Skip to main content

Continue !

တိုက်ပွဲရပ်ထားသော်လည်း တရုတ်နှင့် နယ်စပ်ကုန်သွယ်ရေး ပြန်မစနိုင်သေး

 

မူဆယ် ၁၀၅ မိုင်နှင့် ချင်းရွှေဟော်နယ်စပ်ဂိတ်တွင် တရုတ်ဘက်က ပိတ်ပင်ထားခြင်း မရှိသော်လည်း မြန်မာဘက်၌ ကုန်သွယ်မှုယန္တရားမရှိတော့သဖြင့် လက်နက်ကိုင်အဖွဲ့များနှင့် ညှိနှိုင်းကာ တစ်ပိုင်တစ်နိုင် ကုန်စည်တင်သွင်းသူများသာ ရှိနေသည်။

မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီတို့ ယာယီအပစ်ရပ်ကာ တိုက်ပွဲများ ရပ်နားထားသည်မှာ တစ်လခွဲနီးပါး ကြာပြီဖြစ်သော်လည်း တရုတ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ပြန်မစနိုင်သေးဟု သိရသည်။

တရုတ်နှင့် နယ်စပ်ကုန်သွယ်ရေးတွင် အဓိကအကျဆုံးသော လမ်းကြောင်းများမှာ ရှမ်းမြောက်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က “၁၀၂၇” စစ်ဆင်ရေးစတင်ပြီးနောက် လွန်ခဲ့သည့်နှစ် နိုဝင်ဘာလကတည်းက ဖြတ်တောက်ခံထားရသည်

နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ အချက်အချာအကျဆုံး သိန္နီမြို့၊ နယ်စပ်ဂိတ်ပေါက်များရှိရာ ချင်းရွှေဟော်နှင့် ကျူကုတ် (ပန်းဆိုင်း) တို့ကို စစ်ဆင်ရေးအစပိုင်း၌ပင် တိုင်းရင်းသားအဖွဲ့များက သိမ်းယူခဲ့ပြီး မူဆယ်မြို့အနီးရှိ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကိုလည်း ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလလယ်တွင် ထိန်းချုပ်နိုင်ခဲ့သည်။

ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA နှင့် တအာင်းအဖွဲ့ TNLA တို့က ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်တပ် စခန်းကြီးငယ်များနှင့် မြို့အများအပြားကို သိမ်းယူပြီးနောက် တရုတ်၏ကြားဝင်မှုဖြင့် ယခုနှစ် ဇန်နဝါရီ လ ၁၁ ရက်နေ့တွင် စစ်ကောင်စီနှင့် ယာယီအပစ်ရန် သဘောတူခဲ့ကြသည်။

မြန်မာ-တရုတ်ကုန်သွယ်မှု စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းကျော်ရှိသည့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် လက်ရှိ၌ ကုမ္ပဏီနှင့် အေဂျင့်များမရှိတော့ဘဲ ပို့ကုန်သွင်းကုန်လုပ်ငန်းများ ရပ်ဆိုင်းဆဲဖြစ်သည်ဟု အမည်မဖော်လိုသည့် မူဆယ်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

“နယ်စပ်ကုန်သွယ်ရေးက ပြန်စဖို့ မလွယ်သေးဘူးလို့ ယူဆတယ်။ ၁၀၅ မိုင်က လူတော်တော်များများ၊ အေဂျင့်တွေ၊ ကုမ္ပဏီတွေ တော်တော်များများကလည်း ကျိုင်းတုံ၊ တာချီလိတ်နဲ့ မိုင်းလားဘက်တွေကို ရောက်သွားကြတယ်။ လုပ်လို့ရတာ သွားလုပ်နေကြတာရှိတယ်” ဟု ၎င်းက ဆိုသည်။

၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကို မြောက်ပိုင်းညီနောင်သုံးဖွဲ့က ထိန်းချုပ်ထားပြီး မူဆယ်မြို့ကို စစ်ကောင်စီက ဆက်လက်ထိန်းချုပ်ထားသဖြင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ အလုံးစုံလည်ပတ်နိုင်သည့် အနေအထားမရှိဟုလည်း သိရသည်။

ထို့အတူ MNDAA ထိန်းချုပ်ထားသည့် ကိုးကန့်ဒေသရှိ ချင်းရွှေဟော်နယ်စပ်ဂိတ်တွင်လည်း ကုန်သွယ်မှုမရှိသေးကြောင်း နယ်စပ်ရှိ ကုန်သည်များက ဆိုသည်။

တောလမ်းဖြင့် ကုန်သွယ်

၁၀၂၇ စစ်ဆင်းရေးအတွင်း မန္တလေး-လားရှိုး-မူဆယ်လမ်းနှင့် မန္တလေး-လားရှိုး-ချင်းရွှေဟော်လမ်းတို့တွင် တံတားနှင့် လမ်းများ ပျက်စီးသွားကာ အခြေအနေမတည်ငြိမ်သေး၍ ကုန်သွယ်မှုမရှိဟု မူဆယ်မှ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“တိုက်ပွဲတွေမရှိမှဘဲ လွတ်လွတ်လပ်လပ် ကုန်သွယ်လို့ရမယ် ထင်တာပဲ။ တိုက်ပွဲတွေမငြိမ်သေးတဲ့ကာလမှာ အကုန်လုံးစိတ်ပူကြတာပဲလေ။ ကားဆိုလည်း ကားဆရာတွေ စိတ်ပူကြတယ်။ ကုန်ဆိုလည်း ကုန်ပိုင်ရှင်တွေ စိတ်ပူကြတယ်။ မသွားရဲကြဘူး”

စစ်ကောင်စီလက်လွှတ်လိုက်ရသည့် မူဆယ် ၁၀၅ မိုင်နှင့် ချင်းရွှေဟော်နယ်စပ်ဂိတ်တွင် တရုတ်ဘက်က ပိတ်ပင်ထားခြင်း မရှိသော်လည်း မြန်မာဘက်၌ ကုန်သွယ်မှုယန္တရားမရှိတော့သဖြင့် လက်နက်ကိုင်အဖွဲ့များနှင့် ညှိနှိုင်းကာ တစ်ပိုင်တစ်နိုင် ကုန်စည်တင်သွင်းသူများရှိသည်ဟု သိရသည်။

အံစာတုံးဟုခေါ်သည့် အသေးစားမှန်လုံကားများကို ထိုင်ခုံများဖြုတ်၍ လူသုံးကုန်နှင့် စားသောက်ကုန် တင်ဆောင်ကာ ခက်ခဲကြမ်းတမ်းသည့် တောလမ်းမှ ပြည်တွင်းကို သယ်ယူကြသည်ဟု ဆိုသည်။

မြန်မာ – တရုတ်နယ်စပ်ကုန်သွယ်ရေးတွင် စခန်း ၅ ခုရှိသည့်အနက် မူဆယ်၊ ချင်းရွှေဟော်ကို မြောက်ပိုင်းသုံးဖွဲ့က သိမ်းပိုက်ထားပြီး ကချင်ပြည်နယ်ရှိ ကန်ပိုက်တီးဂိတ်သည်လည်း တိုင်ပွဲများကြောင့် သွားလာမရဖြစ်နေရာ လွယ်ဂျယ်နှင့် ကျိုင်းတုံ (မိုင်းလား) ကို ပိုမိုအားပြုလာရသည်ဟု မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ သစ်သီပွဲရုံပိုင်ရှင်တစ်ဦးက ပြောသည်။

“ငွေကုန်ကြေးကျများစွာနဲ့ ထိုးဖောက်ပြီး သွားနေရတယ်။ စရိတ်စကများတယ်။ လမ်းခရီး ကြန့်ကြာတယ်။ ပုပ်သိုးကုန်၊ ကုန်စိမ်းတို့ဆို အဆင်မပြေဘူး။ ဒါပေမဲ့ သွားနေကြတယ်။ ရှိတဲ့အပေါက်ကို ဇွတ်တိုးရတဲ့ ပုံစံဖြစ်နေတာပေါ့”

ကချင်ပြည်နယ်အတွင်းရှိ လွယ်ဂျယ်နှင့် မိုင်းလားနယ်စပ်ကို အားပြုလာကြသော်လည်း မူဆယ်နယ်စပ်ဂိတ်နှင့် နှိုင်းယှဉ်ပါက ကုန်သွယ်မှုပမာဏ အလွန်လျော့နည်းနေသည်ဟု သိရသည်။

မူဆယ်မြို့အနီးရှိ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်းက တိုက်ပွဲအပြင်းအထန်ဖြစ်ကာ ကုန်တင်ကားများ မီးလောင်နေစဉ်။

နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ပွင့်နိုင်ခြေ

မြန်မာနိုင်ငံ၏ အကြီးဆုံး နယ်စပ်ကုန်သွယ်ရေးဇုန်ကြီးဖြစ်သည့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကို မှီခို အားထားခဲ့သည့် လုပ်ငန်းရှင်များသည်လည်း ယခုအခါ ကြုံရာကျပန်းနှင့် ဆက်စပ်လုပ်ငန်းများ ပြောင်းလဲလုပ်ကိုင်နေကြရသည်။ နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းသွားသဖြင့် အလုပ်အကိုင်ဆုံးရှုံးမှုသာမက သွားလာရခက်ခဲခြင်းကိုပါ ရင်ဆိုင်နေရသည်။

မူဆယ်လမ်းကြောင်း ပုံမှန်ပြန်ပွင့်ရန် မျှော်လင့်သော်လည်း ယခင်အခြေအနေများနှင့် မတူညီနိုင်ကြောင်း ​၁၀၂၇ စစ်ဆင်ရေးနှင့်အတူ ပေါ်ပေါက်လာသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ နယ်မြေစိုးမိုးမှု အခင်းအကျင်းသစ်သည် နယ်စပ်ကုန်သွယ်ရေးကို အကြီးအကျယ်ရိုက်ခတ်နိုင်ကြောင်း မူဆယ်မှ ပွဲရုံပိုင်ရှင်က ဆိုသည်။

“ခါတိုင်းလိုမျိုး ခဏတစ်ဖြုတ် စစ်ဖြစ်တာတို့၊ အခြေအနေမတည်ငြိမ်တာတို့၊ ရောဂါကြောင့် ပိတ်တာတို့ မဟုတ်တော့လေ။ ပြီးတော့ ဒီဘက်မှာက အုပ်ချုပ်တဲ့သူက တစ်စုတစ်ဖွဲ့တည်းမဟုတ်တော့ ဘယ်လိုဘယ်ပုံဖြစ်မလဲ ခန့်မှန်းရခက်ပါတယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီနှင့် မိုင်းလားလက်နက်ကိုင်အဖွဲ့ကို အခွန်နှစ်ဆင့် တရားဝင်ပေးဆောင်ရသည့် လမ်းကြောင်းကဲ့သို့ မူဆယ်နှင့် ချင်းရွှေဟော်ဘက်တွင်လည်း စစ်ကောင်စီနှင့် မြောက်ပိုင်းအဖွဲ့များကို အခွန်နှစ်ဆင့်ပေးဆောင်၍ အကောင်အထည်ဖော်နိုင်သော်လည်း လာမည့်ခြောက်လအတွင်း ဖြစ်နိုင်ခြေအလွန်နည်းသည်ဟု ထိုပွဲရုံပိုင်ရှင်က မှတ်ချက်ပြုသည်။

တိုက်ပွဲများကြောင့် အဓိကနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ရပ်ဆိုင်မှုနှင့်ပတ်သက်၍ စစ်ကောင်စီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးမြင့်သူရကို ဆက်သွယ်မေးမြန်းရာတွင် လမ်းကြောင်းပြောင်း ကုန်သွယ်ခွင့်ပြုကာ ဖြေရှင်းနေသည် ဆိုသော်လည်း အသေးစိတ်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

စစ်ကောင်စီအနေဖြင့် ကိုးကန့်၊ တအာင်းလက်နက်ကိုင်အဖွဲ့တို့နှင့် တိုက်ပွဲများတွင် အရှုံးကြီးရှုံးပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းမှ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများအကြောင်း အထူးတလည်ထုတ်ဖော် ပြောဆိုခြင်း မပြုတော့ပေ။

သို့သော် ယခုလ ၁၈ ရက်နေ့က ရန်ကုန်မြို့တွင် တရုတ်သံရုံးက ပြုလုပ်သည့် နှစ်သစ်ကူးပွဲတော် တက်ရောက်ခဲ့စဉ် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ခေတ်အဆက်ဆက်မှ ယနေ့ထက်တိုင် တရုတ်နှင့် ရွှေလမ်းငွေလမ်းဖောက်ခဲ့ကြသည်ဟု ထည့်သွင်းပြောဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ “၁၀၂၇” စစ်ဆင်ရေးတွင် ဆက်တိုက်ရှုံးနိမ့်နေစဉ် နောက်ကွယ်၌ တရုတ်ပါနေသယောင် စစ်ကောင်စီဘက်က အသံထွက်ခဲ့ပြီးနောက် ကျူးကျော်စစ်ဟု တံဆိပ်ကပ်မှုနှင့်အတူ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများလည်း ပေါ်ပေါက်ခဲ့သည်။

စစ်ကောင်စီဘက် တရုတ်နှင့် နယ်စပ်ကုန်သွယ်ရေးအကြောင်း အသံတိတ်နေသော်လည်း ယခုလ ၁၉ ရက်နေ့က ဒုအာဏာသိမ်းခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဦးဆောင်ပြုလုပ်သည့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအစည်းအဝေးတွင် တရားမဝင်ကုန်သွယ်ရေးမှုများမှတစ်ဆင့် လက်နက်ကိုင်အဖွဲ့များထံ ငွေကြေးစီးဆင်းနိုင်သည်ဟု ထည့်သွင်းပြောဆိုသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၂၀) က နေပြည်တော်၌ ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံစဉ် စစ်ခေါင်းဆောင်က နှစ်နိုင်ငံကုန်သွယ်ရေးအကြောင်း ထည့်သွင်းပြောဆိုခဲ့သည်ကို တွေ့ရသည်။

လက်ရှိတွင် တရုတ်၏ကြားဝင်မှုဖြင့် စစ်ကောင်စီနှင့် ယာယီအပစ်ရပ်ပြီးနောက် MNDAA နှင့် TNLA တို့က ၎င်းတို့ ထိန်းချုပ်မြို့များတွင် ဒေသအုပ်ချုပ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စတင်နေသည်။

ကိုးကန့်ဒေသတွင် အလုပ်သမားများ၊ ဝန်ထမ်းများလိုအပ်သဖြင့် အလုပ်သမားဝန်ဆောင်မှုကုမ္ပဏီများ တည်ထောင်ခွင့်ပြုလိုက်သည်ဟု ကိုးကန့်တပ် (MNDAA) က ယခုလ ၁၈ ရက်တွင် ကြေညာသည်။

တအာင်းတပ် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့က ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကို ရှင်းလင်းမှုလုပ်သလို ကုန်ကားများနှင့်ပတ်သက်၍ TNLA က ကောက်ခံမည့် အခွန်နှုန်းထားများလည် လူမှုကွန်ရက်ပေါ်တွင် ပြန့်နှံ့နေသည်ကို တွေ့ရသည်။

သို့သော် မြောက်ပိုင်းညီနောင်သုံးဖွဲအနေဖြင့် နယ်စပ်ကုန်သွယ်ရေးဂိတ်များနှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်းထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။ ၂၀၂၃-၂၄ ဧပြီမှ ဖေဖော်ဝါရီ ၂ အထိ နယ်စပ်ထွက်ပေါက် ၅ ခုမှ တရုတ်နိုင်ငံသို့ ပို့ကုန်တင်ပို့မှု ၁ ဒသမ ၈ ဘီလျံကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူနှင့် နှိုင်းယှဉ်လျှင် ၂၂၇ သန်းကျော် ကျဆင်းသွားကြောင်း စီးပွားကူးသန်းဝန်ကြီးဌာန၏ စာရင်းများတွင် ဖော်ပြထားသည်။

Hi !

!

Popular posts from this blog

မြန်မာပြည်မြေပုံကို အပြောင်းခံကြမှာလား

  ကမ္ဘာ့သမိုင်းကို ပြန်လေ့လာကြည့်မယ်ဆိုရင် အိမ်နီးချင်းနိုင်ငံတွေအဖြစ် နှစ်ပေါင်းများစွာ အတူတကွ ယှဉ်တွဲ ရပ်တည်နေကြပြီးမှ ဝေးကွာသွားကြတဲ့ နိုင်ငံတွေ ရှိခဲ့တယ်ဆိုတာ တွေ့နိုင်ပါတယ်။ ကျွန်တော်တို့အတွက် အထင်ရှားဆုံး ဥပမာတစ်ခုရှိပါတယ်။ အဲဒါကတော့ မြန်မာနဲ့ ပါကစ္စတန်တို့ဟာ ယခင်က နယ်မြေချင်း ထိစပ်နေကြတဲ့ အိမ်နီးချင်း နိုင်ငံတွေပါ။ သို့သော် ၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံအသစ် ပေါ်ပေါက်လာချိန်မှာတော့ အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားခဲ့ကြပါတယ်။ ယခင်က အိမ်နီးချင်းဖြစ်ခဲ့လို့ ထင်ပါတယ်၊ မြန်မာနဲ့ ပါကစ္စတန်တို့ရဲ့ ဆက်ဆံရေးဟာ ကောင်းမွန်နေကြဆဲဆိုတာ သက်သေ၊ သာဓကများစွာ ရှိပါတယ်။ အဲဒီလို အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားရခြင်းဟာ သူတို့ရဲ့ ပြည်တွင်းရေးသာ ဖြစ်တဲ့အတွက် အထူးအထွေ ဝေဖန်ရန် မရှိပါ။ သို့သော် လက်ရှိအခြေအနေမှာ မြန်မာရဲ့ အိမ်နီးချင်း (၅) နိုင်ငံရှိနေရာက မတူညီတဲ့ အိမ်နီးချင်းနိုင်ငံသစ်တွေ ထပ်မံ ပေါ်ပေါက်လာဖို့ လုပ်ဆောင်နေကြတာတွေ မြင်နေရပါပြီ။ ဒီတစ်ကြိမ်ကတော့ ကျွန်တော်တို့ရဲ့ ပြည်တွင်းရေးဖြစ်တဲ့အတွက် အလေးထားရပါတော့မယ်။ ရှိပြီးသား အိမ်နီးချင်း (၅) နိုင်ငံနဲ့ မြန်မာတို့အကြား ကျွန်တော်တိ...

မဟာဗောဓိမြိုင် ဆရာတော်ကြီး မိန့်တော်မူတဲ့ အိမ်မြှောင် စုတ်ထိုးရတဲ့ အကြောင်းအရင်း

  ******** အိမ်ရှိလျှင် အိမ်မြှောင်ဆိုတာ ရှိတတ်စမြဲ။ သူ့ စုတ်ထိုးသံ ကြားရတတ်စမြဲ။ အိမ်မြှောင်စုတ်ထိုးသံကိုလည်း လူတွေ အတိတ်ကောက်ကြလေ့ ရှိတတ်ကြရဲ့။ဘာကြောင့် အိမ်မြှောင်စုတ်ထိုးပါသလဲ။အိမ်မြှောင် စုတ်ထိုးခြင်းဟာ နတ်တွေနဲ့ ပတ်သက်နေတတ်ကြောင်းဆရာတော်ဘုရားကြီးက ဒီလိုရှင်းပြထားပါတယ်။မိဘနဲ့သားသမီး ဆရာနဲ့ တပည့် လင်နဲ့မယား ဆက်ဆံရေးမှာ လိုက် လျောမှု မရှိခဲ့လျှင် တကျက် ကျက်ဖြစ်ပြီး ကျက်သရေမင်္ဂလာလည်း ပျက်တတ်တယ် ဆိုပါတယ်။“ကိုယ်စောင့်နတ် အိမ်စောင့်နတ်တွေ နားမခံသာ။ ကံထိန်းနတ် ဥစ္စာ စောင့်နတ်တွေလည်း နားမခံသာ။ နတ်တို့ နားမခံသာလို့ရှောင်သွားမည်။သို့မဟုတ် လက်ပိုက်ကြည့်နေမည် ဆိုပါက အဲဒီအိမ် စီးပွားမတတ် နေသမျှ လူစိတ်မအေးရ လာသမျှ ဧည့်မဆက်ဆံချင်ဖြစ်ပြီ သားတို့ သ မီးတို့ လူတွေအပေါ် လူအုပ်ချုပ်ရေး ရှိသလို နတ်တွေအပေါ် နတ်အုပ်ချုပ်ရေးလည်း ရှိသေး။လူလူချင်း အုပ်ချုပ်တဲ့ လူမင်းကိုတော့ လောကနတ် ခေါ်ရတယ်။ လူ အုပ်ချုပ်တဲ့ နတ်မင်းများကိုတော့ သမ္မုတိနတ် ခေါ်ရတယ်။လောကသုံးပါး ရှေ့ဆောင် လမ်းပြတော်မူတဲ့ ဘုရားရှင်ကိုတော့ “ဝိသုဒ္ဓိနတ်” ခေါ်ရတယ်။ အဲဒီ သမ္မုတိနတ်မျိုးထဲမှာ “ကိုယ်စောင့်နတ်” က ရပ်ကွက်အုပ်ချုပ်ရေးမင်းနဲ့ တူတယ်။ ...

စစ်တပ်နဲ့ ညှိနှိုင်းမှုတွေအကြောင်း ကရင် BGF ဗိုလ်မှူးကြီး စောချစ်သူ ဘာပြောလဲ

  စစ်ကောင်စီနဲ့ ကရင်နယ်ခြားစောင့်တပ်(BGF)အကြား တင်းမာမှုတွေရှိနေတာကြောင့် ဇန်နဝါရီလ ၂၃ ရက်မှာ ဒုတပ်ချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကရင်ပြည်နယ်ကို နေ့ချင်းပြန်သွားပြီး BGF က ဗိုလ်မှူးကြီး စောချစ်သူနဲ့ တွေ့ဆုံဆွေးနွေးတာတွေလုပ်ခဲ့ပါတယ်။ စစ်တပ်လစာနဲ့ ရိက္ခာကိုမယူတော့ဖို့ BGF က ဆွေးနွေးပါတယ်။ ဘာကြောင့်ပါလဲ။ စစ်ကောင်စီနဲ့ BGF ကြားတင်းမာမှုအရင်းခံက ဘယ်အချက်တွေလဲ။ BGF ရပ်တည်မှုဘယ်လိုဆက်ရှိမှာလဲဆိုတာတွေကို BGF က ဗိုလ်မှူးကြီး စောချစ်သူနဲ့ ဘီဘီစီက ဆက်သွယ်မေးမြန်းထားပါတယ်။ ဘီဘီစီ - BGFက ဗိုလ်မှူးကြီး စောချစ်သူနဲ့ စစ်ကောင်စီ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့ ဇန်နဝါရီ ၂၃ ရက်က ဖားအံမှာတွေ့ပြီး ‌‌‌တပ်ပိုင်းဆိုင်ရာကိစ္စတွေ ဆွေးနွေးတယ်လို့ သိရပါတယ်။ ဘယ်လိုအချက်တွေဆွေးနွေးခဲ့ကြတာပါလဲ။ ဗိုလ်မှူးကြီး စောချစ်သူ - ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေ တင်ပြတောင်းဆိုလာတဲ့ ကရင်အချင်းချင်းပြန်မတိုက်ချင်ဘူးဆိုတဲ့ အချက်၊ နောက်တစ်ချက်က တပ်မတော်ရဲ့ ရိက္ခာကို ဆက်လက်ယူချင်တဲ့ဆန္ဒမရှိတော့ဘူးဆိုတဲ့ အချက်တစ်ချက်။ အဲဒီအချက် ၂ ချက်ကိုပဲဆွေးနွေးပါတယ်။ ဘီဘီစီ - BGF ရဲ့ ဆွေးနွေးချက် ၂ ချက်အပေါ်မှာ စစ်...

စစ်မှုထမ်းဟောင်းများကို အငြိမ်းစားယူခဲ့သည့် မူလရာထူး၊ အဆင့်ဖြင့် စစ်မှုပြန်ထမ်းစေသည့် စနစ် စစ်ကောင်စီက ပြန်လည်စတင်

  ■ စစ်တပ်တွင် သေဆုံးမှုများပြားနေသဖြင့် စစ်သားလိုအပ်ချက် အလွန်ကြီးမားနေမှုကို နည်းလမ်းမျိုးစုံဖြင့် ဖြည့်တင်းနေရ ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းဟောင်းများကို အငြိမ်းစားယူခဲ့သည့် မူလရာထူး၊ အဆင့်များဖြင့် စစ်တပ်တွင် အနည်းဆုံး ၁ နှစ် တာဝန်ပြန်လည် ထမ်းဆောင်စေသည့် စနစ်ကို ပြန်လည် စတင်နေပြီဖြစ်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ အကြမ်းဖက်စစ်ကောင်စီက ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်းတွင် အရန်တပ်ဖွဲ့ဝင် (စစ်မှုထမ်းဟောင်း)များကို စစ်မှုထမ်းခွင့်ပြုသည့် ညွှန်ကြားချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ကြောင်း ၊ အဆိုပါ ညွှန်ကြားချက်အရ စစ်မှုထမ်းဟောင်း များအနေဖြင့် အရန်တပ်ဖွဲ့ဝင် အဖြစ် စာရင်းသွင်း လက်မှတ်ရေးထိုး ရမည်ဖြစ်ကြောင်း၊ အရန်တပ်ဖွဲ့ဝင်အဖြစ် စာရင်းသွင်းပြီးသူများကို စစ်ကောင်စီက ပြန်လည် စိစစ်ရွေးချယ်ကာ အငြိမ်းစားယူခဲ့သည့် ပြန်တမ်းဝင်အမှတ်၊ ကိုယ်ပိုင်အမှတ် အဆင့်ဖြင့် ပြန်လည် တာဝန်ထမ်းဆောင်ခွင့်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။ စစ်ကောင်စီက ပြန်လည် စိစစ်ရွေးချယ်လိုက်သော အရန်တပ်ဖွဲ့ဝင်(စစ်မှုထမ်းဟောင်း) သည် အနည်းဆုံး အချိန်ပြည့် ၁ နှစ် အမှုထမ်းရမည်ဖြစ်ကြောင်း၊ အဆောငအယောင်၊ လစာန...

မြန်မာ ဒုကာကွယ်ရေးဝန်ကြီး ထောင်ထဲရောက်ပြီ

  မြန်မာ ဒုကာကွယ်ရေးဝန်ကြီး ထောင်ထဲရောက်ပြီ မတ်လ ၂၈ ရက် ၂၀၂၄ ခုနှစ် နံနက် ၁၀ နာရီ ၂၀ သတင်း ================================= ကာကွယ်ရေး ဒု-ဝန်ကြီး ဖြစ်သူ ဗိုလ်ချုပ်အောင်လင်းထွန်းကို ကျားဖြန့်လုပ်ငန်းနဲ့ ပတ်သက်တယ်ဆိုပြီး မနေ့ည မတ်လ ၂၇ ရက်နေ့ည ၁၁ နာရီတွင် စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့မှ သွားရောက်ဖမ်းဆီးခဲ့ကြပါတယ်။ အဆိုပါ ဖမ်းဆီးချိန်တွင် ဒုကာကွယ်ရေးဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်အောင်လင်းထွန်းသည် အရက်မူးနေပြီး အသာတကြည် လိုက်လာခြင်းမရှိပဲ … ပုဆိုးလှန်ပြီး ဆဲဆိုနေခြင်းကြောင့် စစ်ဘက်လုံခြုံရေးအဖွဲ့မှ ရိုက်နှက်ခဲ့ရာ.. သွား အချို့ ကျွတ်သွားပြီး ပါးစပ်တခုလုံး သွေးများနီရဲနေသည်။ “အဲ့ကောင် ပါးစပ်က သွေးမတိတ်ခင် ရမဲသင်းထောင်ပို့လိုက်စမ်း” လို့ အထက် အမိန့်ပေးလိုက်တော့ အခု ရမဲသင်းထောင်ရောက်နေပြီဖြစ်ကြောင်း မြန်မာအမေရိကန် သတင်းဌာနမှ စုံစမ်းသိရှိရသည်။ ဂိုလ်ရှယ်လေး

တရုတ်ကဖမ်းထားတဲ့ ဖူလီလိုက်လုပ်ငန်းစု ဥက္က၎ မြန်မာနိုင်ငံရဲ့ ထိပ်တန်း ဘီလီယံနာ ကိုးကန့်သူဌေးကြီးအကြောင်း

      တရုတ်နိုင်ငံထဲမှာ ပြီးခဲ့တဲ့တစ်ပတ်က အဖမ်းခံလိုက်ရတဲ့ ကိုးကန့်လုပ်ငန်းရှင် ၁၁ ယောက်ထဲမှာ မြန်မာပြည်ရဲ့အချမ်းသာဆုံးထိပ်တန်းသူဌေးတွေထဲမှာပါပြီး လူသိနည်းတဲ့ သူဌေးကြီးတစ်ဦးလည်း ပါဝင်ပါတယ်။ ဦမောင်မောင် လို့ မြန်မာအမည်ပေးထားတဲ့ ကိုးကန့်လုပ်ငန်းရှင်ဟာ လောက်ကိုင်မြို့မှာ အချမ်းသာဆုံးဖြစ်တဲ့ Fully Light ဖူလီလိုက် ကုမ္ပဏီကို အစ်ကို ဖြစ်သူနဲ့အတူ ဦးစီးနေသူ ဖြစ်ပါတယ်။  ဖူလီလိုက်လုပ်ငန်းစုဟာလုပ်ငန်းအမျိုးအစားပေါင်း အနည်းဆုံး ၃၆ မျိုးမှာ အမေရိကန်ဒေါ်လာ ဘီလီယံ ဂဏန်းအထိ ရင်းနှီးမြှုပ်နှံထားပြီး သူတို့ရဲ့ ချမ်းသာကြွယ်ဝမှုအတိုင်းအဆကို မမှန်းဆနိုင်ပါဘူး။ အခုတော့ လောက်ကိုင်မြို့တစ်ဘက်ခြမ်းက တရုတ်နိုင်ငံပိုင်နက်ထဲမှာ အဖမ်းခံရပြီးနောက် တစ်ပတ်ကြာတဲ့အထိ ဘယ်မှာထိန်းသိမ်းထားတယ်ဆိုတဲ့ သတင်းအစအနတောင်မရဘဲ ဖြစ်နေပါတယ်။ ဖူလီလိုက် အင်ပါယာ                                           ...

စစ်မှုထမ်းဥပဒေတွင် ဘွဲ့ရပညာတတ်များ တပ်ထဲ ကာလရှည်နေရန် ပြဋ္ဌာန်းထား

  ဘွဲ့ရ သို့မဟုတ် စက်မှုလက်မှုပညာတစ်ခုခု တတ်မြောက်ထားသူဖြစ်ပါက စစ်ကောင်စီတပ်ထဲတွင် အခြားသူများထက် အချိန်ကြာကြာပိုပြီး စစ်မှုထမ်းရနိုင်ခြေရှိသည်။ သင်သည် ဆရာဝန်၊ အင်ဂျင်နီယာ၊ ဘွဲ့ရ သို့မဟုတ် စက်မှုလက်မှုပညာတစ်ခုခု တတ်မြောက်ထားသူဖြစ်ပါက ကျွမ်းကျင်သူဟုသတ်မှတ်ပြီး စစ်ကောင်စီတပ်ထဲတွင် အခြားသူများထက် အချိန်ကြာကြာပိုပြီး စစ်မှုထမ်းရနိုင်ကြောင်း ဖေဖော်ဝါရီ ၁၀ ရက်နေ့က စစ်ကောင်စီ အသက်သွင်းလိုက်သည့် စစ်မှုထမ်းဥပဒေတွင် တွေ့ရသည်။ အခြားသူများက ၂ နှစ်မှ ၅ နှစ်အထိ စစ်ကောင်စီတပ်ထဲ စစ်မှုထမ်းရမည်ဖြစ်သော်လည်း ကျွမ်းကျင်သူအဖြစ် သတ်မှတ်ခံရပါက ၃ နှစ်မှ ၅ နှစ်အထိ စစ်မှုထမ်းရမည်ဟု ဆိုသည်။ ပုံမှန်အားဖြင့် စစ်မှုထမ်းကာလပြည့်ပြီးပါက နောက်တစ်ကြိမ် စစ်တပ်ထဲ ပြန်သွားရန် မလိုတော့သော်လည်း ပါရဂူဘွဲ့ရသူများ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဘွဲ့ရသူများကိုမူ “အရေးပေါ်ပြန်တမ်းဝင်အရာရှိ” အဖြစ် တပ်က ပြန်ခေါ်နိုင်သည်။ နောက်တစ်ကြိမ်ဆင့်ခေါ်မှုအတွက် အချိန်မည်မျှကြာကြာ စစ်တပ်ထဲထားမည်ဆိုသည်ကို သတ်မှတ်ထားခြင်း မရှိပေ။ ရန်ကုန်မြို့၌ ၂၀၂၁ ဖေဖော်ဝါရီလအတွင်း ပြုလုပ်သည့် အာဏာသိမ်းမှုဆန့်ကျင်သည့် ...

ကျောက်တော်၌ ကယ်ဆယ်ရေးကမ်းထိုးရေယာဉ် (၃)စင်း တိုက်ခိုက်ခံခဲ့ရပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် အများအပြားသေဆုံး

   ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်း၌ ကယ်ဆယ်ရေးကမ်းထိုးရေယာဉ် (၃)စင်း တိုက်ခိုက်ခံခဲ့ရပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် အများအပြားသေဆုံးခဲ့ရကြောင်း သတင်းရရှိသည်။ ကယ်ဆယ်ရေးကမ်းထိုးရေယာဉ်(၃)စင်းသည် စစ်တွေမြို့မှတစ်ဆင့် ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီး၌ လုံခြုံရေးအဖွဲ့ဝင်များ၊ ၎င်းတို့၏ မိသားစုဝင်များ နှင့် နိုင်ငံ့ဝန်ထမ်းများကို စောင့်ဆိုင်းကယ်ထုတ်နေစဉ်အချိန်တွင် ရခိုင်လက်နက်ကိုင် AA အဖွဲ့၏ ပစ်ခတ်တိုက်ခိုက်ခြင်းကို ခံခဲ့ရကြောင်း သိရသည်။ “အကြီးက နှစ်စင်း၊ အသေးက တစ်စင်းပေါ့။ အဲဒီမှာ ကျားပိုက်တွေကို အောက်ခြေတစ်ကြောလုံးမှာ ချထားတာ။ ပြောရရင်တော့ ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်းကို ဆွဲထားတာ။ ဒလက်တွေက အဲဒါတွေနဲ့ အကုန်ငြိကုန်တာ။ ပထမဆုံးက ကမ်းထိုးရေယာဉ်အကြီးတစ်စင်းနဲ့ ငြိပြီးတော့ သောင်တင်သွားတယ်။ အဲဒါမှာ အသေးတစ်စင်းနဲ့ အကြီးတစ်စင်းက သွားပြီးဆွဲတာ။ အဲဒီမှာ ဒရော့ဗုံးတွေနဲ့ တိုက်ခိုက်ခံရတာပေါ့။ ပြီးတော့ ကမ်းပေါ်ကို တက်ပြေးတဲ့သူတွေကို ဓါးနဲ့ ဝိုင်းခုတ်တာတွေ ဖြစ်တဲ့အချိန်မှာ တစ်ချို့ရေကူးတတ်တဲ့ (၄)၊(၅)၊(၁၀)ယောက်လောက်က မြစ်ကြောင်းအတိုင်းမျောပြီးတော့ ဆင်းသွားတဲ့အချိ...

ပဲခူးမြို့ပေါ် လူစည်ကားသည့် နေရာများအား ၁၀၇ မမရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ရန် စီစဉ်လျက်ရှိသည့် DSRB အမည်ခံ အဖွဲ့ဝင်များအား ၁၀၇ မမရှော့တိုက်ဒုံးများနှင့်အတူ ဖမ်းဆီးရမိ

                                                     ပဲခူးမြို့ပေါ် လူစည်ကားသည့် နေရာများအား ၁၀၇ မမရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ရန် စီစဉ်လျက်ရှိသည့် DSRB အမည်ခံအကြမ်းဖက်အဖွဲ့ဝင်များအား ၁၀၇ မမရှော့တိုက်ဒုံးများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရပါတယ်။ အကြမ်းဖက်သမားများအနေဖြင့် အေးချမ်းတည်ငြိမ်နေသည့် အခြေအနေမျိုးကို လက်မခံနိုင်ပဲ ယုတ်မာစွာဖောက်ခွဲဖျက်ဆီး ဖို့ ကြံနေတာပဲဖြစ်ပါတယ်။  Dark Side Revolution Burma-DSRB အမည်ခံအကြမ်းဖက်အဖွဲသည် အများပြည်သူများ ပျော်ရွှင်စွာကြည့်ရှုမည့် ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပမည့် ညတွင် ပဲခူးမြိုပေါ်ရှိ လူစည်ကားသည့် နေရာများအား ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ရန်စီစဉ်လျက်ရှိကြောင်း အကြမ်းဖက်မှုကိုမလိုလားသည့် ပြည်သူများ၏ သတင်...

ဘုရင့်နောင်ရဲ့ အင်ပါယာကြီး အချိန်တိုအတွင်း ပြိုကွဲခဲ့ရတဲ့ အကြောင်းများ

  ဘုရင့်နောင် သည် ဒုတိယ မြန်မာနိုင်ငံကို အောင်မြင်စွာ ထူထောင်ခဲ့ပြီး သူ၏ လက်ထက်တွင် မြန်မာနိုင်ငံသည် တန်ခိုးအထွားဆုံး အချိန်ဖြစ်ခဲ့သည်။ သို့သော် သူ့ကို ဆက်ခံသော သားတော် နန္ဒဘုရင် လက်ထက်တွင် မူ ဘုရင့်နောင် ၏ အင်ပါယာကြီးမှာ ပြိုကွဲပျက်စီး ခဲ့ရလေသည်။ ထိုမင်းသည် မအောင်မြင်သည့် ယိုးဒယားစစ်ကို အကြိမ်ကြိမ်ချီစေခြင်းဖြင့် မိမိအင်အားကို ဖြုန်းပစ်ခြင်း ၊လက်အောက်ခံ ဘုရင်များကို နိုင်နင်းစွာ မထိမ်းသိမ်း နိုင်ခြင်း နှင့် ပြည်သူများအား စနစ်တကျ မအုပ်ချုပ်ခြင်း တို့ကြောင့် နိုင်ငံပြိုကွဲခဲ့ရခြင်း ဖြစ်သည်။ နန္ဒဘုရင် သည် ယောင်္ကျားများကို စစ်အခြေခံသင်တန်းပေးကာ လိုက်ပါအမှုထမ်းခိုင်းသည်။ မထမ်းချင်သော ယောင်္ကျားများက ရဟန်းဝတ်ကြလေသည်။ ဤသို့ဖြင့် ရဟန်းအရေအတွက်လည်း တိုးပွားလာရာ ၁၅၉၃ တွင် ရဟန်းစစ်များ နှင့် ရဟန်းတုများကို အမြန်စစ်ဆေးကာ အဓမ္မလူထွက်စေသည်။ ထို အထဲတွင် ရဟန်းအစစ်များလည်း ပါသွားခဲ့ရသည်။ နာမည်ကြီး ဘားမဲ့ ဆရာတော် နှင့် ဘားတမော့ ဆရာတော်များကိုလည်း မယုံကြည်သဖြင့် ပြည်သူများတားနေသည့်ကြားမှပင် ညောင်ရမ်းသို့ ပို့ဆောင်လိုက်လေသည်။ လက်အောက်ခံ နယ်စားများ ပုန်ကန်လျှင် ဗိုလ်မှူးတပ်မှူးများကို နှိမ်နင်းခိုင်း...

Click !