Skip to main content

Continue !

မြန်မာ့ပဒေသရာဇ် သမိုင်းမှာရွံစရာကောင်းတဲ့ ဘုရင်ညံ့ သုံးပါး

 


မြန်မာ့ပဒေသရာဇ် သမိုင်းမှာရွံစရာကောင်းတဲ့ဘုရင်ညံ့ သုံးပါးဟာ ခေတ်သုံးခေတ်မှာ ပေါ်ခဲ့ဖူးတယ်လို့ အဆိုရှိပါတယ်။
ဒီလို(ထူးထူးခြားခြား)ညံ့ဖျင်းတဲ့ဘုရင်တွေ ရဲ့လက်ထက်မှာ တိုင်းပြည် ပျက်လေ့ ရှိတယ်လို့လည်း ပြောကြပါတယ်။
သူတို့ကတော့-
(၁) ပုဂံခေတ် နရသီဟ ပတေ့မင်း
(၂) အင်းဝခေတ် ဟံသာဝတီပါမင်းနဲ့
(၃) ကုန်းဘောင်ခေတ် သီပေါမင်းတို့ ပါတဲ့။
ပထမဆုံးဘုရင်ညံ့ဖြစ်သူကတော့နရသီဟပတေ့မင်းဖြစ်ပါတယ်…
သူက လေးမည်ရမင်းဖြစ်ပြီးနရ သီဟပတေ့၊ မင်းခွေးချေး၊ တရုတ်ပြေးမင်း၊ သားမြွာဘဆိုတဲ့ အမည်လေးမျိုးနဲ့ ရာဇ ဝင်မှာ လူသိများတယ်။ ”စလေငခွေး၊ မင်း ခွေးချေး၊ လူရေးပျက်တော့သည်” လို့ ပက် ပက်စက်စက် အပြောခံရတဲ့မင်း ဖြစ်ပါတယ်။
မြန်မာရာဇဝင်မှာ သြဇာရှိသူ နန်းတွင်း အမတ်ကြီး၊ သို့မဟုတ် ဆွေတော် မျိုးတော် တစ်ပါးပါးက သူ့သြဇာခိုင်စေဖို့ ရုပ်ပြ ဘုရင် တစ်ပါးပါးကို နန်းတင်တော့မယ် ဆိုရင် ငယ် ရွယ်နုနယ်သူ မင်းသားငယ် များကို စိတ် ကြိုက်ရွေးချယ် တင်မြှောက်လေ့ ရှိပါတယ်။
ပုဂံခေတ် နေဝင်ချိန်မှာ တန်ခိုးထွားတဲ့ အ မတ်ကြီး ရာဇသင်္ကြန်က ဝါရင့်မင်းသားကြီး သီဟသူကို ဘုရင်အဖြစ် မထောက်ခံဘဲ အသက် ၁၉ နှစ် သာရှိသေးတဲ့သူကို ထောက်ခံရာက မင်းခွေးချေး တစ်ယောက် ရာဇပလ္လင်ပေါ်ရောက်လာတယ်။
ဘုရင်လည်းဖြစ် ကရော၊ ဘုန်းကြီးဝတ် နေတဲ့ သူ့ဦးလေးကို လူထွက်ခိုင်းပြီး သိမ္မ စည်းဆိုတဲ့ ဘွဲ့နဲ့ အမတ်ကြီးခန့်တယ်။
ဘုန်း ကြီး လူထွက် သိမ္မစည်းဟာ တဖြည်းဖြည်း ဘုန်းကြီးလာလိုက်တာ နောက်ဆုံး သူ တွန်းလို့ ပုလ္လင်ပေါ် ထမ်းတင်ပေးခဲ့တဲ့ ရာဇ င်္သကြန်ကိုပင်မင်းခွေးချေးက စည်းစိမ်ရုပ် သိမ်းပြီး ဒလကို နယ်နှင်ခဲ့ပါတယ်….
တစ်ပြည်လုံးမှာ ရှိတဲ့ စိုက်ပျိုးမြေဧက များစွာကို ဘုရင်ကရော၊ မင်းညီမင်းသား တွေကရော၊ သူဌေးသူကြွယ်တွေကရော ဂုဏ်တု ဂုဏ်ပြိုင် လုပ်ပြီး သာသနာ့မြေအ ဖြစ် ပေးလှူကြတယ်။
သာဓုခေါ်မလို့ စဉ်း စားနေတုန်း သာသနာ့မြေဟာအခွန်လွတ်တဲ့အတွက် သူတို့လှူထားတဲ့ မြေဧက သောင်းပေါင်း များစွာအတွက်အခွန်မရတော့ပါဘူး။
ကြံရာမရတဲ့အခါကျတော့ ပြည်သူပြည် သားတွေထံက အခွန်အကောက်တွေ ရသ လောက် တိုးမြှင့်ကောက်ခံတယ်။ သက်လူ မျိုးတို့နေ ထိုင်ရာ မစ္ဆဂီရိ အရပ်မှာ ထုံးစံထက် အများကြီပိုပြီး အခွန်တော်ကောက်လို့ ပုန် ကန်ထကြွမှု စတင်လာတယ်။
ပုဂံကိုလာပြီး ရောင်း ဝယ်ဖောက်ကားတဲ့ တရုတ်ကုန် သည်တွေရဲ့ လား ဝန်တင်ပစ္စည်းတွေကို အခွန်မတရားကောက်လို့ စကားများ ရန် ဖြစ်ကြတယ်။
တရုတ်က ဝင်တိုက်လို့ စစ်ရှုံးပြီး ထီးနန်း ကိုရော၊ တိုင်းပြည်ကိုပါ စွန့်လွှတ်ထွက်ပြေး ပါတယ်။ သူ့အမှားတွေကို မိဖုရားစောက ပြောဆို ဆုံးမဖျောင်းဖျတော့ နောင်တရခဲ့ ရှာတယ်။ ဒါပေမယ့် အချိန်သိပ်နှောင်းခဲ့ပြီ။
ထွက်ပြေးတိမ်းရှောင်လာတာ ပုသိမ် ကနေ သားတော်ရှိတဲ့ ပြည်ကို အရောက် သားတော်က အဆိပ်ပါတဲ့ စားပွဲတော်ကို ဆက်သတယ်။
အဆိပ်ပါမှန်း သိသိကြီးနဲ့ စားရရှာတယ်။ ”ငါသည် နောင်ဘဝများ၌ သားယောကျ်ားဖခင် မဖြစ်ရပါစေနှင့်”လို့ မျက်ရည်လည်ရွဲ ဆုတောင်းသွားပြီး ဘုန်း ကြီးစဉ်အခါ က ဟင်းခွက်သုံးရာနဲ့ နေ့စဉ် ပွဲတော်တည်တယ် လို့ နာမည်ကြီးခဲ့တဲ့ နရ သီဟပတေ့ဟာ အစားကြောင့်ပဲ နတ်ရွာ စံခဲ့ရရှာပါတယ်။
သူနဲ့အတူ ပုဂံခေတ်ကို လည်း တစ်ခါတည်းပျက်စီးစေခဲ့ တယ်လေ။
ဒုတိယမြောက် ဘုရင်ညံ့အဖြစ် မှတ် တမ်းဝင်သူကတော့ ဟံသာဝတီပါ မင်းပါ တဲ့။
မွန်တို့ရဲ့ တိုက်ခိုက်သိမ်းပိုက်ခြင်းကို ခံရပြီး ဟံသာဝတီ ပဲခူးကို ဓားစာခံအဖြစ် ပါသွားခဲ့လို့ ဒီအမည်တွင်ပါတယ်။
သူ့ရဲ့ ညံ့ကွက်များကတော့-
တရုတ်ပြေးမင်းလို အဖြစ်မျိုး သမိုင်း တစ်ပတ်လည်ပြီး သူ့မှာ ကြုံခဲ့ရတာပါ။
ခမည်းတော် တနင်္ဂနွေမင်း နတ်ရွာစံတော့ ညီတော် ဗဒုံမြို့စား နန်းရနိုင်ပါလျက်နဲ့ နန်းတွင်းမှာ သြဇာလွှမ်းတဲ့ ဝန်ကြီးဦးပုက ဇွတ်အတင်းအဓမ္မ နန်းတင်ရာက အသက်(၁၉ )နှစ်မှာပဲ မင်းပျိုမင်းလွင်လေး ဘဝနဲ့ ဘုရင်ဖြစ်လာခဲ့တယ်။
ထုံးစံအတိုင်း ဘုရင်လည်း ဖြစ်ကရော ငယ်ဆရာမောင်ဖြိုးကို (ရာဇနန္ဒ)ဘွဲ့ချီးမြှင့်ပြီး အတွင်းဝန်ခန့်တယ်။
အထိန်းတော်နဲ့ ပေး စားပြီး ဘုရင့်နောင် ဘွဲ့တပ် မြှောက်စားခဲ့ တယ်။ အမြှောက်စားခံရတဲ့ မောင်ဖြိုးက မာန်တွေတက်ပြီး ကုန်းချောတော့လည်း လွယ်လွယ်ကူကူ ယုံစား ပြီး ကျေးဇူးရှင် ဝန် ကြီး ဦးပုကိုရော၊ သံဃရာဇာကိုပါ ကွပ်မျက် စေခဲ့တယ်။
တောင်သူ လယ်သမားတွေရဲ့ စပါးကို ထွက်သမျှရဲ့ လေးစုတစ်စု (၂၅ ရာခိုင်နှုန်း) အခွန်ကောက်ယူခြင်းကြောင့် လယ်မစိုက် ကြတော့တဲ့အတွက် ဆန်ရေစပါး ရှားပါးမှု ကြီး ဖြစ်ပေါ်လာတယ်။
ငွေဒင်္ဂါးလည်း နောက်ထပ် မလုပ်နိုင် တော့လို့ ငွေချိန်နဲ့ပဲ သုံးစွဲနေကြရတယ်။ နေပြည်တော်မှာ ရိက္ခာပြတ်လပ်တာကို အခွင့်ကောင်း ယူပြီး နန်းတွင်း ကျီတော် ထဲက ဆန်စပါးကို မိဖုရားနဲ့တကွ နန်း တွင်းသူတွေက အမြတ်ကြီးစား စျေးတင် ရောင်းကြပြန်တယ်။
တိုင်းသူ၊ ပြည်သားတို့ အစာရေစာ ငတ်မွတ်ခေါင်းပါးလာကြလို့ ဆူပူအုံကြွမှု တွေဖြစ်နေတုန်း ဟံသာဝတီပဲခူးက မွန်တို့ ရဲ့ ကျူးကျော် တိုက်ခိုက်မှုကို ခံရတယ်။
ပဲခူး သားတွေကို ခုခံတိုက်ခိုက်ဖို့ အားအင်ကုန် ခန်းနေကြတဲ့ ဗမာတွေဟာ ကိုယ့်လက်နက် တောင်ကိုယ် မထမ်းနိုင်လောက်အောင် အခြေအနေဆိုးလွန်းကြတဲ့အတွက် စစ်ပွဲ ဟာ မတိုက်ခင်က ရှုံးပြီးဖြစ်ခဲ့ရတယ်။
ဝန်ကြီးဦးပုနဲ့ အမတ်ကြီးသုံးဦးကို ကွပ်မျက်စဉ်က ဦးပု မသေခင် ”ငါတို့မှူးမတ် တစ်စုသေရတာထက် နိုင်ငံပျက်မှာကို ငါ သနားလိုက်ကဲ့” လို့ ပြောခဲ့တာကို ပဲခူး ရောက်ပြီး အကျယ်ချုပ်မှာနေရမှ သူ သတိရတယ်။
”ဝန်ကြီး ဦးပုရှိသော် ဤကဲ့ သို့မဖြစ်လေ”ဆိုပြီ တမ်းတပါသတဲ့။ နောက်ကျသွားခဲ့ရှာပါပြီ….
ပဲခူး မှာအကျယ်ချုပ် ခံနေရတုန်း ငါး ကြီးတစ်ကောင် ခေါင်းပုပ် သေဆုံး နေပြီးမှ အမြီးတခပ်ခပ် ဖြစ်နေတယ်ဆိုတဲ့ သတင်း ကို သူကြားတော့ ”ငါတည်းဟူသော ဦး ခေါင်းပုပ်၍ သေပြီဖြစ်သော်လည်း အမြီး တည်းဟူသော ငါတို့ ဗမာ အမျိုးသားတို့ သည် မကြာခင် အထွက် အထိပ်သို့ရောက် လိမ့်မည်”လို့ အချုပ်ထဲက ကြုံးဝါးသတဲ့။
ဒီသတင်း မွန်ဘုရင်ကြားတော့ ဒင်းကိုထားလို့ မဖြစ်ချေဘူး ဆို ပြီး ခေါင်းဖြတ်သတ်လိုက်ပြီးဟံသာဝတီပြည်လည်းပျက်ဆီးခြင်းရောက်ခဲ့ရပါတယ်။
တတိယမြောက်ကုန်းဘောင်ခေတ်ရဲ့နောက်ဆုံး(သီပေါမင်း)လည်းသူရှေ့ကဘုရင်ညံ့နှစ်ပါးလိုပါဘဲ၊
မက္ခရာ၊သုံးဆယ်၊ညောင်ရမ်းတို့လိုအရည်အချင်းပြည့်စုံတဲ့မင်းသားကြီးတွေရှိနေပါလျက်နဲ့ဆင်ဖြူမရှင်၊ကင်းဝန်မင်းကြီးတို့ရဲ့ထောက်ခံကြိုးပမ်းမှုနဲ့ဘုရင်ဖြစ်လာခဲ့တဲ့သူပါ။
သမိုင်းမှာပိုပြီးအမည်းစက်ဖြစ်စေတာကတော့နန်းညွန့်နန်းလျာမင်းသားအားလုံးနီးပါးကိုသုတ်သင်ရှင်းလင်းခဲ့တာပါဘဲ…
သီပေါဘုရင်ရဲ့အမိန့်တော်နဲ့မဟုတ်ဘူးလို့ဆိုကြပေမဲ့သူ့ရဲတာဝန်မကင်းခဲ့ပါဘူး…
သီပေါမင်းကဘုရင်ဖြစ်တဲ့ကာလတစ်လျှောက်လုံးအတ္တကိုရှေ့တန်းတင်တဲ့တိုင်တားမင်းကြီးကိုနေရာပေးအယုံကြည်လွန်တော့၊ကင်းဝန်မင်းကြီးတို့လိုပညာရှင်မှူးမတ်ဝန်ကြီးတွေရဲ့နေရာလည်းနောက်ပိုင်းညှိုးမှိန်သွားခဲ့တယ်။
ပညာညဏ်နည်းလွန်းတဲ့ဘုရင်တွေလက်ထက်မှာအမတ်ဝန်ကြီးတွေနဲ့ပြည်သူ့ဘဝတွေအကျည်းတန်ခဲ့ရပါတယ်..
သီပေါမင်းရဲ့ဇာတ်သိမ်းကျတော့တစ်ပါးသူရဲ့လက်ချက်နဲ့သတ်ဖြတ်ခံခဲ့ရတာမဟုတ်ပေမယ့်နိုင်ငံရပ်ခြားမှာနန်းကျဘုရင်တပါးအဖြစ်ထိန်းသိမ်းခံရရင်းသေဆုံးခဲ့ပါတယ်။
ကုန်းဘောင်မင်းဆက်လည်းပျက်စီးခဲ့ပြီးတိုင်းပြည်လည်းတိုင်းတပါးလက်အောက်ကျရောက်ခဲ့ရပါတော့တယ်။
သမိုင်းတခေတ်မှာအရည်အချင်းနည်းသူတွေမင်းတက်ဖြစ်တဲ့အချိန်တိုင်းမှာတိုင်းနိုင်ငံပျက်သုန်းရတတ်ပြီးလူမျိုးဂုဏ်လည်းညှိုးနွမ်းခဲ့ရကြောင်းနဲ့ဖတ်မိသမျှသမိုင်းဖြစ်ရပ်လေးတွေကိုစုစည်းပြီးပြန်လည်မျှဝေလိုက်ရပါတယ်။

 

Hi !

!

Popular posts from this blog

ဝေဝါးမှုတွေနဲ့အတူ မသေချာ မရေရာမှုများနဲ့ မြန်မာပြည်..။

  ဝါရင့်သတင်းစာဆရာကြီး လာရီယာဂန်က စစ်အာဏာသိမ်းမှု သုံးနှစ်ပြည့်တဲ့ ဖေဖော်ဝါရီ(၁)ရက်နေ့မှာ ဘန်ကောက်ပို့စ်သတင်းစာမှာ ဆောင်းပါးတစ်ပုဒ် ရေးသားလိုက်ပါတယ်။ ဆောင်းပါးခေါင်းစဉ်က Myanmar faces increasing uncertainty ပါ။ စစ်အာဏာသိမ်းပြီး သုံးနှစ်အကြာမှာ မြန်မာနိုင်ငံရဲ့အခြေအနေ ဘယ်လိုရှိသလဲ။ ရှေ့မှာ ဘာဖြစ်နိုင်သလဲ။ မှန်းဆထားတာပါ။ လက်ရှိ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်လို့ လာရီယာဂန်လည်း ဘာမှ မမှန်းဆနိုင်ပါဘူး။ သူပြောနိုင်တာ တစ်ခုက မြန်မာပြည်ဟာ မသေမချာ မရေမရာမှုတွေ အများကြီးနဲ့ ဆက်ပြီး ရင်ဆိုင်နေရဦးမယ်ဆိုတဲ့ ကောက်ချက်ပါ။ မြန်မာစစ်တပ်က ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရကို စစ်အာဏာသိမ်းခဲ့တာ ခု ဖေဖော်ဝါရီ(၁)ရက်မှာ သုံးနှစ်တိတိ ပြည့်ခဲ့ပြီဖြစ်ကြောင်း၊ သုံးနှစ်အတွင်း တိုင်းပြည်ဟာ အဖက်ဖက်က ယိုယွင်းပျက်စီးသွားပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေ တိုးပွါးနေကြောင်း၊ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ပီဒီအက်ဖ်တွေကြား တိုက်ပွဲတွေကြောင့် ပြည်သူသန်းပေါင်းများစွာ အိုးပစ်အိမ်ပစ် ထွက်ပြေးနေရကြောင်း လာရီယာဂန်က ရေးသားပါတယ်။ ...

ကရင်ပြည်နယ်ပုံရိပ်ကို ထိခိုက်စေသဖြင့် ရွှေကုက္ကိုလ်ကို တိုက်ခိုက်ရဟု KTLA ပြော

  ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ ရွှေကုက္ကိုလ်မြို့သစ်သည် ပြည်နယ်ဖွံဖြိုးမှု မဖြစ်စေဘဲ ပျက်ဆီးမှုကိုသာ ဖြစ်စေသဖြင့် တိုက်ခိုက်ရခြင်း ဖြစ်ကြောင်း ကော်သူးလေတပ် (KTLA) က ဧပြီ ၇ ရက်တွင် ကြေညာသည်။ Facebookတွင် ပျံ့နှံလာသော KTLA ဗဟိုဌာနချုပ် ရုံးထိုင်မှူး စောဝါးနေမူး လက်မှတ်ထိုးထားသည့် ကြေညာချက်အရ ရွှေကုက္ကိုလ်မြို့သည် မူးယစ်ဆေးဝါး ဖြန့်ဖြူးသုံးစွဲရောင်းချနေပြီး တိုင်းရင်းသူ အမျိုးသမီးများကို ပြည့်တန်ဆာအဖြစ် လိမ် လည်လှည့်ဖြားစေခိုင်းနေသည့် နေရာဖြစ်နေသလို စစ်ကောင်စီအတွက် တရားမဝင်ငွေကြေးများ ရှာဖွေပေးသည့် နေရာ ဖြစ်၍ ပြည်ပမှ အလုပ်သမားများကိုလည်း လိမ်လည်ခေါ်ဆို ခိုင်းစေမှုများ ရှိနေသဖြင့် KTLA အနေနှင့် ကရင်ပြည်နယ် အကျိုးအတွက် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း၊ ထို့အတွက် ရွှေကုက္ကိုလ်တွင် နေထိုင်သည့် ပြည်သူများအနေနှင့် တိုက်ပွဲ ဧရိယာမှ ရှောင်ပေးကြရန် ထုတ်ပြန်ထားသည်။ ထိုကြေညာချက်နှင့် ပတ်သက်၍ ပိုမိုသိရှိနိုင်ရန် KTLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောနယ်ဒါးမြကို ဧရာဝတီက ဖုန်းဖြင့်ဆက် သွယ်ခဲ့ရာ ၎င်း အလုပ်များနေသဖြင့် နောက်မှ ပြန်လည်ဆက်သွယ်ရန် ပြောဆိုသည်။ ကော်သူးလေတပ်နှင့် နီးစပ်သည်...

မြန်မာနိုင်ငံမှာရှိတဲ့ ဗမာလူမျိုး ပေါ်ပေါက်ပုံ အကြောင်း

  ဗမာလူမျိုး ပေါ်ပေါက်လာပုံ သမိုင်းကြောင်း – တိဘက်တို ဘားမန်းလူမျိုးနွယ်စုကြီး မှ အကြီးဆုံးသောလူမျိုးဖြစ်သည်။ ယနေ့ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းသို့ နာဂ၊ သက်၊ ကမ်းယံ၊ပျူ တို့နောက်မှ ဝင်ရောက်လာခြင်းဖြစ်သော်လည်းပျူတို့ ထူထောင်သည့် ပထမပြည်ထောင်စုကို အေဒီ ၈ ရာစုတွင် နန်ကျောက်တို့က ဖျက်စီးပြီးချိန် မတိုင်မှီက ပင် ရောက်ရှိနေထိုင်နေခဲ့ပြီးဖြစ်သည်ဟုခန့်မှန်း၍ရနိုင်သည်။အေဒီ ၁၀ ရာစုမတိုင်မှီ အချိန်ကပင် ကျောက်ဆည် ၁၁ ခရိုင်တွင် အခြေချခဲ့ပြီး နောက်များမကြာမှီ တွင်မြစ်သာ ၆ ခရိုင် ၊ ပုဂံ နေပြည်တော်တို့ကို ထူ ထောင်ကာဒုတိယမြန်မာပြည်ထောင်စုကို တည်ထောင်ခဲ့ကြသည်။ သို့သော် မြန်မာနိုင်ငံသားတို့က ထိုပြည်ထောင်စုကိုသာပထမပြည် ထောင် စုအဖြစ် လက်ခံကြသည်။သမိုင်းတစ်လျောက်တွင် မွန်ဂို၊ တရုတ်၊ ယိုးဒယား၊ မွန်၊ ရခိုင်၊ ရှမ်း၊ ကရင် အစရှိသည့် အတွင်း၊ အပြင်ရန်အမျိုးမျိုးနှင့်ကြုံတွ့ခဲ့ဖူးပြီးအကြိမ်တိုင်းတွင် ပြည်ထောင်စု၏ ဦးဆောင်သူနေရာကို ဗမာတို့ ပြန်လည်ကာ ရောက်ရှိနိုင်ခဲ့သည်။အနော်ရထာ၏ ပထမပြည်ထောင်စု(ပထမမြန်မာနိုင်ငံတော်ကြီး)၊ တပင်ရွှေထီး-ဘုရင့်နောင်တို့ ၏ ဒုတိယပြည်ထောင်စု (ဒုတိယ မြန်မာနိုင်ငံတော်ကြီး)၊အလောင်းဘုရား၏ တတိ...

မြန်မာပြည်မြေပုံကို အပြောင်းခံကြမှာလား

  ကမ္ဘာ့သမိုင်းကို ပြန်လေ့လာကြည့်မယ်ဆိုရင် အိမ်နီးချင်းနိုင်ငံတွေအဖြစ် နှစ်ပေါင်းများစွာ အတူတကွ ယှဉ်တွဲ ရပ်တည်နေကြပြီးမှ ဝေးကွာသွားကြတဲ့ နိုင်ငံတွေ ရှိခဲ့တယ်ဆိုတာ တွေ့နိုင်ပါတယ်။ ကျွန်တော်တို့အတွက် အထင်ရှားဆုံး ဥပမာတစ်ခုရှိပါတယ်။ အဲဒါကတော့ မြန်မာနဲ့ ပါကစ္စတန်တို့ဟာ ယခင်က နယ်မြေချင်း ထိစပ်နေကြတဲ့ အိမ်နီးချင်း နိုင်ငံတွေပါ။ သို့သော် ၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံအသစ် ပေါ်ပေါက်လာချိန်မှာတော့ အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားခဲ့ကြပါတယ်။ ယခင်က အိမ်နီးချင်းဖြစ်ခဲ့လို့ ထင်ပါတယ်၊ မြန်မာနဲ့ ပါကစ္စတန်တို့ရဲ့ ဆက်ဆံရေးဟာ ကောင်းမွန်နေကြဆဲဆိုတာ သက်သေ၊ သာဓကများစွာ ရှိပါတယ်။ အဲဒီလို အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားရခြင်းဟာ သူတို့ရဲ့ ပြည်တွင်းရေးသာ ဖြစ်တဲ့အတွက် အထူးအထွေ ဝေဖန်ရန် မရှိပါ။ သို့သော် လက်ရှိအခြေအနေမှာ မြန်မာရဲ့ အိမ်နီးချင်း (၅) နိုင်ငံရှိနေရာက မတူညီတဲ့ အိမ်နီးချင်းနိုင်ငံသစ်တွေ ထပ်မံ ပေါ်ပေါက်လာဖို့ လုပ်ဆောင်နေကြတာတွေ မြင်နေရပါပြီ။ ဒီတစ်ကြိမ်ကတော့ ကျွန်တော်တို့ရဲ့ ပြည်တွင်းရေးဖြစ်တဲ့အတွက် အလေးထားရပါတော့မယ်။ ရှိပြီးသား အိမ်နီးချင်း (၅) နိုင်ငံနဲ့ မြန်မာတို့အကြား ကျွန်တော်တိ...

မြန်မာ ဒုကာကွယ်ရေးဝန်ကြီး ထောင်ထဲရောက်ပြီ

  မြန်မာ ဒုကာကွယ်ရေးဝန်ကြီး ထောင်ထဲရောက်ပြီ မတ်လ ၂၈ ရက် ၂၀၂၄ ခုနှစ် နံနက် ၁၀ နာရီ ၂၀ သတင်း ================================= ကာကွယ်ရေး ဒု-ဝန်ကြီး ဖြစ်သူ ဗိုလ်ချုပ်အောင်လင်းထွန်းကို ကျားဖြန့်လုပ်ငန်းနဲ့ ပတ်သက်တယ်ဆိုပြီး မနေ့ည မတ်လ ၂၇ ရက်နေ့ည ၁၁ နာရီတွင် စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့မှ သွားရောက်ဖမ်းဆီးခဲ့ကြပါတယ်။ အဆိုပါ ဖမ်းဆီးချိန်တွင် ဒုကာကွယ်ရေးဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်အောင်လင်းထွန်းသည် အရက်မူးနေပြီး အသာတကြည် လိုက်လာခြင်းမရှိပဲ … ပုဆိုးလှန်ပြီး ဆဲဆိုနေခြင်းကြောင့် စစ်ဘက်လုံခြုံရေးအဖွဲ့မှ ရိုက်နှက်ခဲ့ရာ.. သွား အချို့ ကျွတ်သွားပြီး ပါးစပ်တခုလုံး သွေးများနီရဲနေသည်။ “အဲ့ကောင် ပါးစပ်က သွေးမတိတ်ခင် ရမဲသင်းထောင်ပို့လိုက်စမ်း” လို့ အထက် အမိန့်ပေးလိုက်တော့ အခု ရမဲသင်းထောင်ရောက်နေပြီဖြစ်ကြောင်း မြန်မာအမေရိကန် သတင်းဌာနမှ စုံစမ်းသိရှိရသည်။ ဂိုလ်ရှယ်လေး

စစ်တပ်မှ အာဏာသိမ်းထားသည့် ၃ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ထောင်သားဘဝ

                           ဖေဖော်ဝါရီလ ၁ ရက်နေ့သည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့အတွက် အနှောက်အယှက်ဖြစ်စေသူဟု ယူဆသည့် ရွေးကောက်ခံအစိုးရ ခေါင်းဆောင်နှင့် နိုင်ငံသမိုင်းတွင် အညီညွတ်ဆုံးဖြစ်စေခဲ့သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာမှဖယ်ရှားပြီး မအောင်မြင်သော အာဏာသိမ်းမှု ပြုလုပ်သည့် သုံးနှစ်မြောက်နေ့ ဖြစ်သည်။ ရက်ပေါင်း ၁၀၉၅ ရက်ကျော် ကြာသော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် မြို့တော်နှင့် စစ်တပ်ဗဟိုဌာနချုပ် နေပြည်တော် အနောက်တောင်ဘက်အစွန်းမှ ထောင်တခုတွင် တဦးတည်း ဆက်လက် ဖမ်းဆီးချုပ်နှောင်ခံနေရသည်။ သူ့အတွက် တခုတည်းသော ထောင်ပြင်ထွက်ရချိန်သည် လွန်ခဲ့သောနှစ်အတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စတာ ဒွန် ပရာမတ်ဝီနိုင်နှင့် တွေ့ရသည့် တိုတောင်းသော ကာလဖြစ်ပြီး သူ့ကို ချမှတ်ထားသည့် ထောင်သက်တမ်းကိုလည်း ၃၃ နှစ်မှ ၂၇ နှစ်သို့ လွန်ခဲ့သောနှစ်က လျှော့ချပေးသည်။ အာဏာသိမ်းမှု နှစ်ပတ်လည်သည် ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းနည်းစရာကောင်းသော လက်ရှိအခြေအနေနှင့် ဝေဝါးနေသည့် အနာဂတ်ကို မီးမောင်းထိုးပ...

ပဲခူးတိုင်း မင်းလှမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွား

  မင်းလှတွင် ၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲ ၆ ကြိမ် အတွင်း စစ်တပ်ဘက်မှ စစ်သား ၈၀ ဦးကျော်သေဆုံး ရန်ကုန်၊ မတ် ၁၁ ပဲခူးတိုင်း၊ မင်းလှမြို့နယ်အတွင်း ၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲ ၆ ကြိမ် အတွင်း စစ်တပ်ဘက်မှ ၈၀ ကျော်သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ မတ်လ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ ဧက ၁၀၀၀ ကျွန်း စိုက်ခင်း ကျုံးပေါက်အနီး၌ စစ်ကြောင်း ထိုးလာသော အင်အား ၁၂၀ ပါ စစ်ကောင်စီ တပ်သားများကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ နှင့် ဒဂုံစစ်ကြောင်းတို့က စောင့်ကြို တိုက်ခိုက်ခဲ့ရာ အပြန်အလှန် တိုက်ပွဲ ၂ နာရီကျော် ကြာမြင့်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်ဘက်မှ ၂၀ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။ ယင်းနေ့ ညနေ ၅ နာရီခန့်အချိန် မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်းပေါ်ရှိ ဟိုင်းယု လမ်းဆုံတွင် တပ်ဆွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ နှင့် တပ်ခွဲ ၃ တို့က လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ရှောင်တခင် သွားရောက် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၃ နာရီခန...

တပ်မလက်ရွေးစဉ် ဘီလူးစစ်ကြောင်းဆိုသည်မှာ .....

    “ဒီစစ်ကြောင်းက စစ်တိုက်ဖို့ဆိုတာထက် လူတွေကိုသတ်၊ မုဒိမ်းကျင့်ဖို့ အဲ့လိုမျိုးတွေလုပ်ဖို့ အဓိကလာတဲ့ စစ်ကြောင်းပါ။ လူမဆန်တဲ့ လုပ်ရပ်တွေကို အဓိကလုပ်တာ” မြောင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) က ကိုနွေဦးက စစ်ကိုင်းဒေသအတွင်း စစ်ရာဇဝတ်မှုများကို ကျူးလွန်ချိုးဖောက်နေသည့် ဘီလူးစစ်ကြောင်း၏ လုပ်ရပ်များကို ပြောဆိုသွားခြင်းဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြည်သူများကို ရက်ရက်စက်စက် ခေါင်းဖြတ်သတ်သည့် စစ်ကြောင်း၊ အစုလိုက် အပြုံလိုက် သတ်သည့်စစ်ကြောင်း၊ မုဒိမ်းမှုများကို ကျူးလွန်နေသည့် စစ်ကြောင်းဟု ဆိုလိုက်ပါက လူတိုင်းက ဆိုးဆိုးရွာရွား နာနာကျည်းကျည်း အမှတ်ရနေသည့် စစ်ကြောင်းမှာ ဘီလူးစစ်ကြောင်းပင် ဖြစ်သည်။ ရက်စက်မှုအပေါင်း သရဖူဆောင်းထားသည့် ဘီလူးစစ်ကြောင်းသည် ယခုနှစ် ဩဂုတ်လ တတိယပတ်မှ စက်တင်ဘာလ ဒုတိယပတ်ထိ စစ်ကိုင်း၊ ရွှေဘို၊ ဝက်လက်နယ်များသို့ စစ်ကြောင်းထိုး ဝင်ရောက်ပြီးနောက် ပြည်သူများကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်။ 'စစ်ကိုင်း၊ ရွှေဘို၊ ဝက်လက်နယ်ထဲ ဘီလူးစစ်ကြောင်း၏ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သည့် အခြေအနေများ' မန္တလေး-ရွှေဘို-မြစ်ကြီ...

ရှမ်းမြောက်က ကျားဖြန့် ဇာတ်သိမ်းခန်း

  ဇန်နဝါရီ ၃၀ ရက်တွင် မြန်မာနိုင်ငံ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက တရုတ် အစိုးရထံ မြန်မာနိုင်ငံမြောက်ပိုင်း ကျားဖျန့် လုပ်ငန်းများတွင် အဓိက ကြိုးကိုင်သူများဟု သတ်မှတ်ထားသည့် ပယ်စောက်ချိန်အပါအဝင် ခြောက်ဦးနှင့် အခြားအရေးကြီးသံသယရှိ သူ လေးဦးကို လွှဲပြောင်းပေးခဲ့သည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ဇန်နဝါရီ ၃၀ ရက်တွင် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးအဖွဲ့ အစည်းထံသို့မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့် ဒေသ အွန်လိုင်းလိမ်လည်မှုအဖွဲ့၏ အဓိက ခေါင်းဆောင် ခြောက်ဦးဖြစ်သည့် ပယ် စောက်ချိန်၊ ပယ်ရင်ချန်၊ဝေ့ဟွိုင်ရန်၊ လျိုကျန့် ရှန်၊ လျိုကျန့်မောက်၊ ရွှီလောက်ဖာနှင့် အခြား အရေးကြီး ပြစ်မှုကျူးလွန်ကြောင်းသံသယရှိ သူ လေးဦးအား တရားဥပဒေနှင့်အညီ လွှဲ ပြောင်းပေးအပ်ခဲ့ပြီး အဆိုပါ ၁၀ ဦးကို ယင်း နေ့ညတွင်ပင် တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့ သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ခဲ့သည်။ ယင်းသို့ မြန်မာနိုင်ငံမြောက်ပိုင်းရှိ ကျား ဖျန့်လုပ်ငန်းများတွင် အဓိကတာဝန်ရှိသူဟု တရုတ်အစိုးရက သတ်မှတ်ထားသည့် ပယ် စောက်ချိန် အပါအဝင် ခြောက်ဦးအား လွှဲ ပြောင်းပေးအပ်ခြင်းမှာ တရုတ်-မြန်မာ နှစ် နိုင်ငံ၏ န...

အာဆီယံ-သြစတြေးလျ ထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီ ကိုယ်စားလှယ်တက်မည်

 စစ်ဗိုလ်ချုပ်များခန့်ထားသည့် သံအမတ်က မဲလ်ဘုန်းမြို့တွင် ၃ ရက်ကြာ ကျင်းပမည့် ဒေသတွင်း အထူးထိပ်သီးအစည်းအဝေးကာလအတွင်း ဆွေးနွေးပွဲ ၂ ခုကို တက်မည်ဟု သိရှိရသည်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသည့် အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသည့် သြစတြေးလျ ဝန်ကြီးချုပ် Anthony Albanese ကို တွေ့ရစဉ်။ သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် မတ်လ ၄ ရက်မှ ၆ ရက်အထိ ကျင်းပမည့် အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီကိုယ်စားလှယ် တက်ရောက်မည်ဟု သိရသည်။ အစည်းအဝေးကာလတွင် ပြုလုပ်မည့် ရေကြောင်းပူးပေါင်းဆောင်ရွက်ရေးညီလာခံ၊ ရာသီဥတုနှင့် သန့်ရှင်းသောစွမ်းအင်ဆိုင်ရာ ဖိုရမ်တို့ကို ကင်ဘာရာမြို့ မြန်မာသံရုံးမှ စစ်ကောင်စီခန့် သံအမတ် ဦးသက်ထွန်း တက်ရောက်မည်ဖြစ်သည်။  အခြား ဆက်စပ်အစည်းထိပ်သီးအစည်းအဝေးများသို့ စစ်ကောင်စီကိုယ်စားပြုကိုယ်စားလှယ် တက်မည်၊ မတက်မည်ကိုမူ သြစတြေးလျ နိုင်ငံခြားရေးနှင့် ကုန်သွယ်မှုဌာနက ပြောဆိုခြင်းမရှိပေ။ ...

Click !