဗမာစာပေ တိုးတက်လာသော ပထမအင်းဝခေတ် ကာလ မှာလည်း မြန်မာပြည်အလယ်ပိုင်း ကို ရှမ်းတို့ကြီးစိုးထားချိန်ဖြစ်သဖြင့် ဗမာစာ တိုးတက်လာ ခြင်းသည် ရှမ်းတို့ရဲ့ ကျေးဇူး လည်း ပါဝင်သည်။ ထို့ကြောင့် ဗမာစာ သည် ဗမာလူမျိူးတို့ရဲ့ စာပေ ဟု ဆိုခြင်းထက် မြန်မာပြည်ထောင်စုသားအားလုံးတို့ရဲ့အများပိုင်ဘုံ စာပေ အရေး အသားဟု ဆိုရပေမည်။ ။
✍️ᴄʀᴅ_ᴛᴏ_ᴏᴡɴᴇʀ_✍️ ဖိုးသူတော်

 

Hi !

!

Popular posts from this blog

ဝေဝါးမှုတွေနဲ့အတူ မသေချာ မရေရာမှုများနဲ့ မြန်မာပြည်..။

  ဝါရင့်သတင်းစာဆရာကြီး လာရီယာဂန်က စစ်အာဏာသိမ်းမှု သုံးနှစ်ပြည့်တဲ့ ဖေဖော်ဝါရီ(၁)ရက်နေ့မှာ ဘန်ကောက်ပို့စ်သတင်းစာမှာ ဆောင်းပါးတစ်ပုဒ် ရေးသားလိုက်ပါတယ်။ ဆောင်းပါးခေါင်းစဉ်က Myanmar faces increasing uncertainty ပါ။ စစ်အာဏာသိမ်းပြီး သုံးနှစ်အကြာမှာ မြန်မာနိုင်ငံရဲ့အခြေအနေ ဘယ်လိုရှိသလဲ။ ရှေ့မှာ ဘာဖြစ်နိုင်သလဲ။ မှန်းဆထားတာပါ။ လက်ရှိ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်လို့ လာရီယာဂန်လည်း ဘာမှ မမှန်းဆနိုင်ပါဘူး။ သူပြောနိုင်တာ တစ်ခုက မြန်မာပြည်ဟာ မသေမချာ မရေမရာမှုတွေ အများကြီးနဲ့ ဆက်ပြီး ရင်ဆိုင်နေရဦးမယ်ဆိုတဲ့ ကောက်ချက်ပါ။ မြန်မာစစ်တပ်က ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရကို စစ်အာဏာသိမ်းခဲ့တာ ခု ဖေဖော်ဝါရီ(၁)ရက်မှာ သုံးနှစ်တိတိ ပြည့်ခဲ့ပြီဖြစ်ကြောင်း၊ သုံးနှစ်အတွင်း တိုင်းပြည်ဟာ အဖက်ဖက်က ယိုယွင်းပျက်စီးသွားပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေ တိုးပွါးနေကြောင်း၊ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ပီဒီအက်ဖ်တွေကြား တိုက်ပွဲတွေကြောင့် ပြည်သူသန်းပေါင်းများစွာ အိုးပစ်အိမ်ပစ် ထွက်ပြေးနေရကြောင်း လာရီယာဂန်က ရေးသားပါတယ်။ ...

ကရင်ပြည်နယ်ပုံရိပ်ကို ထိခိုက်စေသဖြင့် ရွှေကုက္ကိုလ်ကို တိုက်ခိုက်ရဟု KTLA ပြော

  ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ ရွှေကုက္ကိုလ်မြို့သစ်သည် ပြည်နယ်ဖွံဖြိုးမှု မဖြစ်စေဘဲ ပျက်ဆီးမှုကိုသာ ဖြစ်စေသဖြင့် တိုက်ခိုက်ရခြင်း ဖြစ်ကြောင်း ကော်သူးလေတပ် (KTLA) က ဧပြီ ၇ ရက်တွင် ကြေညာသည်။ Facebookတွင် ပျံ့နှံလာသော KTLA ဗဟိုဌာနချုပ် ရုံးထိုင်မှူး စောဝါးနေမူး လက်မှတ်ထိုးထားသည့် ကြေညာချက်အရ ရွှေကုက္ကိုလ်မြို့သည် မူးယစ်ဆေးဝါး ဖြန့်ဖြူးသုံးစွဲရောင်းချနေပြီး တိုင်းရင်းသူ အမျိုးသမီးများကို ပြည့်တန်ဆာအဖြစ် လိမ် လည်လှည့်ဖြားစေခိုင်းနေသည့် နေရာဖြစ်နေသလို စစ်ကောင်စီအတွက် တရားမဝင်ငွေကြေးများ ရှာဖွေပေးသည့် နေရာ ဖြစ်၍ ပြည်ပမှ အလုပ်သမားများကိုလည်း လိမ်လည်ခေါ်ဆို ခိုင်းစေမှုများ ရှိနေသဖြင့် KTLA အနေနှင့် ကရင်ပြည်နယ် အကျိုးအတွက် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း၊ ထို့အတွက် ရွှေကုက္ကိုလ်တွင် နေထိုင်သည့် ပြည်သူများအနေနှင့် တိုက်ပွဲ ဧရိယာမှ ရှောင်ပေးကြရန် ထုတ်ပြန်ထားသည်။ ထိုကြေညာချက်နှင့် ပတ်သက်၍ ပိုမိုသိရှိနိုင်ရန် KTLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောနယ်ဒါးမြကို ဧရာဝတီက ဖုန်းဖြင့်ဆက် သွယ်ခဲ့ရာ ၎င်း အလုပ်များနေသဖြင့် နောက်မှ ပြန်လည်ဆက်သွယ်ရန် ပြောဆိုသည်။ ကော်သူးလေတပ်နှင့် နီးစပ်သည်...

မြန်မာပြည်မြေပုံကို အပြောင်းခံကြမှာလား

  ကမ္ဘာ့သမိုင်းကို ပြန်လေ့လာကြည့်မယ်ဆိုရင် အိမ်နီးချင်းနိုင်ငံတွေအဖြစ် နှစ်ပေါင်းများစွာ အတူတကွ ယှဉ်တွဲ ရပ်တည်နေကြပြီးမှ ဝေးကွာသွားကြတဲ့ နိုင်ငံတွေ ရှိခဲ့တယ်ဆိုတာ တွေ့နိုင်ပါတယ်။ ကျွန်တော်တို့အတွက် အထင်ရှားဆုံး ဥပမာတစ်ခုရှိပါတယ်။ အဲဒါကတော့ မြန်မာနဲ့ ပါကစ္စတန်တို့ဟာ ယခင်က နယ်မြေချင်း ထိစပ်နေကြတဲ့ အိမ်နီးချင်း နိုင်ငံတွေပါ။ သို့သော် ၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံအသစ် ပေါ်ပေါက်လာချိန်မှာတော့ အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားခဲ့ကြပါတယ်။ ယခင်က အိမ်နီးချင်းဖြစ်ခဲ့လို့ ထင်ပါတယ်၊ မြန်မာနဲ့ ပါကစ္စတန်တို့ရဲ့ ဆက်ဆံရေးဟာ ကောင်းမွန်နေကြဆဲဆိုတာ သက်သေ၊ သာဓကများစွာ ရှိပါတယ်။ အဲဒီလို အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားရခြင်းဟာ သူတို့ရဲ့ ပြည်တွင်းရေးသာ ဖြစ်တဲ့အတွက် အထူးအထွေ ဝေဖန်ရန် မရှိပါ။ သို့သော် လက်ရှိအခြေအနေမှာ မြန်မာရဲ့ အိမ်နီးချင်း (၅) နိုင်ငံရှိနေရာက မတူညီတဲ့ အိမ်နီးချင်းနိုင်ငံသစ်တွေ ထပ်မံ ပေါ်ပေါက်လာဖို့ လုပ်ဆောင်နေကြတာတွေ မြင်နေရပါပြီ။ ဒီတစ်ကြိမ်ကတော့ ကျွန်တော်တို့ရဲ့ ပြည်တွင်းရေးဖြစ်တဲ့အတွက် အလေးထားရပါတော့မယ်။ ရှိပြီးသား အိမ်နီးချင်း (၅) နိုင်ငံနဲ့ မြန်မာတို့အကြား ကျွန်တော်တိ...

မြန်မာ ဒုကာကွယ်ရေးဝန်ကြီး ထောင်ထဲရောက်ပြီ

  မြန်မာ ဒုကာကွယ်ရေးဝန်ကြီး ထောင်ထဲရောက်ပြီ မတ်လ ၂၈ ရက် ၂၀၂၄ ခုနှစ် နံနက် ၁၀ နာရီ ၂၀ သတင်း ================================= ကာကွယ်ရေး ဒု-ဝန်ကြီး ဖြစ်သူ ဗိုလ်ချုပ်အောင်လင်းထွန်းကို ကျားဖြန့်လုပ်ငန်းနဲ့ ပတ်သက်တယ်ဆိုပြီး မနေ့ည မတ်လ ၂၇ ရက်နေ့ည ၁၁ နာရီတွင် စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့မှ သွားရောက်ဖမ်းဆီးခဲ့ကြပါတယ်။ အဆိုပါ ဖမ်းဆီးချိန်တွင် ဒုကာကွယ်ရေးဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်အောင်လင်းထွန်းသည် အရက်မူးနေပြီး အသာတကြည် လိုက်လာခြင်းမရှိပဲ … ပုဆိုးလှန်ပြီး ဆဲဆိုနေခြင်းကြောင့် စစ်ဘက်လုံခြုံရေးအဖွဲ့မှ ရိုက်နှက်ခဲ့ရာ.. သွား အချို့ ကျွတ်သွားပြီး ပါးစပ်တခုလုံး သွေးများနီရဲနေသည်။ “အဲ့ကောင် ပါးစပ်က သွေးမတိတ်ခင် ရမဲသင်းထောင်ပို့လိုက်စမ်း” လို့ အထက် အမိန့်ပေးလိုက်တော့ အခု ရမဲသင်းထောင်ရောက်နေပြီဖြစ်ကြောင်း မြန်မာအမေရိကန် သတင်းဌာနမှ စုံစမ်းသိရှိရသည်။ ဂိုလ်ရှယ်လေး

စစ်တပ်မှ အာဏာသိမ်းထားသည့် ၃ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ထောင်သားဘဝ

                           ဖေဖော်ဝါရီလ ၁ ရက်နေ့သည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့အတွက် အနှောက်အယှက်ဖြစ်စေသူဟု ယူဆသည့် ရွေးကောက်ခံအစိုးရ ခေါင်းဆောင်နှင့် နိုင်ငံသမိုင်းတွင် အညီညွတ်ဆုံးဖြစ်စေခဲ့သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာမှဖယ်ရှားပြီး မအောင်မြင်သော အာဏာသိမ်းမှု ပြုလုပ်သည့် သုံးနှစ်မြောက်နေ့ ဖြစ်သည်။ ရက်ပေါင်း ၁၀၉၅ ရက်ကျော် ကြာသော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် မြို့တော်နှင့် စစ်တပ်ဗဟိုဌာနချုပ် နေပြည်တော် အနောက်တောင်ဘက်အစွန်းမှ ထောင်တခုတွင် တဦးတည်း ဆက်လက် ဖမ်းဆီးချုပ်နှောင်ခံနေရသည်။ သူ့အတွက် တခုတည်းသော ထောင်ပြင်ထွက်ရချိန်သည် လွန်ခဲ့သောနှစ်အတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စတာ ဒွန် ပရာမတ်ဝီနိုင်နှင့် တွေ့ရသည့် တိုတောင်းသော ကာလဖြစ်ပြီး သူ့ကို ချမှတ်ထားသည့် ထောင်သက်တမ်းကိုလည်း ၃၃ နှစ်မှ ၂၇ နှစ်သို့ လွန်ခဲ့သောနှစ်က လျှော့ချပေးသည်။ အာဏာသိမ်းမှု နှစ်ပတ်လည်သည် ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းနည်းစရာကောင်းသော လက်ရှိအခြေအနေနှင့် ဝေဝါးနေသည့် အနာဂတ်ကို မီးမောင်းထိုးပ...

ပဲခူးတိုင်း မင်းလှမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွား

  မင်းလှတွင် ၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲ ၆ ကြိမ် အတွင်း စစ်တပ်ဘက်မှ စစ်သား ၈၀ ဦးကျော်သေဆုံး ရန်ကုန်၊ မတ် ၁၁ ပဲခူးတိုင်း၊ မင်းလှမြို့နယ်အတွင်း ၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲ ၆ ကြိမ် အတွင်း စစ်တပ်ဘက်မှ ၈၀ ကျော်သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ မတ်လ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ ဧက ၁၀၀၀ ကျွန်း စိုက်ခင်း ကျုံးပေါက်အနီး၌ စစ်ကြောင်း ထိုးလာသော အင်အား ၁၂၀ ပါ စစ်ကောင်စီ တပ်သားများကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ နှင့် ဒဂုံစစ်ကြောင်းတို့က စောင့်ကြို တိုက်ခိုက်ခဲ့ရာ အပြန်အလှန် တိုက်ပွဲ ၂ နာရီကျော် ကြာမြင့်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်ဘက်မှ ၂၀ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။ ယင်းနေ့ ညနေ ၅ နာရီခန့်အချိန် မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်းပေါ်ရှိ ဟိုင်းယု လမ်းဆုံတွင် တပ်ဆွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ နှင့် တပ်ခွဲ ၃ တို့က လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ရှောင်တခင် သွားရောက် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၃ နာရီခန...

တပ်မလက်ရွေးစဉ် ဘီလူးစစ်ကြောင်းဆိုသည်မှာ .....

    “ဒီစစ်ကြောင်းက စစ်တိုက်ဖို့ဆိုတာထက် လူတွေကိုသတ်၊ မုဒိမ်းကျင့်ဖို့ အဲ့လိုမျိုးတွေလုပ်ဖို့ အဓိကလာတဲ့ စစ်ကြောင်းပါ။ လူမဆန်တဲ့ လုပ်ရပ်တွေကို အဓိကလုပ်တာ” မြောင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) က ကိုနွေဦးက စစ်ကိုင်းဒေသအတွင်း စစ်ရာဇဝတ်မှုများကို ကျူးလွန်ချိုးဖောက်နေသည့် ဘီလူးစစ်ကြောင်း၏ လုပ်ရပ်များကို ပြောဆိုသွားခြင်းဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြည်သူများကို ရက်ရက်စက်စက် ခေါင်းဖြတ်သတ်သည့် စစ်ကြောင်း၊ အစုလိုက် အပြုံလိုက် သတ်သည့်စစ်ကြောင်း၊ မုဒိမ်းမှုများကို ကျူးလွန်နေသည့် စစ်ကြောင်းဟု ဆိုလိုက်ပါက လူတိုင်းက ဆိုးဆိုးရွာရွား နာနာကျည်းကျည်း အမှတ်ရနေသည့် စစ်ကြောင်းမှာ ဘီလူးစစ်ကြောင်းပင် ဖြစ်သည်။ ရက်စက်မှုအပေါင်း သရဖူဆောင်းထားသည့် ဘီလူးစစ်ကြောင်းသည် ယခုနှစ် ဩဂုတ်လ တတိယပတ်မှ စက်တင်ဘာလ ဒုတိယပတ်ထိ စစ်ကိုင်း၊ ရွှေဘို၊ ဝက်လက်နယ်များသို့ စစ်ကြောင်းထိုး ဝင်ရောက်ပြီးနောက် ပြည်သူများကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်။ 'စစ်ကိုင်း၊ ရွှေဘို၊ ဝက်လက်နယ်ထဲ ဘီလူးစစ်ကြောင်း၏ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သည့် အခြေအနေများ' မန္တလေး-ရွှေဘို-မြစ်ကြီ...

ရှမ်းမြောက်က ကျားဖြန့် ဇာတ်သိမ်းခန်း

  ဇန်နဝါရီ ၃၀ ရက်တွင် မြန်မာနိုင်ငံ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက တရုတ် အစိုးရထံ မြန်မာနိုင်ငံမြောက်ပိုင်း ကျားဖျန့် လုပ်ငန်းများတွင် အဓိက ကြိုးကိုင်သူများဟု သတ်မှတ်ထားသည့် ပယ်စောက်ချိန်အပါအဝင် ခြောက်ဦးနှင့် အခြားအရေးကြီးသံသယရှိ သူ လေးဦးကို လွှဲပြောင်းပေးခဲ့သည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ဇန်နဝါရီ ၃၀ ရက်တွင် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးအဖွဲ့ အစည်းထံသို့မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့် ဒေသ အွန်လိုင်းလိမ်လည်မှုအဖွဲ့၏ အဓိက ခေါင်းဆောင် ခြောက်ဦးဖြစ်သည့် ပယ် စောက်ချိန်၊ ပယ်ရင်ချန်၊ဝေ့ဟွိုင်ရန်၊ လျိုကျန့် ရှန်၊ လျိုကျန့်မောက်၊ ရွှီလောက်ဖာနှင့် အခြား အရေးကြီး ပြစ်မှုကျူးလွန်ကြောင်းသံသယရှိ သူ လေးဦးအား တရားဥပဒေနှင့်အညီ လွှဲ ပြောင်းပေးအပ်ခဲ့ပြီး အဆိုပါ ၁၀ ဦးကို ယင်း နေ့ညတွင်ပင် တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့ သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ခဲ့သည်။ ယင်းသို့ မြန်မာနိုင်ငံမြောက်ပိုင်းရှိ ကျား ဖျန့်လုပ်ငန်းများတွင် အဓိကတာဝန်ရှိသူဟု တရုတ်အစိုးရက သတ်မှတ်ထားသည့် ပယ် စောက်ချိန် အပါအဝင် ခြောက်ဦးအား လွှဲ ပြောင်းပေးအပ်ခြင်းမှာ တရုတ်-မြန်မာ နှစ် နိုင်ငံ၏ န...

အာဆီယံ-သြစတြေးလျ ထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီ ကိုယ်စားလှယ်တက်မည်

 စစ်ဗိုလ်ချုပ်များခန့်ထားသည့် သံအမတ်က မဲလ်ဘုန်းမြို့တွင် ၃ ရက်ကြာ ကျင်းပမည့် ဒေသတွင်း အထူးထိပ်သီးအစည်းအဝေးကာလအတွင်း ဆွေးနွေးပွဲ ၂ ခုကို တက်မည်ဟု သိရှိရသည်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသည့် အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသည့် သြစတြေးလျ ဝန်ကြီးချုပ် Anthony Albanese ကို တွေ့ရစဉ်။ သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် မတ်လ ၄ ရက်မှ ၆ ရက်အထိ ကျင်းပမည့် အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီကိုယ်စားလှယ် တက်ရောက်မည်ဟု သိရသည်။ အစည်းအဝေးကာလတွင် ပြုလုပ်မည့် ရေကြောင်းပူးပေါင်းဆောင်ရွက်ရေးညီလာခံ၊ ရာသီဥတုနှင့် သန့်ရှင်းသောစွမ်းအင်ဆိုင်ရာ ဖိုရမ်တို့ကို ကင်ဘာရာမြို့ မြန်မာသံရုံးမှ စစ်ကောင်စီခန့် သံအမတ် ဦးသက်ထွန်း တက်ရောက်မည်ဖြစ်သည်။  အခြား ဆက်စပ်အစည်းထိပ်သီးအစည်းအဝေးများသို့ စစ်ကောင်စီကိုယ်စားပြုကိုယ်စားလှယ် တက်မည်၊ မတက်မည်ကိုမူ သြစတြေးလျ နိုင်ငံခြားရေးနှင့် ကုန်သွယ်မှုဌာနက ပြောဆိုခြင်းမရှိပေ။ ...

Click !