မြန်မာ့ပဒေသရာဇ် သမိုင်းမှာရွံစရာကောင်းတဲ့ဘုရင်ညံ့ သုံးပါးဟာ ခေတ်သုံးခေတ်မှာ ပေါ်ခဲ့ဖူးတယ်လို့ အဆိုရှိပါတယ်။
ဒီလို(ထူးထူးခြားခြား)ညံ့ဖျင်းတဲ့ဘုရင်တွေ ရဲ့လက်ထက်မှာ တိုင်းပြည် ပျက်လေ့ ရှိတယ်လို့လည်း ပြောကြပါတယ်။
(၁) ပုဂံခေတ် နရသီဟ ပတေ့မင်း
(၂) အင်းဝခေတ် ဟံသာဝတီပါမင်းနဲ့
(၃) ကုန်းဘောင်ခေတ် သီပေါမင်းတို့ ပါတဲ့။
ပထမဆုံးဘုရင်ညံ့ဖြစ်သူကတော့နရသီဟပတေ့မင်းဖြစ်ပါတယ်…
သူက လေးမည်ရမင်းဖြစ်ပြီးနရ သီဟပတေ့၊ မင်းခွေးချေး၊ တရုတ်ပြေးမင်း၊ သားမြွာဘဆိုတဲ့ အမည်လေးမျိုးနဲ့ ရာဇ ဝင်မှာ လူသိများတယ်။ ”စလေငခွေး၊ မင်း ခွေးချေး၊ လူရေးပျက်တော့သည်” လို့ ပက် ပက်စက်စက် အပြောခံရတဲ့မင်း ဖြစ်ပါတယ်။
မြန်မာရာဇဝင်မှာ သြဇာရှိသူ နန်းတွင်း အမတ်ကြီး၊ သို့မဟုတ် ဆွေတော် မျိုးတော် တစ်ပါးပါးက သူ့သြဇာခိုင်စေဖို့ ရုပ်ပြ ဘုရင် တစ်ပါးပါးကို နန်းတင်တော့မယ် ဆိုရင် ငယ် ရွယ်နုနယ်သူ မင်းသားငယ် များကို စိတ် ကြိုက်ရွေးချယ် တင်မြှောက်လေ့ ရှိပါတယ်။
ပုဂံခေတ် နေဝင်ချိန်မှာ တန်ခိုးထွားတဲ့ အ မတ်ကြီး ရာဇသင်္ကြန်က ဝါရင့်မင်းသားကြီး သီဟသူကို ဘုရင်အဖြစ် မထောက်ခံဘဲ အသက် ၁၉ နှစ် သာရှိသေးတဲ့သူကို ထောက်ခံရာက မင်းခွေးချေး တစ်ယောက် ရာဇပလ္လင်ပေါ်ရောက်လာတယ်။
ဘုရင်လည်းဖြစ် ကရော၊ ဘုန်းကြီးဝတ် နေတဲ့ သူ့ဦးလေးကို လူထွက်ခိုင်းပြီး သိမ္မ စည်းဆိုတဲ့ ဘွဲ့နဲ့ အမတ်ကြီးခန့်တယ်။
ဘုန်း ကြီး လူထွက် သိမ္မစည်းဟာ တဖြည်းဖြည်း ဘုန်းကြီးလာလိုက်တာ နောက်ဆုံး သူ တွန်းလို့ ပုလ္လင်ပေါ် ထမ်းတင်ပေးခဲ့တဲ့ ရာဇ င်္သကြန်ကိုပင်မင်းခွေးချေးက စည်းစိမ်ရုပ် သိမ်းပြီး ဒလကို နယ်နှင်ခဲ့ပါတယ်….
တစ်ပြည်လုံးမှာ ရှိတဲ့ စိုက်ပျိုးမြေဧက များစွာကို ဘုရင်ကရော၊ မင်းညီမင်းသား တွေကရော၊ သူဌေးသူကြွယ်တွေကရော ဂုဏ်တု ဂုဏ်ပြိုင် လုပ်ပြီး သာသနာ့မြေအ ဖြစ် ပေးလှူကြတယ်။
သာဓုခေါ်မလို့ စဉ်း စားနေတုန်း သာသနာ့မြေဟာအခွန်လွတ်တဲ့အတွက် သူတို့လှူထားတဲ့ မြေဧက သောင်းပေါင်း များစွာအတွက်အခွန်မရတော့ပါဘူး။
ကြံရာမရတဲ့အခါကျတော့ ပြည်သူပြည် သားတွေထံက အခွန်အကောက်တွေ ရသ လောက် တိုးမြှင့်ကောက်ခံတယ်။ သက်လူ မျိုးတို့နေ ထိုင်ရာ မစ္ဆဂီရိ အရပ်မှာ ထုံးစံထက် အများကြီပိုပြီး အခွန်တော်ကောက်လို့ ပုန် ကန်ထကြွမှု စတင်လာတယ်။
ပုဂံကိုလာပြီး ရောင်း ဝယ်ဖောက်ကားတဲ့ တရုတ်ကုန် သည်တွေရဲ့ လား ဝန်တင်ပစ္စည်းတွေကို အခွန်မတရားကောက်လို့ စကားများ ရန် ဖြစ်ကြတယ်။
တရုတ်က ဝင်တိုက်လို့ စစ်ရှုံးပြီး ထီးနန်း ကိုရော၊ တိုင်းပြည်ကိုပါ စွန့်လွှတ်ထွက်ပြေး ပါတယ်။ သူ့အမှားတွေကို မိဖုရားစောက ပြောဆို ဆုံးမဖျောင်းဖျတော့ နောင်တရခဲ့ ရှာတယ်။ ဒါပေမယ့် အချိန်သိပ်နှောင်းခဲ့ပြီ။
ထွက်ပြေးတိမ်းရှောင်လာတာ ပုသိမ် ကနေ သားတော်ရှိတဲ့ ပြည်ကို အရောက် သားတော်က အဆိပ်ပါတဲ့ စားပွဲတော်ကို ဆက်သတယ်။
အဆိပ်ပါမှန်း သိသိကြီးနဲ့ စားရရှာတယ်။ ”ငါသည် နောင်ဘဝများ၌ သားယောကျ်ားဖခင် မဖြစ်ရပါစေနှင့်”လို့ မျက်ရည်လည်ရွဲ ဆုတောင်းသွားပြီး ဘုန်း ကြီးစဉ်အခါ က ဟင်းခွက်သုံးရာနဲ့ နေ့စဉ် ပွဲတော်တည်တယ် လို့ နာမည်ကြီးခဲ့တဲ့ နရ သီဟပတေ့ဟာ အစားကြောင့်ပဲ နတ်ရွာ စံခဲ့ရရှာပါတယ်။
သူနဲ့အတူ ပုဂံခေတ်ကို လည်း တစ်ခါတည်းပျက်စီးစေခဲ့ တယ်လေ။
ဒုတိယမြောက် ဘုရင်ညံ့အဖြစ် မှတ် တမ်းဝင်သူကတော့ ဟံသာဝတီပါ မင်းပါ တဲ့။
မွန်တို့ရဲ့ တိုက်ခိုက်သိမ်းပိုက်ခြင်းကို ခံရပြီး ဟံသာဝတီ ပဲခူးကို ဓားစာခံအဖြစ် ပါသွားခဲ့လို့ ဒီအမည်တွင်ပါတယ်။
သူ့ရဲ့ ညံ့ကွက်များကတော့-
တရုတ်ပြေးမင်းလို အဖြစ်မျိုး သမိုင်း တစ်ပတ်လည်ပြီး သူ့မှာ ကြုံခဲ့ရတာပါ။
ခမည်းတော် တနင်္ဂနွေမင်း နတ်ရွာစံတော့ ညီတော် ဗဒုံမြို့စား နန်းရနိုင်ပါလျက်နဲ့ နန်းတွင်းမှာ သြဇာလွှမ်းတဲ့ ဝန်ကြီးဦးပုက ဇွတ်အတင်းအဓမ္မ နန်းတင်ရာက အသက်(၁၉ )နှစ်မှာပဲ မင်းပျိုမင်းလွင်လေး ဘဝနဲ့ ဘုရင်ဖြစ်လာခဲ့တယ်။
ထုံးစံအတိုင်း ဘုရင်လည်း ဖြစ်ကရော ငယ်ဆရာမောင်ဖြိုးကို (ရာဇနန္ဒ)ဘွဲ့ချီးမြှင့်ပြီး အတွင်းဝန်ခန့်တယ်။
အထိန်းတော်နဲ့ ပေး စားပြီး ဘုရင့်နောင် ဘွဲ့တပ် မြှောက်စားခဲ့ တယ်။ အမြှောက်စားခံရတဲ့ မောင်ဖြိုးက မာန်တွေတက်ပြီး ကုန်းချောတော့လည်း လွယ်လွယ်ကူကူ ယုံစား ပြီး ကျေးဇူးရှင် ဝန် ကြီး ဦးပုကိုရော၊ သံဃရာဇာကိုပါ ကွပ်မျက် စေခဲ့တယ်။
တောင်သူ လယ်သမားတွေရဲ့ စပါးကို ထွက်သမျှရဲ့ လေးစုတစ်စု (၂၅ ရာခိုင်နှုန်း) အခွန်ကောက်ယူခြင်းကြောင့် လယ်မစိုက် ကြတော့တဲ့အတွက် ဆန်ရေစပါး ရှားပါးမှု ကြီး ဖြစ်ပေါ်လာတယ်။
ငွေဒင်္ဂါးလည်း နောက်ထပ် မလုပ်နိုင် တော့လို့ ငွေချိန်နဲ့ပဲ သုံးစွဲနေကြရတယ်။ နေပြည်တော်မှာ ရိက္ခာပြတ်လပ်တာကို အခွင့်ကောင်း ယူပြီး နန်းတွင်း ကျီတော် ထဲက ဆန်စပါးကို မိဖုရားနဲ့တကွ နန်း တွင်းသူတွေက အမြတ်ကြီးစား စျေးတင် ရောင်းကြပြန်တယ်။
တိုင်းသူ၊ ပြည်သားတို့ အစာရေစာ ငတ်မွတ်ခေါင်းပါးလာကြလို့ ဆူပူအုံကြွမှု တွေဖြစ်နေတုန်း ဟံသာဝတီပဲခူးက မွန်တို့ ရဲ့ ကျူးကျော် တိုက်ခိုက်မှုကို ခံရတယ်။
ပဲခူး သားတွေကို ခုခံတိုက်ခိုက်ဖို့ အားအင်ကုန် ခန်းနေကြတဲ့ ဗမာတွေဟာ ကိုယ့်လက်နက် တောင်ကိုယ် မထမ်းနိုင်လောက်အောင် အခြေအနေဆိုးလွန်းကြတဲ့အတွက် စစ်ပွဲ ဟာ မတိုက်ခင်က ရှုံးပြီးဖြစ်ခဲ့ရတယ်။
ဝန်ကြီးဦးပုနဲ့ အမတ်ကြီးသုံးဦးကို ကွပ်မျက်စဉ်က ဦးပု မသေခင် ”ငါတို့မှူးမတ် တစ်စုသေရတာထက် နိုင်ငံပျက်မှာကို ငါ သနားလိုက်ကဲ့” လို့ ပြောခဲ့တာကို ပဲခူး ရောက်ပြီး အကျယ်ချုပ်မှာနေရမှ သူ သတိရတယ်။
”ဝန်ကြီး ဦးပုရှိသော် ဤကဲ့ သို့မဖြစ်လေ”ဆိုပြီ တမ်းတပါသတဲ့။ နောက်ကျသွားခဲ့ရှာပါပြီ….
ပဲခူး မှာအကျယ်ချုပ် ခံနေရတုန်း ငါး ကြီးတစ်ကောင် ခေါင်းပုပ် သေဆုံး နေပြီးမှ အမြီးတခပ်ခပ် ဖြစ်နေတယ်ဆိုတဲ့ သတင်း ကို သူကြားတော့ ”ငါတည်းဟူသော ဦး ခေါင်းပုပ်၍ သေပြီဖြစ်သော်လည်း အမြီး တည်းဟူသော ငါတို့ ဗမာ အမျိုးသားတို့ သည် မကြာခင် အထွက် အထိပ်သို့ရောက် လိမ့်မည်”လို့ အချုပ်ထဲက ကြုံးဝါးသတဲ့။
ဒီသတင်း မွန်ဘုရင်ကြားတော့ ဒင်းကိုထားလို့ မဖြစ်ချေဘူး ဆို ပြီး ခေါင်းဖြတ်သတ်လိုက်ပြီးဟံသာဝတီပြည်လည်းပျက်ဆီးခြင်းရောက်ခဲ့ရပါတယ်။
တတိယမြောက်ကုန်းဘောင်ခေတ်ရဲ့နောက်ဆုံး(သီပေါမင်း)လည်းသူရှေ့ကဘုရင်ညံ့နှစ်ပါးလိုပါဘဲ၊
မက္ခရာ၊သုံးဆယ်၊ညောင်ရမ်းတို့လိုအရည်အချင်းပြည့်စုံတဲ့မင်းသားကြီးတွေရှိနေပါလျက်နဲ့ဆင်ဖြူမရှင်၊ကင်းဝန်မင်းကြီးတို့ရဲ့ထောက်ခံကြိုးပမ်းမှုနဲ့ဘုရင်ဖြစ်လာခဲ့တဲ့သူပါ။
သမိုင်းမှာပိုပြီးအမည်းစက်ဖြစ်စေတာကတော့နန်းညွန့်နန်းလျာမင်းသားအားလုံးနီးပါးကိုသုတ်သင်ရှင်းလင်းခဲ့တာပါဘဲ…
သီပေါဘုရင်ရဲ့အမိန့်တော်နဲ့မဟုတ်ဘူးလို့ဆိုကြပေမဲ့သူ့ရဲတာဝန်မကင်းခဲ့ပါဘူး…
သီပေါမင်းကဘုရင်ဖြစ်တဲ့ကာလတစ်လျှောက်လုံးအတ္တကိုရှေ့တန်းတင်တဲ့တိုင်တားမင်းကြီးကိုနေရာပေးအယုံကြည်လွန်တော့၊ကင်းဝန်မင်းကြီးတို့လိုပညာရှင်မှူးမတ်ဝန်ကြီးတွေရဲ့နေရာလည်းနောက်ပိုင်းညှိုးမှိန်သွားခဲ့တယ်။
ပညာညဏ်နည်းလွန်းတဲ့ဘုရင်တွေလက်ထက်မှာအမတ်ဝန်ကြီးတွေနဲ့ပြည်သူ့ဘဝတွေအကျည်းတန်ခဲ့ရပါတယ်..
သီပေါမင်းရဲ့ဇာတ်သိမ်းကျတော့တစ်ပါးသူရဲ့လက်ချက်နဲ့သတ်ဖြတ်ခံခဲ့ရတာမဟုတ်ပေမယ့်နိုင်ငံရပ်ခြားမှာနန်းကျဘုရင်တပါးအဖြစ်ထိန်းသိမ်းခံရရင်းသေဆုံးခဲ့ပါတယ်။
ကုန်းဘောင်မင်းဆက်လည်းပျက်စီးခဲ့ပြီးတိုင်းပြည်လည်းတိုင်းတပါးလက်အောက်ကျရောက်ခဲ့ရပါတော့တယ်။