Skip to main content

Continue !

ကျောက်တော်မှ စွန့်ခွာလာသည့် ကလေးငယ်များ ပါဝင်သည့် တပ်မတော် မိသားစုဝင်များနှင့် ဝန်ထမ်း မိသားစုများ ပါဝင်သော ရေယာဉ်သုံးစင်း Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခံရပြီး AA အဖွဲ့က မြစ်ကြောင်းတစ်လျှောက် သတ်ဖြတ်မှုအတွင်း သေဆုံးသူ ၇၀၀ နှင့် ၉၀၀ ကြားရှိကြောင်း သတင်းထွက်ပေါ်

 



ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် မြို့မှစွန့်ခွာလာသည့် တပ်မတော်မိသားစုဝင်များနှင့် ဝန်ထမ်း မိသားစုများ ပါဝင်သည့် ရေယာဉ်သုံးစင်းကို ဖေဖော်ဝါရီ ၈ ရက်က AA အဖွဲ့က Drop Bomb ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်းသိရသည်။
ထိုသို့ပစ်ခတ်တိုက်ခိုက်မှုအတွင်း ကလေးငယ်များပါဝင်သည့် တပ်မတော်မိသားစုဝင်များနှင့် ဝန်ထမ်း မိသားစုများ ပါဝင်သော သဘောၤအချို့နစ်မြှုပ်ခဲ့ကြောင်းသိရသည်။
ယင်းကဲ့သို့ သင်္ဘောနစ်မြှုပ်ပြီးနောက် သင်္ဘောပေါ်တွင်လိုက်ပါလာသူများသည် ကူးခတ်၍ ကမ်းပေါ်သို့တက်ရောက်ရာတွင် မြစ်ကြောင်းတစ်လျှောက် AA အဖွဲ့သေနတ်ဖြင့်ပစ်ခတ်ခြင်းနှင့် ကျောက်တော်မှ စစ်တွေသို့ သွားရာ ကုလားတန်မြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာအချို့မှ ကျေးရွာသားများက ဓားဖြင့်ခုတ်ခြင်းများကြောင့် သေဆုံးမှုများအတွင်း ကလေးများအပါအဝင် တပ်မတော်မိသားစုဝင်နှင့် ဝန်ထမ်းစုစုပေါင်း ဦးရေ ၇၀၀ နှင့် ၉၀၀ ကြားရှိကြောင်း သတင်းများ ထွက်ပေါ် လျက်ရှိသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ မျက်မြင်သက်သေနှင့် သီးသန့်အတည်ပြုချက်များရယူရန် ခက်ခဲ့သော်လည်း Eleven Media Group ၏စုံစမ်းရရှိသည့် သတင်းအချက်အလက်များအရ ယင်းဖြစ်စဉ်မှာ မှန်ကန်ပြီး ကလေးငယ်များ၊ အမျိုးသမီးများအပါအဝင် သေဆုံးသူ ၇၀၀ နှင့် ၉၀၀ ဝန်းကျင်ရှိနိုင်ကြောင်း စုံစမ်းသိရှိရသည်။
တပ်မတော်ကမ်းထိုးရေယာဉ်များ ပစ်ခတ်ခံရမှုမှာ ကျောက်တော်မြို့ပေါ်မှ စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ရေယာဉ်များသည် ဆက်လက်မောင်းနှင်သွားရာတွင် အပေါက်ဝနှင့် ဂုပီးတောင်ကြားအရောက်တွင် ဝိုင်းဝန်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ရေယာဉ်သုံးစင်းအနက် နှစ်စင်းနစ်မြုပ်သွားပြီး ကျန်တစ်စင်းသည် ဒုက္ကန်ချောင်ရွာနှင့် အပေါက်ဝကြားတွင် ကမ်းကပ်သွားစဉ် အဆိုပါရေယာဉ်ပေါ်ပါရှိသည့် စစ်သည် ရဲမေ မှီခိုကလေးသူငယ်များ သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း၊ ယင်းဖြစ်စဉ်အတွင်း အသက်ရှင်လွတ်မြောက်လာသူမရှိသလောက်ပင်ဖြစ်ကြောင်းလည်းစုံစမ်းသိရသည်။
အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ Operation 1027 ၏ ဖေဖော်ဝါရီ ၈ ရက် ပုံမှန်ထုတ်ပြန်ချက်တွင် AA အဖွဲ့အနေဖြင့် ဖေဖော်ဝါရီ ၇ ရက်နှင့် ၈ ရက်တွင် တပ်မတော် ကမ်းထိုးရေယာဉ်သုံးစင်းကို နစ်မြှုပ်အောင်တိုက်ခိုက်နိုင်ခဲ့ကြောင်း၊ လက်နက်ချအညံ့ခံရန်ပြောထားသော်လည်း နားထောင်ခြင်းမရှိသည့် စစ်သင်္ဘောများပေါ်မှ ထွက်ပြေးနေသူများကို မြစ်ကြောင်းအတွင်း တစ်ယောက်မကျန်လိုက်လံချေမှုန်းတိုက်ခိုက်လျက်ရှိကြောင်း ဖော်ပြထားသည်။
AA အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက BBC သတင်းဌာနသို့ဖြေကြားချက်အရ တပ်မတော်မိသားစုဝင်များ ကမ်းတက်လာချိန် ကမ်းပေါ်ကစောင့်ဆိုင်းပြီး သတ်ဖြတ်သည်ဆိုသည်မှာ မဟုတ်ကြောင်း၊ ဖြစ်စဉ်တွင် ဖမ်းမိသည့် စစ်သုံ့ပန်းများကို စစ်သုံ့ပန်းဥပဒေ၊ သုံ့ပန်းဆိုင်ရာစည်းမျဉ်းများနှင့်အညီ ထိန်းသိမ်းထားကြောင်း၊ ဖမ်းမိအရေအတွက်ကို စိစစ်နေကြာင်း BBC သတင်းဌာနက ဖော်ပြထားသည်။
သို့ရာတွင် AA ၏ထုတ်ပြန်ချက်အရ သင်္ဘောပေါ်မှ လက်နက်ချအညံ့မခံသူများကို မြစ်ကြောင်းအတွင်း တစ်ယောက်မကျန်လိုက်လံချေမှုန်းသည်ဆိုသည့်ကိစ္စရပ်အား မေးမြန်းမှုကို ခိုင်သုခက ဖြေကြားခြင်းမရှိကြောင်း BBC သတင်းဌာနက ဖော်ပြထားသည်။
အထက်ပါဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်ဘက်မှ တိုက်ပွဲဖြစ်စဉ်အားလည်းကောင်း၊ နစကဘက်မှလည်း ကျောက်တော်ဖြစ်စဉ်နှင့် သင်္ဘောသုံးစင်းနစ်မြှုပ်ပြီး လူ ၇၀၀ မှ ၉၀၀ သေဆုံးဖွယ်ရှိသည့် ဖြစ်စဉ်ပတ်သက်၍ လည်းကောင်း ဖေဖော်ဝါရီ ၁၁ ရက် ညနေပိုင်းအထိ အများပြည်သူသိရှိရန် ရှင်းလင်းခ်က္ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။
ကျောက်တော်မှ ကမ်းထိုးရေယာဉ်သုံးစင်းဖြင့် ရွှေ့ပြောင်းပေးခဲ့ရ သည့် အမျိုးသမီးနှင့် ကလေးများအပါအဝင် တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင် မိသားစုဝင်များ၊ ဝန်ထမ်း မိသားစုများ စုစုပေါင်း ၉၀ဝ နီးပါး လိုက်ပါလာသည့် ကမ်းထိုးရေယာဉ်သုံးစင်း တိုက် ခိုက်နစ်မြှုပ်ခံရပြီး အသက်လု၍ ကမ်းပေါ်သို့ ကူးခတ်ထွက်ပြေးလာသည့် အမျိုးသမီးများနှင့် ကလေးများအား ဓားဖြင့်ခုတ်၍ သတ်ဖြတ်မှုအပေါ် လူ့အခွင့်အရေးနှင့်ပတ်သက်၍လည်း မေးခွန်းထုတ်မှုများရှိသည်။
ထိုသို့ အရပ်သားများပါဝင်သည့် အစုအလိုက် သတ်ဖြတ်ခံရမှု ဖြစ်စဉ်အပေါ် နိုင်ငံတကာအနေဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သင့်ကြောင်း သုံးသပ်မှုများလည်ရှိနေသည်။

 

Hi !

!

Popular posts from this blog

မြန်မာပြည်မြေပုံကို အပြောင်းခံကြမှာလား

  ကမ္ဘာ့သမိုင်းကို ပြန်လေ့လာကြည့်မယ်ဆိုရင် အိမ်နီးချင်းနိုင်ငံတွေအဖြစ် နှစ်ပေါင်းများစွာ အတူတကွ ယှဉ်တွဲ ရပ်တည်နေကြပြီးမှ ဝေးကွာသွားကြတဲ့ နိုင်ငံတွေ ရှိခဲ့တယ်ဆိုတာ တွေ့နိုင်ပါတယ်။ ကျွန်တော်တို့အတွက် အထင်ရှားဆုံး ဥပမာတစ်ခုရှိပါတယ်။ အဲဒါကတော့ မြန်မာနဲ့ ပါကစ္စတန်တို့ဟာ ယခင်က နယ်မြေချင်း ထိစပ်နေကြတဲ့ အိမ်နီးချင်း နိုင်ငံတွေပါ။ သို့သော် ၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံအသစ် ပေါ်ပေါက်လာချိန်မှာတော့ အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားခဲ့ကြပါတယ်။ ယခင်က အိမ်နီးချင်းဖြစ်ခဲ့လို့ ထင်ပါတယ်၊ မြန်မာနဲ့ ပါကစ္စတန်တို့ရဲ့ ဆက်ဆံရေးဟာ ကောင်းမွန်နေကြဆဲဆိုတာ သက်သေ၊ သာဓကများစွာ ရှိပါတယ်။ အဲဒီလို အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားရခြင်းဟာ သူတို့ရဲ့ ပြည်တွင်းရေးသာ ဖြစ်တဲ့အတွက် အထူးအထွေ ဝေဖန်ရန် မရှိပါ။ သို့သော် လက်ရှိအခြေအနေမှာ မြန်မာရဲ့ အိမ်နီးချင်း (၅) နိုင်ငံရှိနေရာက မတူညီတဲ့ အိမ်နီးချင်းနိုင်ငံသစ်တွေ ထပ်မံ ပေါ်ပေါက်လာဖို့ လုပ်ဆောင်နေကြတာတွေ မြင်နေရပါပြီ။ ဒီတစ်ကြိမ်ကတော့ ကျွန်တော်တို့ရဲ့ ပြည်တွင်းရေးဖြစ်တဲ့အတွက် အလေးထားရပါတော့မယ်။ ရှိပြီးသား အိမ်နီးချင်း (၅) နိုင်ငံနဲ့ မြန်မာတို့အကြား ကျွန်တော်တို့ ပ

မဟာဗောဓိမြိုင် ဆရာတော်ကြီး မိန့်တော်မူတဲ့ အိမ်မြှောင် စုတ်ထိုးရတဲ့ အကြောင်းအရင်း

  ******** အိမ်ရှိလျှင် အိမ်မြှောင်ဆိုတာ ရှိတတ်စမြဲ။ သူ့ စုတ်ထိုးသံ ကြားရတတ်စမြဲ။ အိမ်မြှောင်စုတ်ထိုးသံကိုလည်း လူတွေ အတိတ်ကောက်ကြလေ့ ရှိတတ်ကြရဲ့။ဘာကြောင့် အိမ်မြှောင်စုတ်ထိုးပါသလဲ။အိမ်မြှောင် စုတ်ထိုးခြင်းဟာ နတ်တွေနဲ့ ပတ်သက်နေတတ်ကြောင်းဆရာတော်ဘုရားကြီးက ဒီလိုရှင်းပြထားပါတယ်။မိဘနဲ့သားသမီး ဆရာနဲ့ တပည့် လင်နဲ့မယား ဆက်ဆံရေးမှာ လိုက် လျောမှု မရှိခဲ့လျှင် တကျက် ကျက်ဖြစ်ပြီး ကျက်သရေမင်္ဂလာလည်း ပျက်တတ်တယ် ဆိုပါတယ်။“ကိုယ်စောင့်နတ် အိမ်စောင့်နတ်တွေ နားမခံသာ။ ကံထိန်းနတ် ဥစ္စာ စောင့်နတ်တွေလည်း နားမခံသာ။ နတ်တို့ နားမခံသာလို့ရှောင်သွားမည်။သို့မဟုတ် လက်ပိုက်ကြည့်နေမည် ဆိုပါက အဲဒီအိမ် စီးပွားမတတ် နေသမျှ လူစိတ်မအေးရ လာသမျှ ဧည့်မဆက်ဆံချင်ဖြစ်ပြီ သားတို့ သ မီးတို့ လူတွေအပေါ် လူအုပ်ချုပ်ရေး ရှိသလို နတ်တွေအပေါ် နတ်အုပ်ချုပ်ရေးလည်း ရှိသေး။လူလူချင်း အုပ်ချုပ်တဲ့ လူမင်းကိုတော့ လောကနတ် ခေါ်ရတယ်။ လူ အုပ်ချုပ်တဲ့ နတ်မင်းများကိုတော့ သမ္မုတိနတ် ခေါ်ရတယ်။လောကသုံးပါး ရှေ့ဆောင် လမ်းပြတော်မူတဲ့ ဘုရားရှင်ကိုတော့ “ဝိသုဒ္ဓိနတ်” ခေါ်ရတယ်။ အဲဒီ သမ္မုတိနတ်မျိုးထဲမှာ “ကိုယ်စောင့်နတ်” က ရပ်ကွက်အုပ်ချုပ်ရေးမင်းနဲ့ တူတယ်။ “အိမ

စစ်တပ်နဲ့ ညှိနှိုင်းမှုတွေအကြောင်း ကရင် BGF ဗိုလ်မှူးကြီး စောချစ်သူ ဘာပြောလဲ

  စစ်ကောင်စီနဲ့ ကရင်နယ်ခြားစောင့်တပ်(BGF)အကြား တင်းမာမှုတွေရှိနေတာကြောင့် ဇန်နဝါရီလ ၂၃ ရက်မှာ ဒုတပ်ချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကရင်ပြည်နယ်ကို နေ့ချင်းပြန်သွားပြီး BGF က ဗိုလ်မှူးကြီး စောချစ်သူနဲ့ တွေ့ဆုံဆွေးနွေးတာတွေလုပ်ခဲ့ပါတယ်။ စစ်တပ်လစာနဲ့ ရိက္ခာကိုမယူတော့ဖို့ BGF က ဆွေးနွေးပါတယ်။ ဘာကြောင့်ပါလဲ။ စစ်ကောင်စီနဲ့ BGF ကြားတင်းမာမှုအရင်းခံက ဘယ်အချက်တွေလဲ။ BGF ရပ်တည်မှုဘယ်လိုဆက်ရှိမှာလဲဆိုတာတွေကို BGF က ဗိုလ်မှူးကြီး စောချစ်သူနဲ့ ဘီဘီစီက ဆက်သွယ်မေးမြန်းထားပါတယ်။ ဘီဘီစီ - BGFက ဗိုလ်မှူးကြီး စောချစ်သူနဲ့ စစ်ကောင်စီ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့ ဇန်နဝါရီ ၂၃ ရက်က ဖားအံမှာတွေ့ပြီး ‌‌‌တပ်ပိုင်းဆိုင်ရာကိစ္စတွေ ဆွေးနွေးတယ်လို့ သိရပါတယ်။ ဘယ်လိုအချက်တွေဆွေးနွေးခဲ့ကြတာပါလဲ။ ဗိုလ်မှူးကြီး စောချစ်သူ - ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေ တင်ပြတောင်းဆိုလာတဲ့ ကရင်အချင်းချင်းပြန်မတိုက်ချင်ဘူးဆိုတဲ့ အချက်၊ နောက်တစ်ချက်က တပ်မတော်ရဲ့ ရိက္ခာကို ဆက်လက်ယူချင်တဲ့ဆန္ဒမရှိတော့ဘူးဆိုတဲ့ အချက်တစ်ချက်။ အဲဒီအချက် ၂ ချက်ကိုပဲဆွေးနွေးပါတယ်။ ဘီဘီစီ - BGF ရဲ့ ဆွေးနွေးချက် ၂ ချက်အပေါ်မှာ စစ်တပ်ဘ

စစ်မှုထမ်းဟောင်းများကို အငြိမ်းစားယူခဲ့သည့် မူလရာထူး၊ အဆင့်ဖြင့် စစ်မှုပြန်ထမ်းစေသည့် စနစ် စစ်ကောင်စီက ပြန်လည်စတင်

  ■ စစ်တပ်တွင် သေဆုံးမှုများပြားနေသဖြင့် စစ်သားလိုအပ်ချက် အလွန်ကြီးမားနေမှုကို နည်းလမ်းမျိုးစုံဖြင့် ဖြည့်တင်းနေရ ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းဟောင်းများကို အငြိမ်းစားယူခဲ့သည့် မူလရာထူး၊ အဆင့်များဖြင့် စစ်တပ်တွင် အနည်းဆုံး ၁ နှစ် တာဝန်ပြန်လည် ထမ်းဆောင်စေသည့် စနစ်ကို ပြန်လည် စတင်နေပြီဖြစ်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ အကြမ်းဖက်စစ်ကောင်စီက ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်းတွင် အရန်တပ်ဖွဲ့ဝင် (စစ်မှုထမ်းဟောင်း)များကို စစ်မှုထမ်းခွင့်ပြုသည့် ညွှန်ကြားချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ကြောင်း ၊ အဆိုပါ ညွှန်ကြားချက်အရ စစ်မှုထမ်းဟောင်း များအနေဖြင့် အရန်တပ်ဖွဲ့ဝင် အဖြစ် စာရင်းသွင်း လက်မှတ်ရေးထိုး ရမည်ဖြစ်ကြောင်း၊ အရန်တပ်ဖွဲ့ဝင်အဖြစ် စာရင်းသွင်းပြီးသူများကို စစ်ကောင်စီက ပြန်လည် စိစစ်ရွေးချယ်ကာ အငြိမ်းစားယူခဲ့သည့် ပြန်တမ်းဝင်အမှတ်၊ ကိုယ်ပိုင်အမှတ် အဆင့်ဖြင့် ပြန်လည် တာဝန်ထမ်းဆောင်ခွင့်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။ စစ်ကောင်စီက ပြန်လည် စိစစ်ရွေးချယ်လိုက်သော အရန်တပ်ဖွဲ့ဝင်(စစ်မှုထမ်းဟောင်း) သည် အနည်းဆုံး အချိန်ပြည့် ၁ နှစ် အမှုထမ်းရမည်ဖြစ်ကြောင်း၊ အဆောငအယောင်၊ လစာနှင့်

မြန်မာ ဒုကာကွယ်ရေးဝန်ကြီး ထောင်ထဲရောက်ပြီ

  မြန်မာ ဒုကာကွယ်ရေးဝန်ကြီး ထောင်ထဲရောက်ပြီ မတ်လ ၂၈ ရက် ၂၀၂၄ ခုနှစ် နံနက် ၁၀ နာရီ ၂၀ သတင်း ================================= ကာကွယ်ရေး ဒု-ဝန်ကြီး ဖြစ်သူ ဗိုလ်ချုပ်အောင်လင်းထွန်းကို ကျားဖြန့်လုပ်ငန်းနဲ့ ပတ်သက်တယ်ဆိုပြီး မနေ့ည မတ်လ ၂၇ ရက်နေ့ည ၁၁ နာရီတွင် စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့မှ သွားရောက်ဖမ်းဆီးခဲ့ကြပါတယ်။ အဆိုပါ ဖမ်းဆီးချိန်တွင် ဒုကာကွယ်ရေးဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်အောင်လင်းထွန်းသည် အရက်မူးနေပြီး အသာတကြည် လိုက်လာခြင်းမရှိပဲ … ပုဆိုးလှန်ပြီး ဆဲဆိုနေခြင်းကြောင့် စစ်ဘက်လုံခြုံရေးအဖွဲ့မှ ရိုက်နှက်ခဲ့ရာ.. သွား အချို့ ကျွတ်သွားပြီး ပါးစပ်တခုလုံး သွေးများနီရဲနေသည်။ “အဲ့ကောင် ပါးစပ်က သွေးမတိတ်ခင် ရမဲသင်းထောင်ပို့လိုက်စမ်း” လို့ အထက် အမိန့်ပေးလိုက်တော့ အခု ရမဲသင်းထောင်ရောက်နေပြီဖြစ်ကြောင်း မြန်မာအမေရိကန် သတင်းဌာနမှ စုံစမ်းသိရှိရသည်။ ဂိုလ်ရှယ်လေး

တရုတ်ကဖမ်းထားတဲ့ ဖူလီလိုက်လုပ်ငန်းစု ဥက္က၎ မြန်မာနိုင်ငံရဲ့ ထိပ်တန်း ဘီလီယံနာ ကိုးကန့်သူဌေးကြီးအကြောင်း

      တရုတ်နိုင်ငံထဲမှာ ပြီးခဲ့တဲ့တစ်ပတ်က အဖမ်းခံလိုက်ရတဲ့ ကိုးကန့်လုပ်ငန်းရှင် ၁၁ ယောက်ထဲမှာ မြန်မာပြည်ရဲ့အချမ်းသာဆုံးထိပ်တန်းသူဌေးတွေထဲမှာပါပြီး လူသိနည်းတဲ့ သူဌေးကြီးတစ်ဦးလည်း ပါဝင်ပါတယ်။ ဦမောင်မောင် လို့ မြန်မာအမည်ပေးထားတဲ့ ကိုးကန့်လုပ်ငန်းရှင်ဟာ လောက်ကိုင်မြို့မှာ အချမ်းသာဆုံးဖြစ်တဲ့ Fully Light ဖူလီလိုက် ကုမ္ပဏီကို အစ်ကို ဖြစ်သူနဲ့အတူ ဦးစီးနေသူ ဖြစ်ပါတယ်။  ဖူလီလိုက်လုပ်ငန်းစုဟာလုပ်ငန်းအမျိုးအစားပေါင်း အနည်းဆုံး ၃၆ မျိုးမှာ အမေရိကန်ဒေါ်လာ ဘီလီယံ ဂဏန်းအထိ ရင်းနှီးမြှုပ်နှံထားပြီး သူတို့ရဲ့ ချမ်းသာကြွယ်ဝမှုအတိုင်းအဆကို မမှန်းဆနိုင်ပါဘူး။ အခုတော့ လောက်ကိုင်မြို့တစ်ဘက်ခြမ်းက တရုတ်နိုင်ငံပိုင်နက်ထဲမှာ အဖမ်းခံရပြီးနောက် တစ်ပတ်ကြာတဲ့အထိ ဘယ်မှာထိန်းသိမ်းထားတယ်ဆိုတဲ့ သတင်းအစအနတောင်မရဘဲ ဖြစ်နေပါတယ်။ ဖူလီလိုက် အင်ပါယာ                                                                 လောက်ကိုင်က ဖူလီလိုက် ရုံးချုပ် နဲ့ အိမ်ရာစီမံကိန်း ဦးမောင်မောင် အကြောင်းမပြောခင် သူ့အစ်ကို နဲ့ အတူ ပူးတွဲပိုင်ဆိုင်တဲ့ ဖူလီလိုက် လုပ်ငန်းစု အကြောင်းပြောမှ သူတို့ရဲ့ ခြေတံလက်တံကို ခန့်မှန်းနိုင်မှာ ဖြ

စစ်မှုထမ်းဥပဒေတွင် ဘွဲ့ရပညာတတ်များ တပ်ထဲ ကာလရှည်နေရန် ပြဋ္ဌာန်းထား

  ဘွဲ့ရ သို့မဟုတ် စက်မှုလက်မှုပညာတစ်ခုခု တတ်မြောက်ထားသူဖြစ်ပါက စစ်ကောင်စီတပ်ထဲတွင် အခြားသူများထက် အချိန်ကြာကြာပိုပြီး စစ်မှုထမ်းရနိုင်ခြေရှိသည်။ သင်သည် ဆရာဝန်၊ အင်ဂျင်နီယာ၊ ဘွဲ့ရ သို့မဟုတ် စက်မှုလက်မှုပညာတစ်ခုခု တတ်မြောက်ထားသူဖြစ်ပါက ကျွမ်းကျင်သူဟုသတ်မှတ်ပြီး စစ်ကောင်စီတပ်ထဲတွင် အခြားသူများထက် အချိန်ကြာကြာပိုပြီး စစ်မှုထမ်းရနိုင်ကြောင်း ဖေဖော်ဝါရီ ၁၀ ရက်နေ့က စစ်ကောင်စီ အသက်သွင်းလိုက်သည့် စစ်မှုထမ်းဥပဒေတွင် တွေ့ရသည်။ အခြားသူများက ၂ နှစ်မှ ၅ နှစ်အထိ စစ်ကောင်စီတပ်ထဲ စစ်မှုထမ်းရမည်ဖြစ်သော်လည်း ကျွမ်းကျင်သူအဖြစ် သတ်မှတ်ခံရပါက ၃ နှစ်မှ ၅ နှစ်အထိ စစ်မှုထမ်းရမည်ဟု ဆိုသည်။ ပုံမှန်အားဖြင့် စစ်မှုထမ်းကာလပြည့်ပြီးပါက နောက်တစ်ကြိမ် စစ်တပ်ထဲ ပြန်သွားရန် မလိုတော့သော်လည်း ပါရဂူဘွဲ့ရသူများ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဘွဲ့ရသူများကိုမူ “အရေးပေါ်ပြန်တမ်းဝင်အရာရှိ” အဖြစ် တပ်က ပြန်ခေါ်နိုင်သည်။ နောက်တစ်ကြိမ်ဆင့်ခေါ်မှုအတွက် အချိန်မည်မျှကြာကြာ စစ်တပ်ထဲထားမည်ဆိုသည်ကို သတ်မှတ်ထားခြင်း မရှိပေ။ ရန်ကုန်မြို့၌ ၂၀၂၁ ဖေဖော်ဝါရီလအတွင်း ပြုလုပ်သည့် အာဏာသိမ်းမှုဆန့်ကျင်သည့် ဆန္ဒပြပွဲ

ကျောက်တော်၌ ကယ်ဆယ်ရေးကမ်းထိုးရေယာဉ် (၃)စင်း တိုက်ခိုက်ခံခဲ့ရပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် အများအပြားသေဆုံး

   ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်း၌ ကယ်ဆယ်ရေးကမ်းထိုးရေယာဉ် (၃)စင်း တိုက်ခိုက်ခံခဲ့ရပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် အများအပြားသေဆုံးခဲ့ရကြောင်း သတင်းရရှိသည်။ ကယ်ဆယ်ရေးကမ်းထိုးရေယာဉ်(၃)စင်းသည် စစ်တွေမြို့မှတစ်ဆင့် ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီး၌ လုံခြုံရေးအဖွဲ့ဝင်များ၊ ၎င်းတို့၏ မိသားစုဝင်များ နှင့် နိုင်ငံ့ဝန်ထမ်းများကို စောင့်ဆိုင်းကယ်ထုတ်နေစဉ်အချိန်တွင် ရခိုင်လက်နက်ကိုင် AA အဖွဲ့၏ ပစ်ခတ်တိုက်ခိုက်ခြင်းကို ခံခဲ့ရကြောင်း သိရသည်။ “အကြီးက နှစ်စင်း၊ အသေးက တစ်စင်းပေါ့။ အဲဒီမှာ ကျားပိုက်တွေကို အောက်ခြေတစ်ကြောလုံးမှာ ချထားတာ။ ပြောရရင်တော့ ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်းကို ဆွဲထားတာ။ ဒလက်တွေက အဲဒါတွေနဲ့ အကုန်ငြိကုန်တာ။ ပထမဆုံးက ကမ်းထိုးရေယာဉ်အကြီးတစ်စင်းနဲ့ ငြိပြီးတော့ သောင်တင်သွားတယ်။ အဲဒါမှာ အသေးတစ်စင်းနဲ့ အကြီးတစ်စင်းက သွားပြီးဆွဲတာ။ အဲဒီမှာ ဒရော့ဗုံးတွေနဲ့ တိုက်ခိုက်ခံရတာပေါ့။ ပြီးတော့ ကမ်းပေါ်ကို တက်ပြေးတဲ့သူတွေကို ဓါးနဲ့ ဝိုင်းခုတ်တာတွေ ဖြစ်တဲ့အချိန်မှာ တစ်ချို့ရေကူးတတ်တဲ့ (၄)၊(၅)၊(၁၀)ယောက်လောက်က မြစ်ကြောင်းအတိုင်းမျောပြီးတော့ ဆင်းသွားတဲ့အချိန်မှာ ကယ်

ပဲခူးမြို့ပေါ် လူစည်ကားသည့် နေရာများအား ၁၀၇ မမရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ရန် စီစဉ်လျက်ရှိသည့် DSRB အမည်ခံ အဖွဲ့ဝင်များအား ၁၀၇ မမရှော့တိုက်ဒုံးများနှင့်အတူ ဖမ်းဆီးရမိ

                                                     ပဲခူးမြို့ပေါ် လူစည်ကားသည့် နေရာများအား ၁၀၇ မမရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ရန် စီစဉ်လျက်ရှိသည့် DSRB အမည်ခံအကြမ်းဖက်အဖွဲ့ဝင်များအား ၁၀၇ မမရှော့တိုက်ဒုံးများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရပါတယ်။ အကြမ်းဖက်သမားများအနေဖြင့် အေးချမ်းတည်ငြိမ်နေသည့် အခြေအနေမျိုးကို လက်မခံနိုင်ပဲ ယုတ်မာစွာဖောက်ခွဲဖျက်ဆီး ဖို့ ကြံနေတာပဲဖြစ်ပါတယ်။  Dark Side Revolution Burma-DSRB အမည်ခံအကြမ်းဖက်အဖွဲသည် အများပြည်သူများ ပျော်ရွှင်စွာကြည့်ရှုမည့် ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပမည့် ညတွင် ပဲခူးမြိုပေါ်ရှိ လူစည်ကားသည့် နေရာများအား ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ရန်စီစဉ်လျက်ရှိကြောင်း အကြမ်းဖက်မှုကိုမလိုလားသည့် ပြည်သူများ၏ သတင်းပေးပိုချက်အရ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက် နေ့လယ်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြိုနယ်၊ ကမာနတ်ခကျေးရွာအနီး ပဲခူး- သနပ္ပင်လမ်းဆုံ၌ ယာဉ်အမှတ်၊ RLG-4563 Nissan March ခဲရောင်မော်တော်ယာဉ်ပေါ်မှ Dark Side Revolution Burma-DSRB အမည်ခံအကြမ်းဖက်အဖွဲဝင်များဖြစ်သ

ဘုရင့်နောင်ရဲ့ အင်ပါယာကြီး အချိန်တိုအတွင်း ပြိုကွဲခဲ့ရတဲ့ အကြောင်းများ

  ဘုရင့်နောင် သည် ဒုတိယ မြန်မာနိုင်ငံကို အောင်မြင်စွာ ထူထောင်ခဲ့ပြီး သူ၏ လက်ထက်တွင် မြန်မာနိုင်ငံသည် တန်ခိုးအထွားဆုံး အချိန်ဖြစ်ခဲ့သည်။ သို့သော် သူ့ကို ဆက်ခံသော သားတော် နန္ဒဘုရင် လက်ထက်တွင် မူ ဘုရင့်နောင် ၏ အင်ပါယာကြီးမှာ ပြိုကွဲပျက်စီး ခဲ့ရလေသည်။ ထိုမင်းသည် မအောင်မြင်သည့် ယိုးဒယားစစ်ကို အကြိမ်ကြိမ်ချီစေခြင်းဖြင့် မိမိအင်အားကို ဖြုန်းပစ်ခြင်း ၊လက်အောက်ခံ ဘုရင်များကို နိုင်နင်းစွာ မထိမ်းသိမ်း နိုင်ခြင်း နှင့် ပြည်သူများအား စနစ်တကျ မအုပ်ချုပ်ခြင်း တို့ကြောင့် နိုင်ငံပြိုကွဲခဲ့ရခြင်း ဖြစ်သည်။ နန္ဒဘုရင် သည် ယောင်္ကျားများကို စစ်အခြေခံသင်တန်းပေးကာ လိုက်ပါအမှုထမ်းခိုင်းသည်။ မထမ်းချင်သော ယောင်္ကျားများက ရဟန်းဝတ်ကြလေသည်။ ဤသို့ဖြင့် ရဟန်းအရေအတွက်လည်း တိုးပွားလာရာ ၁၅၉၃ တွင် ရဟန်းစစ်များ နှင့် ရဟန်းတုများကို အမြန်စစ်ဆေးကာ အဓမ္မလူထွက်စေသည်။ ထို အထဲတွင် ရဟန်းအစစ်များလည်း ပါသွားခဲ့ရသည်။ နာမည်ကြီး ဘားမဲ့ ဆရာတော် နှင့် ဘားတမော့ ဆရာတော်များကိုလည်း မယုံကြည်သဖြင့် ပြည်သူများတားနေသည့်ကြားမှပင် ညောင်ရမ်းသို့ ပို့ဆောင်လိုက်လေသည်။ လက်အောက်ခံ နယ်စားများ ပုန်ကန်လျှင် ဗိုလ်မှူးတပ်မှူးများကို နှိမ်နင်းခိုင်းသည်။

Click !